← Chapters

ကြယ်ဓားတာအို

Vol. 56 Ch. 768

ကြယ်ဓားတာအို

Vol. 56 Ch. 768

ဂရုဏာမဲ့ဓားသွားက လီဖူချန်းရဲ့အသန်မာဆုံးဓားကွက်ဖြစ်ခဲ့တဲ့ အချိန်ကာလတစ်ခု ရှိပါတယ်။

အဲဒါကို ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာနဲ့မူအဆုံးစွန်းဓားအနုပညာက အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုက သိသိသာသာတိုးတက်လာတာကြောင့် ဂရုဏာမဲ့ဓားသွားကလည်း သိသိသာသာ တိုးတက်လာပါတယ်။ အဲဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အဆုံးစွန်းနဲ့ နီးကပ်နေပါတယ်။

လက်ရှိဂရုဏာမဲ့ဓားသွားမှာ မီးတာအိုဥပဒေဿ မပါရှိပါဘူး။ ဓားတာအိုဥပဒေဿသာ ပါဝင်ပါပြီး အရာအားလုံးအတွက် ရှဖျင်းဖန်ရဲ့မူလဓားတာအိုကို ကျေးဇူးတင်ရမှာပါ။

သူ့ရဲ့အဆုံးသတ်ကွက်သက်တံဖြူထိုးဖောက်ခြင်းက ချိုးဖောက်ခံလိုက်ရတဲ့အခါ သက်တံကြွေဓားဧကရာဇ်က စိတ်ပျက်သွားတယ်။ သူက အသည်းအသန် ပြန်ဆုတ်လိုက်ရတယ်၊ ပြန်ဆုတ်နေရင်း ဒဏ်ရာရတာကို ရှောင်ရှားဖို့အတွက် ချည်မျှင်တွေကို ဖြတ်တောက်ဖို့ သူ့ဓားရှည်ကို ဝှေ့ယမ်းလိုက်တယ်။

ကလန်း ကလန်း ကလန်း ကလန်း.........

မီးပွားတွေက နေရာတိုင်းမှာ ထွက်ပေါ်လာတယ်၊ သူ့လက်က ထုံသွားသလို သက်တံကြွေဓားဧကရာဇ်က ခံစားရတယ်။ ဒီဓားချည်မျှင်တွေက ကြမ်းတမ်းပြီး သူ စိတ်ကူးယဉ်တာထက် ပိုအားကောင်းပါတယ်။ သူသာ အနည်းငယ် ပိုအားနည်းရင် ရှုံးနိမ့်သွားလိုက်ရမှာပါ။

"အမ်၊ ဘာလို့ သူက ဒီလောက် သန်မာရတာလဲ" သက်တံကြွေဓားဧကရာဇ်က ရှက်ကိုးရှက်ကန်းဖြစ်သွားရှာတယ်။

သူက လီဖူချန်းကို ဂရုစိုက်‌ပေးမယ်လို့ ပြောပေမယ့် အခုတော့ သူက အနိုင်ရလမ်းကိုတောင် မမြင်ရတော့ပါဘူး။

ဓားရှည်ကို အဆက်မပြတ်ဝှေ့ယမ်းမှုကြောင့် ဓားချည်မျှင်တွေက နောက်ဆုံး ပျက်စီးသွားပြီးဖြစ်တယ်။

ဒါပေမယ့် အဲဒါက လီဖူချန်းက ခွန်အားပြည့်မတိုက်‌ခိုက်တဲ့အတွက်ကြောင့်ပါပဲ။ သက်တံကြွေဓားဧကရာဇ်မှာ အခုထိမ‌သုံးရသေးတဲ့ အသန်မာဆုံးဓားကွက် ရှိလောက်မှာပါ။ ထိုဓားကွက်ကို မြင်ပြီးမှ သူ့ကို အနိုင်ယူတာက မနောက်ကျလွန်းပါဘူးလေ။

"လီဖူချန်း၊ ငါ မင်းကို လျှော့တွက်မိသွားတယ်။ ဒီဓားကွက်ကတော့ ထိပ်ဆုံးဆယ်ယောက်ကို ဝင်ဖို့ ငါ့ရဲ့ဝှက်ဖဲပဲ။ မင်းက မြင်တွေ့ဖို့ အရည်အချင်း ပြည့်မှီတယ်။ သက်တံကြွေနေကိုးစင်း"

သက်တံကြွေဓားဧကရာဇ်က ကောင်းကင်ကို ပြေးတက်သွားပြီးနောက် ရုတ်ခြည်း ပျောက်ကွယ်သွားတယ်။ ကောင်းကင်မှာ ရောင်စုံနေကိုးစင်းက ရုတ်တရက် ထွက်ပေါ်လာတယ်။ နေတွေက ထွန်းလင်းနေပြီး ဓားချီကိုးခုအဖြစ်ပြောင်းသွားကာ လီဖူချန်းဆီ တိုးဝင်သွားပါတယ်။

ဒီဓားချီကိုးခုကို ရင်ဆိုင်ရချိန်မှာ နေကိုးစင်းက ဆင်းသက်လာပြီး ကမ္ဘာကြီးကို ဖျက်ဆီးလိမ့်မယ်လို့ လီဖူချန်းက ခံစားမိတယ်။ အခြားဓားသမားတွေက ဒီဓားကွက်ကို လက်ခံရရင် သူတို့က သေချာပေါက် ပြာဖြစ်သွားမှာပါ။ ဒါပေမယ့် ကံမကောင်းတာက လီဖူချန်းက လက်ခံတဲ့သူ ဖြစ်နေတာပါပဲ။

လီဖူချန်းက ဂရုဏာမဲ့ဓားသွားကိုပဲ ထုတ်ဖော်လိုက်တယ်၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ ကြောက်စရာအရှိန်အဝါတစ်ခု ရှိတယ်။ ကမ္ဘာကြီးက အထီးကျန်နေပြီး မဟာတာအိုက ဂရုဏာကင်းမဲ့နေလေတယ်။

ဟင်းလင်းပြင်မှာ ဓားချည်မျှင်တွေက ဓားချီကိုးခုကို ကန့်လန့်ဖြတ်ခုတ်ပိုင်းလိုက်ပါတယ်၊ ပြီးနောက် သက်တံကြွေဓားဧကရာဇ်ပေါ် ကျရောက်လာပါတယ်။

သက်တံကြွေဓားဧကရာဇ်က လွင့်ထွက်သွားပါတယ်၊ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးတွေ စွန်းထင်နေလေရဲ့။

"ဒီနှစ်ရဲ့ဓားပြိုင်ပွဲက မျိုးဆက်ဟောင်းကို မျိုးဆက်သစ်က အစားထိုးခြင်းဆိုတာ အမှန်ပဲ။  ဒီလီဖူချန်းက လီကျန့်ရှင်းနဲ့မူရုံယိုယွီလောက် မတောက်ပပေမယ့် ယုဝမ်ဟောင်ကျဲနဲ့တော့ နှိုင်းယှဉ်နိုင်ပါတယ်"

"အမှန်ပဲ။ ‌သက်တံကြွေဓားဧကရာဇ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၅ဖြစ်ပေမယ့် အခုလို ရှုံးနိမ့်သွားခဲ့ရတယ်"

"မဆိုးဘူး၊ ငါက မင်းနဲ့ ယှဉ်ပြိုင်ဖို့ စောင့်မျှော်နေမယ်" လီဖူချန်းက စင်ပေါ်မှ ဆင်းလာတဲ့အခါ ယုဝမ်ဟောင်ကျဲက လီဖူချန်းကို ပြောလိုက်တယ်။

"ကောင်းပြီလေ" လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်။

နောက်ပြိုင်ပွဲကတော့ ယုဝမ်ဟောင်ကျဲရဲ့အလှည့်ပါပဲ။

ယုဝမ်ဟောင်ကျဲက မှင်တက်စရာစွမ်းအားကို ပြသလိုက်တယ်၊ သူ့ရဲ့ပြိုင်ဘက်က ဓားတစ်ချက်တည်းနဲ့ လွင့်ထွက်သွားရတယ်။

"သိုင်းစင်မြင့်၄၊ ထန်ရှင်းနဲ့ကျန့်ရှန်"

မူရုံယိုယွီနဲ့ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်၊ဝမ်ချီတို့ကြား ပြိုင်ပွဲပြီးနောက် အထွတ်အထိပ်တွေကြား နောက်ထပ်ပြိုင်ပွဲတစ်ခုက ဖြစ်တည်လာပါတယ်။

ကျန့်ရှန်က တောင်ဖျက်ဓားဧကရာဇ်ဖြစ်ပြီး ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၈ ရှိပါတယ်။ သူ့ရဲ့ဓားအနုပညာက တောင်တစ်လုံးပမာ လေးလံကြမ်းတမ်းတယ်။ အားနည်းတဲ့သူတွေက သူ့ရဲ့ဓားစွမ်းပကားကို မခုခံနိုင်ဘဲ သွေးထုထည်တစ်ခုအဖြစ် ချေမှုန်းခံလိုက်ရမှာပါ။

ထန်ရှင်းအတွက်ကတော့ သူက ဒီနှစ်ဓားပြိုင်ပွဲရဲ့ကြယ်တစ်ပွင့်ပါ။ အရင်ပြိုင်ပွဲတွေမှာ သူ့ရဲ့ပြိုင်ဘက်က အားနည်းတာကြောင့် သူ့ရဲ့တည်ရှိမှုက အနည်းငယ်နိမ့်ကျသလို ဖြစ်နေရတယ်။ အခု သူ့ပြိုင်ဘက်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၈ဆိုတော့ သူက လူအုပ်ကို အံ့အားသင့်စေနိုင်မလားကို လူတိုင်းက သိချင်နေမိတယ်။

ကျန့်ရှန်က ထန်ရှင်းကို လျော့မတွက်ပါဘူး။

သူက ကောင်းကင်ဘုံကိုးဖြာဓားဧကရာဇ်နဲ့လေဖမ်းဓားဧကရာဇ်တို့ရဲ့ဥပမာတွေကို သင်ယူထားတယ်။ သူက ထန်ရှင်းကို လျော့တွက်နေရင် သူက သေချာပေါက် မရှုမလှ ရှုံးနိမ့်သွားရမှာပါ။

ကျန့်ရှန်ရဲ့ဓားက ဓားကြီးလက်ဖြစ်ပြီး တံခါးတစ်ခုလောက် ကျယ်ပါတယ်။ သူက ဓားကြီးကို ဝှေ့ယမ်းပြီး လေးလံကြမ်းကြုတ်တဲ့ဓားစွမ်းပကားကို ဖော်ထုတ်လိုက်တယ်။ စင်မြင့်နားက ပါဝင်သူတွေက တောင်ကြီးတစ်ခု ဖိနေသလို ခံစားရပြီး အသက်ရှုဖို့တောင် ခက်ခဲနေပါတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့ တောင်ဖျက်ဓားတာအို"

"ဓားစွမ်းပကားကို ကြည့်ရင် သူ့ရဲ့ခွန်အားက ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့အထက်မှာပဲ"

ဆွေးနွေးမှုများစွာ ဖြစ်ပေါ်နေတယ်။

"သတိထားပေတော့" ကျန့်ရှန်က အော်ဟစ်လိုက်တယ်၊ သူက တောင်ဖျက်ခုတ်ပိုင်းချက်တစ်ခုကို ထန်ရှင်းထံ ထုတ်‌ဖော်လိုက်တယ်။

ထန်ရှင်းက မလှုပ်ရှားပါဘူး၊ ကြယ်နဲ့တူတဲ့ဓားဆန္ဒတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်မှာ လည်ပတ်လာတယ်၊ ပြိုင်ဘက်ရဲ့ဓားကွက်ကို ရင်ဆိုင်ဖို့ စီစဉ်ထားပုံရပါတယ်။

ဒိန်း ဂျိန်း.........

သိုင်းစင်မြင့်ပေါ်မှာ မျက်လုံးနဲ့မြင်နိုင်တဲ့ လေလှိုင်းဂယက်တစ်ခု ဖြစ်လာတယ်။

ကျန့်ရှန်ရဲ့ဓားကွက်က ထန်ရှင်းရဲ့ဓားဆန္ဒကို မချိုးဖောက်နိုင်တာကို သိလိုက်ရတဲ့ခါ လူတိုင်းက ထိတ်လန့်သွားကြတယ်။ ကျန့်ရှန်ကတောင် ယိမ်းယိုင်သွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရတယ်။

"ဘယ်လိုဓားတာအိုမျိုးလဲ"

"အဲဒါက ကျန့်ရှန်ရဲ့တောင်ဖျက်ဓားတာအိုထက်တောင် ထူထပ်ပြီး အကန့်အသတ်မရှိ ဖြစ်နေတယ်။ အထဲမှာ ကြယ်တွေလည်ပတ်နေတာ သိသာတယ်"

တစ်ယောက်မှ ထန်ရှင်းရဲ့ဓားအနုပညာကို မသိဘူး၊ သူက ဘယ်ဓားတာအိုလမ်းကြောင်းမှာ ရှိနေတာကို မသိကြဘူး။

"ကြယ်ဓားတာအို"

လီဖူချန်းက ထန်ရှင်းရဲ့တာအိုက ကြယ်ဓားတာအိုဖြစ်ကြောင်းကို ချက်ချင်း သိလိုက်ရတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ပါပဲ။

အကြောင်းက ထန်ရှင်းရဲ့ဓားဆန္ဒမှာ ထင်ရှားပြတ်သားတဲ့ကြယ်ဥပဒေဿတစ်ခု ရှိတယ်။ အဲဒါက သူ့ရဲ့ကြယ်လက်နဲ့လလက်တို့ ပိုင်ဆိုင်ထားတဲ့ ကြယ်ဥပဒေဿတို့နဲ့ တူတူပါပဲ။

ဒါပေမယ့် ထန်ရှင်းရဲ့ကြယ်ဥပဒေဿက ကမ္ဘာဆွဲအားကို မထုတ်ဖော်နိုင်ဘူးကိုတော့ လီဖူချန်းက ပြောနိုင်ပါတယ်။ ကမ္ဘာဆွဲအားကို ထုတ်လုပ်နိုင်ရင်တော့ အဲဒါက အလွန်ကြောက်စရာကောင်းသွားပြီး ထန်ရှင်းက လီဖူချန်းအတွက် အားကောင်းတဲ့ရန်သူတစ်ယောက် ဖြစ်လာနိုင်တယ်။

ထန်ရှင်းရဲ့ကြယ်ဓားတာအိုမှာ ကြယ်ဥပဒေဿ ရှိရုံတင်မကပါဘူး၊ ဓားတာအိုဥပဒေဿလည်း ပါဝင်ပါတယ်။

အဲဒါက သေစေနိုင်တဲ့ဓားတာအိုနဲ့ ကြယ်တာအိုရဲ့သိပ်သည်းမှုတွေ ပါဝင်တယ်။

ထန်ရှင်းရဲ့ကြယ်ဓားတာအိုနဲ့ နှိုင်းယှဉ်ရင် ကျန့်ရှန်ရဲ့တောင်ဖျက်ဓားတာအိုက ပင်ကိုအားဖြင့် နိမ့်ကျပါတယ်။ ပြီးတော့ တောင်ဖျက်ဓားတာအိုက မြေဓားတာအိုအမျိုးအစားတစ်ခု ဖြစ်ပြီး အထူးဓားတာအိုတစ်ခု မဟုတ်ပါဘူး။

"ဘာလဲဟ" ကျန့်ရှန်က ထိတ်လန့်သွားတယ်၊ သူ့ရဲ့ချီသွေးက ဆူပွက်နေလေတယ်။

ထန်ရှင်းက ပုံမှန်အတိုင်း ပြောလိုက်တယ်"ငါက မင်းရဲ့ဓားကွက်ကို ခုခံပြီးပြီ။ အခု ငါ့အလှည့်ပဲ"

ပြောနေရင်း ထန်ရှင်းက လေးလံကြီးမားတဲ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ အလွန်အမင်းထူထပ်သိပ်သည်းတဲ့ဓားစွမ်းပကားတစ်ခုက ကျန့်ရှန်ကို ဖိနှိပ်လိုက်တယ်။

ဘန်း...........

သိုင်းစင်မြင့်က တုန်ခါသွားပြီး ကျန့်ရှန်က မြေပြင်ပေါ်မှာ ဒူးထောက်ရတဲ့အထိ ဖိနှိပ်ခံလိုက်ရတယ်။ ပြီးနောက် သူက သွေးတစ်ပွက် အန်လိုက်လေတယ်။

အားကောင်းလွန်းတယ်၊ အရမ်းအားကောင်းလွန်းတယ်။ သူက ထန်ရှင်းအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပါဘူး။

"အစက လီကျန့်ရှင်းက ဓားပြိုင်ပွဲရဲ့နံပါတ်တစ်ကြယ်ပွင့်ဖြစ်ပြီး ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့ကို ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ငါထင်ထားတာ။ အခုကြည့်ရတာ ထန်ရှင်းက လီကျန့်ရှင်းထက် ဘယ်နေရာမှ မနိမ့်ကျဘူး"

"ဟုတ်တယ်၊ လီကျန့်ရှင်းရဲ့ဓားအရှိန်က မယုံနိုင်လောက်အောင်မြန်ပေမယ့် ထန်ရှင်းရဲ့ဓားတာအိုကလည်း ခံစစ်ရောတိုက်ခိုက်ရော အားကောင်းတယ်။ သူ့ရဲ့ခံစစ်ကို ဓားတစ်ချက်နဲ့ ချိုးဖျက်ဖို့က အလွန်ခက်တယ်"

"လွန်ခဲ့တဲ့ဓားပြိုင်ပွဲနှစ်ပွဲမှာ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ ရှိတယ်။ ဒီနှစ်မှာ၊ လီကျန့်ရှင်းနဲ့ ထန်ရှင်းတို့က ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားဧကရာဇ်တို့ကို အနိုင်ယူနိုင်ရင် သူတို့နှစ်ယောက်က မျိးဆက်သစ်ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တွေ ဖြစ်လာလိမ့်မယ်"

"ဒါတွေကို ပြောဖို့က စောလွန်းပါတယ်လေ၊ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ ရှိတယ်"

ပြိုင်ပွဲစကတည်းက မည်သည့်တည်ရှိမှုမှ မရှိတဲ့ထန်ရှင်းက အာရုံဆွဲဆောင်မှုကို ချက်ချင်း ရရှိလာပြီး လူအုပ်ကြီးကို တုန်လှုပ်သွားစေပါတယ်။

"သိုင်းစင်မြင့်၆၊ လီဖူချန်းနဲ့ယုဝမ်ဟောင်ကျဲ"

လီဖူချန်းရဲ့အလှည့် ထပ်မံရောက်လာပြန်တယ်။

"ငါတို့အလှည့်ပဲ" ယုဝမ်ဟောင်ကျဲရဲ့မျက်လုံးတွေက တိုက်ခိုက်လိုစိတ်များ ယိုဖိတ်လာတယ်။

"ဒါပေါ့" လီဖူချန်းက စင်မြင့်ပေါ်ကို တက်သွားတယ်။

ဘာအပိုစကားမှ မပြောဘဲ သူတို့နှစ်ယောက်က ချက်ချင်း တိုက်ခိုက်လိုက်ကြတယ်။

ယုဝမ်ဟောင်ကျဲလည်း လေးလံကြမ်းတမ်းတဲ့ဓားတာအိုလမ်းကြောင်းမှာရှိတာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဓားတာအိုက ကြယ်ဓားတာအိုမဟုတ်သလို မြေဓားတာအိုလည်း မဟုတ်ပါဘူး။ အဲဒါက ကြယ်တံခွန်ဓားတာအို ဖြစ်တယ်။

ကြယ်တံခွန်ဓားတာအိုက ကြယ်ဓားတာအိုနဲ့မြေဓားတာအိုတို့လောက် ထူထပ်သိပ်သည်းခြင်း မရှိပါဘူး၊ ဒါပေမယ့် ပေါက်ကွဲစွမ်းအားနဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

ဖော်ပြချက်တစ်ခုပေးရရင် ကြယ်တံခွန်ဓားတာအိုက ကြယ်ပျံဓားတာအိုနဲ မြေဓားတာအိုတို့ကို ‌ပေါင်းစပ်ထားတာနဲ့ တူပါတယ်။

ဒီပြိုင်ပွဲအတွက် လီဖူချန်းက ကြယ်ပျံဓားအနုပညာကို သုံးလိုက်ပါတယ်။

ကြယ်ပျံဓားအနုပညာက စွမ်းအားရောအမြန်နှုန်းရော နှစ်ခုလုံး ပါရှိတယ်။

"မင်း ရှုံးလိမ့်မယ်"

ယုဝမ်ဟောင်ကျဲက ဓားရှည်ကို မြှောက်လိုက်တယ်။ အဆုံးမရှိဓားအရိပ်တွေက ပေါင်းစပ်သွားပြီး ကြယ်တံခွန်တစ်ခုက အဖြစ် လီဖူချန်းထံ ပြေးဝင်တိုက်ခိုက်လိုက်ပါတယ်။

"ကြယ်ပျံကြွေဓားကွက်"

လီဖူချန်းက ကောင်းကင်ကို တက်ပြီး သူ့ရဲ့ဓားနဲ့ရိုက်ချလိုက်ပါတယ်။

ဓားအလင်းတစ်ခုက အလွန်လျင်မြန်စွာ ဆင်းသက်လာပါတယ်။

ဘုံး.............

ဓားအလင်းနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါ စင်မြင့်ပေါ်မှာ ဖြာထွက်မှုတစ်ခု ဖြစ်သွားပြီး သူတို့နှစ်ယောက်ကို လွှမ်းခြုံလိုက်တယ်။

"ဓားအနုပညာဘယ်လောက်တောင် လီဖူချန်းက ကျွမ်းကျင်တာလဲ"

"ဟုတ်တယ်၊ ငါလည်း သိချင်နေတာ"

"သူက ရန်သူတစ်ယောက်ကို ဓားအနုပညာတစ်မျိုးစီ သုံးနေတာ။ သူ့ရဲ့ပုံစံကို သိမြင်ဖို့က တကယ်ခက်တယ်"

"သူက မြိုချနိုင်တာထက် ပိုဝါးနေတာပဲ။ ဓားအနုပညာများစွာကို ကျွမ်းကျင်တာက ကောင်းတဲ့အရာ မဟုတ်ဘူး"

"ဒါပေမယ့် သူ့ရဲ့ဓားအနုပညာတိုင်းက အဆုံးစွန်းနဲ့ နီးကပ်နေတယ်"

အစက တစ်ယောက်မှ လီဖူချန်းကို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ပြိုင်ပွဲအနည်းငယ်ပြီးနောက် လီဖူချန်းက ကြယ်တစ်ပွင့်ဆိုတာကို သူတို့က တဖြည်းဖြည်း သိလာပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ ဒီလောက်များတဲ့ဓားအနုပညာတွေကို အဆုံးစွန်းထိ ရောက်အောင်မကျင့်ကြံနိုင်ပါဘူး။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ရဲ့ဓားတာအိုက ငါ့ထက်တောင် ပိုပြင်းထန်ပြီးပိုမြန်နေတယ်"

ဖြာထွက်မှုက ပြန့်ကျဲသွားတယ်။ ယုဝမ်ဟောင်ကျဲရဲ့ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားပြီး သူရဲ့အမူအရာမှာ ကြောက်ရွံ့မှုတွေ ခိုနားနေတယ်။

သူ့ရဲ့ကြယ်တံခွန်ဓားတာအိုက စွမ်းအားနဲ့မြန်နှုန်းနှစ်ခုလုံး ရှိပါတယ်။ သူ့ရဲ့တွက်ချက်မှုအရ အဲဒါက လီဖူချန်းကို ဖိနှိပ်ဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုကလည်း စွမ်းအားနဲ့မြန်နှုန်းကို ပိုင်ဆိုင်ထားမယ်လို့ သူ မမျှော်လင့်ထားပါဘူး။

"ကြယ်တံခွန်ပေါက်ကွဲခြင်း"

အသက်ကို ရှုသွင်းပြီးနောက် ယုဝမ်ဟောင်ကျဲရဲ့ဓားစွမ်းပကားက သိသိသာသာ တိုးလာပါတယ်။ သူက ဓားကို ဝှေယမ်းလိုက်တဲ့အခါ ကြောက်စရာကောင်းအလင်းနဲ့အပူပါရှိတဲ့ကြယ်တံခွန်အစစ်ပမာ ခံစားရတယ်။ အဲဒါက လီဖူချန်းကို မယုံနိုင်စရာအမြန်နှုန်းနဲ့ တိုးဝှေ့လိုက်တယ်။အဲဒါက မပြီးဆုံးသေးပါဘူး။ ကြယ်တံခွန်ဓားအလင်းက လီဖူချန်းဆီ ချဉ်းကပ်လာတာနဲ့ အဲဒါက ရုတ်တရက် ပေါက်ကွဲသွားပြီး လီဖူချန်းကို အဆုံးမရှိဓားအလင်းအစအနတွေက လွှမ်းမိုးသွားပါတယ်။

ဒီဓားကွက်က ယုဝမ်ဟောင်ကျဲရဲ့သေချာပေါက်သတ်ဖြတ်ကွက်ပါ။ လီဖူချန်းက အဲဒါကို ခံယူနိုင်မယ်လို့ သူ မယုံကြည်ပါဘူး။

"ဒါက ငါ့ရဲ့ကြယ်ပျံဓားအနုပညာနဲ့ နည်းနည်းတူတယ်။ အဲဒါက အဆုံးသတ်ဖို့ အချိန်တန်ပြီး"

ဓားနဲ့လူပေါင်းစပ်ခြင်း၊ လီဖူချန်းက တောက်ပနေတဲ့ဓားအလင်းတစ်ခုဖြစ်သွားပြီး ယုဝမ်ဟောင်ကျဲရဲ့ဓားစွမ်းပကားကို ထိုးဖောက်ကာ ယုဝမ်ဟောင်ကျဲကို ထိမှန်သွားပါတယ်။

ဖစ်.........

ယုဝမ်ဟောင်ကျဲရဲ့ရင်ဘက်မှ သွေးစီးကြောင်းတစ်ခု ပွင့်ထွက်လာတယ်၊ သူ့မျက်လုံးတွေက ပြူးကျယ်နေတယ်။

"ဓားနဲ့လူပေါင်းစပ်ခြင်း" နှလုံးသားဓားအာဏာရှင်ရဲ့မျက်လုံးတွေက လှုပ်ရှားသွားတယ်။

ဓားဧကရာဇ်လည်း ဓားနဲ့လူပေါင်းစပ်ခြင်းကို ကျွမ်းကျင်ပါတယ်။

ဒါပေမယ့် ဓားဧကရာဇ်ရဲ့ဓားနဲ့လူပေါင်းစပ်ခြင်းက ပိုအဆင့်မြင့်ပါတယ်။ ဓားဧကရာဇ်နဲ့ တိုက်ခိုက်တဲ့အခါ ချီတည်ရှိမှုတစ်ခုကတောင် ပြိုင်ဘက်ကင်းခံစားချက်တစ်ခုကို ပေးစွမ်းတယ်။ အဲဒါက ဓားနဲ့‌လူပေါင်းစပ်ခြင်းရဲ့အစစ်အမှန်ပါပဲ။

***

All Chapters