← Chapters

အခန်း (၄၀၅)

Vol. 29 Ch. 405

အခန်း (၄၀၅)

Vol. 29 Ch. 405

ဓားစံအိမ်တွင်ရှိခဲ့သော သူတို့၏ရင်းနှီးမှုအရ သူက မြေခွေးဖြူလေးကို သေချာပေါက်ကူညီလိမ့်မည်။

“ခလွမ် ....”

အစိမ်းရောင်ကံကြမ္မာဓားနှင့် ခရမ်းရောင်မီးတောက်ဓားကို ပြိုင်တူဆွဲထုတ်သည်။

ခရမ်းရောင်မီးတောက်များသည် လခြမ်းကွေးသဖွယ် ပျံထွက်သွားသည်။

ဓားအလင်းသည် နဂါးတစ်ကောင်နှင့်တူသည်။

ရှန့်လင်းရွှမ်းက မျက်လုံးပြူးနေပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားကို စိုက်ကြည့်သည်။

သူက ဓားဆွဲထုတ်လိုက်သောဟန်မူယဲ့ကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။

သူ့ဓားသည် လခြမ်းကွေးသဖွယ်ပြောင်းသွားပြီး မဖော်ပြနိုင်လောက်သောလမ်းကြောင်းများမှတစ်ဆင့် အစိမ်းရောင်ချပ်ဝတ်မြေခွေးများ၏လည်ပင်းကို ဖြတ်တိုက်သွားသည်။

လခြမ်းကွေးဖြတ်သန်းသွားသောအခါ သွေးများပေါ်ထွက်လာသည်။ လေထုထဲတွင်ရှိသော လေဓားသွားများသည် လေပြင်းအဖြစ်ပြောင်းလဲပြီး တိုက်ခတ်လာသည်။

အစိမ်းရောင်ဓားအလင်းသည် လေတိုးသံပေး၍ မြေခွေးဖြူလေး၏ပတ်ပတ်လည်တွင်ရှိသော ချိပ်စည်းစွမ်းအားကို ဖျက်ဆီးလိုက်သည်။

ထို့နောက် ဝှစ်ခနဲလှုပ်ရှားသွားပြီး ပုံရိပ်ယောင်လက်ဝါးများကိုထိုးဖောက်၍ ရှေ့တွင်ရှိသောအလင်းလွှာကို ဖျက်ဆီးခဲ့သည်။

ဓားချက်တစ်ချက်

အသက်တစ်ခါရှူကြိမ်၏ ဆယ်ပုံတစ်ပုံ

ကောင်းကင်ထက်တွင် လခြမ်းကွေးရှိနေသည်။ အစိမ်းရောင်ဓားသည် ဦးစိုက်၍ကျဆင်းလာသည်။

တောင်ဝှေးကိုင်ထားသော အစိမ်းရောင်မြေခွေးကလန်၏ လူအိုကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက ရှေ့တက်လာမည့်အချိန်တွင် ဟန်မူယဲ့က ဓားမြှောက်သည်။

“သေချင်တာလား”

ဟန်မူယဲ့၏အသံက အရိုးအေးလောက်သည်။

ရွှေအမြုတေပဥ္စမအဆင့်အကြီးအကဲက ကြောင်အသွားပြီး ရပ်တန့်လိုက်သည်။

မြေခွေးဖြူလေးက ယဇ်ပလ္လင်ထက်သို့ ရောက်သွားသည်။

ယခုအချိန်တွင် အစိမ်းရောင်ချပ်ဝတ်မြေခွေးမိစ္ဆာများက မြေပြင်ပေါ်တွင်လဲကျနေပြီး နေရာအနှံ့တွင် သွေးများရှိနေသည်။

ယဇ်ပလ္လင်ထက်တွင် ရွှေရောင်မီးတောက်များ လောင်ကျွမ်းလာသည်။

မြေခွေးဖြူလေးသည် မီးတောက်များထဲသို့တိုးဝင်ပြီး ပျောက်ကွယ်သွားသည်။

ရှန့်လင်းရွှမ်းက စိုးရိမ်စိတ်များဖြင့် ယဇ်ပလ္လင်ကို ကြည့်နေသည်။

“အစ်ကိုဟန်၊ ရှောင်ပိုင်က လုပ်နိုင်ပါ့မလား”

မြေခွေးဖြူလေးက ယဇ်ပလ္လင်အတွင်း၌ရှိသော သွေးမျိုးဆက်စွမ်းအားကို ဝါးမြိုပြီး မပေါင်းစပ်နိုင်လျှင် သွေးမျိုးဆက်စွမ်းအားက မြေခွေးဖြူလေးကို ပြန်လည်ဝါးမြိုသွားလိမ့်မည်။

“အဆင်ပြေပါတယ်” ဟန်မူယဲ့၏မျက်နှာထားက မပြောင်းလဲပေ။ သူက ယဇ်ပလ္လင်ထက်ရှိမီးတောက်များကို ကြည့်သည်။ “ငါက ဒီမှာရှိတဲ့မြေခွေးတွေအားလုံးကိုသတ်ပြီး ယဇ်ပလ္လင်ထဲမှာရှိတဲ့သွေးမျိုးဆက်စွမ်းအားကို ဖြတ်တောက်ပစ်နိုင်တယ်”

သူပြောလိုက်သောအခါတွင် ယဇ်ပလ္လင်ထက်ရှိမီးတောက်များ တုန်ခါသွားသည်။

ရှန့်လင်းရွှမ်းက ခေါင်းကုတ်လိုက်ပြီး တီးတိုးပြောသည်။ “အကြံကောင်းပဲ”

သိပ်မဝေးသောနေရာတွင်ရှိသည့် မြေခွေးမိစ္ဆာအကြီးအကဲများ တုန်ခါသွားသည်။

သူတို့က ဟန်မူယဲ့၏စကားကြောင့် တုန်ခါသွားခြင်းမဟုတ်ပေ။ ယဇ်ပလ္လင်ထက်ရှိမီးတောက်များ တုန်ခါလာသောကြောင့်ဖြစ်သည်။

ထို့နောက် သူတို့က မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ယဇ်ပလ္လင်ထဲမှ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားများ ပေါ်ထွက်လာသည်။

ထိုစွမ်းအားသည် အလွန်သန်မာပြီး ကောင်းကင်အထိ ထိုးတက်သွားသည်။

ပေတစ်သောင်းရှည်လျားသောမီးတောက်များ လောင်ကျွမ်းလာပုံရသည်။

အားကောင်းသော သွေးမျိုးဆက်စွမ်းအား!

မိုင်တစ်သောင်းပတ်ဝန်းကျင်၌ရှိသော အားကောင်းသည့်မျိုးနွယ်စုများက ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

“ဝေါင်း ....”

အဝေးတစ်နေရာတွင် ဟိန်းသံထွက်လာသည်။

အော်သံကြောင့် မိုင်ရာချီကွာဝေးသောနေရာမှ တုန်ခါသွားသောကျောက်စရစ်ခဲများကို ခံစားကြည့်နိုင်သည်။

ရွှေအမြုတေအဆင့် မဟာမိစ္ဆာ

ဟန်မူယဲ့က ထိုနေရာသို့ လှမ်းကြည့်သည်။

အဌမအဆင့် ရွှေအမြုတေမိစ္ဆာသုံးယောက်က တစ်ဟုန်ထိုးပြေးဝင်လာသည်။

ထိုသုံးယောက်အပြင် မျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူတစ်ရာခန့်လည်း ရှိနေသည်။

တချို့က လျှို့ဝှက်နယ်မြေ၏ကလန်များမှဖြစ်ပြီး တချို့က တောင်ပိုင်းကုန်းမြေမှဖြစ်သည်။

တခြားကမ္ဘာများ၏ လူသားနှင့်မိစ္ဆာများလည်း ရှိနေသေးသည်။

ယခုအချိန်တွင် သူတို့အားလုံးက ယဇ်ပလ္လင်ပေါ်တွင်ပေါင်းစပ်နေသော သွေးမျိုးဆက်စွမ်းအားအတွက် ရောက်လာကြသည်။

မပေါင်းစပ်ရသေးသော သွေးမျိုးဆက်စွမ်းအားသည် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ လူတိုင်းစားသုံးနိုင်သည်။

မြေခွေးဖြူလေးအတွက် အန္တရာယ်အများဆုံးအချိန်ဖြစ်သည်။

ရှန့်လင်းရွှမ်းက လေးကိုင်းကို တင်းကျပ်စွာကိုင်ထားပြီး ပြေးဝင်လာသောမိစ္ဆာများကို ကြည့်သည်။

သူက ထိုမိစ္ဆာများကို မတားနိုင်ပေ။

‘အစ်ကိုဟန်က ဒီမိစ္ဆာတွေကို တားနိုင်မှာလား’

“အစ်ကိုဟန်၊ ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး မိစ္ဆာတချို့ကို တားလိုက်မယ်။ အသက်ရှူကြိမ်တစ်ရာလောက် တားနိုင်လိမ့်မယ်” သူ့အသံက ခြောက်သွေ့နေသော်လည်း ခိုင်မာသည်။

ရှန့်လင်းရွှမ်းက နောက်မဆုတ်ပေ။

သို့သော် သူက သတ်ဖြတ်လိုစိတ်မရှိပေ။

“မင်းက ဆင်တစ်ကောင်ပဲ။ ရှောင်ပိုင်ကတော့ မြေခွေးပဲ။ မင်းက ဘာဖြစ်လို့ အစွမ်းကုန်သုံးပြီး သူမကို ကာကွယ်နေတာလဲ” ဟန်မူယဲ့က ရှန့်လင်းရွှမ်းကို လှည့်ကြည့်သည်။

“ရှောင်ပိုင်က တောင်ပိုင်းကုန်းမြေရဲ့ ဆင်မျိုးနွယ်ကို ကယ်တင်နိုင်တယ်လို့ ဘိုးဘေးက ပြောတယ်” ရှန့်လင်းရွှမ်းက လေးကိုင်းကို တင်းကျပ်စွာကိုင်ပြီး လေးကြိုးကိုဆွဲသည်။

“ကျွန်တော်တို့ ဆင်မျိုးနွယ်က တခြားမျိုးနွယ်တွေနဲ့ မတိုက်ခိုက်ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်စားကျက်မရှိဘူး”

“တောင်ပိုင်းကုန်းမြေက အလယ်ပိုင်းကုန်းမြေနဲ့ စစ်ဖြစ်နေတယ်။ ဆင်မျိုးနွယ်က စစ်ပွဲမှာပါဝင်ဖို့ ဆန္ဒမရှိတဲ့အတွက် တောင်ပိုင်းကုန်းမြေတစ်ခုလုံးက ဆင်မျိုးနွယ်ကို ပစ်ပယ်ထားတယ်”

“ကျွန်တော်က အရာအားလုံးကို ပြောင်းလဲချင်တယ်”

“ကိုယ်ပိုင်စားကျက်ကို ရချင်တယ်”

ကောင်းကင်ကြိုးကြာ၏နောက်ကျောတွင်ရှိနေသော ဟွမ်ကျစ်ဟူက မျက်လုံးဝိုင်းကြီးများနှင့် ရှန့်လင်းရွှမ်းကိုကြည့်သည်။

‘စားကျက်ရဖို့ အရမ်းခက်တာလား’ သူမက တွေးသည်။

‘ငါတစ်ခုခုလိုချင်ရင် ငါ့မွေးစားအဖေက ကူညီပေးမှာပဲမဟုတ်ဘူးလား’

ဟန်မူယဲ့က နီးကပ်လာသော ပြင်းထန်သည့်အရှိန်အဝါများကို ကြည့်သည်။

“ဓားချက်တစ်ချက်ပဲလိုတာပါ”

သူ့မျက်လုံးထဲမှ တောက်ပသောချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ ဖုံးကွယ်၍မရနိုင်သော ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

ဓားအလင်းသည် ပြင်းထန်စွာလောင်ကျွမ်းနေပြီး ကောင်းကင်ဘုံအဆင့်မိစ္ဆာ၏ အရှိန်အဝါနှင့် သူ့နောက်တွင်ရှိသော ယဇ်ပလ္လင်၏မီးအလင်းရောင်ကို လွှမ်းမိုးသွားသည်။

ဓားဆေးလုံးသုံးလုံး ပျံသန်းထွက်လာသည်။

ထို့နောက် နောက်ထပ်သုံးလုံး ထပ်ထွက်လာသည်။

နောက်ထပ်သုံးလုံး ထပ်ထွက်လာပြန်သည်။

“ငါက စားကျက်နယ်မြေကို ကိုယ့်ဘာသာလုယူလိုက်မယ်”

ဟန်မူယဲ့က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဓားဆေးလုံးများသည် မတူညီသောနေရာသုံးခုသို့ ပျံထွက်သွားပြီး အားကောင်းသောပုံရိပ်သုံးခုကို တိုက်ခိုက်သည်။

ဓားဆေးလုံးကို ဝင်္ကပါအဖြစ်အသုံးပြု၍ သုံးယောက်တစ်ယောက် တိုက်ခိုက်သည်။

ဓားဘုရင်ယွမ်ထျန်း၏ ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် လူအုပ်နှင့်တိုက်ခိုက်ရာတွင် အကောင်းဆုံးဖြစ်သည်။

ရန်သူများတွင် လူမည်မျှပင်ရှိစေ ကောင်းကင်ပေါ်ရှိကြယ်များထက် မများနိုင်ပေ။

ဓားဆေးလုံးသုံးလုံးသည် အလင်းတန်းသုံးခုအဖြစ် ပြောင်းသွားသည်။ အလင်းတန်းများသည် တစ်ခုကိုတစ်ခု ရောင်ပြန်ဟပ်ပြီး စကြဝဠာတစ်ခုကဲ့သို့ တောက်ပနေသည်။

အလင်းရောင်၏လွှမ်းခြုံမှုကို ခံရလျှင် ရန်သူများ၏ဝိညာဉ်သည် ရှုပ်ထွေးသွားပြီး ခွန်အားများ မငြိမ်မသက်ဖြစ်လာမည်။ သူတို့က အသိစိတ်ပျောက်သွားလိမ့်မည်။

ရှေ့ဆုံးတွင်ရှိသောမိစ္ဆာသုံးယောက်ကို ဓားဆေးလုံးသုံးလုံးစီက ဖိနှိပ်ထားသည်။ သူတို့၏သွေးစွမ်းအားများသည် လှုပ်ရှားနေသော်လည်း သူတို့က ရူးသွပ်စွာကခုန်နေသကဲ့သို့ လက်ထဲတွင်ရှိသောလက်နက်များကို ဝှေ့ယမ်းနေရုံသာ တတ်နိုင်သည်။

အဌမအဆင့် ရွှေအမြုတေမိစ္ဆာသုံးယောက်ထဲတွင် တစ်ယောက်က ခန္ဓာကိုယ်တောင့်တင်းပြီး ပခုံးကာချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းပေါ်တွင် ခပ်တိုတိုဦးချိုတစ်ချောင်းရှိပြီး သူ့အရေပြားက ကျောက်စိမ်းဖြူရောင် တောက်နေသည်။ သူက ရှေးခေတ်သွေးမျိုးဆက်ရှိသော ချိုတစ်ချောင်းကြံ့ဖြစ်သည်။

ကျန်နှစ်ယောက်၏ပါးပြင်တွင် အစိမ်းဖျော့ရောင်သန်းနေသော အနက်ရောင်သားမွေးများရှိပြီး လက်ဝါးများ ကြီးမားသည်။ သူတို့က အလွန်လျင်မြန်သော တောနက်ထဲမှ လေဝံပုလွေများဖြစ်သည်။

ယခုအချိန်တွင် ထိုမိစ္ဆာသုံးယောက်ကို ဓားဝင်္ကပါက ဖိနှိပ်ထားသည်။ သူတို့က အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာကို မြင်လိုက်ရသကဲ့သို့ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများနှင့်ပြည့်နေသည်။

သူတို့က ချီ၊ သွေးနှင့် သွေးမျိုးဆက်စွမ်းအားများကို အသက်သွင်းပြီး ပတ်ဝန်းကျင်ကို အစွမ်းကုန်တိုက်ခိုက်နေသည်။

ထိုအရာသည် ဓားဝင်္ကပါ၏စွမ်းအားဖြစ်သည်။

သူတို့၏ဝိညာဉ်ကို နှောင့်ယှက်ထားသောကြောင့် ရွှေအမြုတေအဌမအဆင့် မိစ္ဆာသုံးယောက်က ခွန်အားဖြုန်းတီးနေသည်။

“အထင်ကြီးစရာပဲ ....” ရှန့်လင်းရွှမ်းက လေးကိုင်ထားပြီး အားကျနေသည်။

ရန်သူများကို စိတ်ရှုပ်ထွေးသွားစေနိုင်သော ဟန်မူယဲ့၏တိုက်ကွက်ကို သူအားကျနေသည်။

ထိုသို့ဆိုလျှင် သူက သတ်ဖြတ်ရန်မလိုတော့ပေ။

သူက မြှောက်ထားသောလေးကို ပြန်ချသည်။

ဓားဝင်္ကပါသည် မိစ္ဆာများကို ဖိနှိပ်ထားသည်။ ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားနှစ်လက်သည် အေးစက်နေသည်။

အစိမ်းရောင်ကံကြမ္မာဓားသည် ဖြတ်သန်းသွားပြီး ခရမ်းရောင်မီးတောက်ဓားသည် ထောင့်ဖြတ်အတိုင်း ခုတ်ချသည်။

ဟန်မူယဲ့က ဝံပုလွေသွားစွယ်များဖြင့်ပြုလုပ်ထားသော ဆူးတင်းပုတ်တစ်ခုကိုင်ထားသည့် ဝက်ဝံနက်မိစ္ဆာ၏ဘေးသို့ ဖျတ်ခနဲရောက်လာသည်။

ဝက်ဝံနက်ကလန်၏ မိစ္ဆာသည် ကမ္ဘာမြေအဆင့်တွင် ရှိနေသော်လည်း ရုပ်ခန္ဓာစွမ်းအားသည် ကျင့်ကြ့ဆင့်ထက် ကျော်လွန်နေသည်။ ထိုမိစ္ဆာက ဆူးတင်းပုတ်ကိုကိုင်ထားပြီး လေထိုးခွဲသံနှင့်အတူ ရိုက်နှက်နေသည်။

ဝက်ဝံနက်မိစ္ဆာ၏ ခွန်အားနှင့်အမြန်နှုန်းသည် တိကျမှုရှိသည်။

ထိုနည်းစနစ်သည် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများထက် ပိုမိုကောင်းမွန်သည်။

သူက ပြင်ပကမ္ဘာ၏ မိစ္ဆာကျင့်ကြံသူဖြစ်လိမ့်မည်။

“သေစမ်း ....”

ဝက်ဝံနက်က လူတစ်ယောက်၏ဝိညာဉ်ကို ထိုးဖောက်သွားစေနိုင်သော အော်သံမျိုးဖြင့် ဟိန်းဟောက်သည်။

ခွန်အားကြောင့်ကျော်ကြားသော ဝက်ဝံနက်ကလန်သည် အလွန်လျင်မြန်ရုံသာမက ဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ်များကိုလည်း ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က အော်သံကြောင့် ထိတ်လန့်သွားပုံပေါ်ပြီး မလှုပ်ရှားခဲ့ပေ။

အနက်ရောင်သားမွေးများနှင့် နားရွက်ဝိုင်းများရှိနေသော ဝက်ဝံနက်မိစ္ဆာကျွမ်းကျင်သူက ပြုံးလိုက်ပြီး ဆူးတင်းပုတ်ကို ပိုမိုလျင်မြန်စွာဝှေ့ယမ်းသည်။

သို့သော် ဆူးတင်ပုတ်ကျဆင်းလာသောအခါတွင် သူ့မျက်နှာထား ပြောင်းလဲသွားသည်။

သူ့လက်မောင်းအောက်တွင် ဓားရှည်တစ်လက်ရှိနေသည်။

သူက ရှေ့သို့ အနည်းငယ်တိုးလိုက်လျှင် ထိုဓားရှည်သည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူက အားကုန်ထုတ်သုံးထားသောကြောင့် ဆူးတင်းပုတ်နှင့်အတူ ရှေ့တိုးသွားခဲ့သည်။

သူက နောက်ပြန်မဆုတ်နိုင်တော့ပေ။

“ဂါး ....”

ဝက်ဝံနက်မိစ္ဆာက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ဆူးတင်းပုတ်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ပြန်ရိုက်သည်။

သူက ဆုံးဖြတ်ချက်ပြတ်သားသည်။

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး ဓားကို ဖြည်းဖြည်းချင်းပြန်သိမ်းသည်။

‘ငါက ဓားကို ရှောင်လိုက်တယ်’

ဝက်ဝံနက်မိစ္ဆာ၏မျက်လုံးထဲတွင် ပျော်ရွှင်မှုများရှိနေသည်။

သို့သော် သူ့မျက်လုံးများက ဝေဝါးလာသည်။

သူ့နောက်ကျောတွင် ခရမ်းရောင်ဓားတစ်လက် စိုက်ဝင်နေသည်။

ဓားချီသည် သူ့အရိုးများကိုထိုးဖောက်ပြီး ချီစွမ်းအင်စီးဆင်းမှုကို ဖြတ်တောက်လိုက်သည်။

All Chapters