← Chapters

အခန်း (၃၉၆)

Vol. 29 Ch. 396

အခန်း (၃၉၆)

Vol. 29 Ch. 396

ယခုအချိန်တွင် ဟယ်ရွှမ်ချီသည် တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်နေသည်။ သူ့ဓားနှစ်လက်၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်အားကောင်းသည်။

ဓားစံအိမ်၏ လေ့ကျင့်ရေးမှူးလင်း၊ ဂိုဏ်းတူအစ်ကိုလုကောနှင့် ယန်မင်ရွှမ် ....

ဓားလက်ခံသောအခါတွင် အကြီးအကဲဟန်ဆီမှ အကြံပေးစကားတချို့ရခဲ့သော တပည့်များလည်းရှိသည်။ သူတို့အားလုံး ကောင်းကင်အထိ ပျံတက်သွားကြသည်။

အံ့ဖွယ်ကိုးပါးတောင်တွင် ဖော်ပြမထားသောစည်းမျဉ်းတစ်ခုရှိသည်။ အင်မော်တယ်ဟန်စကားပြောလျှင် လူများက စွန့်စားရန်ဆန္ဒရှိကြသည်။

လျှို့ဝှက်နယ်မြေထဲတွင် အခွင့်အရေးကြီးတစ်ခု ရှိနေလိမ့်မည်။

“ဟုတ်ကဲ့ပါအကြီးအကဲဟန်”

ခန်းဆောင်အတွင်း၌ လက်ရွေးစင်တပည့်တစ်ရာကျော်က ဦးညွှတ်လိုက်ပြန်သည်။

သူတို့အားလုံးက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

တပည့်နှင့်အကြီးအကဲများ ထွက်သွားသောအခါတွင် ဟန်မူယဲ့က မတ်တပ်ရပ်သည်။

“ဟန်လေး၊ ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေကိုဝင်ဖို့အတွက် ဘယ်လိုစီစဉ်ထားလဲ” ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။

သူ့အမြင်အရ ဟန်မူယဲ့၏တိုက်ခိုက်နိုင်စွမ်းနှင့်ဆိုလျှင် လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ခြင်းသည် အလွန်လွယ်ကူလိမ့်မည်။

သူက သွေးမျိုးဆက်စွမ်းအားကို လိုအပ်လျှင် ဟန်မူယဲ့အပေါ်တွင် မူတည်နေသည်။

ထို့အပြင် လျှို့ဝှက်နယ်မြေအတွင်း၌ သွမ်ကျိုးရှောင်၏အမွေအနှစ်အပြင် မိစ္ဆာတစ်သောင်းတံဆိပ်လည်း ရှိနေသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။ “ကျွန်တော်က ကျစ်ဟူကို လျှောက်ခေါ်သွားမလို့။ တွေ့လာတဲ့အခွင့်အရေးတိုင်းကို ယူလိုက်ရုံပဲပေါ့”

‘ကျစ်ဟူကို လျှောက်ခေါ်သွားမလို့တဲ့လား’

ခေါင်းဆောင်တောက်ရင်က ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်လုံးထဲတွင် စိတ်ပျက်မှုများဖြတ်ပြေးသွားသည်။

“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းပဲ။ ငါတို့က ဓားတာအိုကို အခြေခံအုတ်မြစ်အနေနဲ့ အသုံးပြုတယ်။ တောင်ပိုင်းကုန်းမြေရဲ့ လျှို့ဝှက်နယ်မြေမှာရှိတဲ့ အခွင့်အရေးတွေက တကယ်ကိုအရေးမပါဘူး” ထို့ပါ့ချန်က တည်ငြိမ်စွာပြောသည်။

သူက လက်မြှောက်လိုက်သောအခါ ရွှေရောင်သွေးပုလဲလုံးတစ်လုံး ပေါ်လာသည်။

“ဒါက တောင်ပိုင်းကုန်းမြေရဲ့ ကျားဖြူကလန်က ရှေးခေတ်သွေးမျိုးဆက်စွမ်းအားပဲ”

“သူတို့က လျှို့ဝှက်နယ်မြေထဲမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မဟာမိတ်လုပ်နိုင်ဖို့ မျှော်လင့်နေတယ်” သူက လက်ချောင်းကို လှုပ်ရှားလိုက်သောအခါတွင် သွေးပုလဲလုံးက ဟန်မူယဲ့ရှေ့သို့ ရောက်လာသည်။

ရှေးခေတ်ကျားဖြူသွေးမျိုးဆက်

ဟန်မူယဲ့က ပုလဲလုံးကို ဆုပ်ကိုင်လိုက်သည်။ အထဲတွင်ရှိသော လှုပ်ရှားနေသည့်စွမ်းအားများကို ခံစားမိသည်။

“လျှို့ဝှက်နယ်မြေထဲမှာ မဟာမိတ်ဖွဲ့ဖို့ အခွင့်အရေးရှိမလား ကြည့်ရတာပေါ့” ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။ “လျှို့ဝှက်နယ်မြေမှာ မင်းရဲ့လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး ငါက ဝင်ပြောမှာမဟုတ်ပါဘူး”

သူပြောခဲ့သည့်အတိုင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တည်ငြိမ်စွာတိုးတက်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ရန် လုံလောက်သည်။

တခြားအခွင့်အရေးနှင့် အရင်းအမြစ်များကို မလိုအပ်ပေ။

“မိစ္ဆာတစ်သောင်းတံဆိပ်ကရော” ဟန်မူယဲ့က သွေးပုလဲကိုသိမ်းလိုက်ပြီး ထို့ပါ့ချန်ကို ကြည့်သည်။

“တကယ်လို့ ဒီတစ်ကြိမ်မှာ တောင်ပိုင်းကုန်းမြေက မိစ္ဆာတစ်သောင်းတံဆိပ်ကို ရှာတွေ့သွားပြီး ကလန်တွေအားလုံးကိုထိန်းချုပ်ဖို့ အသုံးပြုလိုက်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်”

ပြန့်ကျဲနေသောမိစ္ဆာကလန်များသည် ကောင်းမွန်သည်။

သို့သော် မိစ္ဆာများစုစည်းသွားလျှင် အများအပြားဖြစ်ပျက်လာနိုင်သည်။

ထို့ပါ့ချန်က ရယ်လိုက်ပြီး စကားထပ်မပြောပေ။

ဟန်မူယဲ့က ထိုသို့ပြောလာသောကြောင့် ကိုယ်ပိုင်အစီအစဉ်ရှိသည်ဟု ဆိုလိုသည်။

ဟန်မူယဲ့က ခန်းဆောင်အတွင်းမှထွက်လာပြီး ဓားစံအိမ်သို့ ချက်ချင်းပြန်မသွားခဲ့ပေ။ သူက စာကြည့်တိုက်သို့ သွားခဲ့သည်။

ဒုတိယထပ်ရှိ စားပွဲရှည်ပေါ်တွင် ဟွမ်ကျစ်ဟူက စုတ်ချက်များကို တစ်ခုချင်းစီရေးသားနေသည်။

သူမ၏ဘေးတွင် စာကြည့်တိုက်မှူးစွေ့ဟယ်လျန်က တည်ငြိမ်သောမျက်နှာထားဖြင့် လက်နှစ်ဖက်နောက်ပစ်ထားပြီး မတ်တပ်ရပ်နေသည်။

ဟန်မူယဲ့ရောက်လာသောအခါတွင် စွေ့ဟယ်လျန်က တည်ငြိမ်စွာခေါင်းညိတ်ပြသည်။

ဟန်မူယဲ့က စကားမပြောပေ။ ဟွမ်ကျစ်ဟူက စာတစ်မျက်နှာ ရေးပြီးသွားသောအခါတွင် ခေါင်းမော့ကြည့်လိုက်သည်။ ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။ “မင်းရဲ့လက်ရေးက အတော်လေးတိုးတက်လာတာပဲ”

“မွေးစားအဖေကို ကျစ်ဟူက နှုတ်ဆက်ပါတယ်” ဟွမ်ကျစ်ဟူက စုတ်တံကိုအောက်ချပြီး မတ်တပ်ရပ်သည်။ သူမက လက်သီးဆုပ်ထားပြီး ဟန်မူယဲ့ကို ဦးညွှတ်နှုတ်ဆက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စွေ့ဟယ်လျန်ကို ကြည့်သည်။ “အကြီးအကဲစွေ့၊ ငါက ရက်အနည်းငယ်အတွင်းမှာ ကျစ်ဟူနဲ့အတူ တောင်အောက်ဆင်းပြီး တောင်ပိုင်းကုန်းမြေကို သွားလိမ့်မယ်။ စာသင်တာကို ခဏရပ်ထားရအောင်”

စာလေ့လာခြင်းကို ရပ်နားပြီး တောင်ပိုင်းကုန်းမြေသို့သွားရမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် ကျစ်ဟူ၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးထဲတွင် အလင်းရောင်များဖြင့်ပြည့်နေသည်။

စွေ့ဟယ်လျန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ဂိုဏ်းတူအစ်ကိုဟန်အတွက် အရေးကြီးတဲ့ကိစ္စကို လုပ်ရမှာပေါ့”

ထို့နောက် သူက ဟွမ်ကျစ်ဟူဘက်သို့လှည့်ပြီး ပြောသည်။ “မင်းက နေ့တိုင်းစာလေ့လာဖို့ မမေ့ရဘူး”

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သမာဓိစွမ်းအားတချို့ ရစ်ပတ်နေသည်။ သူ့ပုံစံက လွန်ခဲ့သောသုံးနှစ်ကနှင့် မတူတော့ပေ။

ကျင်းယန်မြို့တွင် စွေ့ဟယ်လျန်က ဟွမ်ကျစ်ဟူကိုစာသင်ကြားပြီး လူသားလောကကို လေ့လာခဲ့သည်။ သူက သမာဓိစွမ်းအားကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည်။

သမာဓိစွမ်းအား၏အကူအညီကြောင့် ချီစွမ်းအင်ကျင့်ကြံခြင်းတွင်လည်း အဆင့်တက်သွားခဲ့သည်။

ဟွမ်ကျစ်ဟူက စွေ့ဟယ်လျန်ကို ရိုသေစွာဦးညွှတ်သည်။ ထို့နောက် သူမ၏စုတ်တံနှင့်မင်တုံးကို သိမ်းလိုက်ပြီး လွယ်အိတ်ကိုကောက်ယူ၍ ဟန်မူယဲ့ဘေးသို့ သွားလိုက်သည်။

“အကြီးအကဲစွေ့၊ အလယ်ပိုင်းကုန်းမြေရဲ့ သမင်ဖြူတောင်တန်းကျောင်းတော်က ဆရာတွေလိုအပ်နေတယ်။ အဲ့ဒီကို သွားနိုင်မလား” ဟန်မူယဲ့က စာတစ်စောင်ထားခဲ့ပြီး ဟွမ်ကျစ်ဟူနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အလယ်ပိုင်းကုန်းမြေတွင် ကွန်ဖြူးရှပ်တာအိုသည် အမှန်တကယ်တိုးတက်နေသည်။

စွေ့ဟယ်လျန်က ကွန်ဖြူးရှပ်တာအိုကို ပိုမိုနက်ရှိုင်းစွာကျင့်ကြံချင်လျှင် အလယ်ပိုင်းကုန်းမြေသို့ သွားရမည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါ စွေ့ဟယ်လျန်၏မျက်နှာတွင် ပျော်ရွှင်မှုများဖြတ်ပြေးသွားသည်။ သူက စားပွဲပေါ်ရှိစာအိတ်ကို ကောက်ကြည့်လိုက်သောအခါတွင် စာလုံးအချို့မှလွဲ၍ ဗလာဖြစ်နေကြောင်း မြင်လိုက်ရသည်။

ဟန်မူယဲ့မှတစ်ဆင့် တုန်းဖန်ရှုဆီသို့။

....

သုံးရက်အကြာတွင် အံ့ဖွယ်ကိုးပါးတောင်၌ ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။ ပေသုံးထောင်ရှိသောသင်္ဘောပျံသည် ကောင်းကင်တွင် ပျံသန်းသွားသည်။

သင်္ဘော၏အရှိန်အဝါသည် ပြိုင်ဘက်ကင်းသည်။

ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပတ်တစ်ဂိုဏ်း၏ ဂုဏ်သိက္ခာဖြစ်သည်။

လမ်းတစ်လျှောက်တွင် ပုံမှန်အတိုင်း ဂိုဏ်းအသီးသီးက လာရောက်လည်ပတ်ပြီး သူတို့ကို လိုက်ပို့ကြသည်။

သင်္ဘောပျံသည် တစ်ရက်လျှင် မိုင်ရှစ်ထောင်ပျံသန်းခဲ့သည်။ လဝက်အကြာတွင် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နယ်မြေမှ ထွက်လာနိုင်ခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသောအခါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စွမ်းအားသည် တစ်ဝက်ကျော်မြင့်တက်လာခဲ့သည်။

ထိုအရာသည် အစပိုင်းသာဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထွက်လာသောအခါတွင် သင်္ဘောပျံက အရှိန်မြှင့်ခဲ့သည်။ သုံးရက်အတွင်း၌ သူတို့က ဖုန်းရှို့တောင်ကုန်းသို့ ရောက်သွားသည်။

တိမ်မြုံကမ်းပါးသို့ ရောက်လာသောအခါတွင် သင်္ဘောပျံသည် ရပ်နားခဲ့သည်။ ဟန်မူယဲ့ ဟွမ်ကျစ်ဟူကိုဦးဆောင်၍ တိမ်မြုံကမ်းပါးတွင် လျှောက်သွားခဲ့သည်။

“သမီးကြီးလာရင် အဖေ့ကို သေချာပေါက်သွားရှာမယ်”

ဟွမ်ကျစ်ဟူက လက်သီးဆုပ်ထားပြီး အော်ဟစ်လိုက်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် ကောင်မလေး၏ဆံပင်ကို ပွတ်သပ်ပေးသည်။

‘ဟွမ်လောင်လျှိုက ဒီကောင်မလေးကိုမြင်ရင် နားရွက်တက်ချိတ်အောင် ပြုံးနေမှာလား’ သူတွေးမိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သင်္ဘောပျံများက တိမ်မြုံကမ်းပါးသို့ ရောက်လာသောအခါတွင် တခြားသင်္ဘောပျံများက စီတန်း၍ ကြိုဆိုခဲ့သည်။

ချီစွမ်းအင်အလင်းများသည် ကောင်းကင်၏မိုင်တစ်သောင်းပတ်ပတ်လည်ကို လွှမ်းခြုံထားသည်။

“အရမ်းလှတာပဲ”

ပြတင်းပေါက်ကိုမှီထားသော ဟွမ်ကျစ်ဟူက ရေရွတ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် သင်္ဘောကုန်းပတ်ပေါ်တွင် လေးနက်သောမျက်နှာထားဖြင့် ဖြောင့်မတ်စွာရပ်နေကြသည်။

သို့သော် သူတို့၏ခန္ဓာကိုယ်ထဲမှ မထိန်းချုပ်နိုင်လောက်သောစွမ်းအားများ ပေါ်ထွက်နေသည်။

ထိုစွမ်းအားသည် ဓားဆန္ဒ၊ သွေးအဆီအနှစ်၊ ချီစွမ်းအင်နှင့် ပေါင်းစပ်သွားပြီး ဧရာမဓားပုံရိပ်တစ်ခု ဖြစ်လာစေသည်။

ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပတ်တစ်ဂိုဏ်း၏ အရှိန်အဝါဖြစ်သည်။

သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းမဖြစ်ခဲ့လျှင် ကြီးကျယ်ခမ်းနားမှုများကို ရရှိနိုင်မည်မဟုတ်ပေ။

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်တောက်ရင်”

“နှုတ်ဆက်ပါတယ် အကြီးအကဲဟန်”

“အင်မော်တယ်ဟန်၊ အဲ့ဒါ အင်မော်တယ်ဟန်ပဲ!”

“ငါက သူ့ကိုမြင်ဖူးတယ်။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ စုန့်ခုနစ်ပဲ။ သူက ဓားကျွမ်းကျင်သူတစ်ဦးပဲ”

“မဖြစ်နိုင်တာကို ကြိုးစားတယ်။ မင်းတို့ ဓားနှစ်လက်လွယ်ထားတဲ့လူကို မြင်လား။ သူရဲ့ဂိုဏ်းတူညီလေးက သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်ကြိုက်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒါက မဖြစ်နိုင်တဲ့အရာဖြစ်နေတယ် ....”

....

မရေမတွက်နိုင်လောက်သောအကြည့်များက ဟန်မူယဲ့ဆီသို့ ရောက်လာသည်။ ထို့နောက် သူချီထားသောဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။

ဟွမ်ကျစ်ဟူက အဖြူရောင်ပိုးသားဝတ်စုံကို ဝတ်ထားသည်။ သူမ၏ဆံပင်ကို ဆံထုံးထုံးထားပြီး ခါးတွင် ဓားလေးတစ်လက်ရှိနေသည်. သူ၏ကျောပေါ်တွင် အိတ်လေးတစ်အိတ်ကို ထောင့်ဖြတ်လွယ်ထားသည်။

သူမက တာအိုဂိုဏ်းတစ်ဂိုဏ်း၏ ကလေးတစ်ယောက်နှင့် တူနေသည်။

“အဲ့ဒါက ....” လူတစ်ယောက်က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး ကြောင်အစွာပြောသည်။ “အင်မော်တယ်ဟန်ရဲ့တပည့်လား ဒါမှမဟုတ် ....”

“အဲ့ဒါက ဟွမ်လောင်လျှိုရဲ့ သမီးအရင်းပဲ။ အင်မော်တယ်ဟန်က သူ့ကို သမီးအရင်းလို ပျိုးထောင်ပေးခဲ့တယ်” လူတစ်ယောက်က လေးနက်စွာပြောသည်။

ဟွမ်လောင်လျှို၏သမီး

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့သော လက်ရွေးစင်တပည့်များသည် ဟွမ်ကျစ်ဟူ၏နောက်ခံကို သိထားသည်။

“သူက ဟွမ်လောင်လျှိုရဲ့သမီးလား။ တကယ်လို့ ဟွမ်လောင်လျှိုက တိမ်မြုံကမ်းပါးမှာ သူ့ကိုယ်သူ မစတေးခဲ့ဘူးဆိုရင် ငါက မဟာမိစ္ဆာကြောင့် သေသွားလောက်ပြီ” စကားပြောလိုက်သော လူငယ်တာအိုတန်ခိုးရှင်က အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး ရှာဖွေလိုက်သည်။

“ကလေးတစ်ယောက်အတွက် လက်ဆောင်ရှာရတာက တကယ်ခက်တာပဲ။ အဌမအဆင့်ဆေးလုံးက မလုံလောက်ဘူးလား”

“အဌမအဆင့်ဆေးလုံးလား။ ကျင်းယန်တာအိုဂိုဏ်းရဲ့ ဟယ်ကျီယန်က သူမကို သတ္တအဆင့်ဆေးလုံးပေးလိုက်တာ ငါမြင်ဖူးတယ်” စကားပြောလိုက်သောလူက ပြုံးသည်။ “အဲ့ဒီအချိန်တုန်းက ငါ့မှာ နှစ်တစ်ထောင်ဝိညာဉ်ဆေးပင်ရှိတယ်။ ထုတ်ပေးလိုက်ဖို့ အဆင်ပြေတယ်လေ”

All Chapters