← Chapters

ထိတ်လန့်တုန်လှုပ်အံ့ဩခြင်း

Vol. 56 Ch. 765

ထိတ်လန့်တုန်လှုပ်အံ့ဩခြင်း

Vol. 56 Ch. 765

"သူ လူရော ဟုတ်ရဲ့လား" ပင်စည်ဓားသမားက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ လက်ထဲရှိ ဝိုင်ပုလင်းကို ဖိညှစ်မိသွားတယ်၊ ဝိုင်‌တွေက မြေပြင်တစ်လျှောက် ဖိတ်စင်သွားတော့တယ်။

မူရုံယိုယွီက သူမရဲ့လှုပ်ရှားကွက်ကို ပြုလုပ်ချိန်တုန်းက ပင်စည်ဓားသမားက နောက်ဆက်တွဲပုံရိပ်တွေကို မြင်နိုင်သေးတယ်။ လီကျန့်ရှင်းက သူ့ရဲ့လှုပ်ရှားကွက်ကို ပြုလုပ်တဲ့အခါ ပင်စည်ဓားသမားက နောက်ဆက်တွဲပုံရိပ်မပြောနဲ့၊ ဓားအလင်းကိုတောင် မမြင်နိုင်တော့ဘူး။ ဓားရုပ်သေးရဲ့ရင်ဘက်မှ မီးပွားတစ်ပွင့်ထွက်လာတာကိုသာ မြင်လိုက်ရတယ်။

သူတို့က ဓားသမားတွေပါပဲ၊ ဒါပေမယ့် သူတို့ကြား ခြားနားချက်က ကြီးလွန်းတယ်၊ အဆများစွာ ကွာပါတယ်။

သူနဲ့လီကျန့်ရှင်းသာ တိုက်ကြမယ်ဆိုရင် သူ ဘယ်လိုသေသွားသလဲကို‌တောင် သူ သိမှာ မဟုတ်ဘူး။

"ဓားတာအိုဥပဒေဿကို အစက်တစ်ခုတည်းအဖြစ် သိပ်သည်းခြင်းလား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

မူရုံယိုယွီက ပင်စည်ဓားသမားထက် ပိုပြီးမြင်တွေ့လိုက်ရတာ သိသာပါတယ်၊ ဒါပေမယ့် သူမက နောက်ဆက်တွဲပုံရိပ်တွေကိုသာ မြင်နိုင်တယ်။ သူမ နားမလည်တာက ဘယ်လိုလုပ်ပြီး လီကျန့်ရှင်းက ဓားဆန္ဒ၊ ဓားစက်ကွင်းနဲ့ ဓားချီတွေကိုတောင် အစက်တစ်ခုတည်းအဖြစ် သိပ်သည်းနိုင်တာလဲ။ ဘယ်လိုထိန်းချုပ်နိုင်မှုမျိုးကို လိုအပ်သလဲ။

"ဒီကလေးက တကယ် ကြောက်စရာကောင်းတယ်"

အကြီးအကဲက ပထမဆုံးအကြိမ် ထိတ်လန့်တုန်လှုပ်သွားတဲ့အမူအရာ ဖြစ်တည်သွားတယ်။ မူရုံယိုယွီက သူမရဲ့လှုပ်ရှားကွက်ကို ပြုလုပ်တုန်းက သူက အသိအမှတ်ပြုရုံလောက်သာ ဖြစ်ပေါ်သွားခဲ့တာပါ။

"သူက တကယ်ကို စီနီယာဓားဘုရားသခင်ရဲ့မျိုးဆက်ပဲ။ သူ့ရဲ့ဓားတာအိုပါရမီက အရင်မျိုးဆက်တွေကို ဖြတ်ကျော်သွားလိမ့်မယ်"

လေတိမ်သိုင်းပြိုင်ကွင်းရဲ့သီးသန့်အခန်းတစ်ခုအထဲမှာ သက်လတ်ပိုင်းရွယ်လူသုံးယောက်က ထိုင်နေတယ်။

သူတို့သုံးယောက်က ပျော်ရွှင်တက်ကြွစွာ စကားပြောနေတယ်၊ ဘယ်လိုချီတည်ရှိမှုကမှ ထွက်ပေါ်လာခြင်း မရှိဘူး။ အထွတ်အထိပ်ဓားတာအိုဧကရာဇ်တစ်ယောက်ကသာ ဒီနေရာမှာ ရှိရင် ဓားတာအိုဥပဒေသက သူတို့သုံးယောက်ကို ဝန်းရံထားပြီး အခြားဥပဒေဿတွေ မရှိတာကို အလွယ်တကူ သိနိုင်ပါလိမ့်မယ်။

ဓားသမားအစည်းအရုံးရဲ့အထက်အကြီးအကဲတွေသာ ရှိရင် ဒီသုံးယောက်က ဓားသမားအစည်းအရုံးရဲ့ဓားတာအိုသူတော်စင်သုံးယောက်မှန်း ချက်ချင်း သိကြပါလိမ့်မယ်။ သူတို့က ကျားစွယ်ဓားသူတော်စင်၊ ပန်းတစ်ရာဓားသူတော်စင်၊ နဲ့ ဆန်းကြယ်နက်နဲဓားသူတော်စင်တို့ ဖြစ်တယ်။

ကျားစွယ်ဓားသူတော်စင်နဲ့ ပန်းတစ်ရာဓားသူတော်စင်တို့က အဆင့်နိမ့်ဓားသူတော်စင်တွေ ဖြစ်ကြပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က အလယ်ဆင့်ဓားသူတော်စင် ဖြစ်တယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အဆင့်မြင့်သူတော်စင်တွေကို မြင်ရလေ့မရှိပါဘူး။ သူတို့အများစုက နက်ပြာပလိန်းမှ ထွက်ခွာပြီး စကြာဝဠာထဲကို ဦးတည်သွားနေကြတယ်။ ‌ကျန်ရှိနေခဲ့တဲ့ အဆင့်မြင့်သူတော်စင်‌တွေလည်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် သူတို့က အနည်းစုဖြစ်ပြီး တစ်ယောက်မှ သူတို့ကို မသိပါဘူး။

ဒါကြောင့်အလယ်ဆင့်သူတော်စင်တွေကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အသန်မာဆုံးတည်ရှိမှုလို့ စဉ်းစားလို့ရပါတယ်။

ကျားစွယ်ဓားသူတော်စင်က ချီးကျူးလိုက်တယ်"ဓားနှလုံးသားကို ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ သိပ်သည်းနိုင်တာက တကယ် ရှားပါးတဲ့ဓားတာအိုပါရမီတစ်ခုလို့ ပြောရမယ်။ အနာဂတ်မှာ အခွင့်အရေး လုံလုံလောက်လောက် ရှိရင် သူ့အနေနဲ့ ကောင်းကင်ဘုရားသခင်တစ်ယောက် ဖြစ်နိုင်လောက်တယ်"

ကောင်းကင်ဘုရားသခင်တွေက အထွတ်အထိပ်သူတော်စင်တွေ ဖြစ်တယ်။ အကြိုနတ်ဘုရားဖြစ်ဖို့က ကံကြမ္မာပေါ်သာ မူတည်ပါလိမ့်မယ်။ ကောင်းကင်ကို‌တောင်ဆန့်ကျင်နိုင်တဲ့ ကံကြမ္မာ မရှိရင် ပါရမီဘယ်လောက်မြင့်မြင့် အသုံးမဝင်ပါဘူး။

ပန်းတစ်ရာဓားသူတော်စင်က ပြောလိုက်တယ်"မူရုံယိုယွီလည်း မဆိုးပါဘူး။ ဓားနှလုံးသားကို မသိပ်သည်းသေးရတာကလွဲပြီး အရာအားလုံးမှာ ဒီကလေးအောက် မကျပါဘူး"

‌ဆန်းကြယ်နက်နဲဓားသူတော်စင်က ‌ခေါင်းညိတ်လိုက်တယ်"မူရုံယိုယွီက သူမ ပြခဲ့သလောက် မရိုးရှင်းဘူး။ ငါ ခန့်မှန်းတာ မမှားရင် သူမရဲ့ဓားတာအိုနဲ့ရေတာအိုက အလွန်မြင့်မားတဲ့အဆင့်တစ်ခုအထိ ပေါင်းစပ်ထားပြီးပြီး။ သူမက ရေဓားတာအိုနှလုံးသားကို သိပ်သည်းနိုင်ဖို့ ခြေတစ်လှမ်းအကွာမှာ ရှိနေတယ်"

သူတို့သုံးယောက်ရဲ့မျက်လုံးတွေက အရာအားလုံးကို အလွယ်တကူ မြင်နေရတယ်။

လျှို့ဝှက်သိုင်းစင်မြင့်ထဲမှာ  တိတ်ဆိတ်မှုတစ်ခုက အချိန်အတော်ကြာ ဖြစ်တည်သွားလေတယ်။

အကြီးအကဲက မှင်တက်နေရာမှ နိုးထလာတယ်၊ သူက ကျယ်လောင်စွာ ပြောလိုက်တယ်"နောက်တစ်ယောက်"

ပြိုင်ပွဲကမကြာခင် စတင်တော့မှာ၊ သူတို့က ဒီနေရာမှာ အချိန်အကြာကြီး ဖြုန်းလို့မရပါဘူး။

တဖြည်းဖြည်းနဲ့ လူသုံးဆယ်သာ ကျန်ရှိတော့တယ်။ နောက်ဆုံးတော့ လီဖူချန်းရဲ့အလှည့်ရောက်လာပါတယ်။

"အမ်"သီးသန့်ခန်းထဲမှာ ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတွေက အံ့ဩမှုအလင်းတွေအတူ တောက်ပသွားတယ်။

"ဘာဖြစ်တာလဲ" ကျားစွယ်ဓားသူတော်စင်နဲ့ ပန်းတစ်ရာဓားသူတော်စင်တို့က ဆန်းကြယ်နက်နဲဓားသူတော်စင်ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။

ဆန်းကြယ်နက်နဲဓားသူ‌တော်စင်က ပြောလိုက်တယ်"ဒီ‌ကလေးက အတော်စိတ်ဝင်စားစရာပဲ။ သူ့ရဲ့ဓားတာအိုက အလွန်အမင်းသန့်စင်တယ်၊ စကြာဝဠာရဲ့မိုးသောက်အာရုဏ်ဦးပမာ ထွန်းတောက်ပြီး ရင်သပ်ရှုမောစရာကောင်းတယ်"

သူက အလယ်ဆင့်သူတော်စင်ဖြစ်တာကြောင့် ကျားစွယ်ဓားသူတော်စင်တို့ မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တယ်။

ချက်ချင်းပဲ ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့က လီဖူချန်းကို နီးနီးကပ်ကပ်လေ့လာလိုက်တယ်။

ဆန်းကြယ်နက်နဲသူတော်စင်ပြောကတည်းက လီဖူချန်းက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကို သူတို့က သိတယ်လေ။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သေချာစောင့်ကြည့်ပြီးနောက် သူတို့က တစ်စုံတစ်ခုကို မြင်လိုက်ရတယ်။

လီကျန့်ရှင်းက အထက်ရှဆုံးဓားဆိုရင် လီဖူချန်းက အခြေခံအကျဆုံးဓား၊ ဓားရဲ့မူလ ဖြစ်တယ်။ အဲဒါက စိတ်ဝင်စားစရာမရှိပေမယ့် သေချာလေ့လာပြီးနောက် နှလုံးသားတွင်းနက်ထဲမှ နှစ်လိုဖွယ်ရာခံစားချက်တစ်ခုကို ဖြစ်လာစေတယ်။

လီကျန့်ရှင်းက မျက်မှောင်ကြုတ်လိုက်မိတယ်၊ သူ့ရဲ့ဓားနှလုံးသားက ပဲ့တင်ထပ်သွားတယ်၊ မူမမှန်မှုတစ်ခုကို ရှာတွေ့သွားပုံရတယ်။

မူမမှန်မှုအရိပ်အယောင်က လီဖူချန်းဆီမှ လာတာ ဖြစ်တယ်။

လီဖူချန်းက သိုင်းစင်မြင့်ပေါ်ကို ဖြည်းညင်းစွာနဲ့ ပုံမှန်အတိုင်းသာ လျှောက်သွားတယ်။ အဲဒါက စောစောက လီကျန့်ရှင်းပြုလုပ်ခဲ့တာနဲ့ တူပါတယ်။

ဒါပေမယ့် သိမ်မွေ့တဲ့ခြားနားချက်တွေရှိပြီး အနည်းငယ်ကသာ ခြားနားချက်ကို မြင်နိုင်ပါတယ်။

လီဖူချန်းက စင်မြင့်ပေါ်ကို ရောက်လျှင်ချင်းချင်း သူ ခုတ်ပိုင်းလိုက်တယ်၊ ပြန်လှည့်ပြီး စင်‌မြင့်ပေါ်မှ ဆင်းသက်လာတယ်။

အဆင့်၇ဓားရုပ်သေးမှာ နက်ရှိုင်းတဲ့ဓားဒဏ်ရာတစ်ခု ဖြစ်တည်သွားတယ်။ ဓားရုပ်သေးက ခြေတစ်လှမ်းတောင် လှမ်းခွင့်မရှိလိုက်ပါဘူး၊ မလှုပ်ရှားနိုင်တဲ့ဝတ္ထုတစ်ခုအလား ခံစားရတယ်။

လီကျန့်ရှင်း လှုပ်ရှားတုန်းက အဆင့်၇ဓားရုပ်သေးက နည်းနည်းလှုပ်သွားခဲ့တယ်၊ ဒါပေမယ့် တစ်ယောက်မှ သတိမပြုမိလိုက်ပါဘူး။

ဒါပေမယ့် လီကျန့်ရှင်း၊ မူရုံယိုယွီနဲ့ အကြီးအကဲက အဲဒါကို သတိပြုမိခဲ့တယ်။

လီဖူချန်းရဲ့ဓားက လီကျန့်ရှင်းရဲ့ဓားလောက် မမြန်ဘူး၊ မူရုံယိုယွီရဲ့ဓားထက်တောင် နှေးတယ်။ လီဖူချန်းက ခွန်အားအပြည့်မသုံးခဲ့ဘူး၊ သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့တာ သိသာပါတယ်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" အကြီးအကဲက ဒုတိယအကြိမ်မြောက် ထိတ်လန့်တုန်လှုပ်သွားရတယ်။

သူများ အမြင်မှားနေသလားလို့တောင်  ခံစားနေရတယ်။

လီကျန့်ရှင်းတင် တုန်လှုပ်ဖို့ လုံလောက်နေတာ၊ အခု လီဖူချန်း ထွက်လာပြန်တယ်။

အရေးကြီးဆုံးအရာက သူက ဘာမှကို မမြင်လိုက်နိုင်တာပဲ။

"ဓားရုပ်သေးက ချွတ်ယွင်းမှု ဖြစ်နေတာများလား" အကြီးအကဲက လီဖူချန်းကို ပြန်စမ်းသပ်ချင်ခဲ့တယ်။

သီးသန့်ခန်းထဲက ဓားတာအိုသူတော်စင်သုံးယောက်က ထရပ်မိသွားတာကို အကြီးအကဲက မသိဘူး။

ဘာဖြစ်သွားတာကို သူတို့က သိတယ်။

ဓားရုပ်သေးက သက်မဲ့ဝတ္ထုတစ်ခုဖြစ်တယ်၊ ချီနဲ့စိတ်ဆန္ဒကိုသာ တုံ့ပြန်ပါလိမ့်မယ်။ ရန်သူရဲ့တိုက်ခိုက်ရေးလမ်းကြောင်းကို အခြေခံပြီး တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ပါလိမ့်မယ်။ ဓားရုပ်သေးရဲ့စိတ်အာရုံအားလုံးကို ချိတ်ပိတ်ထားရင် ဓားရုပ်သေးက သူ့ရာသူ ပြိုလဲသွားပါလိမ့်မယ်။

အရိုးရှင်းဆုံးပြောရရင် ဓားရုပ်သေးက လီဖူချန်းရဲ့တိုက်ခိုက်မှုအပေါ် ဘာမှ တုံ့ပြန်စရာမလိုဘူးလို့ ခံစားမိတယ်။ လီဖူချန်းက သူ့ရဲ့လှုပ်ရှားကွက်ကို ဖော်ထုတ်တဲ့အခါ ဓားရုပ်သေးက ဘယ်လိုတန်ပြန်တိုက်ခိုက်ရမှာကို မသိခဲ့ဘူး။

ဓားရုပ်သေးက ဘာလုပ်ရမှာကို မသိရင် တိုက်ခိုက်မယ့် လူသားတစ်ယောက် မဟုတ်ဘူး။ အသိဉာဏ်မရှိတဲ့ရုပ်သေးတစ်ခုသာသာပါပဲ။

ဒီခံစားချက်က ဆန်းကြယ်တယ်၊ ဆန်းပြားတယ်၊ တကယ်ကို မဖော်ပြနိုင်ဘူး။

"ဒီကလေးရဲ့ဓားတာအိုအခြေခံက ငါမြင်ဖူးသမျှမှာ အနက်ရှိုင်းဆုံးပဲ" ဆန်းကြယ်နက်နဲဓားသူတော်စင်က ရှင်းပြလိုက်တယ်။

ဒါပေမယ့် ဒါတွေအားလုံးက လီဖူချန်းက လီကျန့်ရှင်းထက် ပိုအားကောင်းတယ်လို့ မဆိုလိုပါဘူး။

ဓားရုပ်သေးက ရုပ်သေးတစ်ခုသာ ဖြစ်ပြီး အားနည်းချက်ဟာကွက်တွေ ရှိပါတယ်။

"စောစောက ဓားရုပ်သေးက ချို့ယွင်းသွားပုံရတယ်။ နောက်တစ်ကြိမ် ပြန်စမ်းသပ်ဖို့ လိုတယ်" အကြီးအကဲက တုံ့ဆိုင်းနေရာမှ ဆုံးဖြတ်ချက်ချလိုက်တယ်။

"မလိုဘူး။ သူ အောင်မြင်တယ်" အသံတစ်ခုက ရုတ်တရက် ပဲ့တင်ထပ်သွားတယ်။

"ဟုတ်ကဲ့"

အကြီးအကဲက ထိတ်လန့်သွားတယ်၊ ဓားအစည်းအရုံးရဲ့ဓားသူတော်စင်က ပြောလိုက်တာကို သူက သိတယ်လေ။

အခြားသူတွေအတွက်တော့ လီဖူချန်းရဲ့ခွန်အားအဆင့်ကို မသိပါဘူး။ လီဖူချန်းက အလွန်အားကောင်းတယ်လို့သာ သူတို့က သိတယ်။

မကြာခင်မှာပဲ ရွေးချယ်ခြင်းက ပြီးဆုံးသွားတယ်။

အဆင့်၆ဓားသမားတွေထဲမှ သုံးဆယ့်ခြောက်ယောက်သာ အောင်မြင်ခဲ့တယ်။

***

All Chapters