← Chapters

မူလဘူတဓား

Vol. 57 Ch. 774

မူလဘူတဓား

Vol. 57 Ch. 774

"သူက ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ" ဓားမော့နတ်ဆိုး‌မြောင်ချန်ရှင်းရဲ့မျက်နှာအမူအရာက မည်းမှောင်သွားတော့တယ်။

လီဖူချန်းပြသခဲ့တဲ့ခွန်အားက သူ့ကိုတောင် ဖမ်းစားသွားတယ်။

"မင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး" ဓားမော့ဧကရာဇ်ချူခွမ်းက ပြောလိုက်တယ်။

လီဖူချန်းက ပြောင်ကလန်ရဲ့ရန်သူဖြစ်တာကို မြောင်ချန်ရှင်းထံမှ ချူခွမ်းက သိထားပြီးဖြစ်တယ်။

လီဖူချန်းက တစ်ချိန်လုံး သက်သောင့်သက်သာနဲ့ တိုက်ခိုက်နေတာကို ချူးခွမ်းက မြင်နိုင်တယ်။ လီဖူချန်းက အခုထိ သူ့ခွန်အားအပြည့်နဲ့ မတိုက်ခိုက်ရသေးဘူးကို သူ သိပါတယ်။

မြောင်ချန်ရှင်းက ချူခွမ်းရဲ့အဓိပ္ပါယ်ကို နားလည်တယ်၊သူ့မျက်နှာက ပိုပြီးတော့တောင် မည်းမှောင်သွားတော့တယ်။

"မစိုးရိမ်နဲ့၊ ငါ သူ့ကို မင်းအတွက် ဖြေရှင်းပေးမှာပါ" ချူခွမ်းက ပြောလိုက်တယ်။

"ဒါဆိုရင် ငါ အကိုချူကို ဒုက္ခဖြစ်စေမိပြီး"

မြောင်ချန်ရှင်းက အရှက်ရှိတဲ့လူစားမျိုး မဟုတ်ပါဘူး။ လိီဖူချန်းရဲ့ခွန်အားက သူမျှော်မှန်းထားတာရဲ့အထက်မှာ ရှိတယ်။ သူက လိီဖူချန်းကို တစ်ယောက်တည်း တိုက်ခိုက်ရင် သေချာပေါက် သူ နိုင်မှာမဟုတ်ဘူး။ ဓားမော့ဧကရာဇ်ချူခွမ်းရဲ့အကူအညီနဲ့သာ အသေချာဆုံး ဖြစ်မှာပါ။

"ဒါ သူ့ရဲ့ခွန်အားအမှန်လား"

မူရုံယိုယွီက လုံးဝယုံကြည်သွားတော့တယ်။ ထန်ရှင်းရဲ့ကြယ်ဓားတာအိုနဲ့ရင်ဆိုင်ရတဲ့အခါ သူမက အားသွန်ခွန်စိုက် တိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားတာအိုနဲ့ရင်ဆိုင်ရတဲ့အခါ သူမက ဘာမှ မလုပ်နိုင်ပါဘူး။ ဟင်းလင်းပြင်တာအိုက စွယ်စုံတာအိုလို့ လူသိများပါတယ်။

"မင်းရဲ့ခွန်အားက မဆိုးပါဘူး"

လီဖူချန်းက မူရုံယိုယွီရဲ့ခွန်အားကို အသိအမှတ်ပြုပါတယ်။

သူ့ရဲ့ဓားတာအိုက အရင်ကနဲ့ လုံးဝမတူတော့လို့ပါ။

ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာရဲ့သုံးကွက်လုံးက အဆုံးစွန်းနဲ့ နီးကပ်နေတယ်။ အတိတ်မှာတုန်းက တတိယကွက်ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကသာ ဓားတာအိုအဆုံးစွမ်းနဲ့ နီးကပ်တာ။

မသိလိုက်မသိဘာသာနဲ့ ဓားပြိုင်ပွဲက ‌နောက်ဆုံးအဆင့်ကို ရောက်ရှိလာပါပြီး။

ဒီအတောအတွင်း မူရုံယိုယွီက ကြက်သွေးရောင်မီးဓားဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့တယ်။

စောစောက တိုက်ခိုက်မှုအတွေ့အကြုံတွေကြောင့် ကြက်သွေးရောင်မီးဓားဧကရာဇ်က ကြက်သွေးရောင်သွေးဓားဆန္ဒရဲ့ဒုတိယအဆင့်ကို တဖြည်းဖြည်းနဲ့ တည်ငြိမ်လာပါတယ်။ သူ့ခွန်အားက မူရုံယိုယွီကို ဖိအားပေးဖို့ လုံလောက်ခဲ့ပြီး သူမကို ရှုံးလုနီးပါးဖြစ်စေခဲ့တယ်။

ဒါပေမယ့် အဆုံးမှာတော့ ကြက်သွေးရောင်မီးဓားဧကရာဇ်က ရှုံးတုန်းပါပဲ။

လူတိုင်းရဲ့အမြင်မှာ‌တော့ ကြက်သွေးရောင်မီးဓားဧကရာဇ်ရှုံးတာက ကျိုးကြောင်းသင့်ပါတယ်လေ။

ပထမဆုံး ပျော့ပျောင်းရေဓားတာအိုက မီးလျှံမီးဓားတာအိုအတွက် သဘာဝအဆိပ်တစ်ခုပဲ။

ဒုတိယကတော့ မူရုံယိုယွီရဲ့ဓားတာအိုက အနည်းငယ် ပိုမြင့်တယ်။

သည်ပြိုင်ပွဲပြီးနောက် အဆင့်သတ်မှတ်ချက်တွေက ပိုရှင်းလာပါတယ်။

အံ့အားသင့်စရာတစ်ခုမှ မရှိဘဲ မူရုံယိုယွီက နံပါတ်၆၊ ကြက်သွေးရောင်မီးဓားဧကရာဇ်က နံပါတ်၇၊ တောင်မြစ်ဓားဧကရာဇ်က နံပါတ်၈၊ ယုဝမ်ဟောင်ကျဲက နံပါတ်၉၊ လေဖမ်းဓားဧကရာဇ်က နံပါတ်၁၀ ဖြစ်တယ်။ ထိပ်ဆုံးငါးယောက်အတွက်‌ကတော့ ခံစားချက်မဲ့ဓားဧကရာဇ်၊ နှလုံးသားဓားအာဏာရှင်၊ လီကျန့်ရှင်း၊ ထန်ရှင်းနဲ့ လီဖူချန်းတို့ ဖြစ်တယ်။

သူတို့အချင်းချင်း မတိုက်ခိုက်ရသေးတာကြောင့် ထိပ်ဆုံးငါးယောက်က မသေချာသေးပါဘူး။

လူတိုင်း ခန့်မှန်းထားခဲ့တာကတော့ နှလုံးသားဓားအာဏာရှင်က နံပါတ်၁ဖြစ်ပြီး ခံစားချက်မဲ့ဓားဧကရာဇ်နဲ့လီကျန့်ရှင်းတို့က နံပါတ်၂အတွက် ရင်ဆိုင်ရမှာပါ။ လီဖူချန်းနဲ့ထန်ရှင်းတို့က နံပါတ်၄အတွက် ယှဉ်ပြိုင်ရမှာပေါ့။ အခုတော့ လီဖူချန်းရဲ့အနိုင်ရမှုက ပိုမြင့်လာပြီး နံပါတ်၄ဖြစ်ဖို့အတွက် အခွင့်အရေးပိုများလာပါတယ်။

"သိုငိးစင်မြင့်၉၊ လီဖူချန်းနဲ့ထန်ရှင်း"

သူတို့ရဲ့ခန့်မှန်းမှုကို သက်သေပြဖို့ အချိန်ရလာပြီးပေါ့။

သိုင်းစင်မြင့်ပေါ်မှာ လီဖူချန်းနဲ့ထန်ရှင်းက လေးဆယ်မီတာအကွာမှာ ရပ်နေတယ်။ သူတို့ရဲ့ဓားစွမ်းပကားက ပထမဆုံးထိပ်တိုက်တွေ့ကြတယ်။

လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားစွမ်းပကားမှာ အလွှာတွေ၊အဆင့်တွေ ရှိတယ်၊ ပဲ့တင်ထပ်နေတဲ့ချောက်ကြီးတစ်ခုနဲ့ တူပြီး သတ်ဖြတ်ခြင်းဆန္ဒကို ဖုံးကွယ်ထားတယ်။

ထန်ရှင်းရဲ့ကြယ်ဓားစွမ်းပကားက ထူထပ်သိပ်သည်းပြီးလွှမ်းမိုးနိုင်တယ်၊ အတွင်းဘက်မှာ သန်မာပြီး အပြင်ဘက်မှာ မာကျောကြမ်းတမ်းတယ်။

အထူးဓားတာအိုနှစ်ခုတွေ့ဆုံတဲ့အခါ မြေပြင်ပေါ်ကို ကြယ်တံခွန်ကျလာသလို ခံစားရတယ်။

"ကြယ်ပြောင်းလဲခြင်း"

ထန်ရှင်းက ပထမဆုံးဓားကွက်ထုတ်လိုက်တယ်။ ဓားချီက အဆက်မပြတ်လိမ့်နေ‌တဲ့မရပ်တန့်နိုင်တဲ့ကြယ်တစ်ခုပမာ ရှေ့ကို လူးလိမ့်လာတယ်။

ခရက် ခရက် ခရက်.........

သိုင်းစင်မြင့်ပေါ်မှ သေးငယ်တဲ့အက်ကွဲကြောင်းတွေ ဖြစ်လာတယ်။ သိုင်းစင်မြင့်က ကြယ်ဓားစွမ်းပကားမှ ဖိအားကို မတောင့်ခံနိုင်တဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် သိုင်းစင်မြင့်မှာ အစီအရင်တွေ ရှိပြီး အက်ကြောင်းတွေ ဖြစ်ပေါ်လာတာနဲ့ သူတို့က ပြန်လည်ပြုပြင်ပြီး သိုင်းစင်မြင့်ရဲ့အခြေအနေကို ထိန်းသိမ်းလိုက်ပါတယ်။

အနေအထားကို မြင်ပြီး လီဖူချန်းက သူ့ရဲ့ဓားကို ဆွဲထုတ်ကာ ဓားစွမ်းပကားနဲ့ဓားချီကို တုံ့ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုက ချက်ချင်း လမ်းကြောင်းပြောင်းသွားပြီး လီဖူချန်းနောက် အဆီးအတားကို ထိမှန်သွားတယ်။

အဆီးအတားက လှိုင်းတွေ တုန်ခါသွား‌တော့တယ်။

"နေကြယ်ပမာတောက်ပခြင်း"

ဓားချီမှ အလင်းတွေ ပေါက်ထွက်လာပြီး နေတစ်စင်းနဲ့ တူပါတယ်။ ထူထပ်သိပ်သည်းပြီး ခမ်းနားကြီးကျယ်တဲ့အရှိန်အဝါ ရှိပါတယ်။

လီဖူချန်းနဲ့ရင်ဆိုင်ရတဲ့အခါ ထန်ရှင်းက သူ့ရဲ့ခွန်အားအပြည့်ကို ထုတ်သုံးလိုက်တယ်၊ သူက ကြက်သွေးရောင်မီးဓားဧကရာဇ်နဲ့မူရုံယိုယွီတို့ကို တိုက်ခိုက်တုန်းကနဲ့ မတူပါဘူး။ ထန်ရှင်းရဲ့ကြယ်ဓားတာအိုက ခံစစ်ရောတိုက်စစ်ရော ကောင်းပါတယ်။ သူ့ရဲ့တိုက်စစ်က မူရုံယိုယွီထက် မနိမ့်ကျဘူး၊ သူ့ရဲ့ခံစစ်က မူရုံယိုယွီထက် မြင့်ပါတယ်။

ဒီတစ်ကြိမ်မှာ‌တော့ ထန်ရှင်းရဲ့ဓားစွမ်းပကားနဲ့ဓားချီကို လမ်းလွှဲရာမှာ အခက်အခဲအနည်းငယ်ရှိသွားတယ်။

"ကြယ်ကြွေတိမ်ဖြန့်ကြဲခြင်း"

ထန်ရှင်းက ဓားကွက်တွေကို အဆုံးစွန်းမြန်နှုန်းနဲ့ ထုတ်ဖော်လိုက်တယ်။ အရင်ဓားစွမ်းပကားက မပျံ့နှံ့ခင် သူက နောက်ဓားကွက်ကို ချိတ်ဆက်ထားပြီးဖြစ်တယ်။ သူက လီဖူချန်းကို အသက်ရှုဖို့ အခွင့်အရေးတစ်ခုတောင် ပေးလိမ့်မှာမဟုတ်ပါဘူး။

ဒီဓားကွက်က ကြယ်ကြွေကျပြီး တိမ်တွေ ဖြန့်ကြဲသွားတာနဲ့ တူပါတယ်။ အဲဒါကအထီးကျန်တဲ့ဖျက်စီးခြင်းအရှိန်အဝါတစ်ခုကို ပေးစွမ်းနေတယ်။

"အချိန်ကျပြီး"

လီဖူချန်းက သူ့ရဲ့ဓားနဲ့ ထိုးလိုက်တယ်၊ ထိုးလိုက်တဲ့အချိန်မှာ ဓားက စက်ဝိုင်းကလေးတွေကို ရေးဆွဲသွားပုံရတယ်။

ထန်ရှင်းရဲ့ဓားကွက်က လီဖူချန်းရဲ့ဓားနဲ့ ထိတွေ့တဲ့အခါ  စုပ်ယူခံလိုက်ရသလို ခံစားရတယ်။ ဓားစွမ်းပကားပဲဖြစ်ဖြစ်၊ ဓားချီပဲဖြစ်စြစ် စုပ်ယူခံရတယ်။ ထန်ရှင်းက ကြောက်ရွံ့သွားပြီး ခုန်တက်ကာ နောက်ဓားကွက်ကို လျင်မြန်စွာ ပြောင်းလိုက်ရတယ်။

လီဖူချန်းနဲ့ဓားကွက်ဖလှယ်ခြင်းမရှိဘဲနဲ့ ဟင်းလင်းပြင်ဓားတာအိုရဲ့ကြောက်မက်ဖွယ်ကို သိဖို့ မဖြစ်နိုင်ပါဘူး။ ကြယ်ဓားတာအိုက တိုက်ခိုက်နိုင်တယ်၊ ခုခံနိုင်တယ်ဆိုရင် ဟင်းလင်းပြင်ဓားတာအိုက ကြယ်ဓားတာအိုရဲ့အဆင့်မြှင့်တင်ထားတဲ့ပုံစံပါ။ ထိပ်တိုက်ခွန်အားချင်းယှဉ်ရင် ကြယ်ဓားတာအိုက နိမ့်ကျပါတယ်။

"ကြယ်အာရုဏ်ဦး"

လေထဲမှာ ထန်ရှင်းက ကြယ်ဓားအနုပညာရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။

တောက်ပနေတဲ့ဓားအလင်းတစ်ခုက ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး လီဖူချန်းဆီ တည့်တည့်မတ်မတ် တိုးဝင်လာပါတယ်။

လီဖူချန်းက ဓားမှ သတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ခံစားမိတယ်၊ အဆုံးစွန်းအားနည်းခြင်းရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကို ခံစားရတယ်။

လီဖူချန်းရဲ့မျက်လုံးတွေမှ ဓားအလင်းဖြာထွက်သွားပြီး ရုတ်တရက် နေရာမှာတင် ရပ်တန့်သွားပါတယ်။

တစ်ယောက်ယောက်က လီဖူချန်းရဲ့မျက်လုံးကို မြင်နိုင်ရင် အဆုံးမဲ့ဓားအလင်းတွေက သူ့ရဲ့သူငယ်အိမ်မှ တိုးထွက်လာတာကို မြင်ရပါလိမ့်မယ်။

"ဓားတစ်သောင်းမွေးဖွားလာပြီး မူလအဆုံးစွန်းက မူရင်းဇစ်မြစ်ကို ပြန်လာတယ်"

လီဖူချန်းရဲ့စိတ်ထဲကလွဲပြီး ဂါထာက ဘယ်မှာမှ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။

ပြိုင်ပွဲပေါင်းများစွာ ရင်ဆိုင်ပြီးနောက် လီဖူချန်းက ဓားတာအိုအနှစ်သာရများစွာကို စုပ်ယူခဲ့တယ်။ ထိုဓားတာအိုအနှစ်သာရတွေက လီဖူချန်းရဲ့ဓားတာအိုနဲ့ လုံးဝမဆက်စပ်ပါဘူး၊ ဒါပေမယ့် သူတို့ကို အမျှင်တော်တော်များများနဲ့ ချိတ်ဆက်ထားပါတယ်။

ပြီး‌တော့ လီဖူချန်းရဲ့ဓားတာအိုက မူလအဆုံးစွန်းဓားတာအိုဖြစ်တယ်။ မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုရဲ့မူရင်းဇစ်မြစ်ဖြစ်တယ်၊ ဒါကြောင့် ၎င်းက ဓားတာအိုအားလုံးနဲ့ မချိုးဖြတ်နိုင်တဲ့ချိတ်ဆက်မှုတစ်ခု ရှိပါတယ်။

မူရုံယိုယွီနဲ့တိုက်ခိုက်ပြီးနောက် မူလဘူတဓားက ထွက်ပေါ်လာတော့မယ့်ခံစားချက်မှိန်မှိန်လေးလေးတစ်ခု လီဖူချန်းမှာ ရှိလာတယ်။ ထန်ရှင်းနဲ့ရင်ဆိုင်ပြီးနောက် မူလဘူတဓားက နောက်ဆုံးတော့ မွေးဖွားလာပါပြီး။

ဒီဓားကွက်က လုံးဝကို သဘာဝဖြစ်တယ်။ လီဖူချန်းဖန်တီးခဲ့တယ်လို့ ပြောမယ့်အစား သူတို့ကို ဓားကွက်တစ်ခုအဖြစ် ပေါင်းစပ်ဖို့ လီဖူချန်းက မူလအဆုံးစွန်းဓားတာအိုနဲ့ဓားတာအိုအနှစ်သာရပမာဏများစွာကို ချေးယူခဲ့တယ်လို့ ပြောတာက ပိုကောင်းတယ်။ ဓားကွက်ရဲ့စွမ်းအားက ကြောက်စရာကောင်းလွန်းတာကြောင့် သူတောင်မထိန်းချုပ်နိုင်တော့ဘူးလို့ထင်ရတဲ့အထိ လီဖူချန်းကို ခံစားရစေတယ်။

သိုင်းစင်မြင့်ပေါ်မှာ ထန်ရှင်းရဲ့ဓားက လီဖူချန်းရဲ့တစ်လက်မအကွာမှာ ရှိတယ်။

လူတိုင်းက အံ့အားသင့်ပြီး ရှုပ်ထွေးနေတယ်။ စောစောက လီဖူချန်းက အပေါ်စီးမှာ ရှိပေမယ့် ချက်ချင်း ထန်ရှင်းက အသာစီးပြန်ရလာပြီး လီဖူချန်းကို ရိုက်နှက်လုနီးပါးဖြစ်လာတယ်။

ထန်ရှင်းလည်း အံ့အားသင့်သွားတယ်၊ ဒါပေမယ့် ဒီအချိန်မှာ သူက အများကြီးမတွေးပါဘူး၊ သူ့အတွေးက လီဖူချန်းကို အနိုင်ယူဖို့ပါပဲ။

"ရှုံးနိမ့်စမ်း"

ဓားထိပ်ဖျားက လီဖူချန်းရဲ့အရေပြားနဲ့ ထိခါနီးဖြစ်နေတယ်။

ထိုအချိန်မှာ ကြီးမားတဲ့ဓားဖိအားတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထွက်လာတယ်။ ထန်ရှင်းက ထိတ်လန့်မှုနဲ့အတူ လွင့်ထွက်သွားပြီး ‌ပါးစပ်မှ သွေးအပြည့်အန်ထုတ်လိုက်ရတယ်၊ သူ့ရဲ့အသားအရေတောင် ဖျော့တော့သွားတယ်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒီဓားအားကို လီဖူချန်းရဲ့သဘောဆန္ဒအလျောက် ထုတ်လွှတ်လိုက်တာ မဟုတ်ပါဘူး၊ ၎င်းကို မူလဘူတဓားက ထုတ်လွှတ်လိုက်တာပါ။ ဒါ့ပြင် ဒီဓားအားက အသစ်ဖြစ်တည်လာတဲ့မူလဘူတဓားရဲ့အရိပ်အငွေ့တစ်ခုသာ ဖြစ်တယ်။

"ဓားတစ်သောင်းမွေးဖွားလာပြီး မူလအဆုံးစွန်းက မူရင်းဇစ်မြစ်ကို ပြန်လာတယ်"

လီဖူချန်းက ညဏ်အလင်းရသွားတယ်။ လျှံ့ထွက်နေတဲ့ဓားအလင်းတွေက ပျံ့နှံ့သွားပြီး သူက မူလအခြေအနေကို ပြန်ရောက်လာတယ်။

မူလဘူတဓားကို သူ့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိတဲ့ဓားကွက်လို့ ယူဆလို့ရတယ်။ လီဖူချန်းက အသုံးမပြုရင်တောင် တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ရင် မူလဘူတဓားက အသက်ဝင်လာမှာပါ။ ဒါပေမယ့် လီဖူချန်းက သူ့ကို ရပ်လို့ရတယ်၊ မတော်တဆသတ်ဖြတ်မှုတွေ မဖြစ်စေဖို့အတွက် သူက မူလဘူတဓားရဲ့စွမ်းအားကို လျှော့ချနိုင်ပါတယ်။

ဒါ့ပြင် မူလဘူတဓားက ၎င်းကိုယ်တိုင်သန်မာဖို့ ဓားတာအိုအနှစ်သာရတွေကို အလိုအလျောက် ထုတ်ယူနိုင်ပါတယ်။ ဆိုလိုတာက လီဖူချန်းက မူလဘူတဓားကို ရည်ရွယ်ချက်ရှိရှိ ကျင့်ကြံစရာမလိုပါဘူး၊ ဒါပေမယ့် ဓားတာအိုအဆုံးစွန်းကို ရောက်တဲ့အထိ ၎င်းက ပိုပိုသန်မာနေပါလိမ့်မယ်။

"ဒီလိုကြောက်စရာကောင်းတဲ့ဓားကွက်"

မူလဘူတဓားကို လီဖူချန်းက မွေးဖွားပေးခဲ့တယ်ဆိုပေမယ့် သူက ဒီဓားကွက်ကြောင့် အံ့အားတကြီးဖြစ်နေရတုန်းပါပဲ။

ဒီဓားကွက်နဲ့ဆိုရင် လီဖူချန်းက သူ့အသိစိတ်ကို ယာယီ ဆုံးရှုံးထားရင်တောင် တစ်ယောက်မှ သူ့အနားကပ်နိုင်မှာ မဟုတ်ပါဘူး။

"ထန်ရှင်းတေင် ရှုံးသွားတယ်။ ထိပ်ဆုံးလေးယောက်ကလွဲပြီး ကျန်နေရာတွေကို ဆုံးဖြတ်ထားပြီးပြီး"

လီဖူချန်းက ထန်ရှင်းကို အနိုင်ယူခဲ့တာနဲ့ ပတ်သက်ပြီး တစ်ယောက်မှ မအံ့ဩကြပါဘူး၊ ပြီးတော့ ထန်ရှင်းက မူရုံယိုယွီထက် နည်းနည်းသာ ပိုသန်မာတာပါ။

"လီဖူချန်းက ဘယ်နေရာကို ရမလဲ"

အစက တစ်ယောက်ကမှ လီဖူချန်းကို မမျှော်မှန်းထားပါဘူး။ အခု လီဖူချန်းက ထိပ်တန်းအဆင့်ပါဝင်သူတွေနဲ့ ရင်ဆိုင်နိုင်တယ်လို့ ခံစားမိလာကြတယ်။

"သူက နံပါတ်၄ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ ထိုသုံးယောက်က ပြောင်မြောက်လွန်းတယ်။ ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ပြီးနောက် သူတို့က သူတို့ရဲ့ပြိုင်ဘက်အားလုံးကို ရိုက်နှက်နိုင်ခဲ့တယ်"

"တတိယနေရာအတွက် အခွင့်အရေး ရှိ‌ပါသေးတယ်။ နှလုံးသားဓားအာဏာရှင်က လွဲပြီး ခံစားချက်မဲ့ဓားဧကရာဇ်နဲ့လီကျန့်ရှင်းတို့ပြသခဲ့တဲ့ခွန်အားက လီဖူချန်းကို ခြိမ်းခြောက်ဖို့ မလုံလောက်ဘူး"

"ဟုတ်တယ်၊ သူက ဒုတိယနေရာအတွက်‌တောင်အခွင့်အရေး ရှိတယ်"

လီဖူချန်းကို အကြီးအကျယ်မျှော်လင့်ထားတဲ့သူတွေ အများကြီး ရှိလာတယ်။

"သိုင်းစင်မြင့်၄၊ နင်ချွယ်နဲ့မူရုံယိုယွီ"

လူတိုင်းက ဆွေးနွေးနေစဉ်မှာပဲ ဒိုင်လူကြီးရဲ့အသံက လူတိုင်းကို အလန့်တကြားဖြစ်သွားစေတယ်။

နောက်ဆုံးတော့ ခံစားချက်မဲ့ဓားဧကရာဇ်က ‌‌လှုပ်ရှားရတော့မှာပေါ့။ သူ့ရဲ့အစောပိုင်းပြိုင်ဘက်တွေက အားနည်းလွန်းပြီး တစ်ယောက်မှ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့အစစ်အမှန်ခွန်အားကို မမြင်နိုင်ပါဘူး။

မူရုံယိုယွီက နှလုံးသားဓားအာဏာရှင်ကို သူ့ရဲ့တတိယဓားကွက်အသုံးပြုအောင် ဖိအားပေးနိုင်တာကြောင့် သူမက ခံစားချက်မဲ့ဓားဧကရာဇ်ကို ဖိအားပေးနိုင်လောက်မှာပါ။

သိုင်းစင်မြင့်အောက်မှာ နှလုံးသားဓားအာဏာရှင်ရော လီကျန့်ရှင်းရောနှစ်ယောက်စလုံးက အာရုံစိုက်နေကြတယ်။

"ခံစားချက်မဲ့ဓားဧကရာဇ်။ နှစ်နှစ်ဆယ်ရှိပြီး။ အခုလက်ရှိ မင်းခွန်အားအဆင့်ကို ငါသိချင်တယ်"

နှလုံးသားဓားအာဏာရှင်က ခံစားချက်မဲ့ဓားဧကရာဇ်ကို အလွန်လေးစားပါတယ်။ သူ့ရဲ့အမြင်အရ ခံစားချက်မဲ့ဓားဧကရာဇ်ကသာ သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်တယ်။ သူက လီကျန့်ရှင်းရဲ့ခွန်အားအစစ်အမှန်ကို မသိသေးပါဘူး၊ ဒါကြောင်ည သူက လီကျန်ရှင်းကို ပြိုင်ဘက်တစ်ဝက်အနေနဲ့သာ ယူဆထားပါတယ်။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က နှလုံးသားဓားအာဏာရှင်ကို  ခံစားချက်မဲ့ဓားဧကရာဇ်က အနိုင်ယူခဲ့တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ကြောက်စရာကောင်းတဲ့ဓားတာအိုပါရမီနဲ့ ပတ်သက်ပြီး သူက ရှင်းရှင်းလင်းလင်း သိပါတယ်။ သူက ဆဠမဓားကွက်ကို ဖန်တီးခဲ့ရင်တောင် အနိုင်ရလိမ့်မယ်လို့ သူ မသေချာပါဘူး။

"မင်းက ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"

လီကျန့်ရှင်းရဲ့မျက်လုံးတွေက တည်ငြိမ်နေတယ်၊ သူ ဘာစဉ်းစားနေတာကို တစ်ယောက်မှ မပြောနိုင်ပါဘူး။

***

All Chapters