← Chapters

အခန်း (၄၀၃)

Vol. 29 Ch. 403

အခန်း (၄၀၃)

Vol. 29 Ch. 403

သူတို့က ပိုမိုလျင်မြန်လာပြီး လှုပ်ရှားမှုများကလည်း ထူးဆန်းနေသည်။

ကလန်သားတစ်ယောက်က ဓားတိုဖြင့် ကြောင်ကတိုးကျွမ်းကျင်သူ၏ လက်ကောက်ဝတ်သွေးကြောများကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင်ရှိသော သံချပ်ကာ၏ကွာဟနေသည့်နေရာကို ဓားဖြင့်ထိုးချသည်။

ကလန်သားတစ်ယောက်က လက်မြှောက်လိုက်သောအခါ လက်ထဲတွင်ရှိသောဓားတိုက ပျံထွက်သွားသည်။ ထိုဓားတိုက ကြောင်ကတိုးကျွမ်းကျင်သူများ၏လည်ပင်းကို ဖြတ်တောက်ပြီး သွေးများဖြာထွက်လာစေသည်။

ဓားနည်းစနစ်

သတ်ဖြတ်ခြင်းနည်းစနစ်

ယခုအချိန်တွင် သွေးရောင်အလင်းများသည် ဆွဲဆောင်မှုရှိနေသည်။ သွေးအလင်းတစ်ခု ပေါ်ထွက်လာသောအချိန်တွင် အသက်တစ်သက် ဆုံးရှုံးသွားလိမ့်မည်။

ဟွမ်ကျစ်ဟူက နှုတ်ခမ်းကိုက်ထားပြီး တိုက်ပွဲကို မကြည့်ရဲပေ။ သို့သော် ဓားအလင်းများက သူမကို ဆွဲဆောင်ထားသည်။

ရှန့်လင်းရွှမ်းက နေရာတွင်ရပ်နေပြီး လက်သီးဆုပ်ထားသည်။ သူက ရေရွတ်လိုက်သည်။ “ငါက လူတွေကို ဒီလိုမျိုးသတ်ဖြတ်နေရင် ငါ့လက်မှာ သွေးစွန်းသွားမှာလား ....”

ရေနွေးတစ်အိုးဆူချိန်ခန့် ကြာသောအခါတွင် ကြောင်ကတိုးတစ်ထောင်ကျော်ခန့် အသတ်ခံလိုက်ရသည်။

တိုက်ခိုက်ခဲ့သော ကြောင်မြီးတိုကလန်သားများ၏ခန္ဓာကိုယ်တွင် သွေးချီများစုစည်းနေသည်။ ကလန်သားတချို့၏ခေါင်းပေါ်တွင် ချီစွမ်းအင်အလင်းများ ရှိနေသည်။

ထိုအရာသည် ကျင့်ကြံဆင့်တိုးတက်သွားခြင်းဖြစ်သည်။

သူတို့က အားကောင်းသောရန်သူများကိုသတ်ဖြတ်၍ သွေးစွမ်းအားများကို စုပ်ယူခဲ့သည်။ ယခုအချိန်တွင် သူတို့က တခြားမျိုးနွယ်များ၏ကျွန်ပြုခြင်းကိုခံရသော အဆင့်နိမ့်မျိုးနွယ်မဟုတ်တော့ပေ။

နောက်ဆုံးကျန်နေသော ထိတ်လန့်နေသည့်ကြောင်ကတိုးကျွမ်းကျင်သူ၏ ကျောရိုးကို ဓားအလင်းက ထိုးဖောက်လိုက်သောအခါတွင် စစ်မြေပြင်၌ ပျော်ရွှင်စွာအော်ဟစ်သံများနှင့် ပြည့်နှက်သွားသည်။

ကြောင်မြီးတိုကလန်သားများက နီရဲနေသောမျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထားသည်။

သူတို့ကို ကျွန်ပြုထားခဲ့သော ကြောင်ကတိုးကလန်က လွယ်ကူစွာရှုံးနိမ့်သွားသည်။

“ဘန်း!”

ကလန်၏အလယ်တွင်ရှိသော ယဇ်ပလ္လင်ထက်တွင် မီးတောက်တစ်ခု ပေါ်ထွက်လာသည်။

ရွှေရောင်မီးတောက်သည် အနီရောင်နှင့်ရွှေရောင်တောက်ပပြီး နွေးထွေးမှုကို ထုတ်လွှတ်ပေးနေသည်။

မီးအလင်းရောင်နှင့် ထိတွေ့လိုက်သော ကြောင်မြီးတိုကလန်သားများအားလုံးသည် သဘာဝစွမ်းအင်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရသည်။

သူတို့၏သွေးမျိုးဆက်စွမ်းအား ပြောင်းလဲသွားသည်။

ကြောင်မြီးတိုကလန်ဝင်များအားလုံးက ပြောင်းလဲသွားသော သွေးမျိုးဆက်စွမ်းအားကို ခံစားမိသည်။

ခွန်အား၊ အမြန်နှုန်းနှင့် သက်တမ်းလည်း ပြောင်းလဲသွားသည်။

သွေးမျိုးဆက်စွမ်းအားသည် အရာအားလုံးကိုခြုံငုံ၍ ပြောင်းလဲပေးခဲ့သည်။

ရှန်စန်း၏ပုံရိပ်က ယဇ်ပလ္လင်ထက်တွင်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်မိစ္ဆာအင်းကွက်များဖြင့် ပြည့်နေသည်။

သူက ယခင်ထက် ပိုမိုသန်မာလာသည်။

ရှန်စန်းက လှုပ်ရှားလိုက်ပြီး ဟန်မူယဲ့ရှေ့သို့ ရောက်လာသည်။

“သခင်၊ ဒီမှာရှိတဲ့ ကြောင်ကတိုးကလန်ကို တိုက်ခိုက်ပြီး ဖျက်ဆီးလိုက်ရမလား”

တခြားလူများ၏သွေးမျိုးဆက်စွမ်းအားကို ဝါးမြိုလျှင် ခွန်အားတိုးလာနိုင်သည်။

ရှန်စန်းက ကြောင်ကတိုးကလန်ကို သတ်ဖြတ်ချင်ခဲ့သည်။

ယခုအချိန်တွင် ကလန်တစ်ခုလုံး၏ခွန်အား တိုးတက်လာသောကြောင့် နှလုံးသားထဲတွင်ရှိသောရန်ငြိုးများကို ဖိနှိပ်မထားနိုင်တော့ပေ။

ထိုအရာသည် မိစ္ဆာများဖြစ်သည်။ သူတို့က များသောအားဖြင့် သွေးမျိုးဆက်စွမ်းအား၏ဆန္ဒအလျောက် လုပ်ဆောင်ကြသည်။

ဟန်မူယဲ့က မျက်လုံးများကိုမှေးကျဉ်းပြီး ယဇ်ပလ္လင်ထက်တွင်ရှိသောမီးတောက်ကို ကြည့်သည်။

မီးတောက်ထဲတွင် စွမ်းအားအချို့ရှိနေသည်။

ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအားကို ထိန်းချုပ်ထားသောကြောင့် အနိုင်ရလာသောတိုက်ပွဲမှတစ်ဆင့် အကျိုးအမြတ်အချို့ ရလိုက်သည်။

“သွား” ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ရှန့်လင်းရွှမ်းကို လှည့်ကြည့်သည်။ “လိုက်သွားပြီး စောင့်ကြပ်ပေးလိုက်ပါ။ ကြောင်ကတိုးကလန်မှာ ဖုံးကွယ်ထားတဲ့ကျွမ်းကျင်သူတွေ ရှိနေနိုင်တယ်”

ရှန့်လင်းရွှမ်း၏မျက်နှာက နီရဲသွားသည်။ သူက ခဏတာတုံ့ဆိုင်းနေပြီး ခေါင်းညိတ်သည်။

ရှန့်လင်းရွှမ်းက လူမသတ်ဖူးကြောင်း ဟန်မူယဲ့က သတိထားမိသည်။ ထို့ကြောင့် တိုက်ပွဲသို့ တမင်သက်သက် လိုက်သွားစေသည်။

ထိုလူငယ်သည် သန်မာသော်လည်း ကြင်နာလွန်းသည်။

သူက ကျင့်ကြံခြင်းလမ်းစဉ်တွင် ရှေ့ရောက်ချင်လျှင် မသတ်ဖြတ်ဘဲနေရန် မဖြစ်နိုင်ပေ။

ကြောင်မြီးတိုကလန်သားရှစ်ထောင်သည် တိတ်ဆိတ်စွာထွက်သွားခဲ့သည်။

ကောင်းကင်က မည်းမှောင်လာသောအခါတွင် သွေးစွမ်းအင်ဖြည့်ပြည့်နှက်နေသော ကလန်သားများ တိတ်ဆိတ်စွာပြန်ရောက်လာသည်။

သူတို့က ကလန်ထဲသို့ ခြေချလိုက်သောအခါ ယဇ်ပလ္လင်ထက်တွင်ရှိသောမီးတောက်က လှုပ်ရှားသွားပြီး ပေတစ်ရာရှည်သောမီးတောက်အဖြစ် ပြောင်းသွားသည်။ ထိုမီးတောက်က ညအမှောင်တွင် အလင်းပေးနေသည်။

အားကောင်းသောသွေးမျိုးဆက်စွမ်းအားများက ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

ဟန်မူယဲ့က ယဇ်ပလ္လင်ပေါ်တွင်ရှိသော မီးတောက်များကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

တစ်ရက်အတွင်း ကြောင်မြီးတိုများ၏တိုက်ခိုက်နိုင်စွမ်းသည် ဆယ်ဆခန့်တိုးလာသည်။

ထိုအချက်သည် ကောင်းမွန်သည်။

သူက သွေးမျိုးဆက်အမွေအနှစ်ကိုထိန်းချုပ်ပြီး ကစားပွဲတွင် ပါဝင်ခဲ့သည်။

ဤအခြေအနေသည် ဟန်မူယဲ့အတွက် ပထမဆုံးဖြစ်သည်။

သွေးမျိုးဆက်အမွေအနှစ်ထဲတွင် ဓားနည်းစနစ်ကို ပေါင်းထည့်ရန်အတွက် ဓားပညာရပ်နှင့်ပတ်သတ်သော ပြိုင်ဘက်ကင်းနားလည်နိုင်စွမ်းကို လိုအပ်သည်။

ဓားကျင့်ကြံခြင်းအရ အထွတ်အထိပ်သို့ရောက်ပြီး အခြေခံကျသောရိုးရှင်းမှုကို ပြန်သွားနိုင်ရမည်။ ထိုမှသာ သွေးမျိုးဆက်စွမ်းအားထဲသို့ ဓားပညာရပ်များကို ပေါင်းထည့်နိုင်မည်ဖြစ်သည်။

ဓားတာအိုကို ထပ်မံသုံးသပ်လိုက်ပြီး ဟန်မူယဲ့၏ ဓားနှင့်ပတ်သတ်သောနားလည်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ဟန်မူယဲ့က ကြောင်မြီးတိုကလန်၏ သွေးမျိုးဆက်ထဲသို့ ဓားပညာရပ်ကိုပေါင်းထည့်ပေးပြီး ကိုယ်ပိုင်နားလည်မှုကိုလည်း တိုးတက်လာစေခဲ့သည်။

ကောက်ရိုးတဲအိမ်ထဲတွင် ဟန်မူယဲ့က ရွှေရောင်မီးလုံးတစ်လုံးကို ကိုင်ထားသည်။ သူ့မျက်လုံးထဲတွင် ဓားအလင်းများရှိနေသည်။

သူ့နတ်အာရုံက မီးတောက်ကိုကြည့်ပြီး ဆက်တိုက်ရှာဖွေနေသည်။

ကြောင်မြီးတိုကလန်၏ သွေးမျိုးဆက်စွမ်းအားသည် ရောနှောနေပြီး မူလစွမ်းအင်သည် အားနည်သည်။ ဝိညာဉ်ကိုယ်ခွဲအဆင့်တွင်သာ ရှိနေသည်။

ကြောင်မြီးတိုများအားလုံးက ပြီးပြည့်စုံသောသွေးမျိုးဆက်ကို ဆက်ခံနိုင်လျှင်ပင် ကောင်းကင်ဘုံအဆင့်သို့သာ ရောက်နိုင်လိမ့်မည်။

သို့သော် ထိုသို့မဖြစ်နိုင်ပေ။

ပါရမီကန့်သတ်ချက်များကြောင့် မိစ္ဆာအများစုသည် ဘိုးဘေးများ၏ သွေးမျိုးဆက်သန့်စင်မှုအထိ ပြန်မရောက်နိုင်ပေ။

သူတို့၏သွေးမျိုးဆက်စွမ်းအားသည် လုံလောက်သောစွမ်းအားကို ထောက်ပံ့မပေးနိုင်သောကြောင့် သူတို့က တခြားသွေးမျိုးဆက်များကိုဝါးမြိုပြီး ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ပြုလုပ်လိုက်သောကြောင့် သွေးမျိုးဆက်သည် သန့်စင်မှုမရှိသော်လည်း ခွန်အားများ ဆက်တိုက်တိုးလာနိုင်သည်။

ကြောင်မြီးတိုမျိုးနွယ်၏ သွေးမျိုးဆက်ထဲတွင် ကြောင်သွေးမျိုးဆက်နှင့် ကျားသွေးမျိုးဆက်များ ရှိနေသည်။

ကြောင်ကတိုးကလန်နှင့် ကြောင်မြီးတိုကလန်သည် ခွန်အားချင်းတူညီသော်လည်း ကြောင်ကတိုးများ၏ လက်သည်းနှင့်ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်သည်။

ကြောင်ကတိုးများ၏သွေးမျိုးဆက်စွမ်းအားကို ဝါးမြိုခဲ့သောကြောင့် ကြောင်မြီးတိုများက အချိန်တိုအတွင်း၌ လျင်မြန်စွာအားကောင်းလာလိမ့်မည်။

ရှန်စန်း၏ခန္ဓာကိုယ်သည် ရွှေရောင်တောက်ပနေပြီး ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒတစ်ခု စိမ့်ထွက်လာမည့်ပုံပေါ်သည်။

အသစ်ပေါင်းထည့်ထားသော ဓားနည်းစနစ်အမွေအနှစ်သည် အလွန်အားကောင်းသောကြောင့်ဖြစ်သည်။

“သခင်၊ မိုင်တစ်ထောင်ပတ်လည်အတွင်းမှာ ဒါဇင်ချီတဲ့မျိုးနွယ်တွေရှိတယ်။ မတူညီတဲ့ကလန်တွေလည်း ရာနဲ့ချီပြီးရှိတယ်။ ကျွန်တော်တို့က ဖြည်းဖြည်းချင်း ....” ရှန်စန်း၏မျက်လုံးထဲတွင် ရွှေအလင်းများတောက်ပလာသည်။

ခွန်အားအတွက် အလိုဆန္ဒဖြစ်သည်။

ယနေ့တွင် ထိုဆန္ဒသည် အလွန်ပြင်းထန်နေသည်။

“ပတ်ဝန်းကျင်ကိုစုံစမ်းဖို့ ကလန်သားတွေကိုပြောလိုက်ပါ။ ငါက အချက်အလက်တွေအားလုံးကို လိုချင်တယ်”

“မျိုးနွယ်၊ သွေးမျိုးဆက်စွမ်းအား၊ ကလန်တွေရဲ့ တည်နေရာ” ဟန်မူယဲ့၏မျက်လုံးများသည် မည်းနက်နေသည်။ “မိုင်သုံးထောင်ပတ်ပတ်လည်မှာရှိတဲ့ အရာအားလုံးကို ခုနစ်ရက်အတွင်းမှာ ငါသိချင်တယ်”

ဟန်မူယဲ့က စကားပြောလိုက်ပြီး ရှေ့တွင်ရှိနေသောမီးတောက်ထဲသို့ ခရမ်းရောင်လူသားဆန္ဒစွမ်းအားအချို့ ထည့်သွင်းလိုက်သည်။

လူသားဆန္ဒစွမ်းအားကိုအသုံးချ၍ အုပ်ချုပ်မှုနည်းလမ်းကို လက်ဆင့်ကမ်းပေးသည်။

ဟန်မူယဲ့က ကင်းထောက်ခြင်း၊ ဖုံးကွယ်ခြင်း၊ ရုပ်ဖျက်ခြင်း၊ မြေပုံရေးဆွဲခြင်းနှင့် တခြားနည်းလမ်းများကို ကြောင်မြီးတိုသွေးမျိုးဆက်ထဲသို့ ထည့်သွင်းပေးခဲ့သည်။

ကံကောင်းစွာဖြင့် သွေးမျိုးဆက်သည် အလွန်အဆင့်နိမ့်သောကြောင့် သူက စိတ်ကြိုက်ပြောင်းလဲနိုင်သည်။

အဆင့်မြင့်သွေးမျိုးဆက်ဖြစ်နေလျှင် တန်ပြန်စွမ်းအားကြောင့် အတော်လေးခံစားရလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က ကြောင်မြီးတိုကလန်၏သွေးမျိုးဆက်ကို ထိန်းချုပ်ထားသည့်အတွက် အကျိုးအမြတ်များကို မြင်လိုက်ရသည်။

သူက သွေးမျိုးဆက်ကို ထိန်းချုပ်ထားသော်လည်း သွေးမျိုးဆက်နှင့် ဆက်သွယ်မနေသောကြောင့် ကြောင်မြီးတိုကလန်က ထိခိုက်သွားလျှင်ပင် သူ့အပေါ်တွင် သက်ရောက်မှုရှိမည်မဟုတ်ပေ။

လျှို့ဝှက်နယ်မြေအတွင်း၌ သွေးမျိုးဆက်နှင့်ပေါင်းစပ်ခဲ့သော မိစ္ဆာနှင့်ကျင့်ကြံသူများသည် တန်ပြန်ထိခိုက်မှုရှိလိမ့်မည်။

သို့သော် ထိုနည်းလမ်းကို ချိုးဖျက်နိုင်သည်။

ကလန်သားများအားလုံးကို သတ်ဖြတ်ပြီး သွေးမျိုးဆက်စွမ်းအားကို ပြန်ယူလိုက်လျှင် တန်ပြန်ထိခိုက်မှု ရှိမည်မဟုတ်ပေ။

သို့သော် ထိုသို့ပြုလုပ်လိုက်လျှင် အကျိုးအမြတ်များ ပိုနည်းသွားလိမ့်မည်။

“ဝီ!”

မီးတောက်သည် တုန်ခါသွားပြီး သွေးမျိုးဆက်စွမ်းအားကို ပြုပြင်လိုက်သည်။ ရှန်စန်း၏ တိုက်ခိုက်လိုစိတ်များနှင့်ပြည့်နေသောမျက်နှာထားသည် ချက်ချင်းပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် အသိဉာဏ်နှင့် ကောက်ကျစ်မှုများ ပေါ်လာသည်။

ရှန်စန်းသည် ကြောင်မြီးတိုသွေးမျိုးဆက်စွမ်းအား၏ ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခုဖြစ်သည်။ ရှန်စန်းနှင့်ပတ်သတ်သော အရာအားလုံးသည် သွေးမျိုးဆက်စွမ်းအားဖြစ်သည်။

ဟန်မူယဲ့က ကြောင်မြီးတိုသွေးမျိုးဆက်ထဲတွင် အမျိုးမျိုးသောကင်းထောက်နည်းစနစ်များကို ပေါင်းထည့်လိုက်သောကြောင့် စန်ရှန်းက ပြောင်းလဲသွားခဲ့သည်။

“သခင်၊ စိတ်မပူပါနဲ့။ ခုနစ်ရက်အတွင်းမှာ ကျွန်တော်တို့က ပတ်ဝန်းကျင်မိုင်သုံးထောင်ကို စစ်ဆေးလိုက်ပါ့မယ်” ရှန်စန်းက ရေရွတ်သည်။ သူ့ခန္ဓာကိုယ်က မီးလုံးအဖြစ်ပြောင်းလဲပြီး ပေါက်ကွဲသွားသည်။

တဲအိမ်၏အပြင်ဘက်တွင်ရှိသော ယဇ်ပလ္လင်ပေါ်တွင် မီးတောက်များပေါ်ထွက်လာသည်။

ကြောင်မြီးတိုကလန်သားများ၏ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်ချီစွမ်းအင်အလင်းများ ရှိနေသည်။

သွေးမျိုးဆက်အမွေဆက်ခံခြင်းကို ထပ်မံပြုလုပ်ခဲ့သည်။

....

နောက်တစ်နေ့မနက်တွင် ဟန်မူယဲ့က မြေခွေးဖြူလေးအားပွေ့ထားသော ဟွမ်ကျစ်ဟူနှင့်အတူ ကြောင်မြီးတိုကလန်မှ ထွက်လာသည်။

ရှန့်လင်းရွှမ်းက သူတို့နောက်မှ လိုက်လာသည်။

ရှန့်လင်းရွှမ်းက ခံစားချက်ကောင်းနေပုံမရပေ။ သူက စိတ်လွတ်နေသည်။

သို့သော် အနည်းငယ်ကွာဝေးသောနေရာသို့ ရောက်လာသောအခါတွင် ဟွမ်ကျစ်ဟူနှင့် မြေခွေးဖြူလေးက စကားလုံးအချို့ရေရွတ်သည်။ သူတို့က အလိုလိုက်ခံရသောကလေးများသဖွယ် ပြုမူပြီး ရှန့်လင်းရွှမ်း၏ပခုံးပေါ်သို့ တက်ခဲ့သည်။ ရှန့်လင်းရွှမ်းက ပြုံးလိုက်ပြန်သည်။

သူက ဟွမ်ကျစ်ဟူကို ပခုံးပေါ်တွင်တင်ထားပြီး ခြေတစ်လှမ်းနှင့် ပေအနည်းငယ်အကွာသို့ရောက်အောင် သွားနေသည်။ သူက အလွန်မြန်သည်။ တိုက်ခတ်လာသောလေများကြောင့် ဟွမ်ကျစ်ဟူက မြေခွေးဖြူလေးကို တင်းကျပ်စွာဖက်ထားပြီး တခစ်ခစ်ရယ်သည်။

ဟန်မူယဲ့က လှုပ်ရှားပုံမပေါ်ပေ။ သူက ရှန့်လင်းရွှမ်း၏ရှေ့တွင် ရှိနေသည်။

ရှန့်လင်းရွှမ်းက ပိုမိုလျင်မြန်လာပြီး ခြေလှမ်းများက တိကျနေသည်။ သို့သော် သူက ဟန်မူယဲ့ကို ကျော်မတက်နိုင်ပေ။

သူတို့က ချက်ချင်းဆိုသလိုပဲ မိုင်တစ်ရာအကွာသို့ရောက်လာသည်။

All Chapters