← Chapters

ဓားပြိုင်ပွဲ

Vol. 56 Ch. 761

ဓားပြိုင်ပွဲ

Vol. 56 Ch. 761

သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့ခေါင်းကို ရရှိပြီးနောက် လီဖူချန်းက ထွက်ခွာဖို့ ပြင်လိုက်တယ်။

"ကျွန်မက မြင့်မြတ်နှလုံးသားပန်းခြံမှ မြောင်ရွှယ်ချင်းပါ၊ ကျွန်မကို ကယ်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်" မြောင်ရွှယ်ချင်းက လီဖူချန်းကို ဂါဝရပြုလိုက်လေတယ်။

"မင်းက မြင့်မြတ်နှလုံးသားပန်းခြံရဲ့တပည့်တစ်ယောက်လား"

ချူချင်းယန်လည်း မြင့်မြတ်နှလုံးသားပန်းခြံကပဲလေ။

"ဟုတ်ပါတယ်" မြောင်ရွှယ်ချင်းက ခေါင်းညိတ်လိုက်တယ်။

"ဒါဆို မင်း ချူချင်းယန်ကို သိလား"

မြောင်ရွှယ်ချင်းလည်း အံ့ဩသွားလေတယ်"သခင်လေးက စီနီယာချင်းယန်ကို သိတာလား"

"ဟုတ်တယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတယ်"

အချိန်အနည်းငယ်ကြာ စကားပြောဆိုပြီးနောက် လီဖူချန်းက ထွက်ခွာဖို့ ပြင်လိုက်တယ်။ သူနဲ့ချူချင်းယန်က သာမန်မိတ်ဆွေတွေလောက်ပါပဲ။ အနာဂတ်မှာ ဆက်သွယ်မှုတွေ ပြုလုပ်စရာ မလိုပါဘူးလေ။

"သခင်လေးရဲ့နာမည်ကို သိလို့ရမလား"

လီဖူချန်းက ပြန်မလှည့်တော့ပါဘူး၊ သူက ဖြေလိုက်တယ်"လီဖူချန်း"

"လီဖူချန်းလား"

မြောင်ရွှယ်ချင်းက ဒီနာမည်ကို နက်နက်ရှိုင်းရှိုင်း မှတ်ထားတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ မရေတွက်နိုင်တဲ့ပြယုဂ်တွေ ရှိပေမယ့် သူက နတ်ဘုရားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်တစ်ခုကို လီဖူချန်းက သူမကို ပေးစွမ်းတယ်။ သူက ဆန်းကြယ်တယ်၊ အားကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်။

...

တစ်လ‌တောင်မရှိ‌သေးဘဲ လီဖူချန်းက သွေးစုပ်နတ်ဆိုးဧကရာဇ်ရဲ့ဦးခေါင်းနဲ့အတူ ပြန်ရောက်လာတယ်။ ဒီလိုအရှိန်က အစည်းအရုံးရဲ့အထက်လူကြီးတွေကို အံ့ဩတုန်လှုပ်သွားစေတယ်။ သူတို့က လီဖူချန်းရဲ့မှတ်တမ်းကို ကြည့်လိုက်ကြတယ်၊ သူက ဓားတစ်ချက်နဲ့ အဆင့်၆ဓားသမားရုပ်သေးကို လွင့်ထွက်စေပြီး အဆင့်၇ဓားသမားတစ်ယောက်ရဲ့ခွန်အားမျိုး ပိုင်ဆိုင်တာကို သတိပြုမိသွားကြတော့တယ်။

"အံ့ဩစရာမရှိပါဘူးလေ" ဓားသမားအစည်းအရုံးရဲ့အထက်လူကြီးတွေက နားလည်သွားကြတယ်။

အဆင့်၂ဓားသမားအစည်းအရုံးဂိုဏ်းခွဲမှာ မစ်ရှင်တွေအများကြီးရှိတယ်။ လီဖူချန်းက အဆင့်မြင့်တစ်ခုကို လတ်တလော ယူထားတယ်။ သူ့ရဲ့မစ်ရှင်ပြီးမြောက်ချိန်ကလည်း တစ်လကို ဘယ်တော့မှ မကျော်ပါဘူး။

ဒီလအနည်းငယ်အတွင်း လီဖူချန်းရဲ့အစည်းအရုံးမှတ်က ခြောက်သိန်းရှိလာတယ်။ သူက အဆင့်၇ဓားသမားဖြစ်ဖို့ တစ်ဝက်သာ လိုပါတော့တယ်။

...

လီဖူချန်းက မစ်ရှင်တွေကို ဆက်မလုပ်တော့ပါဘူး၊ သူက အိမ်ယာထဲမှာ နေနေလေတယ်။

"ငါ‌ နောက်ဆုံးတော့ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ရဲ့အထွတ်အထိပ်ကို ရောက်ရှိသွားပြီး" လျှို့ဝှက်အခန်းတစ်ခန်းထဲမှာ လီဖူချန်းက အသက်ကို ရှုထုတ်လိုက်ချေတယ်။

သည်လအနည်းငယ်အတွင်းမစ်ရှင်တွေက သူ့ကို အစည်းရုံးအမှတ်တွေ ရစေရုံတင်မကဘူး၊ သူ့ကို အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးနဲ့  ကြယ်ဝမှု‌များစွာကို ‌ရလာစေတယ်။ သူတို့ထဲက တစ်ခုက သွေးစုပ်နတ်ဆိုးဧကရာဇ်က ဖြစ်တယ်။

သူ့ရဲ့ကျင့်ကြံခြင်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်၉ကို ရောက်ရှိသွားတာနဲ့ တိုးတက်ဖို့က အလွန်ခက်ခဲလာတယ်။ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးက သူ့ကို ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ရဲ့အထွတ်အထိပ်ကိုသာ ရောက်ရှိဖို့ လုံလောက်တယ်။ ဒါ့ပြင် ကျင့်ကြံခြင်းမှာ သူ့ရဲ့လုံ့လဝီရိယလည်း လိုအပ်တယ်။ လုံ့လဝီရိယမရှိရင် သူက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ရဲ့နောက်ပိုင်းမှာသာ ရှိနေလိမ့်မယ်။

"အဆင့်၉ရဲ့အထွတ်အထိပ်ကို ရောက်ဖို့က ခက်ခဲတယ်။ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးရှစ်တုံးကိုးတုံးလောက်မရှိဘဲနဲ့ အကြိုသူတော်စင်အဆင့်ကို ရောက်ဖို့က ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး"

အခြားသူတွေနဲ့မတူပါဘူး၊ လီဖူချန်းရဲ့အစစ်အမှန်စိတ်ဝိညာဥ်က သူ‌တော်စင်စိတ်ဝိညာဉ်အဖြစ် ကူးပြောင်းသွားပြီးပါပြီ။ လုံ‌လုံလောက်လောက်အားထုတ်မယ်ဆိုရင် အတားအဆီးမရှိဘဲ သူက ချိူးဖျက်ပြီး အကြိုသူတော်စင် ဒါမှမဟုတ် သူတော်စင်တစ်ယောက် ဖြစ်လာမှာပါ။ ဒါပေမယ့် လိုအပ်တဲ့အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးပမာဏက ‌‌မသေးငယ်ပါဘူး။

သူ့ရဲ့ကျင်ကြံခြင်းနဲ့ နှိုင်းယှဉ်ရင် လီဖူချန်းရဲ့ဓားတာအိုက အကြီးအကျယ်တိုးတက်လာပါတယ်။

မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်အတွက် ဈာန်ဝင်စားမှုတွေများစွာ ရှိလာတယ်။

သူ့ရဲ့အယူအဆအရ မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်က အဆုံးစွန်းနဲ့ အတိုင်းအဆမရှိ နီးကပ်နေပါတယ်။ တတိယလှုပ်ရှားကွက်ဆိုရင်တော့ ဓားတာအိုရဲ့အဆုံးစွန်းမှာ ရှိနေလောက်ပါတယ်။

"ငါက မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်ကို ဖန်တီးနိုင်ရင် ရှဖျင်းဖန်ကို ကျေးဇူးတင်ရမှာပဲ"

ရှဖျင်းဖန်ရဲ့သာမန်ဓားတာအိုက သာမန်အတွင်းမှ သာမန်မဟုတ်တာကို ရှာဖွေပြီး သာမန်မဟုတ်တာကနေ သာမန်ကို ပြန်သွားခြင်းဖြစ်တယ်။ ဒါက သေချာပေါက် နည်းလမ်းအသစ်တစ်ခုဖြစ်ပြီး လီဖူချန်းရဲ့ဓားတာအိုစက်ဝိုင်းကို တိုးမြင့်စေတယ်။

ဗျစ်.........

သိုလှောင်အိတ်ထဲရှိ ဓားသမားတံဆိပ်က ရုတ်တရက် တုန်ခါသွားတယ်။

"ဘာဖြစ်တာလဲ" လီဖူချန်းက အံ့အားသင့်သွားတယ်။ ဒါက ဓားသမားတံဆိပ်တုန်ခါတဲ့ ပထမဆုံးအကြိမ်ပါပဲ။

အဆင့်ကို လိုက်ပြီး ဓားသမားတံဆိပ်မှာ ဆယ်သွယ်ရေးလုပ်ငန်းဆိုင်ရာအဆင့်အမျိုးမျိုးရှိတယ်။ လီဖူချန်းမှာ အဆင့်၆ဓားသမားတံဆိပ်ရှိတာကြောင့် အဆင့်မြင့်ဆက်သွယ်ရေးတုံကင်တစ်ခု ရှိတာပေါ့။

အသံက ဓားသမားတံဆိပ်မှ ပဲ့တင်ထွက်လာတယ်။

"နောက်နှစ်ဝက်ကျရင် အဓိကမြို့ဖြစ်တဲ့လေတိမ်မြို့မှာ ဓားပြိုင်ပွဲကို ကျင်းပလိမ့်မယ်။ အဆင့်၆နဲ့အဆင့်၇ဓားသမားတွေက ပါဝင်နိုင်တယ်။ ပြိုင်ပွဲရဲ့ထိပ်ဆုံးဆယ်ယောက်က ဓားကမ္ဘာကို ဝင်ခွင့်ရမယ်။ တစ်ယောက်မှ မမေ့ဖို့ ငါ မျှော်လင့်တယ်"

အသံက ရုတ်တရက် ပြီးသွားပါတယ်။

"ဓားပြိုင်ပွဲလား။ ဓားကမ္ဘာလား" လီဖူချန်းရဲ့မျက်လုံးတွေက အလင်းဖြာထွက်သွားချေတယ်။

အရင်က ဓားပြိုင်ပွဲကို သူ ကြားခဲ့ရတယ်။ နှစ်နှစ်ဆယ်ပြည့်တိုင်း တစ်ကြိမ်ကျင်းပပြီး အဆင့်၆နဲ့အဆင့်၇ဓားသမားတွေက ပါဝင်နိုင်တယ်။ အဆင့်၈ဓားသမားတွေအတွက်ကတော့ သူတို့က ဓားနယ်နိမိတ်ကို ဝင်နိုင်တာကြောင့် သူတို့က ပါဝင်ယှဉ်ပြိုင်စရာမလိုပါဘူး။

ဓားကမ္ဘာက ဓားသမားအစည်းအရုံးအတွက် မြင့်မြတ်နယ်မြေတစ်ခုပါ။

ဓားကမ္ဘာထဲမှာ ဓားတာအိုဥပဒေဿက လုံးဝကို ရှင်းလင်းပါတယ်။အတွင်းမှာ ဓားတာအိုကို ကျင့်ကြံတဲ့အခါ သက်ရောက်မှုက အပြင်ကထက် ဆယ်ဆ ဒါမှမဟုတ် အဆများစွာ ပိုကောင်းပါတယ်။

"ဒါက အတော်လေးကောင်းတဲ့ အခွင့်အလမ်းတစ်ခုပဲ"

လီဖူချန်းက ဓားကမ္ဘာကို ဝင်ဖို့ ဆန္ဒ မရှိပါဘူး။ သူက အခြားဓားတာအိုမဟာဧကရာဇ်တွေနဲ့ တိုက်ခိုက်ဖို့သာ အာသီသပြင်းပြနေတာပါ။

သူ့ရဲ့ဓားတာအိုခွန်အားက ဓားအာဏာရှင်နဲ့ ဓားဧကရာဇ်တို့ကို ယှဉ်နိုင်တယ်၊ ဒါပေမယ့် အဲဒါက သူက အခြားဓားတာအိုတွေကို လစ်လျူရှူရမယ်လို့ မဆိုလိုပါဘူး။ ဓားတာအိုအသီးသီးမှာ သူ့ရဲ့ကိုယ်ပိုင်အနှစ်သာရရှိပါတယ်။ လီဖူချန်းရဲ့အမြင်အရ ရှဖျင်းဖန်ရဲ့သာမန်ဓားတာအိုက ထိပ်သီးအဆင့်ဓားတာအိုဖြစ်ပြီး ဓားအာဏာရှင်နဲ့ဓားဧကရာဇ်တို့ထက် အောက်မကျပါဘူး။

ဒါ့အပြင် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခံစားချက်မဲ့ဓားတာအိုနဲ့ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုတို့အားလုံးက ထိပ်သီးအဆင့်ဓားတာအိုတွေပါ။ လီဖူချန်းက သူတို့ဓားတာအိုတွေရဲ့အနှစ်သာရကို စုပ်ယူနိုင်မယ်ဆိုရင် သူက မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်ကို ဖန်တီးနိုင်လောက်ပါတယ်။

နှစ်ဝက်က ရောက်ရှိဖို့ အလွန်လိုပါသေးတယ်။ နှင်းဆီတိမ်မြို့က အဆင့်မြင့်မြို့ဖြစ်တာကြောင့် အဓိကမြို့နဲ့ချိတ်ဆက်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခု ရှိပါတယ်။ သူက ပြိုင်ပွဲနေ့ကျမှပဲ အဓိကမြို့ဆီကို ဦးတည်နိုင်ပါတယ်။

လီဖူချန်းက အလျင်စလိုမဖြစ်ပါဘူး။ ဒါပေမယ့် အဆင့်မြင့်မြို့တွေမှာမရှိတဲ့ ဓားသမားတွေကတော့ အလျင်စလိုဖြစ်နေတယ်။

သတင်းကို ရရှိပြီးသွားတာနဲ့ သူတို့က အနီးဆုံးရှိအဆင့်မြင့်မြို့တွေဆီ အမြန်ဆုံးနည်းနဲ့ ဦးတည်လာနေကြတော့တယ်။

ဓားပြိုင်ပွဲက နှစ်နှစ်ဆယ်မှ တစ်ကြိမ်ကျင်းပတာပါ။ သူတို့က လွတ်သွားရင် သူတို့က ‌နောက်နှစ်နှစ်ဆယ်ကို ပြန်စောင့်နေရပါလိမ့်မယ်။

ဒါ့ပြင် ပြိုင်ပွဲရဲ့ထိပ်ဆုံးဆယ်ယောက်က ဓားကမ္ဘာကို ဝင်နိုင်ရုံသာမက ဆုလာဒ်တွေလည်း ရရှိမှာပါ။ သူတို့က ဓားသူတော်စင်တွေထံမှ လမ်းညွှန်မှုတွေကိုတောင် ရရှိနိုင်လောက်ပါတယ်။

ယခု သူတော်စင်စိတ်ဝိညာဥ်တိုက်ကြီးရဲ့ဓားတာအိုအသိုင်းအဝိုင်းက ပွက်လောရိုက်နေတော့တယ်။ အဆင့်‌၆အောက်ဓားသမားတွေကတေင် အဆင့်မြင့်မြို့တွေဆီ အပြေးအလွှားသွားနေကြတယ်။ သူတို့က ပြိုင်ပွဲမှာ မပါဝင်နိုင်ပေမယ့် သူတို့လည်း သတင်အချက်အလက်ကို ရထားပါတယ်။

ဒီပြိုင်ပွဲက ဓားသမားတွေအတွက် ပြင်ဆင်ထားတာ သိသာပါတယ်။ မပါဝင်နိုင်တဲ့သူတွေက အပြင်ကနေ စောင့်ကြည့်နိုင်တယ်။ ကြည့်နေရင်း သူတို့က ဉာဏ်အလင်းပွင့်သွားနိုင်ပြီး ဓားတာအိုမှာ နောက်တစ်ဆင့်ကို ချိုးဖျက်သွားနိုင်စေမှာပါ။

***

"ဓားပြိုင်ပွဲလား။ ဒီနှစ်‌ရဲ့ဓားပြိုင်ပွဲမှာ လူဘယ်လောက်များများ ထွက်ပေါ်လာမလဲကို ငါ သိချင်မိတယ်"

ဓားသမားတစ်ယောက်၊ တင်ပျဉ်ခွေထိုင်လျက် ရှိတယ်။ သူက မြေပြင်မှာဓားရှည်မျိုးစုံနဲ့ပြည့်နေတဲ့‌ တောင်ကြားတစ်ခုမှာ ရှိနေတယ်။

သူ့ရဲ့ချီတည်ရှိမှုက မထင်ရှားပါဘူး၊ ဒါပေမယ့် ဓားရှည်တွေက ဧကရာဇ်တစ်ယောက်ကို ဂါဝရပြုနေသလိုမျိုး အနည်းငယ် တုန်ယင်နေ‌‌တယ်။

***

"ငါကလည်း ဓားပြိုင်ပွဲကို သွားရလိမ့်မယ်"

ဧရာမတောင်တစ်ခုရဲ့ထိပ်မှာ လူတစ်ယောက်က လက်ကို နောက်ပစ်လျက် ရပ်နေတယ်။ ထိုလူပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ဇုန်တွေက အနည်းငယ် တွန့်လိမ်နေတယ်။ ပုံသဏ္ဍာန်မဲ့ဓားအလင်းတွေက အတူတကွ ရောယှက်နေတယ်။ ဓားတာအိုမဟာဧကရာဇ်တစ်ယောက်သာ ဒီနေရာမှာ ရှိနေရင် သူက ‌သေချာပေါက် ထိတ်လန့်သွားရလိမ့်မယ်။ ဒီလူက ဓားဆန္ဒနဲ့ချီကိုတောင် အသုံးမပြုပါဘူး၊ ဒါပေမယ့် ဓားစက်ကွင်းတစ်ခုက အဆက်မပြတ် လွှမ်းခြုံနေလေတယ်။ သူကိုယ်တိုင်က ဓားတစ်ချောင်း၊ အကြွင်းမဲ့ဓားတစ်ချောင်းပမာ ခံစားရတယ်။ ချီတည်ရှိမှုတစ်ခုကတောင် ဓားစက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေဖို့ လုံလောက်တယ်။

လူနဲ့ဓားပေါင်းစည်းမှုက အဆုံးစွန်းနဲ့ အလွန်နီးကပ်နေသည်မှာ သိသာလှပါတယ်။

ဓားတာအိုအသိုင်းအဝိုင်းရဲ့ပွက်လောရိုက်ခြင်းက လီဖူချန်းနဲ့ မသက်ဆိုင်ပါဘူး။ သူက မစ်ရှင်တစ်ခုမှ မလုပ်တော့ဘူး၊ အိမ်ယာထဲမှာ နေကာ ဓားတာအိုကို ကျင့်ကြံနေရင်း ဓားပြိုင်ပွဲအလာကို တိတ်ဆိတ်စွာ စောင့်နေလေတယ်။

***

All Chapters