← Chapters

ပြိုင်ဘက်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးခြင်း

Vol. 57 Ch. 771

ပြိုင်ဘက်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးခြင်း

Vol. 57 Ch. 771

နောက်ပြိုင်ပွဲတွေထဲမှာ ယုဝမ်ဟောင်ကျဲက ကြက်သွေးရောင်မီးဓားဧကရာဇ်လျိုဟော်နဲ့ ရင်ဆိုင်ရတယ်။

ယုဝမ်ဟောင်ကျဲရဲ့ကြယ်တံခွန်ဓားတာအိုက အားကောင်းပေမယ့် ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ကြက်သွေးရောင်သွေးဓားဆန္ဒလောက် အားမကောင်းပါဘူး။ သုံးကွက်အတွင်း ယုဝမ်ဟောင်ကျဲက ရှုံးနိမ့်သွားတယ်။

တစ်ဆက်တည်းမှာပဲ မူရုံယိုယွီနဲ့ထန်ရှင်းတို့ကြား ပြိင်ပွဲတစ်ခု ဖြစ်လာတယ်။

ဒီပြိုင်ပွဲက ပြင်းထန်ပြီး တကယ်ကို ရင်ဖိုစရာကောင်းတယ်။

ထန်ရှင်းရဲ့ကြယ်ဓားတာအိုက အလွန်အမင်း သိပ်သည်းထူထပ်ပြီး တိုက်စစ်ရောခံစစ်ရောပါ အသုံးပြုနိုင်တယ်။ လူတိုင်းရဲ့နှလုံးသားထဲမှာ ခံစားချက်မဲ့ဓားဧကရာဇ်၊ နှလုံးသားဓားအာဏာရှင်နဲ့ လီကျန့်ရှင်းတို့ကသာ ထန်ရှင်းကို ရင်ဆိုင်နိုင်မယ်လို့ပေါ့။ မူရုံယိုယွီ၊ ကြက်သွေးရောင်မီးဓားဧကရာဇ်နဲ့လီဖူချန်းတို့က နိမ့်ကျတယ်လို့ ယူဆထားကြတယ်။

ဒါပေမယ့် တိုက်ခိုက်ပြီးနောက် မူရုံယိုယွီက ခွန်အားက တကယ်ကြောက်ဖို့ကောင်းတာကို တွေ့လိုက်ရတယ်။ သူမရဲ့ရေစက်ဓားတာအိုက စိတ်ကူးမယဥ်နိုင်တဲ့အဆင့်တစ်ခုမှာ ရှိနေတယ်။ ဓားချီမှ ဖြစ်တည်လာတဲ့ ရေစက်တွေမှာ အံ့အားသင့်စရာစွမ်းအား ပါဝင်ပါတယ်။ ထန်ရှင်းရဲ့ကြယ်ဓားတာအိုကတောင် မူရုံယိုယွီကို ပေါ့ပေါ့တန်တန်နဲ့ ရင်ဆိုင်လို့မရပါဘူး။

အကွက်၅၀.......အကွက်၁၀၀.......အကွက်၂၀၀.......

ဒီပြိုင်ပွဲက ဓားပြိုင်ပွဲတစ်လျှောက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးပြိုင်ပွဲ ဖြစ်လာတယ်။

ဒုတိယစိတ်လှုပ်ရှားဖို့အကောင်းဆုံးပြိုင်ပွဲက ဒီပြိုင်ပွဲရဲ့တစ်ဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး။

"အကွက်၃၀၀ရှိပြီး၊ ရလာဒ်က ဘယ်အချိန်မှ ထွက်လာမလဲ"

"ပြင်းထန်လွန်းတယ်၊ ငါ့နှလုံးသားက ခုန်ထွက်ချင်နေတယ်"

လူတိုင်းက စိတ်လှုပ်ရှားနေပြီး သွေးတွေ ဆူပွက်‌နေပါတော့တယ်။

ဘုံး ဘုံး ဘုံး ဘုံး.......

သိုင်းစင်မြင့်က ချီပေါက်ကွဲမှုများစွာနဲ့ မှောင်မိုက်ပြီးဝိုးတိုးဝါးတာဖြစ်နေတယ်။

ထန်ရှင်းကို သိပ်သည်းထူထပ်တဲ့ချီဓားဆန္ဒတစ်ခုက ဝန်းရံထားတယ်။ နီးနီးကပ်ကပ်ကြည့်ရင် ထန်ရှင်းရဲ့ဓားအလင်းက ဖြစ်ပေါ်လာတဲ့ ကြယ်တံလျှပ်တစ်ခုကိုပဲ မြင်နိုင်ပါတယ်။

ကြယ်ဓားဆန္ဒရဲ့အပြင်ဘက်မှာ ရေစက်လေးတွေက သဲကြီးမဲကြီး တိုက်ခိုက်နေတယ်။ ရေစက်လေးတွေကို ကြည့်ရတာ သာမန်ပါပဲ၊ ဒါပေမယ့် ကြယ်ဓားဆန္ဒတွေ‌အပေါ် ကျရောက်သွားတာနဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေလိမ့်မယ်။ အချိန်နဲ့အမျှ အလင်းတွေက ပေါက်ထွက်နေတယ်။ သူတို့သာ စင်မြင့်ပေါ်မှာ ခြေချမိရင် သူတို့က ချက်ချင်း ပြာအဖြစ် ပြောင်းသွားမယ်လို့ သူတို့က သံသယဖြစ်နေကြတယ်။ သူတို့က ခြေချဖို့တောင် အရည်အသွေးမမှီပါဘူး။

"မင်းက သန်မာတယ်၊ ဒါပေမယ့် အနိုင်ရမယ့်သူက ငါပဲ ဖြစ်လိမ့်မယ်"

ထန်ရှင်းက ကျယ်လောင်စွာ ပြောပြီး သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ စင်မြင့်ပေါ်မှာ ကြယ်အလင်းစက်တွေက စတင်အရောင်လက်လာပြီး မူရုံယိုယွီက သူမရဲ့ခန္ဓာကိုယ်က ပိုလေးလံလာသလို ခံစားရတယ်၊ သူမရဲ့ချီက ဖိနှိပ်ခံနေရပြီး လည်ပတ်ဖို့တောင် ခက်ခဲနေတယ်။

ကြယ်ဓားတာအိုက လွှမ်းမိုးလွန်းအားကြီးတယ်။ သာမန်ဓားတာအိုတွေက အဲဒါကို မရင်ဆိုင်နိုင်ပါဘူး။

မူရုံယိုယွီက ရေစက်ဓားတာအိုကို အလွန်မြင့်မားတဲ့အဆင့်အထိ နားမလည်ထားရင် သူမအတွက် ထန်ရှင်းနဲ့ တိုက်ခိုက်ဖို့တောင် ခက်ခဲပါတယ်။

"ပျက်သုန်းခြင်းလှိုင်းဂယက်"

မူရုံယိုယွီက အနက်ရောင်လှိုင်းဂယက်တစ်ခုကို ထုတ်လိုက်တယ်။ ထန်ရှင်းရဲ့ဓားစွမ်းပကားကို လှိုင်းဂယက်က ချက်ချင်း တွန်းလှန်‌ချေမှုန်းလိုက်ပါတယ်။

လှိုင်းဂယက်က အလွန်မြင့်မားတဲ့အရှိန်နဲ့ ပျံ့နှံ့သွားပြီး တစ်ခဏအတွင်း ထန်ရှင်းရဲ့ရှေ့ကို ရောက်ရှိလာတယ်။

ထန်ရှင်းရဲ့မျက်လုံးတွေက ကျယ်သွားတယ်၊ သူက သူ့ရဲ့ဓားစွမ်းအင်ကို အကန့်အသတ်ထိ လည်ပတ်လိုက်တယ်။ အပြင်ဘက်ရှိကြယ်တံလျှပ်က အစစ်အမှန်ကြယ်တစ်လုံးနဲ့ တူလာတယ်။ စွမ်းအားတွေက ဖြည်းညင်းစွာ လည်ပတ် နေပြီး သေစေနိုင်တဲ့လှိုင်းဂယက်ကို ခုခံလိုက်ပါတယ်။

လှိုင်းဂယက်က ပြန့်ကြဲသွားတဲ့အခါ မူရုံယိုယွီက အေးစက်နက်မှောင်ကြည်လင်တဲ့ဓားတစ်ချက်ကို ထန်ရှင်းထံ ထိုးသွင်းလိုက်တယ်။

ကြည်လင်တဲ့ဓားကို ရင်ဆိုင်ရတဲ့အခါ ထန်ရှင်းက အန္တရာယ်များလာသလို ခံစားရတယ်။

"ကြယ်အာရုဏ်ဦး၊ ခွဲထွက်စမ်း"

ထန်ရှင်းလည်း သူ့ရဲ့ဓားကွက်ကို ထုတ်လိုက်တယ်။ စင်မြင့်က အမှောင်ထုထဲကို ထိုးဆင်းသွားပြီး လင်းလက်တောက်ပနေတဲ့ကြယ်ဓားတစ်ချောင်းက အမှောင်ထုကို ထိုးဖောက်ကာ ကြည်လင်ဓားနဲ့ ရင်ဆိုင်လိုက်ပါတယ်။

ဓားကိုင်စွဲသူနှစ်ယောက်က ထိပ်တိုက်တွေ့ပြီး လေထဲမှာတင်  ရပ်တန့်သွားပါတယ်။

အဲဒါက အသက်တစ်ရှိုက်စာလောက် ကြာပါတယ်။ သူတို့က လေထဲမှာ ရပ်တန့်နေစဉ် ကြောက်စရာကောင်းတဲ့အလင်းဖြာထွက်မှုတစ်ခုက ဖြစ်လာတယ်။ အခုဆိုရင် အခြားစင်မြင့်ရှစ်ခုကိုတောင် ဖြာထွက်အလင်းတွေက ဖုံးလွှမ်းသွားတယ်။ သူတို့က ဘာတစ်ခုကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး ဒါမှမဟုတ် ဘာတစ်ခုကိုမှ မခံစားရနိုင်ဘူး။

"ဘာဖြစ်နေတာလဲ"ပရိသတ်တွေက အံ့ဩတုန်လှုပ်နေကြတယ်။

"ဓားအားထိတွေ့မှုက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိ နီးကပ်နေတဲ့ ဓားတာအိုအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်တာပဲ" လီဖူချန်းရဲ့မျက်နှာမှာ အံ့ဩသင့်မှုအလင်းတန်းတစ်ခုက ဖြတ်ပြေးသွားလေတယ်။

သာမန်အခြေအနေမှာ ဓားအားထိတွေ့မှုတစ်ခု ဖြစ်လာတဲ့အခါ သူတို့က အသီးသီး လွင့်ပြယ်သွားရုံသာ ဖြစ်ပြီး ကြီးမားတဲ့တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လိမ့်မှာ မဟုတ်ပါဘူး။

ဒီလိုအနေအထားမျိုး ဖြစ်ပေါ်တာ တကယ်ရှားပါတယ်၊ မဖြစ်နိုင်လုနီးပါးပါပဲ။

"ဓားတာအိုပဲ့တင်ခြင်း" အထူးသီးသန့်ခန်းထဲမှာ ပန်းတစ်ရာဓားသူတော်စင်က ပြောလိုက်တယ်။

ဓားတာအိုပါရမီ၊ ဓားတာအိုအဆင့်၊ ဓားတာအိုစိတ်တန်ခိိုးစွမ်းအားတို့ အလွန်မြင့်မားတဲ့အဆင့်မှာရှိနေတဲ့သူနှစ်ယောက်မှာသာ ဓားတာအိုပဲ့တင်ခြင်းကို ထုတ်လွှတ်ဖို့ အခွင့်အရေးရှိပါလိမ့်မယ်။ သူတော်စင်‌အောက် တစ်ယောက်ယောက်က သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့နေရာရှိရာထဲကို ခြေချမိရင် သူတို့က သေချာပေါက် သေဆုံးသွားရပါလိမ့်မယ်။

"ဒါက တကယ်ကို ဓားတာအိုပဲ့တင်ထပ်ခြင်းပဲ။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကြားပြိုင်ပွဲနဲ့ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာတို့ကြားပြိုင်ပွဲတွေကသာ ဓားတာအိုပဲ့တင်ထပ်တာကို ငါ သတိရမိတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့တစ်ဝက်‌လောက်မှာ ဓားတာအိုပဲတင့်ထပ်ခြင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်ကာ ပြုံးလိုက်တယ်။

"ဒီနှစ်ရဲ့ဓားပြိုင်ပွဲက တကယ်ကို အကျိုးရှိတာပဲ" လီဖူချန်းက မျက်လုံးမှိတ်ပြီး ဓားတာအိုအရှိန်အဝါကို ခံစားလိုက်တယ်။

ဘုံး........

ကြီးမားတဲ‌ပေါက်ကွဲမှုတစ်ခု ဖြစ်လာပြီး သိုင်းစင်မြင့်ပေါ်ရှိအလင်းအတားအဆီးတောင် တုန်ခါသွားတယ်။ ပုံရိပ်နှစ်ခုက အတွင်းမှ လွင့်ထွက်လာတယ်။

ဖစ်.........

သွေးအန်ထုတ်ပြီးနောက် ထန်ရှင်းက လေးစားမှုအပြည့်နဲ့ ပြောလိုက်တယ်"မင်းက ငါ့ကို ဒီအခြေအနေအထိ ဖိအားပေးနိုင်တဲ့ ပထမဆုံးသောပုဂ္ဂိုလ်ပဲ"

"ကံမကောင်းတာက နင်နိုင်သွားတုန်းပဲ" ပြောနေရင်း မူရုံယိုယွီရဲ့နေရာတိုင်းက သွေးတွေ စီးကျနေပြီး ပိုဆိုးဝါးတဲ့အခြေအနေမှာ ရှိတာ သိသာပါတယ်။

"ထန်ရှင်း အနိုင်ရသွားတယ်"

"မူရုံယိုယွီက ရှုံးနိမ့်သွားပေမယ့် ချီးကျူးဖို့ ထိုက်တန်ပါတယ်"

"မဆိုးဘူး"

သူတို့နှစ်ယောက်ကြား ပြိုင်ပွဲက လူတိုင်းကို စိတ်အားတက်ကြွစေပါတယ်။ လူတိုင်းက မျက်လုံးမှိတ်ပြီး စောစောက တိုက်ပွဲကို ပြန်လည်ခံစားနေကြတယ်။

ဒါပေမယ့် ပြိုင်ပွဲက ဆက်သွား‌နေတုန်းပါပဲ၊ သူတို့နှစ်ယောက်ကြားပြိုင်ပွဲက သေးငယ်ဖြစ်ရပ်တစ်ခုလေးပါပဲ။ အထွတ်အထိပ်တိုက်ပွဲတွေက ပြိုင်ပွဲတစ်လျှောက် ရှိနေအုန်းမှာပဲလေ။

ထန်ရှင်းနဲ့မူရုံယိုယွီတို့ကြားပြိုင်ပွဲက လွှမ်းမိုးသွားပုံရတယ်၊ ကျန်ရှိနေတဲ့ပြိုင်ပွဲတွေအတွက် လူတိုင်းရဲ့မျက်လုံးက ထက်ရှသွားချေတယ်။

သူတို့ကြားမှာ ကြက်သွေးရောင်မီးဓားဧကရာဇ်က အတောက်ပဆုံးပါပဲ။ သူ့ရဲ့နောက်ပြိုင်ဘက်တွေက လေဖမ်းဓားဧကရာဇ်၊ ကောင်းကင်ဘုံကိုးဖြာဓားဧကရာဇ်နဲ့ တောင်မြစ်ဓားဧကရာဇ်တို့ပါပဲ။ သူတို့အားလုံးက သူ့ထက်အဆင့်မြင့်တယ်၊ ဒါပေမယ့် အဆုံးမှာတော့ သူက အနိုင်ရသူဖြစ်နေတုန်းပါပဲ။

ဆက်တိုက်အောင်မြင်မှုရပြီး‌နောက် သူ့ရဲ့ဓားတာအိုရဲ့ချိုးဖျက်မယ့်လက္ခဏာတွေကို သူက ခံစားမိလာတယ်။

"သိုင်းစင်မြင့်၁၊ လျိုဟော်နဲ့လီဖူချန်း"

နောက်ဆုံးတော့ နောက်ထပ်ထိပ်တန်းအဆင့်ပြိုင်ပွဲတစ်ခု ရောက်ရှိလာပါပြီး။

သူတို့ကြားပြိုင်ပွဲက ထန်ရှင်းနဲ့မူရုံယိုယွီကြား ပြိုင်ပွဲကို မယှဉ်နိုင်ပေမယ့် အနည်းငယ်မျှသာ အားနည်းပါတယ်။

"မင်းက အတော်လေး အားကောင်းတယ်၊ မင်းငါ့ကို ပျှော်ရွှင်မှုအပြည့်ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်"

ကြက်သွေးရောင်မီးဓားဧကရာဇ်က လီဖူချန်းကို လျော့မတွက်ဘူး၊ ဒါပေမယ့် အရမ်းကြီးလည်း မမျှော်မှန်းထားပါဘူး။

"တူတူပါပဲ" လီဖူချန်းက ပြောလိုက်တယ်။

"ဒါကို လက်ခံ"

ကြက်သွေးရောင်မီးဓားဧကရာဇ်က စကားများမနေတော့ပါဘူး။ အခု သူက မီးကုန်ရမ်းကုန် တိုက်ခိုက်ချင်နေတယ်။ သင့်တော်တဲ့ပြိုင်ဘက်တစ်ယောက်ရှိလာရင် သူ့ဓားတာအိုက အဆင့်ချိုးဖျက်နိုင်မယ်ဆိုတဲ့ ခံစားချက်တစ်ခု ရှိနေပါတယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်က လီဖူချန်းကို အတားအဆီးမဲ့ကြက်သွေးရောင်သွေးဓားချီတစ်ခုနဲ့အတူ တိုက်ခိုက်လိုက်ပါတယ်။

ကလင်း ကလင်း ကလင်း.........

လီဖူချန်းက ဓားချီအသီးသီးကို တားဆီးလိုက်တယ်။

"သူ့ရဲ့ဓားတာအိုက အဆင့်ချိုးဖျက်တော့မှာလား"

နှလုံးသားဓားအာဏာရှင်နဲ့ တိုက်ခိုက်တုန်းကနဲ့ နှိုင်းယှဉ်ရင် ကြက်သွေးရောင်မီးဓားဧကရာဇ်က ပိုသန်မာလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။ ဒါ့ပြင် ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ဓားတာအိုအရှိန်အဝါက အခုဆိုရင် ပိုပြီး သန့်စင်လာပါတယ်။

"ကောင်းပြီးလေ၊ မင်း အဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးရတာပေါ့"

ချိုးဖျက်ပြီးနောက် ကြက်သွေးရောင်မီးဓားဧကရာဇ်က အဆင့်ဘယ်လောက်ရောက်နေမလဲကို လီဖူချန်းက သိချင်နေတယ်။

ကြယ်ပျံဓားအနုပညာကို ခွန်အားအပြည့်နဲ့ ဖော်ထုတ်လိုက်တဲ့အခါ လီဖူချန်းရဲ့လက်ထဲရှိဓားက ပျောက်သလိုဖြစ်သွားတယ်။ လီဖူချန်းထံမှ ကြယ်ပျံဓားချီများစွာ ‌ပေါက်ကွဲထွက်လာတာကိုသာ မြင်နိုင်တယ်။ ဒါ့ပြင် အမြန်နှုန်းနဲ့ကြိမ်နှုန်းကလည်း တိုးလာပါတယ်။ အဝေးကနေကြည့်ရင် ဥဒေါင်းတစ်ကောင်က သူ့ရဲ့အမြီးကို ဖြန့်ထားတာနဲ့ တူပါတယ်။ ကြယ်ပျံဓားမုန်တိုင်းတစ်ခုပမာပါပဲ။

ကြယ်ပျံဓားမုန်တိုင်းမှာ ထက်ရှတဲ့ချီဆန္ဒရှိတယ်၊ အဲဒါက ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ဆံပင်ကို ထောင်တက်သွားစေပြီး သူ့ရဲ့အရေပြားပေါ်မှာ တရွရွခံစားချက်တစ်ခုကိုတောင် ခံစားလာရစေတယ်။

ကလန်း ကလန်း ကလန်း.......

ပြင်းထန်တဲ့မီးပွားလေးတွေက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အဆက်မပြတ် နောက်ဆုတ်နေ‌ရစေတယ်။

"ဘာလဲ" ကြက်သွေးရောင်မီးဓားဧကရာဇ်က အံ့ဩသွားတယ်။

ပရိသတ်တွေလည်း အလားတူပါပဲ။

ဘာဖြစ်နေတာလဲ။

ကြက်သွေးရောင်မီးဓားဧကရာဇ်က လီဖူချန်းရဲ့တိုက်ခိုက်မှုကို တကယ်မခုခံနိုင်ဘူးလား။

ဒါက သိပ်မဖြစ်နိုင်တာပဲ။

စောစောပိုင်းတွေတုန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ပြသခဲ့တဲ့ခွန်အားက မူရုံယိုယွီနဲ့ထန်ရှင်းထက် နည်းနည်းသာ ‌နိမ့်ကျတာပါ။

"မဖြစ်နိုင်ဘူး၊ ကြက်သွေးရောင်မီးနဂါး"

ကြက်သွေးရောင်မီးဓားဧကရာဇ်က ဓားချီတစ်ခုကို ထုတ်လွှတ်လိုက်တယ်၊ ဓားချီက သွေးရောင်မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ကြယ်ပျံဓားကွက်နဲ့ ရင်ဆိုင်ရတဲ့အခါ မီးနဂါးကတောင် မခံနိုင်ပါဘူး။ ပျားတူအုံထံ ထိုးဖောက်သွားသလို ဖြစ်သွားရရှာတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့ဓားအနုပညာ" ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ဝမ်ချီက ကျောချမ်းသွားလေတယ်။

လီဖူချန်းရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားလောက် မထူးချွန်ဘူးလို့ ဝမ်ချီက ယူဆထားတုန်းပါပဲ။ အခုကြည့်ရသလောက်တော့ လီဖူချန်းရဲ့ဓားတာအိုခွန်အားက ဘာတစ်ခုမှ အားမနည်းပါဘူး။ ဝမ်ချီက လက်ရှိလီဖူချန်းနဲ့ ရင်ဆိုင်ရရင် သူက တစ်ချက်တောင် ခံနိုင်မှာမဟုတ်ပါဘူး။

"ဒါဆို ဒါက သူ့ရဲ့အစစ်အမှန်ခွန်အားလား" လေဖမ်းဓားဧကရာဇ်က အနည်းငယ်ခါးသက်စွာ ပြုံးလိုက်မိတယ်။

လီဖူချန်းနဲ့နှိုင်းယှဉ်ရင် လေဖမ်းဓားဧကရာဇ်ရဲ့လေဖမ်းဓားကိုးလက်က လုံးဝကို ဖော်ပြစရာမထိုက်တန်ပါဘူး။ အမြန်နှုန်းကလွဲပြီး သူက အရာအားလုံးမှာ သိသိသာသာ နိမ့်ကျပါတယ်။

"ကြက်သွေးရောင်မီးစကြာဝဠာ"

ကြက်သွေးရောင်မီးဓားဧကရာဇ်က သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို ထုတ်လိုက်ပါတယ်။ ဒီဓားကွက်က နှလုံးသားဓားအာဏာရှင်ကိုတောင် သူ့ရဲ့ဒုတိယဓားကွက်ကို ထုတ်သုံးလိုက်ရစေတယ်။

ဇစ် ဇစ် ဇစ်...........

အကန့်အသတ်မရှိကြက်သွေးရောင်သွေးဓားချီက လီဖူချန်းဆီ တိုးဝင်လာပါတယ်။ ဒါက ကြက်သွေးရောင်မီးဓားဧကရာဇ်က ပိုင်ဆိုင်ထားတဲ့ ကြက်သွေးရောင်သွေးဓားတစ်လက်ပါ။ ဒီကမ္ဘာထဲမှာ ကြက်သွေးရောင်သွေးဓားဆန္ဒက လွဲပြီး ဘာတစ်ခုမှ မရှိပါဘူး။

ဒါပေမယ့် ကြက်သွေးရောင်သွေးဓားကမ္ဘာဖြစ်လာချင်းချင်း ၎င်းက ထိုးဖောက်ခံလိုက်ရတယ်။ ဓားနဲ့လူပေါင်းစပ်ခြင်းကို သုံးပြီး လီဖူချန်းက ကြက်သွေးရောင်သွေးဓားချီရဲ့တိုက်ခိုက်မှုကို လစ်လျူရှုလိုက်ပါတယ်။ သူက ကြက်သွေးရောင်သွေးဓားကမ္ဘာကို ခုတ်ပိုင်းပြီး ကြက်သွေးရောင်မီးဓားဧကရာဇ်ကို တစ်ဟုန်ထိုးတိုက်ခိုက်လိုက်ပါတယ်။

"ငါ ချိုးဖျက်ရမယ်၊ ငါ ချိုးဖျက်မှသာ ရင်ဆိုင်နိုင်မယ်"

ကြက်သွေးရောင်မီးဓားဧကရာဇ်က အရူးအမူးအခြေအနေဖြစ်နေပြီး လီဖူချန်းရဲ့တိုက်ခိုက်မှုတွေကို ‌သွေးရူး‌သွေးတန်းတားဆီးနေပါတယ်။

"သူ ဘာလုပ်နေတာလဲ" အဆင့်မြင့်သီးသန့်ခန်းထဲမှာ ကျားစွယ်ဓားသူတော်စင်က နားမလည်နိုင်ဖြစ်နေတယ်။

လီဖူချန်းရဲ့ခွန်အားအရဆိုရင် သူက သတ်ဖြတ်ကွက်ကို ချိုး‌ဖောက်ပြီးနောက် ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အနိုင်ယူသင့်ပါတယ်။ ဒါပေမယ့် လီဖူချန်းက သူ့ရဲ့တိုက်ခိုက်ရေးခွန်အားကို အမှန်တကယ် လျော့ချခဲ့ပြီး  တဖြည်းဖြည်းနဲ့ တိုးလာနေစေပါတယ်။

ဆန်းကြယ်နက်နဲဓားသူ‌တော်စင်က ပြောလိုက်တယ်"သူက ပြိုင်ဘက်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးနေတာ"

"သူက ပြိုင်ဘက်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးနေတာလား"

ကျားစွယ်ဓားသူတော်စင်နဲ့ ပန်းတစ်ရာဓားသူတော်စင်တို့က ရုတ်တရက် နားလည်သွားပြီး ချက်ချင်း ရယ်မိသွားလေတယ်။ သူတို့က ဒီလိုရိုးရှင်းတဲ့အရာတစ်ခုကိုတောင် မမြင်နိုင်ဘူးပဲ။

ဒါပေမယ့် သူတို့ကိုလည်း အပြစ်တင်လို့မရပါဘူး။ လီဖူချန်းလိုလူတစ်ယောက်က ဓားပြိုင်ပွဲမှာ ထွက်ပေါ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အခြားဘယ်သူကမှ ဒီလိုအဓိပ္ပါယ်မရှိတဲ့အရာကို မပြုလုပ်ပါဘူး။ ပြီးတော့ အခြားသူတွေရဲ့ချိုးဖျက်ခြင်းက သူတို့နဲ့ မဆိုင်ပါဘူး။

ဆန်းကြယ်နက်နဲဓားသူ‌တော်စင်ရဲ့မျက်လုံးတွေက လီဖူချန်းဆီမှာသာ ငြိမ်သက်နေတယ်။ဒါကို လုပ်တဲ့အတွက် လီဖူချန်းမှာ နက်ရှိုင်းတဲ့နားလည်မှုအဆင့်တစ်ခု ရှိမယ်လို့  သူ့ရဲ့မသိစိတ်က ‌သူ့ကို ပြောပြနေခဲ့တယ်။

***

All Chapters