သက်တံကြွေ
Vol. 56 Ch. 767
"သူ့ရဲ့ဓားအနုပညာက သရဲနဲ့တူတယ်၊ ဒါပေမယ့် သနားစရာပါပဲလေ။ ဒီလိုခွန်အားလောက်နဲ့ ငါ့ကို လာရင်ဆိုင်ရင် သူက သေချာပေါက် ရှုံးစွားရလိမ့်မယ်"
လီဖူချန်းရဲ့ခွန်အားက သက်တံကြွေဓားဧကရာဇ်ကို အနည်းငယ် အံ့အားသင့်စေခဲ့တယ်။ သူ့ရဲ့အမြင်အရ လီဖူချန်းရဲ့ဓားအနုပညာက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၈မှာရှိတဲ့သရဲအရိပ်ဓားဧကရာဇ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ သူတို့ရဲ့ဓားအနုပညာနှစ်ခုလုံးက သရဲနဲ့တူပြီး ခုခံရန်ခက်ခဲတယ်။
သနားစရာတစ်ခုက သရဲအရိပ်ဓားဧကရာဇ်ကတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူးလေ။
စင်မြင့်ကိုးခုပေါ်မှာ ပြိုင်ပွဲအချို့က လျင်မြန်စွာ ပြီးဆုံးသွားတယ်၊ အချို့က အလွန်ကြာမြင့်နေလျက် ရှိတယ်။
"သိုင်းစင်မြင့်၃၊ မူရုံယိုယွီနဲ့ဝမ်ချီ"
ပြိုင်ပွဲများစွာ ပြီးဆုံးပြီးနောက် မဟာပုဂ္ဂိုလ်တစ်ယောက်ရဲ့အလှည့်ရောက်လာပါတယ်။
မူရုံယိုယွီက ဒီနှစ်ဓားပြိုင်ပွဲရဲ့တောက်ပနေတဲ့ ကြယ်တစ်ပွင့်လေ။ ဝမ်ချီက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၆မှာ ရှိတဲ့ ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ပါ။
"ငါ ရှုံးမှာ မဟုတ်ဘူး"
ဝမ်ချီက လီဖူချန်းကိုပဲ ကြောက်တာပါ၊ မူရုံယိုယွီ မဟုတ်ပါဘူး။ ဘာပဲပြောပြော သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၆လေ။ အခြားသူတွေကသာ သူ့ကို ကြောက်ရမှာပါ။
"ဝမ်ချီက ရှုံးလိမ့်မယ်" လီဖူချန်းက ဝမ်ချီရဲ့ခွန်အားကို ကြုံတွေ့ထားပါတယ်။
ဝမ်ချီရဲ့ကောင်းကင်ဘုံကိုးဖြာဓားအနုပညာက မဟာဓားစွမ်းပကားတစ်ခု ရှိတယ်။ ဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ ကောင်းကင်ဘုံမှစွမ်းအင်ကို ဆွဲယူပြီး အဆုံးစွန်းနဲ့ အလွန်နီးကပ်သွားပါတယ်။
ဒါပေမယ့် နှိုင်းယှဉ်ရင် မူရုံယိုယွီရဲ့ရေတာအိုဓားအနုပညာက ပိုပြီး သာလွန်ပါတယ်။
ကလန်း..........
ဓားတွေ ထိတွေ့ရာမှ မီးပွားတွေ ထွက်လာပါတယ်။
လီဖူချန်း မှန်းထားတဲ့အတိုင်းပါပဲ၊ ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့ဓားအားက မူရုံယိုယွီရဲ့ဓားအားထက် နိမ့်ကျပါတယ်။ ထိတွေ့မှုတစ်ခုက ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့ချီကို လှုံ့ဆော်ပြီး သူ့ကို အနည်းငယ်တုန်လှုပ်သွားစေပါတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" ဝမ်ချီရဲ့အမူအရာက ပြောင်းသွားတယ်၊ သူ့ရဲ့မျက်လုံးတွေက အလွန်စူးရှလာတယ်။
"ကိုးဖြာကောင်းကင်ဘုံမျှော်စင်တိမ်တိုက်"
ဝမ်ချီက အဆုံးမရှိဓားစွမ်းပကားတွေနဲ့ ခုတ်ပိုင်းလိုက်တယ်။ ဓားကွက်က မိုးကြိုးကြွေကျသလို ခံစားရတယ်။
"ရေစက်ကျောက်ဖောက်"
မူရုံယိုယွီက ခေါင်းမော့လိုက်တယ်၊ ဓားကွက်တစ်ခုနဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။ ရေစက်တစ်စက်က ဝမ်ချီရဲ့ဓားအနုပညာကို မယုံနိုင်လောက်တဲ့အရှိန်နဲ့ ထိုးဖောက်သွားတယ်။
ကလန်း.........
ဝမ်ချီက ဓားကို မြှောက်ပြီး တားဆီးလိုက်ပေမယ့် လွင့်ထွက်သွားရတယ်။
"ဟင့်၊ ကိုးဖြာကောင်းကင်ဘုံမိုးကြိုး"
ဝမ်ချီက ပျောက်သွားတယ်၊ တိမ်တွေ၊ ပေါက်ကွဲအားပြင်းတဲ့မိုးကြိုးတွေနဲ့ အစားထိုးသွားတယ်။ ရုတ်တရက် အဆုံးမရှိမိုးကြိုးတွေက တိမ်ကို ထိုးဖောက်ပြီး မူရုံယိုယွီထံ ကျဆင်းလာတယ်။
"ဒါ ဓားအနုပညာလှည့်စားခြင်းပဲ" ပရိသတ်ထဲကတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်တယ်။
ဓားတာအိုမှာ အဆုံးမရှိပြောင်းလဲခြင်းတွေ ရှိပါတယ်၊ ဓားအနုပညာလှည့်စားခြင်းက အဆုံးစွန်းတစ်မျိုးပါပဲ။
မရေမတွက်နိုင်တဲ့မိုးကြိုးတွေက မရေမတွက်နိုင်တဲ့ဓားအလင်းတွေကို ဆိုလိုတယ်။ ဓားအလင်းတစ်ခုစီမှာ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ရှိတယ်၊ မရှောင်တိမ်းနိုင်တဲ့ခံစားချက်ကို ပေးစွမ်းတယ်။
မူရုံယိုယွီက ခေါင်းမော့ထားတုန်းပဲ၊ သူမက ရှောင်တိမ်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။
"ငါ့ရဲ့ဒီဓားကို မြင်တွေ့ရတာက မင်းအတွက် ဂုဏ်ယူစရာပဲ ဖြစ်လိမ့်မယ်"
မူရုံယိုယွီက ဓားကွက်ကို ဖော်ထုတ်လိုက်တယ်။ အဆုံးမရှိရေစက်တွေက မြေပြင်မှ ပျံသန်းသွားပြီး ကောင်းကင်ကို တိုးဝှေ့သွားပါတယ်။
ထိုအချိန်မှာ ကောင်းကင်က ကောင်းကင်မဟုတ်ပါဘူး၊ မြေပြင်က မြေပြင်မဟုတ်ပါဘူး။
ရေစက်တွေက အလွန်အမင်း သိပ်သည်းပြီး ပျံသန်းနေချိန်မှာ အဲဒါက လည်ပတ်နေတုန်းပါပဲ။
ဘုံး ဘုံး ဘုံး ..........
ရေစက်စွမ်းအားက မယုံနိုင်စရာပါပဲ။ ရေစက်အသီးသီးက မိုးကြိုးတွေကို ချေမှုန်းလိုက်ပါတယ်။
နောက်ဆုံးမှာတော့ ဝမ်ချီက မခုခံနိုင်ပါဘူး၊ သူ့ရဲ့ခန္ဓာကိုယ်မှာ သွေးကွက်တွေ ဖြစ်တည်လာတယ်။ သူက ဆန်ခါတစ်ခုဖြစ်သွားသလိုပါပဲ၊ ဓားအနုပညာလှည့်စားခြင်းက ကျောက်ကွယ်သွားတော့တယ်။
"ဒီလိုကြောက်စရာကောင်းတဲ့ရေဓားတာအို"
"ဒါက ရေဓားတာအိုတွေထဲက တစ်ခုဖြစ်တဲ့ ရေစက်ဓားတာအို ဖြစ်လောက်တယ်"
လူတွေ ခွဲခြားနိုင်တဲ့ ဓားတာအိုအချို့ ရှိတယ်။ စိတ်ကူးဆန်တဲ့ဓားတာအိုအချို့လည်း ရှိပြီး ခွဲခြားရန် ခက်ခဲတယ်၊ ရှဖျင်းဖန်ရဲ့သာမန်ဓားတာအို၊ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအို၊ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခံစားချက်မဲ့ဓားတာအို၊ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုတို့လိုမျိုးပေါ့။ ရေစက်ဓားတာအိုက အစက်တစ်ခုတည်းနဲ့ မျက်နှာပြင်ကို ချိူးဖျက်တဲ့ သဘောတရား ရှိတယ်။
မူရုံယိုယွီက ဝမ်ချီကို အနိုင်ယူသွားတာနဲ့ လေတိမ်သိုင်းပြိုင်ကွင်းမှာ အသံတွေ ဟိန်းထွက်လာပါတယ်။
ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ဝမ်ချီက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၆မှာ ရှိပါတယ်၊ အခုတော့ သူ့ကို တိုးတက်လာနေတဲ့ကြယ်တစ်ပွင့်က အနိုင်ယူသွားပါပြီး။
.
ပြိုင်ပွဲက ဆက်သွားနေတယ်၊ စိတ်လှုပ်ရှားစရာပြိုင်ပွဲတွေက အချိန်အမျှ တင်ဆက်လာနေတယ်။
ဓားတာအိုက သတ်ဖြတ်ဖို့အတွက် နံပါတ်တစ်ဓားတာအိုဖြစ်ပြီး ကြည့်ရှုဖို့အတွက်လည်း အသင့်တော်ဆုံးတာအို ဖြစ်တယ်လေ။
မကြာခင်မှာ လီကျန့်ရှင်းရဲ့အလှည့်ရောက်လာပါတယ်။ သူ့ရဲ့ပြိုင်ဘက်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၉ဖြစ်တဲ့လေဖမ်းဓားဧကရာဇ်ပါ။
လေဖမ်းဓားဧကရာဇ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အမြန်ဆုံးဓားငါးလက်ထဲက တစ်လက်ပါ။မြန်နှုန်းအရ သူက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့ကို ယှဉ်နိုင်ပါတယ်။
သိုင်းစင်မြင့်ပေါ်မှာ လေဖမ်းဓားဧကရာဇ်က ချက်ချင်း မတိုက်ခိုက်ပါဘူး၊ အဲ့အစား သူ့ရဲ့မျက်လုံးတွေက လီကျန့်ရှင်းပေါ် စူးစိုက်သွားပါတယ်။
လီဖူချန်းက ရပ်နေတယ်၊ ဒါပေမယ့် လေဖမ်းဓားဧကရာဇ်က ဘာဟာကွက်မှ ရှာမတွေ့ပါဘူး။
ဟာကွက်မရှိရင် သူက အရင်တိုက်ခိုက်ရင်တောင် အသုံးမဝင်ဘူးလို့ ဆိုလိုပါတယ်။
"မင်းရဲ့ဓားက အရမ်းမြန်တယ်လို့ ငါ ကြားဖူးတယ်" လီကျန့်ရှင်းက ပြောလိုက်တယ်။
လေဖမ်ဧကရာဇ်က ပြောလိုက်တယ်"ငါက အဲလောက်မဟုတ်ပါဘူး။ လူတိုင်းက အထင်ကြီးနေတာပါ"
"လူတိုင်းက မင်းကို အထင်ကြီးတာက မင်းရဲ့ဓားက အရမ်းမြန်တယ်လို့ ဆိုလိုတယ်။ ဒီလိုလုပ်ကြရင်ရော၊ မင်းက ဒီဓားကွက်ကို ရပ်တန့်နိုင်ရင် ငါ ရှုံးတယ်" လီကျန့်ရှင်းက အကြုံပြုလိုက်တယ်။
"ဘာ" လေဖမ်းဓားဧကရာဇ်က တစ်ခဏ ကြောင်သွားတယ်။
ပြီးနောက် ချက်ချင်းပဲ သူက ဒေါသူပုန်ထသွားတယ်။ လီဖူချန်းက သူ့ကို အထင်မြင်သေးတာ သိသာပါတယ်။ လီကျန့်ရှင်းက သူ့ကို အကြောပေးလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။
"ကဲ သတိထားပေတော့" လီကျန့်ရှင်းက ပြောလိုက်တယ်။
လေဖမ်းဓားဧကရာဇ်က ဘာမှ မပြောပါဘူး၊ သတိနဲ့ ရပ်နေတယ်။ သူက လီကျန့်ရှင်းရဲ့ဓားတစ်ချက်ကို မတားဆီးနိုင်ဘူးလို့ မယုံပါဘူး။
အလင်းတစ်ခု တောက်ပသွားတယ်၊ လီကျန့်ရှင်းက စင်မြင့်ပေါ်မှ ပြန်ဆင်းသွားတယ်။
"ဒါ ဘာအဓိပ္ပါယ်လဲ" လေဖမ်းဓားဧကရာဇ်က ဒေါသထွက်သွားတယ်။
"မင်း ရှုံးပြီး" လီကျန့်ရှင်းက ပြန်မလှည့်ပါဘူး၊ သူက ပုံမှန်အတိုင်း ပြောလိုက်တယ်။
"ငါ ရှုံးတယ်" လေဖမ်းဓားဧကရာဇ်က နားမလည်ပါဘူး။
ဖစ်...........
သွေးစီးကြောင်းတစ်ခုက လေဖမ်းဓားဧကရာဇ်ရဲ့ပခုံးမှ ပေါက်ထွက်လာတယ်။
"ငါ တကယ် ရှုံးသွားတာပဲ" လေဖမ်းဓားဧကရာဇ်က ထိတ်လန့်သွားတယ်။
ဘယ်လိုအမြန်နှုန်းလဲ။ သူ တားဆီးဖို့ အသာထား၊ ဘာမှကို မခံစားမိလိုက်ဘူး။
"ဒီလိုဓားတစ်လက်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ ရှိနိုင်တာလား"
"လီကျန့်ရှင်းက ဓားအာဏာရှင် ဒါမှမဟုတ် ဓားဧကရာဇ်ရဲ့အဆင့်မျိုးကို ရောက်နေပြီးလား"
လေတိမ်ဧကရာဇ်ကသာ ထိတ်လန့်သွားတာ မဟုတ်ဘူး၊ပါဝင်သူကိုးဆယ်ရာခိုင်နှုန်းလောက်က ထိတ်လန့်သွားကြတယ်။
သူတို့သာ လီဖူချန်းနဲ့ တိုက်ခိုက်ရရင် သူတို့ဘယ်လိုသေသွားသလဲကိုတောင် သိနိုင်မှာ မဟုတ်ဘူး။
"စိတ်ဝင်စားစရာပဲ" ဓားမော့ဧကရာဇ်ချူခွမ်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သိုင်းစင်မြင့်အောက်မှာ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့ရဲ့မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားတယ်။
အရင်တုန်းက သူတို့ရဲ့မျက်လုံးတွေက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်ပေါ်မှသာ ရှိနေတာ၊ အခြားဓားသမားတွေကို သူတို့က စိတ်မဝင်စားပါဘူး။
လီကျန့်ရှင်းရဲ့ထွက်ပေါ်လာမှုက သူတို့ကို ဖိအားတစ်ခု ခံစားလာရစေတယ်။
"ဒါ ဓားနှလုံးသားရဲ့စွမ်းအားပဲ။ ဓားနှလုံးသားနဲ့ဆိုရင် တစ်စုံတစ်ယောက်က ဓားတာအိုဥပဒေဿကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်"
လီဖူချန်းက ပြုံးလိုက်တယ်၊ တိုက်ခိုက်လိုစိတ်တစ်ခုက ထွက်ပေါ်သွားတယ်။
တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်မှာ သူ ပြိုင်ဘက်ကင်းဖြစ်နေတာ အချိန်အတော်ကြာပါပြီး။ အရိုးသားဆုံးပြောရရင် ဓားသမားတစ်ယောက်အနေနဲ့ သူက တိုက်ပွဲတစ်ခုကို ဆာလောင်နေတယ်။ သူက ဘက်ညီတဲ့ပြိုင်ဘက်တစ်ယောက်နဲ့ တိုက်ခိုက်ချင်နေတယ်။
"မင်း ပိုသန်မာနေဖို့ ငါ မျှော်လင့်တယ်"
လီကျင့်ရှင်းက သူ့ခွန်အားရဲ့တစ်ပိုင်းလောက်သာ အသုံးချခဲ့တာကို လီဖူချန်းက မြင်နိုင်တယ်။ ဒီပမာဏလောက်နဲ့တော့ လီကျန့်ရှင်းက သူ့အတွက် ပြိုင်ဘက်မဟုတ်သေးပါဘူး။
လီကျန့်ရှင်း စင်ပေါ်က ဆင်းသွားပြီး အချိန်အတန်ကြာသည့်အထိ တစ်ယောက်မှ သတိပြန်မလာသေးပါဘူး။
မူရုံယိုယွီက မှင်တက်စေဖို့ လုံလောက်တယ်၊ လီကျန့်ရှင်းက ပိုထူးချွန်နေမယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားပါဘူး။ပိုကြောာက်စရာကောင်းတယ်လို့ ပြောသင့်တာ။
"ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်မျိုးဆက်သစ်တစ်ခု ထွက်လာမလား"
"သိုင်းစင်မြင့်၉၊ လီဖူချန်းနဲ့စွေ့လောဟုန်"
ဒိုင်လူကြီးက ပြောပြီးတာနဲ့ သက်တံကြွေဓားဧကရာဇ်စွေ့လောဟုန်က သိုင်းစင်မြင့်ပေါ်မှာ သက်တံတစ်စင်းအလား ထွက်ပေါ်လာတယ်။
"လီဖူချန်း၊ ဓားပြိုင်ပွဲမှာ ငါ မင်းကို ကောင်းကောင်းဂရုစိုက်မယ်လို့ ပြောခဲ့တာပဲ" စွေ့လောဟုန်က လှောင်ပြုံးပြုံးလိုက်တယ်။
"မင်း ငါ့ကို ဂရုစိုက်နိုင်မှာ သေချာလို့လား" လီဖူချန်းက စွေ့လောဟုန်ရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်။
ဒါပေါ့။ ငါ၊ သက်တံကြွေဓားဧကရာဇ်က ပြောပြီးသားစကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး"
လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သက်တံနဲ့တူတဲ့ဓားတစ်လက်က သက်တံကြွေဓားဧကရာဇ်ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။
"ငါ့ရဲ့သက်တံကြွေဓားတာအိုကို မြင်တွေ့ခွင်ရတာ မင်းအတွက် ဂုဏ်ယူစရာပဲ"
သက်တံကြွေဓားဧကရာဇ်က သူ့ဓားကို ညွှန်ပြလိုက်တယ်။ သက်တံအရောင်ဓားချီတစ်ခုက ထွက်လာတယ်။ သက်တံဓားချီက ဟင်းလင်းပြင်နဲ့ ရောနှောသွားတယ်။ ဓားချီအစစ်ကို မြင်တွေ့ဖို့က မဖြစ်နိုင်တော့ပါဘူး။
"ဒါက မင်းရဲ့သက်တံကြွေဓားချီလား။ ဘာမှလဲ မဟုတ်ပါလား"
လီဖူချန်းက သက်တံဓားချီအတွင်းမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတယ်။
ကလင်း ကလန်း ကလင်း ကလန်း...........
အဆုံးမရှိဓားချီက လီဖူချန်းပေါ် ကျရောက်သွားတယ်၊ ဒါပေမယ့် မီးပွားအချို့သာ ထွက်လာရတယ်။
"ဒါက အစပဲ ရှိသေးတယ်"
သက်တံကြွေဓားဧကရာဇ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ လီဖူချန်းရဲ့ခွန်အားက သူမျှော်မှန်းထားတာထက် အနည်းငယ်ပိုကောင်းပါတယ်။
"သက်တံဖြူထိုးဖောက်ခြင်း"
သက်တံကြွေဓားဧကရာဇ်က သူ့ရဲ့အပြီးသတ်ကွက်ကို ထုတ်လိုက်တယ်။ ပြီးပြည့်စုံတဲ့ဓားချီတစ်ခုက ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ သေခြင်းနဲ့အထီးကျန်ခြင်းဓားချီတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ကမ္ဘာက ဝမ်းနည်းပူဆွေးသလို ခံစားလာရတယ်။
"သက်တံကြွေက သက်တံရဲ့အဆုံးကို ကိုယ်စားပြုတယ်။ ဒါက လုံလောက်တယ်"
လီဖူချန်းက အဖြူရောင်ဓားချီကို ကွဲထွက်စေဖို့ ဓားကွက်တစ်ခုနဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။ ဟင်းလင်းပြင်မှာ ပုံသဏ္ဍာန်မရှိတဲ့ချည်မျှင်တစ်ခုက အညှာတာကင်းမဲ့စွာ လှီးဖြတ်နေတယ်။
ဓားကွက်၊ ဂရုဏာမဲ့ဓားသွား။
***