သွေးစုပ်နတ်ဆိုးဧကရာဇ်
Vol. 56 Ch. 760
နှင်းဆီတိမ်မြို့ကို ရောက်လာပြီးဆိုတော့ လီဖူချန်းက အိမ်ယာတစ်ခုကို ဝယ်ယူလိုက်တယ်။
အဆင့်မြင့်မြို့တစ်မြို့အနေနဲ့ ဒီနေရာမှာရှိသမျှက အလွန်ဈေးကြီးတယ်။ သာမန်လူတွေက ဝင်း သေးသေးတွေမှာသာ နေနိုင်တယ်။ ဝင်းကြီးတစ်ခုကို ဝယ်နိုင်ရင် ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်ကို ချမ်းသာတယ်လို့ ဆိုကြတယ်။ စံအိမ်တွေကို ဝယ်နိုင်သူတွေက အနည်းဆုံးအဆင့်မြင့်ဧကရာဇ်တွေ ဖြစ်ကြတယ်။ အိမ်ယာတွေကို ဝယ်နိုင်သူက အနည်းဆုံး မဟာဧကရာဇ်တွေ ဖြစ်ကြတယ်။
လီဖူချန်းဝယ်ယးခဲ့တဲ့အိမ်ယာက နှင်းဆီတိမ်မြို့တစ်ခုလုံးမှာတောင် ရှားပါးတယ်။ ယခင်ပိုင်ရှင်က နှင်းဆီတိမ်မြို့မှာ အဆင့်မြင့်မားတဲ့ မဟာဧကရာဇ်တစ်ယောက်ပါ။ မူလပိုင်ရှင်က မြို့ကနေ ရွှေ့ပြောင်းလိုတာကြောင့် ရောင်းချခဲ့ခြင်း ဖြစ်တယ်။ အဲအတွက် လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးရှစ်မီလီယံကို ပေးချေခဲ့ရတယ်။
"ဒါ အရမ်းလှတယ်" ဝူရှီနဲ့ဝူကျောက လှည့်ပတ်နေတော့တယ်။
အိမ်ယာက စတုရန်းမီတာတစ်သောင်းလောက်ရှိပြီး ဆောင်းဦးသစ်ရွက်မြို့ရှိ သူတို့ရဲ့ခြံဝင်းထက် အဆများစွာ ပိုကြီးတယ်။ ရေပန်းအစီအရင်တစ်ခုလည်း ရှိပြီး ရှာပါးတဲ့အပင်တွေများစွာကို တွေ့လိုက်ရတယ်။ အဆောက်အဦးတစ်ခုပါရှိတဲ့ ရေကန်လေးတစ်ခုတောင် ရှိတယ်။ ရေကန်ရဲ့တစ်ဝက်ကို ကြာပန်းတွေနဲ့ လွှမ်းခြုံထားတယ်။
နှင်းဆီတိမ်မြို့မှာ ကြီးမားတဲ့အိမ်ယာတစ်ခုကို ပိုင်ဆိုင်ခြင်းက လူတစ်ယောက်ရဲ့အဆင့်အတန်း သင်္ကေတတစ်ခုပါပဲ။
လီဖူချန်းက အပေါ်ယံအရာတွေကို ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် နေရာကျယ်ကျယ်ရှိတော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ဓားလေ့ကျင့်တဲ့အခါ အကန့်အသတ်ဖြစ်နေရတယ်။
"ဒီနေရာမှာ အစီအရင်တွေက များလှချည်လား" လီဖူချန်းက ရယ်လိုက်တယ်၊ ဒီအိမ်ယာမှာ အစီးအရင်တွေ ဆယ့်နှစ်ခုကျော် ရှိနေတယ်။
ရေပန်းအစီအရင်မှာ ရေစီးဆင်မှုကို လှည့်ပတ်စေတဲ့၊ ဖိအားမြှင့်တင့်ပေးတဲ့ သက်ရောက်မှုတွေ ရှိတယ်။ ရေကန်ရဲ့အောက်ခြေမှာ သန့်စင်အစီအရင်တစ်ခုနဲ့ စွမ်းအင်စုဆောင်းအစီအရင်တစ်ခု ရှိတယ်။ လေ့ကျင့်ရေးကွင်းအနေနဲ့ စွမ်းအားကို ကြံကြံခံစေတဲ့၊ တွန်းကန်စေတဲ့ အစီအရင်တွေ ရှိတယ်။
ဝူရှီ၊ ဝူကျောနဲ့ အခြားသူတွေကို အခြေချဖို့ ကူညီပေးပြီးနောက် လီဖူချန်းက ဓားသမားအစည်းအရုံးကို သွားရောက်လိုက်တယ်။
နှင်းဆီတိမ်မြို့ရဲ့ဓားသမားအစည်းရုံးက အဆင့်၂ဂိုဏ်းခွဲဖြစ်ပြီး နှင်းဆီမြို့ရဲ့ထိပ်တန်းဂိုဏ်းတွေထဲက တစ်ခုပါ။ သူတို့မှာ ထူးခြားတဲ့အဆင့်အတန်းရှိပြီး သူတော်စင်တစ်ယောက်ကတောင် ဓားသမားအစည်းအရုံးကို ပြဿနာရှာဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် ဓားသမားအစည်းအရုံးက သူတို့ရဲ့ဓားတာအိုသူတော်စင်ကို စေလွှတ်ပြီး အမဲလိုက်သတ်ဖြတ်စေနိုင်တယ်။
မစ်ရှင်ခန်းမမှာ လီဖူချန်းက အဆင့်မြင့်မစ်ရှင်ရှိရာကို ရောက်လာတယ်။
အဆင့်၇ဓားသမားတွေက ဘယ်အဆင့်မြင့်မြို့မှာမဆို ရှားပါတယ်၊ ဒါကြောင့် ဒီအဆင့်မြင့်မစ်ရှင်တော်တော်များများကို အဆင့်၆ဓားသမားတွေက လုပ်ဆောင်နိုင်တယ်။
"သွေးစုပ်နတ်ဆိုးဧကရာဇ်ကို သတ်ပြီး သက်သေအနေနဲ့ သူ့ဦးခေါင်းကို ပြန်ယူလာပါ။ ဆုလာဒ်အနေနဲ့ အစည်းရုံးမှတ်တစ်သိန်း"
ဓားသမားအစည်းအရုံးက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ လမ်းအမှန်ဆုံးဂိုဏ်းတစ်ခုလို့ ဆိုကြတယ်၊ သတ်ဖြတ်ခြင်းမစ်ရှင်အချို့ကို ထုတ်ပြန်လေ့ရှိပြီး ပစ်မှတ်အားလုံးက နတ်ဆိုးတာအိုကျင့်ကြံသူတွေပဲ။ ဒီသွေးစုပ်နတ်ဆိုးဧကရာဇ်က အလွန်ပြောင်မြောက်တယ်။ သူက မဟာဧကရာဇ်သတ်မှတ်ချက်မှာ မပါဝင်ပေမယ့် သူ့ခွန်အားက အနည်းဆုံး ထိပ်ဆုံးနှစ်ထောင်အတွင်း ဝင်တယ်။
မစ်ရှင်စာရွက်ကို ဆုတ်ဖြဲပြီးနောက် သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့ရုပ်ပုံနဲ့ချီတည်ရှိမှုပါတဲ့ကျောက်စိမ်းစာလိပ်တစ်ခုကို လီဖူချန်းက ယူလာတယ်။
လီဖူချန်းက နှင်းဆီတိမ်မြို့က ထွက်ပြီး သွေးစုပ်နတ်ဆိုးဧကရာဇ် မကြာသေးမီက ထွက်ပေါ်လာတဲ့ မြို့လေးဆီ ဦးတည်လိုက်တယ်။
သွေးစုပ်နတ်ဆိုးဧကရာဇ်က အလွန်ပါးနပ်တယ်၊ သူက မြို့ကြီးတွေကို ဘယ်တော့မှ မလာဘူး။ သူက မြို့ငယ်လေးတွေရှိ အထူးရုပ်ပိုင်းဆိုင်ရာရှိသူတွေ၊ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေရဲ့ သွေးအဆီအနှစ်ကို စုပ်ယူလေ့ရှိတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အရွယ်အစားအရ သွေးစုပ်နတ်ဆိုးဧကရာဇ်ကို သတ်ဖို့ အသာထား၊ ရှာတွေ့ဖို့တောင် ခက်ခဲလွန်းတယ်။
လီဖူချန်းရဲ့ခွန်အားအရ သူက မြန်နှုန်းအပြည့်နဲ့ ခရီးနှင်ရင် အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောထက် ဆယ်ဆပိုမြန်တယ်။ ရက်အနည်းငယ်အတွင်း သူက ပန်းတိုင်ကို ရောက်သွားတယ်။
ဒါပေမယ့် သွေးစုပ်နတ်ဆိုးဧကရာဇ်က ဒီနေရာမှာ မရှိတော့ပါဘူး၊ သူက နေရာတစ်နေရာမှာ အကြာကြီးနေလေ့မရှိဘူးလေ။
ဒါပေမယ့် သူက ဒီနေရာမှာ ခဏတစ်ဖြုတ်နေခဲ့တာကြောင့် လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ခြေရာခံနိုင်တယ်။ ဒါက လီဖူချန်းရဲ့အားသာချက်ပါပဲ။
လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့ကျန်ရှိနေတဲ့ချီတည်ရှိမှုကို အမြန်ထိန်းသိမ်းလိုက်တယ်။ လီဖူချန်းက တိကျတဲ့ဦးတည်ဘက်ကို ရှာတွေ့ပြီး ချီတည်ရှိမှုနောက်ကို လိုက်သွားလေတယ်။
လဝက်ခန့်ကြာပြီးနောက်.........
ချီတည်ရှိမှုက ပိုနီးကပ်လာနေတယ်။ ဒါကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ချန်ထားခဲ့တာ ဖြစ်ရမယ်" လီဖူချန်းရဲ့မျက်လုံးများက လင်းလက်သွားတယ်။
ဒီနေ့မှာတော့ လီဖူချန်းက အဝေးမှ စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိတယ်။
"ဒီချီတည်ရှိမှု.........ဒါ သွေးစုပ်နတ်ဆိုးဧကရာဇ်မလား"
စွမ်းအင်လှိုင်းမှာ ချီတည်ရှိမှုအရိပ်အငွေ့တွေနဲ့ ရောနှောနေပြီး ပုံစံနှစ်မျိုးရှိနေတယ်။ ချီတည်ရှိမှုတစ်ခုက သွေးစုပ်နတ်ဆိုးဧကရာဇ် ပိုင်ဆိုင်ထားတာပဲ။
အဝေးရှိ မိုင်တစ်သောင်းအကွာမှာ ပုံရိပ်နှစ်ခုက တိုက်ခိုက်နေတယ်။
သူတို့ထဲက တစ်ယောက်က ကောက်ကျစ်တဲ့မျက်လုံး၊ ပေါင်ဒါမှုန့်တွေ လိမ်းကျံထားတဲ့ အဖြူရောင်မျက်နှာနဲ့ သက်လတ်ပိုင်းရွယ်လူတစ်ယောက်။ အခြားတစ်ယောက်က လှပတင့်တယ်တဲ့အမျိုးသမီးတစ်ယောက်၊ မဟာဆန်ပြီးသန့်စင်တဲ့ ချီတည်ရှိမှုတစ်ခု ရှိတယ်။
"သွေးစုပ်နတ်ဆိုးဧကရာဇ်၊ ဒီတစ်ကြိမ် နင် ဘယ်ပြေးမလဲ ကြည့်ရတာပေါ့"လှပတဲ့အမျိုးသမီးက ဓားပါးတစ်ချောင်းကို ကိုင်ထားပြီး သွေးစုပ်နတ်ဆိုးဧကရာဇ်ကို အဆုံးမရှိဓားအရိပ်တွေနဲ့ ဖုံးလွှမ်းထားပါတယ်။
သွေးစုပ်နတ်ဆိုးဧကရာဇ်က တခစ်ခစ်ရယ်နေတယ်၊ သူ့ရဲ့ခန္ဓာကိုယ်က ဓားအရိပ်တွေကြားမှာ လူးလာသွားလာနေသလို အမြင်မှားနေရတယ်။ "မြင့်မြတ်နှလုံးသားပန်းခြံကလည်း ငါ့ကို လိုက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ မြင့်မြတ်နှလုံးသားပန်းခြံမှ တပည့်အချို့ရဲ့သွေးကို ငါ မစုပ်ခဲ့ဘူးလေ"
အမျိုးသမီးက ဒေါသတွေ ထွက်လာနေပုံရတယ်၊ သူမရဲ့ဓားအနုပညာက ပိုပိုကြမ်းတမ်းလာနေတယ်။
သွေးစုပ်နတ်ဆိုးဧကရာဇ်က သွေးတွေကို မစုပ်ခဲ့ဘူး၊ သူက ဂျူနီယာတပည့်တွေရဲ့ယင်စွမ်းအင်ကို ထုတ်ယူပြီး သူတို့ကို မရှူမလှသေစေခဲ့တယ်။
ဒါပေမယ့် သူမရဲ့ဓားအနုပညာက သွေးစုပ်နတ်ဆိုးဧကရာဇ်ကို မယှဉ်နိုင်တာကို အမျိုးသမီးက လျင်မြန်စွာ သိသွားတယ်။ သတင်းအချက်အလက်တွေအရ သွေးစုပ်နတ်ဆိုးဧကရာဇ်က မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်နှစ်ထောင်အတွင်းမှာ ရှိတယ်။ အခုကြည့်ရသလောက် သူက ထိပ်ဆုံးတစ်ထောင်အတွင်းမှာ ရှိနေတာပဲ။
"ကြည့်ရတာ မင်း သတိပြုမိသွားပုံပဲ။ ဟုတ်တယ်၊ ငါ့ခွန်အားက ထပ်မံတိုးတက်လာပြီး"
သွေးစုပ်နတ်ဆိုးဧကရာဇ်က ရယ်ကာ ပြောလိုက်တယ်" လွန်ခဲ့တဲ့တစ်လကတည်းက ငါ့ရဲ့သွေးစုပ်နတ်ဆိုးနည်းလမ်းက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီး။ မင်းကိုအသာထား၊ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံး၁၀၀ပတ်လည်ကသူတွေတောင် ငါ့ကို မရင်ဆိုင်နိုင်တော့ဘူး"
ပြောနေရင်း သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့ခန္ဓာကိုယ်က တုန်ခါသွားတယ်၊ မရေမတွက်နိုင်တဲ့ကိုယ်ပွားတွေက အမျိုးသမီးထံ ဝင်လာတယ်။
ဖစ် ဖစ် ဖစ် ဖစ်...........
အမျိုးသမီးရဲ့ဓားက သွေးစုပ်နတ်ဆိုးဧကရာဇ်များစွာကို ထိုးဖောက်သွားတယ်၊ ဒါပေမယ့် အားလုံးက အတုတွေပါပဲ။
"ငါ့ကို ပြော ၊ငါ မင်းကို ဘယ်လို လုပ်ရမလဲ"
ရေခဲလက်တစ်ခုက အမျိုးသမီးရဲ့လည်ပင်းကို အနောက်မှ ဆုပ်ကိုင်လိုက်တယ်။ ဖျစ်ညှစ်ချက်တစ်ခုက အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို တောင့်သွားစေတယ်။ သူမရဲ့ချီသွေးက အေးခဲသွားသလိုဖြစ်ပြီး သူမက မလှုပ်ရှားနိုင်တော့ဘူး။
သွေးစုပ်နတ်ဆိုးဧကရာဇ်က ပြောလိုက်တယ်"ဒီလိုအလှလေး။ မင်းလေးရဲ့သွေးကို တိုက်ရိုက်စုပ်ယူရမှာ သနားရာပဲ။ ငါ မင်းလေးနဲ့ တစ်လလောက်တော့ ကစားလိုက်အုံးမယ်"
အမျိုးသမီးက ကြောက်ရွံ့သွားတယ်။ သူမရဲ့နှလုံးနဲ့သွေးကြောတွေကို ပေါက်ကွဲထွက်စေဖို့ သူမက ချီကို အပြင်းအထန် လည်ပတ်စေလိုက်တယ်။
သွေးစုပ်နတ်ဆိုးဧကရာဇ်က ပြုံးလိုက်တယ်၊ သူက သွေးစုပ်နတ်ဆိုးချီကို အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တယ်။ "မင်းက သေချင်နေတာလား။ အဲလောက်မလွယ်ဘူး"
သူမရဲ့ချီ ချိတ်ပိတ်ခံသွားရတာကို မြင်ပြီး အမျိုးသမီးက စိတ်ပျက်သွားသလို နောက်တလည်း ရနေတယ်။ ဒီလိုဖြစ်မယ်မှန်းသိရင် သူမက သူမရဲ့စီနီယာချူချင်းယန်နဲ့အတူ လှုပ်ရှားမှာပေါ့။ အခု သူမ သေချင်တောင် သေခွင့်မရှိတော့ဘူး။
သွေးစုပ်နတ်ဆိုးဧကရာဇ်က ထွက်သွားဖို့ ပြင်ဆင်နေစဉ်မှာ လီဖူချန်းက ရောက်ရှိလာတယ်။
"မင်းက သွေးစုပ်နတ်ဆိုးဧကရာဇ်လား" လီဖူချန်းက သွေးစုပ်နတ်ဆိုးဧကရာဇ်နဲ့ သူ့လက်ထဲက အမျိုးသမီးကို တစ်ချက်ကြည့်လိုက်တယ်
"မင်း ဘယ်သူလဲ" သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့မျက်လုံးတွေက ထူးဆန်းတဲ့အကြည့်နဲ့အတူ လင်းလက်သွားတယ်။
"ဒီလိုအကွက်လေးတွေ ငါ့ကို လာမသုံးနဲ့"
မလှုပ်နဲ့ မဟုတ်ရင် ငါ သူမကို သတ်လိုက်မယ်" သွေးစုပ်နတ်ဆိုးဧကရာဇ်က လီဖူချန်းကို ခြိမ်းခြောက်လိုက်တယ်။
"မင်း အဲလို မလုပ်နိုင်ဘူး"
အသံတစ်ခုက သွေးစုပ်နတ်ဆိုးဧကရာဇ်အနောက်မှာ ပဲ့တင်ထပ်လာတယ်။ သံနဲ့တူတဲ့လက်ဝါးတစ်ခုက သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်၊ သွေးစုပ်နတ်ဆိုးဧကရာဇ်က သူ့ရဲ့ဆုပ်ကိုင်ထားမှုကို လက်လွှတ်လိုက်ရတယ်။ အမျိုးသမီးက ချက်ချင်း လွတ်မြောက်သွားတယ်။
"မင်း အတိအကျ ဘယ်သူလဲ"
သွေးစုပ်နတ်ဆိုးဧကရာဇ်က ကြောက်ရွံသွားတယ်၊ သူက သူ့ရဲ့သွေးစုပ်နတ်ဆိုးချီကို ကမန်းကတန်း လှည့်ပတ်လိုက်တယ်။ ဒါပေမယ့် သူက စောစောက အမျိုးသမီးလို ဖြစ်နေတာကို သိလိုက်ရတယ်။ သူက ချီကို မလှည့်ပတ်နိုင်တော့ဘူး။ သူက မျက်လုံးတောင် မမှိတ်နိုင်တော့ပါဘူး။
***