အခန်း (၃၉၇)
Vol. 29 Ch. 397
‘ရှက်စရာကောင်းလိုက်တာ’
သူက ထုတ်ပေးတော့မည့် အဌမအဆင့်ဆေးလုံးကို ပြန်သိမ်းသည်။
....
ဖုန်းရှို့တောင်ကုန်းပေါ်တွင် ဂိုဏ်းအသီးသီး၏အဖွဲ့များက ဆယ်ရက်ကြာသည်အထိ နေထိုင်ခဲ့သည်။
လွန်ခဲ့သောဆယ်ရက်အတွင်း၌ လိုက်ပို့သောအကြီးအကဲများနှင့် ခေါင်းဆောင်တပည့်များသည် အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့သည်။
လက်ရွေးစင်တပည့်များကလည်း သီးသန့်စုစည်းခဲ့သည်။
ကံမကောင်းစွာဖြင့် ဓားစံအိမ်၏ဟန်မူယဲ့သည် အလုပ်ရှုပ်နေသည်။ သူက ကျစ်ဟူကိုခေါ်ပြီး ဂိုဏ်းအသီးသီး၏လက်ရွေးစင်တပည့်များကို နှစ်ကြိမ်တွေ့ခဲ့သည်။ ထို့နောက် သူက ထပ်ပေါ်မလာတော့ပေ။
သို့သော် ဟွမ်ကျစ်ဟူက စုဝေးပွဲသို့ လာရောက်ခဲ့သည်။
အစေခံအမျိုးသမီးယွင်တိက ဟွမ်ကျစ်ဟူ၏လက်ကို ကိုင်ထားပြီး တွေ့ဆုံသောလူတိုင်းကို နှုတ်ဆက်ခဲ့သည်။
သူမက ဟွမ်လောင်လျှို၏သမီးဖြစ်ပြီး ဟန်မူယဲ့၏ မွေးစားသမီးဖြစ်သည်။ သူမက ဤနေရာတွင် အငယ်ဆုံးဖြစ်သည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် ဟွမ်ကျစ်ဟူက အဒေါ်နှင့်ဦးလေးများပေးထားသော နှုတ်ဆက်လက်ဆောင်များကို အကြိမ်ပေါင်းများစွာ ရေတွက်ခဲ့ရသည်။
သူတို့အားလုံးသည် ဂိုဏ်းအသီးသီး၏ လက်ရွေးစင်တပည့်များဖြစ်ပြီး ချမ်းသာသည့်အပြင် ရက်ရောမှုလည်းရှိသည်။
ဟွမ်ကျစ်ဟူက ဉာဏ်ကောင်းသည်။ သူက လက်ဆောင်ပေးခဲ့သောလူများကို မှတ်သားထားနိုင်သည်။
ဟန်မူယဲ့က သူမှတ်မိသောလူများကို အကြမ်းဖျင်းရှင်းပြခဲ့သည်။
“သန့်စင်လဂိုဏ်းက ကျူးတရှန့်လား။ သူက မင်းကို အလှထိန်းကျောက်စိမ်းသစ်သီးပေးလိုက်တယ်။ သူ့ရဲ့ဓားပညာရပ်က သာမန်ပဲ။ သူ့ရဲ့စိတ်နေစိတ်ထားကလည်း လိုအပ်နေသေးတယ်။ အရင်တစ်ခါတုန်းက မိစ္ဆာသားရဲတွေကြောင့် ထွက်ပြေးနေတာကို မြင်လိုက်ရတယ်”
“လီကျင်းလား။ အိမ်မက်စက်ဝန်းဓားနည်းစနစ်ကို အသုံးပြုတဲ့လူလား။ သူမက သိပ်ပြီးကျွမ်းကျင်မှုမရှိပေမဲ့ အတော်လေးရက်ရောတာပဲ”
ဟွမ်ကျစ်ဟူက ရတနာများကိုရေတွက်ပေးနေသော ယွင်တိကိုကြည့်၍ ဟန်မူယဲ့၏စကားကို တိတ်ဆိတ်စွာနားထောင်ခဲ့သည်။ ထို့နောက် စုဝေးပွဲတွင် ထိုစကားများကို ပြန်ပြောခဲ့သည်။
“သန့်စင်လဂိုဏ်းရဲ့ ဦးလေးကျူးတရှန့်က ဓားနည်းစနစ်နဲ့ တာအိုနည်းစနစ်မှာ ကျွမ်းကျင်တယ်လို့ မွေးစားအဖေက ပြောတယ်။ သူက ဒီတစ်ကြိမ်မှာ အခွင့်အရေးကြီးတစ်ခု ရလိမ့်မယ်တဲ့”
“ဒေါ်လေးလီကျင်းက အိပ်မက်စက်ဝန်းဓားနည်းစနစ်ကို ကျွမ်းကျင်တယ်တဲ့။ သူမက လျှို့ဝှက်နယ်မြေမှာ တောက်ပလာလိမ့်မယ်လို့ မွေးစားအဖေက ပြောတယ်”
“မွေးစားအဖေက ပြောတယ် ....”
နာမည်အပြောခံရသောလူများသည် အဖိုးတန်ရတနာများကို ထုတ်ပေးခဲ့သည်။
ဟန်မူယဲ့၏မှတ်ချက်ကို ကြားလိုက်ရသောအခါတွင် လက်ရွေးစင်တပည့်များက စိတ်လှုပ်ရှားလာသည်။
အင်မော်တယ်ဟန်၏စကားများသည် ယုံကြည်ရသည်။
“ဟူဟူ၊ ဒေါ်လေးနဲ့ပတ်သတ်ပြီး အင်မော်တယ်ဟန်ရဲ့စကားတွေကို သေချာနားထောင်ခဲ့နော်။ သမီးက ပင်ပန်းသွားခဲ့ပြီ။ ဒါက ရင်ဟယ်သလင်းကျောက်ကနေသန့်စင်ထားတဲ့ အဆောင်လက်ဖွဲ့ပဲ။ သိမ်းထားလိုက်” အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက တောက်ပနေသောကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ပေးသည်။
ဟွမ်ကျစ်ဟူက ကျောက်စိမ်းအဆောင်ကိုကိုင်ထားပြီး ခေါင်းညိတ်သည်။ “စိတ်မပူပါနဲ့ဒေါ်လေး၊ ဒီနေ့မှာ ဒေါ်လေးက အဖိုးတန်ရတနာတစ်ခု ထပ်ပေးလိုက်တဲ့အကြောင်း မွေးစားအဖေကို ပြောလိုက်ပါ့မယ်”
“လက်ဆောင်တွေလက်ခံတဲ့အခါမှာ တစ်ဖက်လူရဲ့ကြင်နာမှုကို မှတ်သားထားရမယ်လို့ မွေးစားအဖေက ပြောခဲ့တယ်။ အခွင့်အရေးရှိရင် ပြန်ပြီး ပေးဆပ်ရမယ်တဲ့”
‘အင်မော်တယ်ဟန်ရဲ့ အကူအညီလား’
လက်ရွေးစင်တပည့်များက အိတ်ထဲတွင် ပစ္စည်းကောင်းများကို ရှာဖွေလိုက်ပြန်သည်။
တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေသည် ရန်လိုနေသော်လည်း ဖုန်းရှို့တောင်ကုန်းပေါ်တွင် တည်ငြိမ်အေးချမ်းနေသည်။
ခေါင်းဆောင်တောက်ရင်က ဤနေရာတွင်ရှိနေသော ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာများနှင့် တွေ့ဆုံခဲ့သည်။
စစ်ပြေငြိမ်းပြီးသွားသောအခါ နှစ်ဖက်လုံးတွင်ရှိသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ နောက်ဆုတ်သွားကြသည်။
တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ သိပ်မရှိပေ။
ဆယ်ရက်အကြာတွင် ဖုန်းရှို့တောင်ကုန်းပေါ်၌ ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး သင်္ဘောပျံများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ပေသုံးထောင်ရှည်လျားသောသင်္ဘောပျံသည် ရှေ့ဆုံးတွင်ရှိနေပြီး လင်တောက်တာအိုဂိုဏ်း၊ ရှန့်ယန်မိစ္ဆာဂိုဏ်းနှင့် တခြားဂိုဏ်းကိုးဂိုဏ်း၏ သင်္ဘောပျံများက နောက်တွင်ရှိနေသည်။
သူတို့၏နောက်တွင် ဂိုဏ်းအသီးသီးမှ အရွယ်အစားအမျိုးမျိုးရှိသောသင်္ဘောပျံများ ရှိနေသည်။ ထိုမြင်ကွင်းသည် အလွန်ခမ်းနားသည်။
သင်္ဘောပျံသည် လေပြင်းများကိုထိုးဖောက်၍ အလင်းစီးကြောင်းများနှင့်အတူ ဖုန်းရှို့တောင်ကုန်းကို ကျော်ဖြတ်လာပြီး တောင်ပိုင်းကုန်းမြေသို့ ဦးတည်သွားသည်။
တောင်ပိုင်းကုန်းမြေသို့ ဝင်ရောက်လာသောအခါ မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။
တောင်ပိုင်းကုန်းမြေ၏ လေထုထဲတွင်ရှိသော သဘာဝစွမ်းအင်သည် အနည်းငယ်ကြမ်းတမ်းပုံရပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တည်ငြိမ်အေးချမ်းသောသဘာဝစွမ်းအင်နှင့် မတူညီပေ။
တောင်ပိုင်းကုန်းမြေ၏ နယ်မြေအများစုသည် စွန့်ပစ်မြေဖြစ်ပြီး စိမ်းလန်းနေသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တောအုပ်များနှင့် မတူညီပေ။
တောင်ပိုင်းကုန်းမြေတွင် မိစ္ဆာမျိုးနွယ်များကို နေရာအနှံ့တွင်မြင်နိုင်သည်။
ကျေးရွာတစ်ခုဖြစ်လာသော မိစ္ဆာမျိုးနွယ်များရှိသလို ပြန့်ကျဲနေသော မိစ္ဆာအုပ်စုများလည်းရှိသည်။
“မိစ္ဆာတွေက သွေးမျိုးဆက်သန့်စင်မှုကို ဦးစားပေးတယ်။ သူတို့က လူသားအသွင်မပြောင်းနိုင်တဲ့ မိစ္ဆာတွေကို တန်ဖိုးမထားဘူး”
“အဲ့ဒါကြောင့် မိစ္ဆာအများစုက သားရဲပုံစံနဲ့ မတိုက်ခိုက်ချင်ကြဘူး”
“သူတို့ရဲ့သွေးမျိုးဆက်က နိမ့်ကျနေရင် လူသားအသွင်မပြောင်းနိုင်ဘူး”
ဟန်မူယဲ့က သင်္ဘောကုန်းပတ်တွင်ရပ်နေပြီး တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ၏အကြောင်းကို တီးတိုးရှင်းပြနေသည်။
“သွေးမျိုးဆက်အရမ်းသန့်စင်ပြီး ကျင့်ကြံဆင့်နိမ့်တဲ့အချိန်မှာ လူသားအသွင်မပြောင်းနိုင်တဲ့မိစ္ဆာတွေက မြင့်မြတ်တဲ့အဆင့်အတန်းရှိတယ်”
“သွေးမျိုးဆက်နိမ့်ပါးတဲ့မိစ္ဆာတွေက အသွင်မပြောင်းနိုင်ဘူး။ သွေးမျိုးဆက်သန့်စင်လွန်းတဲ့မိစ္ဆာတွေကလည်း အသွင်မပြောင်းနိုင်ဘူး”
“ဒါပေမဲ့ သူတို့က အသွင်ပြောင်းနိုင်ပြီဆိုရင် အနည်းဆုံး ကမ္ဘာမြေအဆင့်မှာ ရှိနေလိမ့်မယ်”
ဥပမာအနေဖြင့်ပြောရလျှင် ရေနဂါးကလန်သည် မိစ္ဆာများကြားတွင် လူသားမျိုးနွယ်၏ တော်ဝင်မိသားစုနှင့် တူညီသည်။
“ဒီငန်းကြီးတွေကရော ဘယ်လိုလဲ။ သူတို့က အသွင်ပြောင်းနိုင်လား” ဟွမ်ကျစ်ဟူက ဘေးတွင်ရှိသော သွယ်လျက်သည့်ကြိုးကြာတစ်ကောင်ကို ကိုင်ထားပြီး မေးလိုက်သည်။
ကောင်းကင်ကြိုးကြာသည် သူမ၏စကားကို နားလည်ပုံရသည်။ ထိုကြိုးကြာက ခေါင်းငုံ့လိုက်ပြီး ဟွမ်ကျစ်ဟူ၏လက်ဝါးကို ညင်သာစွာထိတွေ့သည်။
ကောင်းကင်ကြိုးကြာများသည် အသွင်ပြောင်းနိုင်သည်။
ထို့အပြင် သွေးမျိုးဆက်အလွန်မြင့်မားသောကြောင့် အနည်းဆုံး ကမ္ဘာမြေအဆင့်သို့ရောက်နေရန် လိုအပ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။ ထို့နောက် အဝေးသို့ကြည့်သည်။
အဝေးတစ်နေရာရှိကောင်းကင်တွင် မိစ္ဆာချီများဖြင့်ပြည့်နှက်နေပြီး တိမ်တိုက်များကို လှုပ်ရှားနေစေသည်။
တောင်ပိုင်းကုန်းမြေ၏ မဟာမိစ္ဆာများသည် ရှေ့တွင်စောင့်နေသည်။
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။
ဤတစ်ကြိမ်တွင် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများက တစ်ခုခုမကြံစည်ရန် မျှော်လင့်မိသည်။ ထိုသို့မဟုတ်လျှင် သူက ထိုမိစ္ဆာများကို သင်ခန်းစာပေးလိုက်ရုံသာရှိသည်။
“ဘုန်း!”
သူတို့၏ရှေ့တွင် မိစ္ဆာချီသည် မိစ္ဆာသားရဲပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး သင်္ဘောပျံများဆီသို့ ချဉ်းကပ်လာသည်။
“ခွန်အားထုတ်ပြတာလား” ခေါင်းဆောင်တောက်ရင်က ပြုံးသည်။ “ဒီကြိုဆိုပွဲက မဆိုးဘူးပဲ”
ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ မီးစွမ်းအားများပေါ်ထွက်လာသည်။
“မူလမီးတောက်ကမ္ဘာထဲမှာ နေခဲ့တဲ့အချိန်တွေကို ငါတကယ်လွမ်းမိတယ်။ ငါသတ်ချင်တဲ့လူတိုင်းကို သတ်လို့ရတယ်”
သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောမီးတောက်များသည် ပေတစ်သောင်းရှည်လျားသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မီးနဂါးက ဟိန်းဟောက်လိုက်ပြီး အဆုံးမရှိသောမီးတောက်များနှင့်အတူ ပျံထွက်သွားသည်။
မီးနဂါးပေါ်လာသောအခါ ကောင်းကင်ထက်တွင်ရှိသော မိစ္ဆာသားရဲပုံရိပ်များကို မီးတောက်များက ဝိုင်းရံလိုက်သည်။
မီးတောက်များက မိစ္ဆာပုံရိပ်များကို လောင်ကျွမ်းရုံတင်မကဘဲ ပုံရိပ်များ၏နောက်ကွယ်တွင်ရှိသော ဝိညာဉ်များကိုလည်း ဝါးမြိုခဲ့သည်။
ထိုအရာသည် အဓိခွန်အားတစ်ခုဖြစ်လာသော မီးလွင်ပြင်ဓားနည်းစနစ်၏ ဝါးမြိုခြင်းစွမ်းရည်ဖြစ်သည်။
“တာအိုရောင်းရင်းတောက်ရင်၊ ဒေါသမထွက်ပါနဲ့!”
“အနောက်ပိုင်းနယ်စပ်ကုန်းမြေရဲ့တာအိုရောင်းရင်း လွန်သွားပြီ!”
“စိတ်လျော့ပါ၊ စိတ်လျော့ပါ ....”
အဝေးတစ်နေရာတွင် ထိတ်လန့်နေသောအသံများကို ကြားနိုင်သည်။
ခေါင်းဆောင်တောက်ရင်က ကျယ်လောင်စွာရယ်သည်။ မီးနဂါးသည် နောက်ဆုတ်မသွားဘဲ ရှေ့တက်လာသည်။
ပေတစ်သောင်းရှည်သောမီးနဂါးက သွားဖြဲပြပြီး လက်သည်းများကို ထုတ်ထားသည်။ မီးနဂါးက လောကကို လောင်ကျွမ်းသွားစေနိုင်သော မီးတောက်များအား မှုတ်ထုတ်လိုက်သောကြောင့် တောင်ပိုင်းကုန်းမြေ၏ကောင်းကင်တာအိုက တုန်ခါသွားသည်။ လေပြင်းများက မီးနဂါး၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိနေသည်။
“တားလိုက်!”
“ရူးနေတာပဲ။ သူက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကိုဝင်သွားတဲ့ တောင်ပိုင်းကုန်းမြေရဲ့လက်ရွေးစင်တွေအားလုံးကို သတ်ချင်နေတာလား”
“အားလုံးပဲ မြန်မြန်ပူးပေါင်းကြ။ မီးနဂါးက ခွန်အားကောင်းတယ်”
ဖရိုဖရဲဖြစ်နေသောအသံများကြားတွင် မိစ္ဆာချီအလင်းပေါ်ထွက်လာပြီး နဂါးကိုဝင်တိုက်သည်။ နဂါးနှင့်မိစ္ဆာချီအလင်းက ပျောက်ကွယ်သွားခဲ့သည်။
များပြားလှသော ကောင်းကင်ဘုံအဆင့်မိစ္ဆာများ ပျံတက်လာပြီး ပေတစ်သိန်းအကွာတွင် ရပ်လိုက်သည်။
“ခေါင်းဆောင်တောက်ရင်၊ ဒါက ဘာကိုဆိုလိုတာလဲ”
“တောင်ပိုင်းကုန်းမြေက အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့တယ်။ မင်းက အဲ့ဒါကို ချိုးဖောက်ချင်တာလား”
“တောက်ရင်၊ မင်းက တောင်ပိုင်းရဲ့မိစ္ဆာတွေနဲ့ ရန်သူဖြစ်ချင်တာလား။ မင်းရဲ့တိုက်ခိုက်နိုင်စွမ်းလေးနဲ့ တောင်ပိုင်းကုန်းမြေကို လွှမ်းမိုးနိုင်မယ်ထင်နေတာလား”
ဆံပင်ချထားသော မိစ္ဆာအချို့က အော်ဟစ်လိုက်သည်။
သူတို့ကြားတွင် ဝိညာဉ်သူငယ်ဒုတိယအဆင့်သို့ရောက်နေသော မျောက်ဝံဖြူမိစ္ဆာတစ်ကောင်ရှိသည်။
ခေါင်းဆောင်တောက်ရင်က အေးစက်နေသောမျက်နှာထားဖြင့် ကျယ်လောင်စွာရယ်သည်။
“မင်းတို့က ငါ့တိုက်ကွက်ကို မတားနိုင်ရင် ငါက မင်းတို့ရဲ့သားပေါက်လေးတွေကို တကယ်သတ်ပစ်မိလိမ့်မယ်”
ထိုစကားများကြောင့် လေးလံနေသောလေထုသည် ချက်ချင်းအေးစက်သွားခဲ့သည်။
ကောင်းကင်ဘုံအဆင့်မိစ္ဆာများက တိုက်ခိုက်လိုစိတ်ကို ထုတ်ပြလာသည်။
မိစ္ဆာပုံရိပ်များ ထပ်မံစုစည်းလာသည်။ ခေါင်းဆောင်တောက်ရင်က နောက်တွန့်မသွားပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များပေါ်ထွက်လာသည်။
ခေါင်းဆောင်တောက်ရင်သည် လူကြိုက်မများပေ။
သူ့ကို အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စောင့်ရှောက်သူတစ်ယောက်အနေဖြင့် လျှို့ဝှက်နယ်မြေသို့စေလွှတ်လိုက်ခြင်းသည် ကောင်းသလား ဆိုးသလား မသိနိုင်ပေ။
နောက်တွင်ရှိသော သင်္ဘောပျံများပေါ်ရှိ ဂိုဏ်းအကြီးအကဲများသည် ဖျော့တော့စွာပြုံးလိုက်ပြီး ချီစွမ်းအင်အလင်းများကို ထုတ်ဖော်သည်။
စွမ်းအားတိုက်ပွဲတွင် ခွန်အားဖြင့် ဆုံးဖြတ်နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် လုံလောက်သောခွန်အားမရှိလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ လာရောက်သည့်အတွက် သေဆုံးသွားလိမ့်မည်။
ခေါင်းဆောင်တောက်ရင်၏အပြုအမူသည် မောက်မာသော်လည်း မှားယွင်းနေခြင်းမဟုတ်ပေ။
“ခေါင်းဆောင်တောက်ရင်၊ မင်းပါးစပ်က ကြမ်းတမ်းနေတုန်းပဲ”
“ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကြားရတာ ကောင်းတယ်”
ထိုအချိန်တွင် အဝေးတစ်နေရာမှ အသံတစ်သံထွက်လာသည်။
ဟန်မူယဲ့က ပြုံးသည်။
ကောင်းချန်ကုန်း
ဓားစံအိမ်၏အကြီးအကဲ ကောင်းချန်ကုန်း
အကြီးအကဲဟောင်းဖြစ်သည်။
ကောင်းချန်ကုန်းက အစိမ်းရောင်ဝတ်စုံနှင့် သရဖူတစ်ခုကို ဝတ်ဆင်ထားသည်။ သူက အရပ်ရှည်ပြီး ဖြောင့်မတ်နေသည်။ မုတ်ဆိတ်မွေးများကိုလည်း သေချာရိတ်ထားသည်။ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်အလင်းနှင့် ဓားချီများသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက ကောင်းကင်ဘုံအဆင့်သို့ ရောက်နေသည်။