← Chapters

ကျွန်တော်ကျိန်တယ်

Vol. 115 Ch. 1598

ကျွန်တော်ကျိန်တယ်

Vol. 115 Ch. 1598

“သူ ဘယ်မှာလဲ”

အကြီးအကဲသည် အခြားသိုင်းသမားတစ်ယောက်ကို အေးစက်စက်ကြည့်၍ ကြိမ်းမောင်းလိုက်၏။

“သူ့ကို မြန်မြန် သွားခေါ်လာခဲ့။ မင်းက သခင်လေးဂူကို သေစေချင်လို့လား”

“ဟုတ်...ဟုတ်ကဲ့”

ထိုသိုင်းသမားက အဝေးသို့ လျင်မြန်စွာ ထွက်သွားလိုက်၏။ ကျန်းရီနှင့် ချီချင်ချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် ယခုတစ်ခေါက်တွင် သတိလက်လွတ် အဖြစ်ခံတော့မည် မဟုတ်ချေ။ ချီချင်ချန်၏ ကောင်းကင်စိတ်အာရုံက ထိုသိုင်းသမားကို အာရုံခံကာ သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

သိုင်းသမားသည် မြို့အရှင်စံအိမ်အနောက်ရှိ ရဲတိုက်များဆီသို့ ပြေးသွားပြီး ဧရာမရဲတိုက်တစ်လုံးထဲ ဝင်သွားသည်။ သူ ဝင်သွားပြီးနောက် ပြန်ထွက်မလာတော့ပေ။ ဆယ်မိနစ်ကြာသည်အထိ မည်သူမှ ပြန်ထွက်မလာသောအခါ ကျန်းရီသည် အကြီးအကဲကိုကြည့်၍ အေးစက်စက်ပြောလိုက်၏။

“ခင်ဗျားက ကျွန်တော့်ကို လှည့်စားရဲတယ်လား”

“ကျန်းရီ... အလျင်စလို မလုပ်ပါနဲ့”

အကြီးအကဲက ခပ်သွက်သွက် လက်ပြ၍ ပြောသည်။

“ငါကိုယ်တိုင် သွားကြည့်လိုက်ပါမယ်”

ထိုအကြီးအကဲက ပျံသန်းသွားသဖြင့် ကျန်းရီ ဆက်စောင့်နေလိုက်ရ၏။ သို့သော် နောက်ထပ်ငါးမိနစ်ကြာပြီးသည်အထိ ထိုအကြီးအကဲလည်း ပြန်ရောက်မလာပေ။ ကျန်းရီ ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။

“သူ့ကို ငါးမိနစ်အတွင်း မတွေ့ရရင် အကျိုးဆက်တွေကို ခံကြပေတော့”

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ စွမ်းအားကြီး သိုင်းသမားများစွာ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသည်။ သို့သော် သူတို့ မဆင်မခြင် မလှုပ်ရှားဝံ့ကြပေ။ မြစ်ဖြူဘုရင်မရှိသည့်အချိန်တွင် သူတို့၏ သခင်လေးက ဓားစာခံလုပ်ခံထားရသည်။ သူတို့ လှုပ်ရှားလိုက်၍ ပိုင်တိဂူ သေသွားမည်ဆိုလျှင် မည်သူက တာဝန်ခံပါမည်နည်း။

ငါးမိနစ်ကြာပြီးနောက် အကြီးအကဲ ပြန်ထွက်လာသည်။ သို့သော် သူသည် ဆန်းကြယ်ဧကရာဇ်၏ဇနီးကို ခေါ်မလာခဲ့ပေ။ ထိုအစား သူ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ရွှမ်ယဲ့ရဲ့ဇနီးက အပြင်းအထန် ဒဏ်ရာရထားတယ်။ ငါတို့ သူ့ကို ကယ်ဖို့ အကောင်းဆုံး အကောင်းဆုံး ကြိုးစားနေကြတယ်။ ခဏလောက်စောင့်ပါ... သူ့အခြေအနေ တည်ငြိမ်သွားရင် ငါတို့ သူ့ကို ခေါ်လာပါမယ်”

“ခင်ဗျားက ကျွန်တော့်ကို အရူးလို့ထင်နေလား”

ကျန်းရီက ယခုအထိ သူတို့၏အလိမ်အညာများကို ယုံနေဦးမည်ဆိုလျှင် အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ပိုင်မျိုးနွယ်က အချိန်ဆွဲကာ မြစ်ဖြူဘုရင်ပြန်လာမည်ကို စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“သေပေတော့...”

ကျန်းရီသည် တစ်ဆက်တည်း အကြိမ်များစွာ အလိမ်ခံရခြင်းကို သည်းမခံနိုင်ပေ။ သူ မီးနဂါးဓားကို မြှောက်၍ ပိုင်တိဂူ၏ခေါင်းကို ခုတ်ချလိုက်သည်။

ထိုခုတ်ချက်က အလွန်စွမ်းအားကြီးသည်။ ပိုင်တိဂူက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ခေါင်းအက်ကွဲသွားသည်။ မီးနဂါးဓားက အကြိမ်အနည်းငယ် ဆက်ခုတ်ပြီးနောက်တွင် ပိုင်တိဂူ၏ဦးခေါင်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားပေသည်။

“ကျန့်ရှမျိုးနွယ်ဝင်တွေ... မြောက်ဘက်ကိုသွားကြ။ လမ်းပိတ်ထားတဲ့သူမှန်သမျှကို သတ်ပစ်ကြ”

ကျန်းရီ အော်ပြောလိုက်သောအခါ သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက မြောက်ဘက်သို့ စတင်သွားလိုက်ကြသည်။ ကျန်းရီ၏ အော်သံက လူများစွာ၏ နားစည်များကိုလည်း နာကျင်သွားစေသည်။ မြောက်ဘက်ရှိ ပိုင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် စတင်၍ ခံစစ်ပြင်လိုက်ကြ၏။ ထို့နောက် ကျန့်ရှမျိုးနွယ်ဝင်များဆီသို့ ဆန်းကြယ်စွမ်းရည်အမျိုးမျိုး၊ လျှို့ဝှက်အတတ်အမျိုးမျိုး ပျံထွက်လာသည်။ ပိုင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက အတော်လေး စွမ်းအားကြီးကြသည်။ အခိုက်အတန့်အတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင် တစ်ထောင်ကျော် ဖျက်ဆီးခံလိုက်ရသည်။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကိုထုတ်၍ စောင်းကြိုးတစ်ကြိုးကို တီးခတ်လိုက်၏။ ဗျပ်စောင်းသံက ပြတ်သားစွာ ထွက်ပေါ်လာသည်။ အခြေအနေက ရုတ်ခြည်းပင် ပြောင်းပြန်ဖြစ်သွားပြီး ပိုင်မျိုးနွယ်ဝင်များစွာ အသတ်ခံလိုက်ရလေသည်။

“ကျန်းရီ... မင်းက သေချင်နေတာပဲ”

“ချီချင်ချန်... ဒီကိစ္စက ပိုင်မျိုးနွယ်နဲ့ ကျန်းရီကြားက ကိစ္စပါ။ ဝင်မပါပါနဲ့။ မဟုတ်ရင်တော့ ပိုင်မျိုးနွယ်က ရွေးချယ်စရာမရှိတော့ဘဲ ချီမျိုးနွယ်ကို စစ်ကြေညာရလိမ့်မယ်”

“အားလုံး တိုက်ခိုက်ကြ၊ ကျန်းရီကို သတ်ကြ”

“သတ်ကြ... သတ်ကြ...”

တဒင်္ဂအတွင်းမှာပင် ပိုင်မျိုးနွယ်ဝင်တစ်ထောင်ကျော် အသတ်ခံခဲ့ရသည်။ ရန်ထျန်းဖန်နှင့်ပင် ယှဉ်နိုင်သော ပိုင်မျိုးနွယ်အကြီးအကဲ ခုနစ်ယောက်သည် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို မခံရသဖြင့် ဒေါသတကြီး အော်ဟစ်ကာ ကျန်းရီထံ ပျံသန်းသွားကြသည်။

“ဟွန်း...”

ချီချင်ချန်က နှာမှုတ်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ သို့သော် ကျန်းရီက သူမကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီး... ဒီကိစ္စက စစ်သူကြီးနဲ့ မဆိုင်ပါဘူး။ နောက်ဆုတ်နေပါ”

“နောက်ဆုတ်နေရမှာလား”

ချီချင်ချန်၏ မျက်နှာထား ပြောင်းလဲသွား၏။ ကျန်းရီက မည်သည်ကို လုပ်တော့မည်ဖြစ်ကြောင်း သူမသိလိုက်၍ လျင်မြန်စွာ နောက်ဆုတ်၍ မီးဒဏ်ခံပုလဲလုံးကို ထုတ်လိုက်သည်။ ထို့နောက် ရင်ထိတ်စွာဖြင့် အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... တရားလွန်တော့ မလုပ်နဲ့။ ရှင် အဲ့လိုလုပ်လိုက်ရင် မြစ်ဖြူမြို့ထဲက သန်းဆယ်ချီတဲ့ လူတွေ သေရလိမ့်မယ်။ ရွှမ်ယဲ့ရဲ့ဇနီးလည်း သေသွားလိမ့်မယ်”

ရွှီး...

ကျန်းရီ၏လက်ထဲတွင် ခြောက်ရောင်ခြယ်အလင်းတစ်ခု နေပေပြီ။ ချီချင်ချန်၏စကားကို ကြားလိုက်သောအခါတွင်မူ ကျန်းရီ ၎င်းကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ တုံ့ဆိုင်းနေချိန်တွင် အလင်းတန်းခုနစ်တန်း ပျံဝင်လာ၏။ ကျန်းရီက အလွန်လျင်မြန်စွာဖြင့် လေထဲတွင် တွန့်လိမ်၍ ရှောင်လိုက်သော်လည်း အလင်းတန်းနှစ်တန်းက သူ့ကို ထိမှန်သွားသေးသည်။

ဝုန်း...

ကျန်းရီ ရဲတိုက်တစ်လုံးကို ပြင်းထန်စွာ သွားဆောင့်၏။ ရဲတိုက် ပြိုကျပျက်စီးသွားသည်။ အကြီးအကဲခုနစ်ယောက်သည် ကျန်းရီကို သတ်ရန်အတွက် ရဲတိုက်အပျက်အစီးများကြားသို့ အလင်းတန်းများအလား ပျံသန်းသွားလိုက်ကြ၏။

“အား...”

ခုနစ်ယောက်စလုံး အပျက်အစီးများအနားသို့ ရောက်လျှင်ရောက်ချင်း အော်ဟစ်လိုက်ကြပြီး အနောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ကြသည်။

ရဲတိုက်အပျက်အစီးများကြားမှနေ၍ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားသော အပူချိန် ထွက်လာသည်။ ချီချင်ချန်အပါအဝင် ပတ်ဝန်းကျင်မှလူအားလုံးသည် အလွန်ပြင်းထန်သော အပူချိန်ကို ခံစားလိုက်ကြရသည်။

ထိုအပူချိန်က ရုတ်ခြည်း ပြန်ပျောက်ကွယ်သွား၍သာ တော်သေးသည်။ ၎င်းသာ ဆက်ရှိနေမည်ဆိုလျှင် မရေမတွက်နိုင်သော လူများ သေရပေလိမ့်မည်။ ကျန်းရီသည် ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်ကို တစ်စက္ကန့်သာ ထွက်လာစေလိုက်ပြီးနောက် ပြန်သိမ်းလိုက်ခြင်းပင်။ သူသာ မီးတောက်ကို အပြည့်အဝ ထုတ်လွှတ်လိုက်မည်ဆိုလျှင် လူများစွာ လောင်ကျွမ်းသေဆုံးသွားမည်ဖြစ်သည်။

ကျန်းရီ၏ ကိုယ်ပေါ်တွင် ကျောက်စိမ်းဖြူ စစ်ချပ်ဝတ် ထွက်ပေါ်လာပြီး တလက်လက်တောက်ပနေ၏။ တိုက်ခိုက်မှုအနည်းငယ်က သူ့ကို ဒဏ်ရာရစေမည် မဟုတ်ပေ။ ကျန်းရီ လေထဲသို့ ပျံတက်ကာ ဗျပ်စောင်းကို ဆက်တီးခတ်ကာ ပိုင်မျိုးနွယ်ဝင်အများစုကို ဖိနှိပ်လိုက်လေသည်။

ကျန့်ရှမျိုးနွယ်ဝင်များသည် ကျန်းရီ၏ညွှန်ကြားချက်များကို လိုက်နာရန်မှလွဲ၍ အခြားမည်သည်ကိုမှ အရေးမစိုက်ကြပေ။ ၎င်းတို့သည် ၎င်းတို့ကို တားသည့်သူမှန်သမျှကို သတ်ပစ်နေကြသည်။ ဗျပ်စောင်းသံက မြို့ရင်ပြင်ထဲရှိ သောင်းချီသော တပ်သားများကို ဖိနှိပ်ထားရာ မည်သူမှ မလှုပ်နိုင်ချေ။ ပိုင်မျိုးနွယ်မှ နတ်ဘုရားဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် မလှုပ်နိုင်ကြပေ။ ထို့ကြောင့် သူတို့ ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကို ခံလိုက်ကြရသည်။

“ကျန်းရီ... ရပ်လိုက်”

အကြီးအကဲခုနစ်ယောက်က အော်ပြောလိုက်ပြီး ကျန်းရီထံသို့ တိုက်ခိုက်မှုများ ဆက်၍ပစ်လွှတ်လိုက်သည်။ ကျန်းရီ အနောက်သို့ ထပ်ခါ ထပ်ခါ လွင့်ထွက်သွား၏။ သို့သော် သူက ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် ထိုခုနစ်ယောက် အနားကပ်မလာသေးသ၍ သူ သိသိသာသာ ထိခိုက်မည် မဟုတ်ပေ။

အနားသို့ ကပ်လာမည်လော။

မည်သူက အနားသို့ ကပ်လာဝံ့မည်နည်း။

ကျန်းရီ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သော မီးတောက်များက သူတို့ကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့စေခဲ့သည်။ ထိုအခိုက်တွင် သူတို့အားလုံး အဆုံးသတ်ပြီဟုပင် တွေးမိခဲ့ကြသည်။ အဆင့်အတန်းအမြင့်ဆုံး အကြီးအကဲသည် အခြေအနေက ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် ပိုင်မျိုးနွယ်ဝင်များ ပို၍ သေလာမည်ကို သိသဖြင့် ခပ်သွက်သွက် အော်ပြောလိုက်သည်။

“ကျန်းရီ... ဆက်မသတ်နဲ့တော့။ မင်း ဆက်သတ်မယ်ဆိုရင် ငါ လူစေလွှတ်ပြီး ဟိုအမျိုးသမီးကို သတ်ခိုင်းလိုက်မယ်”

“သတ်ခိုင်းလိုက်လေ”

ကျန်းရီ ခပ်လှောင်လှောင် ပြုံးလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်ရဲ့ဇနီး သေသွားမယ်ဆိုရင် ပိုင်မျိုးနွယ်ဝင်တစ်ယောက်တောင် ရှင်မကျန်စေရဘူးလို့ ကျွန်တော်ကျိန်တယ်။ ကျွန်တော့်ရဲ့ မြက်ခင်းပြင်မီးတောက်တွေကို ထုတ်လိုက်မယ်ဆိုရင် မြစ်ဖြူမြို့က မြို့သေတစ်ခု ဖြစ်သွားလိမ့်မယ်”

“မြက်ခင်းပြင်မီးတောက်တွေလား...”

အကြီးအကဲခုနစ်ယောက် ပင့်သက်ရှိုက်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

“ကောင်းပြီ... ဆက်မတိုက်နဲ့တော့။ ငါတို့ သူ့ကို လွှတ်ပေးမယ်”

ကျန်းရီသည် မရပ်တန့်သေးဘဲ ဗျပ်စောင်းကို ဆက်တီးခတ်၍ အေးစက်စက် ပြန်ပြောလိုက်၏။

“ကျွန်တော် သူ့ကိုတွေ့မှ ရပ်မယ်။ ရွေးချယ်ခွင့်က ခင်ဗျားတို့ လက်ထဲမှာပဲ”

ဝှစ်...

အကြီးအကဲတစ်ယောက်သည် ရဲတိုက်တစ်လုံးဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ မကြာခင်မှာပင် သူသည် သွေးအလိမ်းလိမ်းဖြစ်နေသော မိန်းမလှတစ်ယောက်ကို ခေါ်ထုတ်လာပြီး အော်ပြောလိုက်လေသည်။

“ကျန်းရီ... သူက ဒီမှာပဲ၊ ရပ်လိုက်တော့”

ဗျပ်စောင်းသံ ပျောက်ကွယ်သွားပြီး ကျန့်ရှမျိုးနွယ်ဝင်များလည်း သတ်ဖြတ်နေမှုကို ရပ်တန့်လိုက်ကြသည်။ ထိုအခါမှ လူများ အသိပြန်ကပ်လာကြပြီး သူတို့ပတ်ပတ်လည်ရှိ ပြိုပျက်နေသော ရဲတိုက်များ၊ မြို့ရင်ပြင်ထဲရှိ အလောင်းများနှင့် ခြေပြတ်လက်ပြတ်များကို ကြည့်ကာ အံ့အားသင့်သွားကြ၏။ အားလုံး၏ မျက်နှာထားများလည်း ပြောင်းလဲသွားသည်။

ကျန်းရီသည် အဝေးရှိ ချီချင်ချန်ကို လှမ်းကြည့်လိုက်၏။ ချီချင်ချန်က ရွှမ်ကော်အာကို အပြင်သို့ လျင်မြန်စွာ ထုတ်ပေးလိုက်သည်။ ရွှမ်ကော်အာသည် အကြီးအကဲ ခေါ်လာသော မိန်းမလှကို မြင်သောအခါ ငိုကြွေး၍ အော်ခေါ်လိုက်သည်။

“မေမေ...မေမေ...”

ရွှီး...

ထိုအခိုက်တွင် မြို့ရင်ပြင်ထဲရှိ ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခု လင်းလက်လာ၏။ ကျန်းရီသည် အခြေအနေမကောင်းတော့ကြောင့် ခံစားမိလိုက်၍ ဆန်းကြယ်ဧကရာဇ်၏ဇနီးကိုခေါ်ရန် မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သို့သော် အခြားအကြီးအကဲခြောက်ယောက်က ကျန်းရီကို တစ်ပြိုင်တည်း တားလိုက်ကြသည်။

ကျန်းရီ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်ကို ထုတ်လိုက်ပြီး တင်းမာသောအကြည့်ဖြင့် ကြည့်၍ အော်ပြောလိုက်၏။

“ထွက်သွားကြစမ်း...”

“ဟွန်း...”

ကျန်းရီ မီးတောက်များကို ပစ်လွှတ်တော့မည့် အချိန်တွင် ကျယ်လောင်သော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ကျန်းရီ၏ စိတ်ဝိညာဉ် နာကျင်သွားသည်။ ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်ကို လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ ရင်းနှီးသောမျက်နှာသုံးခုကို မြင်လိုက်ရလေသည်။

မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့ ရောက်လာကြပေပြီ။

All Chapters