← Chapters

ဘော့စ်လင်းရဲ့ တစ်နေ့တာ

Vol. 20 Ch. 299

ဘော့စ်လင်းရဲ့ တစ်နေ့တာ

Vol. 20 Ch. 299

လင်းဖန်က ကောင်မလေး၏ ပွေ့ဖက်မှုကို ခံစားမိပြီး ပြုံးလိုက်ပါသည်။

သူ့မိန်းမက ပိုလှလာသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်၊ မျက်နှာ၊ ရင်ဘတ်တို့ကို ဘာမှ ထိန်းသိမ်းစရာ မလိုဘဲ ကြည့်နိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ရှားဝမ်ချွေ့က သူ့ကောင်မလေး ဖြစ်နေသောကြောင့်ပင်။

ရှားဝမ်ချွေ့၏ စိုးရိမ်ပူပန်မှုကို လင်းဖန် ခံစားမိပါသည်။

ရှားဝမ်ချွေ့ကို နူးညံ့စွာ ပွေ့ဖက်လိုက်ပြီး ပြောလိုက်၏။ “ငါဘာမှ မဖြစ်ပါဘူး”

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ငြင်ငြင်သာသာ ပြောလိုက်၏။ “လင်းဖန် နင့်ကို လုံးဝ ဒဏ်ရာရခွင့် မပေးနိုင်ဘူး”

လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။ “ရှောင်းယွီနဲ့ မူချင်းတို့ကော ဘယ်လိုနေလဲ။ သူတို့ငါ့ကြောင့် ဒဏ်ရာရသွားကြတာ”

ရှားဝမ်ချွေ့က ခေါင်းကို ငြင်သာစွာ ခါလိုက်သည်။ “သူတို့အဆင်ပြေပါတယ်။ ရှောင်းယွီက နည်းနည်းဒဏ်ရာရသွားတယ်။ စုမူချင်းရဲ့ နောက်ကျောလည်း ဒဏ်ရာ နည်းနည်း ရသွားတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ခဏနေရင် သက်သာသွားပါလိမ့်မယ်”

လင်းဖန် အတည်ပေါက်ပြောလိုက်၏။ “မိန်းမ ငါတောင်းပန်ပါတယ်။ အလျှင်လိုနေလို့ ရှောင်းယွီကို ပွေ့ချီပြီး Ferrari ကားဆီကနေ ထွက်ပြေးခဲ့တာ”

လင်းဖန်က တခြားကောင်မလေးများကို တမင်သက်သက် မထိတွေ့တတ်ပါ။ သို့သော်လည်း ရှောင်းယွီ၏ အသက်ကို ကယ်ဖို့အတွက် သူ လုပ်ခဲ့ရသည်။

သူ လုပ်ရဲသဖြင့် တာဝန်လည်း ယူရပါသည်။ လင်းဖန်က ရှားဝမ်ချွေ့ကို ဦးစွာ ပြောပြလိုက်၏။

ရှားဝမ်ချွေ့ ပြုံးလိုက်ပြီး လင်းဖန်၏ ပခုံးပေါ်တွင် အသာအယာ မှီလိုက်သည်။ “နင်ငါ့ကို ပြောပြစရာမလိုပါဘူး။ နင်ဘယ်လို လူလဲဆိုတာ ငါသိပြီးသား”

“ရှောင်းယွီကို ကယ်ပေးတဲ့အတွက်တော့ နင့်ကို ကျေးဇူးတင်ရမယ်။ သူသာ မရှိရင် ငါဘယ်လို လုပ်ရမလဲ တွေးတောင် မတွေးရဲဘူး” ရှားဝမ်ချွေ့ ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့ သဝန်တိုလိမ့်မည်ဟု လင်းဖန် ထင်ခဲ့သော်လည်း သူမ သဝန်မတိုပေ။

သူမလို သဘောကောင်းသည့် ကောင်မလေးမျိုး ဘယ်မှာ ရှာတွေ့နိုင်ပါဦးမည်နည်း။

သူမက စဉ်းစားပေးတတ်ပြီး သူ့အတွက်လည်း စိုးရိမ်ပေးသည်။

လင်းဖန်ရှေ့မှာ ပြောရဆိုရမခက်ပါ။

“လင်းဖန် ငါတစ်ခုပဲမေးချင်တယ်… ရှောင်းယွီကို ပွေ့ချီထားရတာ ဘယ်လို ခံစားရလဲ” ရှားဝမ်ချွေ့က ရုတ်တရက်ကြီး အကြောင်းအရာကို ပြောင်းလဲကာ မေးလိုက်ပါသည်။

“မသိဘူး။ ငါမေ့သွားပြီ။ အဲ့ဒီတုန်းက သူ့ကို ကယ်ဖို့က ပိုအရေးကြီးတယ်လေ” လင်းဖန်က ချက်ချင်း ခေါင်းရှောင်လိုက်ပါသည်။

စုရှောင်းယွီကို ပွေ့ချီထားတုန်းက သူ တစ်ခုခု ခံစားခဲ့ရလား။ ခံစားခဲ့ရတာပေါ့။

မိန်းမလှလေးတစ်ယောက်ကို ပွေ့ချီထားရရင် ဘယ်သူက ခံစားချက်မရှိဘဲနေမှာလဲ။

သူမ၏ ခါးကို ပွေ့ဖက်ထားခဲ့တုန်းက မတော်တဆ သူမ၏ ရင်ဘတ်ကို ထိမိသွားသည်။ ထို့အပြင် သူမ၏ ခြေတံသွယ်သွယ်လေးကိုလည်း ပွေ့ချီထားရသည်။ စုရှောင်းယွီက ဘောင်းဘီတို၊ စကတ်တိုများကို ဝတ်ရတာ သဘောကျသူဖြစ်၏။

သူ့ကို အပြစ်တင်လို့တော့ မရပေ။ ဘယ်လို သာမန် ယောက်ျားလေးမျိုးမဆို ပုံမှန် စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်ချက်တော့ ရှိပါလိမ့်မည်။

သို့သော်လည်း ရှားဝမ်ချွေ့က ဒီလိုမေးသဖြင့် ရှောင်းယွီကို ပွေ့ချီထားရတာ ခံစားလို့ ကောင်းသည်ဟုတော့ ဖြေလို့မရပေ။ ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားပါလိမ့်မည်။

“ဟွန်း လင်းဖန်။ ဒါဆိုရင်တော့ ငါလည်းနင့်ကို သတို့သမီးလို ပွေ့ချီခွင့်နဲ့ ဆုချမယ်~ ငါတို့ အိမ်ပြန်ရောက်ရင် နင်လည်း ငါ့ကိုအဲ့လို ဖက်ထားလို့ရတယ်” ရှားဝမ်ချွေ့က ရင်ခုန်လောက်ဖွယ် အပြုံးဖြင့် ပြောလိုက်ပါသည်။

သူမ သဝန်တိုနေဆဲပင်။

လင်းဖန် သက်ပြင်းချလိုက်မိပါသည်။ ရှားဝမ်ချွေ့ သဝန်မတိုဖို့က မဖြစ်နိုင်သလောက် ခက်ခဲပါသည်။

သခင်လေးတစ်ယောက်သာ ရှားဝမ်ချွေ့ကို ပွေ့ချီပြီး မီတာာ ၆၀ လောက် ပြေးပါက ရှားဝမ်ချွေ့အသက်ကို ကယ်ခဲ့သူဆိုရင်တောင် လင်းဖန် ထိုလူ့ကို အသေထိုးချင်ပါလိမ့်မည်။

“ငါလုပ်လို့ရပြီကွ” လင်းဖန် ပြုံးလိုက်သည်။

ရှားဝမ်ချွေ့ကို အရင်တုန်းက သတို့သမီး တစ်ယောက်လို တစ်ခါမှ မပွေ့ချီဖူးပါ။

အလွန်ကောင်းမွန်သည့် ခံစားချက်လေး ဖြစ်သည်။

ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေး ဖြစ်သဖြင့် သူမကို ဖက်လို့ မရသင့်ဘူးလား။

“နှာဘူးကောင် သွားစမ်းပါ” ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ “ဆေးရုံကြီးမှာ”

“ဒါဆို ဆေးရုံမဟုတ်ရင်တော့ နင့်ကို ဖက်လို့ ရတယ်ပေါ့” လင်းဖန် မေးလိုက်ပါသည်။

“ဟွန်း” ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ပြန်မဖြတော့ပေ။

ဘာကြောင့်မှန်းမသိဘဲ ရှားဝမ်ချွေ့အရှေ့မှာ ညစ်တီးညစ်ပတ်ခံစားချက်မျိုး မရှိမှန်း လင်းဖန် သတိထားမိသွားသည်။

မဖြစ်နိုင်တာ။

ဘာလို့ ဒီလိုဖြစ်နေတာလဲ။

ချက်ချင်းဆိုသလို တစ်ခုခုလွဲနေမှန်း လင်းဖန် အာရုံရသွား၏။

အရေးကြီးကိစ္စတစ်ခုခုကို သူ မေ့သွားပါသည်။

ရှားဝမ်ချွေ့နဲ့ပတ်သတ်သည့် တစ်နေ့တာ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဖို့ မေ့နေခဲ့သည်။

[တစ်နေ့တာမစ်ရှင် : စာအိတ်နီယူမည့် မစ်ရှင်ကို ၁ လအတွင်း အောင်မြင်အောင် ထမ်းဆောင်ပါ။ မစ်ရှင် ကျရှုံးမှု ပြစ်ဒဏ် : တစ်သက်တာ ပန်းသေပန်းညှိုးမှု]

ထိုအတွေးဖြင့် သူ့ခန္ဓာကိုယ်မှာ တစ်ခုခု ထူးဆန်းနေသလို လင်းဖန် ခံစားလိုက်ရသည်။

သူ ရိုက်ကူးရေးလုပ်ခဲ့တာ ၁ လကျော်သွားသည်။ ထိုအချိန်တောအတွင်းမှာလည်း တစ်နေ့တာ မစ်ရှင်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူသာ တကယ် ပန်းသေသွားလျှင် ဒုက္ခရောက်ပါလိမ့်မည်။

ရှားဝမ်ချွေ့ ဆေးရုံကိစ္စများ ဆောင်ရွက်ဖို့ အပြင်ထွက်သွားတော့ လင်းဖန် ချက်ချင်းပဲ စနစ်ကို ဆက်သွယ်လိုက်သည်။

“စနစ် ငါ့ကို အခွင့်အရေး နောက်တစ်ခေါက်လောက် ပေးပါဦးကွာ။ မစ်ရှင်ကို အောင်မြင်အောင် လုပ်ပါ့မယ်လို့ ကတိပေးပါတယ်” လင်းဖန် ပြောလိုက်သည်။ မဟုတ်ပါက ကျန်တစ်ဘဝလုံး သူဘယ်လို နေထိုင်သွားရမလဲ။

သူ့မိန်းမက အလွန်လှပသည်။ သို့သော်လည်း တစ်သက်လုံး ပန်းသေသွားလိမ့်မည်။ စနစ်၏ ပြစ်ဒဏ်က အလွန်ဆိုးရွားလွန်းသည်။

“ဒင် သခင်လေး ပိုမိုချောမောလာမှုကြောင့် တစ်နေ့တာ မစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

“တစ်နေ့တာမစ်ရှင် : စာအိတ်နီကို ၃ လအတွင်း ရယူနိုင်ပါက Tomson Riviera Villa ကို ရရှိမယ်။ ထို့အပြင် စာအိတ်နီကို အနည်းဆုံး လူ ၁၀ ယောက်၏ စောင့်ကြည့်မှုအောက်တွင် ယူမှ မစ်ရှင်ကို အောင်နိုင်ပါလိမ့်မယ်။ မစ်ရှင် ပြစ်ဒဏ် : တစ်သက်တာ ပန်းသေပန်းညှိုးမှု၊ ဒုတိယ အခွင့်အရေး မရတော့ပါ”

“မစ်ရှင် ကျန်ရှိချိန် : ၅၀ ရက်”

စနစ် မျက်နှာပြင်ပေါ်က ဒေတာ အသစ်များကို မြင်ပြီး လင်းဖန် နောက်ဆုံးတော့ စိတ်အေးစွာ သက်ပြင်းချလိုက်နိုင်ပါတော့သည်။

တော်သေးတာပေါ့ကွာ။

အခွင့်အရေးရှိသေးလို့။

ဒီတစ်ခေါက် သူ့ရဲ့ တစ်နေ့တာ မစ်ရှင်ကို မမေ့ရဲတော့ပေ။

ရှားဝမ်ချွေ့ ပြန်လာသည့်အခါ လင်းဖန် အနီရောင် စာအိတ်ကို မသဲမကွဲ မြင်လိုက်ရပြန်ပါသည်။

ဒီစာအိတ်နီကို ရက် ၅၀ အတွင်း ရအောင် ယူရမည်။

သို့သော် ဒီတစ်ခေါက်တစ်နေ့တာ မစ်ရှင်က ပြောင်းလဲသွားလေပြီ။

တစ်နည်းအားဖြင့် လင်းဖန် စာအိတ်နီကို ယူဖို့ ရှားဝမ်ချွေ့၏ ရင်ဘတ်ကို ထိရာတွင် ၃၀ စက္ကန့်လောက် ထိထားရုံတင် မကဘဲ လူ ၁၀ ယောက်၏ စောင့်ကြည့်မှုအောက်တွင် လုပ်ရမှာလည်း ဖြစ်သည်။

ဒါ… ဒါ…

လူ ၁၀ ယောက်ကြည့်နေဖို့ မလိုပါက သူ့မှာ မျှော်လင့်ချက် ရှိနိုင်ပါသေးသည်။

ရှားဝမ်ချွေ့က အလွန်ရှက်တတ်၏။ သူမ နေ့ခင်းကြောင်တောင်ကြီး ဒီလိုလုပ်ဖို့ ဘယ်လို သဘောတူမှာလဲ…။

သို့သော်လည်း တခြားနည်းလမ်းမရှိပေ။ အခု လောလောလတ်လတ် ကိစ္စများ ရှင်းပြီးသည့် အခါတွင် လင်းဖန် တစ်နေ့တာမစ်ရှင်ကို အောင်မြင်အောင် ထမ်းဆောင်ရပါမည်။

“ဝမ်ချွေ့ ငါဖျားနေပြီ။ ရင်ဘတ်ထဲဲက အောင့်အောင့်နေတယ်” လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ သူ့ရဲ့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် တင်ဆက်မှုကို စတင်လိုက်ပါသည်။

“ဟင်” ရှားဝမ်ချွေ့ အမြန်ရောက်လာပြီး လင်းဖန်ကို ထိန်းထားပေးလိုက်၏။ “ဘာလို့ ရုတ်တရက်ကြီး နာလာတာလဲ”

“ငါ့နှလုံးသားက နင့်နှလုံးသားနဲ့ ချိတ်ဆက်မှု မရှိသေးလို့ပေါ့” လင်းဖန် တယုတယ ပြောလိုက်ပါသည်။

“နင့်ရင်ဘတ်ကို စက္ကန့် ၃၀ လောက် ထိပြီး ချိတ်ဆက်ထားပါရစေ။ ဒါမှ ငါ့နှလုံးသား မနာကျင်တော့မှာ” လင်းဖန်က ပြောလိုက်၏။

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ခပ်စူးစူး စိုက်ကြည့်လိုက်၏။

နှလုံးသားက ဘယ်မှာရှိတာလဲ။ ရင်ဘတ်မှာ။

လင်းဖန် သူမကို အနိုင်ကျင့်ချင်တာ ရှင်းနေသော်လည်း ကဗျာဆန််ဆန် ပြောလိုက်ခြင်း ဖြစ်သည်။

“ခွင့်မပြုဘူး”

ရှားဝမ်ချွေ့ ဒေါသထွက်သွား၏။ သူမ ပိုရှက်သွားပြီး ခေါင်းကို ငုံ့လိုက်ပါသည်။

ရှားဝမ်ချွေ့ကို ကြည့်ရင်း လင်းဖန် သက်ပြင်းသာ ချနိုင်တော့သည်။

ဘဝလမ်းကြောင်းက ရှည်လျားလွန်းသည်။

ရှားဝမ်ချွေ့ကို လှည့်စားဖို့ဆိုတာ မဖြစ်နိုင်လောက်ပေ။

လင်းဖန်လည်း အဝတ်အစားလဲကာ သူမနောက် လိုက်သွားတော့သည်။

မကြာမီ စုရှောင်းယွီ၏ လူနာခန်းသို့ လင်းဖန် ရောက်လာ၏။

“နင်တို့တွေ စကားပြောနှင့်ကြဦးလေ။ ငါနင်တို့ဖို့ နေ့လည်စာ သွားဝယ်လိုက်ဦးမယ်” ရှားဝမ်ချွေ့က ပြုံးကာ ထွက်သွားပါသည်။

“ဟုတ်ပြီ” လင်းဖန် ခေါင်းငြိမ့်လိုက်၏။ ရှားဝမ်ချွေ့ လူနာခန်းထဲက လမ်းလျှောက်ထွက်သွားပြီးနောက် လင်းဖန် မေးလိုက်သည်။

“စုရှောင်းယွီ အဲ့ဒီနေ့ ကားပေါက်ကွဲခါနီးတုန်းက ငါ့ကို တစ်ခုခု ပြောစရာရှိတယ်လို့ ပြောခဲ့တယ်နော်။ ဘာပြောချင်လို့လဲ”

“အာဝူး~ ဆရာ။ နင့်ကို လျှို့ဝှက်ချက်လေး တစ်ခု ပြောပြမလို့။ အခု ငါ ဘာမှ မဖြစ်ဘူးဆိုတော့ နင့်ကို ပြောစရာ မလိုတော့ဘူး” စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပြီး ငြင်းဖို့ ဆင်ခြေရှာဖွေလိုက်ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အလွန်ချစ်နေကြတာကို ကြည့်ပြီး စုရှောင်းယွီ နားလည်ပါသည်။ သူမ လင်းဖန်ကို ပိုးပန်းမှာ မဟုတ်သလို သူမရဲ့ အလှအပကို သုံးပြီးတော့လည်း မြူဆွယ်မှာ မဟုတ်ပေ။

“အစ်မဝမ်ချွေ့ အိမ်မှာ မရှိလို့ လုပ်ချင်တာ လုပ်လို့ရတယ်” ဟူသော စကားမျိုးတွေလည်း ပြောမှာ မဟုတ်ပါ။

“ဒါဆို နင့်ခန္ဓာကိုယ်ကော ဘယ်လိုနေသေးလဲ။ နင့်ပခုံးကို ပြစမ်းပါ” စိုးရိမ်စွာဖြင့် သူမေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း ရှရာ အသေးစားလေးပါ။ မကြာခင် ပျောက်သွားလိမ့်မယ်” စုရှောင်းယွီ ပြန်ပြောလိုက်၏။

“အိုကေ ကောင်းတာပေါ့” လင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး စုမူချင်း၏ လူနာခန်းကို သွားလိုက်ပါသည်။

“နောက်ကျော ဘယ်လိုနေသေးလဲ” လင်းဖန် ပြုံးလိုက်သည်။ ယခုတော့ စုမူချင်းကို သူ့လူ တစ်ယောက်လိုပဲ သဘောထားပါတော့သည်။

“ဘော့စ်လင်း ကျွန်မ အဆင်ပြေပါတယ်။ ရှင်လည်း အဆင်ပြေလို့တော်သေးတာပေါ့” စုမူချင်းက ပြောလိုက်၏။ သူမက အလွန်လှပပြီး အသားအရေလည်း အလွန် ဖြူသည်။ သူမက သဘာဝအလှအစစ်ဖြစ်ပြီး သိမ်မွေ့သည်။

“တခြား စိုးရိမ်တဲ့ စကားတွေ မပြောတော့ဘူး။ အရင်တုန်းက လစာ ဘယ်လောက်ရလဲ” လင်းဖန်က မေးလိုက်သည်။

“ဘော့စ်လင်းရဲ့ လက်ထောက်အနေနဲ့ တစ်လကို ၃၅,၀၀၀ ပါ~” စုမူချင်းက ခေတ္တ စဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။

“ဟုတ်ပြီ ဒီနေ့ကစပြီး နင့်လစာ ၁၀ ဆ တိုးသွားမယ်။ ပြီးတော့ နင့်ရဲ့ ဆေးကုသစရိတ်နဲ့ နောက်ဆက်တွဲကုန်ကျစရိတ်တွေကိုပါ အကုန် တာဝန်ယူပေးမယ်”

“ဘာလို့လဲ မမေးနဲ့ စိတ်လည်း မပူနဲ့။ နင့်ဘော့စ်က အရမ်းချမ်းသာတယ်” လင်းဖန် ပြောလိုက်သည်။

သူ့မှာ သုံးမကုန်လောက်အောင် ပိုက်ဆံတွေ အများကြီး ရခဲ့ပါသည်။ ထို့အပြင် စုမူချင်းကလည်း အလွန်တော်လွန်းသဖြင့် အန္တရာယ်ကျရောက်သည့်အချိန်မျိုးတွင် သူ့အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။

စုမူချင်း၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ပြီး လင်းဖန် အပြည့်အဝ ယုံကြည်သွားသည်။ သူမ၏ လစာကို ၁၀ ဆ တိုးပေးရလည်း အပန်းမကြီးပါ။

ပိုက်ဆံကို အရေးကြီးသည့် နေရာတွေမှာပဲ သုံးရမည်။ လင်းဖန်က အွန်လိုင်း Streamer တွေကို သူ့ပိုက်ဆံနဲ့ ဆုချမှာ မဟုတ်ပေ။

သူ့အမျိုးသမီးလက်ထောက်ကို လစာတိုးပေးလိုက်တာ ပိုမကောင်းဘူးလား။

“ကျေးဇူးတင်ပါတယ် ဘော့စ်လင်း။ ကျွန်မ သေချာပေါက် အလုပ်ပိုကြိုးစားပါ့မယ်” စုမူချင်း အံ့အားသင့်သွားသည်။

စုမိသားစုက ချမ်းသာကြသော်လည်း ထိုပိုက်ဆံများက ကုမ္ပဏီပိုင်ဖြစ်သည်။

ကုမ္ပဏီတစ်ခုလုံးကို လည်ပတ်ထားရသည်။

စုမူချင်းကလည်း သူမ မိသားစု ပိုက်ဆံကို မသုံးချင်ပေ။ သူမဖာသာသူမပဲ ပိုက်ဆံရှာချင်ပါသည်။

တစ်လကို ၃၅,၀၀၀ က သူမအတွက်သူမ ထောက်ပံ့ဖို့ လုံလောက်သည်။

တချို့ မိန်းကလေးတွေက မိတ်ကပ်ဖိုး ငွေအများကြီး လိုသော်လည်း သူမလို မိန်းကလေးမျိုးတွေကတော့ အလွန်ထူးဆန်းပါသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းနဲ့ စုမူချင်းတို့ အားလုံးက မိတ်ကပ်မပါဘဲနဲ့တောင် အလွန်လှပကြပါသည်။

“ပြီးတော့ Estee Lauder ကနေ ကြိုက်တဲ့ အလှကုန်ပစ္စည်းကို ရွေးလိုက်။ နင်ရွေးပြီးရင် ၃ လတစ်ခါ ငါပို့ပေးမယ်။” လင်းဖန်က ရက်ရောစွာ ပြောလိုက်ပါသည်။

“ဘော့စ်လင်း မသင့်တော်ပါဘူး” စုမူချင်းက ပြောလိုက်သည်။ သူမ၏ မျက်လုံးလှလှလေးများဖြင့် မော့ကြည့်လိုက်ပြီး အံ့အားသင့်သွားမှန်း သိသာပါသည်။

မိန်းကလေးတစ်ယောက်က မိတ်ကပ်မပါဘဲ လှတယ်ဆိုရင်တောင် သူမရဲ့ အသားအရေကို ပုံမှန် ဂရုစိုက်ရမည်။ ဘရန်းဒတ် အလှကုန်ပစ္စည်းတွေ ရှိထားရင် ပိုကောင်းပါသည်။

စုမူချင်းက သူမ မိသားစုပေးထားသည့် ငွေကို မသုံးချင်ပေ။ သူမက ခြိုးခြံချွေတာတတ်ပြီး အလှကုန်ပစ္စည်းတွေလည်း သိပ်မသုံးတတ်ပါ။

လင်းဖန်က သူမကို အလှကုန်ပစ္စည်းများ လက်ဆောင်ပေးချင်နေသည်။ စျေးကြီးသည့် အလှကုန် ပစ္စည်းများ ဖြစ်၏။ Estee Lauder အလှကုန်ပစ္စည်းတွေ ဘယ်လောက်စျေးကြီးသလဲဆိုတာ ဆိုင်တစ်ဆိုင်ကို သွားကြည့်ရင် သိနိုင်ပါသည်။

လင်းဖန်က သေချာပေါက် သူမကို အကောင်းဆုံး အမျိုးအစားတွေသာ ပေးမှာ ဖြစ်သည်။ တခြား သာမန် အလှကုန်ပစ္စည်းတွေနဲ့ သေချာပေါက် လုံးဝ ခြားနားနိုင်ပါသည်။

“အဲ့တာ ဘာမသင့်တော်စရာ ရှိလို့လဲ။ ငါက Estee Lauder ရဲ့ ဘော့စ်ကြီးပဲကို။ ဒီလောက် အသေးအဖွဲကိစ္စလေးကို ဆုံးဖြတ်ပေးလို့ မရဘူးလား”

“ပြီးတော့ ဝမ်ချွေ့၊ ရှောင်းယွီ၊ လင်းခဲ့ရှင်းတို့အတွက်လည်း ပြင်ပေးထား။ သူတို့ထဲက တစ်ယောက်က ငါ့မိန်းမ။ ကျန်တဲ့ နှစ်ယောက်က ငါ့လက်အောက်က အနုပညာရှင်တွေပဲ။ လင်းချမ့်ဝေနဲ့ ငါ့ညီမ လင်းယွီရှစ်တို့အတွက်ပါ နောက်တစ်စုံစီ ပြင်ပေးထား” လင်းဖန်က ပြုံးလိုက်သည်။

ယခု သူက ကုမ္ပဏီ စီအီးအို ဖြစ်နေပြီ ဖြစ်သောကြောင့် သူ လိုချင်သည့် အလှကုန် ပစ္စည်းတိုင်းကို သူယူနိုင်သည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့နဲ့ သူ့အကြားက ဆက်ဆံရေးအကြောင်းကိုလည်း ဘာမှ ပြောဖို့ မလိုပါ။

လင်းခဲ့ရှင်းကလည်း လင်းဖန် လက်အောက်က အနုပညာရှင်ဖြစ်ပြီး အလွန်လှပသည်။ အနာဂတ်တွင် သူမကို အန်ဒိုစာများ ရိုက်ကူးဖို့ လိုအပ်လာလိမ့်မည်။ ထို့ကြောင့် အလှကုန် ပစ္စည်းများ လိုအပ်လိမ့်မည်။

ပြောစရာမလိုအောင် လင်းချမ့်ဝေက ယွဲ့ဟွာရှိ လင်းဖန်၏ လက်ထောက်ဖြစ်သည်။

လင်းယွီရှစ်ကတော့ သူ့ညီမအရင်းဖြစ်သဖြင့် မိတ်ကပ်တချို့ လက်ဆောင်ပေးသင့်ပါသည်။

ဘာကြောင့်လဲ မေးဖို့မလို။ လင်းဖန်က ယခု ဘော့စ်ကြီးတစ်ယောက် စစ်စစ် ဖြစ်သွားလေပြီ။

ဒါက ဘော့စ်ကြီးတစ်ယောက်၏ တစ်နေ့တာ ဘဝမျိုးပင်။

All Chapters