ဓားဧကရာဇ်အဆင့်သတ်မှတ်ချက်
Vol. 56 Ch. 762
နှစ်တစ်ဝက်က လျှပ်စီးအလား ကုန်ဆုံးသွားလေတယ်။
နောက်ဆုံးမှာ လီဖူချန်းလည်း မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်နဲ့ပတ်သက်တဲ့ သဲလွန်စအချို့ကို ရရှိလာခဲ့တယ်။
သူက အခုထိတော့ မူလအစွန်းဓားအနုပညာရဲ့ဒုတိယလှုပ်ရှားကွက်ကို မဖန်တီးရသေးပါဘူး၊ ဒါပေမယ့် သူက နာမည်ကို တွေးထားပြီးပြီဖြစ်တယ်။ မူလဘူတဓားလို့ ခေါ်တွင်ပါတယ်။
ဟုတ်ပါတယ်၊ နာမည်က အဇူရာရေဂိုဏ်းရဲ့မူလဘူတဓားများနဲ့ တူတူပါပဲ၊ ဒါပေမယ့် အနှစ်သာရက ဝေးကွာလွန်းပါတယ်။
အဇူရာရေဂိုဏ်းရဲ့မူလဘူတဓားများက အရေအတွက်နောက်ကို လိုက်ပြီး ၎င်းရဲ့ဓားတာအိုအနှစ်သာရက အလွန်ထင်ရှားပါတယ်။
ဒါပေမယ့် လီဖူချန်းရဲ့မူလဘူတဓားက ရှုပ်ထွေးခြင်းမှ ရိုးရှင်းခြင်းကို ပြောင်းပြီး ဓားများစွာမှ ဓားတစ်လက်ကို ပြောင်းခြင်းဖြစ်တယ်။ မူလဘူတနဲ့အားအကောင်းဆုံးဓားတာအိုအခြေအနေကို ပြန်ရောက်လာခြင်းဖြစ်တယ်။ အဲဒါက မူလဘူတဓားများရဲ့ဆန့်ကျင်ဘက်အစွန်းမှာ တည်ရှိပါတယ်။ တစ်ခုက အရေအတွက်နောက်လိုက်တယ်၊ အခြားတစ်ခုက အရည်အသွေးနောက်လိုက်တယ်။
လီဖူချန်းရဲ့အယူအဆအရ ဒီဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ပြောင်းလဲမှုတစ်ခုက ပြောင်းလဲမှုထောင်ပေါင်းများစွာကို ဖွံဖြိုးစေလိမ့်မယ်၊ ဒါပေမယ့် သူတို့အားလုံးက မူလဘူတနဲ့ နီးကပ်နေရမယ်။ ဓားတာအိုအနှစ်သာရက ဓားပင်လယ်စက်ဝိုင်းထက် အဆင့်တစ်ဆင့်ပိုမြင့်ပါတယ်။
"ဝမ်းနည်းစရာက ငါက ဒီအခွင့်အလမ်းကို အခုထိ ရှာမတွေ့သေးဘူး"
သူက အခွင့်အလမ်းကို ရှာတွေ့မယ်ဆိုရင် ဒုတိယလှုပ်ရှားကွက် မူလဘူတဓားကို ဖန်တီးဖို့ နှစ်ဝက်က သူ့အတွက် လုံလောက်ပါတယ်။
နောက်တစ်နေ့မှာ လီဖူချန်းက လေတိမ်မြို့ကို ဦးတည်လိုက်တယ်။
သူက ဝူရှီနဲ့ဝူကျောကို မခေါ်သွားပါဘူး။ သူတို့က တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်သာ ရှိသေးတာကြောင့် ဓားပြိုင်ပွဲက သူတို့အတွက် လေးနက်လွန်းတယ်။ ပြိုင်ပွဲတွေကို ကြည့်ခြင်းက သူတို့အတွက် အသုံးဝင်မှာ မဟုတ်ပါဘူး၊ အဲအစား သူတို့ရဲ့စိတ်အခြေအနေကိုသာ အနှောင့်အယှက် ပေးပါလိမ့်မယ်။
နှင်းဆီတိမ်မြို့ရဲ့တည်နေရာရွှေ့ပြောင်းရေးကွက်လပ်မှာ ကောင်းကင်ထဲကို ဖြာထွက်နေတဲ့အလင်းတွေများစွာ ရှိတယ်။ ဖြာထွက်အလင်းတွေထဲက တစ်ခုက လီဖူချန်းရဲ့ပုံရိပ်ပါပဲ။
...
လေတိမ်မြို့၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိ အဓိကမြို့ကိုးမြို့ထဲက တစ်ခု။
နှင်းဆီတိမ်မြို့က လူသားကမ္ဘာကောင်းကင်ဘုံဆိုရင် လေတိမ်မြို့က လူသားကမ္ဘာနတ်ဘုရားနယ်မြေလို့ ဆိုရမယ်။ မြို့ဝင်ပေါက်က အမြင့်အားဖြင့် မိုင်ရာပေါင်းများစွာ ရှိပါတယ်။ "လေတိမ်မြို့"ဆိုတဲ့စာလုံးတွေကို ထိပ်ဆုံးမှာ ထွင်းထုထားပြီး အရွယ်အစားအားဖြင့် အနည်းဆုံးဆယ်မိုင် ရှိပါတယ်။ သူတို့မှာ ထင်ရှားပြတ်သားတဲ့စုတ်ချက်တွေ ရှိပြီး ခြိမ်းခြောက်ခြင်းဆန္ဒတစ်ခု ပါဝင်နေတယ်။ လီဖူချန်းကတောင် ဖိအားကို ခံစားနေရတယ်။
"အဆုံးစွန်းအခြေအနေမှာ ရှိတဲ့ လက်ရေး" လီဖူချန်းရဲ့မျက်လုံးတွေကတောင် ပြူးကျယ်သွားရတယ်။
ဒီလက်ရေးက အဆုံးစွန်အခြေအနေမှာ ရှိတယ်၊ ဒီစာလုံးတွေကို ရေးတဲ့သူက သိုင်းတာအိုမှာ အဆုံးစွန်အခြေအနေကို ရောက်ရှိပြီးသူလို့ ဆိုလိုတာပါပဲ။
လေတိမ်မြို့ရဲ့တည်နေရာရွှေ့ပြောင်းရေးကွက်လပ်က မြို့ထဲမှာ မရှိပါဘူး၊ မြို့ပြင်မှာပါ။ ဒါကြောင့် လီဖူချန်းက မြို့ဂိတ်မှာရှိတဲ့စာလုံးတွေကို မြင်နိုင်ရခြင်း ဖြစ်တယ်။
တစ်ချိန်တည်းမှာပဲ ဖြာထွက်အလင်းများစွာက ဆင်းသက်လာပြီး အရှိန်အဝါအမျိုးမျိုးရှိတဲ့ဓားသမားတွေက ရောက်ရှိလာတော့တယ်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြတယ်၊ တိုက်ပွဲစိတ်ဆန္ဒက တောက်လောင်နေလေတယ်။
နောက်ထပ်ဖြာထွက်အလင်းများစွာ ဆင်းသက်လာနေတယ်။
ထိုဖြာထွက်အလင်းတွေကြားမှာ အများစုက အဆင့်၆အောက် ဓားသမားတွေဖြစ်ပြီး ပြိုင်ပွဲကို လာကြည့်တာ သေချာပါတယ်။
"မြန်မြန်လာကြည့်ကြ၊ အဲဒါက လေဖမ်းဓားဧကရာဇ်ပဲ၊ သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၉မှာ ရှိတယ်။ သူ့ရဲ့လေဖမ်းဓားအနုပညာက ပုံသဏ္ဍာန်မရှိဘူး၊ မမြင်နိုင်ဘူး။ အမြန်ဆုံးဓားအနုပညာငါးခုထဲက တစ်ခုလို့ ပြောကြတယ်"
"ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၂မှာ ရှိတဲ့ ကြက်သွေးရောင်မီးဓားဧကရာဇ်လည်း ဒီနေရာမှာ ရှိနေတာပဲ။ သူ့ရဲ့ကြက်သွေးရောင်ဓားအနုပညာကို တစ်ခါ မြင်ခွင့်ရရင် ငါ့အတွက် လုံလောက်တယ်။ အဲဒါက အလွန်ပြင်းထန်ပြီး ကြက်သွေးရောင်မီးဓားစက်ကွင်းက ရန်သူရဲ့အတွင်းခံစားမှုကို လောင်ကျွမ်းစေပြီး သူတို့ကိုယ်သူတို့ စွန့်လွှတ်လိုစိတ်တွေ ဖြစ်သွားစေတယ်"
ထိုလူတွေအားလုံးက အဆင့်၇ဓားသမားတွေပါပဲ။ ဓားသမားအစည်းအရုံးတစ်ခုလုံးမှာ အဆင့်၇ဓားသမားက နှစ်ဆယ်မှသုံးဆယ်ခန့်သာ ရှိပြီး သူတို့အားလုံးက တိုက်ကြီးမှာ လူသိများပါတယ်။
ဓားဧကရာဇ်သတ်မှတ်ချက်မှာ ဓားတာအိုမဟာဧကရာဇ်တွေသာ ပါဝင်ပြီး စုစုပေါင်း ဓားသမားတစ်ရာ့ရှစ်ယောက် ရှိပါတယ်။
လေဖမ်းဓားဧကရာဇ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၉မှာ ရှိပေမယ့် မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁၀၅မှာ ရှိပါတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၂မှာ ရှိပေမယ့် မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁၂၈မှာ ရှိပါတယ်။
သူတို့ရဲ့အဆင့်သတ်မှတ်ချက်က မမြင့်ပါဘူး၊ ဒါပေမယ့် မဟာဧကရာဇ်သတ်မှတ်ချက်နဲ့ ဓားဧကရာဇ်သတ်မှတ်ချက်တွေက အချိန်အတိုင်းအတာတစ်ခုထိသာ သက်ရောက်မှုရှိပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က အဆင့်သတ်မှတ်ချက်က ယနေ့အဆင့်သတ်မှတ်ချက်ကို မထင်ဟပ်စေပါဘူး။
ဒါက ဘာကြောင့် ဓားပြိုင်ပွဲမှာ အဆင့်၆နဲ့အဆင့်၇ဓားသမားတွေကိုသာ ပါဝင်ခွင့်ပြုရခြင်း ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်ကိုသာ ကြည့်ရင် ထိပ်ဆုံးဆယ်ယောက်ကိုပဲ ရွေးလိုက်တော့မှာပေါ့၊ ပြိုင်ပွဲကျင်းပစရာတောင် မလိုတော့ပါဘူး။
"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ရှိပြီးနောက် ဓားတာအိုလမ်းကြောင်းက အဆုံးမရှိဘူးဆိုတာကို နောက်ဆုံးတော့ ငါ သိလိုက်ရပြီး။ ငါတို့အားလုံးက ဓားတာအိုမဟာဧကရာဇ်တွေပဲ၊ ဒါပေမယ့် ငါတို့ရဲ့ခြားနားချက်က ကြီးမားလွန်းတယ်"ခရမ်းရောင်ဝါးဧကရာဇ်က သက်ပြင်းချလိုက်လေတယ်။
ကောင်းကောင်မဏ္ဍိုင်တိုက်ကြီးမှာ ဓားတာအိုမဟာဧကရာဇ်အနေနဲ့ ခရမ်းရောင်ဝါးမဟာဧကရာဇ်နဲ့သံသွေးမဟာဧကရာဇ်ဆိုတဲ့ သူတို့နှစ်ယောက်သာ ရှိပါတယ်၊ ။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ဓားတာအိုမဟာဧကရာဇ်တွေက မရေမတွက်နိုင်လေက်အောင် ရှိပြီး အသီးသီးမှာ သူတို့ရဲ့ကိုယ်ပိုင်ဓားတာအိုတွေ ရှိကြတယ်။ သူတို့ရဲ့ခရမ်းရောင်ဝါးဓားတာအိုနဲ့သံသွေးဓားတာအိုတို့က အဆုံးမရှိဓားတာအိုတွေထဲမှာ ပါဝင်တယ်ဆိုပေမယ့် အစွန်းအထင်းတစ်ခုတောင် မဖြစ်စေနိုင်ပါဘူး။
"ငါတို့မှာ ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေ ကင်းမဲ့နေလို့ပဲ၊ မဟုတ်ရင် ငါတို့လည်း ပါဝင်နိုင်တယ်" သံသွေးမဟာဧကရာဇ်က ပြောလိုက်တယ်။
ခရမ်းရောင်ဝါးမဟာဧကရာဇ်က ခေါင်းညိတ်လိုက်တယ်။
ကောင်းကင်အဆင့်မြင့်သိုင်းအနုပညာတွေ ရှိပြီး ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေမရှိတဲ့ မဟာဧကကရာဇ်တွေကို သာမန်မဟာဧကရာဇ်လို့သာ ယူဆထားကြပါတယ်။ ကျော်ကြားတဲ့မဟာဧကရာဇ်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိပါတယ်။
"အဲဒါ ဟုတ်တယ်၊ လီဖူချန်းလည်း ဒီနေရာမှာ ရှိနေမလားကို ငါ သိချင်မိတယ်" ခရမ်းရောင်ဝါးဧကရာဇ်က လီဖူချန်းအကြောင်းကို တွေးမိသွားတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ ကောင်းကင်မဏ္ဍိုင်တိုက်ကြီးမှာဆိုရင် လီဖူချန်းက ဓားဧကရာဇ်လို့ ခေါ်တွင်တယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သူတို့က လီဖူချန်းကို ဓားဧကရာဇ်လို့ ခေါ်လို့ မရပါဘူး။ သူတို့က လီဖူချန်းကို ဓားဧကရာဇ်လို့ ခေါ်မိပြီး အခြားသူတွေကကြားသွားရင် သူတို့နဲ့လီဖူချန်းအတွက် ဒုက္ခတွေသာ ဖြစ်တည်လာမှာပါ။
"သူက ဒီဓားတာအိုပွဲကို လက်မလွတ်လောက်ပါဘူး" သံသွေးမဟာဧကရာဇ်က ဟိုဟိုသည်သည် ကြည့်နေလိုက်တယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ကြီးမားတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့မွေးရာပါပါရမီနဲ့ဉာဏ်အမျှော်မြင်ကလည်း သာမန်မဟုတ်ပါဘူး။ ပြီးတော့ လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ ကောင်းကင်မဏ္ဍိုင်တိုက်ကြီးနှစ်ခုလုံးကို အသက်လေးဆယ်မတိုင်ခင်ကတည်းက လွှမ်းမိုးနိုင်ခဲ့တာပါ။ သူ့ရဲ့ပါရမီနဲ့ဉာဏ်အမြင်က သူတို့နှစ်ယောက်တွေ့ဖူးသမျှ ပြယုဂ်တွေထဲမှာ ပြိုင်ဘက်ကင်းပါ။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာလည်း လီဖူချန်းက အခြားသူတွေထက် မနိမ့်ကျလောက်ဘူးဆိုတာ သေချာပါတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က လီဖူချန်းကို တွေ့လိုက်ရတယ်။
"လီဖူချန်း" သံသွေးမဟာဧကရာဇ်နဲ့ ခရမ်းရောင်ဝါးမဟာဧကရာဇ်က လျှောက်လှမ်းလာတယ်။
ထိုနှစ်ယောက်ကို မြင်ပြီး လီဖူချန်းက ပြုံးလိုက်တယ်"မင်းတို့လည်း ရှိနေတာပဲ"
နေရာအသစ်တစ်ခုမှာ မိတ်ဆွေဟောင်းတွေကို တွေ့နေရသလို လီဖူချန်းက ခံစားမိတယ်။ သံသွေးမဟာဧကရာဇ်နဲ့ခရမ်းရောင်ဝါးမဟာဧကရာဇ်တို့ကလည်း အတူတူပါပဲ။
ခရမ်းရောင်ဝါးမဟာဧကရာဇ်က သူ့ကိုယ်သူ သရော်လိုက်တယ်"ငါတို့က ပွဲကြည့်ပရိတ်သတ်သက်သက်ပါပဲ။ ငါတို့က ပါဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး"
သံသွေးမသာဧကရာဇ်နဲ့ခရမ်းရောင်ဝါးမဟာဧကရာဇ်တို့က အဆင့်၄ဓားသမားသာ ဖြစ်ပါသေးတယ်။
လီဖူချန်းက ပြောလိုက်တယ်"အစည်းအရုံးမှတ်တစ်သိန်းရလာရင် ဓားသမားအစည်းအရုံးမှာ ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရရှိလိမ့်မယ်။ ကြိုးစားကြပေါ့"
သူတို့မှာ ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကင်းမဲ့နေတာကို လီဖူချန်းက သိပါတယ်၊အဲဒါက သူတို့နှစ်ယောက် ဓားသမားအစည်းအရုံးကို ချိတ်ဆက်တဲ့ ရည်ရွယ်ချက် ဖြစ်လောက်တယ်။
သူတို့သုံးယောက်စကားပြောနေချိန်မှာ ဓားသမားတွေလည်း အဆက်မပြတ် ရောက်လာနေတယ်။ အဆင့်၇ဓားသမားတစ်ယောက်ရလာတဲ့အချိန်တိုင်း ဆွေးနွေးမှုတစ်ခုက ဖြစ်လာစမြဲပါပဲ။
"ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၆မှာ ရှိနေတဲ့ ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင် ရောက်လာပြီး"
ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်က စိတ်ဓာတ်တက်ကြွနေတယ်၊ သူက ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ သူက ဓားကမ္ဘာကို ဝင်ပြီးနောက် သူ့ရဲ့ဓားတာအိုက သေချာပေါက် နောက်တစ်ဆင့်ကို ရောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ သူက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကို ယှဉ်ပြိုင်နိုင်လာမှာပါ။
"ဘာလို့ သူက ဒီနေရာမှာ ရှိနေရတာလဲ"ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့မျက်လုံးတွေက လီဖူချန်းဆီ ကျရောက်သွားတယ်။ သူ့မျက်လုံးတွေက အလိုအလျောက် ကျယ်လာတော့တယ်။
လီဖူချန်းကို သူ့ကို နက်နဲတဲ့ခံစားမှုတစ်ခုကို ပေးခဲ့တယ်။ အရိုင်းလျှို့ဝှက်နယ်မြေမှာ သူနဲ့အခြားသူတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာတောင် လီဖူချန်းရဲ့လက်သီးတစ်ချက်ကို မရင်ဆိုင်နိုင်ခဲ့ပါဘူး။ ဒါက အတော်လေး သနားစရာပါပဲ။
ဒါပေမယ့် အရိုင်းလျှို့ဝှက်နယ်မြေမှာတုန်းက လီဖူချန်းက ခန္ဓာကိုယ်အပြင်အားပညာရှင်တစ်ယောက်ဆိုတာ သိသာပါတယ်၊ ဘယ်လိုလုပ်ပြီး သူက ဓားသမားတစ်ယောက် ဖြစ်လာတာလဲ။
သူ့ရဲ့အရှိန်အဝါကို ရုပ်သိမ်းပြီးနောက် ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်က မြို့ထဲကို တစ်ဟုန်ထိုးပြေးဝင်သွားချေတယ်။
"ငါတို့လည်း မြို့ထဲကို ဝင်ကြစို့" လီဖူချန်းက သံသွေးမဟာဧကရာဇ်နဲ့ခရမ်းရောင်ဝါးမဟာဧကရာဇ်တို့ကို ပြောလိုက်တယ်။
"ကောင်းပြီး" ထိုနှစ်ယောက်က ခေါင်းညိတ်ပြီး လီဖူချန်းနဲ့အတူ မြို့ထဲကို ဝင်လာခဲ့ပါတယ်။
သူတို့သုံးယောက် မြို့ထဲကို ဝင်သွားတဲ့အခိုက် တည်နေရာရွှေ့ပြောင်းရေးကွက်လပ်မှာ ဆူညံပွက်လောရိုက်မှုတစ်ခု ဖြစ်လာတယ်။
"အဲဒါ နှလုံးသားဓားအာဏာရှင်နဲ့ ခံစားချက်မဲ့ဓားဧကရာဇ်တို့ပဲ"
နှလုံးသားဓားအာဏာရှင်က ဓားဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၄ဖြစ်ပြီး ခံစားချက်မဲ့ဓားဧကရာဇ်က အဆင့်၃မှာ ရှိပါတယ်။
သူတို့နှစ်ယောက်က ဓားသမားတွေကြားမှာ သေချာပေါက် ကျော်ကြားတဲ့ပုံရိပ်တွေပါ။ နှစ်ပေါင်းနှစ်ဆယ်ကျင့်ကြံပြီးနောက် သူတို့က ဓားဧကရာဇ်နဲ့ဓားအာဏာရှင်ကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီလာနိုင်တယ်။ သူတို့ကိုယ်သူတို့ ယုံကြည်ချက်အပြည့်ရှိနေတဲ့ ဓားသမားအချို့ ရှိပါတယ်၊ ဒါပေမယ့် ဒီနှစ်ယောက်ကို မြင်လိုက်တာနဲ့ သူတို့က သူတို့ရဲ့အသက်ရှူသံကို မထိန်းချုပ်နိုင်တော့ပါဘူး။
***