← Chapters

ကြောက်စရာကောင်းတဲ့ နှလုံးသားဓား

Vol. 57 Ch. 769

ကြောက်စရာကောင်းတဲ့ နှလုံးသားဓား

Vol. 57 Ch. 769

"ဒီတစ်ခါတော့ ငါ ရှုံးတယ်။ ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ကြတာပေါ့" ယုဝမ်ဟောင်ကျဲက သိပ် လက်မခံနိုင်ပုံရတယ်။

လီဖူချန်းရဲ့ကြယ်ပျံဓားတာအိုက သူ့ရဲ့ကြယ်တံခွန်ထက် တစ်ဆင့်သာ ပိုသန်မာတယ်။ ခြားနားချက်က မကြီးပါဘူး၊ သူက နောက်တစ်ကြိမ်ကျရင် လီဖူချန်းကို သေချာပေါက် အနိုင်ယူနိုင်ပါလိမ့်မယ်။

လီဖူချန်းက ရယ်လိုက်တယ် "မလိုတော့ပါဘူး"

ယုဝမ်ဟောင်ကျဲက ကြယ်ပျံဓားအနုပညာကို‌တောင် မခုခံနိုင်တာ၊ သူက ‌ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာနဲ့ မူအဆုံးစွန်းဓားအနုပညာကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ။

"စိတ်ကြီးဝင်နေတာပဲ.........မင်းက ငါ့ထက် နည်းနည်းလေးပဲ သန်မာတာ။ မင်း အခြားသူတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲကို ကြည့်ရတာပေါ့လေ"

ယုဝမ်ဟောင်ကျဲက မပျော်ဘူး။ လီဖူချန်းက စိတ်ကြီးဝင်ပေမယ့် သူ့ကို အနိုင်ယူခဲ့တယ်။ တစ်ယောက်ယောက်က လီဖူချန်းကို သင်ခန်းစာတစ်ခုခုပေးဖို့သာ စောင့်ကြည့်နိုင်တော့တယ်။

သူတို့နှစ်ယောက်က စင်မြင့်ပေါ်က ဆင်းလာတယ်၊ ပြိုင်ပွဲက ဆက်သွားနေတယ်။

"သိုင်းစင်မြင့်၂၊ ရှောင်ယွမ်နဲ့လျိုဟော်"

ဒိုင်လူကြီးက ပြိုင်ပွဲကို ကြေငြာပြီးချင်းချင်း လေတိမ်သိုင်းပြိုင်ကွင်းတစ်ခုလုံးက ဟိန်းထွက်သွားလေတယ်။

ရှောင်ယွမ်က နှလုံးသားဓားအာဏာရှင်က လွဲပြီး တစ်ခြားသူမဟုတ်ပါဘူး။ သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၄မှာ ရှိပြီး ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ထက်သာ နိမ့်ကျတယ်။

လျိုဟော်လည်း ကြက်‌သွေးရောင်မီးဓားဧကရာဇ်လို့ ကျော်ကြားပြီး ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၂မှာ ရှိသူပါ။

"ကြက်သွေးရောင်မီးဓားဧကရာဇ်၊ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး" ရှောင်ယွမ်က လျိုဟော်ကို ပြောလိုက်တယ်။

"ငါ မကြိုးစားရင် ငါ ဘယ်လိုလုပ် သိမှာလဲ*

"ဒီလိုဆိုရင် မင်း စပါ" နှလုံးသားဓားအာဏာရှင်က လက်‌နောက်ပစ်ကာ ရပ်နေတယ်၊သူ့မှာ ဓားတစ်လက်မှ မရှိပါဘူး။

"အကန့်အသတ်မရှိကြက်သွေးရောင်မီး"

ကလန်း.........

ကြက်သွေးရောင်ဓားကို ဓားအိမ်မှ ချွတ်ပြီးတာနဲ့ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဝှေ့ယမ်းလိုက်တယ်၊ ကြက်သွေးရောင်လှိုင်းတစ်ခုက နှလုံးသားဓားအာဏာရှင်ထံ ကျရောက်လာတယ်။

နှလုံးသားဓားအာဏာရှင်က လက်နောက်ပစ်ကာ ရပ်နေတုန်းပဲ၊ လှုပ်ရှားမှုတစ်ခုပြုဖို့ ရည်ရွယ်ချက်တစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် ကြက်သွေးရောင်လှိုင်းက သူ့ကို ချဉ်းကပ်လာတာနဲ့ အကြွင်းမဲ့ဓားအလင်းတစ်ခုက ထွက်ပေါ်လာပြီး ကြက်သွေးရောင်လှိုင်းကို နှစ်ပိုင်းဖြတ်လိုက်လေတယ်။

"အဲဒါက နှလုံးသားဓားဧကရာဇ်ရဲ့နှလုံးသားဓားတာအိုပဲ"

"နှလုံးသားဓားတာအိုး........နှလုံးသားကို ဓားအဖြစ် အသုံးပြုခြင်း။ နှလုံးသား အားကောင်းလေလေ၊ ဓား အားကောင်းလေလေပဲ"

ကျင့်ကြံသူတွေက အပူတပြင်း ဆွေးနွေးနေကြတော့တယ်။

နှလုံးသားနဲ့ဓားကို ပေါင်းစပ်ခြင်း။ ဒါက နှလုံးသားဓားတာအိုလား"

လီဖူချန်းက စိတ်လှုပ်ရှားသွားတယ်။ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုက သေချာပေါက် ရှားပါးတဲ့ဓားတာအိုတစ်ခုပဲ။

ဓားဆန္ဒကို ထိန်းချုပ်ဖို့ နှလုံးသားကို အသုံးပြုတာက လူတိုင်း လုပ်နိုင်တယ်၊ ဒါပေမယ့် နှလုံးသားဓားအာဏာရှင်က ဓားဆန္ဒကို ထိန်းချုပ်ဖို့ သူ့ရဲ့နှလုံးသားစွမ်းအားကို အသုံးမပြုပါဘူး။ သူက သူ့ရဲ့နှလုံးသားကို ဓားအဖြစ် အသုံးပြုတယ်၊ အဲဒါက အခြားသူတွေ လုပ်နိုင်တာထက် အဆများစွာ ပိုပြီးနက်နဲသိမ်မွေ့ပါတယ်။

ကြက်သွေးရောင်လှိုင်းကို သူ့ရဲ့နှလုံးသားဓားနဲ့ ပိုင်းဖြတ်ပြီး‌နောက် နှလုံးသားအာဏာရှင်က ကြက်သွေးရောင်မီးဓားဧကရာဇ်ကို ကြည့်ကာ ပြောလိုက်တယ်"မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"

"နှလုံးသားဓားအာဏာရှင်၊ မင်းက အားကောင်းတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် ငါ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဘယ်တော့မှ မရပ်တန့်ဘူး။ ဒီနေ့၊ ငါ နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ ကြက်သွေးရောင်သွေးဓားဆန္ဒကို မင်းကို ပြပေးမယ်"

ဘုံး..........

ကြက်သွေးရောင်မီးဓားဧကရာဇ်က ပြောပြီး‌နောက် ကြက်သွေးရောင်နဲ့သွေးရောင်ဓားဆန္ဒတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာပြီး ကြောက်စရာကောင်းတဲ့စွမ်းပကားတစ်ခုကို ထုတ်လွှတ်နေတယ်။

"သူက မီးဓားဆန္ဒနဲ့သူ့ရဲ့ချီသွေးစွမ်းအားကို တကယ် ပေါင်းစပ်ခဲ့တာပဲ" ဆန်းကြယ်နက်နဲဓားသူတော်စင်က စိတ်လှုပ်ရှားသွားတယ်။

ကျားစွယ်ဓားသူတော်စင်က ချီးကျူးလိုက်တယ် "ဒီကြက်သွေးရောင်မီးဓားဧကရာဇ်က တကယ်ကို မယုံနိင်စရာပဲ။ သူက အသက်ဓာတ်ကို ဓားတာအိုထဲ တကယ် ပေါင်းစပ်နိုင်ခဲ့တာပဲ"

ဓားဆန္ဒနဲ့ချီသွေးစွမ်းအားကို ပေါင်းစပ်တာက ဘယ်လောက်ခက်တာကို ဓားတာအိုသူတော်စင်တစ်ယောက်သာ သိတယ်။

ပန်းတစ်ရာဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ် "သူ့ရဲ့အသက်ဓာတ်နဲ့ဓားဆန္ဒနှစ်ခုလုံးက မီးနဲ့တူတယ်။ ဒီကြက်သွေးရောင်မီးဓားဧကရာဇ်က ဓားတာအိုမဟာဧကရာဇ်တစ်ယောက်သာ မကဘူး၊ သူက ခန္ဓာကိုယ်အပြင်အားဧကရာဖ်တစ်ယောက်လည်း ဖြစ်တယ်"

ခန္ဓာကိုယ်အပြင်အားဧကရာဇ်တွေကသာ ကန့်သတ်ချက်မရှိဘဲ ချီသွေးကို သုံးစွဲနိုင်တယ်။

ဓားတာအိုသူတော်စင်သုံးယောက်က အံ့အားသင့်သွားတယ်၊ လီဖူချန်းလည်း တူတူပါပဲ။

ကြက်သွေးရောင်မီးဓားတာအိုရဲ့ကြက်သွေးရောင်သွေးဓားဆန္ဒကို ခန္ဓာကိုယ်အပြင်အားဓားတာအိုလို့ သတ်မှတ်လို့ရတယ်။

လီဖူချန်းရဲ့မျက်လုံးတွေက သိချင်စိတ်၊မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ ဒီမီးတောက်ခန္ဓာကိုယ်အပြင်အားဓားတာအိုက ဘယ်လောက်တောင်အားကောင်းသလဲကို သူမသိပါဘူး။

သိုင်းစင်မြင့်ပေါ်မှာ နှလုံးသားဓားအာဏာရှင်က ကြက်သွေးရောင်သွေးဓားဆန္ဒရဲ့ဖိအားကို ရှင်းလင်းစွာ ခံစားနေရပါတယ်။

သူက ဖိအားကို ခံစားရတယ်ဆိုရင် ကြက်သွေးရောင်မီးဓားဧကရာဇ်က သူနဲ့တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ဆိုလိုတာပါပဲ။

"နှလုံးသားဓားအာဏာရှင်၊ ငါ့ရဲ့ဓားနောက်တစ်ချက်ကို လက်ခံပါ"

ကြက်သွေးရောင်မီးဓားဧကရာဇ်က သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အဆုံးမရှိတဲ့ကြက်သွေးရောင်သွေးဓားချီတွေက နှလုံးသားဓားအာဏာရှင်ထံ ကျရောက်လာပါတယ်။

ခရက် ခရက်............

ဟင်းလင်းပြင်မှာ ဓားအလင်းတွေက တစ်ခုနဲ့တစ်ခု ကန့်လန့်ဖြတ်‌နေလျက် ရှိတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ကြက်သွေးရောင်သွေးဓားချီကို တားဆီးထားတယ်။

နှလုံးသားဓားအယဏာရှင်ရဲ့နှလုံးသားဓားတာအိုက ချိုးဖျက်ဖို့ မလွယ်ကူပါဘူး။ အခြားသူတွေက သူတို့ရဲ့ဓားကို ဝှေ့ယမ်းဖို့ လိုတယ်၊ ဒါပေမယ့် သူက စိတ်နဲ့သာ အလုပ်လုပ်ဖို့ လိုတယ်။

"ခြားနားချက်က ကျုံ့သွားပြီး" လီဖူချန်းက မျက်လုံးတွေက တောက်ပနေတယ်။

အစက နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုက ကြက်သွေးရောင်မီးဓားတာအိုဧကရာဇ်ရဲ့ဓားကွက်ကို တစ်ချက်တည်းနဲ့ ပိုင်းဖြတ်နိုင်တယ်။ အခု သူတို့က ဘက်ညီလုနီးပါးဖြစ်နေပြီး ခွန်အားခြားနားချက်က ကျဉ်းမြောင်းလွန်းပါတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်က တိုက်ခိုက်လေလေ ပိုသန်မာလေဖြစ်တယ်၊ ကြက်သွေးရောင်သွေးဓားချီက သူ့ကို  မြှင့်တင်ပေးနေသလိုပါပဲ။ သိုင်းစင်မြင့်တစ်ခုလုံးက သွေးရောင်ဆိုးထား‌သလို ဖြစ်နေတယ်။

ဒါပေမယ့် ကြက်သွေးရောင်သွေးဓားချီ ဘယ်လောက်ပဲ စွမ်းအားကောင်းကေင်း၊ အဲဒါက နှလုံးသားဓားအာဏာရှင်ရဲ့ပေသုံးဆယ်အကွာအတွင်းကို မရောက်နိုင်သေးပါဘူး။

ပေသုံးဆယ်က တားမြစ်ဇုန်တစ်ခုပမာ ခံစားနေရတယ်။

"ကြက်‌သွေးရောင်မီးနဂါး"

ကြက်သွေးရောင်မီးဓားဧကရာဇ်က အော်လိုက်တယ်။ ကြက်သွေးရောင်သွေးဓားချီက သွေးရောင်မီးနဂါးတစ်ခုဖြစ်လာပြီး နှလုံးသားဓားဧကရာဇ်ထံ တိုးဝင်သွားပါတယ်။

ကလန်း ကလန်း ကလန်း.......

တားမြစ်ဇုန်က ချိုးဖျက်ခံလိုက်ရတယ်။ သွေး‌ရောင်မီးနဂါးက တားမြစ်ဇုန်ကို ဖိအားပေးလိုက်ပြီး နှလုံးသားဓားအာဏာရှင်ရဲ့ဆယ်ပေအကွာကို ရောက်ရှိလာတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့လွှမ်းမိုးမှုကို မြင်ပြီး ပရိသတ်တွေ၊ပါဝင်သူတွေက ထင်ကြေးပေးလာကြတယ်။

"အနေအထားက ပိုပိုပြီး ရှုပ်ထွေးလာတယ်။ မူလက လီကျန့်ရှင်းနဲ့ထန်ရှင်းတို့ကသာ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့ကို ယှဉ်နိုင်မယ်လို့ ထင်ထားတာ။ အခု ကြည့်ရတာ နောက်တစ်ယောက်က ကြက်သွေးရောင်မီးဓားဧကရာဇ် ဖြစ်မယ့်ပုံပဲ"

ဟုတ်တယ်၊ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဒီလောက်တောင် ပြောင်မြောက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ဒါပေမယ့် သူက နှလုံးသားဓားအာဏာရှင်ကို အနိုင်ယူနိုင်မလားကိုတော့ မသိသေးဘူး။ နှလုံးသားဓားတာအိုက နှလုံးသားကိုဓားအဖြစ် အသုံးပြုတယ်ဆိုပေမယ့် နှလုံးသားဓားအာဏာရှင်က သူ့ရဲ့ဓားကို အသုံးပြုတဲ့အချိန်က  အသန်မာဆုံးအချိန်ပဲ"

လူတိုင်းက ဆွေးနွေးနေကြတယ်၊ ပြိုင်ပွဲက အထွတ်အထိပ်ကို ရောက်ရှိလာနေတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ကြက်သွေးရောင်သွေးဓားဆန္ဒက အားကောင်းလွန်းပါတယ်၊ နှလုံးသားဓားအာဏာရှင်ကတောင် အဲဒါကို မဖိနှိပ်နိုင်ပါဘူး။

"နှလုံးသားဓားအာဏာရှင်၊ မင်း မင်းရဲ့ဓားကို အသုံးမပြု‌သေးဘူးလား"

နှလုံးသားဓားအာဏာရှင်က သက်ပြင်းချလိုက်တယ်၊ သူ့ရဲ့မျက်လုံးတွေက ထက်ရှသွားတယ်"ငါ့ကို ဓားသုံးရအောင် ဖိအားပေးနိုင်တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်။ နှလုံးသားဓားပထမကွက်၊နှလုံးသားစည်းချက်"

နှလုံးသားဓားအာဏာရှင်ရဲ့လက်ထဲမှာ ရုတ်တရက် ဓားတစ်ချောင်း ရောက်ရှိလာတယ်။ သူက ဓားကို ဆွဲထုတ်လိုက်တဲ့အခါ ဓားအလင်းက လှိုင်းဂယက်တစ်ခုပမာ ပျံ့နှံ့သွားတယ်။

ဖစ် ဖစ် ဖစ် ဖစ်...........

အလွန်အမင်းတက်ကြွနေတဲ့ကြက်သွေးရောင်သွေးဓားဆန္ဒက ချက်ချင်း ပျံ့နှံ့သွားပါတယ်။

"ဒီလိုမယုံနိုင်စရာကောင်းတဲ့ဓားအနုပညာ။ နှလုံးသားဓားအာဏာရှင်က လွန်ခဲ့တဲ့ဆယ်နှစ်ကထက် ပိုသန်မာလာတာပဲ"

"အခြားသူတွေ တိုးတက်သလို နှလုံးသားဓားအာဏာရှင်ကရော ဘာလို့မတိုးတက်ရမှာလဲ။ သူဘယ်လောက်တိုးတက်လာသလဲကို မသိသေးတာပဲ ရှိတယ်"

နှလုံးသားဓားအာဏာရှင်ရဲ့ပထမကွက်ရဲ့စွမ်းပကားကို မြင်ပြီး လီဖူချန်းရဲ့မျက်လုံးတွေကတောင် အလင်းဖြာထွက်သွားရတယ်။

နှလုံးသားဓားအာဏာရှင်ရဲ့အကွက်က ကြီးကျယ်ခမ်းနားပြီး ဆန်းကြယ်တဲ့ဓားဆန္ဒရှိတယ်။ သာမန်ဓားဆန္ဒတစ်ခု မဟုတ်ပါဘူး။

လီဖူချန်းကတောင် ဒီအကွက်ရဲ့ဆန်းကြယ်မှုကို မမြင်နိုင်ပါဘူး။

ဒါပေမယ့် လီဖူချန်းက မြင်နိုင်တယ်ဆိုရင် နှလုံးသားဓားတာအိုက ဘာမှမထူးတော့ဘူးလေ။

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်က နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုကို မြင်တွေ့ဖူးပါတယ်၊ ဒါပေမယ့် အခု နှလုံးသားဓားအာဏာရှင်က သူ့ရဲ့အကွက်ကို ထုတ်ဖော်တဲ့အခါ ကြက်သွေးရောင်မီးဓားဧကရာဇ်က စိတ်အားငယ်တဲ့အရိပ်အယောင် ဖြစ်နေတုန်းပါပဲ။

သိပ်မကြာခင်မှာပဲ စိတ်အားငယ်မှုက ပြာအဖြစ် လောင်ကျွမ်းသွားပါတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့မျက်လုံးတွေက မီးဓားအလင်းတွေ ပန်းထွက်လာတယ်"နှလုံးသားဓားအာဏာရှင်၊ ငါ့ရဲ့အသန်မာဆုံးအကွက်ကို လက်ခံပါ၊ ကြက်သွေးရောင်မီးစကြာဝဠာ"

ဒိန်း ဂျိန်း..........

ကြက်သွေးရောင်သွေးဓားဆန္ဒက အဆုံးစွန်းထိ ပေါက်ကွဲထွက်သွားပါတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က သူ့ရဲ့ဓားကို နှလုံးသားဓားအာဏာရှင်ထံ ထိုးဖောက်လိုက်ပါတယ်။

ဒီဓားကွက်ကို ဖော်ထုတ်လိုက်တာနဲ့ ဓားချီက ခွဲထွက်သွားပြီး နေရာတစ်ခုလုံးကို ကြက်သွေးရောင်သွေးဓားချီတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။

သိုင်းစင်မြင့်တစ်ခုလုံးက ကြက်သွေးရောင်‌သွေးဓားချီကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပါပဲ။

"နှလုံးသားဓားဒုတိယကွက်၊ နှလုံးသားယစ်မူးခြင်း"

နှလုံးသားဓားအာဏာရှင်က သူ့ဓားကို သာမန်အတိုင်း ဝှေ့ယမ်းလိုက်တယ်။ ကြက်သွေးရောင်သွေးဓားချီက ကြေမွကွဲထွက်သွားပြီး ကြက်သွေးရောင်မီးဓားဧကရာဇ်က လွင့်ထွက်သွားလေတယ်။ သွေးလမ်းကြောင်းတစ်ခုက သူ့ပါးစပ်ထောင့်နားမှ စီးကျနေတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်က တကယ်ကို ပြောင်မြောက်ပါတယ်၊ ကြက်သွေးရောင်သွေးဓားဆန္ဒကို နားလည်ပြီးကတည်းက သူက ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့အထက်မှာ ရှိနေပါပြီး။ သူ့မှာ ထိပ်တန်းအဆင့်ခွန်အားရှိတယ်၊ ဒါပေမယ့် နှလုံးသားဓားဏာရှင်က မဖြစ်နိုင်လောက်အောင် အားကောင်းနေလို့ပါပဲ။ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုက မည်သူမဆို မြင်တွေ့ဖို့အတွက် နက်နဲသိမ်မွေ့လွန်းပါတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်က ဂုဏ်သိက္ခာရှိရှိနဲ့ ရှုံးနိမ့်ခဲ့တယ်လို့ မည်သူမဆို ပြောနိုင်ပါတယ်။

နှလုံးသားဓားအာဏာရှင်အတွက်‌ကတော့ သည်ပြိုင်ပွဲပြီးနောက် လူတိုင်းက ကြောက်ရွံ့သွားရ လေတော့တယ်။

***

All Chapters