← Chapters

ပင့်ကူဖြူ

Vol. 20 Ch. 268

ပင့်ကူဖြူ

Vol. 20 Ch. 268

ဟန်လိသည် အဘက်ဘက်မှ ပွင့်နေသော လှိုဏ်ဂူတစ်ခုထဲတွင် ခုလက်ရှိတွင် ရောက်နေသည်။ သူသည် ဒီလှိုဏ်ဂူက မည်မျှ ကြီးမှန်း မသိသော်လည်း မသေးငယ်တာတော့ သေချာ၏။

ဟန်လိသည် သူ့လက်ထဲရှိ လရောင်ကျောက်ကို ဝေ့ရမ်းကြည့်ပြီးနောက်မှာ ထိုသို့ ကောက်ချက်ချတာ ဖြစ်၏။ ပြီးခဲ့သော အချိန်အပိုင်းအခြားတုန်းက ဥမင်ပြိုကျကာ ကျောက်တုံးများ၊မြေမှုန်များ ပိဆင်းလာချိန်၌ ဟန်လိသည် အလျင်အမြန် ပြေးကာ သူ၏ အကာအကွယ်အရံအတားကို အသက်သွင်းခဲ့၏။ ထို့ကြောင့် သူသည် မြေအောက်မှာ မြှုပ်နှံ့ခံခဲ့ရသော်လည်း အသက်ရှုနိုင်ဆဲ ဖြစ်ခဲ့ပြီး ရှေ့ကို တဖြည်းဖြည်းချင်း ရွှေ့လာနိုင်ခဲ့တာ ဖြစ်သည်။

သို့သော် မြေပြိုမှုက ကြီးမားလွန်း၍ ဟန်လိသည် သူ ဘယ်နေရာသို့ ရောက်သွားမှန်း ဆက်၍ မသိတော့ပေ။ ဦးတည်ရာကိုပါ မသိနိုင်တော့အောင် ဖြစ်ခဲ့သည်။ ထိုအခါ သူသည် တခြားရွေးချယ်စရာ မရှိတော့ဘဲ ကင်းလိပ်ချောရုပ်သေးသားရဲများကို စေလွှတ်၍ မတူညီသော အရပ်များထံ တူးဆွစေခဲ့သည်။ လမ်းများ တွေ့မလားဟု မျှော်လင့်ချက်ဖြင့်ပင်။

ထိုအချိန်မှာ သူ မြေလွတ်မြောက်ခြင်းပညာရပ်ကို အရင်တည်းက မသင်ထားခဲ့မိတာ နောင်တကြီးစွာ ရခဲ့သေး၏။ သူသာ ထိုပညာရပ်ကို တတ်ကျွမ်းထားခဲ့ပါက မြေအောက်တွင် ချောချောမွေ့မွေ့ သွားနိုင်မည် ဖြစ်၏။ ခုတော့ ရုပ်သေးများကို ရှေ့ကနေ သွားစေပြီး သူက ဖြည်းဖြည်းချင်း တွားသွားခဲ့ရသည်။

မှော်ပစ္စည်းများ အသုံးပြုကာ လမ်းကြောင်းတစ်ခု ဖွင့်ဖို့။ သည်အတွေးကို သူ ချက်ခြင်း ပယ်ဖျက်၏။ ခုလက်ရှိ အခြေအနေမှာ မှော်စွမ်းအားများကို လက်လွတ်စပယ် ထုတ်ဖော်ခြင်းမှာ ဉာဏ်နည်းရာ ကျပေလိမ့်မည်။ ထို့အပြင် မြေအောက်၌ မှော်ပစ္စည်းများ အသုံးပြုခြင်းမှာ အလွန်အန္တရာယ်များလှသည်။ တချက်မှားသည်နှင့် သူ နောက်ထပ်ပြိုကျမှုတစ်ခု ကြုံရလိမ့်မည်။

ထိုသို့ဖြင့် ဟန်လိသည် သူ၏ရုပ်သေးများဖြင့်သာ အဘက်ဘက်သို့ ကင်းထောက်စေခဲ့ပြီး လွတ်မြောက်ဖို့လမ်းကို ရှာခိုင်းခဲ့သည်။ နာရီများစွာ တွားသွားလာခဲ့ပြီးနောက်မှာ သူသည် တဖြည်းဖြည်းချင်း သည်ဆန်းကြယ်သော လှိုဏ်ဂူတစ်ခုထံ ရောက်လာခဲ့တာပင်။ ထိုအခါကျမှ ဟန်လိ အမှန်တကယ် စိတ်အေးနိုင်တော့သည်။

ကပ်ဘေးတစ်ခုမှ ရှင်သန်ရသည့် ခံစားချက်သည် အမှန်တကယ် ကောင်းမွန်လှပေ၏။

မြေအောက်ဥမင်လမ်းအတိုင်း သူနှင့်အတူ ဝင်ခဲ့ကြသော တခြားကျင့်ကြံသူများ ရှင်လား၊သေလားကိုတော့ သူ မပြောနိုင်ပေ။

အကြောင်းမှာ လေမရှိသော ဧရိယာ၌ ပိတ်မိနေသည့်အခါ သူတို့သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ ဖြစ်နေခဲ့လျှင်ပင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်သောကြောင့်ပင်။ ချီစုဆောင်ခြင်းတပည့်များကတော့ အသက်ရှင်နိုင်ခြေ ပိုနည်း၏။

ဟန်လိက သူ့ကံကောင်းမှုအပေါ် ကျေနပ်နေရင်း စဉ်းစားမရတာ တစ်ခု ရှိနေ၏။

သူတို့ ဥမင်လမ်းထဲ ဝင်လာပြီး သိပ်မကြာခင်မှာ ငလျင်လှုပ်ခါမှုကြောင့် သည်လမ်းက မည်သို့ ပြိုကျခဲ့ရသနည်း။ မိစ္ဆာတာအိုဂိုဏ်းကသူများက တစ္ဆေများကို အသုံးပြုကာ ထိုသို့ ဖြစ်စေခဲ့တာများလား။ ဟန်လိသည် ထိုခန့်မှန်းချက်က မှန်နိုင်ခြေများသည်ဟု ခံစားမိသည်။

……

သည်မြေအောက်ဥမင်၏ အပေါ်၌ မိစ္ဆာတာအိုဂိုဏ်းမှ ကျင့်ကြံသူများက စိတ်ဝိညာဉ်ကျောက်တွင်း၏ အဝင်ဝကို မှော်ပစ္စည်းများ သုံး၍ ဖျက်စီးခဲ့ကြ၏။ ထိုစိတ်ဝိညာဉ်ကျောက်မိုင်း၏ အထက်၌ အဝါရောင်ဝတ်စုံဖြင့် အဘိုးအိုက အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ်ကို ကြည့်ကာ နှမြောဟန်ဖြင့် ပြောနေ၏။

“ဂျူနီယာညီမလေးလိန်၊ ဒီပြဿနာလေးကို နင်က ပုံကြီးချဲ့ခဲ့တာပဲ။ ထွက်ပြေးသွားတဲ့ ခွေးလေခွေးလွင့် တချို့အတွက် နင်က ရှားမှရှားတဲ့ အလယ်အဆင့် အဆောင်တစ်ခု ဖြစ်တဲ့ မြေငလျင်အဆောင်ကို အသုံးပြုခဲ့တာပဲ…”

“ဟက်…ကျမ၊ လိန်ဖေးဟွာရဲ့ လက်ထဲက ပြေးချင်တာလား။ အဲ့လောက် ဘယ်လွယ်မလဲ။ ဒီစိတ်ဝိညာဉ်ကျောက်တွင်းကို သိမ်းပိုက်တာက ဘာမဟုတ်တဲ့ တာဝန်ဆိုပေမယ့် သူတို့ကို လွယ်လွယ်ထွက်ပြေးခွင့် ပြုခဲ့ရင် ကျမအတွက် စိတ်မသက်မသာ ဖြစ်ရလိမ့်မယ်…”

အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက သူမ၏ နှုတ်ခမ်းကို သပ်ကာ အရေးမစိုက်ဟန်ဖြင့် ပြော၏။

အဝါရောင်ဝတ်စုံနှင့် အဘိုးအိုကမူ ထိုစကားကို ကြားသည့်အခါ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။

ရှားပါးလှသော အဆောင်တစ်ခုကို ခုလို ဖြုန်းပစ်ခြင်းသည် အမှန်တကယ် အဆင်အခြင်မဲ့ရာ ရောက်၏။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သူမသည် မီးတောက်မိစ္ဆာဂိုဏ်းခေါင်းဆောင်၏ တစ်ဦးတည်းသောသမီး ဖြစ်၏။ သူကမူ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်ငယ်တစ်ယောက်သာ။ သူ့ကိစ္စကိုယ်သာ သူ အာရုံစိုက်သင့်၏။

ထိုအတွေးဖြင့် အဘိုးအိုက ပါးစပ်ပိတ်ကာ ငြိမ်သက်နေတော့၏။

ထိုနေ့ပြီးနောက် သည်နေရာနှင့် သိပ်မဝေးသော နေရာရှိ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ လျှို့ဝှက်ဆေးခြံဝန်းတစ်ခုကိုလည်း ထိုအုပ်စုက သိမ်းပိုက်ခဲ့ပေ၏။ သူတို့သည် အသုံးပြု၍ရသော ဆေးပင်အားလုံးကို ယူခဲ့ကာ ကျန်သည့် ဆေးပင်အကြွင်းအကျန်များကို အဇူရာနေမင်းမိစ္ဆာမီးဖြင့် ရှင်းပစ်ခဲ့သည်။

ထိုကိစ္စကို ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ အထက်ပိုင်းပုဂ္ဂိုလ်များ၏ စိတ်နှလုံးများကို နေမထိထိုင်မသာ ဖြစ်သွားစေခဲ့သည်။ ဟန်လိတို့ စောင့်ကြပ်ရသော စိတ်ဝိညာဉ်ကျောက်တွင်းက သည်ဆေးခြံဝန်းနှင့် ယှဉ်ပါက ပမွှားသာ။ အချိန်တစ်ခု ကြာလျှင် ကျောက်တွင်းကို ပြန်ကောင်းမွန်အောင် လုပ်၍ ရ၏။ သို့သော် ဓားပြတိုက်ခံရသော၊ မီးလောင်ခံရသော စိတ်ဝိညာဉ်ဆေးပင်များကို ပြန်ကြီးရင့်စေဖို့အတွက်ကတော့ ဆယ်စုနှစ်ချီ ကြာပေလိမ့်မည်။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ထိပ်ပိုင်းကျင့်ကြံသူများသည် ဒေါသပုန်ထကာ ထိုအုပ်စုနောက်သို့ ကျွမ်းကျင်သူများကို စေလွှတ်ကာ သူတို့အား သတ်ခိုင်း၏။ သို့သော် သူတို့သည် အလစ်တိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူက ထင်ပါ့မည်နည်း။

ထိုသို့သော အဆက်မပြတ် ဆုံးရှုံးမှုများ ကြုံရသည့်အပေါ် ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတို့၏ အရှက်ရမှုကို ဘယ်ဝန်ခံပါ့မည်နည်း။ အင်အားအတော်အတန် ပြန်ပြည့်လာပြီးနောက်မှာ သူတို့သည် ဒုတိယကြိမ်မြောက် အကြီးအကျယ်တိုက်ပွဲများကို ပြန်စကြမည် ဖြစ်သည်။

……

မြေအောက်၌ ဟန်လိသည် မျက်မှောင်ကြုတ်နေ၏။ နောက်ဆုံး၌ သူသည် ဂူထဲ လေဝင်လာသောအရပ်ကို သိခဲ့၏။

ထိုလေရာလမ်းကြောင်းအတိုင်း သူ ရှေ့ဆက်လာ၏။ လေတိုက်ခတ်မှုက ပိုအားကောင်းလာခဲ့သည်။ တကယ်တော့ လေရှိပါက မြေမျက်နှာပြင်ထံ ထွက်ပေါက်တစ်ခု ရှိနိုင်ပြီ မဟုတ်လား။

ဟန်လိသည် ဂူအသစ်တစ်ခုထဲ ဝင်လာရုံ ရှိသေး သူက လူခြောက်ယောက်၊ခုနစ်ယောက်လောက်ထံ ပြေးသွား၏။ သူတို့သည် ရွှမ်ယဲ့၊ လုထျန်မင်နှင့် တခြားကျင့်ကြသူများ ဖြစ်ကြ၏။ မထင်မှတ်စွာဖြင့် ကျုံးဝူလည်း သူတို့နှင့်အတူ ရှိနေသည်။ သူတို့က ရုပ်သေးသားရဲနှစ်ကောင်နှင့် ပြေးလာသော ဟန်လိကို မြင်သည့်အခါ အံ့အားတသင့် လှမ်းကြည့်သည်။

သို့သော် တအောင့်အကြာ၌ ရွှမ်ယဲ့က ပြုံး၍ တစုံတစ်ခုကို ပြောဟန်ပြင်စဉ် တခြားနေရာတစ်ခုမှ ဝူးဝူးဝါးဝါးအော်သံတစ်သံကို ကြားရ၏။ လူတိုင်းသည် အလန့်တကြား ဖြစ်ကုန်သည်။

ဟန်လိ ဘယ်လိုဘယ်ပုံ လွတ်လာသနည်း ဘာမျှ မမေးနိုင်တော့ဘဲ ရွှမ်ယဲ့နှင့် လုထျန်မင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ထိုအော်သံ ထွက်ပေါ်ရာထံ အလျင်အမြန် လှမ်းသွား၏။ မည်သူကမျှ မပေါ့ဆကြဝံ့ဘဲ အကာအကွယ်မှော်ပညာရပ်များနှင့် မှော်ပစ္စည်းများကို ကြို၍ အသင့်ပြင်ထားသည်။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ ချီတုံချတုံ ဖြစ်နေသေး၏။ အဆုံးသပ်၌ သူက အဖြူရောင်ကြေးခွံဒိုင်းကို ထုတ်ကာ နောက်မှ ဖြည်းဖြည်းချင်း လိုက်သွဦဂဿဉ္။ သို့ပေမည့် သူက အကာအကွယ်မှော်ပညာရပ်ကိုမူ အသုံးမပြုပေ။ သို့မှသာ သူသည် နန်းတွင်းပျံသန်းခြင်းနှင့် ခန္ဓာကိုယ်လှုပ်ရှားမှု ပညာရပ်တို့ကို တပြိုင်နက်တည်း အသုံးပြုနိုင်မည် ဖြစ်သည်။ သူသည် ကျဉ်းမြောင်းသော နေရာများ၌ ကာကွယ်မှုထက် လျင်မြန်မှုက ပို၍ အခါရာ ကျသည်ဟု ယုံကြည်သည်။

သူတို့သည် လှိုဏ်ဂူသုံးလေးခုကို ဖြတ်ကျော်သွားပြီးနောက်မှာ လှိုဏ်ဂူကြီးတစ်ခုထံ ရောက်လာပြီး သူတို့ရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလှိုဏ်ဂူ၏ ဗဟို၌ အဖြူရောင်ပင့်ကူကြီးတစ်ကောင်က ၎င်း၏ ချွန်မြသော သွားတို့ကို အသုံးပြုကာ ဆိုးဝါးစွာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းတစ်လောင်းကို ကိုက်ထား၏။ ထိုအလောင်းမှာ အဖြူရောင်ဝတ်စုံနှင့် ဖြစ်ကာ မြေပြိုခြင်းကနေ အသက်ရှင်လျက် ထွက်လာနိုင်သည့် လမျက်နှာဖုံးဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်ပုံရသည်။ ထိုအလောင်းဘေးနားမှာ စုတ်ပြတ်သပ်နေသော မှော်ပစ္စည်းများ ရှိ၏။

သို့ပေမည့် အသိသာဆုံးကတော့ ပင့်ကူနောက်မှာ ရှိနေသော ကြီးမားသည့် စိတ်ဝိညာဉ်ကျောက်အကြောကြီးပင်။ ၎င်းပတ်လည်၌လည်း အလွန်တရာ ရှေးကျလှသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိနေ၏။ ထိုအစီအရင်၏ဘေးမှာ တင်ပလ္လင်ချိတ်ကာ ထိုင်နေသော သက်တံရောင်အရိုးစုတစ်ခု ရှိသည်။ ထိုအရိုးစုက လေထဲ တစ်မီတာလောက်ထိ မြောက်တက်နေ၏။ မ၏ လက်ထဲတွင် မှိန်ဖျော့ဖျော့အလင်းတစ်ခုကို ထုတ်လွှတ်ပေးနေသော အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ဆုပ်ကိုင်ထားသည်။

“ဒါက ဘာလဲ…”

ချီစုဆောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သတွေးမြိုချကာ ခြောက်ကပ်ကပ်လေသံဖြင့် မေး၏။ သူက ဧရာမပင့်ကူကြီးကို မေးတာလား၊ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုမေးတာလား သို့မဟုတ် အမိန့်ပေးတံဆိပ်ပြားကို မေးတာလားကိုတော့ မည်သူမျှ မသိပေ။ သူ့အမေးကိုလည်း မည်သူကမျှ ပြန်မဖြေကြပါ။

ထိုသူ၏အသံကြောင့် ပင့်ကူကြီးကို သတိပေးသလို ဖြစ်သွားလေလားမသိ၊ ၎င်းက ကိုက်ဝါးနေတာကို ရုတ်တရက် ရပ်ကာ ခေါင်းလှည့်လာပြီး ၎င်း၏ လှိုဏ်ဂူထဲ ကျူးကျော်လာသော ဟန်လိတို့အုပ်စုကို အေးစက်စက် ကြည့်လာသည်။

ထိုသည်က ဟန်လိနှင့် တခြားသူများ၏ စိတ်ကို တုန်လှုပ်စေပြီး တိုက်ခိုက်ရန် အမြန် အသင့်ပြင်သည်။

သို့သော် ၎င်းပင့်ကူကြီးက တချက်သာ ကြည့်ပြီးနောက် ပြန်ခေါင်းငုံ့သွားကာ ပါးစပ်ထဲရှိအလောင်းကို ဆက်ဝါး၏။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် အလန့်တကြား ကြည့်မိကုန်၏။

“သေစမ်း…”

လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က သူ၏ ဂိုဏ်းဝင် ကိုက်ဝါးခံနေရသည်ကို မြင်သည့်အခါ အံတင်းတင်းကြိတ်၍ သူ့လက်ကို ပင့်မြှောက်ပြီး လှံတိုတစ်ချောင်းဖြင့် လှမ်းပစ်သည်။ လုထျန်မင်နှင့် တခြားသူများမှာ အလန့်တကြား ထခုန်ပြီး ထိုသို့ စတိုက်ခိုက်သော ကျင့်ကြံသူကို စိတ်ထဲကနေ အဆက်မပြတ် ကျိန်ဆဲကြတော့သည်။

“ထန်…” လှံတိုက ပင့်ကူခေါင်းကို သွားထိမှန်သံ ရှင်းလင်းစွာ ထွက်ပေါ်၏။ မထင်မှတ်စွာဖြင့် ၎င်းလှံတိုသည် ပြန်ကန်ထွက်သွားသည်။ ပင့်ကူသားရဲကို နည်းနည်းလေးမျှ ထိခိုက်သွားဟန် မတူပေ။ သည့်အပြင် လှံတို၏ ထိပ်သည်ပင် မဆိုသလောက် ကွေးညွတ်သွား၏။ တခြားကျင့်ကြံသူများ မျက်လုံးကျွတ်ကျမတတ် တုန်လှုပ်သွားကြ၏။ ပင့်ကူကြီး၏ ဦးခေါင်းခွံက မာလှချည်လား။

“အားလုံးပဲ…တိုက်ခိုက်ကြတော့…”

ရွှမ်ယဲ့သည် ထိုအလျင်စလို တိုက်ခိုက်ခဲ့သော ဂိုဏ်းဝင်ကို ရန်လိုဟန်ဖြင့် တချက် ကြည့်၏။ သူ့အဖို့ လူတိုင်းကို အတူတူ တိုက်ခိုက်ရန် ပြောရုံကလွဲ၍ တခြားပိုကောင်းသော ရွေးချယ်စရာ မရှိတော့ပေ။ အကြောင်းပင် ထိုပင့်ကူက အစာစားနေတာကို ရပ်ကာ သူတို့ထံ ဖြည်းဖြည်းချင်း လှမ်းလာသောကြောင့်ပင်။

သည်စကားများကို ပြောပြီးနောက်မှာ မှော်ပစ္စည်းဆယ်ခုကျော်သည် တချိန်တည်း ပျံသန်းထွက်သွား၏။ ယင်းလက်နက်များမှာ ပင့်ကူကို ထိုးစိုက်၏။ ဟန်လိလည်း သူ၏ ရွှေရောင်ဓားသွားများကို စေလွှတ်သည်။

အကြမ်းပတမ်း တိုက်ခိုက်မှုအောက်တွင် ပင့်ကူ၏ ခန္ဓာကိုယ်ကို အားကောင်းသောအလင်းဖြင့် ဖုံးလွှမ်းသွားချေ၏။ ၎င်းသည် ယင်းတိုက်ခိုက်မှုများကြောင့် ချက်ခြင်း အသက်ခံရတော့မည့်အလား။ သို့သော် ပွတ်တိုက်သံများကို ကြားရပြီးနောက် မှော်လက်နက်များ၏ တိုက်ခိုက်မှု ရောင်စဉ်အလင်းက မှိန်ဖျော့သွားခဲ့၏။ အဆင့်နိမ့်မှော်လက်နက် ငါးခုလောက်ဆို ၎င်းတို့၏ စိတ်ဝိညာဉ်ဂုဏ်သတ္တိများပါ လုံးလုံး ဆုံးရှုံးသွားပြီး ဂူကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ဟန်လိနှင့် တခြားကျင့်ကြံသူများက ထိုအဖြစ်ကို မြင်သည့်အခါ လန့်ကုန်ကြ၏။

ထိပ်တန်းမှော်ပစ္စည်းများကမူ အကောင်းတိုင်း ရှိနေဆဲ၊ သို့သော် အဆင့်မြင့်မှော်ပစ္စည်းများကမူ အပြင်းအထန် ထိခိုက်သွားခဲ့လေပြီ။ ထို့အပြင် သည်ပင့်ကူက လုံးဝ ထိခိုက်သွားပုံ မရ၊ ၎င်းက သူတို့ထံ ပျင်းရိပျင်းတွဲဖြင့် ဆက်၍ လှမ်းလာသည်။

“ပြန်ဆုတ်ကြ…”

လီထျန်မင်နှင့်ရွှမ်ယဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိ၏။ သူတို့သည် ထိုစကားကို တပြိုင်နက်တည်း ပြောသည်။

သူတို့သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့် အမိန့်ပေးတံဆိပ်ပြားတို့ကို စူးစမ်းချင်သော်လည်း သည်သားရဲကောင်ကို သတ်ဖို့ ပေးရမည့် တန်ကြေးမှာ မြင့်မားလွန်း၏။ ထို့အပြင် မြေပေါ်သို့ ပြန်တက်နိုင်ဖို့က သာ၍ အရေးကြီးနေသည်။

သို့ပေမည့် အဖြူရောင်ပင့်ကူကြီးက ပါးစပ်ဟကာ တောက်ပဖြူဆွတ်သော အရည်ကို နေရာတိုင်းသို့ ထွေးထုတ်သည်။

မည်သူကများ သည်ဘာမှန်းမသိသော အရည်တို့ကို သွားထိဝံ့လောက်အောင် တုံးပါ့မည်နည်း။ လူတိုင်းက ဘေးသို့ အလျင်အမြန် ရှောင်ကြ၏။

“မကောင်းတော့ဘူး…” ဟန်လိသည် တစုံတစ်ခုကို တွေးမိသွားပြီးနောက် သဘောပေါက်သွားကာ လှမ်းအော်၏။

တခြားကျင့်ကြံသူများလည်း နည်းနည်းတော့ ကြောင်သွားသည်။ သူတို့သည် မည်သို့ဖြစ်ပျက်သွားတာကို လုံးလုံး သဘောမပေါက်သေးဘဲ ရှိသည်။

ထိုအရည်က ကြီးမားသောပိုက်ကွန်တစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းသွား၏။ ထို့နောက်မှာ ပင့်ကူက လှိုဏ်ဂူအဝထံ ခုန်ထွက်ကာ ပိုက်ကွန်အပေါ်တွင် ရပ်သည်။ ၎င်းပင့်ကူသည် ဟန်လိတို့ ဝင်လာသော ဝင်ပေါက်ကို တင်းတင်းကြပ်ကြပ် ချိတ်ပိတ်ပစ်လိုက်တာပင်။

တခြားကျင့်ကြံသူများ၏ အမူအရာများမှာ ပြောင်းလဲသွား၏။ အခုအခါကျမှ သူတို့သည် သည်လှိုဏ်ဂူ၌ ထွက်ပေါက်တစ်ခုသာ ရှိလောက်မည်ဟု သိရှိသွားကြသည်။

All Chapters