← Chapters

နုံအသော

Vol. 114 Ch. 1585

နုံအသော

Vol. 114 Ch. 1585

“ပေါက်ကရတွေ...”

ကောင်းကင်ဘုရင်ယို၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာ၏။ ချီချင်ချန်က ကျန်းရီ၏ဘက်မှဖြစ်ကြောင်း မသိသာသလော။

ချီချင်ချန်ကိုသာ ကင်းစောင့်ခိုင်းလိုက်လျှင် ခွေးကို အသားလုံးနှင့် ပေါက်သလို ဖြစ်နေပေလိမ့်မည်။ ကောင်းကင်ဘုရင်ယို ချီချင်ချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ချီချင်ချန်... ငါတို့ကို အရူးလို့မထင်နဲ့။ မင်းနဲ့ ကျန်းရီကြားက ပတ်သတ်မှုကို ငါတို့ မသိဘူးလို့ ထင်လို့လား”

“ထားပါတော့...”

ချီချင်ချန် ပခုံးတွန့်ကာ ပြန်ပြော၏။

“အဲ့ဒါဆိုလည်း ခေါင်းဆောင်ယိုဘာသာ လုပ်ရတော့မှာပဲ။ ကျွန်မတို့မှာ တခြားနည်းလမ်း မရှိတော့ဘူး။ ခေါင်းဆောင်ယိုရဲ့ တိုက်ခိုက်စွမ်းရည်တွေက ပြိုင်ဘက်ကင်းပါတယ်။ ခေါင်းဆောင်ယို မြက်ခင်းပြင်မီးတောက်တွေကို မကြောက်ဘူးမလား”

“ချင်ချန်... တော်တော့”

ဆောင်းဥတုအရှင်က လေသံမာမာဖြင့် ချီချင်ချန်ကို ဆူလိုက်၏။

“သမီးက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ရိုင်းပြနေတာပဲ။ သမီး ခေါင်းဆောင်ယိုကို ဘယ်လိုလုပ် အဲ့လို ပြောရတာလဲ။ လောင်ယိုရဲ့ တိုက်ခိုက်စွမ်းရည်တွေကို သမီး မေးခွန်းထုတ်စရာအကြောင်း မရှိဘူး။ သူ့အတွက် ပမွှားမြက်ခင်းပြင်မီးတောက်လေးတွေက ဘာအရေးလဲ”

“...”

မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ မျက်လုံးပင့်လိုက်ကြ၏။ ဆောင်းဥတုအရှင်နှင့် သူ၏သမီးတို့က အတိုင်အဖောက်ညီညီ ပြောဆို၍ ကောင်းကင်ဘုရင်ယိုကို သေတွင်းထဲ ပို့နေကြခြင်းပင်။ ဆောင်းဥတုအရှင်က ပမွှားမြင်ခင်းပြင်မီးတောက်လေးတွေဟု ဆိုလိုက်သလော။ ထိုစကားက ယိုဖုန်း၏တစ်ကိုယ်လုံးကို ထပ်မံတုန်ယင်သွားစေပေသည်။

ယိုဖုန်းသည် ဒေါသထွက်လွန်းသဖြင့် မည်သို့မှ ပြန်မပြောနိုင်ချေ။ နောက်ဆုံးတွင် ကောင်းကင်ဘုရင်ဝူ မနေသာတော့ဘဲ လက်ဝှေ့ယမ်းကာ ဝင်ပြောရလေသည်။

“ညီလေးချီ... ချီချင်ချန်ကို ဆူမနေပါနဲ့တော့။ ညီလေး ဒီကိစ္စမှာ ဘေးဖယ်နေပါ။ ယိုဖုန်းက စိတ်ကြည်မနေဘူး။ သူ့ကို ထပ်ဒေါသထွက်အောင် မလုပ်ပါနဲ့တော့”

ယိုဖုန်းသည် ကောင်းကင်ဘုရင်ဝူ၏ စကားကိုကြားမှ အတန်ငယ် ဒေါသပြေသွား၏။ ချီချင်ချန်က ထပ်၍ပြောလိုသေးသော်လည်း ဆောင်းဥတုအရှင်က သူမကို ခေါ်၍ သူတို့၏ နတ်ဘုရားလှေသို့ လျင်မြန်စွာ ပြန်သွားလိုက်သည်။

“ခမည်းတော်...”

နတ်ဘုရားလှေထဲ ရောက်သည်နှင့် ချီချင်ချန် စိတ်လှုပ်ရှားလာပြီး မေးလိုက်သည်။

“သမီးတော်တို့ ဘာမှ မလုပ်တော့ဘူးလား။ ကျန်းရီကို ကယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးမယ်လို့ ခမည်းတော် ကတိပေးထားတယ် မဟုတ်ဘူးလား”

“ခမည်းတော် ကျန်းရီကို ဘယ်လို ကယ်ရမှာလဲ...”

ဆောင်းဥတုအရှင် မျက်နှာထားတင်းမာသွား၏။

“သမီးက ဘာလို့ အခြေအနေကို မကြည့်တာလဲ။ ကျန်းရီသာ အဝိုင်းမခံထားရရင် ခမည်းတော်တို့ သူ့ကို ကယ်နိုင်လောက်သေးတယ်။ ဒါပေမဲ့ ဒီမှာ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်တောင် ရှိနေတယ်။ ခမည်းတော်တို့ ဘာကိုမှ အရေးမစိုက်ဘဲ သူ့ကို အတင်းကယ်မယ်ဆိုရင် ကျရှုံးလိမ့်မယ်။ ပြီးတော့ ဒီတစ်ခေါက်က ကျန်းရီမှားတာ။ ခမည်းတော်တို့သာ မဆင်မခြင် ဝင်ပါမယ်ဆိုရင် ရလဒ်က ဘယ်လိုဖြစ်လာမယ်ဆိုတာကို သမီးသိလား...”

“ခမည်းတော်က မကြာခင် ကောင်းကင်ဘုံကို သွားတော့မှာ။ ဒါပေမဲ့ သမီးက အခုထိ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးဘူး။ ခမည်းတော် ဆောင်းဥတုဘုံကို ဘယ်လိုလုပ် သမီးလက်ထဲ စိတ်ချက်လက်ချ ထားခဲ့နိုင်မှာလဲ။ ခမည်းတော်က မျိုးနွယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ဘုံအရှင်တစ်ပါးအနေနဲ့ ကိုယ့်မျိုးနွယ်နဲ့ကိုယ်ဘုံရဲ့ အကျိုးအမြတ်ကို အရင်ကြည့်ရတယ်”

ချီချင်ချန် နှုတ်ဆိတ်သွား၏။ သူမ၏မျက်နှာပေါ်တွင် နာကျင်သော အရိပ်အယောင်များနှင့် ရှုပ်ထွေးမှုများ ထွက်ပေါ်လာသည်။

ဆောင်းဥတုအရှင် ပြောသည်မှာ မှန်ပေသည်။ သူမ ဆောင်းဥတုဘုံကို ဆက်ခံမည်ဆိုလျှင် ခေါင်းမာနေ၍ မရပေ။ ကျန်းရီအတွက်နှင့် စည်းမျဉ်းများကို ချိုးဖောက်၍လည်း မရချေ။ သူမ၏အဆင့်အတန်းအရ သူမသည် သူမမျိုးနွယ်နှင့် ဘုံအတွက်ကိုသာ အရင်တွေးရမည်ဖြစ်သည်။ သူမလုပ်ခွင့်မရှိသောအရာများလည်း များစွာရှိသည်။

“စောင့်ကြည့်ကြတာပေါ့”

ဆောင်းဥတုအရှင်သည် ချီချင်ချန်၏ပုံစံကို ကြည့်၍ ရင်နာသွား၏။ သူ သက်ပြင်းချကာ တီးတိုးပြောလိုက်သည်။

“တကယ်လို့ အခွင့်အရေးတစ်ခု ရှိလာရင် ခမည်းတော် ကျန်းရီကို လျှို့ဝှက်ကူညီပေးပါမယ်လို့ပဲ ကတိပေးနိုင်မယ်။ အဲ့လိုအခွင့်အရေးမျိုး ရှိမလာရင်တော့ ခမည်းတော်တို့ ကျန်းရီသေသွားတာကို ကြည့်နေရုံပဲ တတ်နိုင်မယ်”

“သေချာပေါက် အခွင့်အရေးတစ်ခု ရှိလာမှာပါ”

ချီချင်ချန်၏ မျက်လုံးများ အရောင်လက်လာ၏။

“ကျန်းရီဆီမှာ အရမ်းအစွမ်းထက်တဲ့ မီးဒဏ်ခံရတနာတစ်ခု ရှိတယ်။ အပြင်ကလူတွေက မြက်ခင်းပြင်မီးတောက်တွေအနား ကပ်ရဲမှာ မဟုတ်ပါဘူး”

“နုံအလိုက်တာ”

ဆောင်းဥတုအရှင် ခပ်လှောင်လှောင်ရယ်၍ ခေါင်းခါလိုက်၏။

“သမီးကြည့်နေပါ... သူတို့ မကြာခင် နည်းလမ်းတစ်ခု ရှာတွေ့သွားလိမ့်မယ်။ ချော်ရည်မြေရိုင်းလေးတစ်ခုက အုပ်ချုပ်သူအဆင့် သိုင်းသမားခုနစ်ယောက်ကို မတားနိုင်ပါဘူး”

ဆောင်းဥတုအရှင် ခန့်မှန်းထားသကဲ့သို့ပင်...

တစ်နာရီကြာပြီးနောက် ခြင်္သေ့ဝါဘုရင်၏မျက်လုံးများ တောက်ပလာ၏။ သူ စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။

“ဟားဟား.. ကျန်းရီကို လွယ်လွယ်သတ်နိုင်မဲ့ နည်းလမ်းတစ်ခုကို ကျုပ်စဉ်းစားမိပြီ”

ကျန်လူခြောက်ယောက်စလုံး တစ်ပြိုင်တည်း မျက်လုံးဖွင့်လိုက်ကြ၏။ ယိုဖုန်း၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသည်။ သူ စူးရှသောလေသံဖြင့် ပြောလိုက်သည်။

“ခြင်္သေ့ဝါဘုရင် ပြောပါ”

“အရမ်းရိုးရှင်းပါတယ်...”

ခြင်္သေ့ဝါဘုရင်သည် အောက်ဘက်မှ ချော်ရည်မြေရိုင်းကို ညွှန်ပြကာ ပြောလိုက်၏။

“ကျုပ်တို့ အင်အားပူးပေါင်းပြီး အဲ့ချော်ရည်မြေရိုင်းကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ”

“ဖျက်ဆီးပစ်ရမှာလား”

လူများ ထိုအကြံကြောင့် အံ့အားသင့်သွားကြ၏။ ထို့နောက် သူတို့၏မျက်လုံးများ တောက်ပလာသည်။ ထိုမြေရိုင်းက မကြီးပေ။ သူတို့သာ အင်အားပူးပေါင်းလိုက်မည်ဆိုလျှင် ထိုမြေရိုင်းကို အလွယ်လေး ဖျက်ဆီးပစ်နိုင်လောက်သည်။ သူတို့ အဆက်မပြတ် တိုက်ခိုက်လိုက်မည်ဆိုလျှင် မြေရိုင်းက ပျက်စီးလာပြီး မြက်ခင်းပြင်မီးတောက်များလည်း လွင့်ပြယ်သွားပေလိမ့်မည်။ မြက်ခင်းပြင်မီးတောက်များ မရှိတော့လျှင် ကျန်းရီက ဒယ်အိုးထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ သူတို့သည် ကျန်းရီကို စိတ်ကြိုက် သတ်ဖြတ်နိုင်မည်လည်းဖြစ်သည်။

“အကြံကောင်းပဲ”

ယိုဖုန်း အော်ပြောလိုက်၏။

“လောင်ဝူ... အားလုံးကို ချက်ချင်း နောက်ဆုတ်ဖို့ ပြောလိုက်ပါ။ ကျုပ်တို့ခုနစ်ယောက် အင်အားပူးပေါင်းပြီး ချော်ရည်မြေရိုင်းကို ဖျက်ဆီးပစ်မယ်”

“ကောင်းပြီလေ...”

ကောင်းကင်ဘုရင်ဝူ ခေါင်းညိတ်လိုက်ပြီး ရီဇူကို လှေဝမ်းထဲသို့ ဆင့်ခေါ်လိုက်၏။ ထို့နောက် နတ်ဘုရားလှေအားလုံး အဝေးသို့ ဆုတ်သွားရန် အမိန့်ပေးလိုက်သည်။ မဟုတ်လျှင် သူတို့ ချော်ရည်မြေရိုင်းကို စတင်ဖျက်ဆီးသည်နှင့် မြက်ခင်းပြင်မီးတောက်များက ပတ်ဝန်းကျင်ကို ပျံ့သွားပြီး အနီးမှ နတ်ဘုရားလှေများကို လောင်ကျွမ်းပစ်လိုက်မည်ဖြစ်သည်။

အမိန့်က လှေတစ်စီးမှ တစ်စီးထံသို့ လက်ဆင့်ကမ်းရောက်ရှိသွား၏။ မကြာခင်မှာပင် နတ်ဘုရားလှေများ စတင်ဆုတ်ခွာသွားသည်။ ၎င်းတို့သည် ကီလိုမီတာငါးထောင် ဆုတ်သွားပြီး ချော်ရည်မြေရိုင်းကို ဧရာမစက်ဝိုင်းကြီး တစ်ဝိုင်းကဲ့သို့ ဝန်းရံထားလိုက်ကြသည်။ ဆောင်းဥတုအရှင်၏ နတ်ဘုရားလှေလည်း နောက်ဆုတ်သွား၏။ သို့သော် ထိုလှေက ကီလိုမီတာတစ်ရာသာ ဆုတ်ပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ယိုဖုန်းက အပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်သော်လည်း သူ့မျက်နှာအရေပြားက မည်းနေဆဲပင် ရှိသေးသည်။ သို့သော် သူ ထိုအကြောင်းကို များစွာတွေးမနေနိုင်ပေ။ သူတို့ခုနစ်ယောက်သည် နတ်ဘုရားလှေထဲမှ ပျံထွက်လိုက်ကြပြီး ချော်ရည်မြေရိုင်းကို ဝန်းရံလိုက်ကြသည်။ ထို့နောက် သူတို့ ချော်ရည်မြေရိုင်းကို အရပ်မျက်နှာအနှံ့မှနေ၍ စတင်တိုက်ခိုက်ကြလေသည်။ အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်ခြင်းက ချော်ရည်မြေရိုင်းကို ပို၍လျင်မြန်စွာ ပျက်စီးသွားစေမည်ဖြစ်သည်။

“မကောင်းတော့ဘူး...”

အဝေးမှ တိရှအရှင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ ချော်ရည်မြေရိုင်းကို ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များက လွှမ်းခြုံမထားပေ။ ထို့ပြင် ၎င်းမြေရိုင်းက ကျောက်တုံးကြီးတစ်တုံးသာ ဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားခုနစ်ယောက်က ၎င်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။ အုပ်ချုပ်အဆင့် သိုင်းသမားတစ်ယောက်ပင် ထိုသို့လုပ်နိုင်မည်ဖြစ်သည်။

ချော်ရည်မြေရိုင်းမရှိတော့လျှင် ကျန်းရီ မည်သည်ကို မှီခိုနိုင်ဦးမည်နည်း။

ဝိညာဉ်ဘုရင်၏ မျက်နှာထားလည်း မည်းမှောင်လာ၏။ သူတို့ ဆောင်းဥတုအရှင်နှင့် ပူးပေါင်း၍ ကျန်းရီကို ကယ်မည်ဆိုလျှင် ဖြစ်နိုင်လောက်သည်။ သို့သော် သူတို့၏အဆင့်အတန်းအရ သူတို့ ပေါ်ပေါ်ထင်ထင်လုပ်၍ မရသော ကိစ္စများစွာ ရှိသည်။ သူတို့ကိုယ်တိုင် စည်းမျဉ်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်လျှင် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။

တိရှအရှင်၊ ဝိညာဉ်ဘုရင်နှင့် ဆောင်းဥတုအရှင်တို့သည် လူတစ်ယောက်အတွက်နှင့် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားအောင် လုပ်ရန် မတန်ဟု တွေးကြသည်။ သူတို့က ဘုံအရှင်များ၊ မျိုးနွယ်ခေါင်းဆောင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့တွင် ထည့်တွက်စရာများစွာ ရှိပေသည်။

ရွှစ်...ရွှစ်...ဟဲ...ဟဲ... ဝှစ်...ဝှစ်...

အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က မြေရိုင်းကို စတင်တိုက်ခိုက်နေပေပြီ။ သူတို့သည် အရပ်မျက်နှာတစ်ဘက်စီတွင် ရပ်၍ ချော်ရည်မြေရိုင်းကို စွမ်းအားကြီး အလင်းတန်းများဖြင့် ပစ်နေကြသည်။ အလွန်ကျယ်လောင်သော အသံကြီးများကို ကြားနေရပြီး မြေရိုင်းတစ်ခုလုံး တုန်ခါသွားသည်။ ထို့နောက် မြေရိုင်းပေါ်တွင် တွင်းနက်ကြီးခုနစ်တွင်း ထွက်ပေါ်လာပေသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများက ကြောက်မက်ဖွယ်ကောင်းသည်။ ချော်ရည်မြေရိုင်းမှာ ဧရာမကျောက်တုံးကြီးတစ်တုံးသာဖြစ်သည်။ ၎င်းကို ဖျက်ဆီးပစ်ရန်မှာ အလွန်လွယ်ကူပေသည်။

ဟုန်း...ဟုန်း...

ချော်ရည်မြေရိုင်းတစ်ခုလုံး တုန်ခါသွားသဖြင့် မြေရိုင်းအလယ်ရှိ ချိုင့်ဝှမ်းကြီးထဲမှ မီးတောက်များက အထက်ငါးကီလိုမီတာအမြင့်အထိ ထိုးထွက်လာကြ၏။ ကျန်းရီ ပတ်ပတ်လည်မှ ချော်ရည်ပူများကလည်း ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ သို့သော် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က ချော်ရည်မြေရိုင်းနှင့် အနည်းဆုံး ငါးဆယ်ကီလိုမီတာအကွာတွင် ရှိနေကြသဖြင့် အပူဒဏ်ကို မခံစားကြရပေ။

ဝှစ်...ဝှစ်...ဝှစ်...

ဧရာမအလင်းတန်းများက တစ်တန်းပြီးတစ်တန်း မြေရိုင်းကို ထိမှန်နေကြသည်။ မြေရိုင်းပေါ်မှ တွင်းများကလည်း ပို၍ပို၍ နက်လာသည်။ ထို့နောက် အရပ်မျက်နှာအနှံ့သို့ အက်ကြောင်းများ ဆန့်တန့်သွားလေသည်။

‘လခွမ်းပဲ...’

ကျန်းရီက ချော်ရည်မြေရိုင်း၏ အလယ်တွင် ရှိနေခြင်းပင်။ ထိုအခိုက်တွင် မိုးပြိုလာသည်ဟု သူ ခံစားလိုက်ရသည်။ ပေါက်ကွဲသံကြီး ခုနစ်သံကို စတင်ကြားကတည်းက အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က အင်အားပူးပေါင်း၍ မြေရိုင်းကို တိုက်ခိုက်နေပြီဖြစ်ကြောင်း သူ သိခဲ့သည်။ သူတို့ကို မြေရိုင်းကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေကြခြင်းပင်။

သို့သော် ကျန်းရီ ဘာလုပ်နိုင်မည်နည်း။ သူလုပ်နိုင်သည့်အရာဆို၍ ချော်ရည်မြေရိုင်း တစ်စစီပျက်စီးသွားသည်ကို ရပ်ကြည့်နေရန်သာ ရှိသည်။ ထို့ပြင် ကောင်းကင်ဝါးမျိုသားရဲလေး ဤနေရာမှ ထွက်သွားနိုင်အောင် သူ လုပ်ပေးရမည်။ ချော်ရည်မြေရိုင်းက အဆက်မပြတ် တုန်ခါလာသောအခါ မြက်ခင်းပြင်မီးတောက်များလည်း မတည်မငြိမ် ဖြစ်လာသည်။ ၎င်းတို့က အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့သာ ကျန်းရီကို လွှမ်းခြုံလိုက်လျှင် ကျန်းရီ အရှင်လတ်လတ် မီးလောင်သွားနိုင်ပေသည်။

ဝုန်း...

ကျန်းရီသည် ထွက်ပြေးရင်း တွေးတောနေ၏။ ပြင်းထန်သော တိုက်ခိုက်မှုများ နောက်တစ်ချီ ကျဆင်းလာပြီးနောက်တွင် မြက်ခင်းပြင်မီးတောက်များက ကျန်းရီထံသို့ စတင် ရွေ့လျားလာပေသည်။ စက္ကန့်ပိုင်းအတွင်း ၎င်းမီးတောက်များက ကျန်းရီကို ဝါးမျိုသွားပေတော့မည်။

All Chapters