← Chapters

ချင်းယွမ်ဧကရာဇ်သက်ဆင်းလာခြင်း

Vol. 74 Ch. 1032

ချင်းယွမ်ဧကရာဇ်သက်ဆင်းလာခြင်း

Vol. 74 Ch. 1032

အခန်း (၁၀၃၂) ချင်းယွမ်ဧကရာဇ်သက်ဆင်းလာခြင်း

ချောင်ကျယ်က လန်ချင်းကို ဓားချက်တစ်ချက်ဖြင့် ပိတ်ဆို့ထားချိန် ရန်ကျောက်ကဲ၏ ထူးကဲယန်စည်းတံဆိပ်က တာအိုဆရာထျန်းယိထံသို့ အတားအဆီးမဲ့စွာ ဝင်ရောက်လာသည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော တာအိုဆရာထျန်းယိအနေဖြင့် ဝင်ရောက်လာသော ထူးကဲယန်စည်းတံဆိပ်ကို ရှောင်တိမ်းနိုင်စွမ်းရှိမည် မဟုတ်ပေ။

လျိုကျန်းကူက နောက်ဆုတ်ခြင်းမရှိဘဲ သူ၏လှံရှည်ကိုဝှေ့ယမ်းကာ တာအိုဆရာ ထျန်းယိအားထိုးစိုက်ချလိုက်ပြီး ရန်သူ နောက်ဆုတ်သွားစေရန် တွန်းအားပေးလိုက်သည်။

တာအိုဆရာထျန်းယိက ရန်ကျောက်ကဲနှင့် ရန်တိအားလှမ်းကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက တည်ကြည်လေးနက်နေသည်။

ကျွမ်းရှန် ဒဏ်ရာအပြင်းအထန်ရရှိပြီးသည့်နောက် ရန်ကျောက်ကဲက တာအိုဆရာထျန်းယိကို ထူးကဲယန်စည်းတံ‌ဆိပ်ဖြင့် တိုက်ခိုက်လိုက်သည်။

အ‌နောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်သည် ယင်ယန်ကောင်းကင်ကျမ်းစာ ကျွမ်းကျင်သူဖြစ်သဖြင့် ရန်သူများစွာကို တပြိုင်တည်းရင်ဆိုင်ရသည်ကို ကြောက်ရွံ့သူ မဟုတ်ပေ။

အနောက်ပိုင်းထိပ်တန်းအရှင်သခင်က ဗလာနယ်ကောင်းကင်ကျမ်းစွာကိုကျွမ်းကျင်သူဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို ခန့်မှန်း၍မရပေ။

ထို့ကြောင့် တာအိုဆရာထျန်းယိမှာ ကံမကောင်းစွာပင် ထူးကဲယန်စည်းတံဆိပ်ဒဏ်ကို ခံလိုက်ရသည်။

လန်ချင်းက တာအိုဆရာလန်ချင်းကို ကူညီရန်ကြိုးစားသည့်အချိန် ရန်ကျောက်ကဲက သတိမလွတ်ဘဲ သူ့ကို အာရုံစိုက်လိုက်သည်။

လန်ချင်းက ချောင်ကျယ်၏ ဖိနှိပ်မှုထားမှုမှ ရုန်းထွက်ပြီး ကျွမ်းရှန် နိဗ္ဗာနမီးတောက်ဖြင့် ပြန်လည်မွေးဖွားနိုင်ရန်အတွက် ကူညီ‌ပေးရန် ကြိုးစားလိုက်သည်။

သို့သော် ရန်ကျောက်ကဲက အရင်ကပင် ဤသို့ဖြစ်လာမည်ကို ကြိုတင်သတိထားနေခဲ့လေသည်။

လန်ချင်းက ကျွမ်းရှန်ကို ကူညီမည့်အချိန်ကို သူက အထူးတလည်စောင့်မျှော်နေသည်ဟုဆိုလျှင် ပိုပြီးမှန်ကန်ပေမည်။

ထို့ကြောင့် လန်ချင်းက ကျွမ်းရှန်အား ကူညီပေးလျှင် တိုက်ခိုက်ရန်အတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့သည်။ အခွင့်အရေးရသည်နှင့် ပြင်းထန်သောထိုးနက်ချက်ဖြင့် ချက်ချင်းတိုက်ခိုက်လိုက်၏။

လန်ချင်းမှာ ရန်ကျောက်ကဲ၏ပါးနပ်မှုအတွက် လျှို့ဝှက်စွာ အံ့အားသင့်သွားရသည်။

သို့သော် ရန်ကျောက်ကဲ၏ ဗျူဟာကိုသတိပြုလိုက်မိချိန် ‘ငါးစာ’ ဖြစ်သွားရသော ကျွမ်းရှန်မှာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်အထိ အမျက်ဒေါသကို ခံစားလိုက်ရသည်။

လျိုကျန်းကူက တာအိုဆရာထျန်းယိနှင့် တိုက်ခိုက်နေရင်း မေးမြန်းလိုက်သည်။

“ထျန်းယိ... မင်းက သူသေကိုယ်သေ ဆက်တိုက်ချင်သေးတာလား”

ကြုံးဝါးသံနှင့်အတူ လျိုကျန်းကူက သူ၏အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ခရမ်းရောင်မိုးကြိုးလှံရှည်’ ကို ဝှေ့ယမ်းလိုက်ပြီး တာအိုဆရာထျန်းယိထံသို့ ဦးတည်ထိုးစိုက်ချလိုက်သည်။

တာအိုဆရာထျန်းယိက ထူးကဲယန်စည်းတံဆိပ်ကို တားဆီးရန် လက်နှစ်ဖက် ပင့်မြှောက်လိုက်သည်။

ထိုအချိန် လျိုကျန်းကူ၏တိုက်ခိုက်မှုက လျှင်မြန်စွာဝင်ရောက်လာသည်ဖြစ်ရာ လှံရှည်ကိုရှောင်ရန် အချိန်မရှိတော့ပေ။

“သွားစမ်း...”

တာအိုဆရာထျန်းယိ ကြုံးဝါးသံပြုလိုက်သည်။

ထို့နောက် လေထဲတွင် ကြီးမားသော ခရမ်းရောင်စက်ဝန်းတစ်ခုပေါ်လာပြီး အဆုံးမရှိသော မိုကြိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထို ခရမ်းရောင်မိုးကြိုးစွမ်းအားကိုတွေ့မြင်တော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“ဒီနွားအိုကြီးက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ ဘယ်လောက်တောင် စုထားပြီးပြီလဲ ၊ ကြည့်ရတာ ထက်ဝက်ကျော်လောက် စုဆောင်းထားပြီးပြီထင်တယ်”

ထိုအချိန် ခရမ်းရောင်မိုးကြိုးစက်ဝန်းအတွင်းမှ အလင်းရောင်တစ်ချက်လင်းလက်သွားသည်။ နတ်ဘုရားတစ်ပါး မျက်တောင်ခတ်လိုက်သည့်ပမာ ဖျတ်ခနဲ လင်းလက်သွားခြင်း ဖြစ်၏။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်လောင်သော မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

နေရောင်ခြည်သည်ပင် စိမ်းပြာရောင်သန်းသွားသည့်အလား ထင်မှတ်ရ၏။

တာအိုဆရာထျန်းယိ၏ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းစမှထွက်ပေါ်လာသော တုန်လှုပ်ခြောက်ခြားဖွယ် တန်ခိုးစွမ်းအားများကြောင့် ထူးကဲယန်စည်းတံဆိပ်သည်ပင် လှုပ်ခတ်သွားသည့်အလား ဖြစ်သည်။

ထို့နောက် တာအိုဆရာထျန်းယိက လျိုကျန်းကူ၏လှံချက်ကို ကပ်သီလေးရှောင်တိမ်းလိုက်ပြီး တိုက်ကွက်ကို အလျှင်အမြန် ပြောင်းလဲလိုက်သည်။

ရန်ကျောက်ကဲ၏ တိုက်ခိုက်ဖိနှိပ်မှုမှ ရုန်းထွက်လာသည့်လန်ချင်းက တာအိုဆရာထျန်းယိ အခက်အခဲမှ လွတ်မြောက်သွားစေရန် လျိုကျန်းကူကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သို့သော် ချောင်ကျယ်က သူ့ကို နောက်တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်လိုက်ပြန်၏။

လျိုကျန်းကူက လှံရှည်ကိုဝှေ့ယမ်းပြီး ယခင်ကထက် ပိုမိုလျှင်မြန်သောအရှိန်အဟုန်ဖြင့် တာအိုဆရာထျန်းယိကို မရပ်မနား တိုက်ခိုက်လိုက်သည်။

စွမ်းအားများ ပေါက်ကွဲထွက်သွားပြီးနောက် တာအိုဆရာထျန်းယိ၏ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ချက်ချင်းပင် တန်ခိုးစွမ်းအားများ ပျက်ကပြယ်သွားပြီး တောက်ပသည့်အလင်းရောင်လည်း မှေးမှိန်သွားသည်။

မိုးကြိုးဧကရာဇ်မျက်လုံး၏ ထူးခြားချက်မှာ စွမ်းအားများပေါက်ကွဲထွက်ပြီးသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်သွားခြင်း ဖြစ်ပြီး ပြန်လည် အားပြည့်လာစေရန် အတော်လေး အချိန်ယူရသည်။

ပြီးတော့ ဤသည်က မိုးကြိုးဧကရာဇ်မျက်လုံး အပိုင်းအစတစ်ခုမျှသာဖြစ်သည် မဟုတ်ပါလား။

တာအိုဆရာထျန်းယိက အင်္ကျီလက်ထဲသို့ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထိုစက်၏ဝန်းမှာ ယခုတော့ မဲမှောင်ငြိမ်သက်နေပြီ ဖြစ်၏။

ထိုအချိန် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ ထိခတ်မှုကြောင့် အထက်သို့လွင့်စင်သွားသော ထူးကဲယန်စည်းတံဆိပ်မှာ ခရမ်းရောင်မိုးကြိုးများဖြင့် ထူထပ်စွာ ဝန်းရံထားခြင်း ခံရလေသည်။

သို့သော် ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ခရမ်းရောင်လျှပ်စီးကြောင်းများ အဆက်မပြတ် အက်ကွဲပျောက်ကွယ်သွားသည်။

နေရောင်ခြည်အလင်းတန်းများ ပိုမိုတောက်ပလာသည်နှင့်အမျှ မိုးခြိမ်းသံများပျောက်ကွယ်သွားပြီး ထူးကဲယန်စည်းတံဆိပ်က ပြန်လည်အသက်ဝင်လာကာ တာအိုဆရာထျန်းယိဆီသို့ တဖန်ပြန်လည် သက်ဆင်းလာသည်။

ထိုအချိန်...

မိုးကောင်းကင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ ချောင်ကျယ်နှင့် လျိုကျန်းကူတို့ တပြိုင်နက်တည်း မျက်မှောင်များ ကြုံ့လိုက်ကြ၏။

ကျွမ်းရှန် ၊ လန်ချင်း ၊ တာအိုဆရာထျန်းယိနှင့် လျန်ကျူးလင်တို့၏မျက်ဝန်းများကတော့ တောက်ပလင်းလက်သွားကြသည်။

ဝါဒတောင်ပေါ်တွင်ရှိနေသည့် အရှေ့တောင်ဓားနတ်မယ်နှင့် အခြားသူများမှာ အစပိုင်းတွင် ထူးခြားချက်ကို မခံစားမိသော်လည်း နောက်ပိုင်းအချိန်တစ်ခုတွင်တော့ ကြီးမားသောဖိအားကြီးကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုဖိအားကြီးက သူတို့အားလုံးကို မြေပြင်ထက်တွင် ဝပ်တွားလုနီးပါး ဖြစ်စေခဲ့ပြီး ကြယ်တာရာချီစွမ်းအား စီးဆင်းမှုများသည်ပင် ချောမွေ့စွာလုပ်ဆောင်နိုင်ခြင်းမရှိတော့ဟု ခံစားရစေသည်။

လွန်ခဲ့သည့်အခိုက်အတန့်က တိုက်ပွဲများကြောင့် ပြောင်းဆန်နေသော ကမ္ဘာကြီးသည် ယခုတော့ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။

ကောင်းကင်ထက်မှ အလင်းရောင်များ ရုတ်တရက် မှိန်ဖျော့သွားသည်။

ထူးကဲယန်စည်းတံဆိပ်က နေဝန်းတစ်စင်းပမာ ထွန်းလင်းတောက်ပနေသေးသော်လည်း ကောင်းကင်ထက်ရှိ နေများ ၊ လများ ၊ ကြယ်စင်များအားလုံး တောက်ပမှု ပျောက်ဆုံးသွားသည်။

အမှောင်ထုက နေ့အလင်းရောင်ကို လွှမ်းခြုံသွားခြင်းကြောင့် ထိုသို့ဖြစ်ပွားသည် မဟုတ်ပေ။

ရန်ကျောက်ကဲနှင့်အခြားသူများ ခေါင်းမော့ကြည့်လိုက်တော့ ကောင်းကင်တစ်ခုလုံး မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့မြင်လိုက်ရသည်။

အောက်ဘက်တွင်ရှိနေသောပင်လယ်ပြင်က နဂိုအနေအထားအတိုင်းရှိပြီး ပင်လယ်အောက်ခြေမှ မြေပြင်သည်လည်း အရင်အတိုင်းပင် ရှိနေသည်။ သို့သော် သူတို့အားလုံး၏ ဦးခေါင်းထက်မှ မိုးကောင်းကင်ကတော့ မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပေပြီ။

ပြောရမည်ဆိုလျှင် “ကောင်းကင်အား မြေပြင်အဖြစ်ပြောင်းလဲခြင်း” သို့မဟုတ် “မိုးကောင်းကင်အား မြေပြင်အဖြစ် လှည့်ပြောင်းခြင်း” ဟု ဆိုရမည်ပင်။

ယခုအချိန်ခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး မြေပြင်တစ်ခုသာ ဖြစ်နေပြီး မိုး‌ကောင်းကင်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲနှင့်အခြားသူများ လေထုထဲတွင်ရှိနေချိန် အထက်နှင့်အောက်က တူညီစွာပင်ရှိနေပြီး မိုးကောင်းကင်ပျောက်ကွယ်သွားကာ မြေပြင်သာလျှင် ရှိတော့သည်။

လူတိုင်း မြေအောက်ကမ္ဘာတစ်ခုအတွင်း ရောက်သွားသည့်အလား ခံစားကြရသည်။

လူတိုင်းခံစားနေကြရသော ဖိအားမှာ ကောင်းကင်ထက်ရှိမြေကြီးမှ အတိအကျ ဆင်းသက်လာခြင်း ဖြစ်သည်။

ကြီးမားသောမြေပြင်က အောက်ဘက်မှ အရာအားလုံး ၊ လူသားအားလုံးအပေါ် တိုင်းတာမရသော အလေးချိန်ဖြင့် ဖိနှိပ်ထားသည်။

ဝါဒတောင်၏ များပြားလှစွာသော တောင်ထွတ်များမှာ အောက်ဘက်ရှိ ပင်လယ်ရေပြင်အတွင်း နစ်မြုပ်သွားစေရန် တွန်းပို့ခံရသဖြင့် အနည်းငယ် တုန်လှုပ်သွားကြသည်။

ကြီးမားသောဖိအားကြီးကို ခံစားရသဖြင့် ရန်ကျောက်ကဲနှင့် အခြားသူများ၏ လှုပ်ရှားမှုများမှာ နှေးကွေးလေးလံသွားသည်။

သို့သော် ကျွမ်းရှန်နှင့် လန်ချင်းတို့ (၄)ယောက်ကတော့ လုံးဝ ထိခိုက်ခြင်း မရှိပေ။

ထို့ကြောင့် ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ကြ၏။

ကျွမ်းရှန်ကို ဖိနှိပ်ထားနိုင်သဖြင့် ယခင်က အနည်းငယ်အသာစီးရထားသော ရန်ကျောက်ကဲတို့အုပ်စုမှာ ယခုတော့ ချက်ချင်းပင် အားနည်းချက်အတွင်း ကျရောက်သွားသည်။

နှစ်ဖက်တိုက်ပွဲအခြေအနေက ရုတ်ချည်း ပြောင်းပြန်ဖြစ်သွားသည်။

လန်ချင်းတို့အုပ်စုက အသာစီးရလာပြီး တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာသည်။

ဤသို့ဖြစ်ရသည်မှာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ခြင်းပင် မရှိသေးသော လူတစ်ယောက်ထံမှ သက်ရောက်မှုစွမ်းအားကြောင့်ဖြစ်သည် မဟုတ်ပါလား။

“ချင်းယွမ်ဧကရာဇ်...”

ကြိုတင်သတိပေးခြင်းမရှိဘဲ သူတို့အရှေ့တွင် ရုတ်တရက်ပေါ်လာသော သစ်ပင်တစ်ပင်ကို ခေါင်းမော့ကြည့်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထိုသစ်ပင်က အပေါက်ဘက် ကောင်းကင်နေရာတွင် အစားထိုးလာသော မြေပြင်တွင် ပေါက်ရောက်နေခြင်းဖြစ်လေရာ သူ့အနေဖြင့် ဇောက်ထိုးအနေအထား တွေ့မြင်နေရသည်။

သစ်ပင်က အစိမ်းရောင်ထူထပ်နေပြီး အရွက် ၊ အကိုင်းအခက်များက အစိမ်းရောင်အလင်း တောက်ပနေသည်။ ပတ်ဝန်းကျင် မြေလွှာများက ထိုသစ်ပင်ကို လွှမ်းခြုံထားသည်။

ကြည့်ရသည်မှာ ဤသစ်ပင်က နဂိုမူလအစကပင် ရှိနေဟန် တူ၏။

ကောင်းကင်နေရာတွင် အစားထိုးနေရာယူသွားသော မြေပြင်ကျယ်နှင့် ဤရှေးဟောင်းသစ်ပင်ကိုတွေ့မြင်လိုက်သည်နှင့် ရောက်ရှိလာသူက မည်သူဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ  ၊ အုပ်စိုးရှင် (၅)ပါးမှ တစ်ပါးဖြစ်သော ‘ချင်းယွမ်ဧကရာဇ်’။

လူတိုင်း စိတ်ထဲနင့်သွားကြသည်။

ချန်းဧကရာဇ် ရောက်ရှိလာသော်လည်း ပိုးသားဧကရာဇ်က ရောက်ရှိလာခြင်း မရှိခဲ့ပေ။

ပိုးသားဧကရာဇ်မရှိပါက မည်သူက ချင်းယွမ်ဧကရာဇ်ကို ရပ်တန့်နိုင်ပါမည်နည်း။

ယခုဆိုလျှင် ချန်းဧကရာဇ်က ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသေးဘဲ ဤနေရာသို့ ရောက်ရှိလာရုံဖြင့်ပင် ကြီးမားသည့်ဖိအားနှင့်သက်ရောက်မှုများက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပေပြီ။

ပိုဆိုးသည်မှာ ရန်သူက နတ်ဘုရားအဆင့်ရှိသော ဧကရာဇ်တစ်ပါးဖြစ်နေခြင်းက လူအများကို စိတ်ပျက်အားငယ်သွားစေခြင်း ဖြစ်သည်။

“ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရား” ဆိုသည့်အဓိပ္ပါယ်က ဘာကိုဆိုလိုပါသနည်း။

လူသားအဆင့်ရှိသော ကျင့်ကြံသူများအသုံးပြုသည့်သိုင်းပညာများက နတ်ဘုရားတစ်ပါးကို ထိခိုက်စေနိုင်မည် မဟုတ်ဟုဆိုလိုခြင်း ဖြစ်သည်။

ဤသည်မှာ မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်ပိုင်းမှ ထွက်ပေါ်လာသောစကား မဟုတ်ပေ။

ဤသည်မှာ ရှေးခေတ်အချိန်မှစတင်ပြီး ခေတ်အဆက်ဆက် မရေမတွက်နိုင်သော နှစ်များတစ်လျှောက် ကျင့်ကြံသူများအားလုံး၏ စုပေါင်းအသိပင် ဖြစ်သည်။

ထာဝရအဆုံးသတ်ကို ကိုယ်စားပြုသော ပြင်းထန်ရက်စက်သည့် ‘နတ်ဘုရားသုတ်သင်အစီအရင်’ အပြင် နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုတိုက်ခိုက်ရန် အခြားသော ‘နတ်ဘုရားနည်းလမ်းလမ်း’ များ ရှိနေသေးသည်။

“နတ်ဘုရားနည်းလမ်းကို ပြောရရင်...”

အားလုံးက ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲထံတွင် ယိုးမင်ဧကရာဇ်၏အမွေအနှစ် ပိုင်ဆိုင်ထားကြောင်း ကောလဟလများ ထွက်ပေါ်နေသည်။

ထိုအမွေအနှစ်သည် အောင်မြင်စွာသန့်စင်ထားသော ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခု ဖြစ်နိုင်ပါမည်လား။

All Chapters