← Chapters

စွမ်းအားတွေ အဆက်မပြတ် ပေါ်ထွက်လာခြင်း

Vol. 57 Ch. 775

စွမ်းအားတွေ အဆက်မပြတ် ပေါ်ထွက်လာခြင်း

Vol. 57 Ch. 775

"ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခံစားချက်မဲ့ဓားတာအိုမှာ ဓားကွက်နှစ်ကွက်သာ ရှိတယ်လို့ ပြောကြတယ်။ တစ်ကွက်က ခံစားချက်သေဆုံးခြင်း၊ နောက်တစ်ကွက်က အမှတ်တရချိုးဖျက်ခြင်းတို့ပဲ ဖြစ်တယ်။ နောက်ဆုံးဓားပြိုင်ပွဲအတွင်း ဓားဧကရာဇ်၊ ဓားအာဏာရှင်နဲ့ နှလုံးသားဓားအာဏာရှင်က လွဲပြီး တစ်ယောက်မှ သူ့ရဲ့ဓားကွက်၊ခံစားချက်သေဆုံးခြင်းကို မတောင့်ခံနိုင်ခဲ့ဘူး"

လီဖူချန်းလည်း ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခံစားချက်မဲ့ဓားတာအိုကို အတော်လေး စိတ်ဝင်စားတယ်။ သူ့ရဲ့မူလဘူတဓားက မွေးဖွားလာပြီးဆိုပေမယ့် အဲဒါက ပိုသန်မာလာစေဖို့ နောက်ထပ်ဓားတာအိုအနှစ်သာရတွေကို စုပ်ယူနိုင်ပါတယ်။

သိုင်းစင်မြင့်ပေါ်မှာ ခုခံပြီးတန်ပြန်တိုက်ခိုက်ဖို့ မူရုံယိုယွီက နည်းဗျူဟာကို ပထမဆုံးအကြိမ် သုံးလိုက်တယ်။ သူမက ရေအလင်းအလွှာတစ်ခုကို စုစည်းပြီး အဲဒါမှာ ဓားအလင်စီးကြောင်းတစ်ခု ပါရှိပါတယ်။

အရာအားလုံးကို စီစဉ်ပြီး မူရုံယိုယွီက တိုက်ခိုက်ခါနီးမှာ ဖြာထွက်အလင်းတစ်ခုက မူရုံယိုယွီကို အနိုင်ယူလိုက်တယ်။

သူမကို ဝန်းရံထားတဲ့ရေအလင်းက ထိုးဖောက်ခံလိုက်ရတယ်။ သူမရဲ့ပခုံးမှာ သွေးစီးကြောင်းတစ်ခု‌ ပေါက်ထွက်လာနေတယ်။

"ဒါ ခံစားချက်သေဆုံးခြင်း မဟုတ်ဘူး" နှလုံးသားဓားအာဏာရှင်က လေးနက်တဲ့အမူအရာဖြစ်သွားတယ်။

မူရုံယိုယွီနဲ့ ရင်ဆိုင်ရတဲ့အခါ ခံစားချက်မဲ့ဓားဧကရာဇ်က သူ့ရဲ့ဓားကွက်ကိုတောင် အသုံးမပြုခဲ့ပါဘူး။ ဆိုလိုတာက သူက သာမန်ဓားတိုက်ခိုက်မှုကိုသာ ထုတ်ဖော်ခဲ့ပြီး အဲဒါက နှလုံးသားဓားအာဏာရှင်ရဲ့တတိယဓားကွက်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

"ဘာလဲဟ။ ဓားတစ်ချက်က မူရုံယိုယွီကို အနိုင်ယူခဲ့တာလား"

ပရိတ်သတ်တွေကြားမှာ အသံကျယ်လောင်နေတော့တယ်။

စောစောက မူရုံယိုယွီကို အပြည့်အဝ အနိုင်ယူဖို့ နှလုံးသားဓားအယဏာရှင်က ဓားသုံးချက် သုံးရတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်က ဓားတစ်ချက်သာ သုံးခဲ့တယ်။

"အားကောင်းလွန်းတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်က နှလုံးသားဓားအာဏာရှင်ထက်တောင်  သန်မာနိုင်တယ်။ အရင်က နှလုံးသားဓားအာဏာရှင်က ဒီနှစ်ဓားပြိုင်ပွဲရဲ့နံပါတ်တစ်ဖြစ်လာလိမ်မယ့်လို့ ငါ ထင်ထားတာ"

"အဲလိုလည်း မဟုတ်ဘူး။ နှလုံးသားဓားအာဏာရှင်က လိုချင်ရင် သူလည်းပဲ မူရုံယိုယွီကို ဓားတစ်ချက်နဲ့ အနိုင်ယူနိုင်တယ်"

"ဒါမှန်တယ်"

ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ ခံစားချက်မဲ့ဓားကွက်က ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ကြောက်မက်ဖွယ်ကို လူတိုင်းကို မြင်တွေ့စေခဲ့တယ်။ အဲဒါက နှလုံးသားဓားအာဏာရှင်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

"စိတ်ဝင်စားစရာပဲ"

‌ဓားမာ့ဧကရာဇ်ချူခွမ်းက ခေါင်းညိတ်လိုက်တယ်၊ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခွန်အားက သူ့ရဲ့ဆွဲဆောင်မှုကို ရဖို့ လုံလောက်တယ်။  ဒါပေမယ့် သူ့ရဲ့အာရုံထဲကို ဝင်ရောက်ဖို့တော့ ဝေးပါသေးတယ်။

သူတို့အဆင့်ကို မရောက်ခင် လိုအပ်တဲ့ခွန်အားပမာဏကို သိဖို့က မဖြစ်နိုင်ပါဘူး။ အဆင့်တူမှာ မရှိတဲ့သူတွေက ဓားတစ်ကွက်ကိုတောင် ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဓားမော့နတ်ဆိုးမြောင်ချန်းရှင်က ချူခွမ်းထံမှ ငါးကွက်ကို ရင်ဆိုင်နိုင်ရတဲ့အကြောင်းရင်းက ချူခွမ်းက သူ့ရဲ့ခွန်အားအပြည့်ကို မသုံးခဲ့လို့ပါပဲ။ မဟုတ်ရင် သာမန်ဓားမော့တစ်ကွက်က မြောင်ချန်ရှင်းကို အနိုင်ယူဖို့ လုံလောက်တယ်။

ဒါပေမယ့် မြောင်ချန်ရှင်းရဲ့ခွန်အားကိုလည်း မငြင်းပယ်နိုင်ပါဘူး။ မဟာဧကရာဇ်သတ်မှတ်ချက်ပေါ်မှာ မြောင်ချန်ရှင်းက အဆင့်၃၄ရှိပေမယ့် တကယ်လက်တွေ့ဆိုရင် သူက ထိပ်ဆုံး၁၅ ဒါမှမဟုတ် ပိုမြင့်မားပါလိမ့်မယ်။

"နင်ချွယ်၊ လွန်ခဲ့တဲ့ဆယ်နှစ်က ငါ မင်းကို ဆယ်ကွက်အတ္ငင်း အနိုင်ယူနိုင်ခဲ့တယ်။ အခု ငါ့ရဲ့ဓားကွက်ဘယ်လောက်ကို မင်း ခုခံနိုင်မလဲကို ငါ သိချင်မိတယ်" ထိပ်တန်းအဆင့်သီးသန့်ခန်းထဲမှာ ဓားအာဏာရှင်က မျက်လုံးမှိတ်ကာ သူ့ရာသူ ပြောလိုက်တယ်။

"ဒါဆို ဒါက ခံသားချက်မဲ့ဓားဧကရာဇ်ရဲ့ခွန်အားလား" မူရုံယိုယွီက မချိပြုံးပြုံးလိုက်တယ်။

ဓားပြိုင်ပွဲမတိုင်ခင် သူမရဲ့ခွန်အားအရ ထိပ်ဆုံးသုံးနေရာကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ အခုကြည့်ရတာတော့ သူမက ယုံကြည်ချက်လွန်ကဲနေမိတာပဲ။

"ခံစားချက်မဲ့ဓားတာအိုက မြန်ခြင်း၊ တိကျခြင်း၊ အကြင်နာမဲ့ခြင်းတို့နောက်ကို လိုက်တယ်။ အတွင်းမှာ ဘာမှ ရောနှောထားခြင်းမရှိဘူး" လီဖူချန်းက ခံစားချက်မဲ့ဓားတာအိုရဲ့အနှစ်သာရအစစ်အမှန်ကို အကြည့်တစ်ချက်နဲ့ မြင်လိုက်တယ်။

ခံစားချက်မဲ့ဓားတာအိုကို ခံစားချက်မဲ့လို့ အမည်ပေးရတဲ့ အကြောင်းပြချက် ရှိပါတယ်။ သူတို့ရဲ့နှလုံးသားထဲမှာ ခံစားချက်မရှိတဲ့သူတွေကသာလျှင် သူတို့ရဲ့ဓားတာအိုကို မြန်၊ တိကျ၊ အကြင်နာမဲ့တို့ရဲ့အဆုံးစွန်းထိ ကျင့်ကြံနိုင်မှာပါ။ ခံစားချက်အငွေ့အသက်တစ်ခု ရှိလာရင် သူတို့ရဲ့ဓားတာအိုမှာ ချို့ယွင်းချက်နဲ့ပိတ်ဆို့မှုတွေ ဖြစ်တည်လာပါလိမ့်မယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က ခံစားချက်မဲ့အစစ်အမှန်ကို မအောင်မြင်သေးပေမယ့် သူက အလွန်နီးကပ်နေပါတယ်။ ခံစားချက်မဲ့နဲ့နီးကပ်နေတဲ့ဒီလိုဓားတစ်လက်ကို အနည်းငယ်ကသာ ခုခံနိုင်ပါလိမ့်မယ်။

"သိုင်းစင်မြင့်၃၊ လီကျန့်ရှင်းနဲ့ထန်ရှင်း"

ဓားပြိုင်ပွဲက ပြီးဆုံးဖို့ နီးကပ်လာနေတယ်။ အားအကောင်းဆုံးဓားသမားတွေက အသီးသီး ရင်ဆိုင်တွေ့နေရပါတယ်။

သိုင်းစင်မြင့်ပေါ်မှာ လီကျန့်ရှင်းက ပုံမှန်ပါပဲ၊ ထန်ရှင်းရဲ့မျက်လုံးတွေမှာတော့ တိုက်ခိုက်ရေးဆန္ဒတွေနဲ့ ပြည့်နှက်နေတယ်။

"ဓားတစ်ချက်ပဲ" လီကျန့်ရှင်းက ပြတ်သားစွာ ပြောလိုက်တယ်။

"မောက်မာလွန်းတယ်" ထန်ရှင်းက မျက်မှောင်ကြုတ်မိပြီး ဒေါသအရိပ်အယောင်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က မူရုံယိုယွီကို ဓားတစ်ချက်နဲ့ အနိုင်ယူနိုင်ခဲ့ရင်တောင် အဲဒါက လီကျန့်ရှင်းက ထန်ရှင်းကို ဓားတစ်ချက်နဲ့ အနိုင်ယူနိုင်မယ်လို့ မဆိုလိုပါဘူး။

ပထမဆုံး၊ လီကျန့်ရှင်းက ခံစားချက်မဲ့ဓားဧကရာဇ် မဟုတ်ပါဘူး။

ဒုတိယ၊ ထန်ရှင်းလည်းပဲ မူရုံယိုယွီ မဟုတ်ပါဘူး။

"ငါ ဓားတစ်ကွက်ထက် ပိုသုံးမိရင် ငါ ရှုံးတယ်။ အခု သတိထားလို့ရပြီး"

လီကျန့်ရှင်းရဲ့ဓားက ရှေးကျပြီးရိုးစင်းတဲ့ပုံစံ ရှိတယ်။ အဲဒါကို ဓားအိမ်မှ ချွတ်လိုက်တာနဲ့ ဓားသွားမှအလင်းက ရေစီးကြောင်းတစ်ခုနဲ့ တူတယ်။ အလွန်သဘာဝဆန်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။

လီကျန့်ရှင်းက အလွန်မောက်မာတယ်ဆိုရင်တောင် ထန်ရှင်းက ဂရုမစိုက်ဘဲ မနေရဲပါဘူး။ သူ့ခန္ဓာကိုယ်ကို ဓားအလင်းဖြင့် ဖုံးကွယ်ထားပြီး သူက ကြယ်တံလျှပ်ကို သိပ်သည်းထားပါတယ်။

မည်သည့်ဓားအလင်း၊ ဓားချီမှ မရှိပါဘူး။ လီကျန့်ရှင်းက သူ့ရဲ့ဓားကွက်ကို ထုတ်ဖော်လိုက်တယ်။

ဒီဓားက အလွန်အမင်းစူးရောက်ပြီး အလွန်အမင်း မြန်တယ်။

အဲဒါက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားလောက် တကယ်ကို မြန်ပါတယ်။

လီကျန့်ရှင်းက သူ့ဓားကွက်ကို ထုတ်ဖော်ပြီးတာနဲ့ ထန်ရှင်းရဲ့ကြယ်တံလျှပ်က ချက်ချင်း ထိုးဖောက်ခံရပြီး သွေးတွေ ပန်းထွက်လာပါတယ်။

ဓားကွက်ကို ဖော်ထုတ်ပြီး‌နောက် လီကျန့်ရှင်းက စင်မြင့်ပေါ်မှ ဆင်းသွားတယ်၊ ထန်ရှင်းက ထိတ်လန့်တုန်လှုပ်‌လျက် ကျန်ခဲ့တယ်။

မြန်လွန်းတယ်။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက တုံ့ပြန်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က မတုံ့ပြန်နိုင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဒီဓားက ကြောက်မက်ဖွယ်ဖြစ်ပြီး အားအကုန်လုံးကို အစက်တစ်ခုအဖြစ် သိပ်သည်းထားတယ်။ သူ့ရဲ့ကြယ်ဓားတာအိုက စက္ကူအပိုင်းအစတစ်ခုအလား ထိုးနှက်ချက်တစ်ခုတည်းကို မရင်ဆိုင်နိုင်ခဲ့ပါဘူး။

နှလုံးသားဓားအာဏာရှင်က မျက်မှောင်ကြုတ်လိုက်တယ်။ လီကျန့်ရှင်းရဲ့ဓားတာအိုမှာ ဓားတာအိုတည်ရှိမှု ပါဝင်တယ်။ အဲဒါက နက်နဲသိမ်မွေ့ပြီးဆန်းကြယ်တယ်၊ ဒါပေမယ့် လက်မခံနိုင်တဲ့အခြေအနေအထိကို မရောက်သေးပါဘူး။ ဒါပေမယ့် ဘာလို့ လီကျန့်ရှင်းရဲ့ဓားက ဒီလောက်တောင်မြန်ပြီး ဒီလောက်တောင်အားကောင်းရတာလဲ။ လီကျန့်ရှင်းနဲ့သူ့ရဲ့ဓားတာအိုကြားမှာ ချိတ်ဆက်မှုတွေ ရှိနိုင်တာလား။

ခံစားချက်မဲ့ဓားဧကရာဇ်လည်း အတွေးနက်သွားတယ်။

ဓားနှလုံးသားကို သိပ်သည်းထားတာကြောင့် လီကျန့်ရှင်းရဲ့ဓားက  ဒိီစွမ်းအားပမာဏထိ ရောက်နိုင်တာကို လီဖူချန်းကသာ ရှင်းရှင်းလင်းလင်း သိတယ်။ ဓားနှလုံးသားအတွင်းမှာဆိုရင် ဓားတာအိုကို အဆုံးစွန်းထိ အသုံးချနိုင်တယ်။

"ဒါ"

ပရိသတ်တွေက မှင်တက်သွားတယ်၊ သူတို့က ရူးချင်သလို ခံစားလိုက်ရတယ်။

အစက နှလုံးသားဓားအာဏာရှင်ရဲ့ခွန်အားကို မြင်တဲ့အခါ နှလုံးသားဓားအာဏာရှင်က ဒီနှစ်ဓားပြိုင်ပွဲရဲ့နံပါတ်တစ်ဖြစ်လိမ့်မယ်လို့ ယူဆထားတယ်။

ပြီးနောက် ခံစားချက်မဲ့ဓားဧကရာဇ်လည်း နံပါတ်တစ်ဖြစ်နိုင်တယ်လို့ သူတို့က တွေးလိုက်တယ်။

အခု လီကျန့်ရှင်းလည်း နံပါတ်တစ်ဖြစ်နိုင်တယ်လို့ ခံစားရတယ်။

"ခန့်မှန်းရတာ မလွယ်ဘူး"

"ဟုတ်တယ်၊ နံပါတ်တစ်ကို ခန့်မှန်းရတာ မလွယ်ဘူး။ ဘယ်သူမဆို ဖြစ်နိုင်တယ်"

"လီဖူချန်းလည်း ဖြစ်နိုင်တယ်"

လူတိုင်းက ဆွေးနွေးနေတယ်၊ သူတို့က လီဖူချန်းကိုလည်း ခပ်မြင့်မြင့်ထားကြတယ်။

"ဓားနှလုံးသား" ဓားမော့ဧကရာဇ်ချူခွမ်းရဲ့မျက်လုံးတွေက အလင်းဖြာသွားရတယ်။

"ဓားနှလုံးသားလား"

မြောင်ချန်ရှင်းက ပထမ မှင်တက်သွားတယ်၊ ပြီး‌နောက် သူက လွှတ်ခနဲ ပြောလိုက်တယ်" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူသိထားတာအရ တာအိုနှလုံးသားက သူတော်စင်နယ်ပယ်ကို ခြေချဖို့အတွက် နောက်ဆုံးအတားအဆီးဖြစ်တယ်။ တာအိုနှလုံးသားကို သိပ်သည်းပြီးတာနဲ့ သူတော်စင်နယ်ပယ်ကို ဝင်ရောက်နိုင်ပါလိမ့်မယ်။

လီကျန့်ရှင်းက ဥပဒေပြောင်းလဲခြင်းနယ်ပယ်အဆင့်၉အထွတ်အထိပ်သာ ရှိပြီး အကြိုသူတော်စင်တောင် မဖြစ်သေးပါဘူး။ သူက သူတော်စင်တစ်ယောက်ဖြစ်ဖို့ အလွန်ဝေးကွာနေတာ သိသာပါတယ်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ ငါ သိထားတာအရ ဓားဧကရာဇ်လည်း ဓားနှလုံးသားကို သိပ်သည်းထားပြီးပြီ။ မဟာဧကရာဇ်သတ်မှတ်ချက်အဆင့်တစ်ဖြစ်တဲ့ကောင်းကင်ဧကရာဇ်လည်း တာအိုနှလုံးသားကို သိပ်သည်းထားပြီးပြီ။ မင်းရဲ့အမြင်နဲ့ သူတို့ကို မဆုံးဖြတ်ပါနဲ့"

"အဲဒါ ဖြစ်နိုင်လား" မြောင်ချန်ရှင်းက ချူခွမ်းကို ကြည့်လိုက်တယ်။

ချူခွမ်းက လီကျန့်ရှင်းဓားနှလုံးသားသိပ်သည်းထားပြီးတာကို မြင်နိုင်ရင် ချူခွမ်းလည်း သူ့ရဲ့တာအိုနှလုံးသားကို သိပ်သည်းထားပြီးလောက်တယ်မလား။

ထိုအခိုက်မှာ သူနဲ့ချူခွမ်းကြား အကွာအဝေးက ပိုပိုကျယ်ပြန့်လာပြီး စကားလုံးနဲ့တောင် ဖော်ပြဖို့ မဖြစ်နိုင်ဘူးလို့  မြောင်ချန်ရှင်းက ခံစားမိလာတယ်။

***

All Chapters