← Chapters

ဟင်းလင်းပြင်ဓားတာအို

Vol. 57 Ch. 772

ဟင်းလင်းပြင်ဓားတာအို

Vol. 57 Ch. 772

   ဘုံး ဘုံး ဘုံး ဘုံး ........

သွေးတွေက ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ပါးစပ်မှ တစိမ့်စိမ့်ထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှလည်း သွေးစီးကြောင်းတွေ ပန်းထွက်လာနေတယ်။ ထိုသွေးတွေ ထွက်လာချင်းချင်း သွေးမြူအဖြစ်သို့ ပြောင်းသွားတယ်။

လီဖူချန်းရဲ့ကြယ်ပျံဓားအနုပညာနဲ့ ရင်ဆိုင်ရတဲ့အခါ ကြက်သွေးရောင်မီးဓားဧကရာဇ်က ပြန်ပင် မတိုက်ခိုက်နိုင်တော့ဘဲ အလိုအလျောက်သာ ခုခံနေတယ်။

"အား......အား.......အား......." ကြက်သွေးရောင်မီးဓားဧကရာဇ်က အော်ပြီး ကြက်သွေးရောင်သွေးဓားဆန္ဒကို အဆက်မပြတ် ဖော်ထုတ်လိုက်တယ်။

"မချိုးဖျက်နိုင်သေးဘူးလား"

လီဖူချန်းက သူ့ရဲ့ဓားစွမ်းပကားကို သိသိသာသာ တိုးလိုက်တယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဒီဓားကို မခုခံနိုင်ရင် လီဖူချန်းက အဆုံးသတ်ရပါလိမ့်မယ်။

ဖြာထွက်ဓားအလင်းက မရပ်တန့်နိုင်တော့တဲ့အလားဖြစ်ပြီး ကြက်သွေးရောင်သွေးဓားဆန္ဒကို ချက်ချင်း ကြေမွသွားစေတယ်။ အဲဒါက ကြက်သွေးရောင်မီးဓားဧကရာဇ်အပေါ် ကျရောက်ခါနီးမှာ သွေးနီဓားဆန္ဒတစ်ခုက တိုးထွက်လာပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။

မြေမြင်ပေါ်ကို ဆင်းသက်ပြီးနောက် လီဖူချန်းက ကြည့်လိုက်တယ်။ သူ့ရဲ့အမြင်အရ ကြက်သွေးရောင်မီးဓားဧကရာဇ်ကို သွေးမီးတောက်အလွှာထဲမှာ လွှမ်းခြုံထားပြီး ကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။

"သူနောက်ဆုံးတော့ ချိုးဖျက်နိုင်သွားပြီး" လီဖူချန်းက ပြုံးလိုက်တယ်။

"တိုက်ပွဲအတွင်းမှာ ချိုးဖျက်တာလား"

လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးတာကို လူအများစုက မမြင်နိုင်ပါဘူး။ ကြက်သွေးရောင်မီးဓားဧကရာဇ်က သေရေးရှင်ရေးအခြေအနေကြောင့် ချိုးဖျက်နိုင်တာလို့ ယူဆခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က လီဖူချန်းအတွက် ချွေးပြန်သွားခဲ့ရတယ်။ မချိုးဖျက်ခင်က လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်အပေါ် ခက်ခဲမှုရှိနေတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ချိုးဖျက်သွားပြီးဆိုတော့ ဘယ်လိုလုပ်ပြီး လီဖူချန်းက ပြိုင်ဘက်တစ်ယောက်ဖြစ်တော့မှာလဲ။

"ဒုက္ခရှာတာပဲ"

လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို တွန်းအားပေးတာကို မြင်တဲ့သူတွေလည်း ရှိပါတယ်။

အခု ကြက်သွေးရောင်မီးဓားဧကရာဇ်က အဆင့်ချိုးဖျက်နိုင်သွားတာကြောင့် သည်လူတွေက ခေါင်းခါပြီး သရော်ပြုံးပြုံးမိသွား‌တော့တယ်။

မချိုးဖျက်ခင်က ကြက်သွေးရောင်မီးဓားဧကရာဇ်က မူရုံယိုယွီထက် အနည်းငယ်နိမ့်ကျပါတယ်။ အခု လီဖူချန်းအသာထား၊ မူရုံယိုယွီကတောင် ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အနိုင်မယူနိုင်တော့ပါဘူး။

"ငါ့ကို ချိုးဖျက်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထူထပ်တဲ့သွေးမီးဓားဆန္ဒတစ်ခုကို ထုတ်လွှတ်ပြီး ကြက်သွေးရောင်မီးဓားဧကရာဇ်ကခေါင်းမော့ကာ ယုံကြည်ချက်အပြည့်နဲ့ ဝင့်ဝါစွာ ပြောလိုက်တယ်။

"ဒါဆို မင်း ဓားကွက်ထုတ်လို့ရပြီး။ ချိုးဖျက်ပြီး‌နောက် မင်း ဘယ်အဆင့်ရောက်နေသလဲကို ငါ သိချင်တယ်" လီဖူချန်းက ပြောလိုက်တယ်။

"အခု ငါ့ခွန်အားက အဆများစွာ ပိုသန်မာလာတယ်။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး။ ဒါပေမယ့် ကျေးဇူးတင်တဲ့အနေနဲ့ ငါ မင်းဆန္ဒကို ဖြည့်ပေးမယ်။ ငါ့ရဲ့ပထမကွက်ဖြစ်တဲ့အကန့်အသတ်မရှိကြက်သွေးရောင်မီးကို လက်ခံပါ"

ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ဓားက သွေးမီးတွေ လိမ့်တက်လာပြီး လီဖူချန်းကို ရုတ်တရက် ခုတ်ပိုင်းလိုက်ပါတယ်။

ဘုံး........

သွေးအလင်းတစ်ခုက ကြက်သွေးရောင်မီးဓားဧကရာဇ်မှ ပေါက်ကွဲထွက်လာပြီး လီဖူချန်းကို သွေးလှိုင်းတစ်ခုပမာ တစ်ဟုန်ထိုး ဝင်လာပါတယ်။

နီးကပ်စွာ လေ့လာမယ်ဆိုရင် အဲဒါက သွေးလှိုင်းမဟုတ်ပါဘူး၊ အမှန်တကယ်‌တော့ စုပြုံနေတဲ့အဆုံးမဲ့သွေးမီးဓားချီတွေသာ ဖြစ်တယ်။

အရင်က အကန့်အသတ်မရှိကြက်သွေးရောင်မီးနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ခါမှာတော့ ပုံစံအားဖြင့် ပြောင်းလဲမှုတစ်ခု ရှိလာပါတယ်။ ဒါ့ပြင် ဓားစွမ်းပကားက အဆများစွာ ပိုပြင်းထန်လာပါတယ်။

"ကောင်းတယ်" လီဖူချန်းက သူ့ဓားကို ရှေ့မှာ အလျားလိုက်ထားပြီး သွေးလှိုင်းကို တားဆီးဖို့ ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။

ဘန်း ဘန်း ဘန်း ဘန်း........

သွေးလှိုင်းက ပြင်းထန်တယ်၊ရန်လိုတယ်၊ ဒါပေမယ့် မတိုးလာနိုင်ပါဘူး။

ကောင်းကင်အဆင့်မြင့်ခံစစ်ဓားကွက်၊ ကောင်းကင်လက်စွပ်ဓားချပ်ဝတ်။

အဆုံးစွန်းနဲ့နီးကပ်နေတဲ့ ကောင်းကင်လက်စွပ်ဓားချပ်ဝတ်မှာ သံနံရံပမာ ခံစားရစေတဲ့ ‌ဓားတာအိုအရှိန်အဝါတစ်ခု ရှိပါတယ်။ အဆင့်တူဓားကွက်တွေက ၎င်းကို အလွယ်တကူ မချိုးဖျက်နိုင်ပါဘူး၊ လီဖူချန်းက ကြယ်ပျံဓားအနုပညာကို ဖော်ထုတ်မယ်ဆိုရင်တောင် ဒီခံစစ်ကို ချိုးဖျက်ဖို့ ခက်ခဲပါတယ်။

"အမ်"

ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့မျက်လုံးတွေက ထက်ရှသွားပြီး သူက ကြက်သွေးရောင်မီးနဂါးဓားကွက်ကို ထုတ်ဖော်လိုက်ပါတယ်။

ဓားချီက သွေးမီးနဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး ကောင်းကင်လက်စွပ်ဓားချပ်ဝတ်ကို ပွန်းပဲ့သွားစေပေမယ့် အစိတ်စိတ်အမွှာမွှာ‌ဖြစ်စေဖို့ကတော့ ကင်းမဲ့နေတုန်းပါပဲ။

အခု ပရိသတ်တွေက ပဟေဠိဖြစ်လာတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ချိုးဖျက်ပြီးပြီးလား၊ မပြီးလားကို မသိပါဘူး။ ဘာလို့ ကြက်သွေးရောင်မီးဓားဧကရာဇ်က လီဖူချန်းကို မကိုင်တွယ်နိုင်သလို ခံစားနေရတာလဲ။

ဒါပေမယ့် သူက မချိုးဖျက်ရသေးရင် ဘာလို့ ကြက်သွေးရောင်သွေးဓားဆန္ဒမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရတာလဲ။

"ခွန်အားတိုးလာမှုက အကြမ်းဖျင်းအားဖြင့် ငါးဆ ရှိတယ်။ သူက သွေးမီးဓားဆန္ဒနဲ့ ရင်းနှီးလာပြီးနောက် သူ့ခွန်အားက ဆက်လက်တိုးတက်လာလိမ့်မယ်လို့ ငါ ထင်တယ်"

လီဖူချန်းက သွေးမီးဓားဆန္ဒကို နားလည်သွားပြီးဖြစ်တယ်။ မီးနဲ့ချီသွေးပေါင်းစပ်ခြင်းက သွေးငွေ့တစ်ခုကို ထုတ်လွှတ်ပြီး အဲဒါက အလွန်အမင်း အားကောင်းပါတယ်။ ‌ဓားတာအိုနဲ့ ပေါင်းစပ်တဲ့အခါ အဲဒါက ဓားတာအိုကို ပိုပြီးပေါက်ကွဲအားပြင်းပြီး ကြမ်းတမ်းခက်ထန်လာစေပါတယ်။

လီဖူချန်းက ဒီအနှိုင်းမဲ့ဓားတာအိုအဆီအနှစ်ကို ထုတ်ယူချင်ပါတယ်။

တဖြည်းဖြည်းနဲ့ ကြက်သွေးရောင်မီးဓားဧကရာဇ်က တစ်ခုခုမှားနေတယ်လို့ ခံစားမိလာတယ်။

လီဖူချန်းက သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာပဲ။ ဒါကြောင့် ချိုးဖျက်ပြီးနောက် သူက လီဖူချန်းကို အနိုင်မယူနိုင်တုန်းပါပဲ။

"မင်းခွန်အားကို ဖုံးကွယ်ခဲ့တာလား" ကြက်သွေးရောင်မီးဓားဧကရာဇ်က ဒေါသနဲ့ မေးလိုက်တယ်။

လီဖူချန်းက ဖြေလိုက်တယ်" ငါ့ခွန်အားကို ဖုံးကွယ်ထားသလားကိုတော့ ငါ မပြောနိုင်ဘူး။ ငါ ပြောနိုင်တာတစ်ခုကတော့ မင်းက ငါ့ရဲ့ခွန်အားအပြည့်ကို ထုတ်ဖော်စေဖို့ ဖိအားမပေးနိုင်ဘူးဆိုတာပဲ။ ဒါ့ပြင်၊ မင်းချိုးဖျက်မယ့်လက္ခဏာတွေကို ငါ မြင်ခဲ့တယ်၊ ဒါကြာင့် ငါ မင်းကို ကူညီပေးခဲ့တာပဲ။ မင်း ငါ့ကို ခွန်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ ငါ မျှော်လင့်တယ်"

"ချိုးဖျက်ဖို့ ငါ့ကို ကူညီခဲ့တာလား" ကြက်သွေးရောင်မီးဓားဧကရာဇ်က သဘောပေါက်သွားတယ်။

သူက ဒီလို‌ချောချောမွေ့မွေ့နဲ့ချိုးဖျက်နိုင်ခဲ့တာ အံ့ဩစရာမရှိပါဘူး။ လီဖူချန်းရဲ့တိုက်ခိုက်မှုတွေက သူ့ကို အကန့်အသတ်ထိ တွန်းပို့နေတယ်လို့ ခံစားချက်တစ်ခုက သူ့မှာ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက အကန့်အသတ်ကို မကျော်လွန်ဘဲ ဘေးကင်းဇုန်မှာ ထိန်းသိမ်းထားပါတယ်။ နောက်ဆုံးဓားချက်ကသာ အကန့်အသတ်ကို ဖြတ်ကျော်သွားတာ၊ ဒါပေမယ့် သူက လုံလုံလောက်လောက်စုဆောင်းထားပြီးဖြစ်ပြီး ဖိအားကြောင့် သူက ချိူးဖျက်နိုင်သွားခဲ့တယ်။

အခု သူက လီဖူချန်းကို ကျေးဇူးတင်ရမလား၊ သူ့ကို ကစားနေတာကြောင့် လီဖူချန်းကို မုန်းရမလားကို မသိတော့ပါဘူး။

ပရိသတ်တွေလည်း လီဖူချန်းပြောတာကို ကြားခဲ့ရတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြတယ်။

သူ့ဟာသူဆိုရင် ကြက်သွေးရောင်မီးဓားဧကရာဇ်က မချိုးဖျက်နိုင်ဘူး၊ လီဖူချန်းက တွန်းအားပေးခဲ့တာကြောင့်ပဲ။ ဘာလို့ ဒီလောက်ထူးဆန်းနေရတာပါလဲ။

"မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ" ကြက်သွေးရောင်မီးဓားဧကရာဇ်က မေးလိုက်တယ်။

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ငါ့ရဲ့ဓားတာအိုကို ပြီးပြည့်စုံချင်ရုံပဲ"

လီဖူချန်းက သူ့ရဲ့ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။

"ငါ သိပြီး"

ကြက်သွေးရောင်မီးဓားဧကရာဇ်က ‌သဘောပေါက်သွားတယ်။ လီဖူချန်းက သူ့ဓားတာအိုကို ဘယ်လိုပြီးပြည့်စုံ‌စေသလဲကို သူ မသိနိုင်ပါဘူး၊ လီဖူချန်းက ဘာလို့ ဒီလိုလုပ်ရသလဲကို သူ နားမလည်ပါဘူး၊ ဒါပေမယ့် သူတို့အားလုံးက အ‌ရေးမကြီးပါဘူး။ အရေးကြီးဆုံးအရာက သူက လီဖူချန်းကို နိုင်ဖို့ပါပဲ။

သူ့ကို ကစားတဲ့အတွက် လီဖူချန်းကို သူက ပမာဏတစ်ခု ပေးဆပ်စေချင်တယ်။

သွေးမီးဓားဆန္ဒက ပိုပြီးပြင်းထန်စွာ လောင်ကျွမ်းနေတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ခုန်တက်ပြီး ကြက်သွေးရောင်မီးစကြာဝဠာကို ဖော်ထုတ်လိုက်တယ်။ တစ်ခဏအတွင်း နေရာတစ်ခုလုံးက သွေးမီးဓားချီတွေ ပြည့်လျှံနေလေတယ်။ လီဖူချန်းတောင် ဖိအားကို ခံစားနေရတယ်။

"ပြိုင်ပွဲကို ဖြတ်ဖို့ အချိန်ကျပြီး"

လီဖူချန်းက ဓားနဲ့ ခုတ်ပိုင်းလိုက်တဲ့အခါ ဟင်းလင်းပြင်တွန့်လိမ်မှုတစ်ခုက ဖြစ်ပေါ်လာပြီး ကြက်သွေးရောင်မီးစကြာဝဠာကို ချက်ချင်း ချိုးဖျက်လိုက်ပါတယ်။ ကြက်သွေးရောင်မီးဓားဧကရာဇ်က တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူ့ခန္ဓာကိုယ်က သွေးတွေ ပေါက်ထွက်လာပြီး သွေးလူသားတစ်ယောက် ဖြစ်သွားရတော့တယ်။

"ဟင်းလင်းပြင်ဓားတာအို" ထန်ရှင်းရဲ့မျက်လုံးတွေက တောက်ပသွားတယ်။

ဓားတာအိုတွေက ခွန်အားအားဖြင့် ခြားနားချက်ရှိတယ်။ ထန်ရှင်းက မူရုံယိုယွီကို အနိုင်ယူနိုင်တဲ့ အကြောင်းရင်းက သူ့ရဲ့ကြယ်ဓားတာအိုက မူရုံယိုယွီရဲ့ရေစက်ဓားတာအိုထက် ပိုသန်မာလို့ပါပဲ။

လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားတာအိုက ထိပ်တန်းအဆင့်ဓားတာအိုတစ်ခုဖြစ်ပြီး ထန်ရှင်းရဲ့ကြယ်ဓားတာအိုထက် အဆင့်ပိုမြင့်ပါတယ်။

ဟင်းလင်းပြင်တာအိုကို သတိပြုမိသူတွေ အများကြီးရှိပြီး သူတို့ရဲ့အမူအရာတွေက အမျိုးမျိုးဖြစ်နေတော့တယ်။

လွင့်ထွက်သွားပြီး‌နောက် ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့အမူအရာက ဗလာဖြစ်သွားရတယ်။ သူက လီဖူချန်းရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟာသလုပ်ခံရသလို ခံစားမိနေတယ်။

ဒါ ဘာကို ဆိုလိုတာလဲ။

ဒါ့ပြင် လီဖူချန်းက သူ့ကို ဒီဓားကွက်နဲ့ အနိုင်ယူခဲ့တဲ့အခါ ကွာဟချက်က ဘာကိုဆိုလိုတာလဲကို သူ နားလည်သွားပါပြီး။

အစောက သူက လီဖူချန်းကို အနိုင်ယူချင်ခဲ့တယ်။ သူ့ရဲ့ခွန်အားနှစ်ဆဖြစ်လာရင်တောင် သူ အဲလိုမလုပ်နိုင်ဘူးဆိုတာကို သူ လက်ခံလိုက်ရပါ‌တယ်။

ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့အမူအရာကို မြင်တဲ့အခါ လီဖူချန်းက အတော်လေး အားနာသွားတယ်။ သူ့ကို အနိုင်မယူခင် လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အဆင့်ချိုးဖျက်ဖို့ ဖိအားပေးခဲ့တယ်။ မည်သူအတွက်မဆို ဒါက ကြီးမားတဲ့ထိုးနှက်မှုတစ်ခုပါပဲ။

ဒါပေမယ့် လူတစ်ယောက်က ဒါတွေကိုတောင် ခံနိုင်ရည်မရှိရင် ဘယ်လိုလုပ်ပြီး တိုးတက်နိုင်မှာလဲ"

ဒါ့ပြင် ဘယ်လို‌ပဲ‌ပြောပြော လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အဆင့်ချိုးဖျက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

"မယုံနိုင်စရာပဲ၊ ဒီလီဖူချန်းက သူ့ခွန်အားကို ဖုံးကွယ်တဲ့နေရာမှာ တော်လွန်းတယ်။ သူက မူရုံယိုယွီ၊ထန်ရှင်းတို့နဲ့ နှိုင်းယှဉ်နိုင်ပေမယ့် သူက သူ့ခွန်အားကို ဖုံးကွယ်ထားတုန်းပါပဲ"

"မင်း သူပြောတာ မကြားဘူးလား။ သူက အခွင့်အရေးတွေ သုံးပြီး သူ့ဓားတာအိုကို ပြီးပြည့်စုံချင်နေတာ။ သူက သူ့ခွန်အားကို အများကြီးဖော်ပြရင် ဘယ်လိုလုပ်ပြီး သူ့ဆီကဓားတစ်ချက်ကို တောင့်ခံနိုင်မှာလဲ"

"အနေအထားက ရှုပ်ထွေးလွန်းတယ်။ ထိပ်ဆုံးငါးယောက်ကို နောက်ဆုံးအချိန်ထိတိုင် ခန့်မှန်းဖို့ မဖြစ်နိုင်သေးဘူး"

လီဖူချန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ကို ဓားတစ်ချက်နဲ့ အနိုင်ယူလိုက်တာနဲ့ ဆွေးနွေးမှုတွေက မရပ်တန့်တော့ပါဘူး။

"ဟင်းလင်းပြင်ဓားတာအိုလား။ ဒါ သူ့ရဲ့ဝှက်ဖဲလား။ တကယ်ကို ပြောင်မြောက်လွန်းပါတယ်" မူရုံယိုယွီရဲ့မျက်လုံးတွေက တိုက်ခိုက်ချင်စိတ်တွေနဲ့ ရွှန်းစိုနေတော့တယ်။

သိုင်းတာအိုက တစ်ခုကိုသာ အထူးပြုခြင်းကို အလေးထားတယ်၊ စွယ်စုံရဖို့ မလိုပါဘူး" နှလုံးသားဓားအာဏာရှင်က ခေါင်းခါလိုက်တယ်။

အခု လီဖူချန်းက ဓားအနုပညာငါးမျိုးကို ဖော်ပြခဲ့ပြီး အသီးသီးက အဆုံးစွန်းနဲ့ နီးကပ်နေတယ်။ ဒါက တကယ်ကို အံ့မခန်းပဲ၊ ဒါပေမယ့် သူ့ရဲ့ဦးတည်ချက်ကို အမျိုးမျိုးဖြန့်ကျက်နေတာက သူ့ကို အဆင့်မြင့်ကို ရောက်ရှိစေဖို့ ခက်ခဲစေပါလိမ့်မယ်။

အဆင့်မြင့်သီးသန့်ခန်းထဲမှာတော့ ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့က နှလုံးသားဓားအာဏာရှင်နဲ့ အတွေးတူပါတယ်။

လီဖူချန်းက ဓားအနုပညာများစွာကို ကျွမ်းကျင်တယ်၊ အစောပိုင်းအဆင့်တွေမှာ ဓားအနုပညာများစွာကို ကျွမ်းကျင်တာက အဆင်ပြေပေမယ့် သူတို့ရဲ့အဆင့်မှာကျ ဓားတာအိုတစ်ခုကိုသာ အထူးပြုခြင်းက အလားအလာကို အကြီးကျယ်ဆုံးအထိ တွန်းပို့ပေးနိုင်ပါလိမ့်မယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ဘာမှ မပြောပါဘူး။ တစ်ခုကိုသာအထူးပြုခြင်း ဒါမှမဟုတ် စွယ်စုံရခြင်းတို့က လုံးဝမှန်တယ်လို့ ပြောလို့ မရနိုင်ပါဘူး။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်တာအိုရှိပြီး အချို့တာအိုတွေက ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုကို အလေးထားတယ်။ ဒါပေမယ့် လီဖူချန်းအသုံးပြုခဲ့တဲ့တာအိုတစ်ခုမှ အဲဒီလိုအသွင်အပြင် မရှိပါဘူး။ လီဖူချန်းမှာ ဟင်းလင်းပြင်တာအိုထက် ပိုသန်မာတဲ့ တာအိုတစ်ခုရှိတာ ဖြစ်နိုင်မလား။

"သိုင်းစင်မြင့်၈၊ ရှောင်ယွမ်နဲ့ မူရုံယိုယွီ"

သိုင်းပြိုင်ပွဲက ဒုတိယပိုင်းကို ဝင်လာပြီးဖြစ်တာကြောင့် အထွတ်အထိပ်ပြိုင်ပွဲတွေက ပိုများလာပါတယ်။

သိုင်းစင်မြင့်ပေါ်မှာ နှလုံးသားဓားအာဏာရှင်က မူရုံယိုယွီကို လျော့တွက်ခြင်း မရှိပါဘူး။ သူက ဓားကို ထုတ်ထားတယ်၊ သူ့အမူအရာက လေးနက်နေတယ်။

"နှလုံးသားစည်းချက်"

နှလုံးသားဓားအာဏာရှင်ရဲ့ဓားကွက်က လှိုင်းဂယက်တွေရှိတဲ့‌ ရေကန်တစ်ခုနဲ့ တူပါတယ်။ ဒါပေမယ့် ရေစက်ဓားတာအိုကို ကျွမ်းကျင်တဲ့မူရုံယိုယွီရဲ့မျက်လုံးထဲမှာတော့ နှလုံးသားဓားအာဏာရှင်ရဲ့ဓားကွက်မှာ ‌မည်သည့်ရေတာအိုဥပဒေဿတစ်ခုမှ မပါတာကို သူမက သိတယ်။ အဲဒါက အဆုံးစွန်းဓားတာအိုဥပဒေဿတစ်ခုပါ။

မူရုံယိုယွီက သူမရဲ့ဓားကွက်နဲ့ တန်ပြန်တိုက်ခိုက်တယ်၊ အဆုံးမဲ့ရေစက်များစွာကို ထုတ်လွှတ်လိုက်တယ်။

ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း............

ရေစက်တွေက ပျံ့နှံ့သွားပြီး မူရုံယိုယွီက လွင့်ထွက်သွားရပါတယ်။

နှလုံးသားဓားအာဏာရှင်နဲ့ ဓားကွက်တွေဖလှယ်ခြင်းမရှိဘဲနဲ့ သူ့ဓားအနုပညာရဲ့ကြောက်မက်ဖွယ်ရာကို  တစ်‌ယောက်မှ မသိနိုင်ပါဘူး။ သာမန်အမြင်အားတွေနဲ့ဆိုရင် ဆန်းကြယ်တဲ့သွင်ပြင်အချို့ကိုသာ တွေ့နိုင်ပါတယ်။

"သူနဲ့ တိုက်ကွက်ခြင်းမဖလှယ်ဘဲနဲ့ နှလုံးသားဓားအာဏာရှင်ရဲ့ကြောက်မက်ဖွယ်ကောင်းပုံကို နက်နက်ရှိုင်းရှိုင်းသိဖို့က မဖြစ်နိုင်ဘူး"

စင်မြင့်အောက်မှာ ကြက်သွေးရောင်မီးဓားဧကရာဇ်က သက်သာရာရသွားပါတယ်။ ဘာပဲပြောပြော သူ့ခွန်အားက သိသိသာသာတိုးတက်သွားခဲ့တာပဲလေ၊ ဒါကြောင့် သူက လီဖူချန်းကို မုန်းဖို့ မလိုပါဘူး။

သူက စင်မြင့်ပေါ်ကို အာရုံစိုက်ကာ ကြည့်နေပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ နှလုံးသားဓားအာဏာရှင်နဲ့ တိုက်ရတဲ့အချိန်တိုင်း မည်သူမဆို စိတ်ပျက်လက်ပျက်ဖြစ်ရပါလိမ့်မယ်။ မင်း ဘယ် လောက်ပဲ ကြိုးစားအားထုတ်ထုတ်၊ မင်းရဲ့အားထုတ်မှုတွေအားလုံးကို ချေမွဖို့ နှလုံးသားဓားအာဏာရှင်က ဓားတစ်ချက်သာ လိုပါတယ်။

နှလုံးသားဓားအာဏာရှင်က ကြောက်စရာကောင်းတဲ့စိတ်ဝိညာဉ်နဲ့ဓားသမားတစ်ယောက်ဖြစ်ပြီး မြင်နိုင်ဖို့ ခက်ခဲပါတယ်။

***

All Chapters