ရိုက်ချခံလိုက်ရသည့်ဇာမဏီ
Vol. 74 Ch. 1031
အခန်း (၁၀၃၁) ရိုက်ချခံလိုက်ရသည့်ဇာမဏီ
ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များကြား တိုက်ပွဲဆိုသည်က အလွန်တင်းကျပ်လှသည်။
အခိုက်အတန့်တစ်ခုက တိုက်ပွဲ အနိုင်အရှုံး အဆုံးအဖြတ်ကို ပေးစွမ်းနိုင်၏။
တိုက်ပွဲဝင်သူများက ထူးခြားသောတန်ခိုးစွမ်းအား ပိုင်ဆိုင်သူများဖြစ်ကြသည့်တိုင် အမှားတစ်ချက်က အပြည့်အဝ ရှုံးနိမ့်သွားစေနိုင်သည်။
ဥပမာတစ်ခု ပေးရမည်ဆိုလျှင် ရန်တိတွင် ထိုက်ယိဟွာတိမ်တိုက်ရှိသည်ကို မသိရှိဘဲ အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင် ဒဏ်ရာရသွားခြင်း ဖြစ်သည်။
နောက်ထပ်ဥပမာတစ်ခုကတော့ ကျွမ်းရှန်ပင် ဖြစ်၏။
သူသာ ရန်ကျောက်ကဲကိုဓားနှင့်ထိုးရန် မစွန့်စားခဲ့ဘူးဆိုလျှင် ယခုလိုအခြေအနေမျိုး ရင်ဆိုင်ရမည် မဟုတ်ပေ။
ထူးကဲယန်စည်းတံဆိပ်ကြောင့် ကျွမ်းရှန်၏ဦးခေါင်းမှ သွေးများထွက်လာပြီး ပြင်းထန်စွာမူးဝေသွားကာ ကြယ်များကိုပင် မြင်လိုက်ရသည်။
တိုက်ပွဲအတွေ့အကြုံများစွာရှိသော ကျွမ်းရှန်က ဤသို့သောအချိန်မျိုးတွင် မိမိကိုယ်ကိုတည်ငြိမ်အောင်ထိန်းရန် သေချာပေါက်လိုအပ်ကြောင်း သိရှိသည်။
မဟုတ်ပါက ရန်ကျောက်ကဲက ရရှိသွားသောအားသာချက်ကို အသုံးချကာ ထူးကဲယန်စည်းတံဆိပ်ဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် အခွင့်အရေးတစ်ခုပင်မရဘဲ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
ထိုသို့သာဖြစ်လာလျှင် သူ့တွင် လက်တုံ့ပြန်ရန် အခွင့်အရေးပင် ရှိနိုင်တော့မည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲက ကျွမ်းရှန်အား အခွင့်အရေးမပေးဘဲ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ပြင်းထန်စွာထုတ်ဖော်လိုက်သည်။
ကျွမ်းရှန်မှာ ဓားချက်ကို အသဲအသန် ခုခံနေရသည်။ ရက်စက်ကြမ်းကြုတ်သော ဓားချီစွမ်းအားက အဆက်မပြတ်ပင် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထိုးဖောက်တိုက်ခိုက်လျှက် ရှိသည်။
သန့်စင်သောရေလှိုင်းသမာဓိမီးတောက် အက်ကွဲသွားကာ ခရမ်းရောင်သမာဓိမီးတောက်က မှေးမှိန်သွားသည်။ ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က ကုစားပေးရန် ပြင်းပြင်းထန်ထန် အားထုတ်သည့်တိုင် ခွန်းမရှိတော့သကဲ့သို့ ဖြစ်နေသည်။
ကျွမ်းရှန်မှာ မရဏသမာဓိမီးတောက်မှ အဖြူရောင်ချီစွမ်းအားကိုသာ အဓိကထားရင်း အသက်ရှင်သန်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားရ၏။
မရဏသမာဓိမီးတောက် ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ပိတ်ဆို့ထားချိန် ကြောက်မက်ဖွယ်ရာ ထူးကဲယန်စည်းတံဆိပ်က နောက်တစ်ကြိမ် ဆင်းသက်လာသည်။
ကျွမ်းရှန်မှာ ရွှေရောင်ဝူထုန်သစ်ပင်ကိုအသက်သွင်းပြီး ထူးကဲယန်စည်းတံဆိပ်အား တွန်းလှန်ရန် မတတ်နိုင်တော့ပေ။
ယခု တောင်ပိုင်းထိပ်တန်းအရှင်သခင် ဒဏ်ရာရသွားသည့်အခါ သူ၏ အသက်သွေးကြောနှင့်ဆက်စပ်နေသည့် ရွှေရောင်ဝူထုန်သစ်ပင်၏ အကိုင်းအခက် အရွက်များသည်လည်း စွမ်းအားများကျဆင်းသွားပြီး အနည်းငယ် ရှုံ့တွသွားကြသည်။
ထိုအချိန် ထူးကဲယန်စည်းတံဆိပ်၏အရှိန်အဟုန်က ပိုမိုပြင်းထန်လာပြီး ရွှေရောင်ဝူထုန်သစ်ပင်ထံသို့ မရပ်မနားဆင်းသက်လာကာ ကျွမ်းရှန်နှင့် ပိုမိုနီးကပ်လာသည်။
အခြေအနေကိုမြင်လိုက်ရသည်နှင့် လန်ချင်း ၊ လျန်ကျူးလင်နှင့် တာအိုဆရာထျန်းယိတို့အားလုံး မျက်မှောင်ကြုံ့လိုက်ကြသည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက ကျွမ်းရှန်ကို ကူညီနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်၏။
သူက အလွန်လျှင်မြန်သူတစ်ယောက်ဖြစ်သဖြင့် လန်ချင်းသာ ကျွမ်းရှန်နှင့် ကျန်လူများကို ကူညီချင်သည်ဆိုပါက ချောင်ကျယ်အနေဖြင့် ဟန့်တားနိုင်စွမ်းရှိမည် မဟုတ်ပေ။
ဤတိုက်ပွဲအတွင်းမှာပင် လန်ချင်းက လျန်ကျူးလင်ကို ကူညီပေးခဲ့သည်။
လန်ချင်းက လျှင်မြန်လွန်းသဖြင့် ချောင်ကျယ်က သူ့ကိုတိုက်ပွဲထဲချည်နှောင်မထားနိုင်ခင်မှာပင် လျှင်မြန်စွာဖြင့် လျန်ကျူးလင်ကို ကူညီခဲ့သည်။ သူက ရန်တိ၏တိုက်ခိုက်မှုကို အနည်းငယ်နှောက်ယှက်ပြီး ဒဏ်ရာရနေသည့် လျန်ကျူးလင် အခြေအနေပြန်လည်တည်ငြိမ်သွားစေရန် ကူညီခဲခြင်း ဖြစ်၏။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက သူ၏ ဗလာနယ်စွမ်းအားကို အမြင့်ဆုံးအဆင့် အသုံးချနိုင်သည်ဖြစ်ရာ သူ၏ရုပ်ခန္ဓာ မည်သည့်နေရာသို့ရောက်ရှိသွားကြောင်း မည်သူမှ အလွယ်တကူ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
တိုက်ပွဲနယ်မြေတစ်ခုလုံး မည်သည့်နေရာသို့မဆို လန်ချင်း ရောက်ရှိသွားနိုင်စွမ်း ရှိသည်။
အနောက်မြောက် ထိပ်တန်းအရှင်သခင် လျန်ကျူးလင်အပြင် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိကိုလည်း လန်ချင်းက ကူညီပေးခဲ့သေးသည်။
လန်ချင်း မကူညီနိုင်သည်မှာ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သာလျှင် ရှိခဲ့သည်။
သူက မကူညီချင်သောကြောင့် မဟုတ်ပေ။
ရန်ကျောက်ကဲက ယင်ယန်ကောင်းကင်ကျမ်းစာကို ထူးခြားသောအဆင့်တစ်ခုရောက်သည်အထိ အောင်မြင်ထားသောကြောင့် ကျွမ်းရှန်ကိုကူညီရန် အခွင့်မသာခြင်း ဖြစ်သည်။
ရန်တိသည်လည်း ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်မှန်သော်လည်း သူက အနည်းငယ်သာ ခွဲခြမ်းစိပ်ဖြာလေ့လာခဲ့ပြီး သူ၏ဓားဝိညာဉ်အသုံးပြုရာတွင် ချီစွမ်းအားပြန်လည်ရရှိသည့် မြန်နှုန်းမြှင့်တင်ရန်အတွက်သာ အသုံးပြုခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ရန်တိထက် ယင်ယန်ကောင်းကင်ကျမ်းစာတွင် ပိုမိုကြီးမားသောအောင်မြင်မှု ရရှိထားသည်။
ချောင်ကျယ်ရော လျိုကျန်းကူရောက အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။
လျန်ကျူးလင်က ယင်ယန်လကချောင်းသိုင်းကို ကျွမ်းကျင်သည်ဖြစ်ရာ သူမထက် တန်ခိုးစွမ်းအားများစွာသာလွန်သူ သို့မဟုတ် ယင်ယန်လက်ချောင်းသိုင်းကို ချေမှုန်းနိုင်စွမ်းရှိသူဖြစ်မှသာ အန္တရယ်ကင်းမည် ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက လန်ချင်းကို တိုက်ခိုက်လာမည်ဆိုလျှင် သူတို့၏ ကွင်းဆက်တိုက်ခိုက်မှု ပျက်ပြားသွားပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည်လည်း လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ အခြေအနေ ပိုဆိုးသွားနိုင်သည်။
လန်ချင်း၏မျက်ဝန်းများ အနည်းငယ် မှိန်ဖျော့သွားသည်။
“ဒါပေမဲ့... ဒီအခြေအနေကိုချိုးဖျက်ဖို့ နည်းလမ်းတစ်ခုရှိပါသေးတယ်...”
ထိုအချိန် ရန်ကျောက်ကဲ၏ ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံနေရသော တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။
ထူးကဲယန်စည်းတံဆိပ်ဆင်းသက်လာပြီး ရွှေရောင်ဝူထုန်သစ်ပင်အား ရိုက်နှက်ချလိုက်သည်။
ရန်ကျောက်ကဲ၏ ဓားချက်အား ခုခံကာကွယ်ရန် အလုပ်များနေသောကျွမ်းရှန်မှာ ထူးကဲယန်စည်းတံိပ်က၏ နောက်တစ်ကြိမ်ထိုးနှက်မှုအား ခုခံရန် နည်းလမ်းမရှိတော့ပေ။
ကျွမ်းရှန်၏ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ယခုအခါ မီးသွေးပမာနက်မှောင်နေပြီ ဖြစ်သည်။ မရဏသမာဓိမီးတောက် ၊ ခရမ်းရောင်သမာဓိမီးတောက် အကူအညီဖြင့် အသက်သေဆုံးခြင်းကို ရှောင်ရှားလိုက်နိုင်ရုံသာ ရှိသည်။
ထိုစဉ် ရန်ကျောက်ကဲက ကျွမ်းရှန်ကို နှိမ်နင်းရန် ထိုက်ယိလက်သီးသိုင်းကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီးနောက် ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။
သူက ထူးကဲယန်စည်းတံဆိပ်ကိုထိန်းချုပ်ကာ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ထျန်းယိအား တိုက်ခိုက်ရန် ကြိုးပမ်းလိုက်သည်။
ဒါကိုမြင်တော့ လူတိုင်းအံ့အားသင့်သွားကြသည်။
ရန်ကျောက်ကဲက ဒဏ်ရာရထားသည့် ကျွမ်းရှန်ကို ယတိပြတ် တိုက်ခိုက်နှိမ်နင်းရန် အခွင့်အရေးကိုစွန့်လွှတ်ပြီး တာအိုဆရာ ထျန်းယိအား ဘာကြောင့် တိုက်ခိုက်ရပါသနည်း။
ထိုအချက်က တိုက်ပွဲကြည့်ရှုနေသည့် ပရိတ်သတ်အတော်များများကို အံ့အားသင့်သွားစေသည်။
လက်ဆယ်ချောင်းဒဏ်ရာရခြင်းထက် လက်တစ်ချောင်းကိုဖြတ်ပစ်ခြင်းက ပိုမိုထိရောက်ကြောင်း လူတိုင်းနားလည်ကြသည်။
ထို့ပြင် ကျွမ်းရှန်က တောင်ပိုင်းထိပ်တန်းအရှင်သခင်ဖြစ်လေရာ ဒဏ်ရာရသွားသည့်တိုင် ထူးခြားသောတန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
တိုက်ပွဲကြည့်ရှုနေသူများ ရန်ကျောက်ကဲ၏လုပ်ရပ်ကို နားမလည်နိုင်ဖြစ်ကာ တပြိုင်နက်တည်း မျက်တန်းများတုန်ခါသွားကြသည်။
ထိုအချိန် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူက ရန်ကျောက်ကဲအား အော်ဟစ်ချီးကျူးလိုက်၏။
“တော်တယ်ကောင်လေး ၊ သိပ်ကိုတည်ငြိမ်လွန်းတယ်...”
“သူ့ကိုနောက်ဆုံးမှ ရှင်းတာပေါ့...”
ထိုစကားကိုကြားတော့မှ ဝါဒတောင်ထိပ်မှ ဧည့်သည်တော်များ နားလည်သဘောပေါက်သွားကြသည်။
“ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို ဆက်ပြီးမတိုက်ခိုက်တာက ကျွမ်းရှန်သေသွားရင် နိဗ္ဗာနမီးတောက်ကနေ ပြန်လည်မွေးဖွားလာဖို့ အခွင့်အရေးမပေးတာပဲ”
ထိုစကားက လူတိုင်းကို အလင်းပွင့်သွားစေပြီး စိတ်ထဲမှသံသယများအားလုံး ကင်းစင်သွားစေသည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများအားလုံးသည် နိဗ္ဗာနမီးတောက်မှ ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာလျှင် ၎င်းတို့၏တန်ခိုးစွမ်းအားက ပြန်လည်မွေးဖွားမလာခင်အချိန်ကနှင့်မတူတော့ဘဲ ပိုမိုမြင့်မားလာလေ့ ရှိကြသည်။ အမှန်တော့ ဤနည်းလမ်းက သာမန်အသက်ကယ်သည့် နည်းလမ်းတစ်ခုမျှသာ မဟုတ်ပေ။
နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားမလာခင် မြစ်ဝါကိုးကွေ့အစီအရင်ကဲ့သို့ အစီအရင်စွမ်းအားဖြင့် ဖိနှိပ်ထားခြင်းမျိုး မပြုလုပ်နိုင်ပါက သူတို့၏ဒဏ်ရာများအားလုံး ပျောက်ကင်းသွားသည့်အပြင် တန်ခိုးစွမ်းအားသည်လည်း အထွတ်ထိပ်အဆင့် ရောက်ရှိသွားပေမည်။
ယခု ရန်ကျောက်ကဲသာ ကျွမ်းရှန်ကိုသတ်လိုက်မည်ဆိုလျှင် သူက နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာမည်ဖြစ်ပြီး ဒဏ်ရာများလည်းအပြည့်အဝပျောက်ကင်းကာ အသက်ဓာတ်စွမ်းအားများလည်း အရင်အတိုင်း မြင့်မားအားကောင်းလာမည် ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူက ယခုတိုက်ပွဲမှရရှိသောသင်ခန်းစာဖြင့် ရန်ကျောက်ကဲကဲကို စွန့်စားတိုက်ခိုက်တော့မည် မဟုတ်ပေ။ အမှားမရှိစေရန် ဆင်ခြင်ပြီး တည်ငြိမ်စွာ ထပ်မံတိုက်ပွဲဝင်မည် ဖြစ်သည်။
ထိုသို့သာမက သူ၏ဒဏ်ရာများသက်သာသွားသည့်အခါ လက်ရှိတွင် အခြေအနေဆိုးရွားနေသော ရွှေရောင်ဝူထုန်သစ်ပင်သည်လည်း အထွတ်ထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပေမည်။
ထိုသို့သောအခြေအနေဖြစ်လာလျှင် ရန်ကျောက်ကဲသည် ယခုကဲ့သို့ ကျွမ်းရှန်ကို အသသာစီးရရှိရန် လွယ်ကူမည် မဟုတ်ပေ။
လက်ရှိတွင် ဒဏ်ရာရနေသောကျွမ်းရှန်၏ တန်ခိုးစွမ်းအားက အထွတ်ထိပ်အဆင့်တွင် ရှိမနေဘဲ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း များစွာအားနည်းနေသည်။
ရန်ကျောက်ကဲက လန်ချင်း ၊ တာအိုဆရာထျန်းယိနှင့် လျန်ကျူးလင်တို့ကို ရင်ဆိုင်ပြီး ကျွမ်းရှန်ကို ထိုအခြေအနေအတိုင်း ထိန်းချုပ်ထားရန် ရည်ရွယ်သည်။
ကျန်ရှိသော ထိပ်တန်းအရှင်သခင် (၃)ယောက် ရှုံးနိမ့်သွားမည် ၊ သို့မဟုတ် ဆုတ်ခွာသွားသည့်အခါမှ ကျွမ်းရှန်ကို ရင်ဆိုင်ရန် ဆုံးဖြတ်ထား၏။
ရန်ကျောက်ကဲက ကျွမ်းရှန်ကို တည်ငြိမ်စွာကြည့်ရင်း...
“နိဗ္ဗာနမီးတောက်မှာ ပြန်လည်မွေးဖွားချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလို့တော့ မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“မင်းက အစစ်အမှန်ဇာမဏီကျမ်းစာကို ကျင့်ကြံတဲ့နေရာမှာ ကြီးမားတဲ့အောင်မြင်မှု ရထားပေမယ့် မင်းအတွက်လည်း ဒီကန့်သတ်ချက်က ဒီအတိုင်း ရှိနေမှာပဲ”
ကျွမ်းရှန်က စကားတစ်ခွန်းမှမဆိုဘဲ ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်နေသည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် ‘လန်ချင်း’ က မျက်မှောင်ကြုံ့ရင်း...
“အမတကူးပြောင်းခြင်းအဆင့်နဲ့ ထိပ်တန်းအရှင်သခင်တစ်ယောက်ကို အနိုင်ယူနိုင်တာ ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ ၊ ဒါပေမဲ့... ရန်ကျောက်ကဲ... မင်း ဘယ်လောက်ပဲ တည်ငြိမ်တယ်ပြောပြော သတိလက်လွတ်တော့ ဖြစ်နေဆဲပဲ ၊ မင်းရဲ့ ဒီနည်းလမ်းက အသုံးမဝင်ဘူး”
သူက ဆက်ပြောသည်။
“မအံ့သြတော့ပါဘူး မအံ့သြတော့ပါဘူး ၊ မင်း ဒီနေ့ ဒီလိုအခြေအနေအထိရောက်လာနိုင်တာ မအံ့သြတော့ပါဘူး ၊ မင်းက သိုင်းတာအိုမှာအရည်အချင်းရှီတဲ့ပြင် မင်းရဲ့ကျင့်ကြံခြင်းစွမ်းအားက ရတနာပစ္စည်းတွေနဲ့ ဘာမှ မသက်ဆိုင်ဘူးပဲ”
ပြောပြီးသည်နှင့် လန်ချင်း နေရာမှပျောက်ကွယ်သွားပြီး အခြားသောနေရာတစ်ခုတွင် ချက်ချင်းပြန်ပေါ်လာသည်။
သူ့လက်ထဲတွင် အကြည်ရောင်ရှိသော သဏ္ဌန်မဲ့ဗလာနယ်ဓားသွားက သိပ်သည်းသွားပြီး တာအိုဆရာထျန်းယိကိုကူညီကာ ထူးကဲယန်စည်းတံဆိပ်ကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော် အရှေ့တောင်ထိပ်တန်းအရှင်သခင်ချောင်ကျယ်က သူ၏ဓားဖြင့် လန်ချင်းကို ပိတ်ဆို့လိုက်ပြီး သူ၏လှုပ်ရှားမှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။