← Chapters

အခန်း (၃၉၄)

Vol. 29 Ch. 394

အခန်း (၃၉၄)

Vol. 29 Ch. 394

ဒေါသပြင်းထန်နေသောလှိုင်းများသည် ကမ်းခြေကို ရိုက်ခတ်လာသည်။ လှိုင်းများပြိုကွဲသွားသော်လည်း ကျောက်ဆောင်သည် ကောင်းမွန်စွာကျန်ရစ်ခဲ့သည်။

ဓားစံအိမ်၏ရှေ့တွင် လေထုသည်တည်ငြိမ်ပြီး တိမ်တိုက်များဖြူဖွေးနေသည်။

ဓားစံအိမ်၏အထက်တွင်ရှိသော ကောင်းကင်တွင် ချီစွမ်းအင်အလင်းများ ပေါက်ကွဲထွက်သွားသည်။ လောက၊ တောင်တန်း၊ မြစ်နှင့် ကြယ်များ ပျက်စီးသွားမည့်ပုံပေါ်သည်။

အရှေ့ပင်လယ်၏ကောင်းကင်တာအိုနှင့် ဓားကျင့်ကြံသူများသည် နှစ်ပေါင်းမရေမတွက်နိုင်သည်အထိ အယူအဆများကို ပေါင်းစပ်ခဲ့သည်။

အရှေ့ပင်လယ်၏ကောင်းကင်တာအိုတွင် ဓားတာအို၏ထက်မြိမှုများ ရှိနေသည်။

ချင်းအောင်း၏ဓားထဲတွင်ရှိသော လေပြင်းနှင့်မိုးကြိုးများသည် ကိုယ်ပိုင်နားလည်မှုတင်မကဘဲ အရှေ့ပင်လယ် ကောင်းကင်တာအို၏ ယူဆချက်များလည်း ပါဝင်နေသည်။

ထိုဓားချက်သည် ကောင်းကင်တာအို၏စွမ်းအားဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်သည် ဓားတာအို၏ မြင့်မြတ်နယ်မြေဖြစ်ချင်လျှင် အရှေ့ပင်လယ်နှင့် အရှေ့ပင်လယ်၏ကောင်းကင်တာအိုကို ဖိနှိပ်ရမည်။

ချင်းအောင်း၏ဓားချက်နှင့် ရင်ဆိုင်လိုက်ရသောအခါ ဟန်မူယဲ့က ဓားကို ထိုးသွင်းရန် ရွေးချယ်ခဲ့သည်။

ဓားစံအိမ်၏ရှေ့တွင် ပုံရိပ်များပေါ်လာသည်။

ပုံရိပ်များကြားတွင် ချင်းအောင်းက ဓားကိုင်ထားပြီး အဆုံးမရှိသောလှိုင်းလုံးများနှင့် တိုက်ခိုက်နေသည်။ ဟန်မူယဲ့က လုံးဝမလှုပ်ရှားပေ။ ဓားသည် ကျောက်ဆောင်တစ်ခုကဲ့သို့ လှိုင်းများကို ချိုးဖောက်ခဲ့သည်။

ပုံရိပ်များကြားတွင် ချင်းအောင်း၏ဓားသွားသည် ဆင့်ကဲထပ်သွားပြီး ကျဆင်းလာသည်။ ဟန်မူယဲ့က လုံးဝမလှုပ်ရှားပေ။ ဓားသည် ကျောက်ဆောင်တစ်ခုကဲ့သို့ လှိုင်းများကို ချိုးဖောက်ခဲ့သည်။

ပုံရိပ်များကြားတွင် ချင်းအောင်း၏ဓားသည် မိုင်တစ်သန်းစွမ်းအားကို သယ်ဆောင်ထားပြီး တောင်နှင့်မြစ်များကို ဖျက်ဆီးနိုင်သည်။ ဟန်မူယဲ့က လုံးဝမလှုပ်ရှားပေ။ ဓားသည် ကျောက်ဆောင်တစ်ခုကဲ့သို့ လှိုင်းများကို ချိုးဖောက်ခဲ့သည်။

....

ပုံရိပ်တိုင်းကို ဓားက ချိုးဖျက်ခဲ့သည်။

ဟန်မူယဲ့က တိုက်ခိုက်ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ဆွဲမယူခဲ့ပေ။ ဓားနည်းစနစ်များကိုမသုံးသလို ဝိညာဉ်လိပ်ပြာဓားကိုလည်း မသုံးခဲ့ပေ။

ဓား၏ထက်မြိမှုသည် ထိုးသွင်းမှုအပေါ်တွင် မူတည်သည်။

လက်ထဲတွင်ရှိသောဓားဖြင့် သူက ထိုးသွင်းလိုက်သည်။

“ခလွမ် ....”

ဓားရှည်သည် တုန်ခါသွားသည်။ နှစ်ပေရှည်သော ဓားသွားသည် ကျောက်တုံးပြာရင်ပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ချင်းအောင်းက လက်ထဲတွင် ဓားကျိုးပဲကိုင်ထားပြီး ကြောင်အနေသောမျက်နှာထားမှ စိတ်လှုပ်ရှားနေသောမျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။

“ဟားဟား၊ ငါသိပြီ၊ ငါသိပြီ!”

သူက တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့ကိုကြည့်သည်။

သူက ဓားကျိုးနှင့် ဟန်မူယဲ့ကိုညွှန်ပြလိုက်ပြီး တိုက်ခိုက်လိုစိတ်များမြင့်တက်လာသည်။ “အရှိန်အဟုန်က အကြာကြီးမခံဘူး။ ငှားယူထားတဲ့အရာက နောက်ဆုံးမှာတော့ ငါ့ကိုယ်ပိုင်မဟုတ်ခဲ့ဘူး”

“မိုင်တစ်သန်းစုစည်းလာတဲ့စွမ်းအားက အတုအယောင်ပဲ”

“ငါ့လက်ထဲမှာရှိတဲ့ဓားကလွဲပြီး လောကမှာရှိတဲ့အရာရာတိုင်းက အတုအယောင်ပဲ!”

ချင်းအောင်းက ထိုသို့ပြောလိုက်ပြီး ထောင်ချီနေသောအလင်းတန်းများအဖြစ်ပြောင်း၍ ဟန်မူယဲ့ကို ဝင်တိုက်သည်။

ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို နားလည်ပြီးသောအခါတွင် ဓားတစ်လက်မှ ဓားတစ်သောင်းအဖြစ်ပြောင်းလဲရန် အချိန်ကျလာသည်။

မိုင်တစ်သန်းစုစည်းလာသောဓားချက်သည် အားကောင်းပုံပေါ်သော်လည်း ဟန်မူယဲ့၏ဓားချက်ကို မခုခံနိုင်ပေ။

ဟန်မူယဲ့၏ဓားချက်ထဲတွင် မယိုင်လဲနိုင်သောဆန္ဒနှင့် အဆုံးမရှိသောထက်မြိမှုများ ရှိနေသည့်အတွက်ဖြစ်သည်။

ထိုဓားချက်တွင် ဓားသမားတစ်ယောက်၏မာန၊ ရဲရင့်မှုနှင့် ပြိုင်ဘက်ကင်းမှုများ ပါဝင်နေသည်။

ချင်းအောင်း၏ဓားသည် ဟန်မူယဲ့၏ဆန္ဒကြောင့် ကျိုးပဲ့သွားခဲ့သည်။

အမှန်တကယ်ကျိုးပဲ့သွားသောအရာသည် သူ့နှလုံးသားအတွင်းရှိ စိတ်ရှုပ်ထွေးမှုများဖြစ်သည်။

ဓားများနှင့်တိုးဝင်လာသော ပုံရိပ်တစ်သောင်းကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

ချင်းအောင်းသည် ဓားတာအို၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ မိုင်တစ်သန်းစုစည်းလာသောဓားချက်သည် ပျက်စီးသွားခဲ့သော်လည်း သူက နောက်ထပ်ဓားကွက်ကို ထုတ်သုံးနိုင်သည်။

တခြားနည်းဖြင့် ပြောရလျှင် ပထမဓားချက်တွင် ချင်းအောင်းက လောက၏အရှိန်အဟုန်ကို အသုံးပြုထားပြီး ဒုတိယဓားချက်တွင် ကိုယ်ပိုင်နားလည်မှုကို ထည့်သုံးထားသည်။

ပထမဓားချက်သည် ခွန်အားဖြစ်ပြီး ဒုတိယဓားချက်သည် ဓားဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင် ထို့ပါ့ချန်က လက်သီးဆုပ်သည်။

“မျိုးဆက်သစ်တွေက ဒီလိုမျိုးကြောက်စရာကောင်းတာလား”

သူက တိုက်ခိုက်လိုစိတ်များနှင့်အတူ ရေရွတ်သည်။

အံ့ဖွယ်ကိုးပါးတောင်အပြင်ဘက်ရှိ လေထုထဲတွင် လူရိပ်များရှိနေသည်။

သူတို့က သတင်းကြားခဲ့သော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများဖြစ်သည်။

“အရှေ့ပင်လယ်ရဲ့ပါရမီရှင်က ဓားအင်မော်တယ်နဲ့ တကယ်ယှဉ်နိုင်တာပဲ” ဆံပင်ဖြူနေသောလူအိုကြီးတစ်ယောက်က စိတ်ဓာတ်ကျသောမျက်နှာထားဖြင့် ပြောသည်။

“အရှေ့ပင်လယ်က ဓားကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေပဲ။ ငါတို့အနောက်ဘက်နယ်စပ်ကုန်းမြေက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ” သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက် စိတ်ရှုပ်ထွေးမှုများနှင့် စောင့်ကြည့်နေသည်။

“အင်မော်တယ်ဟန်က အဲ့ဒီဓားချက်ကို ခုခံနိုင်လောက်တယ်မဟုတ်လား” လူတစ်ယောက်က မျှော်လင့်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဓားကျင့်ကြံသူက အရှေ့ပင်လယ်၏ဓားကျင့်ကြံသူကို တားနိုင်မည်လား။

သူတို့ မသိပေ။

ဓားစံအိမ်၏ရှေ့တွင် အဆင့်နိမ့်တပည့်များ ဖရိုဖရဲဖြစ်နေသည်။

လောထန့်နှင့် အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများကလည်း အခြေအနေမကောင်းပေ။

ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားခဲ့သောဓားအလင်းသည် သူတို့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားခဲ့သည်။

ဓားအလင်း၏ဖိအားသည် သူတို့၏ နှလုံးသွေးကြောများကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားဖြင့်ဖွဲ့စည်းထားသော ထိုဓားအလင်းပျက်စီးသွားသည့်အခါတွင် သူတို့က ကြောက်ရွံ့နေသောမျက်နှာထားဖြင့် ပင့်သက်ရှိုက်လိုက်ရသည်။

ယခုအချိန်တွင် ချင်းအောင်း၏ခန္ဓာကိုယ်က ထောင်ချီသောပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။

သူတို့က ထိုပုံရိပ်နှင့်ဓားများကို နားမလည်နိုင်ပေ။

ထိုဓားကို ခုခံရန် မဖြစ်နိုင်ပေ။

လောထန့်က ထောင်ချီနေသောဓားအလင်းများ၏ ဓားအလင်းတစ်ခုကိုပင် မခုခံနိုင်ကြောင်း သိထားသည်။

ဓားချက်ကို ခုခံရန်အတွက် ထွက်လာခဲ့သောဟန်မူယဲ့၏လှုပ်ရှားမှုကို သူနားလည်သွားသည်။

ဓားစံအိမ်၏ အင်မော်တယ်ဟန်ကသာ ချင်းအောင်း၏ဓားချက်ကို ခုခံနိုင်သည်။

လူတိုင်းက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

‘သူက ဒီဓားချက်ကို ဘယ်လိုခုခံမှာလဲ’

တိုးဝင်လာသောပုံရိပ်တစ်သောင်းကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။

သူ့လက်ထဲတွင်ရှိသောဓားဖြင့် ထိုးသွင်းလိုက်သည်။

ထိုဓားချက်ဖြင့် ပုံရိပ်တစ်ခုပျောက်ကွယ်သွားသည်။

“အရှေ့ပင်လယ် စန်းရှန်ဓားဂိုဏ်းရဲ့ မိုးသစ်တောဓားနည်းစနစ်ပဲ။ မိုးသက်မုန်တိုင်းအဖြစ်ပြောင်းလိုက်တဲ့အခါမှာာ သိပ်ပြီးအားမကောင်းတော့တာ နှမြောစရာပဲ”

နောက်ထပ် ဓားချက်နှင့်အတူ ပုံရိပ်တစ်ခုကို ထိုးဖောက်လိုက်ပြန်သည်။

“အရှေ့ပင်လယ် ရေနဂါးကလန်ရဲ့ ဓားနည်းစနစ်လား။ အရမ်းဆိုးဝါးလွန်းတယ်။ ကြည့်နေစရာတောင်မလိုဘူး”

နောက်ထပ်ဓားချက်

“တိုက်ခတ်လေဓားနည်းစနစ်လား။ မဆိုးဘူး။ ဒါကို တိုက်ခတ်နေတဲ့လေအဖြစ်ပြောင်းပြီး ဓားနဲ့ပေါင်းစပ်နိုင်ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ်”

နောက်ထပ်ဓားချက် …

....

သူက ဓားတစ်ချက်တိုးသွင်းပြီး ဓားချက်တိုင်းကို သုံးသပ်ခဲ့သည်။

ဟန်မူယဲ့၏အသံက မကျယ်ပေ။ သူက လျင်မြန်စွာမပြောပေ။

သို့သော် ချက်ချင်းဆိုသလိုပင် ဓားချက်အားလုံးကို သုံးသပ်ပြီးခဲ့သည်။

အချိန်မကြာသော်လည်း လူတိုင်းက သူ့ဓားချက်နှင့်မှတ်ချက်ကို ကြားနိုင်ခဲ့သည်။

“ဘုန်း!”

ပုံရိပ်တစ်သောင်း ပျက်စီးသွားခဲ့သည်။ ဟန်မူယဲ့က ဓားကို ဓားအိမ်အတွင်းသို့ ပြန်သိမ်းသည်။

ချင်းအောင်းက ဒူးတစ်ဖက်ထောက်ပြီး လက်ထဲတွင် ဓားကျိုးကို ကိုင်ထားသည်။ သူက ဓားအိမ်၏ ကျောက်လှေကားကိုးထစ်ရှေ့တွင် ခေါင်းငုံ့ထားသည်။

“ငါက ဒါကိုသိမ်မကျွမ်းသေးတာ နှမြောစရာပဲ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားကျိုးတစ်ဝက်ကို ရွေ့လျားစေသည်။

“နောက်ကျရင် ငါက အရှေ့ပင်လယ်ကို လာဖြစ်လိမ့်မယ်။ မင်းက ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်”

ဟန်မူယဲ့က အရှေ့ပင်လယ်သို့ သွားလိမ့်မည်။

ချင်းအောင်းက မော့ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

”ဆရာတူအစ်ကိုဟန်ကို အရှေ့ပင်လယ်မှာ စောင့်နေပါ့မယ်”

ထိုသို့ဖြင့် သူက မတ်တပ်ထရပ်သည်။ ဓားကျိုးကိုကိုင်ထားပြီး လှည့်ထွက်သွားသည်။

ချင်းအောင်းအတွက် လူတိုင်းက လမ်းဖယ်ပေးခဲ့သည်။ သူက အနည်းငယ်အထီးကျန်ပြီး စိတ်လက်ပေါ့ပါးနေသည်ဟု ထင်ရသည်။

“မိုင်တစ်သန်းခရီးသွားပြီး မြင်ခဲ့ရတဲ့ဓားချက်က ငါ့ကို စိတ်မပျက်စေဘူးပဲ”

သူက အံ့ဖွယ်ကိုးပါးတောင်ခြေသို့ ရောက်သောအခါတွင် နောက်ပြန်လှည့်ကြည့်ပြီး ခပ်ဟဟရယ်သည်။

ဟန်မူယဲ့က ဓားစံအိမ်၏ရှေ့တွင်ရှိသော ကျောက်လှေကားပေါ်တွင် ရပ်နေဆဲဖြစ်ပြီး လောထန့်နှင့်တခြားလူများကို ကြည့်သည်။

“မင်းတို့အားလုံးက ငါ့ကို စိန်ခေါ်ချင်တာလား”

‘စိန်ခေါ်ရမှာလား’

လောထန့်နှင့် နောက်တွင်ရှိသောလူများက မသိစိတ်အလျောက် ခေါင်းခါသည်။

သူတို့က ဟန်မူယဲ့၏ရှေ့တွင် ဓားထုတ်ရန်ပင်အရည်အချင်းမရှိပေ။ မည်သို့ စိန်ခေါ်ရမည်နည်း။

“အစ်ကိုယန်၊ ကျွန်တော်က လေ့ကျင့်ဖို့အတွက် လျှို့ဝှက်နယ်မြေကို သွားချင်တယ်” လောထန့်က ယန်မင်ရွှမ်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

ယန်မင်ရွှမ်က ခေါင်းညိတ်သည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်သည်။ သူက ကောင်းကင်ကိုကြည့်လိုက်ပြီး ဓားစံအိမ်ထဲသို့ ပြန်ဝင်သွားသည်။

ဓားတာအိုကို ကျင့်ကြံရာတွင် ဓားတစ်သောင်းတို့အိမ်အပြန်ကို နားလည်ပြီးသောအခါတွင် ဓားတစ်လက်မှ ဓားတစ်သောင်းအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။

ထိုအဆင့်ကို ဟန်မူယဲ့က နားလည်ခဲ့သည်။

ထိုဓားနည်းစနစ်ဖြင့် သူက လောကတွင် နေရာတိုင်းသို့ သွားနိုင်သည်။

“ဒေါင် ....”

အံ့ဖွယ်ကိုးပါးတောင်တွင် ခေါင်းလောင်းသံမြည်လာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းအသီးသီးတွင် အလင်းတန်းများစုဝေးလာသည်။

တောင်ပိုင်းကုန်းမြေနှင့် သဘောတူထားသော မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့်အတွက် အချိန်ကျလာသည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်ထိပ်သို့ လှည့်ကြည့်သည်။

ဖုန်းလင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကျန်းချန်က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် မိုးကြိုးကပ်ဘေးကိုခုခံနိုင်သော နွားသိုးဦးချိုတစ်ခုရှိသည်ဟု ပြောခဲ့သည်။

ဟန်မူယဲ့က ထိုဦးချိုကို ရှာကြည့်ချင်သည်။

တစ်ချိန်တည်းတွင် သူက ဟွမ်ကျစ်ဟူကို တောင်အောက်သို့ ခေါ်သွားရမည်။

ထိုမိန်းကလေးက တောင်ပေါ်တွင် ပျင်းရိသောကြောင့် အသက်ရှူကျပ်နေလိမ့်မည်။

အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင်ရှိသော ခန်းဆောင်အတွင်း၌ ရွှေအမြုတေအကြီးအကဲတစ်ရာခန့် ဖြောင့်မတ်စွာထိုင်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နံပတ်တစ်ဂိုဏ်းဖြစ်လာသောကြောင့် အရင်းအမြစ်များကိုလည်း အဆင့်အတန်းအလိုက် ခွဲဝေပေးသည်။

များပြားသောအရင်းအမြစ်များကြောင့် ဖြည်းဖြည်းချင်းကျင့်ကြံနေသော ကမ္ဘာမြေအဆင့်ကျင့်ကြံသူများနှင့် အဆင့်မတက်နိုင်သော ကျွမ်းကျင်သူများ အခွင့်အရေးရလာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများသည် အကျိုးအမြတ်အတွက် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။

ထိုသို့မဟုတ်လျှင် လက်ရွေးစင်တပည့်များက အလကားအသက်စွန့်နေသကဲ့သို့ ဖြစ်သွားလိမ့်မည်။

လွန်ခဲ့သော၂နှစ်အတွင်း၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ရွှေအမြုတေအဆင့် အကြီးအကဲအများအပြား ပေါ်ထွက်လာခဲ့သည်။

All Chapters