← Chapters

ကယ်ဆယ်ရေး

Vol. 20 Ch. 298

ကယ်ဆယ်ရေး

Vol. 20 Ch. 298

Ferrari ကား၏ လိမ်ကောက်နေသော တံခါးကြီးကို လင်းဖန် အမြန်ဖွင့်လိုက်သည်။

Ferrari ကားထဲတွင် စုရှောင်းယွီ ရှိနေပါသည်။

စုရှောင်းယွီကို မြင်လိုက်တော့ လင်းဖန် ရင်နာသွားရ၏။

တကယ် ရင်နာစရာဖြစ်သည်။

စုရှောင်းယွီ ဘာကြောင့် ဒီလောက် တုံးအရတာလဲ။

ဘာလို့ သူ့ကို လာကယ်ခဲ့ရတာလဲ။

စုရှောင်းယွီ၏ မျက်နှာက အနည်းငယ် ဖြူရော်နေပါပြီ။

ဒီနေ့ လှလှပပ ဝတ်ဆင်ထား၏။

အဝါရောင်ဖျော့ဖျော့ ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ယောက်ျားပေါင်းများစွာ တပ်မက်ကြသည့် ခြေတံဖြူဖြူသွယ်သွယ်လေးများလည်း ရှိသည်။

စုရှောင်းယွီ လဲကျသွားတော့မလို ဖြစ်နေသည်။

သို့သော်လည်း လင်းဖန်ကို မြင်လိုက်တော့ တောက်ပစွာ ပြုံးလိုက်၏။။

လင်းဖန် ဘာမှ မဖြစ်ပေ။ စုရှောင်းယွီက လက်ထဲတွင် ဓာတ်ပုံတစ်ပုံကို ကိုင်ထားသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးခဲ့စဉ်တုန်းက သူမနဲ့ လင်းဖန်တို့ အတူတူ ရိုက်ထားသည့် ဓာတ်ပုံဖြစ်၏။

ထိုဓာတ်ပုံကို သူမနဲ့ အတူ အမြဲတမ်း ဆောင်ထားလေ့ ရှိသည်။

“ရှောင်းယွီ နင်ဘယ်လိုနေလဲ။ ဒဏ်ရာရသွားသေးလား။” လင်းဖန် မေးလိုက်သည်။

စုရှောင်းယွီ ဘာမှမဖြစ်တာကို မြင်ပြီး သူအပျော်လွန်သွားပါသည်။

“ငါအဆင်ပြေပါတယ်”

“ငါ့လက်နည်းနည်းလေး ရှသွားတာကလွဲပြီး အဆင်ပြေပါတယ်~” စုရှောင်းယွီက ပြောလိုက်ပါသည်။

“အဲ့တာကို နည်းနည်းလေးရှတယ်လို့ ခေါ်မလား” စုရှောင်းယွီကိုမြင်တော့ လင်းဖန် ကိုယ့်ကိုယ်ကိုသာ ပါးရိုက်ချင်သွားသည်။

သူမ၏ ညာဘက်လက်မောင်းပေါ်က အင်္ကျီစက သွေးစွန်းနေသည်။

သူမ၏ ဖြူရော်ဖြူဖတ်ပုံစံက သွေးထွက်လွန်သည့် လက္ခဏာဖြစ်သည်။

“ဟုတ်ပြီ ကားထဲက ထွက်။ Ferrari ကြီးက မီးခိုးတွေ ထွက်နေပြီ။ ကားအောက်ကလည်း ဓာတ်ဆီတွေယိုနေတယ်။ ၁၃၃ စက္ကန့်လောက်အတွင်း ကားပေါက်ကွဲသွားလိမ့်မယ်။ ပေါက်ကွဲမယ့် အကွာအဝေးက ၅ မီတာလောက်ရှိတယ်။ ဆက်တိုက်ပေါက်ကွဲတာတွေ ဖြစ်လာရင် ပိုပြီး ပြန့်သွားနိုင်တယ်”

“ငါ့ကို ထားခဲ့လိုက်ပါတော့ လင်းဖန်။ ငါ့ကို မကယ်ပါနဲ့”

“သွားပါ။ နင် အခု မသွားရင် ဘယ်တော့မှ ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူး” စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ တွန်းထုတ်လိုက်ပါသည်။

“မသွားဘူး။ နင်က ငါ့ရဲ့ အနုပညာရှင်ကော ခွေးမလေးကော ဟုတ်တယ်။ ငါက ဘာမှ မထူးခြားဘူး။ ငါ့ဘေးကလူတွေကို ဂရုစိုက်ချင်တာတစ်ခုပဲ ရှိတယ်” လင်းဖန်က ပြောလိုက်ပါသည်။ လင်းဖန်က ကားကို စစ်ဆေးနေဆဲဖြစ်ကာ စုရှောင်းယွီကို ခေါ်ထုတ်ဖို့ နည်းလမ်း ရှာဖွေနေ၏။

“အာဝူး~ ဒီလိုမျိုးလား” စုရှောင်းယွီက ခွေးလေးတစ်ကောင်လို ချစ်ဖို့ကောင်းအောင် လုပ်ပြလိုက်သည်။

“ဟုတ်ပြီ စကားအများကြီး မပြောနဲ့” လင်းဖန်က ပြောလိုက်၏။ “ငါနင့်ကို ထုတ်ပေးမယ်”

“ငါ ထွက်လို့ မရဘူး။ ခြေထောက်ညပ်နေတယ်”

“သွားပါ သွားပါတော့။ ငါ့ကို ကယ်ဖို့ မကြိုးစားပါနဲ့တော့”

“၁၂၂ စက္ကန့်လောက်ပဲ ကျန်တော့တယ်နော်” စုရှောင်းယွီက ငိုသံပါပါ ပြောလိုက်သည်။

သူမ ဒဏ်ရာရနေရင်တောင် လင်းဖန်ကိုပါ ဒဏ်ရာမရစေချင်ပေ။

“စကားမပြောနဲ့လို့” လင်းဖန် ပြောလိုက်၏။ စက္ကန့်တိုင်းက သူ့အတွက် အရေးကြီးနေသည််။ စုရှောင်းယွီကို နည်းနည်းချင်းစီ ဘယ်လိုခေါ်ထုတ်ရမလဲ စဉ်းစားနေဆဲဖြစ်သည်။

၁၁၉ စက္ကန့်… ၁၁၈ စက္ကန့်…

၂၈ စက္ကန့်… ၂၇ စက္ကန့်…

အချိန်ကုန်နေပါပြီ။

သို့သော်လည်း သူမက ညပ်နေဆဲပင်။

စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး စုရှောင်းယွီက လင်းဖန်ကို သူမ၏ မျက်လုံး လှလှလေးများဖြင့် ကြည့်ကာ လှလှပပ ပြုံးလိုက်ပါသည်။

“လင်းဖန် ငါ… ငါနင့်ကိုအမြဲတမ်း ပြောချင်ခဲ့တာ တစ်ခုရှိတယ်”

“ဒါပေမယ့် ငါမပြောရဲခဲ့ဘူး။ ငါဘယ်တုန်းကမှ မပြောခဲ့ဘူး။ ငါ့မှာ ပြောခွင့်မရှိတာလည်း သိတယ်”

“ဒါငါ့ရဲ့ နောက်ဆုံးစကားတွေပဲ။ ငါမသေချင် အားလုံးပြောခဲ့ချင်လို့ ပြောမှဖြစ်မှာ~~”

“လင်းဖန် ငါပြောတာ သေချာနားထောင်နော် ဟုတ်ပြီလား” စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ အရင်တုန်းက တစ်ခါမှ မပြောရဲခဲ့သော်လည်း သူမ အခုမပြောပါက နောက်ထပ် သူမ ဘဝမှာ ထပ်ပြောဖို့ အခွင့်အရေး ရှိမလာလောက်တော့ပါ။

“နင်ပြောစရာရှိရင် ငါကယ်ပြီးမှပြော။ အဲ့ကျမှ နင် စကား တစ်ထောင် တစ်သောင်းလောက်ပြောလည်း ငါနားထောင်ပေးမယ်” လင်းဖန်က ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးနဲ့ ခြေတံသွယ်သွယ်များကို သတို့သမီးတစ်ယောက်ကဲ့သို့ ပွေ့ချီလိုက်သည်။

စုရှောင်းယွီ ချက်ချင်း ရှက်သွေးဖြာသွားသည်။

သူမ ငယ်စဉ်ကတည်းက မိသားစု၏ မင်းသမီးလေးလို ဖြစ်ကာ တခြားဘယ်သူ ဖက်တာမှ မခံရဖူးပေ။ ဘယ်သူမှ ဒီလိုမျိုး ပွေ့ချီတာကိုလည်း မခံရဖူးပါ။

ထို့အပြင် သူမက စကတ်တိုတိုလေးဝတ်ထားသည်။ သူမ၏ ခြေတံသွယ်သွယ်များအား လင်းဖန်က ပွေ့ချီထား၏။

စက္ကန့် ၂၀ ကျော်သာ ကျန်တော့သဖြင့် သူမ ထိုစကားများကို အကုန်ပြောပြီး သူ့ကို တွန်းထုတ်လိုက်ချင်သည်။

သို့သော်လည်း လင်းဖန်၏ တုန့်ပြန်မှုကတော့ သူမကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဖို့ဖြစ်ပါသည်။

ထို့နောက် ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

လင်းဖန်က သူမ ခြေထောက်ကို နည်းနည်းချင်းစီ ဆွဲထုတ်သည်။

ထို့နောက် သူမကို ခပ်မြန်မြန် ပြန်ပွေ့ချီလိုက်ပါသည်။

နောက်ဆုံးတော့ စုရှောင်းယွီကို သူကယ်တင်နိုင်ခဲ့လေပြီ။

၈ စက္ကန့်သာ ကျန်တော့သည်။

သူမ သဘောကျသည့်လူတစ်ယောက်၏ ပွေ့ချီမှုကို ခံရသည့် ခံစားချက်မျိုး ဘယ်လို ဆိုတာကို စုရှောင်းယွီ နောက်ဆုံးတော့ နားလည်လိုက်ပါသည်။

သူမ ခေါင်းကို နူးညံ့စွာ ပြန်ငုံ့လိုက်ပြီး ထပ်ပြီး မခုခံတော့ပါ။ သူမ စကားကို နားထောင်လိုက်၏။

စုရှောင်းယွီ ဓာတ်ပုံကို မတော်တဆ လွတ်ကျသွားပြီး ကားထဲကျန်ခဲ့ပါသည်။

စုရှောင်းယွီ နောက်ပြန်ကြည့်လိုက်သည်။

လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “နောက်ပိုင်းကျရင် နင်နဲ့အတူ ဓာတ်ပုံ ရာထောင်သောင်းချီပြီး ရိုက်ပေးမယ်။ အခု လုပ်ရမှာတစ်ခုပဲ ရှိတယ်။ အမြန်ပြေးဖို့ပဲ”

၈ စက္ကန့်ကုန်လွန်သွားသည်။

လင်းဖန် သူ့ဘဝတွင် အသန်မာဆုံးခွန်အားနဲ့ အမြင့်ဆုံးအမြန်နှုန်းတို့ကို ထုတ်သုံးလိုက်သည်ည်။

Ferrari ကား မီးလောင်နေပါပြီ။

မီးသာ ဓာတ်ဆီနဲ့ ထိသွားပါက ပေါက်ကွဲမှု ဖြစ်သွားလိမ့်မည်။

ကားတစ်စီးလုံး မီးပွင့်သွားပြီး ပေါက်ကွဲသွားနိုင်၏။

သူတို့ ဝေးဝေးပြေးနိုင်လေလေ ပိုပြီး လုံခြုံလေလေ ဖြစ်သည်။

၈ စက္ကန့်အတွင်း လင်းဖန်က စုရှောင်းယွီကို ပွေ့ချီပြီး မီတာ ၆၀ လောက်အထိ ပြေးခဲ့ပါသည်။

စုမူချင်း ရှိနေသည့် နေရာကို မရောက်မချင််း မနားခဲ့ပေ။

ထိုအချိန်တွင် ဘေးက စောင့်ကြည့်နေသူတွေလည်း ပိုများပြားလာ၏။

လင်းဖန်က မင်းသမီးလေးကို သူရဲကောင်း တစ်ယောက်လို ကယ်တင်ခဲ့သည်။

လင်းဖန် မီတာ ၆၀ လောက် ပြေးပြီးသည့်အခါ သူ့နောက်တွင် ဧရာမ မီးလုံးကြီးတစ်လုံးပေါ်ထွက်လာပြီး ကောင်းကင်ပေါ် တက်သွား၏။

လမ်းတွင် အမြန်ပြေးနေရသည့်အပြင် လင်းဖန်က စုရှောင်းယွီ၏ ခြေတံသွယ်သွယ်ကိုလည်း တင်းကြပ်စွာ ပွေ့ဖက်ထားသည်။ သူမ၏ စကတ်တိုကိုလည်း ကာကွယ်ဖုံးဖိပေးထား၏။

မီတာ ၆၀ လောက်ပြေးပြီးသွားသည့်အခါတွင် သူ ဟောဟဲဆိုက်ကာ ရပ်တန့်သွားသည်။

သူ့ရင်ခွင်ထဲက မိန်းကလေးကိုကြည့်ရင်း ကပ်ဘေးကြီး တစ်ခုမှ လွတ်မြောက်လာသလို လင်းဖန် ခံစားလိုက်ရပါသည်။

သူ စုရှောင်းယွီကို ကယ်တင်နိုင်ခဲ့ပါပြီ။

ကံကောင်းစွာဖြင့် စုမူချင်းလည်း အနားတွင် ရှိနေဆဲဖြစ်သည်။

သို့သော်လည်း စုရှောင်းယွီနဲ့ စုမူချင်းတို့ နှစ်ယောက်စလုံး ဒဏ်ရာရရှိခဲ့သဖြင့် လင်းဖန် ရင်နာသွားသည်။

အထူးသဖြင့် စုရှောင်းယွီဖြစ်၏။ သူမကို ကာကွယ်ဖို့ ကျရှုံးခဲ့ရုံတင်မကဘဲ သူမကိုပါ ပြဿနာထဲ ဆွဲထည့်မိသည်။

“ချွေးသုတ်လိုက်ပါဦး” စုရှောင်းယွီက နူးညံ့စွာ ပြောလိုက်ပြီး တစ်သျှူးစိုတစ်ရွက်ကို ထုတ်ကာ လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။

“ဘာလို့ ချွေးသုတ်နေရဦးမှာလဲ။ နင့်ဒဏ်ရာ ပြစမ်း” လင်းဖန်က ပြောလိုက်၏။

“မပြဘူး” စုရှောင်းယွီ ရှက်သွေးဖြာသွား၏။ “နင်ငါ့ကို အနိုင်ကျင့်နေတာလား”

“ဟုတ်သားပဲ မိန်းကလေးဆရာဝန် တစ်ယောက် စစ်ဆေးမှ သင့်တော်မှာပေါ့ ဆရာဝန် ရောက်မလာသေးဘူးလား” လင်းဖန် ပြောလိုက်သည်။ ထို့နောက် သူပါ သတိလစ်သွားလေသည်။

လင်းဖန် သူ့ကိုယ်သူ ဒဏ်ရာရထားမှန်းတောင် မသိခဲ့ပါ။

စုရှောင်းယွီနဲ့ စုမူချင်းတို့ ဘေးကင်းမှန်းတော့ သေချာသွားပါပြီ။

လင်းဖန် ပြန်နိုးလာသည့်အခါ ဆေးရုံပေါ် ရောက်နေပါပြီ။

ကြောင်ပုံစံ အင်္ကျီလက်တိုဖြင့် မိန်းမလှလေး တစ်ယောက်က လင်းဖန် ကုတင်ဘေးတွင် ထိုင်နေပြီး မျက်လုံးများ ဝိုင်းစက်သွား၏။

“သတိရလာပြီလား” ရှားဝမ်ချွေ့ မေးလိုက်သည်။ သူမ မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် ဦးညွတ်ကာ ကြည့်လိုက်၏။ လင်းဖန်ရှေ့ကို ကိုင်းကာ သူ့မျက်နှာကို ကြည့်လိုက်ပါသည်။

လင်းဖန် ပထမဆုံး မြင်လိုက်ရသည့်မြင်ကွင်းက အလွန်အမင်း လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

ဒုတိယမြင်လိုက်ရသည့်အရာက သူမ၏ ရင်ဘတ်ပေါ်က အဖြူကွက်များ ဖြစ်သည်။

“အကြီးကြီးပဲ” လင်းဖန်က အားနည်းစွာဖြင့် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ရင်း ပြောလိုက်ပါသည်။

“နှာဘူးကောင်” ရှားဝမ်ချွေ့မျက်နှာ အနည်းငယ် နီရဲသွား၏။ သို့သော်လည်း သူမ ဖုံးမနေတော့ပေ။ ဘာပဲဖြစ်ဖြစ် လူနာခန်းထဲမှာ သူမနဲ့ လင်းဖန်တို့ပဲ ရှိကြသည်။

လင်းဖန်ကို ငေါက်ပြီးနောက် ရှားဝမ်ချွေ့ သူ့ကို ဖက်လိုက်ပါသည်။

“အရူးကောင်လင်းဖန် နောက်ဆို နင်ဘယ်သွားသွား ငါ့ကို ပြောသွားဖို့ မမေ့နဲ့” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ၏ မျက်လုံးလှလှလေးများထဲတွင် မျက်ရည်များ ရှိနေပြီး အနည်းငယ် စိုးရိမ်နေသည့်ပုံစံပင်။

လင်းဖန်က သူ့ရင်ခွင်ထဲမှာ နူးညံ့နွေးထွေးသံ မွေးရနံ့ကို ခံစားမိပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။

ကြီးရုံတင်မဟုတ်ဘဲ နူးလည်းနူးညံ့ပါသေးသည်။

All Chapters