← Chapters

နှလုံးသားကြေကွဲခြင်း

Vol. 57 Ch. 777

နှလုံးသားကြေကွဲခြင်း

Vol. 57 Ch. 777

သိုင်းစင်မြင့်အပြင်ဘက်မှာ လူတိုင်းက အသက်ရှုမရဲ ဖြစ်နေရရှာတယ်။

နှလုံးသားဓားအာဏာရှင်က သူ့ရဲ့စတုတ္ထကွက်ကို အသုံးပြုတော့မယ်။ ပုံမှန်အားဖြင့် သူတို့က စတုတ္ထကွက်ကို မြင်ဖို့ အခွင့်အရေး မရှိဘူး။ ဓားပြိုင်ပွဲလို ဓားတာအိုပွဲတော်တွေမှာသာ ဒီလိုအခွင့်အရေးကို ရရှိပါလိမ့်မယ်။

"နှလုံးသားအရူးအမူးစွဲလမ်းခြင်း"

ဓားကွက်ကို ဖော်ထုတ်ပြီးတာနဲ့ နှလုံးသားဓားအာဏာရှင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရေသေကန်တစ်ခုအလား ခံစားလာရတယ်။ ရေသေအတွင်းမှာ အကြွင်းမဲ့ဓားတာအိုအရှိန်အဝါတစ်ခု ရှိတယ်။ သိုင်းစင်မြင့်တစ်ခုလုံး အေးခဲသွားပြီး သူ့အတွေးတွေကိုတောင် သက်ရောက်နေတာကို လီဖူချန်းက ခံစားရတယ်။

"နှလုံးသားဓားတာအိုက တကယ်ကို ထူးခြားတာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက အလင်းတောက်ပသွားပြီး သူက ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။

နှလုံးသားအရူးအမူးစွဲလမ်းခြင်းဓားကွက်ရဲ့ထူးခြားတဲ့သက်ရောက်မှုကြောင့် လူတိုင်းက အေးခဲသွားတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။ မမြင်နိုင်တဲ့စွမ်းအားတစ်ခုကြောင့် သိုင်းစင်မြင့်တစ်ခုလုံးက အေးခဲပြီး တိတ်ဆိတ်ငြိမ်သက်နေလေတယ်။

မ‌အေးခဲတဲ့တစ်ခုတည်း‌သောအရာက လီဖူချန်းရဲ့ဓားပါပဲ။

လီဖူချန်းရဲ့ဓားက အလွန်လျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းလာနေတယ်။

ဟင်းလင်းပြင်ဓားတာအိုက အေးခဲစေဖို့ အခက်ခဲဆုံးပါပဲ။ လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားတာအိုကို အေးခဲစေချင်ရင် ပြိုင်ဘက်ရဲ့ဓားတာအိုအဆင့်က လီဖူချန်းထက် အတော်လေး မြင့်မားဖို့ လိုပါတယ်။

မြင့်ဖို့အသာထား၊ နှလုံးသားဓားအာဏာရှင်ရဲ့ဓားတာအိုအဆင့်က လီဖူချန်းထက် နိမ့်ကျပါတယ်။

ကလန်း ကလန်း ကလန်း ..........

နှလုံးသားဓားအာဏာရှင်က သူ့ခန္ဓာကိုယ်မှ ဖြာထွက်တောက်ပမှုတစ်ခုကို ထုတ်လွှတ်လိုက်တယ်။သူတို့နှစ်ယောက်ကြားတုံ့ပြန်မှုတွေကို အခြားသူတွေ မြင်ဖို့ မဖြစ်နိုင်ပါဘူး။ အခြားသူတွေက ဖုံးအုပ်ထားတဲ့ဓားအလင်းတစ်ခုနဲ့ တောက်ပဓားအလင်းတစ်ခုတို့ ရင်ဆိုင်တိုက်ခိုက်နေတာကိုသာ မြင်နိုင်ပါတယ်။

ဇစ်..........

အဝတ်စတစ်ခုက လှီးဖြတ်ခံလိုက်ရပြီး သိုင်းစင်မြင့်ပေါ်ရှိအေးခဲဓားစက်ကွင်းက ပျောက်ပြယ်သွားတယ်။ နှလုံးသားဓားအာဏာရှင်ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်မှ သွေးတွေ ထွက်လာတယ်။

ဒီတိုက်ခိုက်မှုမှာ နှလုံးသားဓားအာဏာရှင်က လုံးဝကို အရေးနိမ့်သွားရတယ်။

အဲဒါက နှလုံးသားဓားအာဏာရှင်က အားနည်းလွန်းတာကြောင့် မဟုတ်ပါဘူး။ နှလုံးသားဓားအာဏာရှင်ရဲ့စတုတ္ထဓားကွက်က ကြောက်စရာကောင်းပါတယ်။ ဓားစက်ကွင်းက ရေသေတစ်ခုနဲ့ တူပြီး ဟင်းလင်းပြင်ဇုန်ကို အေးခဲစေနိုင်တယ်။ ထန်ရှင်းနဲ့မူရုံယိုယွီတို့သာ  နှလုံးသားအရူးအမူးစွဲလမ်းခြင်းကို ရင်ဆိုင်ရမယ်ဆိုရင် သူတို့က လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး။ သူတို့က စဉ့်နှီးတုံးပေါ်က ငါးတစ်ကောင်ပမာ အသတ်ခံရဖို့ကိုသာ စောင့်မျှော်နေရမယ်။

ဒါပေမယ့် လီဖူချန်းက ပိုသန်မာပြီး ဟင်းလင်းပြင်ဓားတာအိုက ဟင်းလင်းပြင်ဇုန်ကို အေးခဲစေတဲ့ဓားကွက်တွေကို မကြောက်ရွံပါဘူး။

"ငါတို့က နှလုံးသားဓားအာဏာရှင်ရဲ့ပဉ္စမကွက်ကို မြင်ရ‌တော့မှာပေါ့။ လီဖူချန်းက နှလုံးသားဓားအာဏာရှင်ကို ဒီအတိုင်းအတာအထိ ဖိအားပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ဟုတ်တယ်၊ ဒါပေမယ့် ဒါက အဆုံးသတ်ပဲ။ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားက ပထမကွက်မှ ပဉ္စမကွက်အထိ ခွန်အားအားဖြင့် အကြီးအကျယ်များပြားလာတာမဟုတ်ဘူး၊ နှစ်ဆလောက်သာ တိုးလာတာ။ ပဉ္စမကွက်က ခွန်အားအားဖြင့် အနည်းဆုံးငါးဆနဲ့အထက် ပေါက်ထွက်လာလောက်တယ်။ ဆဌမကွက်က ပဉ္စမကွက်ထက် ဆယ်ဆ ပိုသန်မာတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် အဲဒါက မှန်မမှန် မသေချာဘူး"

လူတိုင်းက အပူတပြင်း ဆွေးနွေးနေကြတယ်။

"ခြားနားချက်က ကြီးမားလွန်းတယ်" ထန်ရှင်းနဲ့မူရုံယိုယွီက အနည်းငယ် မချိတင်ကဲဖြစ်နေရှာတယ်။

ပြိုင်ပွဲမတိုင်ခင် သူတို့က ခံစားချက်မဲ့ဓားဧကရာဇ်နဲ့နှလုံးသားဓားအာဏာရှင်တို့နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ သူတို့က တွေးထားတာ။ အခုတော့ သူတို့က အဖြေကို သိလိုက်ရပြီးလေ။

သူတို့ရဲ့အဆင့်မှာ သူတို့ရဲ့ဓားတာအိုက အဆုံးစွန်းနဲ့ နီးကပ်နေပေမယ့် ခွန်အားအားဖြင့် ခြားနားချက်တစ်ခု ရှိပါတယ်။ ဒီလိုအဆင့်မျိုးမှာ ခြားနားချက်အရိပ်အငွေ့လေးကတောင် တိုက်ခိုက်ရေးခွန်အားအားဖြင့် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက် ကွာဟပါတယ်။ ဒါက နာမည်မရှိတဲ့သူတွေက အချိန်တိုလေးအတွင်းမှာ နာမည်ကြီးကျွမ်းကျင်သူတွေ ရုတ်တရက် ဖြစ်လာတဲ့ အကြောင်းရင်းပါပဲ။ ဓားတာအိုကို တစ်ကြိမ်နားလည်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ခွန်အားက ဆယ်ဆ ဒါမှမဟုတ် အဆများစွာ တိုးလာပါတယ်။

ထန်ရှင်းနဲ့မူရုံယိုယွီတို့က လီဖူချန်းရဲ့ခွန်အားကြောင့် ထိတ်လန့်သွားရပါတယ်။

ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ လီဖူချန်းက နှလုံးသားဓားအာဏာရှင်ကို ဒီအတိုင်းအတာအထိ ဖိအားပေးနိုင်တဲ့ ပထမဆုံးသူပါပဲ။

"ငါ့ကို ဘယ်သူမှ ပဉ္စမကွက်အထိ ဖိအားမပေးနိုင်ခဲ့တာ နှစ်နှစ်ဆယ်ရှိပြီး" နှလုံးသားဓားအာဏာရှင်က ပုံမှန်အတိုင်း ပြောလိုက်တယ်။

"ငါက မင်းကို ဖိအားပေးတယ်လို့ မင်း ထင်နေတာလား" လီဖူချန်းက ပြောလိုက်တယ်။

နှလုံးသားဓားအာဏာရှင်က တကယ်ကို ပြောင်မြောက်ပါတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့မျက်လုံးထဲမှာ သူက သာမန်လောက်ပါပဲ။ သူ့ရဲ့ပြိုင်ဘက်အစစ်အမှန်က ဓားဧကရာဇ်နဲ့ဓားအာဏာရှင်လို အဆင့်မျိုးတွေပါပဲ။ နှလုံးသားဓားအာဏာရှင်ရဲ့ဆဌမကွက်က အဆုံးစွန်းနဲ့ အကန့်အသတ်မရှိ မနီးကပ်ရင် သူက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်လာနိုင်ပါဘူး။

ဒါပေမယ့် နှလုံးသားဓားတာအိုရဲ့အနှစ်သာရကို ထိတွေ့ခံစားရတာက အံ့ဩဖွယ်ရာတစ်ခုပါပဲ။ သို့မဟုတ်ရင် လီဖူချန်းက နှလုံးသားဓားအာဏာရှင်ကို ဓားတစ်ကွက်နဲ့ အနိုင်ယူလိုက်ပါပြီး။

"မင်း ဘာကို ဆိုလိုတာလဲ" နှလုံးသားဓားအာဏာရှင်က မျက်မှောင်ကြုတ်လိုက်တယ်၊ လေထုက အနည်းငယ် ထူးဆန်းလာတယ်။

"မင်းရဲ့ဓားကွက်ကို ထုတ်ပါ။ ငါ ထင်တာာမမှားရင် မင်းရဲ့ပဉ္စမကွက်က မင်းရဲ့ပထမကွက်နှလုံးသားစည်းချက်နဲ့ အတူတူပါပဲ။ ဒါပေမယ့် အဲဒါက ပထမဓားကွက်ထက်တော့ ပိုပြင်းထန်မှာ‌ပေါ့"

ပထမလေးကွက်ကို အကိုးအကားယူပြီး လီဖူချန်းက နှလုံးသားဓားအာဏာရှင်ရဲ့ပဉ္စမကွက်ရဲ့အနှစ်သာရကို ‌ကောက်ချက်ချလိုက်တယ်။ လီဖူချန်းမှာ အချိန်လုံလုံလောက်လောက်ရှိရင် သူလည်းပဲ ဓားကွက်ကို ဖန်တီးနိုင်ပါလိမ့်မယ်။

ထိုစကားကို ကြားပြီး နှလုံးသားဓားအာဏာရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

လီဖူချန်းခန့်မှန်းတာ မှန်ပါတယ်။ ပဉ္စမကွက်နှလုံးသားတုန်လှုပ်ခြင်းက ပထမကွက်ကို မြှင့်တင်ထားတဲ့ပုံစံပါပဲ။

နှလုံးသားစည်းချက်က နှလုံးသားထဲမှာ လှိုင်းဂယက်တစ်ခု ရှိတယ်၊ နှလုံးသားတုန်လှုပ်ခြင်းက နှလုံးသားထဲမှာ လှိုင်းလုံးတစ်ခု ရှိတယ်။

ထိုအချိန်မှာ နှလုံးသားဓားအာဏာရှင်က လီဖူချန်းအပေါ် ထူးခြားတဲ့ခံစားချက်တစ်ခု ရှိနေတယ်။ လီဖူချန်းက ယဲ့ယဲ့လေးပြုံးလိုက်တယ်၊ အဲဒါက ကြောက်မက်ဖွယ်ရာ အေးစက်တဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။ လီဖူချန်းနဲ့ရင်ဆိုင်ရတဲ့အခါ သူက ဘာလျှို့ဝှက်ချက်မှ မဖုံးကွယ်နိုင်ဘူးလို့  နှလုံးသားဓားအာဏာရှင်က ခံစားရတယ်။

"နှလုံးသားတုန်လှုပ်ခြင်း"

စကားနဲ့အချိန်ဖြုန်းမနေဘဲ နှလုံးသားဓားအာဏာရှင်က နှလုံးသားဓားရဲ့ပဉ္စမဓားကွက်ကို ဖော်ထုတ်လိုက်တယ်။

ဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ သိုင်းစင်မြင့်မှာ ပြင်းထန်တဲ့လှိုင်းလုံးတစ်ခု ဖြစ်သွားတယ်။

ဒိန်း........ဂျိန်း...........

ပရိသတ်တွေက ပြင်းထန်တဲ့လှိုင်းလုံး‌သံတွေကို ကြားရနိုင်တယ်။ ဒီအန္တရာယ်များတဲ့မြင်ကွင်းက လူတော်တော်များများကို မျက်လုံးမှိတ်စေလိုက်ရတယ်။သူတို့ရဲ့နှလုံးသားထဲမှာ ထက်ရှတဲ့နာကျင်မှုကို ခံစားရတာကြောင့် စင်မြင့်နဲ့အလွန်နီးကပ်နေတဲ့လူအချို့က ရုတ်တရက် ပြန်ဆုတ်လိုက်ရတယ်။

ဒီဓားကွက်က ရန်သူကို ဘယ်ပုံစံနဲ့မဆို ဒဏ်ရာရစေနိုင်တယ်။ အဲဒါက နှလုံးသားစည်းချက်ထက် ပိုကြောက်စရာကောင်းပါတယ်။

"နှလုံးသားတုန်လှုပ်ခြင်းလား။ တကယ်ကို မယုံနိုင်စရာပဲ"

လီဖူချန်းက ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာရဲ့ပထမဓားကွက်ဟင်းလင်းပြင်အရှိတရားကို ဖော်ထုတ်လိုက်တယ်။  မမြင်နိုင်တဲ့ဓားအားတစ်ခုက ပျံ့နှံ့သွားပြီး နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားတုန်လှုပ်ခြင်းနဲ့ တွေ့ဆုံလိုက်တယ်။

ဟင်းလင်းပြင်အရှိတရားက ဘာပုံစံမှ မရှိဘဲ ရန်သူတွေကို ဒဏ်ရာရစေနိုင်တယ်။ လီဖူချန်းက ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာကို အဆုံးစွန်းနဲ့ နီးကပ်တဲ့အထိ တွန်းပို့နိုင်ခဲ့တာကြောင့် ဟင်းလင်းပြင်အရှိတရားက အရင်ကထက် ဆယ်ဆ ဒါမှမဟုတ် အဆများစွာ ပိုဆန်းပြားလာတယ်။ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားတုန်လှုပ်ခြင်းက ဖော်ထုတ်ခံရပြီး ဖုံးကွယ်ထားတဲ့ဓားအားတွေအားလုံးကို ဟင်းလင်းပြင်အရှိတရားက သုတ်သင်ပစ်လိုက်တယ်။

ဒိန်း ......ဂျိန်း........

အတားအဆီးက ပေါက်ကွဲသွားပြီး ဓားအားက ပျံ့နှံ့သွားတယ်။ အနီးအနားမှာ ရှိနေတဲ့သူတွေက လွင့်ထွက်သွားပြီး သွေးတွေ အန်ထွက်လာရတယ်။

"ဘာလဲဟ။ အတားအဆီးက ပေါက်ကွဲသွားတာလား"

အရင်က ထန်ရှင်းနဲ့မူရုံယိုယွီတို့ရဲ့တိုက်ပွဲအတွင်း ဓားတာအိုပဲ့တင်ခြင်းဖြစ်သွားတဲ့အချိန်တုန်းက အတားအဆီးက ကြွေမွရုံသာ ဖြစ်သွားတယ်။

"အတားအဆီး‌ကတောင် သူတို့ကို မခံနိုင်ပါလား"

ကျားစွယ်ဓားသူတော်စင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အတားအဆီးတစ်ခုက သိုင်းစင်မြင့်ကို ဖုံးလွှမ်းသွားလေတယ်။

အဆင့်နိမ့်ဓားတာအိုသူတော်စင်တစ်ယောက်ကတောင် ဒီအတားအဆီးကို အချိန်တိုအတွင်း မချိုးဖြတ်နိုင်ပါဘူး။ ပြိုင်ပွဲပြီးဆုံးတဲ့အထိ ဒါက ပြဿနာတစ်ခု ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားတုန်လှုပ်ခြင်းက ဧရာမလှိုင်းအလွှာများပမာ တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်လွှတ်နေတယ်။ ရန်သူကို မထိမှန်ဘဲနဲ့ အဲဒါက မရပ်တန့်နိုင်ပါဘူး။

လီဖူချန်းရဲ့ဟင်းလင်းပြင်အရှိတရားက စွမ်းအားမရှိတဲ့နွေဦးလေပြေလို့ ထင်ရပေမယ့် စွမ်းအားလုံးကို အတွင်းမှာ ထိန်းသိမ်းထားပါတယ်။

ချီအားပေါက်ကွဲမှုတွေက အဆက်မပြတ် ပဲ့တင်ထပ်နေတယ်။ တစ်ခဏအတွင်းမှာ ဓားနှစ်လက်က အနည်းဆုံးအကြိမ်တစ်ရာတစ်ထောင်အထိ ထိတွေ့သွားတယ်။ ရေတွက်ဖို့တောင် မဖြစ်နိုင်ပါဘူး။

ဘုံး...........

နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်လာပြီး နှလုံးသားဓားအာဏာရှင်ရဲ့ပါးစပ်မှ သွေးမြားတစ်စင်း ပန်းထွက်သွားရတယ်။ သူက လွင့်ထွက်သွားပြီး သိုင်းစင်မြင့်ရဲ့အစွန်းရှိအတားအဆီးအပေါ်ကို ‌ကျရောက်သွားတယ်။

နှလုံးသားဓားအာဏာရှင်ရဲ့အမူအရာက စိုးရိမ်ဖွယ်ဖြစ်သွားတယ်။ သူ့ရဲ့နှလုံးသားဓားရဲ့ပဉ္စမဓားကွက်က ရှုံးသွားရတယ်လေ။

ရှုံးတာမှ အပြတ်အသတ်ပါပဲလား။

ပြိုင်ပွဲမစခင် ဒီလိုအရာမျိုး ဖြစ်ပျက်လာလိမ့်မယ်လို့ နှလုံးသားဓားအာဏာရှင်က မတွေးခဲ့မိဘူး။

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ဓားပြိုင်ပွဲအတွင်း ခံစားချက်မဲ့ဓားဧကရာဇ်ကတောင် သူ့ရဲ့ပဉ္စမဓားကွက်ကို အခုလို ပြတ်ပြတ်သားသား မချေမှုန်းနိုင်ခဲ့ပါဘူး။

ဒါ့ပြင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကနဲ့ နှိုင်းယှဉ်ရင် လက်ရှိနှလုံးသားဓားရဲ့ပဉ္စမဓားကွက်က သိသိသာသာ တိုးတက်လာပါတယ်။ စွမ်းအားဖြစ်စေ၊ဆန်းကြယ်မှုဖြစ်စေ အဆများစွာ ပိုသန်မာလာတယ်။

"ငါက ဆဌမဓားကွက်ကိုပဲ သုံးရတော့မှာပေါ့" နှလုံးသားဓားအာဏာရှင်က စိတ်ရှုပ်ထွေးရာမှ ပြန်လည် သက်သာလာတယ်။

ပထမငါးကွက်မှာ ရှုံးပေမယ့် သူ့မှာ ခြောက်ကွက်မြောက် ရှိပါသေးတယ်။

ဆဌမဓားကွက်ရဲ့အနှစ်သာရနဲ့စွမ်းအားက ပဉ္စမဓားကွက်ထက် အနည်းဆုံး ဆယ်ဆပိုသန်မာပါတယ်။

မူလက ဒီဓားကွက်ကို ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်အတွက် ချန်ထားတာပါ၊ အခုတော့ အဲဒါကိုလီဖူချန်းအတွက် သုံးရတော့မှာပေါ့။

"ပဉ္စမဓားကွက်ကတောင် လီဖူချန်းကို မရင်ဆိုင်နိုင်ဘူး၊ အခု ဆဌမဓားကွက်အလှည့် ဖြစ်လာလိမ့်မယ်"

"ဒိလီဖူချန်းက ဘယ်လောက်တောင် သန်မာတာလဲ"

"ကမ္ဘာပေါ်မှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေအများကြီး ရှိတယ်။ ယနေ့ လီဖူချန်း ဖြစ်နိုင်တယ်၊ ‌မနက်ဖြန် ဝမ်ဖူချန်း ဖြစ်ချင်ဖြစ်မယ်။ တစ်ယောက်မှ အသေအချာ မသိနိုင်ဘူး"

အခုဆိုရင် ပရိသတ်တွေ၊ ပါဝင်ယှဉ်ပြိုင်သူတွေ၊ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်သီးအဆင့်တွေအားလုံးက အာရုံစိုက်ကာ စောင့်ကြည့်နေကြတယ်။

"ဆဌမဓားကွက်က စတုတ္ထဓားကွက်နဲ့ ဆက်စပ်နေဖို့က သေချာသလောက်ပဲ" ထိပ်သီးအဆင့်သီးသန့်ခန်းထဲမှာ ဓားအာဏာရှင်က ပြုံးလိုက်တယ်။

သူ့ရဲ့ဓားတာအိုအဆင့်က မြင့်မားလွန်းတယ်၊ ပထမငါးကွက်ကို လေ့လာကြည့်ရုံဖြင့် သူက ဆဌမဓားကွက်ရဲ့အရိပ်အယောင်အချို့ကို ကောက်ချက်ချနိုင်တယ်။

"ငါ ဆဌမဓားကွက်ကို ဖန်တီးပြီးကတည်းက အဲဒါကို တစ်ယောက်ယောက်ရှေ့မှာ တစ်ခါမှ အသုံးမပြုရသေးဘူး။ ငါ မတော်တဆ မင်းကို သတ်မိရင် ငါ့ကို အပြစ်မတင်နဲ့" နှလုံးသားဓားအာဏာရှင်ရဲ့အသံမှာ ဝိညာဉ်ကိုတောင် အေးစိမ့်စေတဲ့ သတ်ဖြတ်ခြင်းဆန္ဒ ပါဝင်နေတယ်။

"မင်းသာ လှုပ်ရှားစမ်းပါ။ မင်းရဲ့ဓားအောက်မှာ ငါ သေခဲ့ရင် အဲဒါက ငါက အရည်အချင်းမရှိဘူးလို့ ဆိုလိုတယ်။ အဲဒါက မင်းနဲ့ မသက်ဆိုင်ဘူး"

ဓားပြိုင်ပွဲက ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်းကို ခွင့်မပြုပါဘူး။ သာမန်အခြေအနေမှာ မင်းက တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ သတ်ချင်ရင် အဲဒါက မဖြစ်နိုင်ပါဘူး။ ဓား‌တာအိုသူတော်စင်တွေက ပြိုင်ပွဲတစ်လျှောက် စောင့်ကြည့်နေတယ်လေ။ ဒါပေမယ့် အာမခံလို့တော့ မရပါဘူး။ တကယ်လို့ သူတို့က အချိန်မီ မတုံ့ပြန်နိုင်ရင် တစ်ယောက်ယောက်က သေသွားရလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက အဲဒါတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါဘူး။

ခွန်အားအရ နှလုံးသားဓားအာဏာရှင် အသာထား၊ အဆင့်နိမ့်သူတော်စင်တစ်ယောက်ကတောင် သူ့ကို သတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

"ဂရုစိုက်ပါ၊ နှလုံးသားကြေကွဲခြင်း"

နှလုံးသားဓားအာဏာရှင်မှ သတ်ဖြတ်ခြင်းဆန္ဒက ပိုပိုပြင်းထန်လာတယ်။ သူက ဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ သိုင်းစင်မြင့်တစ်ခုလုံးက ဆိုးရွားတဲ့အခြေအနေထဲ နစ်မြုပ်လာတယ်။ သိုင်းစင်မြင့်ရဲ့မျက်နှာပြင်က အက်ကွဲပြီး ယိုယွင်းပျက်စီးလာတယ်။ အတားအဆီးမှလည်း ယိုးယွင်းပျက်စီးတဲ့အသံတွေ ထွက်လာတယ်။

နှလုံးသားကြေကွဲခြင်းဓားကွက်တဲ့ သေခြင်းစစ်မှန်တဲ့အဓိပ္ပါယ် ပါဝင်တယ်။ သေခြင်းအဓိပ္ပါယ်ကို ထုတ်ဖော်ပြသဖို့ ဓားတာအိုဥပဒေဿကို အသုံးပြုတယ်။ ဒီတစ်ချက်တည်းကတင် လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေဖို့ ‌လုံလောက်တယ်။

စတုတ္ထဓားကွက်နှလုံးသားအရူးအမူးစွဲလမ်းခြင်းလိုပဲ နှလုံးသားကြေကွဲခြင်းရဲ့ဓားစက်ကွင်းမှာ ဟင်းလင်းပြင်ဇုန်ကို အေးခဲစေတဲ့ သက်ရောက်မှု ရှိတယ်။ နှလုံးသားဓားစက်ကွင်းအတွင်းမှာ ရှိတဲ့သူတွေက ဘာမှ မလုပ်နိုင်ဘူး၊ သေကြေပျက်စီးဖို့ကိုသာ ဖြည်းဖြည်းချင်း စောင့်နေရတယ်။

နှလုံးသားကြေကွဲခြင်းရဲ့လွှမ်းမိုးမှုကြောင့် နှလုံးသားဓားအာဏာရှင်ရဲ့မျက်လုံးတွေက လူမဆန်တဲ့အေးစက်မှု ဖြစ်တည်လာပြီး ကျောရိုးကိုတောင် ချမ်းစိမ့်စိမ့်ဖြစ်စေတယ်။ ‌ပြင်းထန်တဲ့ဓားအလင်းက အရိုးထဲထိတိုင် ကိုက်ခဲနာကျင်စေလေတယ်။

"စိတ်ဝင်စားစရာကောင်းတဲ့ဓားကွက်ပဲ" ထိပ်တန်းအဆင့်သီးသန့်ခန်းထဲမှာ ဓားအာဏာရှင်ရဲ့မျက်လုံးတွေက တောက်ပလင်းထိန်သွားတယ်။

ဒီဓားကွက်က သူ့ကိုတောင် အလွန်အံ့အားသင့်သွားစေတယ်။ လီဖူချန်းက ဘယ်လို တားဆီးမလဲကို သူက မစဉ်းစားနိုင်တော့ဘူး။

ဟင်းလင်းပြင်ဓားတာအိုက အားကောင်းချင်အားကောင်းနိုင်တယ်၊ ဒါပေမယ့် သေခြင်းအစ်အမှန်နဲ့ ရင်ဆိုင်ရတဲ့အခါ ဟင်းလင်းပြင်လည်း ဖျက်စီးခံရပါလိမ့်မယ်။ အရာအားလုံးက ဗလာဖြစ်သွားရပါလိမ့်မယ်။

"ဒီဓားကွက်က နည်းနည်း ပိုကောင်းတယ်"

လီဖူချန်းရဲ့မျက်လုံးတွေက အေးစက်စက်အလင်းတွေ တောက်ပသွားတယ်၊ သူက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို ထုတ်ဖော်လိုက်တယ်။

ဓားကမ္ဘာက ဓားတာအိုရဲ့အမြင့်ဆုံးအဆင့် အမြဲတမ်း ဖြစ်ပြီး အကန့်အသတ် မရှိပါဘူး။

မတူညီတဲ့လူတွေရဲ့ဓားကမ္ဘာက မတူညီတဲ့စွမ်းအားတွေ ရှိတယ်။ ဓားကမ္ဘာက အဆုံးစွန်းကို ရောက်ရှိသွားရင် အဲဒါက အစစ်အမှန်ဓားကမ္ဘာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။

လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာမှာ ဟင်းလင်းပြင်ဥပဒေဿနဲ့ ဓားတာအိုဥပဒေဿတို့ ပါဝင်တယ်။ အဲဒါက မသန့်စင်ချင်မသန့်စင်နိုင်ဘူး၊ ဒါပေမယ့် ဟင်းလင်းပြင်ဥပဒေဿက ဓားကမ္ဘာကို အလွယ်တကူ ဖွဲ့စည်းစေနိုင်တယ်။ ဒါ့ပြင် ဓားကမ္ဘာကို အဆင့်တိုးမြင့်စေပြီး ဖျက်စီး၍မရ ဖြစ်စေတယ်။

(ဒီအပိုင်းတွေမှာ အေးခဲတာက ရပ်တန့်နေတယ်၊ လှုပ်ရှားမှုမရှိဘူးလို့ ဆိုလိုပါတယ်)

***

All Chapters