ညဧကရာဇ်
Vol. 56 Ch. 758
တစ်လကြာပြီးနောက် လီဖူချန်းက အရိုင်းလျှို့ဝှက်နယ်မြေကို ဖော်ထုတ်ပြီးသွားပါပြီ။ ဖော်ထုတ်ခဲ့တဲ့ဧရိယစုစုပေါင်းက မိုင်၅မီလီယံလောက် ရှိပါတယ်။
ဓားသမားအစည်းအရုံးဂိုဏ်းခွဲ.......
အမှတ်၂၅၀၀၀၀ကို ရပြီးဆိုတော့ လီဖူချန်းက အဆင့်၅စမ်းသပ်ချက်ကို စတင်လို့ရပြီးပေါ့။
သူက အောင်မြင်သွားတာနဲ့ အဆင့်၆ဓားသမားတစ်ယောက်ဖြစ်လာမှာပါ။
အဆင့်၅စမ်းသပ်ချက်လိုပါပဲ၊ လီဖူချန်းက အဆင့်၆ဓားသမားရုပ်သေးကို ဓားတစ်ချက်နဲ့ လွင့်ထွက်သွားစေလိုက်တယ်။
နောက်ရက်အနည်းငယ်အတွင်း လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်ဖို့ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို စတင်အသုံးပြုလိုက်တယ်။
အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးနဲ့အတူ............
ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၈
ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉
အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးကုန်ခမ်းသွားပြီးနောက် လီဖူချန်းရဲ့ကျင့်ကြံခြင်းကလည်း ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ကို အောင်မြင်စွာ ရောက်ရှိသွားပါတော့တယ်။
လီဖူချန်းရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်ကတော့ ဟိုးအရင်ကတည်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ကို ရောက်ရှိထားပါတယ်။
ကျင့်ကြံခြင်းအဆင့်နှစ်ဆင့်တိုးလာမှုနဲ့အတူ လီဖူချန်းရဲ့ဓားတာအိုခွန်အားက အဆများစွာ ပိုသန်မာလာပါတယ်။ ပြီးတော့ သူ့ရဲ့မူလအစွန်းဓားနည်းလမ်းက အဆုံးစွန်းနဲ့ နီးကပ်နေပါပြီး။ မူလအစွန်းဓားစွမ်းအင်အားကောင်းလာလေလေ၊ သူက ကောင်းကင်အဆင့်မြင့်ဓားရဲ့စွမ်းအားကို ပို အသုံးချနိုင်လေလေပါပဲ။
"ဆောင်းဦးသစ်ရွက်မြို့ကို ပြန်ဖို့ အချိန်ရောက်ပြီး"
ရွှေသဲမြို့ မှာဖြစ်စေ၊ ဆောင်းဦးသစ်ရွက်မြို့မှာဖြစ်စေ ဓာားသမားအစည်းအရုံးဂိုဏ်းခွဲတွေက အဆင့်၃ဂိုဏ်းခွဲတွေသာ ဖြစ်ပါတယ်။ သူက အဆင့်၇ဓားသမားဖြစ်ချင်တယ်ဆိုရင်တော့ အဆင့်၂၊ အဆင့်၁ဂိုဏ်းခွဲတွေရှိရာ မြို့တွေကို သွားရပါလိမ့်မယ်။
ရက်အနည်းငယ်အတွင်း လီဖူချန်းက ဆောင်းဦးသစ်ရွက်မြို့ကို ပြန်ရောက်သွားတော့တယ်။
နောက်တစ်နေ့မနက်မှာ အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောတစ်စီးက ကောင်းကင်ပေါ်ကို တက်သွားတယ်၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အတွင်းပိုင်းကို စတင်ရွေ့လျားသွားတော့တာပေါ့။
ငွေလေသင်္ဘောမှာ ဝူရှီက ပြောလိုက်တယ်"အဆင့်မြင့်မြို့တွေကို တစ်ခါမှ မရောက်ဖူးသေးဘူး။ အဲ့နေရာတွေက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အစည်းကားဆုံးမြို့တွေလို့တော့ ကြားဖူးတယ်"
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာရှိတဲ့မြို့တွေကို အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့်ဆိုပြီး ခွဲခြားထားတယ်။
အဇူရာမြစ်မြို့နဲ့တစ်ခြမ်းပဲ့တောင်မြို့တွေက အဆင့်နိမ့်မြို့တွေပါ။ ဆောင်းဦးသစ်ရွက်မြို့နဲ့ရွှေသဲမြို့တွေက အလယ်ဆင့်မြို့တွေပါ။
ဒါပေမယ့် အစည်ကားဆုံးမြို့အများစုက အဆင့်မြင့်မြို့ဆိုတာ မသေချာပေမယ့် အဓိကမြို့တွေလို့တော့ ပြောလို့ရပါတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာ အဓိကမြို့ကိုးမြို့ရှိပါတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ကြီးလွန်းတယ်။ ဆောင်းဦးသစ်ရွက်မြို့နဲ့ အနီးဆုံးအဆင့်မြင့်မြို့ကတောင် မိုင်၅၀၀မီလီယံအကွာမှာ ရှိပါတယ်။
အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောကတောင် ထိုနေရာကို ရောက်ဖို့ နှစ်ဝက်ခန့်လိုပါတယ်။
"သူတော်စင်တွေက ရွှေ့ပြောင်းရေးနည်းလမ်းတွေကို အသုံးပြုနိုင်လောက်လား" လီဖူချန်းက အပြင်ဘက်ကို ကြည့်နေရင်း ပြောလိုက်တယ်။
ရွှေ့ပြောင်းရေးနည်းလမ်းကို ဖော်ထုတ်တဲ့အခါ ထောက်ပံ့ပေးဖို့ အားကောင်းတဲ့ချီကို လိုအပ်ပါတယ်။ လီဖူချန်းရဲ့မူလအစွန်းဓားစွမ်းအင်က ကြယ်လက်ရဲ့ချီစွမ်းအားလောက် အားကောင်းမယ်ဆိုရင်ပင် သူက ဓားရွှေ့ပြောင်းခြင်းကို ဖော်ထုတ်နိုင်ရုံမျှသာပါပဲ။ ဒါပေမယ့် အခု သူ့ရဲ့ဓားစွမ်းအင်က ချီစွမ်းအောက် နိမ့်ကျနေပြီး ဓားရွှေ့ပြောင်းခြင်းကို ဖော်ထုတ်ဖို့ မလုံလောက်ပါဘူး။
ညက ဆင်းသက်လာတာနဲ့အမျှ နတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးတွေရဲ့ဟိန်းသံတွေက စတင်ပဲ့တင်ထပ်လာပါတယ်။
အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောက ခပ်မြင့်မြင့်မှာ ပျံသန်းနေတယ်၊ ယေဘူယျအားဖြင့် ပြောရရင် နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေက အနှောင့်ယှက်မပေးနိုင်ပါဘူး။
နတ်ဆိုးသားရဲမဟာမင်း ဒါမှမဟုတ် နတ်ဆိုးမင်းတစ်ကောင်က လာရောက်နှောင့်ယှက်မယ်ဆိုရင်တောင် လီဖူချန်းက သူ့ရဲ့ဓားဆန္ဒကို ဖော်ထုတ်ပြီး သူတို့ကို သွေးမြူအဖြစ် ပြောင်းသွားစေလိုက်တယ်လေ။
သူများ အထင်မှားနေသလားကို အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က မသိပါဘူး။ သူက အေက်ခြေမရှိတဲ့မင်ကန်တစ်ခုထဲကို နစ်မြုပ်နေသလို ခံစားနေရတယ်။ ငွေလေသင်္ဘောရဲ့အရှိန်ကတောင် နှေးလာသလို ခံစားနေရတယ်။
"တစ်ခုခုတော့ မှားနေပြီး" အရိုင်းတောင်ထွတ်မဟာဧကရာဇ်က မျက်မှောင်ကြုတ်လိုက်တယ်။
"မမှားဘူး။ ဒါက စက်ကွင်းတစ်ခုပဲ" လီဖူချန်းက ကျင့်ကြံခြင်းခန်းမှ ထွက်တာ ရှားပါတယ်၊ ဒါပေမယ့် သူက အခု ငွေလေသင်္ဘောရဲ့ဦးပိုင်းမှာ ရောက်ရှိနေတယ်။
"စက်ကွင်းလား"
အရိုင်းတောင်ထွတ်မဟာဧကရာဇ်က ထိတ်လန့်သွားတယ်။ ဘယ်သူ့ရဲ့စက်ကွင်းက ဒီလောက်တောင် အားကောင်းရတာလဲ။ သူတော်စင်တစ်ယောက်များ ဖြစ်နေမလား။
လီဖူချန်းက လိပ်ပြာအသိစိတ်အာရုံကို သုံးလိုက်တယ်၊ သူက အရှေ့မှာ အရိပ်တစ်ခုကို အာရုံခံစားမိသွားတယ်။
အနက်ရောင်ဝတ်ရုံ၊အနက်ရောင်မျက်နှာဖုံးနဲ့ လျှို့ဝှက်လူတစ်ယောက်ပါ။
"မင်း ဘယ်သူလဲ" လီဖူချန်းရဲ့အသံက စက်ကွင်းကို ဖြတ်သန်းသွားလေတယ်။
"ကောင်းကလန်က မင်းကို လျှော့တွက်နေတာပဲ။ မင်းက ငါ့ကို သတိပြုမိနိုင်ပုံထောက်ရင် မင်းရဲ့ခွန်အားက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ပိုင်းမှာ ရှိတယ်လို့ဆိုလိုတာပဲ" အနက်ရောင်မျက်နှာဖုံးစွပ်လူရဲ့အသံက အေးစက်နေတယ်။
"မင်းကို သက်တံကုန်သည်အစည်းရုံးနဲ့ ကောင်းကလန်က လွှတ်လိုက်တာလား" လီဖူချန်းက မေးလိုက်တယ်။
"ငါ့ကို စေလွှတ်ဖို့။ ကောင်းကလန်မှာ အဲလို အရည်အချင်း မရှိဘူး။ ဒါပေမယ့် ကောင်းကလန်နဲ့ ဆက်စပ်နေတာတော့ အမှန်ပဲ" အနက်ရောင်မျက်နှာဖုံးစွပ်လူက ဖုံးကွယ်မနေပါဘူး။
"မင်းက လျှို့ဝှက်လုပ်ဆောင်နေပုံထောက်ရင် မင်းက အမှောင်အဖွဲ့အစည်းတစ်ခုက ဖြစ်လောက်တယ်"
လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့အမှောင်ကလန်ကို တွေးမိသွားတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာလည်း အမှောင်ကလန်တစ်ခု ရှိပုံပဲ။
သူထင်တာ မမှားရင် အမှောင်ညဧကရာဇ်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အမှောင်ကလန်က ဖြစ်လောက်တယ်။
"မှတ်ထား၊မင်းကို သတ်တဲ့သူက ညဧကရာဇ်ပဲ။ ကျန်တာတွေကိုတော့ မင်း သိစရာမလိုဘူး"
ညဧကရာဇ်က စတင်လှုပ်ရှားလာတယ်။ အနက်ရောင်နဂါးတစ်ကောင်က အမှောင်ထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းထံ ပြေးဝင်သွားလေတယ်။ ကိုယ်ယောင်ဖျောက်ထားတဲ့နဂါးနက်နဲ့ နှိုင်းယှဉ်ရင် အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောက အင်းဆက်တစ်ကောင်အလားဖြစ်ပြီး လီဖူချန်းက ဖုန်မှုန့်တစ်စက်သာသာပါပဲ။
"အမှောင်ဥပဒေဿလား" လီဖူချန်းက ပြုံးလိုက်တယ်၊ သူမမြင်နိုင်ဘူးလို့ ထင်နေပုံပဲ။
ကလန်း ကလန်း ကလန်း ကလန်း........
နဂါးနက်က ကြီးမားပြီး စွမ်းအားကောင်းတယ်။ ၎င်းက လီဖူချန်းမှ ဆယ်ပေအကွာရောက်ရုံတင်ပဲ ဓားအလင်းလွှာတစ်ခုကြောင့် ရပ်တန့်သွားရတယ်။
"မင်းရဲ့ခွန်အားအပြည့်သုံးပါ။ ဒီလိုအကွက်သေးသေးလေးက ငါ့ကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး"
"အမ်"ညဧကရာဇ်ရဲ့မျက်လုံးတွေက တောက်ပသွားချေတယ်။
ကောင်းကလန်ကသာ လီဖူချန်းကို လျော့တွက်ထားမိရုံမကဘူး၊ သူလည်းပဲ လီဖူချန်းကို လျော့တွက်ထားမိတာပဲ။
လီဖူချန်းရဲ့ခွန်အားက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်တယ်၊မဟုတ်ရင် သူက တိုက်ခိုက်မှုကို မတားဆီးနိုင်ပါဘူး။
"ညနဂါးတစ်ရာသတ်ဖြတ်ခြင်း" ညဧကရာဇ်က လက်နှစ်ဖက်နဲ့ ချိတ်ပိတ်တစ်ခုကို ပြုလုပ်ပြီး လီဖူချန်းကို ရိုက်နှက်လိုက်ပါတယ်။
မရေမတွက်နိုင်တဲ့နဂါးဟိန်းသံတွေက ထွက်ပေါ်လာတယ်။ နဂါးဟိန်းသံထွက်လာတာနဲ့ မြေပြင်ကတောင် တိတ်ဆိတ်သွားတယ်။ လူသားတွေသာ ကြောက်ရွံ့ရုံတင်မကဘူး၊ နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေကတောင် ထိတ်လန့်ပြီး အသံကျယ်ကျယ်မထွက်ရဲတော့ပါဘူး။
မရေမတွက်နိုင်လောက်တဲ့ ပျောက်ကွယ်နဂါးနက်တွေက လီဖူချန်းဆီ တိုးဝင်လာနေတယ်။ နစ်မြုပ်မှုမှ ရှောင်ရှားဖို့ အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောက ချက်ချင်း ပြန်ဆုတ်သွားရတယ်။
ညဧကရာဇ်ရဲ့ခွန်အားအပြည့်ကို ရင်ဆိုင်ရချိန်မှာတော့ လီဖူချန်းက ဓားထုတ်လိုက်ရတယ်။
ဓားကို ဝှေ့ယမ်းလိုက်တယ်၊ နေနဲ့အလားသဏ္ဍာန်တူတဲ့ ဓားအလင်းတစ်ခုက ထွန်းတောက်လာတယ်။ အမှောင်ထုက အရိပ်အယောင်မရှိ သုတ်သင်ခံလိုက်ရတယ်။ နဂါးနက်တွေအားလုံးက ပျောက်ကွယ်သွားတော့တယ်။
အလင်းကသာ အမှောင်ကို ဖယ်ရှားနိုင်တာမဟုတ်ဘူး၊ သန့်စင်တဲ့ဓားတာအိုဥပဒေဿကလည်း အမှောင်ဥပဒေဿကို ဖယ်ရှားနိုင်တယ်။
"ဘာလဲဟ" ညဧကရာဇ်က စိတ်ပျက်သွားတယ်။
သူက ဓားအာဏာရှင်ကို တစ်ကြိမ် လုပ်ကြံသတ်ဖြတ်ဖူးပါတယ်၊ ဒါပေမယ့် ဓားအာဏာရှင်ကတောင် ညနဂါးတစ်ရာသတ်ဖြတ်ခြင်းကို ဒီလောက် အလွယ်တကူ မဖယ်ရှားနိုင်ခဲ့ဘူး။
အဲဒါက နှစ်များစွာတော့ ကြာခဲ့ပါပြီး။
စိတ်ပျက်တဲ့အမူအရာကို ရုပ်သိမ်းပြီးနောက် ညဧကရာဇ်ရဲ့လက်တွေက လင်းလက်သွားတယ်၊ သူက အနက်ရောင်လက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်တယ်။
အနက်ရောင်လက်အိတ်က အားကောင်းတဲ့အမှောင်ဥပဒေဿကို ဖော်ထုတ်နေတယ်။
ကောင်းကင်အဆင့်မြင့်ပစ္စည်း အမှောင်လက်အိတ်။
"မင်း ဒီတစ်ခါ ဘယ်လိုတားမလဲ ကြည့်ရတာပေါ့"
ညနဂါးတစ်ရာသတ်ဖြတ်ခြင်းကိုပဲ ထပ်မံထုတ်ဖော်လိုက်တယ်၊ ဒါပေမယ့် အမှောင်လက်အိတ်ကြောင့် အဆများစွာ ပိုသန်မာလာတယ်။ မိုင်တစ်ရာအတွင်းရှိ ညကောင်းကင်ကတောင် ဖယ်ရှားခံလိုက်ရသလို ခံစားမိလာတယ်။ ညကောင်းကင်တစ်ခုလုံးမှာ အဆုံးမရှိနဂါးနက်တွေ ဖြစ်တည်နေလေတယ်။
ခရက် ခရက်........
အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောမှ အသံတွေ ထွက်ပေါ်လာတယ်။
ညဧကရာဇ်ရဲ့တိုက်ခိုက်မှုက အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောကို သက်ရောက်သွားတာ သိသာပါတယ်။ ဘာမှ မလုပ်ရင် ငွေလေသင်္ဘောက ပျက်စီးသွားလောက်တယ်။
အခု အရိုင်းတောင်ထွတ်မဟာဧကရာဇ်က ငွေလေသင်္ဘောကို ပြန်ဆုတ်ဖို့ ဘာမှ မလုပ်နိုင်တော့ဘူး။ မမြင်နိုင်တဲ့အားတစ်ခုက ငွေလေသင်္ဘောကို ချည်နှောင်ထားနေတယ်။
"ညဧကရာဇ်၊ မင်းက ငါ့ကို အခုမှ ဆုံတာ ကံမကောင်းတာပဲ။ ငါနဲ့စောစောတွေ့ရင်တော့ မင်းက ငါ့ကို ယှဉ်နိုင်လောက်တယ်"
လီဖူချန်းရဲ့မျက်လုံးတွေက ဓားအလင်းတွေ ဖြာထွက်သွားပါတယ်။
"ဓားပင်လယ်စက်ဝိုင်း"
ဓားခုတ်ပိုင်းချက်က ကြောက်စရာကောင်းတဲ့ဓားစက်ကွင်းတစ်ခုကို ဖြစ်လာစေပြီး ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားလေတယ်။
ညဧကရာဇ်က ဒီဟင်းလင်းပြင်ဇုန်ကို စောစောက ထိန်းချုပ်နိုင်နေတယ်၊ ဒါပေမယ့် အခု လီဖူချန်းက ဒီဟင်းလင်းပြင်ဇုန်ရဲ့အာဏာရှင်ဖြစ်သွားတော့တယ်။
လီဖူချန်းက ဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ ဒီနေရာက ဓားတာအိုဇုန်တစ်ခုဖြစ်လာတယ်။ လီဖချန်းက ဓားတာအိုဇုန်ကို ထိန်းချုပ်တဲ့ ဓားနတ်ဘုရား ဖြစ်လာတယ်။ အသက်အားလုံးက သူ့ဓားအောက်မှာပဲ။
ညကောင်းကင်က ကြေမွသွားတယ်၊ ညဧကရာဇ်ရဲ့ခန္ဓာကိုယ်က သွေးပေါက်တွေနဲ့ ပြည့်နေတယ်။ သူက မတုံ့ပြန်နိုင်ခင် သူ့ရဲ့ခန္ဓာကိုယ်ကို အဆုံးမရှိဓားအလင်းတွေက ထိုးဖောက်သွားခဲ့တယ်။ အခု သူ့ကို ကြည့်ရတာ ဖြူကောင်တစ်ကောင်ပမာပါပဲ။
"ဘယ်လိုလုပ် ဒီလောက်အားကောင်းတာလဲ" ညဧကရာဇ်က ကြောက်ရွံ့သွားတယ်။
လီဖူချန်းရဲ့ခွန်အားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဓားအာဏာရှင်ထက် ပိုသန်မာတယ်။
လီဖူချန်းကို ရင်ဆိုင်ရတာ ဓားဧကရာဇ်ကို ရင်ဆိုင်ရသလို ညဧကရာဇ်က ခံစားမိတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်က ညဧကရာဇ်က ဓားဧကရာဇ်ကို အဝေးကနေ တစ်ကြိမ် မြင်ခဲ့ရတယ်။ အကြည့်တစ်ချက်ကတောင် ညဧကရာဇ်ကို ပြန်ဆုတ်သွားစေရတယ်။
"ထွက်ပြေးရမယ်"
သူ့ကို ဖုံးဖို့ ညကောင်းကင်နဲ့အမှောင်ဥပဒေဿကို သုံးပြီး ညဧကရာဇ်က ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
"မင်း လွတ်မယ် ထင်နေတာလား"
တောက်ပသူတော်စင်လက်စွပ်ရဲ့စွမ်းအားကို ထွက်လာစေပြီးနောက် လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်။
အဆုံးမရှိဓားချီတွေက ကောင်းကင်နဲ့မြေကြီးကို ခွဲဖြတ်သွားတယ်၊ ယင်နဲ့ယန်ကို ခွဲဖြတ်တယ်၊ ညကောင်းကင်ကို ခွဲဖြတ်တယ်၊ ညဧကရာဇ်ကို ခွဲဖြတ်လိုက်တယ်။
ဖစ်........
ညဧကရာဇ်က မြူတစ်ခုပမာ ပြန့်ကျဲသွားပြီး အမှောင်ဥပဒေဿနဲ့ ပေါင်းစပ်သွားပါတယ်။
"သူက ညဘက်မှာပဲ တိုက်ခိုက်တာ အံ့ဩစရာမရှိဘူး"
လီဖူချန်းက သူက ညဧကရာဇ်ကို မသတ်နိုင်လောက်ဘူးလို့ ထင်မိတယ်။
လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကို အသုံးပြုမယ်ဆိုရင်ပင် သူက ညဧကရာဇ်ကို လက်သီးတစ်ချက်နဲ့ မသတ်နိုင်ပါဘူး။
ညဧကရာဇ်ရဲ့နောက်ဆုံးလွတ်မြောက်ရေးပညာကိုကြည့်ရသလောက် အမှောင်ရွှေ့ပြောင်းခြင်းဖြစ်လောက်တယ်။ ဒါပေမယ့် သူက အဲဒါကို ညဘက်မှာ အသုံးမပြုနိုင်ဘူး။ ဒါကြောင့် သူက ညဘက်မှသာ တိုက်ခိုက်ဖို့ ရွေးချယ်တာပေါ့။
***