← Chapters

နှင်းဆီတိမ်မြို့

Vol. 56 Ch. 759

နှင်းဆီတိမ်မြို့

Vol. 56 Ch. 759

ငွေလေသင်္ဘောဆီ ပြန်ရောက်လာပြီးနောက် လီဖူချန်းက ဆက်လက်ခရီးနှင်လိုက်‌တော့တယ်။

အဝေးရှိ မိုင်တစ်သောင်းအကွာမှာ ဒဏ်ရာရထားတဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

"ဒီလူက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးငါးယောက်အတွင်း ဝင်လောက်တယ်" ညဧကရာဇ်ရဲ့မျက်လုံးတွေမှာ မချိတင်ကဲဖြစ်မှု၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေလေတယ်။

အမှောင်ရွှေ့ပြောင်းခြင်းနဲ့ ညရဲ့အထောက်အပံ့နဲ့ဆိုရင်  မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်တစ်ဖြစ်တဲ့ကောင်းကင်ဧကရာဇ်နဲ့ ရင်ဆိုင်ရရင်တောင် သူက လွတ်မြောက်နိုင်မယ်လို့ ညဧကရာဇ်က ယုံကြည်ထားတယ်။ ဒါပေမယ့် လီဖူချန်းကို ရင်ဆိုင်ရတဲ့အခါ သူက လွတ်မြောက်နိုင်ဖို့ သေမတတ် ကြိုးစားလိုက်ရတယ်။

ဒါက သူ့ရဲ့နှလုံးသားထဲမှာ အစိုင်အခဲတစ်ခုကို ဖြစ်စေလိုက်တယ်။

အမှောင်ကလန်ရဲ့အသန်မာဆုံးလုပ်ကြံသတ်ဖြတ်သူမဟာဧကရာဇ်တစ်ယောက်အနေနဲ့ နှလုံးသားထဲမှာ အစိုင်အခဲတစ်ခုရှိနေတာ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။

"ဒီလူက သေရမယ်။ ကောင်းကလန်ရဲ့သူတော်စင်ကို ဒီလူကို ဖြေရှင်းခိုင်းရမယ်"

ညဧကရာဇ်က လီဖူချန်းရဲ့အစစ်အမှန်ခွန်အားနဲ့ပတ်သက်ပြီး ကောင်းကလန်ကို ပြောဖို့ စီစဉ်ထားတယ်။ ကောင်းကလန်က လီဖူချန်းကို အသက်ရှင်အောင် မထားဘူးလို့ သူက ယုံကြည်တယ်။

ဒါပေမယ့် အမှောင်ကလန်မှာလည်း သူတော်စင်တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အမှောင်ကလန်ရဲ့သူတော်စင်ကို ဌားရမ်းခက ကြီးမားလွန်းတယ်။ ကောင်းကလန်က တတ်နိုင်ရင်တောင် သူတို့က လုပ်လိမ့်မှာ မဟုတ်ဘူး။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်သူတော်စင်ကိုပဲ အသုံးပြုတော့မှာပေါ့။

…

အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောရဲ့အမြန်နှုန်းက လီဖူချန်းအတွက် နှေးလွန်းတယ်။ ယခု လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားနဲ့ဓားတာအိုက တစ်ဆို့နေတာကြောင့် သူက ထပ်မံမတိုးတက်နိုင်တော့ပါဘူး။ လုပ်စရာမရှိတာကြောင့် လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင် ဒါမှမဟုတ် ချီစွမ်းအားကို ငွေလေသင်္ဘောရဲ့အမြန်နှုန်းကို တိုးမြင့်ဖို့ သုံးလိုက်တယ်။ အနီးဆုံးရှိ အဆင့်မြင့်မြို့ကို ရောက်ဖို့ နှစ်ဝက်ကြာခရီးက နှစ်လလောက်နဲ့ နီးကပ်လာပါတော့ဆယ်။

နှင်းဆီတိမ်မြို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိ အဆင့်မြင့်မြို့တွေထဲမှ တစ်ခုပါ။

မြို့က မြောက်မှတောင်ထိ မိုင်တစ်သောင်းရှိပြီး အရှေ့မှအနောက်ထိ မိုင်ခုနှစ်ထောင်ရှိတယ်။ ဆောင်းဦးသစ်ရွက်မြို့နဲ့ရွှေသဲမြို့ထက် ဆယ်ဆ ပိုကြီးတယ်။ မြို့ထဲမှာ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေသောင်း‌ပေါင်းများစွာကို တွေ့ရှိရမှာပါ။ မဟာဧကရာဇ်တွေက ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီမြို့မှာ သူတော်စင်တစ်ယောက်ရှိတယ်လို့ ကောလဟာလတစ်ခုရှိတယ်၊ ဒါပေမယ့် မှန်မမှန်ကိုတော့ ဘယ်သူမှ မသိပါဘူး။

လီဖူချန်းရဲ့အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောက နှင်းဆီတိမ်မြို့ကို ရောက်ရှိတဲ့အခါ အဲဒါက လူတွေရဲ့အာရုံစူးစိုက်မှုကို မရရှိပါဘူး။ ဒီနေရာမှာ ငွေလေသင်္ဘောများစွာက ပျံသန်းနေပြီး အထွတ်အထိပ်ဆင့်ငွေလေသင်္ဘောတွေကလည်း အများကြီးရှိတယ်လေ။

"ဒါက နှင်းဆီတိမ်မြို့လား" ဝူရှီနဲ့ဝူကျောက စိတ်လှုပ်ရှားနေတော့တယ်။

နှင်းဆီတိမ်မြို့မှာ အမြင့်အားဖြင့် မိုင်များစွာရှိတဲ့ မြို့တံတိုင်းတွေ ရှိတယ်။ မြို့ဝင်‌ပေါက်က မိုင်တစ်ရာ‌‌လောက် မြင့်မားတယ်။ မြို့တံတိုင်းပတ်လည်ကို အဖြူရောင်တိမ်တွေက ဝန်းရံထားတယ်။ မြို့အထက် ကောင်းကင်မှာ ဧရာမနှင်းဆီရောင်တိမ်တွေ ရှိနေပြီး ထိုတိမ်တွေအထက်မှာ နန်းတော်တွေ၊ အဆာက်အဦးတွေ တည်ရှိနေတယ်။

ဖော်ပြချက်တစ်ခုပေးရရင် နှင်းဆီတိမ်မြို့က မဟာဆန်ခြင်းနဲ့ ကောင်းကင်ဘုံကို ပေါင်းစပ်ထားခြင်းတစ်မျိုးပါပဲ။ ဒီနေရာက အခြားကမ္ဘာတစ်ခုလို့တောင် ထင်ရပါတယ်။

"အဆင့်မြင့်မြို့တစ်မြို့ဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်" လီဖူချန်းက အလိုအလျောက် ခေါင်းညိတ်မိသွားတယ်။

သူက ဝူရှီ၊ ဝူကျောနဲ့ အခြားသူတွေလိုမျိုး အလွန်အံ့အားသင့်ခြင်း၊ စိတ်တုန်လှုပ်ခြင်းတော့ မရှိပါဘူး။

ခွန်အားက လူတစ်ယောက်ရဲ့အကန့်အသတ်ကို ဆုံးဖြတ်တယ်။ သူ့အတွေ့အကြုံက သာမန်လူတွေရဲ့အထက်မှာ ရှိတယ်။

အဆင့်မြင့်မြို့တစ်မြို့ကို အသာထား၊ သူ့ရှေ့မှာ အဓိကမြို့တစ်ခုရှိနေရင်တေင် သူ့စိတ်က လှုပ်ယမ်းသွားမှာ မဟုတ်ဘူး။

လူတစ်ယောက်ရဲ့ခွန်အားက အဆင့်တစ်ခုကို ရောက်သွားတာနဲ့ ထိုမြင်ကွင်းတွေက အလှသက်သက်ပါပဲ။

လီဖူချန်းရဲ့ရည်မှန်းချက်က စကြာဝဠာဖြစ်ပြီး ဒီပလိန်းက စမှတ်သာဖြစ်တယ်။

"အထဲဝင်ကြ‌ရအောင်" လီဖူချန်းက ပြောလိုက်တယ်။

‌ငွေလေသင်္ဘောကို သိမ်းပြီးနောက် သူတို့အဖွဲ့က မြို့ဝင်ပေါက်ဆီ လျှောက်သွားလိုက်တယ်။

အဆင့်မြင့်မြို့တစ်မြို့အနေနဲ့ နှင်းဆီတိမ်မြို့ရဲ့အစီအရင်က အဆင့်၉အလယ်ဆင့်အစီအရင်ပါ။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာတောင် အဆင့်၉အလယ်ဆင့်အစီအရင်သူတော်စင်က တစ်ယောက်သာ ရှိပါတယ်။

ဒါပေမယ့် နှင်းဆီးတိမ်မြို့ရဲ့အစီအရင်ကို လွန်ခဲ့တဲ့နှစ်များစွာကတည်းက တည်ဆောက်ထားခဲ့ခြင်းပြီး လက်ရှိအဆင့်၉အလယ်ဆင့်အစီအရင်သူတော်စင်က ပြုလုပ်ထားခြင်း မဟုတ်ပါဘူး။

နှင်းဆီတိမ်မြို့ထဲမှာ မျက်လုံးထဲကို ဝင်လာတဲ့ပထမဆုံးအရာက အကျယ်အားဖြင့် မိုင်တစ်ရာလောက်ရှိတဲ့ ကျောက်စိမ်းဖြူလမ်းတစ်ခုပါ။ ထိုနေရာမှာ လူတွေနဲ့ ပျာပန်းခတ်သက်ဝင်လှုပ်ရှားနေတယ်။ ဒါပေမယ့် လမ်းက လုံလုံလောက်လောက် ကျယ်တာကြောင့် ကျပ်သိပ်ခြင်း မရှိပါဘူး။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ ဒီနေရာမှာ ဧကရာဇ်တစ်ရာကျော်၊ မဟာဧကရာဇ်များစွာရှိတာကို သတိပြုမိသွားတယ်။နှင်းဆီတိမ်မြို့ရဲ့အခြားလမ်းတွေမှာလည်း အလားတူပါပဲ။

မူလပင်လယ်နယ်ပယ်ဘုရင်တွေအနေနဲ့ လမ်းက သူတို့နဲ့တင် ပြည့်နေတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ မူလပင်လယ်နယ်ပယ်ဘုရင်တစ်ယောက်ဖြစ်ဖို့က လွယ်လွန်းတယ်။ လူတစ်ယောက်ရဲ့အရိုးတည်ဆောက်ပုံက ကြယ်ငါးလုံးရှိတာနဲ့ သူက မူလပင်လယ်နယ်ပယ်ကို ရောက်ရှိဖို့ မျှော်လင့်ချက် ရှိတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ပတ်ဝန်းကျင်ကြောင့် မွေးဖွားလာတဲ့ကလေးအများစုက ကြယ်လေးလုံး ဒါမှမဟုတ် ကြယ်ငါးလုံး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ကြတယ်။ ကြယ်ငါးလုံးအောက်အရိုးတည်ဆောက်ပုံရှိသူက အလွန်ရှားပါတယ်။

"ပတ်ဝန်းကျင်က အရာအားလုံးကို ဆုံးဖြတ်တာလား" လီဖူချန်းက အတွေးနက်နေလေတယ်။

"ဒါက ပုံမှန်မဟုတ်ဘူး" လီဖူချန်းက မျက်မှောင်ကြုတ်မိသွားတယ်။

"ဖြစ်နိုင်တာ ပြန်လည်မွေးဖွားသူတွေကြောင့်လား" လီဖူချန်းက ရန်ချင်းဟူက သတိရသွားတယ်။

ရန်ချင်းဟူက အရှေ့ယူနီကွန်တိုက်ကြိီးမှာ ပြန်လည်မွေးဖွာဖို့ ပြန်လည်မွေးဖွားခြင်းလျှို့ဝှက်ပညာတစ်ခုကို အသုံးပြုခဲ့‌သလို အခြားတိုက်ကြီးတွေမှာလည်း ပြန်လည်မွေးဖွာသူတွေ ရှိတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်း မှတ်ဉာဏ်အားလုံးက ဖယ်ရှားခံရမှာပါ။

ကောင်းကင်ကို ကြည့်လိုက်ရာ လီဖူချန်းက ပလိန်းစိတ်တန်ခိုးစွမ်းအားကို ခံစားမိသွားတယ်။

တိုက်ကြီးမှာလည်း စိတ်တန်ခိုးစွမ်းအားရှိသလို ပလိန်းမှာလည်း စိတ်တန်ခိုးစွမ်းအား ရှိလောက်တယ်။

ဒါပေမယ့် တိုက်ကြီးစိတ်တန်ခိုးစွမ်းအားဖြစ်ဖြစ် ပလိန်းစိတ်တန်ခိုးစွမ်းအားဖြစ်ဖြစ် သူတို့မှာ အသိဉာဏ်မရှိပါဘူး။ သူတို့က စနစ်တကျလည်ပတ်နေတဲ့ ကောင်းကင်တာအိုတစ်ခုနဲ့ တူပါတယ်။ တိုက်ကြီး သို့မဟုတ် ပလိန်းက ခြိမ်းခြောက်ခံရတာနဲ့ စိတ်တန်ခိုးစွမ်းအားက ပေါက်ကွဲထွက်လာပြီး ရန်သူကို ဖျက်ဆီးဖို့ အာရုံစိုက်လာမှာပါ။

အဆင့်မြင့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားက သူတော်စင်တွေကို စိုးရိမ်ကြောင့်ကြ‌စေဖို့ လုံလောက်ပါတယ်။ ပလိန်းစိတ်တန်ခိုးစွမ်းအားဆိုရင်တော့ နတ်ဘုရား‌တွေတောင် မရင်ဆိုင်နိုင်ပါဘူး။

လီဖူချန်းက ရွှေအဆောင်ကို အလိုအလျောက် တွေးမိသွားတယ်။

ရွှေအဆောင်ကို ဒီစကြာဝဠာက ပိုင်ဆိုင်တာမဟုတ်ဘူးလို့ လီဖူချန်းက သိနေတယ်။ ဒီစကြာဝဠာကဲ့အမြင့်ဆုံးသိုင်းတာအိုနယ်ပယ်က ဝိညာဉ်ပေါင်းစည်ခြင်းနယ်ပယ် ဖြစ်လို့ပါပဲ။

ကောင်းကင်ဘုရားသခင်တွေနဲ့အကြိုနတ်ဘုရားတွေက ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်ရဲ့အထွတ်အထိပ်မှာ ရှိတယ်။

ဒါ့အပြင် ရွှေ‌အဆောင်က သူ့ရဲ့စိတ်ဝိညာဉ်ကို ခရမ်းရောင်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲပေးနိုင်တယ်၊ အဲဒါကို အကြိုနတ်ဘုရားတွေကတောင် မအောင်မြင်နိုင်ပါဘူး။ အကြိုနတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်က အကောင်းဆုံး အပြာလောက်သာ၊ သူ‌တော်စင်တွေရဲ့စိတ်ဝိညာဉ်က အစိမ်းလောက်သာ ဖြစ်နိုင်တယ်။

"ဒဏ္ဍာရီထဲမှာ၊ ဝိညာဉ်ပေါင်းစည်ခြင်းနယ်ပယ်ရဲ့အထက်က နတ်ဘုရားနယ်ပယ်ဖြစ်တယ်" လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပသွားတော့တယ်။

***

All Chapters