← Chapters

ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်း

Vol. 20 Ch. 300

ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်း

Vol. 20 Ch. 300

သိပ်မကြာလိုက်ပေ။

ယောက်ျားကြီးတစ်ယောက်က Rolls-Royce တန်ဖိုးကြီး ပြိုင်ကား တစ်စီးကို မောင်းလာပြီး ဆေးရုံဝင်ပေါက်ဆီကို လှမ်းလာခဲ့သည်။

ထိုလူက စုရှောင်းယွီ၏ အဖေ၊ လက်ရှိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်၏။

ကမ္ဘာပေါ်က လူတိုင်းကို တုန်လှုပ်သွားစေမည့် လူမျိုး ဖြစ်သည်။

ဒီလူက စီးပွားရေးလောကထဲက တကယ့် လက်ရွေးစင်ကြီး ဖြစ်၏။

ဉာဏ်ကြီးရှင် ဦးနှောက်မျိုးနဲ့ စီးပွားရေး လောကထဲမှာ ဆန်းကြယ်မှုပေါင်းစုံကို ဖန်တီးခဲ့ပြီး တကယ့် စီးပွားရေး အင်ပါယာကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

စီအီးအိုမာ၊ Bill Gates တို့ ယှဉ်နိုင်သူ ဖြစ်သည်။

စီးပွားရေးဘုရင် အစစ်အမှန် စုချန်းချမ့်၊ စီအီးအိုစု ဖြစ်သည်။

သမီးတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာကို အဖေတစ်ယောက်က မလာဘဲ နေနိုင်ပါ့မလား။

စုချန်းချမ့်ဘေးတွင် ခပ်တောင့်တောင့် ဘော်ဒီဂတ်တစ်ယောက်လည်း ပါလာသည်။

စုချန်းချမ့် ခပ်မြန်မြန် လမ်းလျှောက်လာခဲ့သည်။

ထို့အပြင် စုချန်းချမ့်၏ လက်ရှိ ဂုဏ်သရေရှိ အဆင့်အတန်းကြောင့် လူတွေ သူ့နားကို မကပ်ရဲကြပေ။

သူ့သမီးက ကားအက်ဆီးဒင့်တွင် သေလုနီးပါး ဖြစ်သွားသဖြင့် ဘယ်သူက ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

စုရှောင်းယွီ၏ လူနာခန်းသို့ စုချန်းချမ့် ရောက်ရှိလာခဲ့ပြီး သူမကို မြင်ခါမှ စိတ်အေးသွားသည်။

“ရှောင်းယွီ သမီးကြောင့် အဖေလန့်သေတော့မလို့” စုချန်းချမ့်က ပြောလိုက်ပြီး စုရှောင်းယွီ ဘေးတွင် ထိုင်လိုက်ပါသည်။

“အဖေ သမီးဘာမှ မဖြစ်ပါဘူး~” စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။

“အဲ့ဒီကောင်လေးကို ကယ်ဖို့ သမီးက ဝင်ကာပေးပြီး သူက သမီးကို ပြန်ကယ်ခဲ့တာပေါ့” စုချန်းချမ့်က မေးလိုက်သည်။

“အဖေ အဲ့ဒီနေ့က သမီး သတိမထားဘဲ ကားမောင်းမိလိုက်လို့ပါ” စုရှောင်းယွီက လျှာထုတ်လိုက်ပါသည်။

“အေးပါ။ ငါ့သမီးကို ဒီလောက်ထိ သဘောကျသွားအောင် ဘယ်ကောင်လေးကများ လုပ်နိုင်တာလဲ”

“ငါ့သမီးနဲ့ မြန်မြန်လက်ထပ်ခိုင်းမှ ဖြစ်မယ်။ မဟုတ်ရင် သမီးတစ်ယောက်တည်း အပြင်မှာ ရှိနေတဲ့အခါ အဖေ စိတ်အေးနိုင်မှာ မဟုတ်ဘူး” စုချန်းချမ့်က စိတ်လိုက်မာန်ပါ ပြောလိုက်သည်။

သူ့သမီး စုရှောင်းယွီက ဘယ်တုန်းက ယောက်ျား တစ်ယောက်နဲ့ ပတ်သတ်ပြီး ဒီလောက် ဂရုစိုက်ဖူးလိို့လဲ။

စုရှောင်းယွီက သူမအသက်ကို သူမ အလွန် ချစ်မြတ်နိုးသော်လည်း လင်းဖန်အတွက်တော့ သူမ အသက်ကို စွန့်ရဲသည်။

“သမီး သူ့ကို မချစ်ပါဘူး”

“ပြီးတော့… သမီးက ငယ်သေးတယ်။ ဘာလို့ မင်္ဂလာကိစ္စတွေ ပြောနေတာလဲ” စုရှောင်းယွီက ခေါင်းငုံ့ကာ ရှက်သွေးဖြာသွားသည်။

“အဲ့ဒီကောင်လေးက Alibaba ရဲ့ ဒုဥက္ကဌဖြစ်ဖြစ်၊ Estee Lauder ရဲ့ စီအီးအို ဖြစ်ဖြစ် ဘာဂရုစိုက်စရာလိုလို့လဲ။ ငါ့သမီးကို အနိုင်ကျင့်ထားတော့ တာဝန်ယူရမှာပေါ့”

“သူ ဘယ်လောက် ချမ်းသာချမ်းသာ အဖေ့ထက်တော့ ချမ်းသာမလား။ အဖေ့သမီးကို လက်ထပ်ရမယ်” စုချန်းချမ့် ပြောလိုက်ပါသည်။

“အဖေ ပြဿနာ လိုက်မရှာပါနဲ့တော့” စုရှောင်းယွီက သူမ အဖေ၏ ဒေါသကြီးနေသည့် မျက်နှာထားကို ကြည့်ကာ ပြောလိုက်သည်။

ပြဿနာက ဒေါသထွက်သည့်အပြင် သူမကိုပါ လက်ထပ်ပေးချင်နေခြင်း ဖြစ်သည်။

ဒီလိုအဖေမျိုး ဘယ်မှာရှိလို့လဲ။

သူ့သမီးကိုသူ ဒီလောက် အလွယ်တကူ လက်ထပ်ပေးဖို့ ကြိုးစားနေသည်။

“လင်းဖန်မှာ ကောင်မလေးရှိတယ်” စုရှောင်းယွီက ပြောလိုက်၏။

“ဘယ်သူလဲကွ” စုချန်းချမ့် ပေါက်ကွဲသွား၏။

“အစ်မဝမ်ချွေ့” စုရှောင်းယွီ ထပ်ပြောလိုက်သည်။

“ဟား အဲ့တော့ ဘာဖြစ်လဲ။ ဝမ်ချွေ့က သမီးအမေရဲ့ သမီးပဲလေ။ အဲ့တော့ အဖေ့ သမီးလိုပဲ။ သူ သမီးတို့ ၂ ယောက်စလုံးကို လက်ထပ်လိုက်ရင် လင်းဖန် ဘာအရှုံးရှိမှာမို့လို့လဲ” စုချန်းချမ့်က ထပ်ပြောလိုက်ပြန်သည်။

စုရှောင်းယွီ ဆွံ့အသွားရသည်။

စုချန်းချမ့် မတ်တပ်ရပ်လိုက်သည်။ “အရင် နားလိုက်ပါဦး။ လင်းဖန်ကို အဖေ အခုပဲ သွားဆုံးမလိုက်မယ်။ လခွီးထဲမှ။ အလှအပလေး နှစ်ယောက်ကို မလိုချင်ဘူးလား။ ငါတို့က ယောက်ျားချင်းပဲ။ ဘာလို့ မြင့်မြတ်ချင်ယောင်ဆောင်နေတာလဲ။ မြန်မြန် နှစ်ယောက်စလုံးကိုသာ လက်ထပ်လိုက်”

စုရှောင်းယွီက တားလိုက်သည်။ “အဖေ မသွားပါနဲ့…”

ထို့နောက် စုချန်းချမ့်က စုရှောင်းယွီကို လျစ်လျူ ရှုလိုက်ပြီး လင်းဖန်ကို သွားတွေ့လိုက်သည်။

“စီအီးအိုစု” လင်းဖန်ပြုံးလိုက်ပြီး ကမ္ဘာပေါ်မှာ လက်ရှိအချမ်းသာဆုံးလူဖြစ်သော စုချန်းချမ့်ကို ကြည့်လိုက်ပါသည်။

“မင်းကို ဘယ်သူ တိုက်ခိုက်တာလဲ။ ဝမ်ချင်းလား” စုချန်းချမ့် လိုရင်းကိုသာ ပြောလိုက်၏။

“ဖြစ်နိုင်ချေများတယ်” လင်းဖန် ပြောလိုက်သည်။ သူ့မျက်လုံးများက သွေးအေးသွား၏။ ဝမ်မိသားစုက သူ့ကို သတ်ဖို့တောင် ကြိုးစားသဖြင့် သူလည်း ပြန်တိုက်ခိုက်ရပါတော့မည်။

“ဟုတ်ပြီ ဝမ်မိသားစုကိစ္စကို ငါ့တာဝန်ထားလိုက်။ လောလောဆယ် ဒီကိစ္စ မပြောသေးဘူး။ တခြား တစ်ခုခု ပြောရအောင်” စုချန်းချမ့်က ပြောလိုက်ပါသည်။

“စီအီးအိုစု အေးဆေးပေါ့ဗျာ။ ရေလေးဘာလေး လာသောက်ပါဦး” လင်းဖန်က ပြုံးလိုက်၏။ စုရှောင်းယွီ၏ အဖေကို လင်းဖန်က အလွန်ယဉ်ကျေးစွာ ဆက်ဆံပါသည်။ စုရှောင်းယွီရဲ့ အဖေက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်မှန်း အားလုံးနီးပါး သိကြသည်။

“ငါ့သမီးကို မင်းဘယ်လို သဘောရလဲ” စုချန်းချမ့်က လင်းဖန်ကို ဖိနှိပ်လိုသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

“ရှောင်းယွီက အရမ်းလှပြီး သရုပ်ဆောင်လည်း အရမ်းကောင်းပါတယ်” လင်းဖန် ပြန်ဖြေလိုက်ပါသည်။

“လင်းဖန် ယောက်ျားတစ်ယောက်အနေနဲ့ ပြဿနာ ကြုံလာတဲ့အခါ မင်းတာဝန်ယူသင့်တယ် မထင်ဘူးလား” စုချန်းချမ့်က မျက်မှန်ကို ပင့်တင်လိုက်ပါသည်။

“ဟုတ်ကဲ့” လင်းဖန်ကလည်း သဘောတူ၏။

“ရှောင်းယွီက မလှဘူးးလား။ ပုံပန်းသဏ္ဌာန်အရ ဘယ်သူ့အောက်မှ မနိမ့်ကျဘူး” စုချန်းချမ့်က ထပ်မေး၏။

“ဟုတ်ကဲ့” လင်းဖန်လည်း ခေါင်းထပ်ငြိမ့်လိုက်သည်။ ဒါလည်း အမှန်တရား ဖြစ်၏။

“ဒါဆို ရှောင်းယွီ မင်းကို သဘောကျနေတာကော မင်းသိရဲ့လား” စုချန်းချမ့် မေးလိုက်၏။

လင်းဖန် မော့ကြည့်ကာ ခေါင်းခါလိုက်ပါသည်။ “စီအီးအိုစု၊ ရှောင်းယွီနဲ့ ကျွန်တော်တို့က မိတ်ဆွေကောင်းတွေပါ။ ကျွန်တော် တကယ် မသိဘူး”

စုချန်းချမ့် သက်ပြင်းချလိုက်သည်။ “သာမန် မိန်းကလေးတစ်ယောက်သာဆို သူ့အသက်ကို ရင်းပြီး မင်းကို ကယ်မလားကွ။ ရှောင်းယွီက မင်းကို အရမ်းသဘောကျတာ။ မင်းက ဘာလို့ လုံးဝ မသိရတာလဲ”

ထိုစကားကို ကြားသည့်အခါ လင်းဖန် တိတ်ဆိတ်သွားရသည်။

ထို့နောက် စုချန်းချမ့်ကို မော့ကြည့်ကာ အခိုင်အမာ ပြောဆိုလိုက်ပါသည်။ “စီအီးအိုစု ကျွန်တော့်မှာ ကောင်မလေးရှိပြီးသားပါ။ ခံစားချက်က အတင်းလုပ်ယူလို့ မရဘူး”

စုချန်းချမ့်က ဓာတ်ပုံတစ်ပုံထုတ်ပြလိုက်၏။ ထိုဓာတ်ပုံက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ငယ်ရွယ်စဉ်တုန်းက ရိုက်ထားသည့် ဓာတ်ပုံ ဖြစ်သည်။ “ဝမ်ချွေ့က ငါ့ဇနီးဟောင်းရဲ့ သမီးဖြစ်ပြီး ငါ့ရဲ့ သမီးလို့လည်း သတ်မှတ်လို့ ရတယ်။ အဲ့တော့ ဝမ်ချွေ့နဲ့ ရှောင်းယွီတို့ နှစ်ယောက်စလုံးက ငါ့သမီးတွေချည်းပဲ”

အံ့သြတုန်လှုပ်သွားကာ လင်းဖန် နားလည်သွားပါသည်။

စုချန်းချမ့်က ရှင်းပြ၏။ “ငါ့ဇနီးဟောင်းနဲ့ ငါက ပြဿနာ နည်းနည်းရှိလို့ ငါတို့ အေးအေးချမ်းချမ်း ကွာရှင်းခဲ့ကြတယ်။ သူတို့ရဲ့ မျိုးရိုးနာမည်က မတူပေမယ့် သူတို့ ညီအစ်မတွေဆိုတာကိုတော့ ငြင်းလို့ မရဘူး”

“ငါမင်းကို လာခြိမ်းခြောက်တာ မဟုတ်ဘူး လင်းဖန်”

“ရှောင်းယွီဆိုတာ ဘယ်လိုမိန်းကလေးမျိုးလဲ ဆိုတာ မင်းသိမယ်ထင်ပါတယ်။ သူက ငါ့ရဲ့ တစ်ဦးတည်းသော သမီးလေး။ သူ့ကို ဝမ်းနည်း ကြေကွဲပြီး မခံစားစေချင်ဘူး”

“ဒီနေ့ မင်းလက်ထဲ သူ့ကို ယုံယုံကြည်ကြည်အပ်ခဲ့မယ်။ သူ့ကို မင်း လက်ခံသည်ဖြစ်စေ ညီမတစ်ယောက်လိုပဲ သဘောထားသည်ဖြစ်စေ သူ့အပေါ် ဘယ်လို အန္တရာယ်မှ မကျရောက်စေချင်တော့ဘူး”

“ဒါပေါ့ မင်းသူ့ကို လက်ခံရင်တော့ အနာဂတ်မှာ စုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက မင်းအပိုင်ဖြစ်လာမှာ။ ဘာလို့လဲတော့ မမေးနဲ့။ ရှောင်းယွီက ငါဒီလောက်ပိုင်ဆိုင်မှုတွေ ရှိလာဖို့ အရေးပါတဲ့နေရာက ပါဝင်ပေးခဲ့တယ်”

စုချန်းချမ့်က အတည်ပြုပေးလိုက်သည်။ “ပြီးတော့ ငါ့ဇနီးဟောင်းနဲ့ ကွာရှင်းလိုက်ပြီဆိုပေမယ့် မိတ်ဆွေတွေအဖြစ် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နေကြတုန်းပဲ။ ရှားဝမ်ချွေ့ကို လက်ထပ်မယ်ဆိုရင် ရှောင်းယွီကိုလည်း လက်ထပ်ရမယ်။ မဟုတ်ရင် ဒီမင်္ဂလာပွဲကို ငါသဘောမတူဘူး”

“ဒါပဲ။ ၃ရက်အတွင်း မင်း ဝမ်မိသားစုကို မမြင်စေရတော့ဘူး”

ထိုသို့ ပြောပြီးနောက် စုချန်းချမ့် ကျောခိုင်း ထွက်သွားခဲ့သည်။

လင်းဖန် သက်ပြင်းချလိုက်၏။ အဲ့တာ ခြိမ်းခြောက်တာ မဟုတ်ဘူးလား။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ညီအစ်မတွေ ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပါ။

ခံစားချက်အရ လင်းဖန် နှစ်သက်သည့် တစ်ဦးတည်းသော ကောင်မလေးက ရှားဝမ်ချွေ့သာ ဖြစ်သည်။ ထိုအချက်က ဘယ်တော့မှ ပြောင်းလဲမသွားပါ။

အမှန်ပင်။ စုရှောင်းယွီကို ပိုင်ဆိုင်နိုင်ပါကလည်း အလွန်ကျေနပ်ဖွယ် ကောင်းပါလိမ့်မည်။ မဟုတ်ပါက ရှေးခေတ်တုန်းက ဘုရင်တွေမှာ ကိုယ်လုပ်တော်တွေ ဘာလို့ ဒီလောက် များခဲ့မှာလဲ။ တချို့ ခေတ်မီနိုင်ငံတော်တွေမှာတောင် ဇနီး ၁ ယောက်ထပ် ပိုယူခြင်းက တရားဝင်သေးသည်။

သို့သော်လည်း ခံစားချက်ကတော့ အတင်းလုပ်ယူလို့ မရပေ။

သူ တစ်ယောက်ယောက်ကို သဘောကျလျှင် သဘောကျသည်။ တစ်ယောက်ယောက်ကို သဘောမကျပါက သဘောကျလို့ ရမှာကို မဟုတ်ပါ။

သူ ရှားဝမ်ချွေ့ကိုသာ ရွေးချယ်ပြီးပြီဖြစ်ပြီး ၄ လကြာသည့်အခါ ရှားဝမ်ချွေ့အဖေနဲ့ တွေ့ဖို့ ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သို့သော်လည်း အခုတော့ စုရှောင်းယွီ၏ အဖေက ပေါ်လာခဲ့ပါသည်။

ရှားဝမ်ချွေ့ကို လက်ထပ်ဖို့က ပိုပိုပြီး ခက်ခဲလာ၏။

“မြောင် မြောင်” ရှားဝမ်ချွေ့က တံခါးဝတွင် မတ်တပ်ရပ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။

“ဝမ်ချွေ့” လင်းဖန် ထွက်လာ၏။

“သူ ဘာပြောသွားတာလဲ” ရှားဝမ်ချွေ့က ချိုမြိန်စွာပြုံးပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

“သူ ငါ့ကို ရှောင်းယွီကိုပါ လက်ထပ်စေချင်နေတယ်။ မဟုတ်ရင် နင့်ကို လက်ထပ်ခွင့်မပေးဘူးတဲ့” လင်းဖန်က ဘာမှ ဖုံးကွယ်မထားပေ။

“အဲ့တော့… နင်ကကော ဘယ်လို သဘောရလဲ။ နင်ဘာပဲဆုံးဖြတ်ဆုံးဖြတ် ငါလေးစားမှာပါ” ရှားဝမ်ချွေ့က ပြုံးကာ လင်းဖန်၏ မျက်လုံးကို ကြည့်ပြီး အတည်ပေါက် ပြောလိုက်ပါသည်။ သူမ၏ လက်သေးသေးလေးက လင်းဖန်၏ လက်ဖဝါးထဲ ရောက်လာသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက ခိုင်မာနေပြီး ဘာတွန့်ဆုတ်မှုမှ မရှိပေ။

“ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်းပဲ ရှိတာ”

လင်းဖန်က သူ့ရှေ့က ကောင်မလေးကို တောက်ပစွာ ပြုံးပြလိုက်သည်။

နေဝင်စပြုလာပါပြီ။ ဆေးရုံကော်ရစ်ဒါတွင် လင်းဖန်က ရှားဝမ်ချွေ့၏ စင်ကြယ်သည့် မျက်လုံးလေးများထဲ စိုက်ကြည့်ကာ ထိုသို့ ပြောလိုက်သည်။

အချိန်တွေအားလုံး ရပ်တန့်သွားသလိုပင်။

လင်းဖန်မျက်လုံးထဲမှာ ရှားဝမ်ချွေ့သာရှိသည်။

ရှားဝမ်ချွေ့မျက်လုံးထဲမှာလည်း လင်းဖန်သာ ရှိသည်။

သူတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာမှာ တခြား ဘာမှ မရှိပေ။

သခွားသီးပဲ့ တစ်လုံးကို ကိုင်ပြီး ကော်ရစ်ဒါကို ဖြတ်သွားသည့် ကောင်မလေး တစ်ယောက်က ဖြစ်ရပ်တစ်ခုလုံးကို မြင်သွား၏။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူရှိနေကြတာကို ကြည့်ပြီး လှပစွာ ပြုံးလိုက်၏။ သူမ၏ မျက်လုံးလှလှလေးများတွင် အားကျမှုများဖြင့် ပြည့်နှက်နေ၏။

သူမ ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်က တိုးတိတ်စွာ ကျဆင်းလာသည်။

ဖုန်ထူနေသည့် ကြမ်းပြင်ပေါ်သို့ သခွားသီး တစ်လုံး ပြုတ်ကျသွားပြီး သခွားသီး ကျိုးပဲ့သွားလေတော့သည်။

All Chapters