လျှို့ဝှက်နယ်မြေမှာ ဆေဘာသရဲကို သတ်ဖြတ်ခြင်း
Vol. 56 Ch. 755
နတ်ဆိုးနှလုံးသားသစ်သီး၁၀လုံးကို ရရှိပြီးနောက် လီဖူချန်းမှာ အစည်းရုံးမှတ်၃၂၀၀၀ရှိသွားပါပြီး။ အဆင့်၅ဓားသမားတစ်ယောက်ဖြစ်ဖို့ သူက အဆင့်၅ဓားသမားစမ်းသပ်ချက််ကို ဖြတ်ကျော်ဖို့သာ လိုတော့တယ်။
ဓားသမားစမ်းသပ်ချက်ဆိုတာက ဓားသမားရုပ်သေးတစ်ခုကို တိုက်ခိုက်ဖို့သာ ဖြစ်တယ်။ ရုပ်သေးက ရှုံးနိမ့်သွားတာနဲ့ စမ်းသပ်ချက်က အောင်မြင်ပါပြီး။
သံသယရှိစရာမလိုဘူး၊ လီဖူချန်းက ဓားတစ်ချက်တည်းနဲ့ အဆင့်၅ရုပ်သေးဓားသမားကို ခုတ်ပိုင်းနိုင်ခဲ့တယ်လေ။
အဆင့်၅ဓားသမားရဲ့အမှတ်အသားက ငွေဓားနှစ်လက်ကြက်ခြေခတ်ပုံစံပါ။
အဆင့်၅ဓားသမားတစ်ယောက်အနေနဲ့ လီဖူချန်းက အလယ်ဆင့်မစ်ရှင်တွေကို ပိုပြီးလက်ခံနိုင်လာပါတယ်။ အဆင့်၆ဓားသမားဖြစ်ဖို့ လိုအပ်တဲ့အလယ်ဆင့်မစ်ရှင်အချို့တော့ ရှိပါသေးတယ်။
"ဒီမစ်ရှင်က မဆိုးဘူး"
မစ်ရှင်ခန်းမထဲမှာ လီဖူချန်းက အစည်းအရုံးမစ်ရှင်အသစ်တစ်ခုကို မြင်လိုက်ရတယ်။ အသစ်တွေ့ရှိထားတဲ့ အရိုင်းလျှို့ဝှက်နယ်မြေတစ်ခုကို လေ့လာဖော်ထုတ်ရန် ဖြစ်တယ်။ ပိုပြီးဖော်ထုတ်နိုင်လေလေ၊ ဆုက ပိုမြင့်လေလေပါပဲ။ အကန့်အသတ် မရှိပါဘူး။
အရိုင်းလျှို့ဝှက်နယ်မြေထဲမှာ အရိုင်းခေတ်ရဲ့လေထုနဲ့ ကောင်းကင်မြေကြီးဥပဒေဿတွေ ရှိပါတယ်။ အထဲမှာ မရေမတွက်နိုင်တဲ့ရတနာတွေရှိသလို အရိုင်းသားရဲတွေလည်း ရှိပါတယ်။ ရှာဖွေဖော်ထုတ်မှုအခက်အခဲက အလွန်မြင့်မားပါတယ်။ အချို့ကြီးမားတဲ့အရိုင်းလျှို့ဝှက်နယ်မြေတွေမှာ အရိုင်းသားရဲအရှင်သခင်တွေတောင် ရှိပါတယ်။ အရိုင်းသားရဲအရှင်သခင်တွေက အလွန်အားကောင်းပေမယ့် သူတို့က အရိုင်းလျှို့ဝှက်နယ်မြေတွေမှ ထွက်လာလို့မရပါဘူး။ အရိုင်းလျှို့ဝှက်နယ်မြေမှ ထွက်သွားတာနဲ့ သူတို့က ပြာဖြစ်သွားကြတယ်။ အကြောင်းရင်းကို တစ်ယောက်မှ မသိသေးပါဘူး။
မစ်ရှင်ကို လက်ခံပြီးနောက် လီဖူချန်းက မိုင်မီလီယံ၄၀ခရီးကို မရပ်မနား ခရီးနှင်လိုက်တယ်၊ သူက အစွယ်ရွာကို ရောက်ရှိလာပါတယ်။
အရင်တုန်းကဆိုရင် အစွယ်ရွာက လူမနေတဲ့နေရာလေးတစ်ခုပါ၊ ဒါပေမယ့် အရိုင်းလျှို့ဝှက်နယ်မြေကို ဒီနေရာမှာ ရှာတွ့ပြီးနောက် လူတွေနဲ့သက်ဝင်လှုပ်ရှားလာတော့တယ်။ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေတောင် ရှိနေတယ်။ အခုဆိုရင် မြို့လေးတစ်မြို့နဲ့တောင် တူနေပါပြီး။
"အရိုင်းလျှို့ဝှက်နယ်မြေမှ ယူလာတဲ့ ရှေးဟောင်းနက်နက်တွေကို လာကြည့်ကြပါ။ တစ်ခုချင်းစီက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၅၀၀၀ပဲ ကျတယ်နော်"
"အခွင့်ရေးကို လက်လွတ်မခံကြနဲ့နော်။ အရိုင်းကျောက်မြက်တုံးတွေ၊ အနီရောင်ကျောက်မြက်တုံးတွေ၊ အပြာရောင်ကျောက်မြက်တုံးတွေ၊ ဘယ်ကျောက်မြောက်တုံးမဆို ရမယ်"
အစွယ်ရွာအပြင်ဘက်မှာလည်း ဆိုင်ခန်းတွေ ရာပေါင်းများစွာ တည်ရှိနေပါတယ်။
အစွယ်ရွာကို ရောက်ပြီးနောက် လီဖူချန်းက အပေါက်ကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အပေါက်ကို ဖြတ်ကာ ကြည့်လိုက်တော့ အရိုင်းလျှို့ဝှက်နယ်မြေရဲ့အတွင်းရှိ မြင်ကွင်းကို နည်းနည်းလေး မြင်လိုက်ရတယ်။
တောင်တွေ၊ မြစ်တွေလည်း ရှိတယ်၊ ဒါပေမယ့် အရိုင်းလျှို့ဝှက်နယ်မြေအတွင်းမှာတော့ ရှေးကျတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေလေတယ်။
"ကမ္ဘာနဲ့စကြာဝဠာရဲ့ဆန်းကြယ်မှုတွေက တကယ်ကို အံ့အားသင့်စရာပါပဲ"
လီဖူချန်းက အပေါက်ထဲကို ခြေလှမ်းလှမ်းလိုက်တယ်။
အရိုင်းလျှို့ဝှက်နယ်မြေကို ဝင်သွားတာနဲ့ လေးလံတဲ့ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို သူ ရောက်ရှိတုန်းအချိန်ကနဲ့ တူတူပါပဲ။
ဒါက ကောင်းကင်မြေကြီးဥပဒေဿရဲ့ဖိအားပါ၊ သူတော်စင်တစ်ယောက်တောင် ခုခံနိုင်မှာ မဟုတ်ဘူး။
လီဖူချန်းက ဟိုဟိုသည်သည်ကြည့်လိုက်တယ်၊ အရိုင်းလျှို့ဝှက်နယ်မြေရဲ့တောင်တွေက ထူထပ်တာကို သိလိုက်ရတယ်။ ကောင်းကင်က တောက်ပတယ်၊ ဒါပေမယ့် ဖော်ပြလို့မရတဲ့ဖိနှိပ်မှုတစ်ခုကို ပေးနေတယ်။
အရိုင်းလျှို့ဝှက်နယ်မြေမှာရှိတဲ့ ကောင်းကင်မြေကြီးဥပဒေဿကို အာရုံခံစားဖို့ လီဖူချန်းက သူ့မျက်လုံးကို မှိတ်လိုက်တယ်။
ပထမဆုံး ဓားတာအိုကို ခံစားတယ်။
အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက မျက်လုံးဖွင့်လိုက်တယ်။
ဒီအရိုင်းလျှို့ဝှက်နယ်မြေရဲ့ကောင်းကင်မြေကြီးဥပဒေဿက မပြည့်စုံတာ သိသာလှတယ်၊ ဒါပေမယ့် အလွန်ထင်ရှားပြတ်သားပါတယ်။ အဲဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးထက်တောင် ပို ထင်ရှားပြတ်သားပါတယ်။
ဒီနေရာမှာ ရှိတဲ့ ဓားတာအိုက ကြမ်းတမ်းတယ်၊ရိုးရှင်းတယ်၊ အပြင်ဘက်ကမ္ဘာရဲ့ခက်ခဲရှုပ်ထွေးမှု၊နက်နဲသိမ်မွေ့မှုတို့နဲ့ မတူပါဘူး။ ဒါပေမယ့် အဲဒါက ဓားတာအိုအရင်းမြစ်ဆီ တိုက်ရိုက်ဦးတည်နေတယ်။ မပြီးပြည့်စုံတဲ့ကောင်းကင်မြေကြီးဥပဒေဿကြောင့် ဓားတာအိုက အလွှာများစွာ ခွဲခြားခံနေရတယ်။ ဒီနေရာမှာ ကျင့်ကြံခြင်းက အပြင်ဘကက်ကမ္ဘာထက် ပိုမမြန်ပါဘူး။
ဒီနေရာမှာရှိတဲ့ အားဥပဒေဿကတော့ အပြင်ကမ္ဘာထက် နက်နဲသိမ်မွေ့ပါတယ်။ ခန္ဓာကိုယ်အပြင်အားကျင့်ကြံသူတွေအတွက် ကျင့်ကြံခြင်းနိဗ္ဗာန်ဘုံလို့ ဆိုရမှာပေါ့။
"ဒါက အတော်လေး ထူးဆန်းတယ်။ အချိန်တွေ ဖြတ်သန်းသွားတာနဲ့အမျှ ကောင်းကင်မြေကြီးဥပဒေဿက ပြောင်းသွားတာများလား"
နက်ပြာပလိန်းက တည်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပြီး တစ်ယောက်မှ ဘယ်လောက်ကြာသလဲကို မသိပါဘူး။ ဒါပေမယ့် နှစ် မီလီလီယံ၁၀၀ထက်တော့ ကျော်မှာ အသေအချာပါပဲ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်မီလီယံတစ်ရာတုန်းက နက်ပြာပလိန်းနဲ့ လက်ရှိနက်ပြာပလိန်းကြား ခြားနားချက်ကို ဘယ်သူမှ မသိပါဘူး။
ဟိန်းသံ.......
နဂါးဟိန်းသံတွေက ပဲ့တင်ထွက်လာတယ်၊ တောင်ပံနဂါးအချို့က လီဖူချန်းကို ရှာတွေ့သွားပုံရတယ်၊ သူတို့က ပျံသန်းလာနေကြတယ်။
လီဖူချန်းက ရိုးရှင်းတဲ့လက်ဝှေ့ယမ်းမှုတစ်ခုကိုသာ သုံးလိုက်တယ်၊ တောင်ပံနဂါးတွေက သွေးမြူဖြစ်သွားရတော့တယ်။
တောင်ပံနဂါးတွေက အရိုင်းလျှို့ဝှက်နယ်မြေမှာ အတွေ့များဆုံးအရိုင်းသားရဲတွေပါ။ သူတို့ရဲ့ခွန်အားက အပြင်ကမ္ဘာမှ အဆင့်တူတဲ့နတ်ဆိုးသားရဲတွေထက် ပိုသန်မာပါတယ်။ ဒါပေမယ့် လီဖူချန်းအတွက်တော့ အရိုင်းသားရဲပဲဖြစ်ဖြစ်၊ အပြင်ကမ္ဘာမှ နတ်ဆိုးသားရဲပဲဖြစ်ဖြစ် တူတူပါပဲလေ။
လီဖူချန်းက ပုံဆောင်ခဲဘောလုံးတစ်လုံးကို ထုတ်ပြီး ပတ်ဝန်းကျင်အနေအထားကို စတင်မှတ်တမ်းတင်လိုက်တယ်။
ပုံဆောင်ခဲဘောလုံးကို ကောင်းကင်ပုံဆောင်ခဲဘောလုံးလို့ ခေါ်ပြီး ဟင်းလင်းပြင်စွမ်းအားအရိပ်အငွေ့တစ်ခု ပါဝင်ပါတယ်။ အဲဒါကို ပတ်ဝန်းကျင်မြေအနေအထားကို မှတ်တမ်းတင်နိုင်တယ်၊ ပေါင်းစပ်နိုင်ပါတယ်။ အဲဒါက ရိုးရှင်းတဲ့ပုံဖမ်းပစ္စည်းတစ်ခု မဟုတ်ပါဘူး။
မစ်ရှင်အရ မှတ်တမ်းမိုင်သုံးသိန်းပြည့်တိုင်း အမှတ်တစ်ထောင်ရမှာပါ။ မိုင်တစ်မီလီယံကို မှတ်တမ်းတင်နိုင်မယ်ဆိုရင်တော့ အမှတ်တစ်သောင်းကို ဆုအဖြစ် လက်ခံရရှိပါလိမ့်မယ်။
မှတ်တမ်းက ပိုကြီးလေလေ၊ ဆုက ပိုများလေလေပါပဲ။
ဒီအရိုင်းလျှို့ဝှက်နယ်မြေက လုံလုံလောက်လောက်ကြီးမားမယ်ဆိုရင်တော့ လီဖူချန်းက ဒီမစ်ရှင်ကနေ အဆင့်၆ဓားသမားတောင် ဖြစ်သွားနိုင်လောက်တယ်။
အရိုင်းလျှို့ဝှက်နယ်မြေရဲ့ကမ္ဘာဆွဲအားက အလွန်ကြီးမားပါတယ်။ ဒီနေရာမှာ ခရီးသွားရတာ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးနဲ့ နှိုင်းယှဉ်ရင် အဆများစွာ ပိုနှေးပါတယ်။ လမ်းတစ်လျှောက်မှာ မြေနဂါး၊ တိုင်တန်ရိုဘိုရာမြွေ၊ ဒိုင်နိုဆပ်အက်မိကျောင်းတို့ကို တွေ့ရပါတယ်။ ဒီအရိုင်းသားရဲတွေကို အပြင်ကမ္ဘာမှာလည်း မြင်တွေ့နိုင်တယ်၊ ဒါပေမယ့် နှစ်ပေါင်းများစွာကြာ ဆင့်ကဲပြောင်းလဲပြီးနောက် ကြီးမားတဲ့ခြားနားမှုတစ်ခု ရှိလာတယ်၊ သူတို့ရဲ့အသွင်အပြင်ကလည်း မတူညီတော့ပါဘူး။
အရိုင်းသားရဲတွေအပြင် လူသားတွေကိုလည်း လီဖူချန်းက တွေ့ဆုံရတယ်။ ဒီနေရာကို လာရောက်ရှာဖွေဖော်ထုတ်သူတွေ အများကြီး ရှိနေတာပေါ့။ ကဲကောင်းတာက လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ကြပြီး အချင်းချင်း သတ်ဖြတ်ခြင်း မရှိကြပါဘူး။
တောင်တန်းတစ်ခုအတွင်းမှာ ဟိန်းသံတစ်ခု ထွက်ပေါ်လာတယ်၊ ကြိတ်ဆုံအရွယ်အရှိကျောက်တုံးတွေက နေရာတိုင်းကို လွင့်ထွက်နေလေတယ်။
"ဒါက လက်ရှစ်ဖက်နတ်ဆိုးမျောက်ဝံပဲ။ မဟာဧကရာဇ်အများစုက သူ့အတွက် ဘက်မဟုတ်ဘူး။ သူက အဆင့်၈နတ်ဆိုးသားရဲတွေကြားက တိုင်ယန်တစ်ကောင်ပဲ"
"သနားစရာက သူက ဓားမော့(ဆေဘာ)သရဲ၊ မြောင်ရှန်းယုနဲ့ တွေ့လိုက်ရတာပဲ"
တောင်ထိပ်ပေါ်မှာ လူတွေများစွာက ရပ်ပြီး ဆွေးနွေးနေလျက် ရှိတယ်။
တောင်ရဲ့အလယ်မှာ လက်ရှစ်ဖက်ရှိတဲ့ဧရာမမျောက်ဝံတစ်ကောင်က ဓားမော့(ဆေဘာ)ဓားသမားတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။
လက်ရှစ်ဖက်မျောက်ဝံက သေစေနိုင်တဲ့ကြောက်ခမန်းလိလိစွမ်းအား ရှိတယ်။ လက်ရှစ်ဖက်ကို အသုံးပြုတာနဲ့ မုန်တိုင်းတစ်ခုပမာ ဘယ်မဟာဧကရာဇ်ကိုမဆို သတ်ဖြတ်နိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူက မဟာဧကရာ်သတ်မှတ်ချက်ရဲ့အဆင့်၆၈မှာ ရှိနေတဲ့ ဓားမော့သရဲ၊ မြောင်ရှန်းယုဖြစ်နေတာပဲ။
မြောင်ရှန်းယုကို ဓားမော့သရဲလို့ အမည်ပေးရခြင်းက သူ့ရဲ့ဓားမောအနုပညာက မခန့်မှန်းနိုင်လို့ပါပဲ။ တိုက်ကွက်အနည်းယ် ဖလှယ်ပြီးနောက် မြောင်ရှန်းယုက လက်ရှစ်ဖက်မျောက်ဝံရဲ့တိုက်ခိုက်မှုပုံစံကို သိလိုက်ပါပြီး။ ဓားမော့ရှည်တစ်ချက်နဲ့အတူ လက်ရှစ်ဖက်မျောက်ဝံရဲ့လက်တစ်ဖက်က ဖယ်ရှားခံလိုက်ရသွားပါတယ်။ လက်တစ်ဖက်ဆုံးရှုံးပြီးနောက် လက်ရှစ်ဖက်မျောက်ဝံရဲ့လှုပ်ရှားမှုတွေက နှေးကွေးလာတယ်၊ အခြားလက်တွေကလည်း ဒဏ်ရာရလာတယ်။ နောက်ဆုံးမှာတော့ ခေါင်းပြတ်သွားခဲ့ရလေတော့တယ်။
"ဒီလို အံ့မခန်း ဓားမော့(ဆေဘာ)ဓားသမား"
"သူ့ကို ဓားမော့သရဲလို့ နာမည်ပေးတာ အံ့ဩစရာမရှိပါဘူးလေ"
လူတိုင်းရဲ့ခန္ဓာကိုယ်က အေးစက်သွားတော့တယ်။
"ဓားမော့အနုပညာက အလွန်လျင်မြန်ပြီး နေရာတိုင်းမှာ ရှိတယ်"
လီဖူချန်းက မျက်မှောင်ကြုတ်မိသွားတယ်။ မြောင်ရှန်းယုက ဝူချန်းကြွယ်ထက် ပိုသန်မာတယ်လို့ ခံစားမိလေတယ်။ သူတို့နှစ်ယောက်က တိုက်ခိုက်ရင် ဆယ်ကွက်အတွင်း ဝူချန်းကြွယ်က ရှုံးသွားမှာပါ။
လက်ရှစ်ဖက်မျောက်ဝံကို သတ်ပြီးနောက် မြောင်ရှန်းယုက ဟိုဟိုသည်သည် ကြည့်လိုက်တယ်၊ သူက လီဖူချန်းကို မြင်တဲ့အခါ သူ့ရဲ့မျက်လုံးတွေက အေးစက်သွားတော့တယ်။
"ဒီလူက မြောင်ဟိုင်လုံ ပြောတဲ့လူ မလား"
မြောင်ရှန်းယုက လီဖူချန်းရဲ့ပုံတူကို အရင်က မြင်ခဲ့ဖူးပါတယ်၊ ဒါကြောင့် သူက လီဖူချန်းကို တစ်ချက်ကြည့်တာနဲ့ မှတ်မိသွားပါတယ်။
ဓားမော့ရှည်ကို မြှောက်ပြီး မြောင်ရှန်းယုက လီဖူချန်းရပ်နေတဲ့တောင်ထိပ်ကို ခုတ်ပိုင်းလိုက်ပါတယ်။
ခရက်.........
ဓားမော့ချီက တောင်ကို ဖြတ်သွားပြီး အမှတ်အသားတစ်ခုကို ချန်ထားလိုက်ချေတယ်။
"ဒါ ဘာအဓိပ္ပါယ်လဲ" လီဖူချန်းက ပုံမှန်အတိုင်း မေးလိုက်တယ်။
မြောင်ရှန်းယုက နှုတ်ခမ်းသတ်ကာ ပြောလိုက်တယ်"တကယ် သတ္တိရှိတယ်။ ဒါပေမယ့် ငါနဲ့တွေ့တာ မင်းအတွက် ကံဆိုးတာပဲ"
"မင်းက ငါ့ကို သတ်ချင်တာလား။ ဘာကြောင့်လဲ" လီဖူချန်းက ပြန်မေးလိုက်တယ်။
"အကြောင်းပြချက်ဆိုတာ မရှိဘူး၊ ငါ မင်းကို မကြိုက်ဘူး၊ ဒါကြောင့် မင်းသေရမယ်" မြောင်ရှန်းယုက လီဖူချန်းကို ပြေးဝင်တိုက်ခိုက်လိုက်ပါတယ်။
"သည်လူက တကယ် ကံဆိုးတာပဲ။ ဘာလို့ သူက ဆေဘာသရဲကို ဆန့်ကျင်ခဲ့တာလဲ"
"သူ ဒီလူကို မကြိုက်ဘူးလို့ ဆေဘာသရဲပြောတာကို မင်း မကြားဘူးလား"
သက်ပြင်းချသံအချို့က ထွက်ပေါ်နေလေတယ်။
"တကယ့်ကောင်ပဲ။ သူက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား၊ ဟင့်"
လီဖူချန်းက ခေါင်းခါလိုက်တယ်၊ သူလည်းပဲ ဆေဘာသရဲထံ ပြေးဝင်သွားပါတယ်။
ဟင်းလင်းပြင်မှာ နှစ်ယောက်သား တိုက်ခိုက်နေကြတာပေါ့။
ဖစ်......
ဆေဘာသရဲမြောင်ရှန်းယုရဲ့နဖူးမှ သွေးတွေ ပန်းထွက်လာနေတယ်။ နီးနီးကပ်ကပ်ကြည့်မယ်ဆိုရင် မြောင်ရှန်းယုရဲ့နဖူးက ပေါက်ထွက်နေတာကို တွေ့ရမှာပါ။
"မင်း ဘာလို့ ဒီလောက် အားကောင်းရတာလဲ" မြောင်ရှန်းယုရဲ့မျက်လုံးတွေက ထိတ်လန့်မှုအပြည့်နဲ့ပေါ့၊ သူက နောင်တရနေပါတယ်။
လီဖူချန်းရဲ့ခွန်အားက ထိပ်ဆုံးဆယ့်နှစ်ယောက် ဒါမှမဟုတ် အဲထက်တောင် မြင့်မားနိုင်ပါတယ်။ ဆေဘာသရဲမြောင်ရှန်းယုက သူ့အတွက် ဘက်မဟူတ်ပါဘူးလေ။
အရာအားလုံးကို နောက်ပြန်စလို့ရရင် သူ လီဖူချန်းကို ဘယ်တော့မှ မတိုက်ခိုက်ပါဘူး။ သနားစရာက ဒီကမ္ဘာမှာ နောင်တအတွက် ဖြေဆေးမရှိပေ။
"ငါ ဒီကံကြမ္မာကို လက်မခံနိုင်ဘူး" မြောင်ရှန်းယုက ကောင်းကင်ကို ကြည့်ကာ အော်လိုက်တယ်။
လူတိုင်းက ဒီကမ္ဘာကြီးကို နားမလည်နိုင်သလို ခံစားလာရတယ်။ မြောင်ရှန်းယုကို ကြည့်ရတာ သူက ပြိုင်ဘက်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးသူပေါ့။ လီဖူချန်းက ပိုသန်မာနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အရေးကြီးဆုံးက သူတို့က လီဖူချန်းက မြောင်ရှန်းယုကို ဘယ်လိုသတ်ခဲ့သလဲကိုတောင် မမြင်နိုင်ခဲ့ဘူးလေ။
***