နှလုံးသားဒဏ်ရာဓားကွက်
Vol. 57 Ch. 773
"ဒီလိုစွမ်းအား" မူရုံယိုယွီရဲ့အမူအရာက ပြောင်းလဲသွားတယ်။
ကြက်သွေးရောင်မီးဓားဧကရာဇ်က ဓားကွက်နှစ်ကွက်ကို လက်ခံနိုင်ရင် သူမက နှလုံးသားဓားအာဏာရှင်ရဲ့ဓားကွက်လေးကွက်ကို လက်ခံနိုင်လိမ့်မယ်လို့ သူမက ထင်ထားတယ်။ ကြည့်ရတာ နှလုံးသားဓားအာဏာရှင်ရဲ့ဓားကွက်က စုစုပေါင်းခြောက်ကွက် ရှိပုံရတယ်။
ပထမဓားကွက်ပြီးနောက် လဲကျသွားရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး။
နှလုံးသားဓားအာဏာရှင်က မူရုံယိုယွီ ဘာစဉ်းစားနေတာကို သိပါတယ်၊ သူက ပုံမှန်အတိုင်း ပြောလိုက်တယ်"ကြက်သွေးရောင်မီးဓားဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါ ငါက ငါ့ခွန်အားရဲ့တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုခဲ့တယ်"
အချက်တစ်ခုအနေနဲ့ပြောရရင် ကြက်သွေးရောင်မီးဓားဧကရာဇ်ကို အနိုင်ယူဖို့ နှလုံးသားဓားအာဏာရှင်က ဓားကိုတောင် မလိုပါဘူး။
"မင်းရဲ့ဒုတိယကွက်ကို သုံးပါ"
နှလုံးသားအာဏာရှင်ရဲ့ခွန်အားက မူရုံယိုယွီရဲ့တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်တယ်။
ရန်သူက ပိုသန်မာလေလေ၊ သူမရဲ့အလားအလာကို ဖိအားပေးဖို့ ပိုကောင်းလေလေပါပဲ။
"နှလုံးသားယစ်မူးခြင်း"
မူရုံယိုယွီက ဘာမှမပြောရင်တောင် နှလုံးသားဓားအာဏာရှင်က သူ့ရဲ့ဒုတိယဓားကို ဖော်ထုတ်မှာပါ။
ပထမကွက်နှလုံးသားစည်းချက်က ရေကန်ထဲက လှိုင်းဂယက်လေးတစ်ခုဆိုရင် ဒုတိယကွက်နှလုံးသားယစ်မူးခြင်းက လှိုင်းဂယက်များစွာ ဖြစ်နေတယ်။ တစ်ယောက်မှ မခုခံနိုင်ဘဲ ယစ်မူးစေတဲ့ စွမ်းအားတစ်ခု ရှိပါတယ်။
ဖစ်.........
မူရုံယိုယွီက သွေးအန်ပြီး နောက်ဆုတ်လိုက်ရပါတယ်။
သန်မာလွန်းတယ်။
နှလုံးသားဓားအာဏာရှင်က သူမစိတ်ကူးထားတာထက် ဆယ်ဆပိုသန်မာတယ်။
သူမက ပထမဓားကွက်နှလုံးသားစည်းချက်ကို အပြည့်အဝခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် သူမက ဒုတိယဓားကွက်နှလုံးသားယစ်မူးခြင်းကို မခုခံနိုင်ပါဘူး။ သူမက သူမရဲ့ဓားအားကို ဖော်ထုတ်ချင်းချင်း အဲဒါက ချက်ချင်း ပျောက်ပြယ်သွားရတယ်။
"တတိယဓားကွက်နှလုံးသားဒဏ်ရာ"
နှလုံးသားဓားအာဏာရှင်ရဲ့အမူအရာမှာ ဝမ်းနည်းပူဆွေးတဲ့အရိပ်အယောင်၊ တင်းမာခက်ထန်တဲ့အရိပ်အယောင် ရှိနေတယ်။ သူက ဓားကို ဝှေ့ယမ်းလိုက်တယ်။
ဘုံး.........
ဒီသာမန်ဓားကွက်က ကြီးမားတဲ့အရေးအခင်းကို ဖြစ်စေတယ်။ ဓားအားက ရေဝဲတစ်ခုပမာ မူရုံယိုယွီကို စုပ်ယူလိုက်တယ်။
နှလုံးသားဒဏ်ရာရှိတဲ့လူတစ်ယောက်က အပြင်ပန်းက ကြည့်ရင် ပုံမှန်ဖြစ်နေပေမယ့် အတွင်းမှာတော့ အပေါက်တွေနဲ့ ပြည့်နေတယ်။ မူရုံယိုယွီကဓားအားရဲ့ကျူးကျော်ဝင်ရောက်ခြင်းကို ခံစားရပြီး ဝမ်းနည်းပူဆွေးတဲ့အမူအရာကို ချက်ချင်း ဖော်ပြလိုက်တယ်။ အသက်ရှင်သန်စရာအကြောင်းရင်းတစ်ခုမှ မရှိသလို ခံစားနေမိတယ်။
ဒါပေမယ့် မကြာမီမှာပဲ မူရုံယိုယွီက သူမရဲ့ရင်ဘက်ကို ရိုက်ပြီး သူမကိုယ်သူမ သွေးအန်စေဖို့ ဖိအားပေးလိုက်တယ်။
ဝမ်းနည်းပူဆွေးတဲ့ခံစားချက်က သက်သာရာရသွားတာနဲ့ မူရုံယိုယွီမှာ ကြောက်ရွံ့တဲ့အမူအရာတစ်ခု ဖြစ်တည်လာတယ်။
ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
ဘယ်တော့မှ ဒီလိုကြောက်စရာကောင်းတဲ့ဓားသမားတစ်ယောက်ကို သူမ မရင်ဆိုင်ခဲ့ဖူးပါဘူး။ စိတ်ဝိညာဉ်ကိုတောင် ကျူးကျော်ဝင်ရောက်နိုင်ပြီး စိတ်ဝိညာဉ်ကို ထိခိုက်နာကျင်စေတယ်။ ဒီလိုအားကောင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့အခါ သူမ ဘာတစ်ခုမှ မတတ်နိုင်ပါဘူး။
"မင်းရဲ့စတုတ္ထကွက်ကို ထုတ်ပါ"
မူရုံယိုယွီက နှလုံးသားဓားအာဏာရှင်ရဲ့စတုတ္ထဓားကွက်ကို တွေ့ရှိဖို့ ဆန္ဒပြင်းပြလာတယ်။
နှလုံးသားဓားအာဏာရှင်က ခေါင်းခါလိုက်တယ်"မင်းက ငါ့ရဲ့တတိယဓားကွက်ကိုတောင် မခုခံနိုင်တာ။ ဘယ်လိုလုပ်ပြီး ငါ့ရဲ့စတုတ္ထဓားကွက်ကို ရင်ဆိုင်မှာလဲ"
ပြောပြီးနောက် နှလုံးသားဓားအာဏာရှင်က ပြန်လှည့်ပြီး စင်မြင့်ပေါ်က ဆင်းသွားတော့တယ်။
"တတိယဓားကွက်........."
မူရုံယိုယွီက ရုတ်တရက် ဖြူရော်သွားပြီး သွေးတွေ အဆက်မပြတ် အန်ထုတ်လိုက်တယ်။
"ငါ အခု နားလည်ပြီး"
ထိုအချိန်မှာ မူရုံယိုယွီက နှလုံးသားဓားအာဏာရှင်ရဲ့တတိယဓားကွက်ရဲ့အနှစ်သာရကို နားလည်သွားတယ်။
ဒီဓားကွက်က လျင်မြန်စွာ ပျောက်ကွယ်သွားမှာမဟုတ်တဲ့ စစ်မှန်တဲ့ဝမ်းနည်းပူဆွေးခြင်းတစ်ခုနဲ့ တူပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေရတာနဲ့ တူပါတယ်။ တစ်ယောက်ယောက်က သင့်ကို ရယ်အောင် ကြိုးစားရင်တောင် ယာယီသာ ဖြစ်ပေလိမ့်မယ်၊ သင်က အဲဒီအဖြစ်အပျက်ကို အမှတ်ရသွားတာနဲ့ ထပ်မံံဝမ်းနည်းရပေအုန်းမှာပဲ။
"ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ နှလုံးသားဓားအာဏာရှင်ကို တစ်ယောက်မှ မယှဉ်ပြိုင်နိုင်လောက်ဘူး"
မူရုံယိုယွီက နှလုံးသားဓားဏာရှင်ကို လေးစားမှု၊ကြောက်ရွံ့မှုတွေနဲ့ ကြည့်လိုက်တယ်။
"ငါကတောင် တတိယဓားကွက်ကို မခုခံနိုင်ဘူး။ သူက စတုတ္ထ၊ပဉ္စမနဲ့ နောက်ဆုံးဆဋ္ဌမဓားကွက်ကို အသုံးပြုမယ်ဆိုရင်...........။ ဘယ်သူက ခုခံနိုင်လိမ့်မလဲ"
"နှလုံးသားဓားအာဏာရှင်က တကယ်ကို ပြောင်မြောက်တယ်၊ ပြောက်မြောက်လွန်းတယ်"
"နှလုံးသားဓားအာဏာရှင်ရဲ့ဆဠမဓားကွက်ကို တစ်ယောက်မှ မမြင်ရသေးဘူးလို့ ပြောကြတယ်။ ဆဠမဓားဓားကွက်ရဲ့စွမ်းအားက ဘယ်လိုလဲကို ငါ သိချင်တယ်"
မှန်တယ်၊ နှလုံးသားဓားအာဏာရှင်ရဲ့ဆဠမဓားကွက်ကို တစ်ယောက်မှ မကြုံတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ဓားပြိုင်ပွဲမှာတုန်းက သူ့မှာ ဓားကွက်ငါးကွက်သာ ရှိတယ်။ ဒီခြောက်ကွက်မြောက်ကို နောက်ဆုံးနှစ်နှစ်ဆယ်အတွင်း ဖန်တီးထားခဲ့တာ ဖြစ်မယ်"
စင်မြင့်အောက်မှာ ဆွေးနွေးမှုတွေက အဆက်မပြတ်ပါဘူး။
နှလုံးသားဓားအာဏာရှင်ရဲ့ခွန်အားက တကယ်ကြောက်စရာကောင်းတယ်။ မူရုံယိုယွီရဲ့ခွန်အားက ပြောင်မြောင်ပေမယ့် သူမကတောင် တတိယဓားကွက်ကို မရင်ဆိုင်နိုင်ခဲ့ပါဘူး။
"နှလုံးစားစည်းချက်၊ နှလုံးသားယစ်မူးခြင်း၊ နှလုံးသားဒဏ်ရာ၊ စတုတ္ထဓားကွက်က ဘာဖြစ်မလဲ"
လီဖူချန်းက နှလုံးသားဓားအားဏာရှင်ရဲ့နောက်ဓားကွက်ကို မူရုံယိုယွီထက်တောင် ပိုသိချင်နေတယ်။
သာမန်ဓားဧကရာဇ်ရှဖျင်းဖန်ရဲ့သာမန်ဓားတာအိုက လွဲပြီး နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုက အထူးခြားဆုံးဓားတာအိုတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ သေချာတယ်။ အဲဒါက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခံစားချက်မဲ့ဓားတာအိုထက်တောင် ပိုထူးခြားပါတယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုထက်တောင် ပိုထူးခြားပါတယ်။ လီဖူချန်းရဲ့အမြင်အရ မူလအဆုံးစွန်းဓားတာအိုက အရိုးရှင်းဆုံးဓားတာအိုဖြစ်ပြီး ထူးခြားတယ်လို့ ပြောလို့မရပါဘူး။
လီဖူချန်းက ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်နဲ့လီကျန့်ရှင်တို့ကို ကြည့်လိုက်တယ်။ သူတို့ရဲ့တုံ့ပြန်မှုက ဘာမှ မပြောင်းလဲတာကို သတိပြုမိသွားတယ်။
"ဒီနှစ်ရဲ့ဓားပြိုင်ပွဲက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်" လီဖူချန်းက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်တယ်။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကသာ လုံလုံလောက်လောက် မတိုးတက်ခဲ့ရင် သူတို့က နှလုံးသားဓားအာဏာရှင်၊ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ လီကျန့်ရှင်းတို့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူးဆိုတာကိူ သူ သေချာပါတယ်။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့က နည်းနည်းမှတောင် မတိုးတက်ဘူးဆိုတာက သိပ်မဖြစ်နိုင်ပါဘူး။ဒါပေမယ့် ဒီသုံးယောက်ရဲ့ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲကို ပြနိုင်ခဲ့ပါတယ်။
ထိပ်တန်းအဆင့်သီးသန့်ခန်းတစ်ခုထဲမှာတော့ ဓားသမားတစ်ယောက်က ဓားချီစွမ်းပကားကို ထုတ်လွှတ်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်"ဆဠမဓားကွက်ရဲ့စွမ်းအားက ပဉ္စမဓားကွက်ထက် ငါးဆပိုအားကောင်းရင် သူက ငါနဲ့တိုက်ခိုက်ဖို့ တကယ်ကို အရည်အချင်း ပြည့်မှီတယ်"
လွန်ခဲ့တဲ့ဆယ်နှစ်က သူက နှလုံးသားဓားအာဏာရှင်နဲ့ ဓားကွက်ဖလှယ်ခဲ့တယ်။ ထိုအချိန်တုန်းက နှလုံးသားဓားအာဏာရှင်ရဲ့ပဉ္စမဓားကွက်ကို သူ ချက်ချင်း ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါကြောင့် နှလုံးသားဓားအာဏာရှင်က အဲဒါကို တိုးမြင့်စေခဲ့ရင်တောင် ပဉ္စမဓားကွက်က သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါဘူး။
တစ်ယောက်ယောက်က ဒီမှာရှိနေရင် သူတို့က သူ့ကို သေချာပေါက် သိပါလိမ့်မယ်။ ဓားအာဏာရှင်က လွဲပြီး အခြားသူမမဟုတ်ပါဘူး။
ပြိုင်ပွဲက ဆက်သွားနေတယ်၊ အဆင့်တွေကလည်း ပိုပိုပြီး ရှင်းလင်းလာနေတယ်။ ထိပ်ဆုံးဆယ်ယောက်ကို လူတိုင်းက စာရင်းပြုလို့ရနေပါတယ်။
"သိုင်းစင်မြင့်၂၊ လျိုဟော်နဲ့ထန်ရှင်း"
ကြက်သွေးရောင်မီးဓားဧကရာဇ်ကို လီဖူချန်းက အနိုင်ယူနိုင်ခဲ့ပေမယ့် သူက ခွန်အားအားဖြင့် အဆင့်တစ်ခုချိုးဖျက်ထားနိုင်ခဲ့တယ်။ အခုဆိုရင် သူက အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်ပြီး ထန်ရှင်းအတွက် လွယ်ကူလိမ့်မှာ မဟုတ်ပါဘူး။
ဘုံး ဘုံး ဘုံး.......
သူတို့နှစ်ယောက်က ချက်ချင်း တိုက်ခိုက်လိုက်ကြတယ်။
အကွက်ငါးဆယ်၊ အကွက်တစ်ရာ............
ကြက်သွေးရောင်မီးဓားဧကရာဇ်က လူတိုင်းထင်ထားတာထက် ပိုသန်မာပါတယ်။ အဆင့်ချိုးဖျက်နိုင်ခဲ့ရင်တောင် သူက မူရုံယိုယွီနဲ့ထန်ရှင်းထက် အားနည်းတုန်းပဲလို့ လူတိုင်းက ယူဆထားကြတယ်။ ဒါပေမယ့် တစ်ရာကွက်ရှိပြီးနောက် နှစ်ယောက်သား လက်ရည်ညီနေကြတယ်။
"မီးဓားဆန္ဒနဲ့ချီသွေးစွမ်းအားကို ပေါင်းစပ်တာက မရိုးရှင်းဘူး။ ကြက်သွေးရောင်မီးဓားဧကရာဇ်က ဒီလမ်းကြောင်းမှာ ရှေ့ဆက်သွားရင် သူက ဓားပြိုင်ပွဲရဲ့ပထမနေရာအတွက် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီလာပါလိမ့်မယ်"
ကြက်သွေးရောင်သွေးဓားဆန္ဒရဲ့ကြောက်မက်ဖွယ်ကောင်းပုံကို လီဖူချန်းက နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်။ အဲဒါက ဓားတာအိုနဲ့ခန္ဓာကိုယ်အပြင်အားတာအိုကို ပေါင်းစပ်ခြင်းဖြစ်တယ်။ စိတ်မကောင်းစရာတစ်ခုက ကြက်သွေးရောင်မီးဓားဧကရာဇ်က တံခါးဝကိုသာ ခြေချရသေးတယ်။ လီဖူချန်းရဲ့တွန်းအားပေးမှုနဲ့တောင် ကြက်သွေးရောင်မီးဓားဧကရာဇ်က အဆင့်နှစ်ကိုသာ ချိုးဖျက်နိုင်တယ်။ အဆင့်သုံးနဲ့အဆင့်လေးတို့ ရှိသေးလောက်တယ်။
ကြက်သွေးရောင်မီးဓားဧကရာဇ်က ဒုတိယအဆင့်ကို အပြည့်အဝထိန်းချုပ်နိုင်ရင် ထန်ရှင်းနဲ့မူရုံယိုယွီကို အနိုင်ယူနိုင်လိမ့်မယ်လို့ လီဖူချန်းက ယူဆထားတယ်။ သူက အဆင့်သုံးကို ထိန်းချုပ်နိုင်ရင် သူက ပြိုင်ပွဲရဲ့ပထမနေရာအတွက် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီပါလိမ့်မယ်။ ပြီးတော့ လီဖူချန်းကတောင် အလွယ်တကူအနိုင်ယူနိုင်တော့မှာ မဟုတ်ပါဘူး။
အကွက်တစ်ရာပြည့်ပြီးနောက် ကြက်သွေးရောင်မီးဓားဧကရာဇ်က ရှုံးသွားတယ်။
ထန်ရှင်းနဲ့နှိုင်းယှဉ်ရင် ကြက်သွေးရောင်မီးဓားဧကရာဇ်က နည်းနည်းအားနည်းနေသေးတယ်။ ပြီးတော့ သူက စောစောကမှ အဆင့်ချိုးဖျက်နိုင်ခဲ့တာပါ။
"သိုင်းစင်မြင့်၅၊ မူရုံယိုယွီနဲ့လီဖူချန်း"
နောက်ထပ် ထိပ်သီးပြိုင်ပွဲတစ်ခု ဖြစ်တယ်။
ကုသရေးအစီအရင်ရဲ့ကုသမှုနဲ့အတူ မူရုံယိုယွီရဲ့ဒဏ်ရာတွေက သက်သာလုနီးပါးဖြစ်ပြီး သူမရဲ့စိတ်ဝိညာဉ်ဒဏ်ရာတွေကလည်း အဆင်ပြေနေပါတယ်။ နှလုံးသားဒဏ်ရာရဲ့ခံစားချက်က မှိန်ဖျော့သွားပြီး သူမရဲ့တိုက်ခိုက်မှုကို မသက်ရောက်ပါဘူး။
"မူရုံယိုယွီက လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်လောက်ဘူး"
"မှန်တယ်၊ ထန်ရှင်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ထက် အနည်းငယ်သာ သန်မာပြီး လီဖူချန်းနဲ့ ဘက်ညီချင်ညီ၊ မညီရင် နိမ့်ကျနိုင်တယ်။ ထန်ရှင်းကို ရှုံးခဲ့တဲ့ မူရုံယိုယွီက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်လာနိုင်ဘူး"
"ဒါ မမှန်နိုင်ဘူး။ လီဖူချန်းနဲ့တိုက်ခိုက်တုန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်ရဲ့ကြက်သွေးရောင်သွေးဓားဆန္ဒက ချိုးဖျက်နိုင်ရုံသာဖြစ်ပြီး သိပ်မရင်းနှီးသေးဘူး။ ထန်ရှင်းနဲ့ တိုက်ပွဲမှာတုန်းက ကြက်သွေးရောင်မီးဓားဧကရာဇ်က သိသိသာသာ ပိုသန်မာလာပြီး ကြက်သွေးရောင်သွေးဓားဆန္ဒနဲ့ ပိုကျွမ်းဝင်လာတယ်"
"ပြိုင်ပွဲက စနေပြီး။ ဘယ်သူက ပိုသန်မာသလဲကို ငါတို့ သိရလိမ့်မယ်"
လူတိုင်းက ဆွေးနွေးနေစဉ် ပြိုင်ပွဲက အထွတ်အထိပ်ကို ရောက်နေပါပြီး။
မူရုံယိုယွီရဲ့ရေစက်ဓားတာအိုက ပျော့ပြောင်းတဲ့ရေဓားတာအိုတွေကြားမှာ ရှားပါးတဲ့တိုက်ခိုက်ရေးတာအိုတစ်ခုဖြစ်တယ်။ အတိုက်အခိုက်အရ ၎င်းက ထန်ရှင်းရဲ့ကြယ်ဓားတာအိုကိုတောင် ယှဉ်နိုင်ပါတယ်။
သိုင်းစင်မြင့်ပေါ်မှာ ရေစက်လေးတွေက ဒူးလေးမြားတံများပမာ လီဖူချန်းဆီ အရှိန်နဲ့ ပြေးလာနေတယ်။ ရေစက်အသီးသီးမှာ အားကောင်းတဲ့သက်ရောက်မှုအားနဲ့ဓားအားတစ်ခု ပါဝင်တယ်။ ပြိုင်ဘက်ရဲ့ခံစစ်ကို ထိုးဖောက်သွားခဲ့ရင် အကျိုးဆက်က ဆိုးဝါးသွားစေပါလိမ့်မယ်။
ဒါပေမယ့် မူရုံယိုယွီရဲ့ရေစက်ဓားတာအို ဘယ်လောက်အားကောင်းကောင်း ပြဿနာမရှိပါဘူး။ လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာနဲ့ ရင်ဆိုင်ရတဲ့အခါ သူမက ထိရောက်တဲ့တိုက်ခိုက်မှုကို မဖော်ဆောင်နိုင်ပါဘူး။ လီဖူချန်းရဲ့ဓားက မူရုံယိုယွီရဲ့တိုက်ခိုက်မှုကို တစ်ချက်တည်းနဲ့ လမ်းကြောင်းပြောင်းပေးနိုင်တယ်။
"ဟင်းလင်းပြင်ဓားတာအိုက ရူးသွပ်စရာကောင်းတယ်။ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရမှာလဲ"
အရိုးတည်ဆောက်ပုံတွေကြားမှာ အထူးအရိုးတည်ဆောက်ပုံတွေရှိသလိုမျိုး အထူးဓားတာအိုတွေလည်း ရှိတယ်။ ကြယ်ဓားတာအိုနဲ့ နှိုင်းယှဉ်ရင် ဟင်းလင်းပြင်ဓားတာအိုက ပိုမြင့်တယ်။
မူရုံယိုယွီရဲ့တိုက်ခိုက်မှုက အလွယ်တကူလမ်းကြောင်းပြောင်းခံနေရတာကို မြင်ပြီး လူတိုင်းက ခေါင်းခါလိုက်မိကြတယ်။
ဟင်းလင်းပြင်ဓားတာအိုက မှော်ဆန်လွန်းတယ်။ တိုက်ခိုက်မှုက ဟင်းလင်းပြင်ဓားတာအိုရဲ့အကန့်အသတ်ကို မကျော်လွှားနိုင်သရွေ့ ဟင်းလင်းပြင်ဓားတာအိုဓားသမားကို ထိဖို့က မဖြစ်နိုင်ပါဘူး။
ဖစ်........
မူရုံယိုယွီရဲ့တိုက်ခိုက်မှုတွေက လီဖူချန်းအပေါ် မကျရောက်နိုင်ပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုတွေက အလွယ်တကူ ကျရောက်နေတယ်။ သူက ဟင်းလင်းပြင်ဓားသွားကိုသာ ဖော်ထုတ်နေတယ်၊ မူရုံယိုယွီရဲ့ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတစ်ချက် ရရှိထားတယ်။ သွေးက ဒဏ်ရာမှ မလျှံထွက်နိုင်ခင် အားကောင်းတဲ့ဟင်းလင်းပြင်ဓားဖိအားက သွေးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေတယ်။
"ပျက်သုန်းခြင်းလှိုင်းဂယက်"
မူရုံယိုယွီရဲ့မျက်လုံးတွေက အလင်းဖြာထွက်သွားတယ်၊ သူမက သူမရဲ့သတ်ဖြတ်ကွက်ကို သုံးလိုက်တယ်။ ဟင်းလင်းပြင်ထဲမှာ အနက်ရောင်လှိုင်းဂယက်တွေက မူရုံယိုယွီမှ ပျံ့နှံ့လာတယ်။ လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားစွမ်းပကားက လှိုင်းဂယက်ကို ရင်ဆိုင်တဲ့အခါ အဲဒါက ချက်ချင်း နှေးကွေးသွားရတယ်။
လှိုင်းဂယက်တွေက အလွန့်အလွန်မြန်နှုန်းနဲ့ ပျံ့နှံ့လာပြီး လီဖူချန်းရဲ့ရှေ့ကို ချက်ချင်း ရောက်ရှိလာတယ်။
လှိုင်းဂယက်တွေ ပျံ့နှံ့သွားချင်းချင်း မူရုံယိုယွီက သူမရဲ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ အေးစက်နက်မှောင်ကြည်လင်တဲ့ဓားတစ်လက်က လီဖူချန်းထံ ထိုးဖောက်လာတယ်။
ကြည်လင်ဓားနဲ့ ရင်ဆိုင်ရတဲ့အခါ သူက ထိမှန်တော့မယ်လို့ ခံစားချက်တစ်ခုက လီဖူချန်းမှာ ရှိနေတယ်။
"ဒါက ငါ့အတွက်တော့ မလုံလောက်သေးဘူး"
လီဖူချန်းရဲ့ဓားက ကြည်လင်ဓားရဲ့ထိပ်ကို တိတိကျကျ ထိမှန်သွားပြီး မူရုံယိုယွီရဲ့ဓားနဲ့ ထိပ်တိုက်တွေ့သွားတယ်။
ကလင်း.........
ဓားချင်းထိခတ်သံတစ်ခု ထွက်လာတယ်။ မူရုံယိုယွီရဲ့ဓားက ကွေးသွားပြီး ဟင်းလင်းပြင်ဇုန်မှာ တွန့်လိမ်မှုတစ်ခု ဖြစ်သွားတယ်။ သူမက နောက်ပြန်လဲကျပြီး သွေးအန်သွားရတော့တယ်။
"အခုတော့ ရှင်းသွားပြီး။ ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ ပထမနေရာကို ယှဉ်ပြိုင်ဖို့အတွက် လေးယောက်သာ ရှိလိမ့်မယ်။ သူတို့က ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်၊ နှလုံးသားဓားအာဏာရှင်ရှောင်ယွမ်၊ လီကျန့်ရှင်းနဲ့ လီဖူချန်းတို့ ဖြစ်တယ်"
"ဟုတ်တယ်၊ ဒီလေးယောက်သာ ပထမနေရာအတွက် အရည်အချင်း ပြည့်မှီလိမ့်မယ်။ ကျန်သူတွေက လုံလုံလောက်လောက် အားမကောင်းဘူး"
"လီဖူချန်းက နည်းနည်းလိုအပ်နေသေးတယ် မလား။ နှလုံးသားဓားအာဏာရှင်က မူရုံယိုယွီကို ဓားသုံးကွက်အတွင်း အနိုင်ယူခဲ့တယ်"
"ဒါ မှန်လောက်ပေမယ့် လီဖူချန်းက အခုထိ မရှုံးသေးဘူး၊ ဟုတ်တယ်မလား။ အခွင့်အရေးတစ်ချို့ ရှိပါသေးတယ်"
လူတိုင်းက လီဖူချန်းအတွက် မျှော်လင့်ထားပေမယ့် အဲဒါက မမြင့်လွန်း၊ မနိမ့်လွန်းပါဘူး။ အဲဒါက နှလုံးသားဓားအာဏာရှင်ရဲ့ထူးကဲသာလွန်တဲ့လုပ်ဆောင်ချက်ကြောင့် ဖြစ်တယ်။ လီဖူချန်းအသာထား၊ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့လီကျန့်ရှင်းတို့ကတောင် ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ်။
***