← Chapters

နတ်ဘုရားတစ်ဝက်ကလန်၊ ကျူးကလန်

Vol. 56 Ch. 756

နတ်ဘုရားတစ်ဝက်ကလန်၊ ကျူးကလန်

Vol. 56 Ch. 756

ဆေဘာသရဲမြောင်ရှန်းယုကို သတ်ရတာက လီဖူချန်းအတွက် ဖျော်ဖြေမှုသာသာပါပဲ။

အခု လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားပဲဖြစ်ဖြစ်၊ ဓားတာအိုခွန်အားပဲဖြစ်ဖြစ် မြောင်ရှန်းယုကို သတ်ဖို့ တစ်ချက်သာ လိုပါတယ်။

ဓားမော့သရဲရဲ့ဓားမော့ကို သိမ်းပြီးနောက် လီဖူချန်းက ပြန်လည်ထွက်ခွာသွားပါတယ်။

…

ကောင်းကင်ပုံဆောင်ခဲဘောလုံးထဲမှာ အမည်း‌ ရောင်နေရာတွေနဲ့ ဝန်းရံထားတဲ့ မြေပုံရိပ်တစ်ခုရှိနေတယ်။ အဲတာတွေကို အခုထိမဖော်ထုတ်ရ‌သေးဘူးလို့ ဆိုလိုခြင်းပါ။ မြေပုံရိပ်အတွင်းမှာ အမည်းရောင်နေရာအချို့ရှိတယ်၊ ထိုနေရာတွေကို မဖော်ထုတ်ရသေးဘူးလို့ ဆိုလိုခြင်းပါပဲ။

လီဖူချန်းက သူ့ရဲ့လမ်းကြောင်းကို ပြောင်းလိုက်တယ်၊ မြေပုံရိပ်ထဲမှာ ရှိတဲ့ အမည်းရောင်နေရာတွေဆီ သွားလိုက်ပါတယ်။

အမည်းရောင်နေရာ‌တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် လီဖူချန်းက အပြင်ဘက်ပိုင်းကို စတင်ဖော်ထုတ်လိုက်ပါတယ်။

ဒီကောင်းကင်ပုံဆောင်ခဲဘောလုံးကို သုံးပြီး လျှို့ဝှက်‌နယ်မြေကို ရှာဖွေရတာက အလွန်ပျင်းစရာကောင်းပါတယ်၊ ဘာလို့ဆို နေရာတိုင်းကို သွားနေရလို့လေ။

ဒါပေမယ့် ဒါကလည်း ကောင်းကင်ပုံဆောင်ခဲဘောလုံးရဲ့အဆင့်နဲ့ ဆက်စပ်နေပါတယ်။

ကောင်းကင်ပုံဆောင်ခဲဘောလုံးရဲ့အဆင့်က ပိုမြင့်လေလေ၊ ပတ်ဝန်းကျင်မှတ်တမ်းနိုင်တဲ့အကွာအဝေးက ပိုကြီးလေလေဖြစ်ပါတယ်၊ အဲဒီတော့ သွားလာရတာ နည်းသွားတာပေါ့။

လီဖူချန်းရဲ့ကောင်းကင်ပုံဆောင်ခဲဘောလုံးက အလယ်ဆင့်ပုံဆောင်ခဲဘောလုံးပါ။ အဆင့်မြင့်ပုံဆောင်ခဲဘောလုံးတွေကတော့ အပြင်ကမ္ဘာမှာ မရှိပါဘူး။ ဂိုဏ်းကြီးတွေကသာ ပိုင်ဆိုင်နိုင်တာပါ။

မိုင်သုံးသိန်း........မိုင်တစ်မီလီယံ.......

"သည်အရိုင်းလျှို့ဝှက်နယ်မြေက ပိုကြီးပါစေလို့ ငါ မျှော်လင့်တယ်" လီဖူချန်းရဲ့မျက်လုံးတွေမှာ မျှော်လင့်မှူအရိပ်အယောင်တွေနဲ့ ပြည့်နှက်နေလေတယ်။

အရိုင်းလျှို့ဝှက်နယ်မြေက ပိုကြီးလေလေ၊ သူက အမှတ်တွေ ပိုရလေလေပေါ့။

"ကျူးကလန်က ဒီနေရာမှာ ကိစ္စအချို့ လုပ်စရာရှိတယ်၊ မဆိုင်တဲ့သူတွေအားလုံး အမြန်ထွက်သွားပေးပါ၊ မဟုတ်ရင် မင်းတို့က ငါတို့ကျူးကလန်နဲ့ ရင်ဆိုင်ရလိမ့်မယ်"

အရှေ့မှာ အနီရောင်ဝတ်စုံတွေနဲ့ လူတစ်စုရှိတယ်။ ဖြတ်သွားသူတိုင်းကို ဟန့်တားနေလေတယ်။

"ဒါ ကျူးကလန်ပဲ၊ မြန်မြန်ထွက်သွားကြရအောင်"

"ကျူးကလန်က နတ်ဘုရားတစ်ဝက်ကလန်လို့ လူသိများတယ်၊ ငါတို့က သူတို့ကို မဆန့်ကျင်နိုင်ဘူး"

ဆန့်ကျင်ဘက်က ကျူးကလန်ဆိုတာကို သိပြီးနောက် လူတိုင်းက လျင်မြန်စွာ ထွက်သွားကြပါတယ်။

"ကျူးကလန်လား" အဝေးမှ လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

အရှေ့ယူနီကွန်တိုက်ကြီးရဲ့ကျူးကလန်နဲ့ ကျူးဟုန်ရှို့ကို လီဖူချန်းက ချက်ချင်း သတိရသွားပါတယ်။

ကျူးကလန်ရုတ်တရက် ပျောက်သွားတုန်းက ထူးဆန်းသလို လီဖူချန်းက ခံစားမိတယ်။ ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးလို့ သူ့ရဲ့ ဗီဇတွေက ပြောပြနေတယ်၊။

"မိတ်ဆွေ၊ ကျူးကလန်က သူတော်စင်ကလန်တစ်ခုလား" လီဖူချန်းက ဖြတ်သွားသူတစ်ယောက်ကို မေးလိုက်တယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သူတော်စင်ဂိုဏ်းသုံးဆယ်ခန့်ရှိတာကိုတော့ သူက သိတယ်၊ ဒါပေမယ့် နာမည်အတိအကျကိုတော့ သူ မသိပါဘူး။

ထိူလူက ‌ဓားမော့ဓားသမားတစ်ယောက်ပါ။ သူက အံ့အားသင့်စွာ ပြောလိုက်တယ်"မင်းက ကျုးကလန်ကိုတောင် မသိဘူးလား။ ကျူးကလန်က သာမန်သူတော်စင်ကလန်မဟုတ်ဘူး၊ သူတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကဲ့ နံပါတ်တစ်ကလန်ဖြစ်ပြီး နတ်ဘုရားတစ်ဝက်ကလန်လို့ လူသိများတယ်။ သူတို့ရဲ့အကြိုနတ်ဘုရားဘိုးဘေးက ပျောက်ဆုံးနေတာ နှစ်မီလီယံချီ ရှိပြီးဆိုပေမယ့် သူ့ရဲ့ဂုဏ်သတင်းက ရှိနေတုန်းပဲ။ ဒါ့ပြင် ကျူးကလန်က သူတော်စင်ကလန်တွေကြားမှာ သူတော်စင်အများဆုံးပဲ။ သူတို့မှာ သူတော်စင်စုစုပေါင်း ခုနှစ်ယောက်ရှိတယ်"

"အကြိုနတ်ဘုရားလား"ဒီစကားကို လီဖူချန်း အခုမှ ကြားဖူးတာပါ။

လီဖူချန်းက ထပ်မေးလိုက်တယ်"ငါ ထပ်မေးပါရစေ၊ ကျူးကလန်က မီးလျှံအရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်တာလား"

အရှေ့ယူနီကွန်တိုက်ကြီး၊ကျူးကလန်ရဲ့အရိုးတည်ဆောက်ပုံအ‌ခြေခံက မီးလျှံအရိုးတည်ဆောက်ပုံ ဖြစ်လို့ပါပဲ။

"တိတိကျကျပြောရရင် မီးနတ်ဘုရားအရိုးတည်ဆောက်ပုံပါ။ ကျူးကလန်မှာ မီးနတ်ဘုရားကန်တစ်ခုရှိတယ်။ ကျူးကလန်သားတွေ မီးနတ်ဘုရားကန်မှာ ရေစိမ်ခြင်းက သူတို့ရဲ့အရိုးတည်ဆောက်ပုံကို သိသိသာသာ တိုးတက်လာစေတယ်။ တိုးတက်မှုက သွေးမျိုးဆက်ရဲ့သန်စင်မှုအပေါ်မှာ မူတည်တယ်။ ဒါက ကျူးကလန်အနေနဲ့ အကြိုနတ်ဘုရားဘိုးဘေးမရှိဘဲနဲ့ သူတော်စင်စိတ်ဝင်ဝိညာဥ်တိုက်ကြီးမှာ နှစ်မီလီယံကြာ လွှမ်းမိုးနိုင်ရတဲ့အကြောင်းရင်းပဲ။ ကောင်းပြီ၊ ကျူးကလန်ကို ရန်မစမိဖို့ ငါ အကြံပေးချင်တယ်၊ ဒါကို သတိရနေပါ"

ပြောပြီးနောက် ဓားမော့ဓားသမားက လျင်မြန်စွာ ထွက်သွားပါတယ်။

"ဟေး၊ မင်း လူစကား နားမလည်ဘူးလား။ ထွက်သွားစမ်း" လီဖူချန်းက ရပ်နေသေးတာကို မြင်ပြီး ကျူးကလန်ရဲ့မဟာဧကရာဇ်က ကြိမ်းမောင်းလိုက်တယ်။

လီဖူချန်းက ဆန့်ကျင်ဘက်ကို စိုက်ကြည့်လိုက်တယ်။ ကြောက်စရာကောင်းတဲ့စိတ်တန်ခိုးစွမ်းအားက ကျူးကလန်ရဲ့မဟာဧကရာဇ်ကို အေးခဲသွားစေလိုက်ပါတယ်။

ဆွစ်........

လီဖူချန်းက ထွက်လာတယ်။

ကျူးဟုန်ရှို့က ကျူးကလန်ရဲ့အစိတ်အပိုင်းဟုတ်မဟုတ်ကို ရှာမတွေ့ခင် သူက ကျူးကလန်နဲ့ ပြဿနာ မတက်ချင်ပါဘူး။

မဟုတ်ရင် ကျူးကလန်က နတ်ဘုရားတစ်ဝက်ကလန်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။

ကျူးကလန်က မိုင်တစ်သောင်းလောက်ရှိတဲ့နေရာကို သိမ်းပိုက်ထားပါတယ်။ ထိုနေရာအတွင်း ဘယ်အရာကများ ကျူးကလန်ကို အခုလို ဖြစ်စေပါလိမ့်။

လီဖူချန်းက အခြားနေရာတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။ အခြားသူတွေက ဒီနေရာကို ရတနာအတွက် လာတယ်၊ သူက ပတ်ဝန်းကျင်မြေအနေအထားကို မှတ်တမ်းတင်ဖို့ လာတယ်။

ဒါပေမယ့်လည်း လီဖူချန်းရဲ့လိပ်ပြာသိစိတ်အာရုံကြောင့် လမ်းတစ်လျှောက်မှာ ရတနာများစွာကို ရရှိခဲ့တယ်။ ကောင်းကင်အဆင့်ဆေးပင်တွေ၊ ကောင်းကင်အဆင့်သတ္တုတွေ၊ ကောင်းကင်အဆင့်ကျောက်မြက်တုံးတွေ၊ပုံဆောင်ခဲတွေ အစုံပေါ့။

သူရဲ့သိုလှောင်အိတ်က ပစ္စည်းတွေနဲ့ ပြည့်နေပြီး တန်ဖိုးက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀မီလီယံထက် ပိုပါတယ်။

"လူမသိတဲ့နေရာတွေကို ရှာဖွေဖော်ထုတ်တာက လုယက်တာထက်တောင် ပိုအကျိုးအမြတ်များနေပါလား" လီဖူချန်းက ပြုံးနေလျက် ရေရွတ်လိုက်တယ်။

ဘတ်..........

ညာဘက်မှာ စွမ်းအင်လှိုင်းတစ်ခု ရှိနေတယ်။

စွမ်းအင်လှိုင်းက တိုက်ပွဲကြောင့် ထွက်လာတာ မဟုတ်ပါဘူး၊ ကြီးမားတဲ့စွမ်းအင်ပမာဏကြောင့်ပါ။

"စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြော"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူက တစ်ဟုန်ထိုးပြေးသွားလိုက်တော့တယ်။

သိပ်မကြာခင် လီဖူချန်းက စွမ်းအင်လှိုင်းရဲ့အရင်းအမြစ်ရှိရာကို ရောက်ရှိလာပါတယ်။

သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို သုံးပြီး သူက မြေအောက်နဂါးကို မြင်လိုက်ရပါတယ်။

"ဒါက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောပဲ" လီဖူချန်းရဲ့မျက်နှာက ပျော်ရွှင်မှု အပြည့်ဖြစ်နေတယ်။

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတစ်ခုမှာ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ တိတိကျကျ ပါရှိပြီး ပုံမှန်အားဖြင့် နဂါးရဲ့ဦးခေါင်းပိုင်းမှာ ရှိပါတယ်။

ဒီနေရာမှာ လူအများကြီးရှိပြီး လူတိုင်းက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတွေကို တူးဖော်နေပါတယ်။

သူတို့က အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရှာဖွေနေတာကို လီဖူချန်းက သိပါတယ်။

လူတိုင်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ မကင်းမဲ့ပါဘူး၊ ဒါပေမယ့် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ သူတော်စင်တွေကတောင် လိုချင်နေတာပါ။

သူတော်စင်တစ်ယောက်ရဲ့ လိပ်ပြာအသိစိတ်အာရုံနဲ့အတူ လီဖူချန်းက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အရင် မြင်လိုက်ရပါတယ်၊ သူက မြေကြီးကို တူး‌ဖော်ပြီး ရယူဖို့ စီစဉ်လိုက်ပါတယ်။

"ထွက်သွားစမ်း"

မီးခိုးရောင်ဆံပင်နဲ့လူတစ်ယောက်က ပြေးလာပါတယ်၊ သူ့လက်ကို ဝှေ့ယမ်းပြီး လီဖူချန်းထံ မြူနဂါးတစ်ကောင်ကို ပစ်လွှတ်လိုက်ပါတယ်။

မြူနဂါးအထဲမှာ မိုးကြိုးတွေ ရှိပြီး ကမ္ဘာဖျက်စွမ်းအား ပါရှိပါတယ်။

မိးခိုးရောင်ဆဲပင်နဲ့လူက အကြိုသူတာ်စင်တစ် ယောက်ရဲ့ခွန်အားရှိတာကို လီဖူချန်းက ဘယ်လိုလုပ်ပြီး မမြင်ရမှာလဲ။

"မင်းကသာ ထွက်သွားရမှာ"

လီဖူချန်းက လှည့်တောင်မလှည့်ပါဘူး၊ သူ့လက်ကို လှုပ်ပြီး မြူနဂါးကို ပေါက်ကွဲထွက်စေလိုက်တယ်။ မီးခိုးရောင်ဆံပင်နဲ့လူက လွင့်ထွက်သွားပြီး သွေးတွေ အန်ထွက်သွားရတော့တယ်။

"ဘာ။ အကြိုသူတော်စင်တစ်ယောက်ကတောင် သူ့အတွက် ဘက်မဟုတ်ဘူးလား"

အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို လိုချင်နေတဲ့လူအနည်းငယ်ရှိနေတယ်။ ဒါပေမယ့်သူတို့က ပြေးလာနေရာမှ ရပ်သွားတော့တယ်၊ မလှုပ်ရှားရဲတော့ပါဘူး။

မီးခိုးရောင်ဆံပင်နဲ့လူကို ဖယ်ရှားပြီး‌နောက် လီဖူချန်းက သူ့ရဲ့ဘယ်ဘက်လက်နဲ့ ခုတ်ပိုင်းလိုက်တယ်၊ မြေပြင်က အက်ကွဲသွားတော့တယ်။  အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက သူ့မျက်လုံးတွေထဲမှာ ထွက်ပေါ်လာတယ်။

စုပ်အားနဲ့အတူ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးက သူ့လက်ထဲကို ရောက်သွားချေတယ်။

"ဒါ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးပဲ၊ အားလုံး အတူ တိုက်ခိုက်ကြ"

အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးက သည်လူတွေကို သတ္တိရှိ‌သွားစေပုံ ပေါ်တယ်။

သူတို့က လီဖူချန်းတစ်ယောက်တည်း ပိုင်ဆိုင်ခွင့် မပြုချင်ကြတော့ပါဘူး။

"တိုင်ယန်မြေအောက်ကောင်းကင်"

"စစ်နဂါးခြေထောက်"

"ကောင်းကင်ဘုံကိုးဖြာဓားအနုပညာ"

…

ကြောက်စရာလက်သီးချက်တစ်ခု၊ နဂါးနဲ့တူတဲ့ကန်ချက်တစ်ခု၊ ကောင်းကင်မိုးကြိုးဓားချီတွေက လီဖူချန်းဆီ ကျရောက်လာပါတယ်။

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး‌တွေကို တူးဖော်နေတဲ့ လူတွေက တိုက်ပွဲကို သတိပြုမိသွားကြတယ်။

သူတို့က မီးခိုးရောင်ဆံပင်နဲ့လူကို မသိပါဘူး၊ ဒါပေမယ့် သူတို့က ထိုသုံးယောက်ကို‌တော့ သိပါတယ်။

လက်သီးအနုပညာကို သုံးတဲ့သူက အဆင့်၉၃မှာရှိတဲ့ တိုင်ယန်မဟာဧကရာဇ်ပါ။ လက်သီးအနုပညာကို သုံးတဲ့သူက အဆင့်၇၉စစ်နဂါးမဟာဧကရာဇ်ပါ။ ဓားအနုပညာကို သုံးတဲ့သူက အဆင့်၆၁ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ပါ။ သူတို့တစ်ယောက်ချင်းစီက‌တောင် ထိတ်လန့်စရာပါ၊ အခု ပူးပေါင်းတိုက်ခိုက်ကြတယ်ဆိုတော့........

"ထွက်သွားစမ်း"

လီဖူချန်းက နှာခေါင်းရှုံ့ပြီး လက်သီးကို ဝှေ့ယမ်းလိုက်ပါတယ်။ လက်သီးက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ ဒီလက်သီးနဲ့နှိုင်းယှဉ်ရင် တိုင်ယန်မဟာဧကရာဇ်ရဲ့လက်သီး၊ ‌စစ်နဂါးမဟာဧကရာ်ရဲ့ကန်ချက်၊ ကောင်းကင်ဘုံကိုးဖြာမဟာဧကရာဇ်ရဲ့ဓားချီတွေက ဆင်တစ်ကောင်ကို ရင်ဆိုင်နေတဲ့ ပုရွက်‌ဆိတ်လေးတွေပမာပါပဲ။ သူတို့အားလုံးက ချက်ချင်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့တယ်။

သုံးယောက်က လွင့်ထွက်သွားရတယ်၊‌ သွေးတွေလည်း ပွက်ပွက်အန်တာပေါ့။

"ဒီလူက ဘယ်သူလဲ"

မြင်ကွင်းကို မြင်ပြီးနောက် လူတိုင်းက အံ့အားသင့်သွားကြလေတယ်။

ဒီလူတွေကို လက်သီးတစ်ချက်နဲ့ ရှုံးနိမ့်စေနိုင်သူက မဟာဧကရာဇ်သတ်မှတ်ချက်မှာ အနည်းဆုံး အဆင့်၂၀အတွင်း ဝင်လောက်တယ်။

လီဖူချန်းက ဒီလူတွေကို မသတ်ပါဘူး။ သူ့ရဲ့လက်ရှိခွန်အားအရ သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့် သူက နေရာတိုင်းမှာ ရန်သူမများချင်ပါဘူးလေ။

လိပ်ပြာအသိစိတ်အာရုံနဲ့အတူ လီဖူချန်းက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။ အချိန်တိုလေးအတွင်းမှာ သူက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးကို ရှာတွေခဲ့ပါတယ်၊ ဒါက လူတိုင်းကို မနာလိုစေသွားတာပေါ့လေ။

အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိမ်းပြီး‌နောက် လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို စတင်တူးဖော်လိုက်ချေတယ်။

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတစ်ခုမှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာမီလီယံခန့် ရှိပါတယ်။ လီဖူချန်းရဲ့ကြွယ်ဝမှုမှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဘီလီယံ၊၃ဘီလီယံ‌လောက် ရှိပေမယ့် ဒီထက်ပိုမလိုချင်တဲ့သူကတော့ မရှိပါဘူးလေ။

လီဖူချန်းရဲ့ချမ်းသာမှုကလည်း ပိုပို တိုးလာချေတယ်။

၁၀မီလီယံ.......၁၀၀မီလီယံ.......၂၀၀မီလီယံ......၃၀၀မီလီယံ.........

လီဖူချန်းရဲ့တူးဖော်မှုအရှိန်က အခြားသူတွေထက် အဆတစ်ရာပိုမြန်တာကလည်း အမှန်ပါပဲ။

ဒီနေရာမှာ တူးဖော်နေတဲ့သူတွေ အများကြီးရှိပါတယ်။ နေ့ဝက်ခန့်ကြာပြီး‌နောက် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောက ပြောင်သလင်းခါသွားတော့တယ်။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအချို့တော့ ရှိလောက်သေးပေမယ့် ဟိုးအောက်အနက်ထဲမှာပါ၊ လီဖူချန်းတောင် တူးဖို့ စိတ်မပါတော့ဘူးလေ။

"ဒီလောက်ဆို လုံလောက်ပြီး"

လီဖူချန်းက ကျေနပ်အားရစွာနဲ့ ထွက်လာတော့တယ်။

ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက အရိုင်းလျှို့ဝှက်နယ်မြေရဲ့နယ်နိမိတ်ကို ရောက်ရှိသွားတော့တယ်။

နယ်နိမတ်က ကျယ်ပြန့်လွန်းတယ်၊ ဒါပေမယ့် အဆုံးတော့ ရှိပါတယ်။ လမ်းကို မမြင်နိုင်တဲ့ဟင်းလင်းပြင်အတားအဆီးတစ်ခုက ပိတ်ထားတယ်။ လီဖူချန်းလည်း လမ်းကြောင်းပြောင်းပြီး အခြားနေရာတွေကို ဆက်လက်ဖော်ထုတ်နေလိုက်တယ်။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ကျူးကလန်ရဲ့တားဆီးပိတ်ပင်ထားတဲ့နေရာအနီးအနားကို ရောက်ရှိသွားတယ်။

"အမ်"

လီဖူချန်းက ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုတစ်ခု နိုးထာလာတာကို သတိပြုမိသွားတယ်။

"ဒါက နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ပဲ" လီဖူချနန်းက မျက်မှောင်ကြုတ်မိသွားတော့တယ်။

ကျူးကလန်က အရိုင်းသားရဲအရှင်သခင်တစ်ကောင်ကို နှိမ်နင်းထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ ဒါက တကယ် ထူးဆန်းတယ်။

***

All Chapters