အခန်း (၄၀၆)
Vol. 29 Ch. 406
သူက ဒန်ထျန်ထဲတွင်ရှိနေသော မိစ္ဆာချီများကို မသုံးနိုင်တော့ပေ။
သူက သူ့ကိုယ်သူဖောက်ခွဲပစ်ရန် အခွင့်အရေးမရခဲ့ပေ။
သူက ဝိညာဉ်နိုးထခြင်းအဆင့်တွင် ရှိနေသည်။ သူက အမြုတေအဆင့်သို့ရောက်သွားပြီး ဒေါသထွက်လွယ်သောစိတ်ထားနှင့်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲ၍ ရန်သူ့ကို ဆွဲခေါ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ကိုင်တွယ်ရန်ခက်ခဲနိုင်သည်။
ကံကောင်းစွာဖြင့် ယနေ့တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများ သုံးယောက်သာရှိသည်။
ဟန်မူယဲ့က ပျံသန်းသွားပြီး ဝက်ဝံနက်၏ကျောပေါ်သို့ ရောက်သွားသည်။ သူက ခရမ်းရောင်မီးတောက်ဓားကို ဆွဲထုတ်လိုက်သောအခါတွင် ဓားနှင့်အတူ သွေးများထွက်လာသည်။
ဟန်မူယဲ့က ဓားနှစ်လက်နှင့် တခြားမိစ္ဆာတစ်ကောင်ဆီသို့ တိုးဝင်သွားသောအခါတွင် ဝက်ဝံနက်မိစ္ဆာက မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဝက်ဝံနက်မိစ္ဆာ သေဆုံးသွားသောအချိန်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
သူ၏ ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားများသည် သိပ်မဝေးသောနေရာတွင်ရှိသည့် ယဇ်ပလ္လင်ဆီသို့ ရောက်သွားသည်။
စွမ်းအားအချို့က ဟန်မူယဲ့၏နောက်သို့လိုက်လာပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရူးသွပ်ပြီး အေးစက်သည်။
မတူညီသောခံစားချက်နှစ်ခုက ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲသို့ ပြိုင်တူတိုးဝင်လာသည်။
စွမ်းအားများသည် အေးစက်နေသော်လည်း ဝိညာဉ်က ရူးသွပ်နေသည်။
ထိုစွမ်းအားသည် ရုပ်ခန္ဓာစွမ်းအားနှင့် ပေါင်းစပ်နိုင်သည်။ သူ့ကြွက်သားနှင့်အရိုးများကို သန့်စင်ပေးနိုင်သည်။
ထိုစွမ်းအားနှင့် သွေးမျိုးဆက်စွမ်းအားအချို့ကို လှုံ့ဆော်ပြီး ခန္ဓာကိုယ်တွင် မခန့်မှန်းနိုင်သောပြောင်းလဲမှုများကို ဖြစ်လာစေနိုင်သည်။
ဥပမာအနေဖြင့် တချို့နေရာများ ကြီးလာနိုင်သည်။
ဝိညာဉ်စွမ်းအားကိုလည်း စုပ်ယူပြီး သန့်စင်နိုင်သည်။
သို့သော် ကြမ်းတမ်းလှသောအငွေ့အသက်သည် တည်ငြိမ်သွားရန် ခက်ခဲ့သည်။ အကယ်၍ သတိလွတ်သွားခဲ့လျှင် အသက်လုတိုက်ပွဲများ၌ ဆုံးဖြတ်ချက်မှားသွားနိုင်သည်။
ထိုအရာသည် မိစ္ဆာမျိုးနွယ်၏ ဝိညာဉ်၊ သွေးမျိုးဆက်စွမ်းအားများဖြင့် ပေါင်းစပ်ခြင်း၏ အားနည်းချက်နှင့် အားသာချက်ဖြစ်သည်။
ဟန်မူယဲ့၏အတွေးတစ်ချက်နှင့်အတူ ချီပင်လယ်ထဲမှ ခရမ်းရောင်လူသားဆန္ဒစွမ်းအားတချို့ စိမ့်ထွက်လာပြီး အရိုးနှင့်အကြောများထဲသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအားက ဝက်ဝံနက်၏သွေးမျိုးဆက်စွမ်းအားကို ရစ်ပတ်ပြီး ခရမ်းရောင်အလုံးလေးတစ်ခုအဖြစ် ပြောင်းလိုက်သည်။
စိတ်နယ်ပယ်ထဲတွင် ရွှေအလင်းပေါ်ထွက်လာပြီး ဝက်ဝံနက်မိစ္ဆာ၏ ဝိညာဉ်အပိုင်းအစကို ဖမ်းဆီးလိုက်သည်။
သမာဓိစွမ်းအား တုန်ခါလာသည်။ ဝက်ဝံနက်မိစ္ဆာ၏ဝိညာဉ်စွမ်းအားသည် မခုခံနိုင်ခဲ့ပေ။ ထိုဝိညာဉ်စွမ်းအားကို ဆက်တိုက်သန့်စင်ပြီး အစိမ်းပုပ်ရောင်သန်းနေသော ဓားချည်မျှင်များအဖြစ် ပြောင်းလဲလိုက်သည်။
ဝိညာဉ်ကို ဓားချည်မျှင်အဖြစ် ပြောင်းလဲခဲ့သည်။
ဓားချည်မျှင်ဖြစ်သွားသောအချိန်တွင် ဟန်မူယဲ့၏စိတ်ထဲ၌ ပုံရိပ်များပေါ်လာသည်။
အေးစက်မြေအောက်ကမ္ဘာ၊ ဆည်းဆာမြို့။
ရွှေဆည်းဆာဟုအမည်ရသော ဝက်ဝံနက်မိစ္ဆာသည် ဆည်းဆာမြို့၏ မြို့သခင်လေးများထဲမှ တစ်ယောက်ဖြစ်သည်။
အေးစက်မြေအောက်ကမ္ဘာကို မိစ္ဆာများက လွှမ်းမိုးထားသည်။ အဓိကအင်အားစုများအားလုံးသည် မိစ္ဆာများဖြစ်ကြသည်။
ထိုကမ္ဘာတွင် လူသားများရှိသော်လည်း အနည်းငယ်သာဖြစ်ပြီး အဆင့်နိမ့်မျိုးနွယ်အဖြစ် သတ်မှတ်ခံရသည်။
ဤတစ်ကြိမ်တွင် အေးစက်မြေအောက်ကမ္ဘာမှ ကျွမ်းကျင်သူအများအပြားဝင်ရောက်လာပြီး မိစ္ဆာတစ်သောင်းတံဆိပ်ကို လာရှာကြသည်။
သွေးမျိုးဆက်စွမ်းအားတိုးတက်အောင် ပြုလုပ်ပြီး ရတနာများလည်း ရှာဖွေနိုင်သည်။
ရွှေဆည်းဆာက လျှို့ဝှက်နယ်မြေထဲသို့ရောက်လာသောအခါတွင် ကလန်ငယ်လေးတစ်ခုကို ထိန်းချုပ်ပြီး သွေးမျိုးဆက်စွမ်းအားကိုသန့်စင်၍ ကိုယ်ပိုင်အင်အားစုကို ထူထောင်ခဲ့သည်။
ကံမကောင်းစွာဖြင့် တစ်ရက်အကြာတွင် သူသေသွားခဲ့သည်။
ဟန်မူယဲ့က စိတ်ထဲတွင်ပေါ်လာသောပုံရိပ်များနှင့်အတူ ဆည်းဆာမြို့နှင့် အေးစက်မြေအောက်ကမ္ဘာအကြောင်းကို နားလည်သွားသည်။
ထိုကမ္ဘာတွင် မိစ္ဆာမျိုးနွယ်အများအပြားရှိပြီး အရင်းအမြစ်များလည်း လုံလောက်သည်။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများလည်း ရှိနေသည်။
သို့သော် ထိုကမ္ဘာတွင် တိုက်ပွဲများဖြစ်နေသည်။ ခြင်္သေ့မျိုးနွယ်နှင့် ကျားမျိုးနွယ်တို့က အဆက်မပြတ် တိုက်ခိုက်နေသည်။
မျိုးနွယ်နှစ်ခုကြားတွင်ညပ်နေသော ဆည်းဆာမြို့က ဤတစ်ကြိမ်တွင် လောင်းကြေးထပ်ခဲ့သည်။ လက်ထောက်မြို့တော်ဝန်များနှင့် မြို့သခင်ငယ်များအားလုံးသည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာခဲ့သည်။
အေးစက်မြေအောက်ကမ္ဘာတွင် လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ရန် ကန့်သတ်ချက်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် လျော့နည်းသည်။ အသက်ရှစ်ရာအောက်မိစ္ဆာများ ဝင်ရောက်နိုင်သည်။
ဟန်မူယဲ့က ဓားကိုဆွဲထုတ်ပြီး ပျံသန်းလာသည်အထိ ခဏသာကြာခဲ့သည်။
ပုံရိပ်များအားလုံး ပျောက်ကွယ်သွားသောအခါတွင် သူက သားရေဝတ်စုံကိုဝတ်ထားသော မုတ်ဆိတ်မွေးနှင့်လူအိုကြီးတစ်ယောက်၏ရှေ့သို့ ရောက်လာသည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် အစိမ်းပုပ်ရောင်ဓားချည်မျှင်များက ရွှေရောင်သန်းနေသော ဝိညာဉ်လိပ်ပြာဓားကို ရစ်ပတ်လိုက်သည်။ အရိုးထဲတွင်စုစည်းနေသော သွေးမျိုးဆက်စွမ်းအားများသည် ဒန်ထျန်ထဲသို့ ရောက်လာသည်။
သူ့ဒန်ထျန်ထဲတွင် ရွှေရောင်အလုံးလေးတစ်လုံး တောက်ပနေသည်။
ကြယ်နှလုံးသား
ထိုအရာကို ဟန်မူယဲ့က ကြယ်တစ်လုံးပေါ်တွင် ရခဲ့သည်။ ကြယ်နှလုံးသားသည် အပြည့်အဝမဖြစ်တည်သေးသော်လည်း အဆုံးမရှိသောစွမ်းအားများကို သိုလှောင်ထားနိုင်သည်။
ဟန်မူယဲ့က ကြယ်နှလုံးသားကို သန့်စင်ခဲ့ပြီး မူလမီးတောက်ကမ္ဘာနှင့် အာကာသထဲသို့ အကြိမ်ပေါင်းများစွာသွားခဲ့သည်။
ဟန်မူယဲ့က ရွှေဆည်းဆာ၏သွေးမျိုးဆက်စွမ်းအားကို ကြယ်နှလုံးသားထဲသို့ ထည့်လိုက်သည်။
မည်သည့်စွမ်းအားပင်ဖြစ်စေ ကြယ်နှလုံးသားထဲသို့ရောက်သွားလျှင် သိုလှောင်ခံရလိမ့်မည်။
သူက လိုအပ်သောအခါတွင် ပြန်လည်ထုတ်ယူမည်။
ဟန်မူယဲ့က ဓားကိုမြှောက်လိုက်သည်။
လူအိုကြီးက သူ့ရှေ့သို့ရောက်လာပြီး လက်ထဲတွင်ရှိသောကြာပွတ်နှင့် ရိုက်ချသည်။
သို့သော် ကြွက်မြီးကြာပွတ်သည် ဟန်မူယဲ့၏ဓားအလင်းနှင့် မယှဉ်နိုင်ပေ။
ခရမ်းမီးတောက်ဓား ပျံထွက်လာသောအချိန်တွင် ကြွက်မိစ္ဆာ၏မျက်နှာထား ပြောင်းလဲသွားသည်။
သို့သော် သူက တုံ့ပြန်နိုင်ရန် စွမ်းအားမရှိတော့ပေ။ ဓားအလင်းသည် သူ့လည်ပင်းကို ဖြတ်တိုက်သွားသောကြောင့် သူက လဲကျသွားသည်။
ဟန်မူယဲ့က စိတ်ဝင်စားဖွယ်ကောင်းသော ကြွက်မြီးကြာပွတ်ကို ကောက်ယူလိုက်ပြီး ကြေးခွံများနှင့်ဖုံးကွယ်နေသော မိစ္ဆာတစ်ကောင်၏ရှေ့သို့ ရောက်သွားသည်။
ကြေးခွံနက်ငါးမိစ္ဆာ
‘စိတ်ဝင်စားစရာပဲ’
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကြေးခွံနက်ငါးမိစ္ဆာမဟုတ်ပေ။
“ရွှပ် ....”
အစိမ်းရောင်ကံကြမ္မာဓားက အနက်ရောင်ကြေးခွံများနှင့်ထိတွေ့ပြီး မီးပွားများထွက်လာစေသည်။
ကြေးခွံနက်ငါးမိစ္ဆာ၏မျက်နှာထားသည် အေးစက်ပြီး ကြမ်းတမ်းနေသည်။ သူ့မျက်နှာ၏ ဘေးနှစ်ဖက်တွင် ပါးဟပ်များရှိနေပြီး မျက်လုံးများက နီရဲနေသည်။ သူက အစိမ်းရောင်ကံကြမ္မာဓားကို လက်သီးဖြင့်ထိုးသည်။
ကြေးခွံနက်ငါးမိစ္ဆာသည် ကြံ့ခိုင်သောကြေးခွံများကိုအားကိုး၍ လူသားပုံစံရှိသော လက်နက်တစ်ခုဖြစ်လာသည်။
ဓားတိုးမပေါက်သော အနက်ရောင်ကြေးခွံများသည် ကြေးခွံနက်ငါးမိစ္ဆာကလန်ကို ပြိုင်ဘက်ကင်းစေသည်။
ထို့အပြင် ထိုမိစ္ဆာများသည် မျိုးပွားနိုင်စွမ်းအလွန်ကောင်းပြီး စည်းလုံးသည်။
ထိုမိစ္ဆာမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ငါးမိစ္ဆာ၏လက်သီးချက် တိုးဝင်လာသောအခါတွင် ဟန်မူယဲ့၏ဓားက ညင်သာစွာလှုပ်ရှားလိုက်ပြီး ဓားသွားကိုလှည့်သည်။
လက်သီးချက်ကျဆင်းလာလျှင် ဓားသွားနှင့် ထိတွေ့လိမ့်မည်။
ကြေးခွံနက်ငါးမိစ္ဆာ၏လက်သီးသည် မာကျောသော်လည်း ဓားသွားကိုထိုးချရန် စွမ်းရည်မရှိပေ။
ငါးမိစ္ဆာက ရွေးချယ်စရာမရှိသောကြောင့် ဦးတည်ချက်ပြောင်းပြီး ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးနှက်သည်။
ငါးမိစ္ဆာက လျင်မြန်စွာတုံ့ပြန်ပြီး ဦးတည်ချက်ပြောင်းနိုင်သည်။
ဟန်မူယဲ့က ညင်သာစွာပြုံးသည်။
သူ့လက်ထဲတွင်ရှိသောဓားသည် ထပ်မံလှုပ်ရှားသွားပြီး ဓားဦးဖြင့်ညွှန်ထားသည်။
‘သူက ဘာလုပ်ချင်နေတာလဲ”
ကြေးခွံနက်ငါးမိစ္ဆာက ကြောင်အနေသောအချိန်တွင် ဓားက ရုတ်တရက် လှည့်ပတ်လိုက်သည်။
ဓားထိပ်ဖျားသည် သူ့ရင်ဘတ်ကိုဖိထားပြီး လွန်ပူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဓားသည် ကြေးခွံနက်တစ်ခုကို ထိုးခွဲလိုက်ပြီး နှလုံးသားထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။
ကြေးခွံနက်ငါးမိစ္ဆာ၏ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ သူက ဟန်မူယဲ့ကို စိုက်ကြည့်နေသော်လည်း စကားမပြောနိုင်တော့ပေ။
အနက်ရောင်ချီစွမ်းအင်အလင်းသည် ပျောက်ကွယ်သွားခဲ့သည်။
တတိယမြောက်မိစ္ဆာ သေဆုံးသွားသည်။
ထိုအချိန်တွင် ပြေးဝင်လာသောမိစ္ဆာများက တုံ့ပြန်လိုက်သည်။ တချို့က ရပ်တန့်လိုက်ပြီး တချို့က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။
မိစ္ဆာအများအပြားရှိနေသည်။ သူတို့၏လက်ထဲမှ မိစ္ဆာစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး သွေးအလင်းနှင့် ပုံရိပ်များအဖြစ်ပြောင်း၍ ဟန်မူယဲ့ကို တိုက်ခိုက်လိုက်သည်။
သူတို့၏ရှေ့တွင် ကျွမ်းကျင်ဓားသမားတစ်ယောက် ရှိနေသောကြောင့် သူတို့က မန္တန်များအသုံးပြုခဲ့သည်။
နှစ်ရာချီရှင်သန်ပြီး ကမ္ဘာမြေအဆင့်သို့ရောက်လာသောမိစ္ဆာများသည် ရိုးရှင်းသောလူများ မဟုတ်ကြပေ။
ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။ သူက အစိမ်းရောင်ကံကြမ္မာဓားကို ကိုင်ထားပြီး မန္တန်များကို ထိုးဖောက်လိုက်သည်။ ခရမ်းရောင်မီးတောက်ဓားသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် လှုပ်ရှားနေပြီး ပျံသန်းလာသောမိစ္ဆာများကို တားဆီးနေသည်။
လူတစ်ယောက်သည် ဓားနှစ်လက်ကိုကိုင်ထားသည်။ ဓားဆန္ဒသည် နေရာအနှံ့တွင်ရှိနေပြီး ဓားချက်ကို ခုခံနိုင်သူ မရှိခဲ့ပေ။
ထိုမြင်ကွင်းကြောင့် ရှန့်လင်းရွှမ်း၏သွေးများ ဆူပွက်လာသည်။
ကောင်းကင်ကြိုးကြာ၏ကျောပေါ်တွင် အနားယူနေသောဟွမ်ကျစ်ဟူက နှုတ်ခမ်းကိုက်ထားသည်။ သူမ၏မျက်လုံးထဲတွင် အလိုဆန္ဒနှင့် ကြောက်ရွံ့မှုများရှိနေသည်။
“ဝှစ် ....”
ရှန့်လင်းရွှမ်းက နောက်ဆုံးတွင် လေးကိုမြှောက်လိုက်သည်။ လေးကိုင်းတွင် အစိမ်းရောင်မြားရှည်တစ်ချောင်း စုစည်းလာသည်။ သူက လေးကြိုးကိုဆွဲ၍ မြားပစ်သည်။
သုံးမိုင်အကွာတွင် လှံတိုတစ်ချောင်းကိုင်ထားသော အစိမ်းရောင်ဝတ်စုံနှင့်မိစ္ဆာတစ်ယောက်က ခန္ဓာကိုယ်ကိုထိုးဖောက်သွားသောမြားကြောင့် တစ်ကိုယ်လုံးတုန်ခါသွားသည်။
အစိမ်းရောင်မြားသည် သူ့ကို ပေတစ်ထောင်အထိသယ်သွားပြီး သစ်ပင်တစ်ပင်တွင် စိုက်သွားသည်။
ထိုမြားချက်ကြောင့် အလစ်တိုက်ရန်ကြံနေသောမိစ္ဆာများ ထိတ်လန့်သွားသည်။
“ဝီ!”
ယဇ်ပလ္လင်ပေါ်တွင် အဖြူရေင်နှင့် အစိမ်းရောင်မီးတောက်များ တုန်ခါလာသည်။
ထိုမီးတောက်များကြားတွင် လူတစ်ယောက်ရှိနေပုံရသည်။
ယဇ်ပလ္လင်အောက်တွင် အစိမ်းရောင်မြေခွေးများက ပျော်ရွှင်စွာမော့ကြည့်သည်။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းစီးကြောင်းများ ရှိနေသည်။
ထိုအရာသည် ကောင်းကင်မြေခွေးသွေးမျိုးဆက်နှင့် သူတို့၏သွေးမျိုးဆက် ပေါင်းစပ်သွားခြင်းဖြစ်သည်။ သူတို့၏ မှတ်ဉာဏ်အမွေအနှစ်များ တိုးတက်လာသည်။
ကောင်းကင်မြေခွေးကလန်၏ကျွမ်းကျင်သူက သွေးမျိုးဆက်ကို သန့်စင်နေသောအချိန်တွင် မြေခွေးမျိုးနွယ်များကလည်း အမွေအနှစ်စွမ်းအားကို ရနိုင်သည်။
ထိုဖြစ်ရပ်တွင် နှစ်ဖက်လုံးအကျိုးရှိသည်။
ယနေ့မှစ၍ ဤမျိုးနွယ်တွင် သခင်တစ်ယောက်ရှိလာသည်။
ကောင်းကင်မြေခွေးကျွမ်းကျင်သူသည် ကလန်၏တိုးတက်မှု၊ ကျရှုံးမှုတို့နှင့် ဆက်သွယ်သွားသည်။
“မြန်မြန်လေး၊ သွေးမျိုးဆက်ကို လုယူကြ။ မဟုတ်ရင် သွေးမျိုးဆက်ပေါင်းစပ်သွားတဲ့အခါမှာ ငါတို့အားလုံး သေလိမ့်မယ်!”
“ဒါက ကောင်းကင်မြေခွေးရဲ့ သွေးမျိုးဆက်ပဲ။ ကောင်းကင်မြေခွေးက ဉာဏ်အကောင်းဆုံးမြေခွေးပဲ။ ရန်ငြိုးကိုလည်း မှတ်ထားတတ်တယ်”
“ရှေးခေတ်ကောင်းကင်မြေခွေးသွေးမျိုးဆက်က ပစ္စည်းကောင်းပဲ”
အသံအမျိုးမျိုးပေါ်ထွက်လာသည်။ မိစ္ဆာများသည် ခွန်အားထိန်ချန်မထားဘဲ ယဇ်ပလ္လင်ဆီသို့ ပြေးဝင်လာသည်။
သူတို့က ကောင်းကင်မြေခွေးသွေးမျိုးဆက်ကို လုယူနိုင်လျှင် ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်လိမ့်မည်။
ရှန့်လင်းရွှမ်းက လေးကိုင်ထားပြီး ရှေ့တစ်လှမ်းတိုး၍ ယဇ်ပလ္လင်ကို ကာကွယ်ထားသည်။
ဟွမ်ကျစ်ဟူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတချို့ ဖြတ်ပြေးသွားသည်။ သူမက ကောင်းကင်ကြိုးကြာ၏နောက်ကျောတွင် ထရပ်လိုက်ပြီး ခဏတာတုံ့ဆိုင်းနေသည်။ ထို့နောက် ခါးတွင်ရှိသော ဓားလေးပေါ်သို့ လက်တင်သည်။
“အစ်မယွင်တိ၊ သမီးတို့ကို ကာကွယ်နိုင်လား” သူမက ညင်သာစွာမေးလိုက်ပြီး မျက်နှာထားပျော့ပြောင်းသွားသည်။
ယွင်တိက အဖြေပေးလိုက်ခြင်းဖြစ်နိုင်သည်။
ရှေ့တွင် ဟန်မူယဲ့က ခရမ်းမီးတောက်ဓားကို သိမ်းသည်။
သူ့မျက်လုံးထဲတွင် အေးစက်နေသောဓားဆန္ဒတစ်ခုရှိသည်။
အစောပိုင်းသတ်ဖြတ်မှုများသည် စမ်းသပ်မှုတစ်ခုသာဖြစ်သည်။
သူက ကြောင်မြီးတိုအမွေအနှစ်နှင့် ပေါင်းစပ်ထားသောဓားနည်းစနစ်များကိုသုံး၍ ကလန်အမျိုးမျိုးမှ မိစ္ဆာများကို တိုက်ခိုက်ခဲ့သည်။
ရလဒ်သည် မဆိုးပေ။
ယခုအချိန်တွင် သူကိုယ်တိုင်လှုပ်ရှားတော့မည်ဖြစ်သည်။
“ခလွမ် ....”
ဓားရှည်သည် တုန်ခါသွားပြီး ဓားမြည်သံက ကောင်းကင်အထိ ပဲ့တင်ထပ်သွားသည်။
မရေမတွက်နိုင်သော မိစ္ဆာများက မျက်နှာထားပြောင်းလဲသွားသည်။
လူသားအချို့က ထွက်ပြေးသွားသည်။
ဓားမြည်သံတွင်ပါဝင်နေသော အားကောင်းသည့်ဓားဆန္ဒသည် ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားတော့မည်။
ထိုမိစ္ဆာများသည် သန်မာသော်လည်း ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
“အခုမှထွက်ပြေးချင်ရင် နောက်ကျနေပြီမဟုတ်ဘူးလား”
ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး လက်ထဲတွင်ရှိသော အစိမ်းရောင်ကံကြမ္မာဓားဖြင့် ခုတ်ချသည်။
ကောင်းကင်ထက်တွင် သွေးများပေါ်ထွက်လာသည်။
ဓားသည် သတ်ဖြတ်ခြင်းလက်နက်ဖြစ်သည်။
ဓားအလင်းသည် သွယ်ယှက်သွားပြီး အရာအားလုံးကို ရိုက်ချသည်။
ပြေးဝင်လာသောမိစ္ဆာများအားလုံးသည် ဓားအလင်း၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။
မဟာမိစ္ဆာများကိုဖိနှိပ်ထားသော ဓားဝင်္ကပါသုံးခုသည် ဘန်းခနဲပြိုကွဲသွားပြီး ဓားအလင်းများအဖြစ်ပြောင်း၍ ကြယ်များသဖွယ် ကောင်းကင်ထက်မှ ကျဆင်းလာသည်။
“အညံ့ခံမှာလား သေမှာလား”
ဟန်မူယဲ့၏အသံက အေးစက်နေသည်။
သူ့အသံသည် ဓားတစ်လက်သဖွယ်ဖြစ်သည်။
လေထုထဲတွင် ဓားတစ်လက်လွင့်မျောနေပြီး ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဆုံးဖြတ်ပေးလိမ့်မည်။
“မောက်မာလိုက်တဲ့လူသား!” ရွှေအမြုတေအဌမအဆင့်သို့ရောက်နေသော ချိုတစ်ချောင်းကြံ့က ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်သည် ပေတစ်ရာရှည်လျားသော ကျောက်စိမ်းဖြူကြံ့တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့ပခုံးပေါ်တွင် အနက်ရောင်အလင်းများထွက်နေသော သံချပ်ကာတစ်ခုရှိသည်။
ဟန်မူယဲ့၏ဓားအလင်းက ချိုတစ်ချောင်းကြံ့၏စကားသံကို ဖြတ်တောက်လိုက်သည်။
အစိမ်းရောင်ဓားပုံရိပ် ကျဆင်းလာသည်။
စိတ်နယ်ပယ်ထဲတွင်ရှိနေသော အစိမ်းပုပ်ရောင်ဓားချည်မျှင်က ဓားအလင်းကိုရစ်ပတ်လိုက်လိုက်သည်။
ဓားတစ်လက်နှင့် ဓားဆန္ဒနှစ်ခု
ထိုဓားသည် တောင်နှင့်မြစ်များကို ဖျက်ဆီးနိုင်စွမ်းမရှိသော်လည်း ဝိညာဉ်စွမ်းအားများ ရောပါနေသည်။
“ဘုန်း!”
ဓားချက်ပြီးသောအခါတွင် ဖုန်မှုန်များပျောက်ကွယ်သွားသည်။
လူတိုင်းက လေထုထဲတွင်လွင့်မျောနေသော ချိုတစ်ချောင်းကြံ့ကိုကြည့်သည်။
ကြံ့သည် အကောင်းအတိုင်းရှိနေသည်။
ထိုဓားချက်သည် ရွှေအမြုတေအဆင့်မိစ္ဆာကို ဒဏ်ရာမရစေနိုင်ချေ။
တိုက်ခိုက်ရန်ပြေးဝင်လာသောမိစ္ဆာများက စိတ်သက်သာရာရသွားသည်။
လောကကိုဖျက်ဆီးနိုင်သည်ဟုထင်ရသော ခမ်းနားသည့်ဓားချက်သည် ရွှေအမြုတေမိစ္ဆာကို မထိခိုက်စေနိုင်ပေ။
‘အဲ့ဒီဓားချက်က အလှပြဖို့ပဲလား’
ချိုတစ်ချောင်းကြံ့၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းကျလာသည်။
ထိုအချိန်တွင် လူတိုင်း၏မျက်နှာထား ပြောင်းလဲသွားသည်။
အားကောင်းသော ရွှေအမြုတေမိစ္ဆာသည် မိစ္ဆာသားရဲတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင်ဝမ်းလျားမှောက်ပြီး တုန်ခါနေသည်။
“ဝိညာဉ် ....”
သိပ်မဝေးသောနေရာတွင် လေဝံပုလွေမျိုးနွယ်၏ ရွှေအမြုတေအဆင့်မိစ္ဆာက မျက်လုံးပြူးသွားပြီး လက်သီးဆုပ်ထားသည်။ သို့သော် သူ့ခြေထောက်များက တုန်ခါနေသည်။
ဟန်မူယဲ့၏ဓားချက်သည် ခုခံနိုင်စွမ်းကြောင့်ကျော်ကြားသော ချိုတစ်ချောင်းကြံ့၏ခန္ဓာကိုယ်ကို မဖျက်ဆီးခဲ့သော်လည်း ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။
ယခု ချိုတစ်ချောင်းကြံ့၏ခန္ဓာကိုယ်သည် မိစ္ဆာဝိညာဉ်မရှိသော သန်မာသည့်ခန္ဓာကိုယ်အခွံတစ်ခု ဖြစ်လာသည်။
ဟန်မူယဲ့က ဓားမြှောက်လိုက်ပြန်သည်။
“အစ်ကိုဟန်၊ ကျွန်မလုပ်ပါရစေ” ထိုအချိန်၌ နောက်တွင်ရှိသောယဇ်ပလ္လင်မှ အသံတစ်သံထွက်လာသည်။
မီးတောက်များကြားမှာ လူတစ်ယောက်ထွက်လာသည်။
သူမက ကျောက်စိမ်းဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး ၁၆နှစ်၊ ၁၇နှစ်ခန့်ပဲ ရှိသေးပုံပေါ်သည်။ သူမ၏နားရွက်များက ချွန်ထက်နေပြီး နဖူးတွင် အဖြူရောင်ဆံမြိတ်တချို့ ရှိနေသည်။ သူမ၏နောက်တွင် ပုံရိပ်ယောင်ဆန်သောအမြီးသုံးချောင်း လှုပ်ရှားနေသည်။
“မင်းက အစ်မကြီးမြေခွေးဖြူလား” ရှန့်လင်းရွှမ်း၏မျက်လုံးများက တောက်ပသွားပြီး အံ့အားသင့်စွာပြောသည်။
“တောင်နဲ့မြစ်တွေက မိုင်တစ်သောင်းရှည်လျားတယ်။ အိပ်မက်နဲ့အတူ ပစ္စုပွန်က အရိပ်အယောင်မကျန်ဘဲ မေ့လျော့သွားတယ်” အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးက၏မျက်နှာက ရီဝေသွားပြီး ညင်သာစွာခေါင်းညိတ်သည်။
“ငါ့နာမည်က ပိုင်ချင်းယွီဖြစ်ခဲ့တယ်။ အခု ငါ့နာမည်က ပိုင်ဝူဟန်ပဲ”
သူမက လက်ကိုဆန့်ထုတ်လိုက်သောအခါတွင် မှုန်ဝါးသောအစိမ်းရောင်အလင်းများ ဆယ်မိုင်ပတ်ပတ်လည်တွင် ပျံ့နှံ့သွားသည်။
အဖြူရောင်မြေခွေးကလန်နှင့် တိုက်ခိုက်ရန်လာရောက်သောမိစ္ဆာများအားလုံးသည် ငေးမောနေခဲ့သည်။
ပိုင်ဝူဟန်က တခစ်ခစ်ရယ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။ “နင်တို့တွေ အညံ့ခံဖို့ဆန္ဒရှိလား”
ဝိညာဉ်စွမ်းအား
ဆယ်မိုင်ပတ်လည်တွင် ခုခံနေသောမိစ္ဆာများ မရှိခဲ့ပေ။
ဟန်မူယဲ့က ဓားကိုသိမ်းလိုက်ပြီး နောက်ပြန်လှည့်သည်။
“ကျေးဇူးပါပဲအစ်ကိုဟန်” ပိုင်ဝူဟန်က သစ်ရွက်တစ်ရွက်ကြွေကျလာသကဲ့သို့ ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်လာပြီး ဟန်မူယဲ့ကိုကြည့်၍ ညင်သာစွာပြောသည်။