မီးနတ်ဘုရားတိုက်ပွဲဝင်နည်းဗျူဟာ
Vol. 56 Ch. 757
ကျူးကလန်က တားဆီးပိတ်ပင်ထားတဲ့နေရာရဲ့အလယ်မှာ ဧရာမချိုင့်ဝှမ်းတစ်ခုရှိတယ်။
အခု ချိုင့်ဝှမ်းက ပြိုပျက်နေတယ်။ ကောင်းကင်ကိုတောင် ဆုတ်ဖြဲနိုင်တဲ့ အားကောင်းတဲ့လက်သည်းတစ်စုံက ချို့င့်ဝှမ်းရဲ့အနားသတ်တွေကို တိုက်ခိုက်နေလေတယ်။
ဟိန်းသံတစ်ခု..........
မြေကြီးတုန်မတတ်ဟိန်းသံတစ်ခုက ထွက်ပေါ်လာပြီး ကြီးမားတဲ့ပုံရိပ်တစ်ခုက ထွက်လာတယ်။
ဦးခေါင်းနှစ်လုံး ရှိပြီး ဖွတ်ပုတက်တစ်ကောင်ရဲ့ခန္ဓာကိုယ်ရှိတဲ့ ကြောက်စရာသားရဲတစ်ကောင်ပါ။ တစ်ခုက ဖွတ်ပုတက်ခေါင်း၊ နောက်တစ်ခုက နဂါးခေါင်းနဲ့ပါ။
"ခေါင်းနှစ်လုံးဒေါသနဂါး"
ကျူးအဖွဲသားတစ်ယောက်က သားရဲရဲ့အကြောင်းကို သိပုံရတယ်။
ခေါင်းနှစ်လုံးဒေါသနဂါးက တိုင်ယန်သားရဲတစ်ကောင်တော့ မဟုတ်ဘူး၊ ဒါပေမယ့် တိုင်ယန်သားရဲ ခေါင်းသုံးလုံးရွှေနဂါးရဲ့သွေးမျိုးဆက် ရှိပါတယ်။ အရိုင်းခေတ်မှာ မွေးဖွာလာတာကြောင့် သူ့ရဲ့ခွန်အားက အမှောင်ချီလင်ရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ အမှောင်ကြေးခွံအရှင်သခင်ထက် ပို အားကောင်းတယ်။ ချီတည်မှုနဲ့တင် ခြားနားချက်ကို ပြောဖို့လုံလောက်ပါတယ်။
"မီးနဂါးတိုက်ပွဲဝင်နည်းဗျူဟာကို ဖွဲ့စည်းကြ"
ကျူးကလန်က ဒီခရီးအတွက် လူတစ်ထောင်ခန့်ခေါ်လာခဲ့တယ်။ အလယ်ဆင့်ဧကရာဇ်၇၀၀ခန့်ရှိပြီး အဆင့်မြင့်ဧကရာဇ်က ၃၀၀ခန့်ပါ။ သူတို့၉၈၀ယောက်စုပေါင်းပြီး ကြောက်စရာကောင်းတဲ့မီးလျှံတိုက်ပွဲဝင်နည်းဗျူဟာစွမ်းအားတစ်ခုကို ဖော်ထုတ်နေလေတယ်။
မီးလျှံတွေအတွင်းမှာ ဦးချိုနှစ်ချောင်းပါ မီးလျှံနတ်ဆိုးနတ်ဘုရားတစ်ယောက် ပါရှိတယ်။ ပုံရိပ်ရဲ့အရွယ်အစားက ခေါင်းနှစ်လုံးဒေါသနဂါးထက် ပိုကြီးတယ်။ အရေပြားက နီရဲနေပြီး ခန္ဓာကိုယ်ပေါ်မှာ ပြင်းအားကောင်းမီးလျှံတွေက တောက်လောင်နေတယ်။
"လူတစ်ထောင်တိုက်ပွဲဝင်နည်းဗျူဟာတစ်ခု"
မိုင်တစ်ထောင်အကွာကနေ လီဖူချန်းက အနေအထားကို မြင်နေရပြီး မျက်လုံးတွေတောင် ပြူးကျယ်လာပါတယ်။
လူတစ်ရာ ဒါမှမဟုတ် နှစ်ရာ တိုက်ပွဲဝင်နည်းဗျူဟာက ကမ္ဘာကို တုန်လှုပ်စေဖို့ လုံလောက်တယ်။ လူတစ်ထောင်တိုက်ပွဲဝင်နည်းဗျူဟာကတော့ တိုက်ခိုက်ရေးခွန်အားကို အဆင့်တစ်ခုလုံးအထိ တိုးမြင့်သွားစေမှာ သေချာပေါက်ပဲ။
ဒီတိုက်ပွဲဝင်နည်းဗျူဟာက အရိုင်းသားရဲအရှင်သခင်တစ်ကောင်ကို တိုက်ခိုက်ဖို့ လုံလောက်တယ်လို့ ဆိုလိုတာလည်း မမှားဘူးပေါ့။
သူတို့က လူတစ်ထောင်တိုက်ပွဲဝင်နည်းဗျူဟာကို ပိုင်ဆိုင်တာကြောင့် ကျူးကလန်က နတ်ဘုရားတစ်ဝက်ကလန်ဖြစ်နေတာ အံ့ဩစရာမရှိပါဘူး။ အဆင့်ခြောက်၊ အဆင့်ခုနှစ်တိုက်ပွဲဝင်နည်းဗျူဟာ မဟုတ်ဘူးနော်၊ အဆင့်ရှစ်တိုက်ပွဲဝင်နည်းဗျူဟာပါ။
အစကတော့ လီဖူချန်းက ကျူးကလန်နဲ့ပတ်သက်ပြီး အများကြီးမတွေးထားပါဘူး၊ ကျူးကလန်ရဲ့သူတော််စင်တွေက လွဲပြီး သူ့ကို ကိုင်တွယ်နိုင်တဲ့သူ မရှိလောက်ဘူးပေါ့။ အခု လီဖူချန်းက အဲလိုမထင်တော့ပါဘူး။ ကျူးကလန်မှာ အဆင့်ရှစ်လူတစ်ထောင်တိုက်ပွဲနည်းဗျူဟာတောင် ရှိနေမှတော့ သူတို့မှာ အခြားအားကောင်းတဲ့တိုက်ခိုက်ရေးနည်းလမ်းမရှိဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။
"သေစမ်း"
ခေါင်းနှစ်လုံးနဂါးက မီးလျှံနတ်ဆိုးနတ်ဘုရားထံမှခြိမ်းခြောက်ကို ခံစားမိတယ်။ သူက ရှေ့သို့ လှမ်းလာပြီး သူ့ရဲ့ခေါင်းနှစ်လုံးကို သုံးကာ ကိုက်ဖြတ်ဆုတ်ဖြဲလိုက်ပါတယ်။
"ထွက်သွားစမ်း"
မီးလျှံနတ်ဆိုးနတ်ဘုရားက တိုက်ပွဲဝင်နည်းဗျူဟာရဲ့ပုံရိပ်တစ်ခုသာ ဖြစ်ပေမယ့် သူ့ကို ကြည့်ရတာ သူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်ရှိပုံပဲ။ သူက ဟိန်းဟောက်ပြီး ခေါင်းနှစ်လုံးနဂါးရဲ့ခေါင်းတွေကို ထိုးဖောက်လိုက်ချေတယ်။
ဒိန်း.........ဂျိန်း........
ချီလှိုင်းတွေက ပေါက်ကွဲအဆက်မပြတ် ပေါက်ကွဲထွက်လာနေတယ်။
"ဒါက အမှောင်ကြေးခွံအရှင်သခင်ထက် တကယ် ပိုသန်မာတာပဲ" လီဖူချန်းက ရေရွတ်မိသွားတယ်။
အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေဖြစ်ကြပေမဲ့ အားဘီလူးအရှင်သခင်က အားအနည်းဆုံးဖြစ်ပြီး အမှောင်ကြေးခွံအရှင်သခင်က ပိုသန်မာပါတယ်၊ ခေါင်းနှစ်လုံးဒေါသနဂါးက သူတို့နှစ်ကောင်လုံးထက် ပိုသန်မာပါတယ်။အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်သာဆိုရင် အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိပါလိမ့်မယ်။ မိုးကြိုးသားရဲသာ ကြီးထွားလာရင် သူက အဆင့်နိမ့်သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာပါ၊ သူက အချို့အဆင့်နိမ့်သူတော်စင်တွေကိုတောင် ဖိနှိပ်နိုင်လောက်တယ်။
ဒါပေမယ့် မိုးကြိုးသားရဲက အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ပါ။ အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်က အဆင့်နိမ့်မှာ ရှိနေရင် သူက အဆင့်နိမ့်သူတော်စင်အများစုကို ဖိနှိပ်နိုင်လောက်ပါတယ်။ အဆင့်နိမ့်ဖြစ်တဲ့အဆင့်မြင့်တိုင်ယန်သားရဲတစ်ကောင်က အဆင့်နိမ့်သူတော်စင်တွေကို အသာထား၊ အလယ်ဆင့်သူတော်စင်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်လောက်တယ်။
ဒါပေမယ့် လူသားတွေကြားမှာ အဆင့်ကျော်တိုက်ခိုက်နိုင်တဲ့ ပြယုဂ်အချို့လည်း ရှိပါတယ်။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်လို လူမျိုးတွေပေါ့။
အတိုချုပ်ပြောရရင် နတ်ဆိုးသားရဲ ဒါမှမဟုတ် လူသားပဲ ဖြစ်ဖြစ်၊ အဆင့်တူညီနေတာတောင်မှ ခွန်အားအားဖြင့် ခြားနားချက်တစ်ခုက တည်ရှိနေမှာပါ။
ဘုံး ဘုံး ဘုံး........
ခေါင်းနှစ်လုံးဒေါသနဂါးနဲ့ မီးလျှံနတ်ဆိုးနတ်ဘုရားတို့ကြား တိုက်ပွဲက တကယ်ကို ပြင်းထန်လွန်းလှပါတယ်။ ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ဖွတ်ပုတက်ဦးခေါင်းက မြေကြီးနဲ့မီးတာအိုဥပဒေဿတွေ ပါဝင်တဲ့ ချော်ရည်ကို မှုတ်ထုတ်နေတယ်၊ ကျရောက်သွားတဲ့နေရာတိုင်းကတော့ ကျောက်ရည်ပူတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ နဂါးခေါင်းကတော့ ရွှေရောင်မီးတောက်တွေကို ထုတ်လွှတ်နေလေတယ်၊ အဲဒါက ချော်ရည်ထက်တောင် ပို ကြောက်စရာကောင်းပါတယ်။ ရွှေမီးတောက်မှ မီးပွားတစ်ခုကတောင် ဘယ်အရာကိုမဆို ပြာအဖြစ် လောင်ကျွမ်းသွားစေနိုင်တယ်။ မီးလျှံနတ်ဆိုးနတ်ဘုရားရဲ့မီးတောက်တွေကတောင် ရွှေမီးတောက်တွေကို မခုခံနိုင်ဘူး၊ သူ့ရဲ့အနီရောင်အရေပြားက အချိန်နဲ့အမျှ လောင်ကျွမ်းသွားတော့တယ်။
ဒါပေမယ့် မီးလျှံနတ်ဆိုးနတ်ဘုရားက မလောက်လေးမလောက်စားလုပ်လို့ရမယ့် သူမျိုး မဟုတ်ဘူးလေ။ ဧရာမလက်သီးတွေက ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားတယ်၊ သူက သွေးတွေပန်းထွက်ပြီး ချာချာလည်သွားတော့တယ်။
လီဖူချန်းက မထွက်သွားပါဘူး၊ တိုက်ပွဲကို လေ့လာနေတယ်။
သူသာ ဆိုရင် ဘယ်လိုတိုက်ခိုက်မလဲပေါ့၊ လီဖူချန်းက စိတ်ကူးယဉ်ကြည့်နေတယ်၊ သူက မီးလျှံနတ်ဆိုးနတ်ဘုရား ဒါမှမဟုတ် ခေါင်းနှစ်လုံးဒေါသနဂါးတို့ရဲ့နေရာကို တစ်လှည့်စီအစားထိုးနေတာပေါ့။
နောက်ဆုံးသုံးသပ်ချက်ကတော့ ခေါင်းနှစ်လုံးဒေါသနဂါးပဲဖြစ်ဖြစ်၊ မီးလျှံနတ်ဆိုးနဂါးပဲဖြစ်ဖြစ် သူ့ကို မကိုင်တွယ်နိုင်ပါဘူး။ သူက သူတို့နှစ်ယောက်လုံးကို ဖိနှိပ်နိုင်ပါတယ်။
ပထမဆုံးအနေနဲ့ လလက်ကို ကျင့်ကြံပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက သူတို့နှစ် ယောက်လုံးထက် ပိုသန်မာပါတယ်။
ဒုတိယကတော့ လလက်ကို ရောက်ရှိပြီးနောက် သူ့ရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်လည်း အဆင့်တက်သွားပါပြီး။ ဆိုလိုတာက ခေါင်းနှစ်လုံးနဂါးရဲ့ရွှေမီးတောက်တွေက သူ့ကို အသေးစားဒဏ်ရာတွေကိုသာ ပေးနိုင်တယ်၊ ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ချော်ရည်နဲ့ မီးလျှံနတ်ဆိုးနဂါးရဲ့လက်သီးတွေကတော့ သူ့ကို ဒဏ်ရာတောင် မရစေနိုင်ပါဘူး။
"ကျူးကလန်မှာ အခြားဝှက်ဖဲတွေ ရှိအုံးမှာပါ" လီဖူချန်းက ခန့်မှန်းလိုက်တယ်။
တိုကိပွဲက နှစ်နာရီလောက် ရှိပါပြီး၊ အခုထိ အဆုံးမသတ်သေးပါဘူး။
နောက်ဆုံးမှာ ကျူးကလန်က သူတို့ရဲ့သတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။
ရုတ်တရက် မီးလျှံနတ်ဆိုးနတ်ဘုရားမှာ ဒိုင်းတစ်ခုနဲ့ မီးတောက်ဓားတစ်ခု ရရှိလာတယ်။
ဒိုင်းနဲ့မီးလျှံဓားတွေ နှစ်ခုလုံးက ကောင်းကင်အဆင့်မြင့်လက်နက်တွေဆိုတာ လီဖူချန်းက သိလိုက်ပါတယ်။
ယေဘူယျပြောရရင် ကောင်းကင်အဆင့်မြင့်လက်နက်တွေက သူတို့ရဲ့အကြီးမြတ်ဆုံးခွန်အားကို သူတော်စင်တစ်ယောက်ရဲ့လက်ထဲမှာသာ ထုတ်ဖော်နိုင်ပါတယ်။
မီးလျှံနတ်ဆိုးနတ်ဘုရားက အားနည်းတဲ့အဆင့်နိမ့်သူတော်စင်တစ်ယောက်လို့ သတ်မှတ်လို့ရတာကြောင့် သူက ကောင်းကင်အဆင့်မြင့်လက်နက်ရဲ့စွမ်းအားအများစုကို အသုံးချနိုင်ပါတယ်။
ကောင်းကင်အဆင့်မြင့်လက်နက်နဲ့အတူ မီးလျှံနတ်ဆိုးနတ်ဘုရားရဲ့ခွန်အားက အကြီးအကျယ် တိုးလာပြီး ခေါင်းနှစ်လုံးဒေါသနဂါးကို ဖိနှိပ်နိုင်လာတယ်။ ချော်ရည်နဲ့ရွှေမီးတောက်တွေက ထွက်ပေါ်လာပေမယ့် ဒိုင်းက ကာကွယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် မီးလျှံဓားက ခုတ်ပိုင်းချက်တစ်ခုကို ဖော်ထုတ်ပြီး မီးလျှံစက်ဝန်းတစ်ခုကို ပို့လွှတ်လိုက်ချေတယ်။ ဓားဒဏ်ရာတွေက ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ခန္ဓာကိုယ်မှာ ပွင့်ထွက်လာပါတယ်။
"မယုံနိုင်စရာပဲ" လီဖူချန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်မိတယ်။
လီဖူချန်းမှာလည်း ကောင်းကင်အဆင့်မြင့်ဓားရှိတယ်၊ ဒါပေမယ့် သူက အဲဒါရဲ့ခွန်အားအပြည့်ကို အသုံးမချနိုင်ပါဘူး။
အကြောင်းက သူ့ရဲ့ကျင့်ကြံခြင်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်၇မှာသာ ရှိနေလို့ပါပဲ။ မူလအစွန်းဓားစွမ်းအင်က အလွန်အားကောင်းတယ်ဆိုပေမယ့် သူက သူတော်စင်မဟုတ်သေးဘူးလေ။
ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုက အလွန်မြင့်မားပါတယ်။ သူက ကောင်းကင်အဆင့်မြင့်ဓားရဲ့ခွန်အားအပြည့်ကို မသုံးစွဲနိုင်ရင်ပင် သူ့ရဲ့ခွန်အားက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိထားပြီးပြီလေ။
ခေါင်းနှစ်လုံးဒေါသနဂါးက အဆက်မပြတ် ဟိန်းလိုက်တယ်၊ သူက တစ်ခဏတော့ မီးလျှံနတ်ဆိုးနဂါးကို ဖိနှိပ်နိုင်သွားတယ်။ ဒါပေမယ့် အချိန်တိုတိုလေးပါပဲ။
ဘန်း.........
မီးလျှံနတ်ဆိုးနတ်ဘုရားက ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ဘေးကို ချက်ချင်း ရောက်ရှိသွားပါတယ်။ ပြီးနောက် သူက ဒိုင်းနဲ့ ရိုက်ထည့်လိုက်တယ်၊ ခေါင်းနှစ်လုံးဒေါသနဂါးရဲ့ဖွတ်ပုတက်ခေါင်းက မူးဝေသွားတော့တယ်။ မီးလျှံစက်ဝန်းတစ်ခုက ထွက်လာပြန်တယ်။ ဖွတ်ပုတက်ခေါင်းက မြေပြင်ပေါ်ကို ကျသွားတော့တယ်။
ဖွတ်ပုတက်ခေါင်းကို ဆုံးရှုံးသွားရပြီးနောက် ခေါင်းနှစ်လုံးဒေါသနဂါးက ထိတ်လန့်သွားပုံရတယ်၊ သူက ချိုင့်ဝှမ်းထဲကို ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
"ထွက်ပြေးလို့မရဘူး"
မီးလျှံနတ်ဆိုးနတ်ဘုရားက ခုန်ပြီး မီးလျှံဓားနဲ့ ခုတ်ပိုင်းလိုက်တယ်၊ နဂါးခေါင်းက ပြတ်သွားရ တော့တာပေါ့။
ဒီလိုနဲ့ အရိုင်းသားရဲအရှင်သခင်တစ်ကောင်က မီးလျှံနတ်ဆိုးနတ်ဘုရားရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့တယ်။
"ကျူးကလန်က တကယ်ကို မယုံနိုင်စရာပဲ" လီဖူချန်းက ပြန်လှည့်လာလိုက်တယ်။
မီးလျှံနတ်ဆိုးနတ်ဘုရားရဲ့ခေါင်းပိုင်းက လီဖူချန်းကို သတိထားမိသွားပုံရတယ်။
မီးလျှံနတ်ဆိုးနတ်ဘုရားက ရုတ်တရက် လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။
ခရက်..........
မြေပြင်က အက်ကွဲသွားရတယ်၊ လီဖူချန်းကတော့ လွတ်မြောက်သွားပြီးပြီလေ။
***