ငရဲကိုရောက်နေရင်တောင် စုရှောင်းယွီကို ပြန်ခေါ်မယ်
Vol. 20 Ch. 297
စုရှောင်းယွီတစ်ယောက် အနီရောင် Ferrari တစ်စီးဖြင့် ရှန်ဟိုင်းမြို့ကားလမ်းမပေါ်တွင် မောင်းနှင်လာခဲ့သည်။
လင်းဖန်က Estee Lauder ၏ ရှယ်ယာဝင် တစ်ယောက်ဖြစ်လာပြီး အနိုင်ကျင့်ခံနေရမှန်း သူမ သိပါသည်။
စုရှောင်းယွီက ထက်မြက်သည့် မိန်းကလေး တစ်ယောက်ဖြစ်သဖြင့် သူမ သိရဖို့ မခက်ခဲခဲ့ပေ။
Estee Lauder ကို လာပြီး လင်းဖန်နဲ့ တွေ့ကာ သူမ အကူအညီလိုသလားဟု မေးဖို့အတွက် ရည်ရွယ်ထားသည်။
“ငါ့ဆရာက တကယ်တော်တာပဲ။ Estee Lauder ရဲ့ ဘော့စ်ကြီးတစ်ယောက် ဒီလောက် မြန်မြန်ဖြစ်လာတာ~”
“ငါ့ဆရာ မသမာတဲ့နည်းလမ်းတွေ သုံးနေတာများလား။ သူဘယ်လိုလုပ်ပြီး ဒီလို ဖြစ်လာတာလဲဆိုတာ ဘာလို့ ငါမသိရတာလဲ” စုရှောင်းယွီက အချက်အလက်များစွာကို စစ်ဆေးပြီးနောက် ခေါင်းခါလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန် Estee Lauder ရဲ့ ဘော့စ်ကြီးတစ်ယောက်ဖြစ်လာတာကတော့ အမှန်တရားပင်။
စုရှောင်းယွီက Ferrari ကိုမောင်းလျက် လင်းဖန်ကို တွေ့ဖို့ ထွက်လာခဲ့သည်။
တခြား အကြောင်းအရင်းမရှိပါ။ လင်းဖန်ကို ကူညီပေးဖို့အပြင် သူချက်ကျွေးသည့် ဟင်းလျာများကိုလည်း စားချင်သေးသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်၏ Bugatti Veyron Ettore Bugatti ကားကြီးကို စုရှောင်းယွီ လှမ်းမြင်လိုက်သည်။
ထို့နောက် အထိန်းအကွပ်မဲ့နေသည့် ကုန်တင်ကားကြီးတစ်စီး ဟိုဝင်ဒီတိုက်ဖြင့် Bugatti Veyron Ettore Bugatti ဆီ တည့်တည့် ဦးတည်လာတာကို သူမ မြင်လိုက်ရပါသည်။
လင်းဖန်၏ ကားကို စုရှောင်းယွီသိသည်။
ကမ္ဘာကြီးပေါ်မှာ လင်းဖန်ရဲ့ Bugatti Veyron Ettore Bugatti က တစ်စီးတည်းသာ ရှိပါသည်။
လင်းဖန် ကားအက်စီးဒင့်ဖြစ်တော့မည်။
“လင်းဖန်…” စုရှောင်းယွီ၏ မျက်လုံး လှလှလေးများက လေးနက်မှုများအဖြစ် ပြောင်းလဲသွားကာ သူမ၏ ဦးနှောက်က စတင် အလုပ်လုပ်လေသည်။
စက္ကန့်ပိုင်းလေးအတွင်း ကုန်တင်ကားကြီးနဲ့ တိုက်မိသည့်အခါ ပြောင်းလဲသွားမည့် လမ်းကြောင်းနဲ့ ထိခိုက်မှုများကို တွက်ချက်လိုက်၏။
ပြိုင်ကားတစ်စီး၏ ရုတ်ခြည်း အရှိန်မြှင့်မှုက ကြောက်ဖို့ကောင်းလွန်းသည်။
စုရှောင်းယွီ လီဗာကို နင်းလိုက်ပြီး ကုန်တင်ကားကြီး၏ ရှေ့သို့ တည့်တည့် မောင်းဝင်လိုက်ပါသည်။
ဝုန်း…
ကားနှစ်စီးထိရိုက်မိသံ ထွက်ပေါ်လာ၏။
မြေပေါ်မှာ မီးပွားလေးများပင် ထွက်ပေါ်လာပြီး အနက်ရောင် တာယာအစင်းကြောင်းကြီးများလည်း ပေါ်လာ၏။
ဒုန်း…
ထိရိုက်မှုက မပြင်းသော်လည်း စုရှောင်းယွီ၏ Ferrari ကားက ချက်ချင်း စုတ်ပြတ်သွားပါသည်။
ပြိုင်ကားတွင် လုံခြုံရေးလုပ်ဆောင်ချက်များက ကောင်းမွန်သော်လည်း အထိအခိုက်ကာကွယ်မှုကတော့ မကောင်းလှပေ။
ကားတိုက်မိသည့်အခါ ပြိုင်ကားက ချက်ချင်း စုတ်ပြတ်သွားကာ ကုန်တင်ကားကြီး၏ အရှိန်ကို စုပ်ယူနိုင်လိုက်ပါသည်။
ဘုန်း…
အားကောင်းသည့် တိုက်ခတ်မှုကြောင့် လမ်းပေါ်က တခြား ကားတစ်စီး လင်းဖန်၏ ပြိုင်ကားတည့်တည့်သို့ လာရောက်ထိမှန်လေသည်။
ပြိုင်ကား၏ ရှေ့မှန်များ ကွဲထွက်သွား၏။
ထိုအချိန်တွင် စုရှောင်းယွီ၏ ပြိုင်ကားကို လင်းဖန် မှတ်မိသွားပါသည်။
လင်းဖန်၏ ခန္ဓာကိုယ် လုံးဝ အေးစက်သွားသည်.
စိတ်ဖိစီးမှုများကတော့ အလွန်လောင်ကျွမ်းလျက် ရှိ၏။
သူ ဒီလိုဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အလွန် အေးချမ်းခဲ့သော်လည်း ဒီနေ့တော့ နောက်ထပ် ကုန်တင်ကားကြီးတစ်စီး ပေါ်လာပြန်ပါပြီ။
ကုန်တင်ကားကြီးက သူ့ကို ဝင်တိုက်မိရင်တောင် တော်တော်ဆိုးလှပြီ။
ယနေ့ စုရှောင်းယွီကလည်း ကားထွက်မောင်းနေတာနဲ့ ကြုံသွားသည်။
သူကားတိုက်ခံရတော့မည်ကို စုရှောင်းယွီမြင်သည့်အခါ သူမ၏ Ferrari ကားကို အရှိန်မြှင့်ပြီး ကုန်တင်ကားကြီးကို ဝင်ကာလိုက်ပါသည်။
ဘယ်လို ကားအသေးစားကမှ ကုန်တင်ကားကြီး တစ်စီး၏ အားကို ခံနိုင်ရည် မရှိနိုင်ပေ။
စုရှောင်းယွီ တစ်ခုခုဖြစ်သွားပါက လင်းဖန် ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ပါ။
စုရှောင်းယွီက လင်းဖန် အယုံကြည်ရဆုံးသော လူတစ်ယောက်လည်းဖြစ်သည်။
စုရှောင်းယွီ ဘာမှ ဖြစ်လို့မရပါ။
ဘာမှ ဖြစ်လို့မရဘူး။
ယခုတော့ လင်းဖန်မှာ အဆုံးမဲ့ ဒေါသတွေက လွဲပြီး ဘာမှမရှိတော့ပေ။
ကားမှန်မျက်နှာပြင်ကြီး ကွဲထွက်သွားသောအခါ စုမူချင်းက ထိုင်ခုံခါးပတ်ကို ဖြတ်လိုက်ပြီး ဆင်ခြင်မဲ့စွာဖြင့် လင်းဖန်၏ ရင်ခွင်ထဲကို အမြန် တိုးဝင်လိုက်သည်။
ဖန်ကွဲစတစ်ခုက စုမူချင်း၏ နောက်ကျောကို ရှသွားခဲ့သည်။
ဝုန်း
နောက်ထပ်ကျယ်လောင်သည့် အသံကြီး တစ်ခုဖြင့် Bugatti Veyron Ettore Bugatti ရပ်တန့်သွားသည်။
Bugatti Veyron Ettore Bugatti ကားကိုယ်ထည်က တစ်ဝက်လောက် ပျက်စီးသွားပါပြီ။
စုမူချင်းက လင်းဖန်၏ ရင်ခွင်ထဲတွင် ညှင်သာစွာ တုန်ယင်နေသည်။ ထို့နောက် ချိုမြိန်စွာ ပြုံးလိုက်၏။
“ဘော့စ်လင်း ကျွန်မက ရှင့်ရဲ့ လက်ထောက်ပါလို့ ကျွန်မ မပြောခဲ့ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကာကွယ်ပေးမှာပါလို့”
“ကျေးဇူးပြုပြီး… ကျွန်မကို သံသယ မဖြစ်ပါနဲ့တော့”
“ရှင့်ရဲ့ လက်ထောက်ဖြစ်ရတာ ကျွန်မ တကယ် ဂုဏ်ယူတယ်” စုမူချင်း စကားပြောပြီးသွားတာနဲ့ မျက်နှာမျာား ဖြူရော်သွားပြီး လင်းဖန်၏ ရင်ခွင်ထဲ တိတ်ဆိတ်စွာ လဲကျသွားသည်။
လင်းဖန်၏ မျက်နှာက အမျက်ဒေါသများဖြင့်သာ ပြည့်နှက်နေသည်။
စုမူချင်း၏ နောက်ကျောကို သူ ထိလိုက်သည်။
စုမူချင်းကို အခွင်အရေးယူနေတာ မဟုတ်ပေ။ စုမူချင်းက သူ့ရင်ခွင်ထဲ ရောက်နေသော်လည်း လင်းဖန် ဘာမှ မခံစားရတော့ပါ။
သွေးစများကိုသာ ခံစားမိ၏။ စုမူချင်း၏ နောက်ကျောမှ သွေးများ ဖြစ်သည်။
လင်းဖန် တစ်ကိုယ်လုံး အေးစက်သွားသည်။
စုမူချင်းကို ဒီရက်တွေထဲ သံသယဝင်ခဲ့မိသည်။ သူမကို သံသယဝင်နေမှန်းလည်း စုမူချင်းက သိနေသည်။
ဒီနေ့တော့ သူမက လုပ်ရပ်များဖြင့် သက်သေပြသွားခဲ့ပါပြီ။
သူမက လင်းဖန်ရဲ့ လက်ထောက် ဖြစ်၏။
လင်းဖန်ကို သူမ ကာကွယ်ရမည်။ မိန်းကလေး တစ်ယောက်၏ ခန္ဓာကိုယ်က အလွန်အရေးကြီး၏။ သူမ၏ နောက်ကျော ဒဏ်ရာရသွားသည့်အခါ အမာရွတ်ကျန်ခဲ့နိုင်သည်။
ထိုအမာရွတ်က ဖယ်ရှားဖို့ ခက်ခဲပါသည်။
သူမ၏ အသက်အန္တရာယ်တောင် ရှိလောက်သည်။
လင်းဖန် အခုတော့ အပြစ်ရှိသလို ခံစားနေရပါပြီ။
သူ့ကြောင့်မဟုတ်လျှင် စုမူချင်း ဒီလို ဖြစ်လာမှာ မဟုတ်ပေ။
သူတို့ ရက်အနည်းငယ်သာ အတူတူ ဖြတ်သန်းခဲ့ကြသော်လည်း စုမူချင်းက အလွန်ကောင်းမွန်သည့် မိန်းကလေးတစ်ယောက် ဖြစ်မှန်း လင်းဖန် တကယ် ခံစားမိပါသည်။
လင်းဖန်၏ မျက်လုံးများ နီရဲလာ၏။
ကံကြမ္မာ ဘာဆက်ဖြစ်မလဲ မသိနိုင်သည့် ကောင်မလေးတစ်ယောက်လည်း ရှိနေသေးသည်။
ထိုကောင်မလေးက သူမ၏ Ferrari ဖြင့် ကုန်တင်ကားကြီးကို တိုက်ရိုက် ဝင်ကာပေးခဲ့သည်။
ပြိုင်ကားနဲ့ ကုန်တင်ကားကြီး တိုက်မိသည့်အခါ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ။
လင်းဖန်၏ လက်များတွင် သွေးများ စိုရွှဲနေ၏။ မျက်လုံးတွေကလည်း နီရဲလျက်။
ယခင်တုန်းက လင်းဖန်က သာမန် လူတစ်ယောာက်သာဖြစ်သည်။
၂၁ ရာစုနှစ် လူမှုနေထိုင်မှုဘဝတွင် လူသတ်မှုဆိုသည့် ကိစ္စမျိုးက သူ့စိတ်ထဲ ဘယ်တုန်းကမှ ဝင်မလာခဲ့ဖူးပါ။
လင်းဖန်က လူတိုင်းအပေါ် အမြဲတမ်း စေတနာ ထားပေးခဲ့၏။
သို့သော်လည်း ဒီနေ့အဖြစ်အပျက်ကြောင့် သူလုံးဝ ပြောင်းလဲသွားခဲ့သည်။
အခုတော့ တစ်ယောက်ယောက်ကို လင်းဖန် သတ်ချင်နေပါပြီ။
တစ်ချိန်တည်း ကားအက်ဆီးဒင့် ၂ ခုဖြစ်သွားပြီး တစ်ချိန်တည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ၂ ခု ဖြစ်လာခဲ့သည်။ သူ့လက်ထောက် စုမူချင်းလည်း ဒဏ်ရာရရှိသွားခဲ့၏။
လင်းဖန် ဒေါသအထွက်ဆုံးက စုရှောင်းယွီပါ ဒီပြဿနာထဲ ရောပါသွားခြင်းပင်။
စုရှောင်းယွီက သူ့အနားမှာရှိနေပေးသည့် မိန်းကလေးအနည်းစုထဲက တစ်ယောက်ဖြစ်သည်။
လင်းဖန်က စုမူချင်းကို ပွေ့ချီလျက် ကားတံခါးကို ဖွင့်လိုက်သည်။
စုမူချင်း၏ ပါးပြင်ကို လက်ဖြင့် ပုတ်လိုက်သည်။
စုမူချင်း၏ လှပသော မျက်လုံးလေးများက ဖြည်းညှင်းစွာ ပွင့်လာသည်။ သူမခေါင်းကို အားနည်စွာ ခါလိုက်၏။ သူမ လက်ချောင်းဖြင့် သူမရှေ့က Ferrari ကားကို ညွှန်ပြလိုက်ပါသည်။
လင်းဖန် Ferrari ကားကို ကြည့်လိုက်တော့ သူ့ရင်ထဲ နာကျင်သွားခဲ့၏။
စုရှောင်းယွီရဲ့ ကားမဟုတ်ဖို့ သူဆုတောင်းမိသည်။
ထိုကားမှာ သူ့ကားဖြစ်သွားရင် ဘယ်လောက်ကောင်းမလဲလို့ ဆုတောင်းမိ၏။
Ferrari ကားက လုံးဝ စုတ်ပြတ်သွားပါပြီ။
Ferrari ကားအောက်တွင် ဓာတ်ဆီများတောင် စိမ့်ထွက်နေ၏။
မီးခိုးများ Ferrari ကားထဲက ထွက်လာသည်။
အနားမှာ ကားတစ်စီးက မီးခိုးထွက်နေပါပြီ။
အားလုံး ဖရိုဖရဲ ဗရုသုက္ခဖြစ်နေသည်။
အနားက လူတွေက ကိုယ့်အသက်ကိုယ်ကယ်ဖို့ ထွက်ပြေးကုန်ကြသည်။
ကားက မီးခိုးထွက်နေပြီး အောက်မှာ ဓာတ်ဆီတွေပါ ယိုစိမ့်နေပြီ ဖြစ်သဖြင့် ပေါက်ကွဲမှု ဖြစ်တော့မည်။
သူမကို ကယ်တင်ချင်ရင်တောင် အသက်နဲ့ရင်းပြီး ကယ်တင်ပေးမည့် မီးသတ်သမားများကလွဲလို့ ဘယ်သူမှ မကယ်ရဲကြတော့ပါ။
လင်းဖန်က စုမူချင်းကို ဘေးနားချပေးလိုက်သည်။ စုရှောင်းယွီ၏ ကားဆီရောက်ဖို့ ၂၀ မီတာလောက် ဝေးသည်။
စုမူချင်းက လမ်းလျှောက်နိုင်ပါသေးသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန် စုရှောင်းယွီကို သွားတွေ့ရမည်။
စုရှောင်းယွီကို သူ ကယ်ရမည်။
သူ့ကြောင့် စုရှောင်းယွီတစ်ခုခုဖြစ်သွားပါက လင်းဖန် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါ။
အားလုံးထွက်ပြေးနေချိန်တွင် လင်းဖန်ကတော့ ဆင်ခြင်မဲ့စွာ ပြေးဝင်သွား၏။
ဘေးကလူတွေကလည်း ဝိုင်းအော်ကြသည်။
“ဟေ့လူ မသွားနဲ့လေ”
“အဲ့ကား ပေါက်ကွဲတော့မယ်နော် သေချင်လို့လား”
“သွားလို့ မရဘူး မြန်မြန်ပြန်လာခဲ့။ အားလုံး ပြီးသွားပြီ…”
“ငါသူ့ကိုသိတယ်။ အဲ့တာ လင်းဖန်ပဲ… လင်းဖန် ကိုယ့်သေတွင်းကိုယ်တူးနေတာလား”
“Ferrari ကားထဲက ဘယ်သူလဲ။ လင်းဖန် သေပေးရလောက်အောက် တန်လို့လား”
“လင်းဖန်ကို တားကြပါဦး မြန်မြန် ၁၁၉ နဲ့ ၁၂၀ ကိုဖုန်းဆက်ကြပါ”
သူ့နားမှာ စကားသံတွေ ဘယ်လောက် ထွက်ပေါ်လာမှန်း လင်းဖန် မသိတော့ပေ။
သူ့မျက်လုံးတွေက Ferrari ကားဆီကိုသာ ရောက်နေသည်။
ကားက မီးခိုးတွေ ထွက်နေခဲ့ရင်တောင်… စုရှောင်းယွီက မရှိနိုင်တော့ဘူးဆိုရင်တောင်…. ဘာပဲဖြစ်ဖြစ် ရှင်သန်နိုင်ချေ တစ်ခု ရှိနေသေးသရွေ့ လင်းဖန် သူမကို ကယ်တင်ရမည်။
ကောင်းကင်ကြီးလည်း မဲမှောင်လာခဲ့သည်။
ဘေးပတ်လည်က လေတွေလည်း တိုးဝင်လာ၏.
လေတွေက မီးကို ငြိမ်းမသွားစေသည့်အပြင် ပို၍တောင် အားကောင်းလာစေသည်။
လင်းဖန် ထိုနေ့ကို ပြန်အမှတ်ရသွား၏။ စုရှောင်းယွီက ရှန်ဟိုင်းမြို့က ထွက်သွားပြီး နိုင်ငံခြားသွားဖို့ ဆုံးဖြတ်ထားခဲ့၏။
စုရှောင်းယွီကို သူတားခဲ့ပြီး သူ့လက်အောက်က အနုပညာရှင်ဖြစ်အောင် လုပ်ပေးခဲ့သည်။
စုရှောင်းယွီက စာချုပ်ကိုတောင် မကြည့်ဘဲ လင်းဖန် လက်အောက်က အနုပညာရှင် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့၏။
လင်းဖန်ရဲ့ ခွေးမလေး ဖြစ်ရတာ ကံကောင်းသည်ဟုလည်း ပြောခဲ့သေးသည်။
နောက်ဆုံးမှာတော့ ဒီနေ့ သူ့အတွက် ကုန်တင်ကားကြီးရှေ့ကို ပြေးဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။
ယခု သူ့စိတ်တွေ ဗလာကျင်းဖြစ်နေပါပြီ။
ငရဲရောက်နေရင်တောင် စုရှောင်းယွီကို သူပြန်ခေါ်ရမည်။