← Chapters

ခံစားချက်မဲ့ နင်ချွယ်

Vol. 57 Ch. 770

ခံစားချက်မဲ့ နင်ချွယ်

Vol. 57 Ch. 770

"သိုင်းစင်မြင့်၆၊ လီဖူချန်းနဲ့ကျူးလန်"

နောက်ဆုံးတော့ လီဖူချန်းက အတော်လေးပြောင်မြောက်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့ ထိက်တိုက်တွေ့ပါပြီး။

ဒါပေမယ့် ပြောင်မြောက်တာကို ပရိသတ်က သတ်မှတ်တာပါ။ ပြီး‌တော့ ကျူးလန်က လေဖမ်းဓားဧကရာဇ်ဖြစ်ပြီး ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၉မှာ ရှိသူပါ။ သူက လီကျန့်ရှင်းရဲ့ဓားတစ်ချက်ကို မခုခံနိုင်ဘူးဆိုပေမယ့် လီကျန့်ရှင်းက ဘယ်လိုလူမျိုးလဲ၊ သူက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားဧကရာဇ်တို့ကို ယှဉ်ပြိုင်နိုင်တဲ့သူမျိုးပါ။

"လေဖမ်းဓားကိုးလက်"

သိုင်းစင်မြင့်ပေါ်မှာ လေဖမ်းဓားဧကရာဇ်က ဓားအနုပညာကို ချက်ချင်း ထုတ်ဖော်လိုက်တယ်။ သူက လေထဲမှာ ရှိသလို ခံစားရပြီး လီဖူချန်းကို ဝန်းရံထားနေတယ်။

ကလင်း ကလင်း ကလန်း ကလန်း.........

မီးပွားတွေ ပွင့်ထထွက်လာပြီး လီဖူချန်းက လေဖမ်းဓားဧကရာဇ်ရဲ့ဓားကွက်ကို ခုခံလိုက်တယ်။

ဒါက သူ့ရဲ့ပထမဆုံးဓားကွက်ဖြစ်တာကြောင့် လေဖမ်းဓားဧကရာဇ်က စိတ်မပျက်ပါဘူး။ လေဖမ်းဓားဧကရာဇ်မှာ ဓားကိုးလက်တိုက်ခိုက်ခြင်း ရှိပြီး တစ်ခုစီက နောက်တစ်ခုထက် ပိုမြန်ပါတယ်။ ကိုးခုမြောက်ဓားကို ရောက်ရှိတဲ့အခါ အမြန်နှုန်းက ခြေရာခံလို့မရနိုင်လုနီးပါးပါပဲ။

သနားစရာတစ်ခုက သူက ဓားကိုးလက်ကို ချက်ချင်း အသုံးမပြုနိုင်ပါဘူး၊ သို့မဟုတ်ရင် သူက လီကျန့်ရှင်းရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်ပါလိမ့်မယ်။

ဒုတိယဓား၊ တတိယဓား........

သိပ်မကြာခင်မှာပဲ လေဖမ်းဓားဧကရာဇ်က ဆဋ္ဌမဓားကို ရောက်ရှိလာပါပြီး။

သိုင်းစင်မြင့်ပေါ်ရှိ လေတွေက လေပြင်းတစ်ခု ဖြစ်နေပြီး သာမန်အားဖြင့် တွေ့နိုင်တဲ့ လေပြင်းမျိုး မဟုတ်ပါဘူး။ လေတာအိုဥပဒေဿသိပ်သည်းတဲ့‌နေရာတွေမှာသာ တွေ့နိုင်တဲ့‌ လေပြင်းတစ်မျိုးပါ။ အဲဒီလိုလေပြင်းတွေက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်အများစုအတွက် အတားအဆီးဇုန်ဖြစ်ပြီး သူတို့က ဝင်သွားခဲ့ရင် သေခြင်းတရားကို ရင်ဆိုင်ရပါလိမ့်မယ်။

လီဖူချန်းက လေပြင်းထဲမှာ ရပ်နေတာကြောင့် လီဖူချန်းက သူ မျှော်မှန်းထားတာထက် ပိုသန်မာမယ်လို့ လေဖမ်းဓားဧကရာဇ်က သိလိုက်ပါတယ်။ သူက မည်သည့်ထောင့်ကမဆို တိုက်ခိုက်နေပါစေ၊ လီဖူချန်းက တားဆီးနိုင်ပါလိမ့်မယ်။ လေဖမ်းဓားဧကရာဇ်က လေဖြစ်ရင် လီဖူချန်းက သံစည်ပိုင်းတစ်ခု ဖြစ်တယ်။

သတ္တမဓား......အဌမမဓား........

လေပြင်းက ယခု မုန်တိုင်းတစ်ခု ဖြစ်လာတယ်။ ထိုအခိုက်မှာ သူတိုက်ခိုက်မှုဘယ်လောက်ဖော်ထုတ်ခဲ့တာကို လေဖမ်းဓားဧကရာဇ်က မသေချာတော့ပါဘူး။ သူ့မှာ ပိုမြန်ဖို့ဆိုတဲ့ အတွေးတစ်ခုသာ ရှိတော့တယ်။

"လေဖမ်းဓားတာအို၊ လေ‌ပြင်းဖမ်းခြင်း။ ဓားက လေကဲ့သို့ မြန်တယ်"

‌လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပနေတယ်၊ သူက လေဖမ်းဓားတာအိုကို လေ့လာခဲ့ပြီး ဖြစ်တယ်။

လေဖမ်းဓားတာအိုမှာ လေဥပဒေဿတွေ ပါဝင်နေတာ သိသာပါတယ်၊ ဒါပေမယ့် အဲဒါက အတွင်းရှိဓားတာအိုအနှစ်သာရကို စုပ်ယူခြင်းမှ လီဖူချန်းကို မရပ်တန့်နိုင်ခဲ့ပါဘူး။

ဓားတာအိုဆိုတာ ဘာလဲ။ တစ်ယောက်ယောက်မှ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပါဘူး။ လီဖူချန်းအတွက်တော့ ဓားတာအိုဥပဒေဿကို ပိုသန်မာအောင်ပြုလုပ်ပေးနိုင်တဲ့ဘယ်အရာမဆို ဓားတာအိုအတွက် အကျိုးရှိပါတယ်။

လီဖူချန်းက သူ့ရဲ့အရိုးတည်ဆောက်ပုံမှ မီးစွမ်းရည်ကို ဖယ်ရှားချင်တယ်၊ ဒါပေမယ့် သူက မီးဥပဒေဿကို မငြင်းပယ်ခဲ့ပါဘူး။ ကြမ်းတမ်းတဲ့မီးတာအိုကို ဓားတာအိုမှာ အသုံးပြုရင် အဲဒါက ဓားတာအိုကို ပိုသန်မာအောင် သေချာပေါက် ပြုလုပ်ပေးပါလိမ့်မယ်။

ဒါပေမယ့် သူကိုယ်တိုင်ကတော့ သူ့ရဲ့ဓားတာအိုကို မီးတာအိုနဲ့ ပေါင်းစပ်ဖို့ ဆန္ဒမရှိပါဘူး။

သူ့ရဲ့ဓားတာအိုက အထွတ်အထိပ်ကို မရောက် တော့မယ့်နေတစ်နေ့ ရှိလာခဲ့ရင်တော့ သူက တာအိုအားလုံးနဲ့‌ ပေါင်းစပ်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။

အဌမဓားက လီဖူချန်းကို မရင်ဆိုင်နိုင်တဲ့အတွက် လေဖမ်းဓားဧကရာဇ်ရဲ့အမူအရာက စိုးရိမ်တကြီးဖြစ်သွားတယ်။ သူက လီဖူချန်းကို လျှော့တွက်မိတယ် ဒါမှမဟုတ် လူတိုင်းက လီဖူချန်းကို လျှော့တွက်မိတယ်လို့ ပြောလည်း ရပါတယ်။ လေဖမ်းဓားကိုးလက်ရဲ့စွမ်းအားနဲ့ပတ်သက်ပြီး သူ့ထက် ဘယ်သူမှ ရှင်းရှင်းလင်းလင်းမသိပါဘူး။ ပုံမှန်အားဖြင့် သူတို့က လီဖူချန်းရဲ့ခံစစ်ကို မချိုးဖျက်နိုင်ရင်တောင် ချီစီဆင်းမှုကို ရှုပ်ထွေးနှောင့်ယှက်ပါလိမ့်မယ်။ ဒါပေမယ့် လီဖူချန်းက အစကတည်းက ဘာအခက်အခဲမှ မပြခဲ့ဘူး၊ တစ်ချိန်လုံး တည်ငြိမ်နေလျက် ရှိတယ်။

"နဝမဓား" လေဖမ်းဓားဧကရာဇ်က နဝမဓားကို ဖော်ထုတ်လိုက်ပါတယ်။

နဝမဓားက ပထမဓားရှစ်လက်ရဲ့အနှစ်သာရကိုပေါင်းစည်းထားခြင်းတစ်မျိုးပါပဲ။ အမြန်နှုန်းက ပိုမြင့်မားလာရုံမက ဓားစွမ်းအားကလည်း အဆင့်သစ်တစ်ခုကို ရောက်ရှိနေပါတယ်။

ဒီဓားကွက်ကို ဖော်ထုတ်ပြီးတဲ့အခါ သိုင်းစင်မြင့်ပေါ်ရှိ ကောင်းကင်မြေကြီးဥပဒေဿက ဖယ်ရှားခံလိုက်ရပြီး ဓားတာအိုဥပဒေဿနဲ့ လေတာအိုဥပဒေဿသာ ကျန်ရစ်တော့တယ်။ လေက စကြာဝဠာရဲ့အနက်ပိုင်းမှ လာသလို ခံစားရပြီး လီဖူချန်းထံ ထိုးတက်သွားပါတယ်။ အရှိန်က မယုံနိုင်လောက်အောင် မြန်ပြီး သာမန်လူ‌တွေက မတွေ့ရှိနိုင်ပါဘူး။

"ဒီလိုမြန်ဆန်တဲ့ဓားတစ်လက်။ မင်းဘယ်လိုတားဆီးမလဲကို ကြည့်ရတာပေါ့"

စင်မြင့်အောက်မှာ ယုဝမ်ဟောင်ကျဲက လီဖူချန်းရဲ့ကံမကောင်းမှုအတွက် ပျော်ရွှင်နေတော့တယ်။

"ဒီဓားက နောက်ဆုံးတော့ ရောက်လာပြီး" လီဖူချန်းက ပြုံးလိုက်တယ်။

ဒီဓားကို စောင့်ဖို့အတွက် လီဖူချန်းက ပြိုင်ပွဲကို အချိန်ဆွဲနေတာပါ။

မျှော်လင့်ထားသလိုပါပဲ၊ ဒီနဝမဓားရဲ့ဓားတာအိုအနှစ်သာရက ပထမရှစ်ဓားလက်လုံးပေါင်းစည်းထားတာထက် ပိုပါတယ်။ သူ့ရဲ့စိတ်ထဲမှာ ဉာဏ်အလင်းတွေများစွာ ရှိလာဖို့  အကြည့်တစ်ချက်ကတောင် လုံလောက်ပါတယ်။

"ဒါပေမယ့် ဒါက အဆုံးသတ်ဖို့ အချိန်ရောက်ပြီး"

ဟင်းလင်းပြင်မှာ ပေါက်ကွဲမှာတစ်ခု ဖြစ်တည်သွားတယ်။ လေဖမ်းဓားဧကရာဇ်က လွင့်ထွက်သွားပြီး သွေးတစ်ပွက် အန်လိုက်‌ရချေတယ်။

ယုဝမ်ဟောင်ကျဲနဲ့ တိုက်ခိုက်တုန်းက လီဖူချန်းက ကြယ်ပျံဓားအနုပညာကို ခွန်အားအပြည့် မဖော်ထုတ်ခဲ့ပါဘူး။ ကြယ်ပျံဓားအနုပညာရဲ့ခွန်အားအပြည့်က လေဖမ်းဓားဧကရာဇ်ရဲ့နဝမဓားက် ပိုမနှေးဘူး၊ စွမ်းအားအားဖြင့် ပိုသာလွန်ပါတယ်။

"ဓားအမြန်နှုန်းကို သုံးပြီး ငါ့နဝမဓားကို ဖြိုခွဲခဲ့တာလား" လေဖမ်းဓားဧကရာဇ်က ထိတ်လန့်တုန်လှုပ်သွားလေတယ်။

အခြားစကားဖြင့်‌ ပြောရရင် လီဖူချန်းက ဆန္ဒရှိရင် သူက လေဖမ်းဓားဧကရာဇ်ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ပါမယ်၊ ဒါပေမယ့် သူက မလုပ်ခဲ့ပါဘူး။

လေတိမ်သိုင်းပြိုင်ကွင်းရှိလူအများစုက အတွေးနက်သွားကြတော့တယ်။

လီဖူချန်းက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ခဲ့တာပဲ။ လီဖူချန်းက ပျမ်းမျှအထက်မှာ ရှိရုံပဲလို့ ယူဆထားကြတယ်။ အခု သူက ထိပ်တန်းအဆင့်ဆိုတာ သိသာပြီး အနည်းဆုံးတော့ သူက မူရုံယိုယွီနဲ့ကြက်သွေးရောင်မီးဓားဧကရာဇ်တို့ထက် မနိမ့်ကျပါဘူး။ ရလဒ်က တိုက်ပွဲတစ်ပွဲပြီးနောက် ပိုရှင်းလာပါလိမ့်မယ်။

"အမ်၊ သူက သူ့ခွန်အားကို ဖုံးကွယ်ထားတာပဲ"

ယုဝမ်ဟောင်ကျဲက စိတ်လှုပ်ရှားသွားတယ်။ လီဖူချန်းက ပြိုင်ပွဲအတွင်း သူ့ခွန်အားကို တကယ် ဖုံးကွယ်ခဲ့တာပေါ့၊ ဆိုလိုတာက လီဖူချန်းက သူ့ကို ပ်ြုဘက်တစ်ယောက်အဖြစ် မသတ်မှတ်ထားပါဘူး။

"လီဖူချန်းက တကယ်ကို ပြောင်မြောက်တယ်။ အဆုံးမှာ သူ့ရဲ့အဆင့်က ဘယ်လောက်ရှိမလဲကို ငါ သိချင်တယ်" ခရမ်းရောင်ဝါးမဟာဧကရာဇ်က ချီးကျူးလိုက်တယ်။

သံသွေးမဟာဧကရာဇ်က ပြောလိုက်တယ် "သူက ထိပ်ဆုံးငါးယောက်ထဲ ဝင်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်"

ခရမ်းရောင်ဝါးမဟာဧကရာဇ်က ခေါင်းညိတ်လိုက်တယ်။ ထိပ်ဆုံးငါးယောက်အတွက် ဖြစ်နိုင်မယ့်သူ ခုနှစ်ယောက်ရှိတယ်၊ ခံစားချက်မဲ့ဓားဧကရာဇ်၊ နှလုံးသားဓားအာဏာရှင်၊ လီကျန့်ရှင်း၊ ထန်ရှင်း၊ မူရုံယိုယွီ၊ ကြက်သွေးရောင်မီးဓားဧကရာဇ်နဲ့ လီဖူချန်း။

လီဖူချန်းရဲ့ဓားတာအိုပါရမီအရ သူ့မှာ အခြားဝှက်ဖဲတွေ ရှိလောက်တယ်။ သူ့အနေနဲ့ ထိပ်ဆုံးငါးယောက်ထဲ ဝင်ဖို့ မဟာအခွင့်အလမ်းတစ်ခု ရှိတယ်။

လေဖမ်းဓားဧကရာဇ်ကို အနိုင်ယူနိုင်ခြင်းက လီဖူချန်းကို ‌ကျော်ကြားသွားစေပါတယ်။

နောက်ပြိုင်ပွဲကတော့ လီဖူချန်းက သိကျွမ်းပြီးသားဖြစ်သူဓားမိုးဧကရာဇ်ဝူယုနဲ့ ‌ရင်ဆိုင်ရပါတယ်။

မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၂၈၃၊ ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၂၇အနေနဲ့ ဓားမိုးဧကရာဇ်က ဓားပြိုင်ပွဲကို လက်လွတ်မခံပါဘူး။ ပြီး‌တော့ ဒါက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်။

ဒါပေမယ့် ဓားပြိုင်ပွဲမှာ လီဖူချန်းနဲ့ တွေ့ဖို့အတွက် သူက ပြင်ဆင်ထားပြီးဖြစ်တယ်။

"ငါ အရှုံးပေးတယ်" သိုင်းစင်မြင့်ပေါ်မှာ ဝူယုက ချက်ချင်း အရှုံးပေးလိုက်ပါတယ်။

သူ့ရဲ့လက်ရှိခွန်အားက လက်ရှိလီဖူချန်းမပြောနဲ့၊ အရင်ကလီဖူချန်းကိုတောင် မယှဉ်နိုင်ပါဘူး။

အရေးကြီးဆုံးက လီဖူချန်းနဲ့ရင်ဆိုင်ရတာနဲ့ပတ်သက်ပြီး သူက စိတ်ဒဏ်ရာရှိနေသေးတယ်။

ဓားသေမင်းဝူချန်းကြွယ်က လီဖူချန်းရဲ့ဓားအောက်မှာ ‌သေသွားခဲ့သလားကို ဝူကလန်က မသေချာပေမယ့် ဝူယုရဲ့အမြင်အရ ဝူချန်းကြွယ်ကို လီဖူချန်းက သေချာပေါက် သတ်ခဲ့တယ်လို့ ထင်ပါတယ်။

ဝူယုအရှုံးပေးတာနဲ့ပတ်သက်ပြီး ဘယ်သူမှ မအံ့ဩကြပါဘူး။ လေတိမ်သိုင်းပြိုင်ကွင်းမှာ ကု‌သရေးအစီအရင်တစ်ခုရှိပြီး ဒဏ်ရာတွေကို ကုသ‌နိုင်ပေမယ့် ဒဏ်ရာမရတာ အကောင်းဆုံးပါပဲ။ မိမိမနိုင်တဲ့သူနဲ့ယှဉ်ပြိုင်နေတာက အချိန်ဖြုန်းတာတစ်ခုပဲလေ။

ဝူယုနဲ့ ထပ်တွေ့ရတဲ့ခါ လီဖူချန်းက ပုံမှန်ပါပဲ။ သူက ဝူကလန်နဲ့ နက်ရှိုင်းတဲ့ရန်ငြိုး မရှိပါဘူး၊ သူ့တပည့်တွေကသာ ဝူကလန်နဲ့ ပြဿနာရှိတာပါ။ ဒါပေမယ့် ဝူကလန်က သူ့ကို ရန်မစသေးသရွေ့ပေါ့။

"သိုင်းစင်မြင့်၈၊နင်ချွယ်နဲ့စုန်ရှန်ဟဲ"

ဒိုင်လူကြီးက ပြိုင်ပွဲကို ကြေငြာလိုက်တဲ့အခါ ပရိသတ်ရဲ့အသံတွေက နှလုံးသားဓားအာဏာရှင်နဲ့ ကြက်သွေးရောင်မီးဓားဧကရာဇ်တို့ရဲ့ပြိုင်ပွဲထက် ပိုကျယ်လာပါတယ်။

ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်၊ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၃။ သူက နှလုံးသားဓားအာဏာရှင်ထက် ပိုတောက်ပပါတယ်"

တောင်မြစ်ဓားဧကရာဇ်စုန်ရှန်ဟဲ။ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၅။ သူလည်းပဲ လစ်လျူရှူထားလို့ရမယ့်သူမျိုးမဟုတ်ပါဘူး။

စောစောက နှလုံးသားဓားဧကရာဇ်က သူ့ရဲ့ကြောက်စရာကောင်းတဲ့ခွန်အားကို ပြသခဲ့ပြီးဖြစ်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ထုတ်ဖော်မယ့်ခွန်အားကို လူတိုင်း စောင့်မျှော်နေပါတယ်။ သူတို့က သိချင်နေတယ်၊ တောင်မြစ်ဓားဧကရာဇ်က ဓားကွက်ဘယ်လောက်များများ ခုခံနိုင်မလဲ ဆိုတာကိုပေါ့။

"ခံစားချက်မဲ့ဓားဧကရာဇ်၊ နင်ချွယ်"

ခံစားချက်မဲ့ဓားဧကရာဇ်ကို မြင်ပြီးနောက် လီဖူချန်းက အဇူရာရေဂိုဏ်းရဲ့ခံစားချက်မဲ့ဓားရွှယ်ဖုန်းကို သတိရသွားပါတယ်။ ထိုနှစ်ယောက်က အော်ရာအားဖြင့် အလွန်တူပြီး သူတို့ရဲ့ဓားအနုပညာကလည်း အလွန်တူပါတယ်။

ဒါပေမယ့် ရွှယ်ဖုန်းက မြေကမ္ဘာနယ်ပယ်မှာသာ ရှိပါတယ်။ သူက ခံစားချက်မဲ့ဓားဧကရာဇ်ထက် သေချာပေါက် နိမ့်ကျတာပေါ့၊ ရွှယ်ဖုန်းတစ်ထောင်ကတောင် မယှဉ်နိုင်ပါဘူး။

ခံစားချက်မဲ့ဓားဧကရာဇ်က ဖုန်မှုန့်တစ်စက်တောင်ကင်းမဲ့တဲ့အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူ့ရဲ့မျက်လုံးတွေက အေးစက်တယ်၊ သာမန်မျှသာဖြစ်တယ်၊ ကမ္ဘာမှာ ရှိတဲ့ ဘယ်လိုအရာကိုမှ ဂရုမစိုက်သလိုပါပဲ။

ဒါက သူ့ရဲ့စိတ်နှလုံးထဲမှာ ဓားသာ ရှိတဲ့လူတစ်ယောက်ဖြစ်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါ တောင်မြစ်ဓားဧကရာဇ်ကတောင် ကြီးမားတဲ့ဖိအားတွေ ရရှိလာတယ်။

ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ တိုက်ခိုက်ရမှာထက်စာရင် နှလုံးသားဓားအာဏာရှင်နဲ့သာ သူက တိုက်ခိုက်ချင်ပါတယ်။ ဒီလူက သူ့ရဲ့စိတ်နှလုံးထဲမှာ ဓားပဲရှိတဲ့သူလေ။ သူ့ကို ရင်ဆိုင်ရတဲ့အခါ ‌သွေးအေးတဲ့အကြွင်းမဲ့ဓားတစ်လက်ကို ရင်ဆိုင်နေရတာနဲ့ အတူတူပါပဲ။ တောင်မြစ်ဓားဧကရာဇ်ရဲ့လှုပ်ရှားမှုအားလုံးက အားအင်မရှိဖြစ်သွားရပါလိမ့်မယ်။

ဒါပေမယ့် တောင်မြစ်ဓားဧကရာဇ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၅ပါ။ သူက သူ့စိတ်ထဲကအနှောင့်အယှက်အားလုံးကို ဖယ်ရှားပြီး ကြီးမားတဲ့တောင်မြစ်သဏ္ဍာန်ဓားစွမ်းပကားတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။

"သတိထားပေတော့" တောင်မြစ်ဓားဧကရာဇ်က သူ့ဓားကို ဆွဲထုတ်ပြီး တောင်တစ်ထောင်ရေတစ်ထောင်ဓားကွက်ကို ဖော်ထုတ်လိုက်တယ်။

မီတာအနည်းငယ်အကွာမှာတော့ ခံစားချက်မဲ့ဓားဧကရာဇ်က ကမ္ဘာ‌ပေါ်ရှိ တစ်ယောက်တည်းသာရှိနေတဲ့ ဓားသမားတစ်‌ယောက်ပမာ တည်ငြိမ်စွာ ရပ်နေတယ်။

"မလှုပ်သေးဘူးလား" တောင်မြစ်ဓားဧကရာဇ်ရဲ့မျက်လုံးတွေက လှုပ်ခတ်သွားတယ်။

ဓားကွက်က ခံစားချက်မဲ့ဓားဧကရာဇ်ကို ချဉ်းကပ်ခါနီးမှာ သူက လှုပ်ရှားလိုက်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်က သူ့ရဲ့ညာလက်ညှိုးနဲ့လက်ခလယ်ကို မြှောက်ပြီး ထိုးဖောက်မှုတစ်ခုကို ပြုလုပ်လိုက်တယ်။

တောင်မြစ်ဓားဧကရာဇ်ရဲ့တောင်တစ်ထောင်ရေတစ်ထောင်က ဘောလုံးပမာ ပေါက်ကွဲထွက်သွားပြီး စွမ်းအားအားလုံးကို ချက်ချင်း ဆုံးရှုံးသွားတယ်။

ဖစ်..….....

တောင်မြစ်ဓားဧကရာဇ်က လွင့်ထွက်သွားတယ်၊ သူ့ရင်ဘက်မှာ သွေးဒဏ်ရာတစ်ခုနဲ့ပေါ့။

လက်ညှိုးတစ်ချက်က တောင်မြစ်ဧကရာဇ်ကို ရှုံးနိမ့်သွားစေတယ်။

ပင့်သက်ရှိုက်မှုများစွာ ထွက်ပေါ်လာချေတယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က လူတိုင်းစိတ်ကူးထားတာထက် ပိုသန်မာတယ်။ လီကျန့်ရှင်းက လေဖမ်းဓားဧကရာဇ်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူတဲ့အပေါ် လူတိုင်းက အံ့အားသင့်ခဲ့ကြတယ်။ သည်ပြိုင်ပွဲကတော့ ပိုမြင့်မားတဲ့အဆင့်တစ်ခုမှာ ရှိနေတယ်။

"ထားလိုက်တော။ ပြိုင်ပွဲတွေကိုပဲ အာရုံစိုက်တော့မယ်။ ငါ နောက်ထပ် ဘာမှ မခန့်မှန်းတော့ဘူး*

ဘယ်သူက ပိုသန်မာတယ်၊ ဘယ်သူက ပိုအားနည်းတယ်ကို မဆုံးဖြတ်နိုင်တော့တာကြောင့် လူတိုင်းက စိတ်ရှုပ်သလို ခံစားရလာတယ်။

"ခံစားချက်မဲ့ဓားဧကရာဇ်က တကယ်ကို ပြောင်မြောက်တာပဲ။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က သူ့ရဲ့ခွန်အားက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့နဲ့ အလွန်နီးကပ်တယ်။ အခုဆိုရင် သူက သူတို့နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်"

"စိတ်မကောင်းစရာက ငါတို့က သူတို့တိုက်ခိုက်တာကို မမြင်ရတာပဲ"

"အခွင့်အရေးတွေ သေချာပေါက် ရှိလာမှာပါ"

အထူးသီးသန့်ခန်းထဲမှာ ကျားစွယ်ဓားသူတော်စင်က ပြောလိုက်တယ်"ဒီကလေးရဲ့ဓားတာအိုက တကယ်ကို ခံစားချက်မဲ့တယ်။ သူနဲ့တိုက်ခိုက်ပြီးနောက် အနာတရမဖြစ်ဘူးဆိုတာ အလွန်ရှားတယ်"

ပန်းတစ်ရာဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"ခံစားချက်မဲ့ဓားတာအိုက အမြဲတမ်း သွေးအေးတယ်၊ခံစားချက်မရှိလူး။ စိတ်နှလုံးထဲမှာ ခံစားချက်မရှိမှသာ လေ့ကျင့်သူက ခံစားချက်မဲ့ဓားတာအိုကို အဆုံးစွန်းထိ အသုံးချနိုင်တယ်"

"ခံစားချက် ဒါမှမဟုတ် ခံစားချက်မဲ့။ အတွေးတစ်ခုကတောင် ခံစားချက်တွေကို ဖြစ်ပေါ်စေဖို့ လုံလောက်တယ်။ဘယ်သူကများ အဲဒါကို အပြည့်အဝ ငြင်းပယ်နိုင်မှာလဲ။ ဒါက လျှောက်လှမ်းရတာ တကယ်ကို ခက်ခဲတဲ့လမ်းကြောင်းတစ်ခုပဲ" ဆန်းကြယ်နက်နဲဓားသူတော်စင်က စိတ်ထဲမှာ ပြောလိုက်တယ်။

***

All Chapters