← Chapters

သူတော်စင်တစ်သောင်းဘုံသို့

Vol. 114 Ch. 1591

သူတော်စင်တစ်သောင်းဘုံသို့

Vol. 114 Ch. 1591

“လှံနက်...”

ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် မျိုးနွယ်ကြီးများမှဖြစ်၍ ကောင်းကင်ဘုရင်ယို၏ လှံနက်ကို သိကြသည်။ ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခုပင်။ ကောင်းကင်ဘုရင်ယို အသတ်ခံရပြီးနောက်တွင် သူ၏လှံနက်နှင့် ကျောက်စိမ်းဖြူချပ်ဝတ်တို့က ကျန်းရီ၏အပိုင် ဖြစ်သွားခဲ့သည်။ သူတို့ ထိုအကြောင်းကို ကြားမိပေသည်။

ကျန်းရီက ထိုရှေးဦးဝိညာဉ်ရတနာကို မသန့်စင်ရသေးသော်လည်း ၎င်း၏ အရှိန်အဝါသည်ပင် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ ၎င်းပတ်ပတ်လည်တွင် အနက်ရောင်အလင်း တောက်ပနေပြီး ၎င်းမှနေ၍ သတ်ဖြတ်အရှိန်အဝါ ခပ်ရေးရေးတစ်ခု ထွက်နေသည်။ ထိုအရှိန်အဝါကို ကျန်းရီ၏ အေးစက်စက်အကြည့်နှင့် ပေါင်းစပ်လိုက်သောအခါ ပိုင်တိထျန်းနှင့် ချိုးရန်တို့ နှစ်ယောက်သား ရေခဲခန်းထဲသို့ ရောက်သွားသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားကြလေသည်။

ကျန်းရီက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များကို အထင်မကြီးတော့ပြီဖြစ်ကြောင်း ထင်ရှားသည်။ သူက ရှေးဦးဝိညာဉ်ရတနာများကို လိုချင်ခြင်းပင်။ သူတို့နှစ်ယောက်သာ ထိုရတနာများ မသေးနိုင်လျှင် သူက သူတို့ကို သတ်ပေလိမ့်မည်။

ဖျောက်...ဖျောက်...

ပိုင်တိထျန်းနှင့် ချိုးရန်တို့၏ ချွေးများက ကြမ်းပြင်ပေါ်သို့ တဖျောက်ဖျောက် စီးကျနေ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ပိုင်တိထျန်း အံကြိတ်ကာ ပြောလိုက်သည်။

“နတ်ဘုရားအမြစ်သန်းနှစ်ရာနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် အခုနှစ်ဆယ်”

ကျန်းရီ ရင်ခုန်သွား၏။ ပိုင်တိထျန်းက သူ၏ကမ်းလှမ်းမှုကို တစ်ချီတည်း နှစ်ဆတိုးပေးလိုက်သည်။ ကျန်းရီသာ သူ့ကို ထပ်ခြောက်လှန့်လိုက်မည်ဆိုလျှင် ထပ်၍ နှစ်ဆတိုးလာဦးမည်လော။ ကျန်းရီ အေးစက်စက် ပြုံးလိုက်ပြီး မည်သို့မှ ထပ်မပြောတော့ဘဲ ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်၏။ ထိုနှစ်ယောက်က ဤနေရာတွင် ဒူးထောက်နေရသည်နှင့်ပင် မျက်နှာပျက်နေရပြီ မဟုတ်လော။ ဤခန်းမထဲတွင် မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများလည်း ရှိနေသည်။ ထိုအခြေအနေက ကြာလေလေ၊ သူတို့ မျက်နှာပိုပျက်ရလေလေပင်။

“...”

ပိုင်တိထျန်းနှင့် ချိုးရန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု လက်သွားသည်။ သူတို့သည် စိတ်ထဲတွင် ကျန်းရီနှင့် ကျန်းရီ၏ဘိုးဘေးများကို ဆဲဆိုနေပြီဖြစ်သည်။ သို့သော် ထုတ်၍တော့ မပြောဝံ့ကြပေ။ လက်ရှိကမ်းလှမ်းမှုကပင် သူတို့မျိုးနွယ်နှစ်ခုက သတ်မှတ်ပေးထားသည့် ပမာဏထက် ကျော်လွန်နေပြီဖြစ်သည်။ သို့သော် ကျန်းရီက မကျေနပ်သေးသည်လော။

မျိုးနွယ်နှစ်ခုစလုံးတွင် ရှေးဦးဝိညာဉ်ရတနာများ ရှိ၏။ သို့သော် ပြဿနာမှာ သူတို့နှစ်ယောက်ထံတွင်မူ ထိုရတနာများ မရှိခြင်းပင်။ မျိုးနွယ်၏ ရှေးဦးဝိညာဉ်ရတနာများက မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင် သို့မဟုတ် မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ၏ လက်ထဲတွင် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့က ကျန်းရီကို ထိုရတနာများ မည်သို့ ပေးနိုင်မည်နည်း။

ငါးမိနစ်...ဆယ်မိနစ်...

ကျန်းရီက ရုတ်တရက် ထရပ်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ အပြင်သို့ လျှောက်သွား၏။ ပိုင်တိထျန်းနှင့် ချိုးရန်တို့ နှစ်ယောက်သား အလွန်ထိတ်လန့်သွား၏။ ညှိနှိုင်းခြင်းက မအောင်မြင်ခဲ့သည်လော။ ကျန်းရီသာ မကျေနပ်လျှင် သူတို့နှစ်ယောက်သည် တစ်သက်လုံး မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်အနားတွင်သာ ကပ်နေရပေလိမ့်မည်။ မဟုတ်ပါက သူတို့ကို မည်သူက ကာကွယ်ပေးနိုင်မည်နည်း။

“နတ်ဘုရားအမြစ်သန်းငါးရာနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် အခုငါးဆယ်”

ပိုင်တိထျန်း ခပ်သွက်သွက် အော်ပြောလိုက်၏။ သူ၏အသံက အလွန်ကျယ်လောင်သွားသဖြင့် ရဲတိုက်ထဲရှိ နေရာတော်တော်များများသို့ ရောက်ရှိသွား၏။ သူ့အသံကို ကြားလိုက်သော လူများစွာသည် အလွန်အံ့ဩသွားပြီး ဖင်ထိုင်ရက် လဲကျသွားကြ၏။ ထိုပမာဏက ဘုံအသေးလေးတစ်ဘုံကိုပင် ဝယ်နိုင်လောက်သည် မဟုတ်လော။ ဤတစ်ကြိမ်တွင် မျိုးနွယ်နှစ်ခုသည် အမှန်ပင် တန်ကြေးကြီးကြီးတစ်ခု ပေးလိုက်ရပေပြီ။

“အင်း...”

ကျန်းရီသည် တံခါးသို့ လျှောက်နေရာမှ ပြန်လှည့်၍ ပြုံးကာ ကျေကျေနပ်နပ် ပြောလိုက်၏။

“အဲ့ဒါတွေကို မြန်မြန်ပို့ပေးလိုက်ပါ။ ပြီးတော့ ငါ ရှိတဲ့နေရာတွေမှာ မင်းတို့နှစ်ယောက် ပေါ်မလာကြနဲ့။ ငါ မင်းတို့မျက်နှာတွေကို မြင်ရရင် စားဝင်မှာ မဟုတ်ဘူး။ ထကြတော့... ယောက်ျားဆိုတာ သတ္တိရှိဖို့လိုတယ်။ အခုလိုဒူးထောက်နေကြတာ မြင်မကောင်းဘူး”

ရှပ်...ရှပ်...ရှပ်...

ကျန်းရီသည် ပြောဆိုပြီးနောက် အခန်းထဲမှ ထွက်သွားရာ လက်ထောက်တပ်မှူးသည် ကျန်းရီကို တည်နေရာပြောင်းရွှေ့အစီအရင် အစစ်အမှန်သို့ ခပ်သွက်သွက် လိုက်ပို့လိုက်၏။ ပိုင်တိထျန်းနှင့် ချိုးရန်တို့၏ ခံညားသော မျက်နှာများက ရှုံ့တွနေ၏။ သူတို့သည် လက်သီးလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူတို့လက်မှ သွေးကြောများက ပေါက်ထွက်တော့မလိုပင်။ ဤကိစ္စကိုသာ အားလုံးသိသွားလျှင် သူတို့၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားပေလိမ့်မည်။ သူတို့လည်း မည်သည့်အခါတွင်မှ မျက်နှာပြနိုင်တော့မည် မဟုတ်ပေ။ သို့သော် သူတို့ အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းနိုင်လျှင်တော့ ဂုဏ်ပြန်တက်လာနိုင်ပေသည်။

အပြင်ဘက်မှ စွမ်းအားကြီး သိုင်းသမားများစွာသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့သည် ကျန်းရီအပေါ် အပြစ်မပြုမိခဲ့၍ ဝမ်းသာနေကြသည်။ မဟုတ်လျှင် ယနေ့ ကျန်းရီကို ဒူးထောက်တောင်းပန်ခဲ့ရသော ပိုင်တိထျန်းနှင့် ချိုးရန်တို့၏ နေရာ၌ သူတို့ဖြစ်သွားမည်ဖြစ်သည်။

“နတ်ဘုရားအမြစ်ငါးသန်းနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် အခုငါးဆယ်”

အခြားရဲတိုက်တစ်ခုထဲတွင် ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အတန်ငယ် မျက်နှာပျက်သွားကြ၏။ ကျန်းရီက မညှာမတာနှင့် များစွာတောင်းခဲ့သည်။ မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့သာ ထိုအကြောင်းကို သိသွားလျှင် သေချာပေါက် စွေ့စွေ့ခုန်ကာ ကျန်းရီကို ဆဲဆိုနေပေလိမ်မည်။

သို့သော် ကောင်းကင်ဘုရင်ဝူတို့ သက်ပြင်းလည်း ချက်နိုင်လိုက်ကြသည်။ ကျန်းရီက မည်သူ့ကိုမှ မသတ်ခဲ့ပေ။ ၎င်းသည်ပင် အကောင်းဆုံးအခြေအနေ ဖြစ်နေပြီဖြစ်သည်။ အကယ်၍ ကျန်းရီသာ တစ်စုံတစ်ယောက်ကို သတ်ခဲ့မည်ဆိုလျှင် သူတို့နှစ်ယောက်က သူ့ကို အပြစ်ပေးဝံ့ပါမည်လော။ သူတို့နှစ်ယောက်တွင် စောင့်ရှောက်ရမည့် မျိုးနွယ်များရှိသည်။ ထို့ကြောင့် သူတို့သည် မိစ္ဆာမျိုးနွယ်မှ ဧကရာဇ်အဆင့် သိုင်းသမားက သူတို့၏မျိုးနွယ်များကို ရှင်းပစ်မည်ကို ကြောက်ပေသည်။

***

ကျန်းရီသည် တည်နေရာပြောင်းရွှေ့ခန်းမတစ်ခုထဲသို့ ဝင်၍ ရှေးဦးဆန်းကြယ်နယ်မြေသို့ တည်နေရာပြောင်းရွှေ့လိုက်၏။

ရှေးဦးဆန်းကြယ်နယ်မြေက ယခင်မှအတိုင်းပင်။ စောင့်ကြပ်သူမှာလည်း ယခင်က စောင့်ကြပ်သူပင်ဖြစ်သည်။ သို့သော် နယ်မြေထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသူများကတော့ နည်းသွားပြီဖြစ်သည်။ လူများစွာက ကျန်းရီကို လိုက်ရှာရာတွင် ပါဝင်ခဲ့ရပုံရသည်။

“အန်...”

အလယ်တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေသော စောင့်ကြပ်သူသည် ကျန်းရီကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အတန်ငယ် အံ့အားသင့်သွား၏။ ပြီးခဲ့သည့်အခေါက်တွင် ကျန်းရီက ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ရရှိခဲ့သဖြင့် စောင့်ကြပ်သူသည် ကျန်းရီကို မှတ်မိနေခဲ့သည်။

ကျန်းရီက အချိန်တိုအတွင်း မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ယင်းမှာ မဖြစ်နိုင်လုနီးပါးပင်။ ကျန်းရီသာ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ တစ်လှည့်စီ ဝင်နေခဲ့ခြင်းမဟုတ်လျှင် ထိုအဆင့်သို့ ဤမျှမြန်မြန် ရောက်မသွားနိုင်သင့်ပေ။ သို့သော် ထိုနယ်မြေများထဲသို့ ဘုံအရှင်တစ်ပါး၏ သားတော်သည်ပင် မကြာခဏဝင်နိုင်သည် မဟုတ်ချေ။

“ကျန်းရီလား...”

ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် ရှိနေသော လူအချို့သည် ကျန်းရီကို မှတ်မိကြ၏။ သူတို့သည် ကျန်းရီကို လိုက်ရှာကာ ကျန်းရီ၏ တိုက်ပွဲကြီးကို ကြည့်ပြီးမှ ဤနယ်မြေထဲ ပြန်ဝင်လာခဲ့ခြင်းဖြစ်မည်။ သူတို့အနည်းငယ်၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ကျန်းရီက တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်မှ သူတို့ သက်ပြင်းချနိုင်လိုက်ကြပေသည်။

‘အဲ့ကောင်စုတ်လေးက...’

စောင့်ကြပ်သူသည် ယခုတွင် ပို၍ပင် စိတ်ဝင်စားလာပြီဖြစ်သည်။ ထိုလူများ၏ မျက်ဝန်းများထဲမှ အကြောက်တရားများက ထင်ရှားခဲ့သည် မဟုတ်ပါလား။ ထိုကောင်လေးသည် ဘွဲ့ထူးရစစ်နတ်ဘုရားအချို့ကိုပင် ကြောက်ရွံ့သွားစေသည်လော။ မကြာသေးခင်က မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ခြင်းနည်း။

စောင့်ကြပ်သူသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းခါကာ တွေးတောခြင်းကို ရပ်တန့်လိုက်၏။ သူ နေရမည့်အချိန် သိပ်မကျန်တော့ပေ။ ထို့ကြောင့် လောကထဲမှ ကိစ္စများကို သူ အရေးစိုက်မနေလိုချေ။ ကျန်းရီက အုပ်ချုပ်သူအဆင့်သို့ ရောက်သွားလျှင်ပင် ယင်းက သူနှင့်မဆိုင်ပေ။

အချိန်က အကန့်အသတ်ရှိသဖြင့် ကျန်းရီသည် မည်သူကိုမှ အာရုံမထားဘဲ ချက်ချင်း ထိုင်ချကာ ကောင်းကင်စွမ်းအား ကျင့်ကြံရင်း အနှစ်သာရကို ဆက်လေ့လာလိုက်သည်။ သူသည် လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်ထား၏။ အတန်ငယ် ကြာပြီးနောက် သူ၏စိတ်ဝိညာဉ်က အပြင်းအထန် လှုပ်ရှားလာသည်ကို သူ သတိပြုမိလိုက်ပေသည်။

နတ်ဘုရားသစ်ရွက်ကို ကိုင်ထားလျှင် ကျန်းရီ၏ သိမြင်နားလည်နိုင်စွမ်းက ပိုလျင်မြန်လာသည်။ ယခု သူက ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် ဖြစ်ရာ သိမြင်နားလည်နိုင်စွမ်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှထက်ပင် နှစ်ဆပိုမြန်နေသည်။ ၎င်းနတ်ဘုရားသစ်ရွက်က မည်သည့်အရာနည်း။ ၎င်းက ထိုမျှ ဆန်းကြယ်ကာ စွမ်းအားကြီးသည်လော။

‘ငါ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို ပြန်သွားပြီး အဲ့မိစ္ဆာမျိုးနွယ်အရှင်ကို ကျေးဇူးသွားတင်ရမယ်’

နတ်ဘုရားသစ်ရွက်ကို နတ်ဘုရားသစ်ပင်က ပေးလိုက်ခြင်းပင်။ နတ်ဘုရားသစ်ပင်က သူ၏အသက်ကိုလည်း ကယ်တင်ခဲ့ရာ ကျန်းရီ အလွန်ကျေးဇူးတင်နေသည်။ ကျန်းရီသည် ထိုအကြောင်းကို ခေတ္တမျှ တွေးတောပြီးနောက် ဆက်ကျင့်ကြံလိုက်ပေသည်။ ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် သူ၏ကောင်းကင်စွမ်းအား ကျင့်ကြံနှုန်းက အလွန်လျင်မြန်သည်။ ထို့ကြောင့် သူ ကျင့်ကြံခြင်းထဲတွင်သာ စိတ်နစ်သွားပြီး အချိန်နှင့် ကျန်အရာအားလုံးကို မေ့လျော့သွားသည်။

သုံးရက်ဆိုသောအချိန်က အလွန်တိုတောင်းပေသည်။ ကျန်းရီ စိတ်နှစ်ကာ ကျင့်ကြံနေဆဲပင်မှာပင် အားကောင်းသော စုပ်အားတစ်ခုက သူ့ခန္ဓာကိုယ်ကို အပြင်သို့ စုပ်ယူလိုက်သည်ကို ခံစားလိုက်ရသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်နေပြီဖြစ်သည်။

‘ဟူး... အဲ့အနှစ်သာရက အရမ်းရှုပ်ထွေးတာပဲ။ ငါ အဲ့ဒါနဲ့ အပိုင်းနည်းနည်းကိုပဲ နားလည်သေးတယ်။ ကြည့်ရတာ ငါ တိုက်ပွဲအမှတ်တွေ ပိုစုဆောင်းရမဲ့ပုံပဲ’

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ လက်ထောက်တပ်မှူးက သူ့ကို အပြင်တွင် စောင့်နေ၏။ သူ အပြင်ရောက်သည်နှင့် လက်ထောက်တပ်မှူးက လက်ဆုပ်အရိုအသေပေးကာ သူ့အား လက်စွပ်တစ်ကွင်း ပေးလိုက်သည်။

“အရှင်... အကုန်လုံးက ဒီထဲမှာပါ။ စစ်ဆေးကြည့်လိုက်ပါ”

ကျန်းရီသည် လက်စွပ်ကို ယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ပြည့်ပါတယ်.. ဟိုနှစ်ယောက် အိမ်ပြန်သွားပြီလား”

“ဟုတ်ကဲ့”

လက်ထောက်တပ်မှူးက ခေါင်းညိတ်ပြရုံသာပြလိုက်ပြီး အသေးစိတ်ရှင်းပြမနေပေ။ ကျန်းရီလည်း လက်ထောက်တပ်မှူးကို အရေးစိုက်မနေတော့ဘဲ မီးဖီးနစ်တပ်စခန်းဆီသို့သာ ပြန်သွားလိုက်သည်။ သူ တပ်စခန်းထဲ ရောက်သောအခါ ချီချင်ချန်က တာဝန်စာလိပ်တစ်လိပ်အား ကိုင်ထားသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။

“စစ်သူကြီး... ကျွန်တော်တို့ တာဝန်သွားထမ်းဆောင်ကြတော့မှာလား”

“ဟုတ်တယ်...”

ချီချင်ချန်သည် စာလိပ်ကို ကျန်းရီထံ လှမ်းပေးကာ ပြောလိုက်၏။

“ကျွန်မ အဲ့တာဝန်ကိုယူဖို့ စဉ်းစားနေတာ။ ရမဲ့ဆုက မနည်းဘူး... တာဝန်နေရာကတော့ သူတော်စင်တစ်သောင်းဘုံနားက ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေထဲမှာ။ ကျန်းရီ... ရှင့်မှာ အစွမ်းထက် မီးဒဏ်ခံပုလဲတစ်လုံး ရှိတယ်မလား။ ကျွန်မရဲ့ မီးဒဏ်ခံပုလဲကလည်း တော်တော်စွမ်းအားကြီးတယ်။ ကျွန်မတို့သာ အတူပူး‌ပေါင်းလုပ်ဆောင်မယ်ဆိုရင် အဲ့တာဝန်က မခက်လောက်ပါဘူး”

“သူတော်စင်တစ်သောင်းဘုံလား”

ကျန်းရီသည် ‘သူတော်စင်တစ်သောင်းဘုံ’ဆိုသော စကားကို ကြားသောအခါ တာဝန်၏ အသေးစိတ်ကို မဖတ်နိုင်တော့ဘဲ မျက်လုံးများ အရောင်လက်သွား၏။ ဆန်းကြယ်ဧကရာဇ်က သူတော်စင်တစ်‌သောင်းဘုံတွင် မဟုတ်လော။ ကျန်းရီသည် သူတော်စင်တစ်သောင်းဘုံသို့ သွားရန် အခွင့်အရေးမရခဲ့ပေ။ ကိစ္စများစွာ ဖြစ်ပျက်ခဲ့၍လည်း သူ ထိုဘုံအကြောင်းကို မေ့နေခဲ့သည်။

“ကောင်းပါပြီ... သွားကြတာပေါ့”

ကျန်းရီ တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်၏။

လူသားတိုင်း ဆန်းကြယ်ဧကရာဇ်ကို စံပြထား၍ နေထိုင်သင့်သည်။ ဆန်းကြယ်ဧကရာဇ်က ကျန်းရီ၏ စံပြပုဂ္ဂိုလ်ဖြစ်သလို ကျေးဇူးရှင်လည်းဖြစ်သည်။ ထို့ကြောင့် သူ ဆန်းကြယ်ဧကရာဇ်ကို အရိုအသေသွားပေးလိုခြင်းမှာ သဘာဝကျပေသည်။

All Chapters