← Chapters

နှလုံးသားဓားအာဏာရှင်နဲ့ တိုက်ခိုက်ခြင်း

Vol. 57 Ch. 776

နှလုံးသားဓားအာဏာရှင်နဲ့ တိုက်ခိုက်ခြင်း

Vol. 57 Ch. 776

အထွတ်အထိပ်အဆင့်နှစ်ယောက်အကြား တိုက်ပွဲတစ်ခုက ပြီးသွားပြန်ပါတယ်။

လီကျန့်ရှင်းက ထန်ရှင်းကို အနိုင်ယူနိုင်ပြီးနောက် အဆင့်၅ကနေအဆင့်၁၀အထိက သတ်မှတ်သွားပြီးဖြစ်တယ်။ သူတို့က ထန်ရှင်း၊ မူရုံယိုယွီ၊ ကြက်သွေးရောင်မီးဓားဧကရာဇ်လျို‌ဟော်၊ တောင်မြစ်ဓားဧကရာဇ်စုန်ရှန်ဟဲ၊ ယုဝမ်ဟောင်ကျဲနဲ့ လေဖမ်းဓားဧကရာဇ်ကျူးလန်တို့ ဖြစ်တယ်။

ထိပ်ဆုံးလေးနေရာက ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်၊ နှလုံးသားဓားအာဏာရှင်ရှောင်ယွမ်၊ လီကျန့်ရှင်းနဲ့ လီဖူချန်းတို့အတွက် ဖြစ်တယ်။

ပြိုင်ပွဲကလည်း နောက်ထပ်ပွဲအနည်းငယ်သာ ကျန်ရှိတော့တယ်။

လီကျန့်ရှင်းက ထန်ရှင်းကို အနိုင်ယူပြီးနောက် ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့ကလည်း ထန်ရှင်းကို အနိုင်ယူနိုင်ခဲ့တယ်။

ခြားနားချက်က ခံစားချက်မဲ့ဓားဧကရာဇ်က ဓားတစ်ကွက်ကိုသာ အသုံးပြုခဲ့ပြီး နှလုံးသားဓားအာဏာရှင်က ဓားသုံးကွက်ကို အသုံးပြုခဲ့တယ်။

ဒါက ခံစားချက်မဲ့ဓားဧကရာဇ်က နှလုံးသားဓားအာဏာရှင်ထက် ပိုသန်မာတယ်လို့ မဆိုလိုပါဘူး။ သူတိုက်ခိုက်တဲ့အချိန်တိုင်း နှလုံးသားဓားအာဏာရှင်က နှလုံးသားဓားရဲ့ပထမကွက်ကို အမြဲတမ်း အသုံးပြုပါလိမ့်မယ်။ သူက တတိယကွက် ဒါမှမဟုတ် စတုတ္ထကွက်ကို တန်းမသုံးပါဘူး။ မဟုတ်ရင် ထန်ရှင်းနှစ်ယောက်ပေါင်းရင်တောင် နှလုံးသားဓားအာဏာရှင်မှ ဓားတစ်ကွက်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။

"သိုင်းစင်မြင့်၇၊ ရှောင်ယွမ်နဲ့လီဖူချန်း"

ဒိုင်လူကြီးက ပြိုင်ပွဲကို ကြေငြာပြီးတာနဲ့ ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ စင်မြင့်အောက်ရှိပါဝင်ယှဉ်ပြိုင်သူတွေကတောင် အလွန်တက်ကြွနေတယ်။ လူတိုင်းက မဆွေးနွေးဘဲ မနေနိုင်တော့ပါဘူး။

နှလုံးသားဓားအာဏာရှင်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၄ ဖြစ်တယ်။ သူ့ရဲ့ခွန်အားနဲ့ဂုဏ်သတင်းက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ရဲ့နောက်လိုက်ပြီး ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ ညီမျှတယ်။ ဓားတာအိုအသိုင်းအဝိုင်းမှာ ပြောင်မြောက်တဲ့ဓားသမားတွေအကြောင်း ပြောဆိုတဲ့အခါ နှလုံးသားဓားအာဏာရှင်ကို ချန်ထားဖို့က ခက်ခဲတယ်။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့က ဓားတာအိုအသိုင်းအဝိုင်းရဲ့ သင်္ကေတဆိုရင် ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့က ဓားတာအိုအသိုင်းအဝိုင်းရှိ တောင်တန်းကြီးတွေ ဖြစ်တယ်။

လီဖူချန်းက ဓားပြိုင်ပွဲမတိုင်ခင်က နာမည်မရှိပါဘူး။ ပြိုင်ပွဲအစမှာ သူက မထင်ရှားဘူး၊ ဒါပေမယ့် အချိန်ဖြတ်သန်းလာတာနဲ့အမျှ လီဖူချန်းက လူတိုင်းရဲ့သူ့အပေါ်နားလည်မှုကို ပြောင်းလဲပေးခဲ့တယ်။

တစ်ယောက်က ဓားတာအိုအသိုင်းအဝိုင်းရဲ့တောင်တန်းကြီးဖြစ်ပြီး တစ်ယောက်က မြင့်တက်လာနေတဲ့ကြယ်တစ်ပွင့်ဖြစ်တယ်။ သူတို့နှစ်‌ယောက်ကြားတိုက်ပွဲက ဓားတာအိုအသိုင်းအဝိုင်းမှာ ရိုက်ခတ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

"အဆုံးမှာ ဘယ်သူ ရယ်မောနိုင်လိမ့်မယ်လို့ မင်း ထင်လဲ"

"စဉ်းစားဖို့လိုသေးလား။ သေချာ‌ပေါက် နှလုံးသားဓားအာဏာရှင်ပေါ့။ အခုအချိန်ထိ နှလုံးသားဓားအာဏာရှင်က တတိယကွက်ထိသာ အသုံးပြုရသေးတယ်။ လီဖူချန်းရဲ့ခွန်အားအရ ပဉ္စမဓားကွက်ထိ ဖိအားပေးနိုင်တာက သူ့အတွက် ဂုဏ်ယူစရာဖြစ်လိမ့်မယ်။ နှလုံးသားဓားအာဏာရှင်က ဆဌမကွက်ကို အသုံးပြုတာနဲ့ လီဖူချန်းက ရှုံးမှာ အသေအချာပဲ"

"နှလုံးသားဓားအာဏာရှင်က ပိုသန်မာတယ်လို့ ငါ ထင်တယ်။ ပြီးတော့ နှလုံးသားဓားတာအိုက အသန်မာဆုံးဓားတာအိုတွေထဲကတစ်ခုအပါအဝင်ပဲ"

"အဲဒါတော့ ဟုတ်တယ်၊ လီဖူချန်းက အခွင့်အရေးတစ်ခုမှ မရှိဘူးဆိုတာကိုတော့ မဆိုလိုဘူး။ လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အခုထိ အသုံးမပြုရသေးဘူးဆိုတာကို မမေ့နဲ့။ အခုချိန်ထိ ဘာတစ်ခုမှ မရှင်းလင်းသေးဘူး"

"သူက ခွန်အားကို ဖုံးကွယ်ထားရင်ရော ဘာဖြစ်လဲ။ သူက သူ့ခွန်အားရဲ့ဆယ်ဆကို ဖုံးကွယ်ထားရင်တောင် သူ့အနေနဲ့ နှလုံးသားဓားအာဏာရှင်ကို အနိုင်ယူဖို့ ခက်ခဲနေတုန်းပဲ"

နှလုံးသားဓားအာဏာရှင်က အခွင့်အရေးပိုများတယ်လို့တော့ လူအများစုက ခံစားမိကြတယ်။

ဟက် ဟက် ဟက်.........

သိုင်းစင်မြင့်ရဲ့အဆီးအတားမှာ လှိုင်းဂယက်တွေ ထွက်ပေါ်လာတယ်။

ဓားစွမ်းပကားနှစ်ခုအကြား ထိပ်တိုင်ရင်ဆိုင်မှု ဖြစ်တယ်။

အချက်အလက်အရ သူတို့နှစ်ယောက်က ဓားစွမ်းပကားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ဖော်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ဓားစွမ်းပကားတွေက အပြန်အလှန်ဆွဲငင်ပြီး  အလိုအလျောက် ထုတ်ဖော်လိုက်ခြင်း ဖြစ်တယ်။

ဖော်ပြချက်တစ်ခုကို ပေးရရင် ဒါကို ဓားတာအိုပဲ့တင်ခြင်းတစ်မျိုးလို့ ယူဆလို့ရပါတယ်။

အခြားသူတွေက မမြင်နိုင်ပေမယ့် ကိုယ်တိုင်တွေ့ကြုံဖူးတဲ့ ထန်ရှင်းနဲ့မူရုံယိုယွီတို့က ဒါက ဓားတာအိုပဲ့တင်ခြင်းဖြစ်တာကို ချက်ချင်း မြင်ပါတယ်။ အဲဒါက အားနည်းတဲ့ဓားတာအိုပဲ့တင်ခြင်းဖြစ်ပေမယ့် သူတို့က ဓားကွက်တွေ မဖလှယ်ရသေးပါဘူး။ သူတို့က ဓားကွက်တွေဖလှယ်တာနဲ့ ပိုပြီးပြင်းထန်လာပါလိမ့်မယ်။

"စိတ်ဝင်စားစရာပဲ၊ နှလုံးသားဓားအာဏာရှင်နဲ့တောင် သူက ဓားတာအိုပဲ့တင်ခြင်းကို ထုတ်လုပ်နိုင်တယ်" ဓားမော့ဧကရာဇ်ချူခွမ်းက ယဲ့ယဲ့လေးပြုံးလိုက်တယ်။

လီဖူချန်းက အားနည်းလွန်းရင် အဓိပ္ပါယ်မရှိပါဘူး။ ထိပ်တန်းအဆင့်ဓားသမားကို သတ်ခြင်းကသာ သူ့ကို အောင်မြင်မှုအရသာကို ပေးပါလိမ့်မယ်။

"သူတို့က နောက်ဆုံးတော့ တိုက်ခိုက်ကြပြိီပေါ့" မြောင်ရွှယ်ချင်းက မျှော်လင့်တဲ့အမူအရာ ဖြစ်လာတယ်။

လီဖူချန်း အားကောင်းတာကို သူမ သိတယ်၊ ဘယ်လောက်အားကောင်းတာကိုတော့ သူမ အတိအကျ မသိဘူး။

"ဟုတ်တယ်၊ သူတို့တိုက်တော့မယ်" ချူချင်းယန်က ခေါင်းညိတ်လိုက်တယ်။

သိုင်းစင်မြင့်ပေါ်မှာ ဓားစွမ်းပကားနှစ်ခုက အဆက်မပြတ် တွေ့ဆုံနေတယ်။ မျက်လုံးနဲ့တောင် မမြင်နိုင်တဲ့ သေးငယ်တဲ့ဟင်းလင်းပြင်ဇုန်တစ်ခုမှာ အဆုံးမဲ့ဓားချီတွေက တိုက်ခိုက်နေကြတယ်။ ပေါက်ကွဲမှုတွေက ညင်သာလွန်းတာကြောင့် မကြားရနိုင်ပါဘူး။

"မင်းက အလွန်အားကောင်းတယ်" သူက လီဖူချန်းကို လျှော့တွက်မိတာကို နှလုံးသားဓားအာဏာရှင်က ဝန်ခံလိုက်တယ်။

"မင်းလည်း မဆိုးပါဘူး" လီဖူချန်းက တုံ့ပြန်လိုက်တယ်။

အခြားသူတွေနဲ့ မတူဘဲ လီဖူချန်းရဲ့မျက်လုံးတွေမှာ တည်ငြိမ်မှု၊ တိုက်ခိုက်လိုစိတ်နဲ့ နှစ်ထောင်းအားရမှုတွေ ရှိတယ်။ စိုးရိမ်ကြောင့်ကြတဲ့၊လေးနက်တဲ့ အမူအရာတွေ တစ်ခုမှ မရှိပါဘူး။

"ဟုတ်လား။ မင်းရဲ့အမြင်မှာ ငါက မဆိုးရုံလောက်ပဲပေါ့"

နှလုံးသားဓားအာဏာရှင်က တင်းမာခက်ထန်သွားပြီး ကြီးမားပြင်းထန်တဲ့ဓားအလင်းတစ်ခုက မိုးကြိုးတစ်ခုပမာ လီဖူချန်းကို ခုတ်ပိုင်းလိုက်ပါတယ်။

ဓားကိုင်ထားတဲ့နှလုံးသားဓားအာဏာရှင်က အသန်မာဆုံးနှလုံးသားဓားအာဏာရှင်လို့ လူတိုင်းက ယူဆကြတယ်။ ဒါပေမယ့် အဲဒါက ကိစ္စတစ်ခု မဟုတ်ပါဘူး။ လုံးဝမှန်တယ်လို့လဲ ပြောလို့မရပါဘူး။

ဓားကိုင်ထားတဲ့နှလုံးသားဓားအာဏာရှင်က အသန်မာဆုံးနှလုံးသားဓားအာဏာရှင် ဖြစ်ပေမယ့် ဓားမရှိတဲ့နှလုံးသားဓားအာဏာရှင်က ဓားကိုင်ထားတဲ့နှလုံးသားဓားအာဏာရှင်ထက် မနိမ့်ကျပါဘူး။

သူက နှလုံးသားစွမ်းအားကို အလွယ်တကူနဲ့ ပိုမိုအသုံးပြုခဲ့ရတယ်။

ဒီသန့်စင်တဲ့နှလုံးသားဓားကို နှလုံးသားဓားအာဏာရှင်မှ ကြီးမားတဲ့ဓားစွမ်းအားနဲ့အတူ ဖြည့်သွင်းထားတယ်။ အခု သူ့မျက်လုံးက ဓားအလင်းဖြစ်လာတယ်။ ဓားအလင်းကို ထုတ်လွှတ်လိုက်တာနဲ့ အဲဒါက ဘယ်အရာကိုမဆို ခုတ်ပိုင်းဆုတ်ဖြဲနိုင်မယ်လို့ ခံစား‌ရတယ်။ ဒ့ါပြင် အရှိန်က မြန်လွန်းပြီး နှလုံးသားဓားအာဏာရှင်ဓားကိုင်တုန်းကထက်တောင် ပိုမြန်ပါတယ်။ အဲဒါကို ခုခံဖို့က မဖြစ်နိုင်ပါဘူး။

ဓားအလင်းက လီဖူချန်းဆီ သွားနေတယ်။

"နှလုံးသားဓားလား၊ ဟမ့်"

လီဖူချန်းက လှောင်ပြုံးပြုံးလိုက်တယ်၊ ကြီးမားတဲ့ဓားအလင်းက လီဖူချန်းမှ တစ်ပေအကွာကို ရောက်လာတဲ့အခါ အဲဒါက ချက်ချင်း ချေမှုန်းရှင်းလင်းခံလိုက်ရတယ်။

"ဘာလဲ။ သူက ဓားကို မထုတ်ဘဲနဲ့ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားကို ချက်ချင်းချိုးဖြတ်နိုင်ခဲ့တာလား"

"လီဖူချန်းလည်း နှလုံးသားဓားကို သိတာလား"

"အဲဒါ မဖြစ်နိုင်သလောက်ပဲ။ လီဖူချန်းမှာ နှလုံးသားဓားတာအိုရဲ့လက္ခဏာတစ်ခုကိုမှ ငါ မမြင်ရဘူး"

လူတိုင်းက အံ့အားသင့်သွားကြတယ်။

နှလုံးသားဓားအာဏာရှင်က မျက်မှောင်ကြုတ်လိုက်တယ်။ လီဖူချန်းက နှလုံးသားဓားကို သိမယ်လို့ သူ မထင်ထားပါဘူး။

ဒါပေမယ့် အဲဒါက အရေးမကြီးပါဘူး။

အရေးကြီးတဲ့အချက်က ဓားကို မထုတ်ဘဲ လီဖူချန်းက သူ့ရဲ့နှလုံးသားဓားကို ချိုးဖျက်နိုင်တာပဲ။ ကြောက်စရာကောင်းတဲ့ဓားတာအိုစွမ်းအားတစ်ခုက လီဖူချန်းကို ဝန်းရံထားနေပုံရတယ်။

"မူလဘူတဓားက တကယ်ကို မယုံနိုင်စရာပဲ" လီဖူချန်းက ကျေနပ်အားရသွားတယ်။

နှလုံးသားဓားကို ရှင်းလင်းခဲ့တဲ့စွမ်းအားက မူလဘူတဓားကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။

အခု လီဖူချန်းက မူလဘူတဓားနဲ့ အတော်လေးရင်းနှီးနေပြီး စောစောကပဲ စမ်းသပ်ခဲ့တယ်။ သက်ရောက်မှုက အလွန်အားကောင်းတယ်။ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားက ဆယ်ဆပိုသန်မာလာရင်တောင် မူလဘူတဓားကို အနိုင်ယူဖို့ မဖြစ်နိုင်တုန်းပါပဲ။

ဒါပေမယ့် လီဖူချန်းက နှလုံးသားဓားအာဏာရှင်ကို  မူလဘူတဓားနဲ့ အနိုင်ယူဖို့ အစီအစဉ်မရှိပါဘူး။

အဲဒါက လွန်ကဲလွန်းပါတယ်လေ။ ဒါ့ပြင် သူက နှလုံးသားဓားတာအိုရဲ့ဆန်းကြယ်မှုကို တွေ့ကြုံချင်တယ်။ သူက နှလုံးသားဓားအာဏာရှင်ကို လျင်မြန်စွာ အနိုင်ယူလိုက်ရင် အဲဒါက အဓိပ္ပါယ်မရှိ ဖြစ်သွားပါလိမ့်မယ်။

ကလန်.........

နှလုံးသားဓားအာဏာရှင်က သူ့ရဲ့ဓားကို ထုတ်ပြီး နှလုံးသားစည်းချက်ကို လီဖူချန်းထံ ထုတ်ဖော်လိုက်တယ်။

ရေလှိုင်းဂယက်တစ်ခု ရှိတယ်၊ ဒါပေမယ့် အဲဒါက ရေတာအိုဥပဒေဿရဲ့လှိုင်းဂယက် မဟုတ်ပါဘူး၊ အဲဒါက ဓားတာအိုဥပဒေဿရဲ့လှိုင်းဂယက် ဖြစ်တယ်။ ဓားတာအိုဥပဒေဿကို သေးငယ်တဲ့လှိုင်းဂယက်တွေရှိတဲ့ လူတစ်ယောက်ရဲ့နှလုံးသားလိုမျိုး နှလုံးသားဓားအာဏာရှင်က ဓားတာအိုဥပဒေဿကို ရေအဖြစ် ဖန်တီးထားတယ်။

မူရုံယိုယွီ ဒါမှမဟုတ် ထန်ရှင်းသာ ဒီဓားကွက်ကို လက်ခံရရင် သူတို့က ဒုက္ခရောက်သွားပါလိမ့်မယ်။ သနားစရာတစ်ခုက လက်ခံသူက လီဖူချန်းဖြစ်နေတယ်။ ထိုးဖောက်မှုတစ်ခုနဲ့အတူ ဟင်းလင်းပြင်ဓားဖိအားက နှလုံးသားစည်းချက်ကို ချိုးဖြတ်ပြီး နှလုံးသားဓားအာဏာရှင်ရဲ့ဓားနဲ့ ရင်‌ဆိုင်လိုက်တယ်။

ဘန်း..........

မီးပွားတွေ စင်ထွက်လာတယ်။

နှလုံးသားဓားအာဏာရှင်ရဲ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားတယ်။

ဒီမြင်ကွင်းက ဆူညံပွက်လောရိုက်မှုတစ်ခုကို ချက်ချင်း ဖြစ်စေခဲ့တယ်။

နှလုံးသားဓားအာဏာရှင် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ရတာကို သူတို့မြင်ရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါ့ပြင် အဲဒါက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့လီကျန့်ရှင်းတို့ မဟုတ်ဘူး၊ အဲဒါက တကယ်ကို လီဖူချန်းပဲ။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ လီဖူချန်းက နှလုံးသားဓားအာဏာရှင်ထက် သာလွန်တာလား"

"ပြိုင်ပွဲက အခုမှ စသေးတာ၊ ပြီးတော့ နှလုံးသားဓားအာဏာရှင်က သူ့ရဲ့ပထမကွက်ကိုပဲ သုံးရသေးတာလေ။ ဘာလို့ ဒီလောက်မြန်မြန်နဲ့ ရလာဒ်ကို ခန့်မှန်းနိုင်မှာလဲ"

"ဒါ မှန်တယ်၊ ဒါပေမယ့် အဲဒါက တကယ် တုန်လှုပ်စရာပဲ"

"ဟုတ်တယ်၊ ငါ တကယ် လီဖူချန်းကို လျှော့တွက်မိတယ်။ သူက သူ့ရဲ့ခွန်အားအပြည့်ကို ထုတ်သုံးရင်တောင် ကိစ္စမရှိဘူး။ ဒီဓားကွက်တစ်ခုတည်းနဲ့ ဓားတာအိုအသိုင်းအဝိုင်းရဲ့အမြင့်မှာ နေဖို့ လုံလောက်တယ်။ အနာဂတ်မှာ သူက သေချာပေါက် ဓားတာအိုအသိုင်းအဝိုင်းရဲ့သင်္ကေတတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်"

ပထမဓားကွက်က အောင်မြင်မှုမရပြီးနောက် နှလုံးသားဓားအာဏာရှင်ရဲ့မျက်လုံးတွေက လေးနက်သွားတယ်၊ ဒါပေမယ့် စိတ်လှုပ်ရှားတဲ့အမူအရာတစ်ခုလည်း ရှိနေတယ်။

သူ ဒီလို မခံစားရတာ ဘယ်လောက်တောင် ကြာပြီးလဲ။ အဲဒါက တကယ်ကို အံ့ဩစရာကောင်းတယ်၊အလွန်လည်း စိတ်လှုပ်ရှား‌စရာကောင်းတယ်။

"နှလုံးသားယစ်မူးခြင်း"

နှလုံးသားဓားအာဏာရှင်က ဒုတိယဓားကွက်ကို သုံးလိုက်တယ်။ ဒီဓားက လှိုင်းဂယက်အလွှာမြောက်မြောက်များစွာကို ထုတ်လုပ်ပြီး ကြမ်းတမ်းတဲ့တုန်ခါမှုတစ်ခု ရှိတယ်။ အတွင်းကိုကျသွားတဲ့ဘယ်သူမဆို ဖမ်းစားခံလိုက်ရပြီး ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးရလိမ့်မယ်။ နောက်ဖြစ်မယ့်အရာက လဲကျခြင်းပါပဲ။

အနေအထားကို မြင်ပြီး လီဖူချန်းက သူ့ဓားကို ထုတ်ပြီး လှည့်ပတ်လိုက်တယ်။

ကလင် ကလန် ..........

တစ်ခဏအတွင်းမှာ သူတို့ရဲ့ဓားနှစ်လက်က အကြိမ်မရေမတွက်နိုင်‌အောင် ထိတွေ့သွားကြတယ်။ ပရိသတ်တွေက မြင်ကွင်းနှစ်ထပ်ဖြစ်နေသလို ခံစားရပြီး အယောင်မှားစေတဲ့အသံတွေကို ကြားနေရတယ်။

ကလန်.........

မီးပွားစီးကြောင်းတစ်ခုက ပေါက်ကွဲထွက်လာပြီး နှလုံးသားဓားအာဏာရှင်က ခြေတစ်လှမ်းဆုတ်လိုက်ရပြန်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မင်းရဲ့တတိယအကွက်ကို သုံးပါ၊ နှလုံးသားကွဲအက်ရတဲ့ခံစားချက်ကို ငါ သိချင်နေတယ်"

လီဖူချန်းက အလွန်တည်ငြိမ်နေပေမယ့် ပရိသတ်တွေကတော့ မတည်ငြိမ်နိုင်တော့ပါဘူး။

နှလုံးသားဓားအာဏာရှင်က ဒုတိယအကွက်မှာလည်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရတယ်။

အနေအထားက တိမ်းစောင်းသွားပုံရတယ်။

တစ်ယောက်ယောက်က ပြောလိုက်တယ်"ဟုတ်ပြီး၊ တတိယကွက်နဲ့စတုတ္ထကွက်ကို မြင်ရတော့မယ်"

ခြေသံမထွက်စေဘဲ ‌နှလုံးသားအာဏာရှင်က ရပ်ကာ ပြောလိုက်တယ်"မင်းဆန္ဒရှိတဲ့အတိုင်း၊ ဒါက တတိယကွက်နှလုံးသားဒဏ်ရာပဲ"

နှလုံးသားဓားအာဏာရှင်ရဲ့အမူအရာက ဝမ်းနည်းပူဆွေးတင်းမာခက်ထန်သွားတယ်၊ သူက လီဖူချန်းကို ရုတ်တရက် တိုက်ခိုက်လိုက်တယ်။

အဲဒါက သာမန်ဓားပဲ၊ ဒါပေမယ့် ကြီးမားတဲ့အရေးအခင်းကို ဖြစ်စေခဲ့တယ်။ ဓားအားက ကမ္ဘာကို ဝါးမျိုနေသလို ချာလပတ်လည်နေတဲ့ဝဲကတော့တစ်ခုနဲ့ တူပါတယ်။ ဒါပေမယ့် ထုတ်လွှတ်လိုက်တဲ့ဓားတာအိုတည်ရှိမှုက တစ်ယောက်တည်းငိုကြွေးနေတဲ့ ရင်ကွဲနာကျမိန်းကလေးတစ်ယောက်ပမာ အားအင်ကင်းမဲ့ပြီးစွမ်းအားမရှိပုံ ရတယ်။

ချက်ချင်းမှာပဲ လီဖူချန်းကို ဝဲကတော့က ဝါးမျိုသွားတယ်။

"ပြီးသွားပြီး" မူရုံယိုယွီက သူမရဲ့ခေါင်းကို ခါလိုက်တယ်။

သူမကို ဒီဓားကွက်က အနိုင်ယူခဲ့တာကြောင့် ဒီဓားကွက်ရဲ့ကြောက်မက်ဖွယ်ကို ကောင်းကောင်းသိပါတယ်။

တစ်ယောက်ယောက်က မနစ်မြုပ်ရင်တော့ အဆင်ပြေပါတယ်။ နစ်မြုပ်သွားရတာနဲ့ စိတ်ဝိညာဉ်တစ်ခုလုံးက လည်နေသလို ခံစားရမယ်။ ရင်ကွဲနာကျဓားဆန္ဒက စိတ်ဝိညာဉ်ကို ထိုးဖောက်သွားပြီး ဖယ်ရှားဖို့က မဖြစ်နိုင်ပါဘူး။

အခုဆိုရင် သူမရဲ့နှလုံးသားမှာတောင် ဝမ်းနည်း‌ပက်လက်ဓားဆန္ဒက ရှိနေသေးတယ်။

မူရုံယိုယွီနဲ့ မတူဘဲ လီဖူချန်းက ဝဲ့ကတော့ကို ရောက်ရှိသွားတဲ့အခါ သူက အကူအညီမမဲ့ပါဘူး။

သူက ရည်ရွယ်ချက်ရှိရှိနဲ့ နစ်ဝင်သွားခဲ့တာလို့တောင် ပြောလို့ရတယ်။

မဟုတ်ရင် သူက နှလုံးသားဓားအာဏာရှင်ရဲ့ဓားဆန္ဒကို ဘယ်လိုလုပ်တွေ့ကြုံခံစားနိုင်မှာလဲ။

ဓားကို ဝှေ့ယမ်းပြီး လီဖူချန်းက ဓားအားအသီးသီးကို ပျံ့နှံ့စေလိုက်တယ်။ နှလုံးသားဓားအာဏာရှင်ရဲ့ဓားအားက ပျံ့နှံ့သွားတဲ့အခါ သူက ဝမ်းနည်းကြွေကွဲစရာအငွေ့အသက်ကို ခံစား‌ရတယ်။

"အခု ငါ သိပြီး"

လီဖူချန်းရဲ့ဓားတာအိုဉာဏ်အလင်းက မြင့်မားလွန်းပြီး သူကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခါ သူက နှလုံးသားဒဏ်ရာဓားကွက်ရဲ့အနှစ်သာရကို ချက်ချင်း နားလည်လိုက်တယ်။

ဘုံး..........

နှလုံးသားဒဏ်ရာကို နားလည်ပြီး‌နောက် လီဖူချန်းကို ဝဲ့ကတော့ကို ခွဲဖြတ်လိုက်တယ်"မင်းရဲ့စတုတ္ထကွက်ကို သုံးပါ"

"ကောင်းပြီ၊ ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ မင်းက ငါ့ကို စတုတ္ထဓားကွက်ကို သုံးဖို့ ဖိအားပေးနိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ"

လီဖူချန်းက နှလုံးသားဒဏ်ရာကို ချိုးဖြတ်နိုင်ခဲ့တဲ့အပေါ် နှလုံးသားဓားအာဏာရှင်က စိတ်အနှောင့်အယှက်ပါဘူး။ လီဖူချန်းရဲ့ခွန်အားအရ တတိယကွက်လောက်နဲ့ လီဖူချန်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ စတုတ္ထကွက် ဒါမှမဟုတ် ပဉ္စမကွက်မှသာ ဖြစ်နိုင်လောက်တယ်။

***

All Chapters