← Chapters

လီကျန့်ရှင်း

Vol. 56 Ch. 763

လီကျန့်ရှင်း

Vol. 56 Ch. 763

လေတိမ်မြို့ကို ဝင်လာပြီးနောက် သူတို့သုံးယောက်က တည်းခိုခန်းကို အရင် ရှာလိုက်တယ်။

သည်အချိန်အတော်အတွင်း မြို့ထဲမှာ ခရီးသွားတွေနဲ့ ပြည့်နေတယ်။ လေတိမ်မြို့က တည်းခိုခန်းတွေ လုံလောက်တာထက် ပိုရှိတယ်၊ ဒါပေမယ့် နေရာကောင်းကောင်းနဲ့တည်းခိုခန်းကတော့ အကန်အသတ် ရှိတယ်။ နေဖို့နေရာတစ်ခုကို အရင်ရှာတာ ပိုကောင်းပါတယ်၊ မဟုတ်ရင် သူတို့က ချောင်ကျတဲ့နေရာတွေမှာ နေနေရလိမ့်မယ်။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် သူတို့သုံးယောက်က ဝင်းတွေ ပါရှိတဲ့ တည်းခိုခန်းတစ်ခုတစ်ခုကို တွေ့လိုက်ရတယ်။

"အရင် သွားစားကြရအောင်"

အထိုင်ချပြီးနောက် သူတို့က တည်းခိုခန်းမှ ထွက်လာပြီး စားသောက်ဖို့အတွက် စားသောက်ဆိုင်တစ်ခုကို ရှာဖွေလိုက်ကြတယ်။

အဓိကမြို့တစ်ခုအနေနဲ့ လေတိမ်မြို့မှာ စားသောက်ဆိုင်တွေ ထောင်ပေါင်းများစွာ ရှိတယ်၊ ဒါပေမယ့် နာမည်ကြီးစာသောက်ဆိုင်တွေတော့ အများကြီးမရှိပါဘူး။ ဟိုဟိုသည်သည်မေးပြီးနောက် သူတို့သုံးယောက်က လေတိမ်မြို့ရဲ့ထိပ်တန်းစားသောက်ဆိုင်ဆယ်ဆိုင်ထဲက တစ်ဆိုင်ဖြစ်တဲ့ နားခိုရာမိုးစားသောက်ဆိုင်ကို ရောက်ရှိသွားကြတယ်။

နားခိုရာမိုးစာသောက်ဆိုင်ရဲ့အသွင်အပြင်က အတော်လေး ကောင်းမွန်ပြီး သပ်ရပ်တယ်။ စားသောက်ဆိုင်တစ်ခုလုံးကို ရေတာအိုအစီအရင်တစ်ခုနဲ့ လွှမ်းခြုံထားတယ်။ ကောင်းကင်အထက်မှာ မိုးရေစက်လေးတွေကနေ ဖြစ်တည်လာတဲ့ အကာအကွယ်တစ်ခု ရှိတယ်။ စားသောက်ဆိုင်ကို ဝန်းရံထားတဲ့ ငှက်ပျောရွက်တွေပေါ်ကို မိုးရေလေးတွေ ဆင်းသက်နေပုံက ငြိမ်းအေးတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။

"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အစီအရင်တွေက သာမန်လူနေမှုဘဝတွေမှာတောင် တည်ရှိနေတာပဲ" ခရမ်းရောင်ဝါးမဟာဧကရာဇ်က ချီးကျူးလိုက်တယ်။

လီဖူချန်းနဲ့သံသွေးမဟာဧကရာဇ်တို့က ခေါင်းညိတ်လိုက်တယ်။ အဆင့်အတန်းအချို့ရှိတဲ့လူတွေအတွက်တော့ သူတို့က ပတ်ဝန်းကျင်ကို ဂရုစိုက်မှာပေါ့။ ပတ်ဝန်းကျင်ကောင်းရင် ငွေကုန်တာက ကိစ္စမရှိဘူးလေ။

"ဧည့်သည်တို့၊ ခန်းမက ပြည့်နေတယ်။ သီးသန့်အခန်းတွေပဲ ကျန်တော့တယ်" စားပွဲထိုးတစ်ယောက်က လာရောက်ကြိုဆိုလိုက်တယ်။

"ဒါဆိုလဲ ငါတို့ကို သီးသန့်ခန်းကိုပဲ ခေါ်သွားတော့၊ အကောင်းဆုံးအခန်းနော်"

နားခိုရာမိုးစာသောက်ဆိုင်မှာ အရာတိုင်းက ဈေးကြီးတယ်ဆိုတာ လီဖူချန်းက သိပါတယ်၊ ဒါပေမယ့် သူက ဂရုမစိုက်ဘူးလေ။

စားပွဲထိုးက သူတို့သုံးယောက်ကို အကဲဖြတ်လိုက်တယ်၊ ပြီးမှ သူက တုံ့တုံ့ဆိုင်းဆိုင်းနဲ့ ပြောလိုက်ချေတယ်"အကောင်းဆုံးသီးသန့်ခန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအနည်းဆုံးနှစ်သိန်းခန့် ကုန်ကျပါတယ်"

ဒါက လေတိမ်မြို့ရဲ့ထိပ်တန်းစားသောက်ဆိုင်ဆယ်ဆိုင်ထဲက တစ်ခုလေ၊ ကျသင့်ငွေက မတရားများတာ သဘာဝပါပဲ။ သူတို့က ပုံမှန်အားဖြင့် ထိပ်တန်းအဆင့်မဟာဧကရာဇ်တွေ၊ သူတော်စင်တွေကိုပဲ ဝန်ဆောင်မှုပေးတာပါ။ သာမန်မဟာဧကရာဇ်တွေက သည်နေရာရဲ့အရာအားလုံးအတွက် မတတ်နိုင်ဘူးလေ။

"ဒါ ဈေးကြီးလွန်းတယ်......"

ခရမ်းရောင်ဝါးမဟာဧကရာဇ်နဲ့သံသွေးမဟာဧကရာဇ်တို့က ပြောစရာစကားမရှိဖြစ်သွားရှာတယ်။ သူတို့ရဲ့ကိုယ်ပိုင်ကြွယ်ဝမှုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးမီလီယံအနည်းငယ်သာ ရှိတာလေ၊  အစားအသောက်တစ်ခုအတွက်နဲ့ သူတို့က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းကို မသုံးစွဲချင်ပါဘူး။

"ငါ အဲ့သီးသန့်ခန်းကို ယူမယ်" ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက်နဲ့အမျိူးသမီးတစ်ယောက်က ဝင်လာတယ်၊ အမျိုးသားက စားပွဲထိုးကို ပြောလိုက်တယ်။

"သက်တံကြွေဓားဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ ဒီလမ်းအတိုင်း ကြပါခင်ဗျာ"

စားပွဲထိုးက အမျိုးသားကို သိတယ်။ သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၅မှာရှိတဲ့ သက်တံကြွေဓားဧကရာဇ်ပါ။ သူက နားခိုရာမိုးစားသောက်ဆိုင်ရဲ့ပုံမှန်ဖောက်သည်တစ်ယောက်ပဲလေ။

"ရွှယ်ကျီ၊ ငါ ဒီစားသောက်ဆိုင်ကို အမြဲလာနေကြပဲ။ ဒီနေရာရဲ့အစားအစာတွေက ကောင်းမွန်ပြီး ပတ်ဝန်းကျင်ကလည်း အတော်လေးကျေနပ်စရာကောင်းတယ်" သက်တံကြွေဓားဧကရာဇ်က လီဖူချန်းတို့ကို လစ်လျူရှူပြီး နှင်းစက်အသားအရေနဲ့ သူ့ဘေးနားရှိအမျိုးသမီးကို ပြောလိုက်တယ်။

"ဒါဆိုလဲ ငါက သခင်လေးကို ဒုက္ခပေးရတော့မှာပေါ့" ရွှယ်ကျီလို့ခေါ်တဲ့အမျိုးသမီးက ညင်သာစွာ ခေါင်းညိတ်လိုက်တယ်။

စားပွဲထိုးက သက်တံကြွေဓားဧကရာဇ်နဲ့ ရွှယ်ကျီတို့ကို သီးသန့်ခန်းကို ခေါ်သွားမယ့်အခိုက် လီဖူချန်းက ပြောလိုက်တယ်"မင်းတို့ကောင်တွေ တစ်ခုခုများ မှားနေသလား။ အရင်လာသူကို ဦးစားပေးရမယ့် ဝန်ဆောင်မှုက ဒီနေရာမှာ မရှိဘူးလား"

သက်တံကြွေဓားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်တယ်"မရှိတာကို ရှိတယ်လို့ ဟန်ဆောင်နေစရာမလိုပါဘူး။ ဒီနေရာရဲ့အစားအစာတစ်ခုရဲ့ကုန်ကျငွေက မင်းချမ်းသာမှုရဲ့တစ်ဆယ်‌ရာခိုင်နှုန်းလောက် ရှိတာနော်။ ဝမရှိဘဲ ဝိမလုပ်ချင်စမ်းပါနဲ့"

လီဖူချန်းက ပြောလိုက်တယ်"ဒါ ငါတို့ကိစ္စ၊ မင်းအလုပ်မဟုတ်ဘူး။ စားပွဲထိုး၊ ငါတို့ကို သီးသန့်ခန်းကို ခေါ်သွား"

"ဒါ........" စားပွဲထိုးက အတော်လေးခွတီးခွတအခြေအနေကို ရောက်သွားတော့တယ်။

သက်တံကြွေဓားဧကရာဇ်က နားခိုရာမိုးစားသောက်ဆိုင်ရဲ့အထူးဖောက်သည်ပါ။ ဒါက သူ့အတွက် ‌အတော်လေး ခက်ခဲစေတယ်။

"ဘာဖြစ်နေတာလဲ"

စားပွဲထိုးက ကြံရာမရဖြစ်နေစဉ်မှာ ဆိုင်ရှင်က ရောက်ရှိလာတယ်။

စားပွဲထိုးက ကမန်းကတန်း ရှင်းပြလိုက်တယ်။

ဆိုင်ရှင်က သက်တံကြွေဓားဧကရာဇ်ကို ပြောလိုက်တယ်"သက်တံကြွေဓားဧကရာဇ်၊ သခင်လေးက နားခိုရာမိုးစားသောက်ဆိုင်ရဲ့အထူးဖောက်သည်ဆိုပေမယ့် စီးပွားရေးလုပ်တဲ့အခါမှာ စည်းမျဉ်းတွေကို လိုအပ်တယ်။ စည်းမျဉ်းမရှိရင် နားခိုရာမိုးစားသောက်ဆိုင်က ဆက်ဖွင့်လို့ရမှာ မဟုတ်ဘူး။ သခင်လေးအတွက် အခြားအဆင့်မြင့်သီးသန့်ခန်းတစ်ခုကို စီစဉ်‌ပေးပါ့မယ်"

"ရွှယ်ကျီ၊ မင်းဘယ်လိုထင်လဲ"

သက်တံကြွေဓားဧကရာဇ်က အဆင့်အတန်းရှိတဲ့လူတစ်ယောက်ဖြစ်တာကြောင့် လူမြင်ကွင်းမှာ ပြဿနာမတက်ချင်ပါဘူး။ သူက ရွှယ်ကျီရဲ့အမြင်ကို မေးလိုက်ရတယ်။

"အဆင်ပြေပါတယ်"ရွှယ်ကျီက ခေါင်းညိတ်လိုက်တယ်။

"ဒါဆို ငါတို့ကို အဲကို ခေါ်သွားပေး" ‌သကံတံကြွေဓားဧကရာဇ်က ပြောလိုက်တယ်။

"ကျေးဇူးပြု၍ ဒီလမ်းအတိုင်း ကြွပါ" ဆိုင်ရှင်က လမ်းကို ဦးဆောင်လိုက်တယ်။

"မိတ်ဆွေ၊ မင်းလည်း ဓားသမားတစ်ယောက်ဖြစ်ပုံရတယ်၊ မင်းက ဓားပြိုင်ပွဲမှာ ပြိုင်ဖို့ရော အရည်အချင်း ပြည့်မှီရဲ့လား။ မင်း ဝင်ပြိုင်မယ်ဆိုရင် ငါက မင်းကို ပြိုင်ပွဲမှာ သေချာပေါက် ဂရုစိုက်ပေးမယ်" သက်တံကြွေဓားဧကရာဇ်ရဲ့အသံက လီဖူချန်းရဲ့နားဆီ ကူးပြောင်းသွားချေတယ်။

မျက်နှာပျက်သွားရပြီးဆိုတော့ သက်တံကြွေဓားဧကရာဇ်အနေနဲ့ လီဖူချန်းကို ဒေါသမထွက်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ဒါက လေတိမ်မြို့ဖြစ်တယ်၊ သူက လီဖူချန်းကို ရိုက်နှက်လို့ မရပါဘူး။ လီဖူချန်းက ဓားပြိုင်ပွဲမှာ ဝင်ပြိုင်ပါစေလို့သာ သူက မျှော်လင့်ထားတယ်။

"ငါလည်း မင်းကို ဓားပြိုင်ပွဲမှာ တွေ့ချင်ပါတယ်" လီဖူချန်းက သရော််ပြုံးပြုံးလိုက်တယ်။

သက်တံကြွေဧကရာဇ်က ဘာမှထပ်မပြောတော့ပါဘူး၊ အေးစက်တဲ့မျက်နှာနဲ့ ထွက်သွားတော့တယ်။

"ဧည့်သည်တို့၊ ကျေးဇူးပြုပြီး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းကို စရံအနေနဲ့ အရင်ပေးထားရပါမယ်"

စားပွဲထိုးက ကိစ္စတွေကို ခက်ခဲအောင် တမင် လုပ်နေတာ မဟုတ်ပါဘူး။ ဘယ်စားသောက်ဆိုင်မှာမဆို ပုံမှန်ဖောက်သည်မဟုတ်ရင် သီးသန့်ခန်းကို ယူတဲ့သူတွေက အရင်ဆုံး စရံ‌ငွေ ပေးချေဖို့ လိုအပ်တယ်။

"ဒါက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်မီလီယံပဲ။ ပိုရင် မင်း ငါ့ကို ပြန်အမ်းပေါ့" လီဖူချန်းက သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်တယ်။

"တစ်မီလီယံလား" စားပွဲထိုးရဲ့လက်တွေက အနည်းငယ် တုန်သွားရတယ်။

သူက ဖွင့်ပြီး တစ်ချက်ကြည့်လိုက်တယ်၊ တကယ်ကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်မီလီယံပဲ။ လီဖူချန်းက ချမ်းသာတဲ့ဧည့်သည်တစ်ယောက်ဆိုတာ ပေါ်လွင်နေပါတယ်။

"ဧည်သည်တို့၊ ဒီလမ်းအတိုင်း ကြွပါ" စားပွဲထိုးက လမ်းပြခေါ်ဆောင်သွားပါတယ်။

သီးသန့်ခန်းသို့ သွားရာ လမ်းမှာ ခရမ်းရောင်ဝါးမဟာဧကရာဇ်က ပြောလိုက်တယ်"လီဖူချန်း၊ အစားတစ်ခုအတွက်နဲ့ ဒီလောက်များတဲ့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးကို သုံးတာ ဖြုန်းတီးရာ မကျဘူးလား"

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ဒီလောက်လေးက ငါ့အတွက် ဘာမှမဟုတ်ဘူး။ မင်းတို့နှစ်ယောက်သာ စားချင်သလောက်စားကြ"

လီဖူချန်းရဲ့ချမ်းသာမှုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ဘီလီယံတောင် ကျော်ပါတယ်၊ တစ်မီလံလောက်က သူ့အတွက် ပါးပါးလေးပါပဲ။

မကြာမီမှာပဲ သူတို့သုံးယောက်က သီးသန်ခန်းကို ‌ရောက်ရှိသွားပါတယ်။

သီးသန်ခန်းက ကြီးတယ်၊ကျယ်တယ်။ ကျောက်ဥယျာဉ်တစ်ခုနဲ့ ရေကန်ငယ်တစ်ခုတောင် ရှိပါတယ်။ ရေကန်အထက်မှာ အဆေက်အဦးတစ်ခုရှိပြီး အဆောက်အဦးထက်မှာ ရေတံခွန်တစ်ခုရှိပါတယ်၊ ရေကျ‌သံတွေနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးပေါ့။ ရေကန်ဘေးမှာ ဝါးရုံတစ်ခုရှိပြီး တကယ်ကို လှတယ်။ အဝေးကနေ ကြည့်ရင် ဒီနေရာက ပန်းချီကားချပ်တစ်ခုအလား ဖြစ်ပြီး သူတို့က ပန်းချီးကားချပ်ထဲမှာ လမ်းလျှောက်နေတာပေါ့လေ။

"ဒါ" ခရမ်းရောင်ဝါးဧကရာဇ်ရဲ့မျက်လုံးတွေက လင်းလက်သွားချေတယ်။

သူက သံသွေးမဟာဧကရာဇ်နဲ့လီဖူချန်းတို့နဲ့ မတူပါဘူး။ ဒါက သူမြတ်နိုးတဲ့ ပုံစံလေ။ သူ့ဓားတာအိုကလည်း ဒီလိုမျိုးပါပဲ။

"ဒီခံစားချက်........မရိုးရှင်းဘူး" ခရမ်းရောင်ဝါးမဟာဧကရာဇ်က အံ့အားသင့်စွာ ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"တကယ်ကို ရိုးရှင်းတဲ့ အလှဆင်ယင်မှုမဟုတ်ဘူး။ အဆင်အပြင်တိုင်းမှာ ချီတည်ရှိမှု ပါရှိတယ်"

ဟင်းတွေ ရောက်လာတာ မြန်ပါတယ်၊ စားပွဲပေါ်မှာ အပြည့်ဖြစ်နေတယ်။

သူတို့သုံးယောက်က စကားပြောရင်း ဟင်းပွဲတွေကို အရသာခံနေကြတယ်။

ဓားပြိုင်ပွဲက နောက်သုံးရက်ကျမှပါ။ ကျင်းပမဲ့နေရာက လေတိမ်မြို့၊လေတိမ်သိုင်းပြိုင်ပွဲကွင်းရဲ့ အကြီးဆုံးပြိုင်ကွင်းမှာပါ။

ဒါက ဓားတာအိုအသိုင်းအဝိုင်းအတွက် ပွဲတစ်ခုဆိုပေမယ့် လူများစွာရဲ့အာရုံကို စွဲဆောင်နိုင်နေတုန်းပါပဲ။ ဒီနေရာကို ရောက်လာတဲ့ ဧည့်သည်တော်တော်များများက ပြိုင်ပွဲကို လာကြည့်ကြတာချည်းပါပဲ။

လေတိမ်မြို့တစ်ခုလုံးမှာ လာကြည့်သူ‌တွေ ဘယ်‌လောက်တောင်များနေသလဲကို စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။

ပြိုင်ပွဲမတိုင်ခင် လူတိုင်းက ဒီနေရာကို လာပြီး သူတို့ပြိုင်ဘက်တွေရဲ့ခွန်အားကို ကင်းထောက်နေကြတယ်။

ကမ္ဘာပေါ်မှာ အရာအားလုံးကို ဖုံးကွယ်နိုင်တဲ့ နံရံဆိုတာ မရှိပါဘူး။ လေ့လာမှုအချို့ပြုလုပ်ပြီး‌နောက် ဓားဧကရာဇ်သတ်မှတ်ချက်ကသူတွေအပြင် နာမည်မရှိပေမယ့် အလွန်ပြောင်မြောက်တဲ့ဓားသမားအချို့က လူတိုင်းရဲ့မျက်လုံးထဲကို ဝင်ရောက်လာတယ်။

သူတို့ကြားမှာ အထင်ရှားဆုံးသုံးယောက် ရှိတယ်။

ထန်ရှင်းလို့ခေါ်တဲ့ ငယ်ရွယ်တဲ့ဓားသမားတစ်ယောက်။ သူက ဓားဧကရာဇ်သတ်မှတ်ချက် ဒါမှမဟုတ် မဟာဧကရာဇ်သတ်မှတ်ချက်မှာ မရှိပါဘူး၊ ဒါ‌ပေမယ့် သူက အဆင့်၇ဓားသမားတစ်ယောက်ပါ။  အဆင့်၇ဓားသမားစမ်းသပ်ချက်ကို ကျော်ဖြတ်တုန်းက သူက အဆင့်၇ဓားသမားရုပ်သေးကို တစ်ချက်တည်းနဲ့ လွင့်ထွက်စေခဲ့တယ်လို့ ပြောကြတယ်။ သူ့ခွန်အားက အဆင့်၇ဓားသမားတစ်‌ယောက်ရဲ့အထွတ်အထိပ်မှာ ရှိတာ သေချာပေါက်ပါပဲ။

မူရုံယိုယွီလို့ခေါ်တဲ့ အမျိုးသမီးဓားသမားတစ်ယောက်လည်း ရှိပါတယ်။ သူမက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၉၉မှာ ရှိတဲ့မြေယင်မဟာဧကရာဇ်ကို သတ်ခဲ့တယ်။ သူမကို ဒီဓားပြိုင်ပွဲရဲ့နံပါတ်တစ်အမျိုးသမီးဓားသမားလို့ အမည်ပေးထားကြတယ်။ သူမရဲ့ကျော်ကြားမှုက ထန်ရှင်းအထက်မှာ ရှိတယ်။

နောက်ဆုံးတစ်ယောက်က  တစ်ချိန်က သူတော်စင်ကလန်ဖြစ်ခဲ့တဲ့လီကလန်မှ လီကျန့်ရှင်းပါ။ လီကလန်က အလွန်ရှေးကျတဲ့ ဓားတာအိုကလန်တစ်ခုဖြစ်ပြီး သူတို့ခေတ်အခါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့နံပါတ်နှစ်ကလန်ပါ။ လီကျန့်ရှင်းက နှစ်မီလံယံများစွာတောင်မှ မြင်ရခဲတဲ့ ဓားတာအိုပါရမီရှင်လို့ ပြောကြတယ်။ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဘယ်တော့မှ မလာခဲ့တာကြောင့် သူ့နာမည်က မဟာဧကရာဇ်သတ်မှတ်ချက်၊ဓားဧကရာဇ်သတ်မှတ်ချက်တို့မှာတော့ မရှိပါဘူး။

"လီကျန့်ရှင်းတဲ့လား"

လမ်းမကြီးပေါ်မှာ ချူချင်းယန်နဲ့မြောင်ရွှယ်ချင်းတို့က လမ်းလျှောက်နေတယ်။

ထိုနာမည်ကို ကြားပြီး ချူချင်းယန်နဲ့မြောင်ရွှယ်ချင်းတို့နှစ်ယောက်က လီဖူချန်းကို ချက်ချင်း တွေးမိသွားတယ်၊ သူတို့နှစ်ယောက်လုံးက မိသားစုနာမည်"လီ"တူကြတယ်လေ။

"သူတို့နှစ်ယောက်မှာ ဘယ်သူပို‌တော်သလဲကို သိချင်မိတယ်"

မြောင်ရွှယ်ချင်းက လီဖူချန်းနဲ့ပတ်သက်ပြီး အချက်အလက်အချို့ကို ချုချင်းယန်ထံမှ ကြားသိခဲ့ထားပါတယ်။

သူမက လီဖူချန်းကို ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက အသက်လေးဆယ်မတိုင်ခင်ကတည်းက ကောင်းကင်မဏ္ဍိုင်တိုက်ကြီးနဲ့ဧကရာဇ်ကောင်းကင်တိုက်ကြီးတို့ကို လွှမ်းမိုးနိုင်ခဲ့တယ်လေ။

ချူချင်းယန်က ပြောလိုက်တယ်"လီကလန်မှာ အဆုံးစွန်းဓားအနုပညာရှိတယ်။ လီကျန့်ရှင်းက အဆုံးစွန်းဓားအနုပညာကို ကျင့်ကြံထားရင် ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

"လီဖူချန်းက ရှုံးနိမ့်မယ်လို့ ဆိုလိုတာလား"

ချူချင်းယန်က ခေါင်းခါလိုက်တယ်"အခြားသူတွေအတွက်ကတော့ သူတို့က လီကျန့်ရှင်းအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ ဒါပေမယ့် လီဖူချန်းဆိုရင်တော့ အရာအားလုံးကို မသိနိုင်ဘူး။ အရေးကြီးဆုံးက လီကျန့်ရှင်းက အဆုံးစွန်းဓားအနုပညာကို ကျင့်ကြံခဲ့ရင်တောင် သူက သူ့ဓားအနုပညာကို အဆုံးစွန်းအခြေအနေထိ မတွန်းပို့နိုင်လောက်ဘူး။  ပြီးတော့ ဓားဧကရာဇ်လည်းပဲ သူ့ဓားအနုပညာကို အဆုံးစွန်းအခြေအနေထိ မတွန်းပို့နိုင်လောက်ဘူး။ စစ်မှန်တဲ့အဆုံးစွန်းဓားအနုပညာကို အသုံးချဖို့အတွက် သူတော်စင်စိတ်ဝိညာဉ်ကို လိုအပ်တယ်။ သူတော်စင်စိတ်ဝိညာဉ်မရှိဘူးဆိုရင် အဆုံးစွန်းသိုင်းအနုပညာကို နားလည်ထားမယ်ဆိုရင်တောင်  လှုပ်ရှားမှုတစ်ခုက အစစ်အမှန်စိတ်ဝိညာဉ်ကို ပျက်စီးစေလိမ့်မယ်"

ဒါပေမယ့် လီဖူချန်းက လီကျန့်ရှင်းကို နိုင်လိမ့်မယ်လို့ ချူချင်းယန်က မထင်ထားပါဘူး။ လီကျန့်ရှင်းအနိုင်ရဖို့အခွင့်အလမ်းက ပိုများတယ်လို့ သူမက ထင်မိတယ်။

***

All Chapters