ကောင်းကင်မျဉ်းဓားအနုပညာ
Vol. 57 Ch. 778
ဓားကွက်ကို ဖော်ထုတ်လိုက်ပြီးတာနဲ့ ဟင်းလင်းပြင်က အေးခဲပြီး အချိန်ကတောင် အဆမရေမတွက်နိုင်စွာ နှေးကွေးသွားပုံရတယ်။
ခရက် ခရက် ခရက်.........
ဟင်းလင်းပြင်ကို အေးခဲစေတဲ့ ဓားကွက်နှစ်ကွက်က ထိပ်တိုက်တွေ့တဲ့အခါ အနက်ရောင်အက်ကွဲကြောင်းတွေက ထွက်ပေါ်လာတယ်။
"ဒါတွေက ဟင်းလင်းပြင်အက်ကြောင်းတွေပဲ" ဏတစ်ယောက်ယောက်က ရှင်းပြလိုက်တယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿက အလွန်တည်ငြိမ်တယ်၊ ဒါကြောင့် ဟင်းလင်းပြင်ဥပဒေဿကလည်း တည်ငြိမ်တယ်။ သူတော်စင်တွေကသာ ဟင်းလင်းပြင်အက်ကြောင်းတွေကို ဖန်တီးနိုင်ပြီး သူတော်စင်အောက်ကသူတွေအတွက်က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု နှလုံးသားဓားအာဏာရှင်နဲ့လီဖူချန်းက အဲဒါကို ပြုလုပ်နေတယ်။
"သူတို့ ဘယ်လိုလုပ်လိုက်တာလဲ" ဓားမော့နတ်ဆိုးမြောင်ချန်ရှင်းက အနည်းငယ်ကြောက်ရွံ့သွားတယ်။
ဓားမော့ဧကရာဇ်ချူခွမ်းက ပြောလိုက်တယ်" ဒါက ဟင်းလင်းပြင်ကို အေးခဲစေတဲ့ သူတို့ရဲ့ဓားကွက်တွေကြောင့်ပဲ။ ဓားကွက်နှစ်ကွက်က ထိတွေ့ပြီး အေးခဲသက်ရောက်မှုတွေ တစ်ခုပေါ်တစ်ခုဆင့်သွားတဲ့အခါ အက်ကြောင်းတွေ ထွက်ပေါ်သွားရတာပေါ့"
ချူခွမ်းရဲ့လေသံက ပုံမှန်ပါပဲ၊ ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲမှာတော့ သတိအပြည့်အဝရှိတယ်။ နှလုံးသားဓားအာဏာရှင်နဲ့လီဖူချန်းက အတူတကွ အလုပ်လုပ်ရင် သူကတောင် အန္တရာယ်ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ထိုနှစ်ယောက် သူ့ကို အတူတိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။
ဟင်းလင်းပြင်အက်ကြောင်းတွေက နေရာတိုင်းမှာ ထွက်ပေါ်လာတယ်၊ ထိတ်လန့်စရာအက်ကွဲသံတွေကလည်း ထွက်လာနေတယ်။ ဒါပေမယ့် နှလုံးသားဓားအာဏာရှင်နဲ့လီဖူချန်းတို့က ဟင်းလင်းပြင်အက်ကြောင်းတွေနဲ့ပတ်သက်ပြီး အာရုံမစိုက်ပါဘူး။ သူတို့ရဲ့ဓားကွက်တွေက ထိတွေ့နေပြီး တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်ချင်နေကြတယ်။
"သူက တကယ် ရင်ဆိုင်နိုင်တာလား"
နှလုံးသားဓားအာဏာရှင်က မျက်မှောင်ကြုတ်မိသွားတယ်၊ အနေအထားက သူထိန်းချုပ်နိုင်တာမျိုး မဟုတ်ဘူး။
နှလုံးသားကြေကွဲခြင်းဓားကွက်ရဲ့စွမ်းအားကို သူ ကောင်းကောင်းသိတယ်။ လီဖူချန်းက အဲဒါကို တောင့်ခံနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားဘူး။
"ငါ ဒီဓားကွက်ကို အနည်းငယ် လျှော့တွက်မိတာပဲ"
သူက နှလုံးသားဓားအာဏာရှင်ကို ချက်ချင်း မဖိနှိပ်နိုင်တဲ့အတွက် လီဖူချန်းက အံ့အားသင့်သွားတယ်။
လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက ဓားစက်ကွင်းကို မထုတ်လွှတ်ပါဘူး၊ ဓားကမ္ဘာတစ်ခုကိုသာ ထုတ်လွှတ်ပါတယ်။ မူလအဆုံးစွန်းဓားအနုပညာကို မဖန်တီးခင် ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက် ဖြစ်ခဲ့တယ်။
ဓားကွက်နှစ်ခု ထိတွေ့မှုကြောင့် ဟင်းလင်းပြင်အက်ကြောင်းတွေက ချည်မျှင်အရွယ်အစားမှ တူအရွယ်အစားအထိ ထူထဲလာတယ်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှာ ကြောက်စရာကောင်းတဲ့အဖျက်အဆီးစွမ်းအားက ပေါက်ထွက်လာတယ်။ သိုင်းစင်မြင့်က အလင်းတွေ အဆက်မပြတ် တောက်ပနေတယ်။ သူတော်စင်အောက် တစ်ယောက်ယောက်က တောက်ပအလင်းတွေရဲ့ပတ်ပတ်လည်ကို ဝင်မိရင် သူက ချက်ချင်း ပြာကျသွားရပါလိမ့်မယ်။
"ချိုးဖြတ်စမ်း"
နှလုံးသားဓားအာဏာရှင်ရဲ့ဓားက ထွက်ပေါ်လာပြီး သူက လီဖူချန်းကို ထိုးထည့်လိုက်တယ်။
သူ့ဓားက ကောင်းကင်အလယ်ဆင့်ဓားတစ်လက် ဖြစ်တယ်။ ဒီလိုအားကောင်းတဲ့ဓားကွက်ကို ခုခံဖို့က ခက်ခဲတယ်။
"မင်း ဘယ်လို ချိုးဖြတ်မလဲကို ကြည့်ရတာပေါ့"
လီဖူချန်းက သူ့ဓားကို ကိုင်ထားပြီး နှလုံးသားဓားအာဏာရှင်ကို ပြန်ထိုးလိုက်တယ်။
ခြားနားချက်က လီဖူချန်းရဲ့ဓားမှာ ဘာထိခိုက်မှုမှ မရှိတာပါပဲ။ ဓားအလင်းက ဓားအစွန်းကို အလွန်အမင်း ထက်ရှအောင် ပြုလုပ်ပေးတယ်။
ကလန်..........
ချက်ချင်းပဲ ဓားနှစ်လက်က တွေ့ဆုံသွားတယ်၊ ဟင်းလင်းပြင်အက်ကြောင်းတွေက ဖြစ်ပေါ်လာတယ်။
နှလုံးသားဓားအာဏာရှင်ရဲ့ဓားမှာ မြင်နိုင်တဲ့အက်ကွဲရာတွေ ရှိတယ်။ နှလုံးသားကြေကွဲခြင်းဓားကွက်နဲ့ဟင်းလင်းပြင်အက်ကြောင်းတွေမှ ထိခိုက်မှုရဲ့ရလာဒ်ပဲ ဖြစ်တယ်။
အခြားတစ်ဖက်မှာတော့ လီဖူချန်းရဲ့ဓားက လုံးဝအဆင်ပြေနေတယ်။
ခရက်........
အသက်တစ်ရှိုက်ကြာပြီးနောက် နှလုံးသားဓားအာဏာရှင်ရဲ့ဓားက ကြေမွသွားတယ်။
နှလုံးသားဓားအာဏာရှင်ရဲ့အမူအရာက တင်းမာသွားတယ်။ သူက ညာလက်ညှိုးနဲ့လက်ခလယ်ကို မြှောက်ပြီး ရှေ့ကို ထိုးလိုက်တယ်။ အဆုံးမရှိဓားကွဲအစအနတွေက လီဖူချန်းဆီ ပြေးဝင်လာတယ်။ သူတို့မှာ ကြောက်စရာကောင်းတဲ့နှလုံးသားတုန်လှုပ်ဓားဆန္ဒ ပါဝင်တယ်။ ဒါ့ပြင် ဓားဆန္ဒက အရင်ကထက် ပိုအားကောင်းလာတယ်၊ ပိုကြမ်းတမ်းလာတယ်။
ဓားက ကြွေမွသွားတာတောင် နှလုံးသားတုန်လှုပ်ဓားဆန္ဒက ပါဝင်တုန်းပါပဲ။
"အချိန်ကျပြီး"
လီဖူချန်းက သူ့ရဲ့ဓားကို လှည့်ပြီး ထိုဓားကွဲအစအနအားလုံးကို အမှုန့်ချေပစ်လိုက်တယ်။
ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာနဲ့အတူ နှလုံးသားဓားအာဏာရှင်က လီဖူချန်းရဲ့ခံစစ်ကို မချိုးဖောက်နိုင်တော့ပါဘူး။
ဆွစ်..........
နှလုံးသားဓားအာဏာရှင်က သူ့လှုပ်ရှားမှုအားလုံးကို ပြန်ရုတ်သိမ်းလိုက်တယ်။
နှလုံးသားဓားအာဏာရှင်က တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားတာကို လီဖူချန်းက ခံစားမိတယ်။
"မင်း နိုင်သွားပြီး"
နှလုံးသားဓားအာဏာရှင်ရဲ့အသံက တည်ငြိမ်နေပေမယ့် သူ့နှလုံးသားက ခါးသီးနေတယ်။
သူက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ မတိုက်ခိုက်ခင် လီဖူချန်းကို ရှုံးနိမ့်သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဒါပေမယ့် သူ့မှာ ဘာအမုန်းတရားမှ မရှိပါဘူး။
"ကျေးဇူးတင်ပါတယ်" လီဖူချန်းက သူ့ဓားဆန္ဒကို ပြန်ရုတ်သိမ်းလိုက်တယ်။
နှလုံးသားဓားအာဏာရှင်က အလွန်ပြောင်မြောက်ပါတယ်။ မူလအဆုံးစွန်းဓားအနုပညာကို အသုံးမပြုရင် လီဖူချန်းရဲ့ဓားခွန်အားက အနည်းငယ်မျှသာ သာလွန်ပါတယ်။
ဒါ့ပြင် သူက နှလုံးသားဓားတာအိုမှ တော်တော်များများကို သင်ယူနိုင်ခဲ့တယ်။
"သတိရပါ၊ မရှုံးစေနဲ့"
နှလုံးသားဓားအာဏာရှင်မှာလည်း သူ့ရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိပါတယ်။ သူ့ကို လီဖူချန်းက အနိုင်ယူခဲ့တာကြောင့် လီဖူချန်းက ဆက်လက်အနိုင်ရဖို့ သူ မျှော်လင့်တယ်။ ဒီနည်းလမ်းအားဖြင့် သူရှုံးတာကို ပုံမှန်သာ ဖြစ်စေလိမ့်မယ်။
"ကောင်းပြီး" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
ဟမ့်" စင်မြင့်အောက်မှာ လီကျန့်ရှင်းက နှာခေါင်းရှုံ့လိုက်တယ်။
နှလုံးသားဓားအာဏာရှင် စင်မြင်ပေါ်က ဆင်းလာတာနဲ့ ပရိသတ်တွေက စတင်ဆွေးနွေးလိုက်ကြတော့တယ်။
"နှလုံးသားဓားအာဏာရှင်က ရှုံးသွားတယ်။ ဘာလို့ ငါ အိမ်မက်မက်နေသလို ခံစားနေရတာလဲ။ ဒါက တကယ်မဟုတ်သလိုပဲ"
"နှလုံးသားဓားအာဏာရှင်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၄ ဖြစ်တယ်။ အခုဆိုရင် သူက အဆင့်၅ ဖြစ်သွားရလိမ့်မယ်။ ဒီလီဖူချန်းက မြင်းနက်တစ်ကောင် မဟုတ်ဘူး။ သူက လုံးဝကို နဂါးနက်တစ်ကောင်ဖြစ်တယ်"
"လီဖူချန်းက သန်မာလွန်းတယ်။ လီကျန့်ရှင်းကရော ဘယ်လောက်သန်မာသလဲကို ငါ သိချင်တယ်။ ဒီနှစ်ရဲ့ဓားပြိုင်ပွဲမှာ လူဟောင်းတွေကို လူသစ်လေးတွေကပဲ အစားထိုးသွားမလား"
နှလုံးသားဓားအာဏာရှင်ရဲ့ရှုံးနိမ့်မှုက လူတိုင်းအတွက် သေချာပေါက် ထုန်လှုပ်စရာကိစ္စတစ်ခုပဲ။ တစ်ချိန်တည်းမှာပဲ ခံစားချက်မဲ့ဓားဧကရာဇ်လည်း ရှုံးနိုင်တယ်လို့ သူတို့က စတင်သံသယရှိလာကြတယ်။
လီကျန့်ရှင်းရဲ့ပြိုင်ပွဲအပါအဝင် သိုင်းစင်မြင့်ကိုးခုက ပြိုင်ပွဲတွေကို ကျင်းပနေတယ်။ ဒါပေမယ့် သူ့ရဲ့ပြိုင်ဘက်က သာမန်ဓားသမားတစ်ယောက်သာ ဖြစ်ပြီး ချက်ချင်း အရှုံးပေးလိုက်တယ်။
ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ပြိုင်ဘက်ကလည်း အရှုံးပေးလိုက်တယ်။
ယခု ပြိုင်ပွဲရဲ့နောက်တစ်ချီရောက်လာပြန်ပါတယ်။
"သိုင်းစင်မြင့်၆၊ ရှောင်ယွမ်နဲ့လီကျန့်ရှင်း"
ဒိုင်လူကြီးရဲ့အသံကတောင် စိတ်လှုပ်ရှားမှုအရိပ်အယောင် ရှိနေတယ်။ ဓားတာအိုသူတော်စင်တွေကလွဲပြီး ဘယ်သူမဆို ဒီလိုပြိုင်ပွဲကောင်းကို ကြည့်ဖို့ စိတ်လှုပ်ရှားနေကြတယ်။
သိုင်းစင်မြင့်ပေါ်ကအနေအထားက အလွန်ပြင်းထန်လာတယ်။
အချိန်တိုလေးအတွင်း နှလုံးသားဓားအာဏာရှင်က လေးကွက်မြောက်အထိ ဖော်ထုတ်ခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် သူက မည်သည့်အသာစီးမှ မရရှိခဲ့ပါဘူး။ လီကျန့်ရှင်းက ဓားကျွမ်းကျင်မှုမှာ ပိုအားနည်းတာ ရှင်းလင်းတယ်၊ ဒါပေမယ့် သူ့မှာ အလွန်ထူးကဲတဲ့ဓားဆန္ဒ ရှိတယ်။ သူ့ရဲ့ဓားက ကောင်းကင်အဆင့်မြင့်ဓားတစ်လက်လို့ ခံစားနေရတယ်။
ပဉ္စမဓားကွက်နှလုံးသားတုန်လှုပ်ခြင်းက ပြင်းထန်တဲ့လှိုင်းလုံးတစ်ခုပမာ လီကျန့်ရှင်းဆီ တိုးဝင်သွားတယ်။
"မင်းက ငါ့လီကလန်ရဲ့ကောင်းကင်မျဉ်းဓားအနုပညာကို မြင်တွေဖို့ အရည်အချင်း ပြည့်မှီတယ်"
လီကလန်က တစ်ချိန်က သူတော်စင်ကလန်တစ်ခု ဖြစ်ခဲ့ပြီး ကောင်းကင်မျဉ်းဓားအနုပညာက လီကလန်ရဲ့ပထမဆုံးဓားသူတော်စင်ဖန်တီးခဲ့တဲ့ အဆုံးစွန်းဓားအနုပညာ ဖြစ်တယ်။
ဒီဓားမှာ စကားလုံးတစ်လုံးပဲ ရှိတယ်........မြန်.....။
တစ်ယောက်မှ အချိန်မှီမတုံ့ပြန်နိုင်လောက်အောင် မြန်တယ်။
လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားအနုပညာရဲ့ပထမဓားကွက်ကောင်းကင်မြေကြီးလှည့်လည်ခြင်းကို ဖော်ထုတ်လိုက်တယ်။
ဆွစ်.........
အဖြူရောင်အလင်းစီးကြောင်းတွေက သိုင်းစင်မြင့်တစ်လျှောက် စီးဆင်းလာတယ်။ စင်မြင့်မှာ အဆုံးမရှိတဲ့လီကျန့်ရှင်းတွေ ထွက်ပေါ်လာတယ်။ လီကျန့်ရှင်းအသီးသီးက ဓားတစ်လက်ကို ကိုင်ထားပြီး နှလုံးသားဓားအာဏာရှင်ကို အကန့်အသတ်ကိုကျော်လွန်သွားတဲ့အမြန်နှုန်းတွေနဲ့ ထိုးဖောက်လိုက်တယ်။
နှလုံးသားဓားအာဏာရှင်က ခုခံနိုင်ဖို့ ရုန်းကန်နေရတယ်။ သူ ပဉ္စမကွက်ကို ထုတ်ဖော်နေစဉ်မှာ ဆဌမကွက်ကို ချက်ချင်း ပြောင်းလိုက်ရတယ်။
လီကျန့်ရှင်းရဲ့ဓားကွက်က မြန်လွန်းတယ်၊ နှလုံးသားဓားအာဏာရှင်က သူ့ဓားကွက်ကို မချိန်းရင် သူက ဒီနေရာမှာပဲ ရှုံးသွားရလိမ့်မယ်။
ဆဌမကွက်နှလုံးသားကြေကွဲခြင်းက ထွက်ပေါ်လာတဲ့အခါ ဟင်းလင်းပြင်က အေးခဲသွားပြီး လီကျန့်ရှင်းရဲ့ဓားကွက်က ပိုနှေးလာတယ်။
ဒါပေမယ့် အဲဒါက ပိုနှေးသွားရုံပါပဲ၊ လီကျန့်ရှင်းရဲ့ဓားကွက်ကို မအေးခဲစေနိုင်ပါဘူး။
ပြီးတော့ ဒါက အဆုံးစွန်းဓားအနုပညာတစ်ခု ဖြစ်တယ်။ လီကျန့်ရှင်းတောင် အဆုံးစွန်းထိ မလေ့ကျင့်ရသေးပါဘူး။
"ဒုတိယဓားကွက်ကောင်းကင်မျဉ်းပျံဓား"
ပထမဓားကွက်က နှေးကွေးသွားတာကြောင့် လီကျန့်ရှင်းက ဒုတိယဓားကွက်ကို ဖော်ထုတ်လိုက်တယ်။
ဒီဓားကွက်ကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ သိုင်းစင်မြင့်က ဖြာထွက်တောက်ပမှုတစ်ခု ဖြစ်တည်သွားတယ်။ ရေတံခွန်နဲ့တူတဲ့ဓားအလင်းတစ်ခုက နှလုံးသားဓားအာဏာရှင်ထံ ပေါက်ထွက်လာတယ်။
နီးနီးကပ်ကပ်ကြည့်မယ်ဆိုရင် ဓားအလင်းစီးကြောင်းတစ်ခုတည်း မဟုတ်ပါဘူး၊ ဓားအလင်းအလွှာတွေ အဆုံးမရှိ ပါဝင်နေတယ်။ ဒါ့ပြင် ဝင်လာတဲ့အမြန်နှုန်းက အကန့်အသတ်ကို ကျော်လွန်နေတယ်။ အလင်းမြစ်တစ်ခုက စကြာဝဠာတစ်လျှောက် လွန်းပြန်သွားလာနေတာနဲ့ တူတယ်။
နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားကြေကွဲခြင်းက ပထမအလွှာမှ ရေတံခွန်ဓားအလင်းကို အေးခဲသွားပေမယ့် အများကြီးကျန်ရှိသေးတယ်။ အလွှာများစွာမှဓားအလင်းတွေက ပေါက်ကွဲထွက်လာပြီး နှလုံးသားဓားအာဏာရှင်ရဲ့ဓားနဲ့ ထိက်တိုက်တွေ့လိုက်တယ်။
ဖစ်.........
မီးပွားတစ်ခု ထွက်လာတယ်၊ နှလုံးသားဓားအာဏာရှင်က သွေးအန်လိုက်ရပြီး လွင့်ထွက်သွားလေတယ်။
နှလုံးသားဓားအာဏာရှင်က ပြောင်မြောက်တယ်ဆိုရင်တောင် သူက ဒီလောက်များတဲ့ဓားအလင်းတွေကို မတားဆီးနိုင်ပါဘူး။
လီကျန့်ရှင်းရဲ့ကောင်းကင်မျဉ်းဓားအနုပညာက ကြောက်စရာကောင်းလွန်တယ်။ ဓားဘုရားသခင်ရဲ့ဖန်တီးမှုဆိုတဲ့နာမည်နဲ့ တကယ်ကို လိုက်ဖက်ညီပါတယ်။
(ဒီအပိုင်းတွေမှာ အေးခဲတာက ရပ်တန့်နေတယ်၊ လှုပ်ရှားမှုမရှိဘူးလို့ ဆိုလိုပါတယ်)
***