လီနှစ်ယောက်ကြား တိုက်ပွဲ
Vol. 57 Ch. 779
မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် နှလုံးသားဓားအာဏာရှင်က မေးလိုက်တယ်"မင်းရဲ့ကောင်းကင်မျဉ်းဓားအနုပညာမှာ ဓားကွက် ဘယ်လောက်ရှိလဲ"
လီကျန့်ရှင်းက ပြောလိုက်တယ်"စုစုပေါင်းကိုးကွက်"
"ကိုးကွက်လား" နှလုံးသားဓားအာဏာရှင်က စိတ်ပျက်သွားတယ်။
ဓားဘုရားသခင်က တကယ်ကို မယုံနိုင်စရာပဲ။ ကောင်းကင်မျဉ်းဓားအနုပညာရဲ့ပထမဓားကွက်နှစ်ကွက်တောင် ဒီလောက်အားကောင်းတာ။ ကျန်ရှိတဲ့ဓားကွက်ခုနှစ်ကွက်သာ ဆိုရင် ဘယ်လောက်တောင် အားကောင်းလိမ့်မလဲ။
ဒါပေမယ့် လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားအနုပညာကို အကုန်အစင်မသင်ယူရသေးဘူးလို့ သူက ယုံကြည်ပါတယ်။
ပထမနှစ်ကွက်က ဒီလောက်တောင် မယုံနိုင်စရာကောင်းရင် နောက်ကွက်တွေကို ကျွမ်းကျင်ဖို့အတွက် တစ်စုံတစ်ယောက်ရဲ့ဓားကျွမ်းကျင်မှုက အဆုံးစွန်းကို သေချာပေါက် ရောက်ရှိထားရလိမ့်မယ်။ အဲတာဆိုရင်တော့ ဓားအာဏာရှင်နဲ့ဓားဧကရာဇ်ကတောင် ပြိုင်ဘက်တစ်ယောက်ဖြစ်လာတော့မှာ မဟုတ်ဘူး။
ဒါပေမယ့် လီကျန့်ရှင်းက ဓားကွက်ဘယ်နှစ်ကွက်အထိ သင်ယူပြီးသလဲကို ဘယ်သူက သိမှာလဲ။ သူက နှစ်ကွက်သုံးကွက်သာ သင်ယူထားလား၊ ဒါမှမဟုတ် လေးကွက်အထိလား။
လီဖူချန်းကို ရှုံးခဲ့သလို နှလုံးသားဓားအာဏာရှင်က လီကျန့်ရှင်းကို ပြတ်ပြတ်သားသား ရှုံးခဲ့တယ်။
တစ်ခုပါပဲ၊ လီဖူချန်းရဲ့ဓားတာအိုအဆင့်က နှလုံးသားဓားအာဏာရှင်အတွက် သိသိသာသာ ပိုမြင့်တယ်။ ဒါပေမယ့် လီကျန့်ရှင်းအတွက်ကတော့ ကောင်းကင်မျဉ်းဓားအနုပညာကို ဓားဘုရားသခင်က ဖန်တီးထားတာပါ။ သူက လီကျန့်ရှင်းကို ရှုံးတယ်လို့ ပြောမယ့်အစား သူက ဓားဘုရားသခင်ရဲ့ဓားအနုပညာကို ရှုံးတယ်လို့ ပြောတာ ပိုကောင်းပါတယ်။
"နှလုံးသားဓားအာဏာရှင်က အကြောင်းပြချက်တစ်ခုမရှိဘဲ မရှုံးဘူး။ ကောင်းကင်မျဉ်းဓားအနုပညာက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အသန်မာဆုံးဓားအနုပညာတွေထဲက တစ်ခုဖြစ်တယ်။ ပြီးတော့ ဓားဘုရားသခင်က ကောင်းကင်မျဉ်းဓားအနုပညာကို သုံးပြီး စကြာဝဠာမှာ သူ့ရဲ့ဂုဏ်သတင်းကို ကျော်စောစေခဲ့တယ်"
"ကောင်းကင်မျဉ်းဓားအနုပညာက မိုးကောင်းကင်အောက်ကဓားအနုပညာဖြစ်ပြီး မြန်နှုန်းကို အလေးထားတယ်။ ကောင်းကင်ဘုရားသခင် ကောင်းကင်မျဉ်းဓားအနုပညာကို သုံးတုန်းက မြန်နှုန်းက အလင်းထက် ပိုမြန်တယ်။ ဓားတစ်ချက်က ဘယ်ကြယ်ကိုမဆို နှစ်ပိုင်းဖြစ်စေဖို့ လုံလောက်တယ်"
ဓားဘုရားသခင်ရဲ့ကောင်းကင်မျဉ်းဓားအနုပညာက လူသိများပြီး လူတိုင်းက သူတို့ရဲ့အမြင်ကို စတင်ဆွေးနွေးနေကြတယ်။
အဆင့်မြင့်သီးသန့်ခန်းထဲမှာ ကျားစွယ်သူတော်စင်က ပြောလိုက်တယ်"ဒါက ကောင်းကင်မျဉ်းဓားအနုပညာလား။ အဲဒါက သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်တယ်"
ကောင်းကင်မျဉ်းဓားအနုပညာက ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့ဆန်းကြယ်နက်နဲဓားအနုပညာထက်တောင် ပိုမြင့်တယ်။ ကျားစွယ်ဓားသူတော်စင်ရဲ့ကျားစွယ်ဓားအနုပညာက ကောင်းကင်မျဉ်းဓားအနုပညာကို ရင်ဆိုင်ရတဲ့အခါ ဘာမှဟုတ်လိမ့်မှာ မဟုတ်ဘူး။ အစည်းအရုံးခေါင်းဆောင်ရဲ့ယင်ကိုးခုဓားကသာ ယှဉ်နိုင်လောက်တယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"အစည်းအရုံးခေါင်းဆောင်က ကောင်းကင်မျဉ်းဓားအနုပညာကို လေ့လာခဲ့ပြီး သူကတောင် မယှဉ်နိုင်ဘူးလို့ ပြောခဲ့တယ်"
"ဘာ။ အစည်းရုံးခေါင်းဆောင်ကတောင် မယှဉ်နိုင်ဘူးလား" ကျားစွယ်ဓားသူတော်စင်နဲ့ ပန်းတစ်ရာဓားသူတော်စင်တို့က စိတ်လှုပ်ရှားသွားရတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က အဝေးကို ကြည့်ကာ ပြောလိုက်တယ်"ဓားဘုရားသခင်က ကောင်းကင်ဘုရားသခင်ဖြစ်တယ်။ အစည်းရုံးခေါင်းဆောင်က ကောင်းကင်ဘုရားသခင်ဖြစ်ဖို့ တစ်ဆင့်လိုနေတုန်းပဲ"
ဓားသမားအစည်းအရုံးရဲ့ခေါင်းဆောင်က နက်ပြာပလိန်းမှာ ကျော်ကြားတယ်၊ ဒါပေမယ့် သူက ထိပ်တန်းအဆင့်သူတော်စင်တစ်ယောက်သာသာပါပဲ။ အခုထိ နက်ပြာပလိန်းမှာ ကောင်းကင်အရှင်တွေ ရှိသလားကို ဘယ်သူမှမသိဘူး။ တစ်ယောက်မှ အဆင့်မြင်နဲ့အထွတ်အထိပ်အဆင့်သူတော်စင်တွေကို မရင်ဆိုင်ဖူးဘူး။ သူတို့အားလုံးက စကြာဝဠာမှာ ခြေလှည့်နေပြီး သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာအခွင့်အလမ်းတွေအတွက် ရှာဖွေနေကြတယ်။ သူတို့က ကျဆုံးသွားသလား ဒါမှမဟုတ် အောင်မြင်သလားကို ဘယ်သူမှ မသိဘူး။
"ဒါ ဟုတ်တယ်" ပန်းတစ်ရာဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်။
နာမည်အတိုင်းပါပဲ၊ ကောင်းကင်ဘုရားသခင်တွေက မိုးကောင်းကင်နဲ့တောင် နှိုင်းယှဉ်နိုင်ပြီး ကောင်းကင်ရဲ့ဘုရားသခင်တွေ ဖြစ်တယ်။
ရှေးခေတ်ကတည်းက ကောင်းကင်ဘုရားသခင်တွေအားလုံးက စကြာဝဠာကို ခြိမ်းခြောက်တဲ့သူတွေပါပဲ။
ဓားဘုရားသခင်က ဖန်တီးခဲ့တဲ့ ဓားအနုပညာကလည်း ချွင်းချွက်မဟုတ်ပါဘူး၊ သာမန်သူတော်စင်တွေရဲ့ဓားအနုပညာတွေက မနှိုင်းယှဉ်နိုင်ပါဘူး။
"လီကျန့်ရှင်းက အတော်လေးပြဿနာပေးနိုင်လောက်တဲ့လူတစ်ယောက်ပဲ"ဓားမော့ဧကရာဇ်ချူခွမ်းက လီကျန့်ရှင်းကို အနည်းငယ် စိုးရိမ်သွားတယ်။
လုံးဝမလိုအပ်ဘူးဆိုရင် သူက လီကျန့်ရှင်းကိုပြဿနာရှာမှာ မဟုတ်ဘူး။ ပြီးတော့ လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားအနုပညာရဲ့ဓားကွက်ဘယ်လောက်များများကို ကျင့်ကြံထားသလဲကို သူ မသိဘူး။ ဒါ့ပြင် ဓားပြိုင်ပွဲရဲ့အကန့်အသတ်ကြောင့် လီကျန့်ရှင်းက အခြားပစ္စည်းတွေကို သုံးခွင့်မရှိဘူး။ အကန့်အသတ်မရှိဘဲ သူက အထွတ်အထိပ်အဆင့်ပစ္စည်းတွေကို ရုတ်တရက် ထုတ်လိုက်ရင် သူ့မှာ အသက်ဘယ်လောက်ပဲရှိရှိ သေဆုံးသွားရလိမ့်မယ်။
"ကောင်းကင်မျဉ်းဓားအနုပညာလား" ဓားအာဏာရှင်က အလွန်လေးနက်တဲ့အမူအရာဖြစ်သွားတယ်။
ဓားအာဏာရှင်က လီကျန့်ရှင်းရဲ့ကောင်းကင်မျဉ်းဓားအနုပညာရဲ့ပထမနဲ့ဒုတိယဓားကွက်ကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူက တတိယနဲ့စတုတ္ထဓားကွက်ကို ရင်ဆိုင်နိုင်မလားကိုတော့ မသေချာဘူး။
အတိုချုပ်ပြောရင် လီကျန့်ရှင်း ကောင်းကင်မျဉ်းဓားအနုပညာကို ဖော်ထုတ်လိုက်တာက လူတိုင်းကို ထိတ်လန့်သွားစေတယ်။
အဆုံးစွန်းဓားပညာကို အဆုံးစွန်းတာအိုဓားပညာလို့လည်း ခေါ်တယ်။ အဆင့်အားဖြင့် အဲဒါက ကောင်းကင်အဆင့်အထွတ်အထိပ်ဓားပညာဖြစ်တယ်။ ကောင်းကင်အဆင့်အထွတ်အထိပ်ဓားပညာတိုင်းက အလွန်ရှားပါးတယ်။ သူတော်စင်တစ်ယောက်ကတောင် ဖန်တီးဖို့ အလွန်ခက်ခဲတယ်။ သာမန်သူတော်စင်တွေက ကောင်းကင်အဆင့်မြင့်သိုင်းပညာတွေကိုသာ ဖန်တီးနိုင်တယ်။ အဲလိုကောင်းကင်အဆင့်မြင့်သိုင်းပညာတွေက လီဖူချန်းနဲ့အခြားသူတွေ အသုံးပြုခဲ့တဲ့ ဓားပညာတွေလောက် အဆင့်မမြင့်ပါဘူး။
(သိုင်းအနုပညာ၊ ဓားအနုပညာအစား သိုင်းပညာ၊ ဓားပညာလို့ ပြောင်းသုံးပါ့မယ်)
လီဖူချန်းက ခံစားချက်မဲ့ဓားဧကရာဇ်နင်ချွယ်နဲ့ မရင်ဆိုင်ရပါဘူး။ အဲအစား နှစ်ယောက်လုံးက အားနည်းတဲ့ပြိုင်ဘက်တွေနဲ့သာ တွေ့ဆုံလိုက်ရတယ်။
"သိုင်းစင်မြင့်၁၊ လီဖူချန်းနဲ့ လီကျန့်ရှင်း"
ဆွစ်.........ဆွစ်.........
ဒိုင်လူကြီးက ကြေငြာပြီးတာနဲ့ ပုံရိပ်နှစ်ခုက စင်မြင့်ပေါ်ကို တစ်ချိန်တည်း ရောက်ရှိသွားတယ်။
ဘုံး........
သူတို့နှစ်ယောက်ရဲ့အလယ်မှာ အနက်ရောင်အပေါက်တစ်ခုရှိသလို ခံစားရတယ်။ သူတို့ရဲ့ဓားစွမ်းပကားတွေက မထိတွေ့ခင် တစ်ခုနဲ့တစ်ခုဆွဲဆောင်နေပြီး ဆူနာမီအသံတစ်ခုကို ထုတ်လွှတ်နေတယ်။
သူတို့နှစ်ယောက်ကြားဓားတာအိုပဲ့တင်ခြင်းက လီဖူချန်းနဲ့နှလုံးသားဓားအာဏာရှင်တို့ကြားပဲ့တင်ခြင်းထက် ပိုအားကောင်းပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က ဓားကွက်တွေ မထုတ်ရသေးပါဘူး။
"တစ်ယောက်က လီဖူချန်း၊ တစ်ယောက်က လီကျန့်ရှင်း။ သူတို့နှစ်ယောက်လုံးရဲ့ကလန်နာမည်က 'လီ ' ဖြစ်တယ်"
"လီဖူချန်းက လီကလန်နဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား"
"ဖြစ်နိုင်တယ်။ လီကလန်က နှစ်ပေါင်းမရေမတွက်များစွာ ဂုဏ်သတင်းကျော်ကြားလာတာ ကြာပြီး။ အပြင်ဘက်မှာ သူတို့ရဲ့သွေးမျိုးဆက် ရှိချင်ရှိနိုင်တယ်"
"လီဖူချန်းနဲ့လီကျန့်ရှင်းတို့ထဲမှာ ဘယ်သူက ပိုသန်မာမလဲ"
လီဖူချန်းက ဓားဘုရားသခင်ရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်တယ်လို့ လူတိုင်းက သံသယရှိနေကြတယ်။
သူ့မှာလည်း ကလန်နာမည်'လီ'ရှိပြီး ဓားတာအိုပါရမီကလည်း ထူးချွန်တယ်။ ဒီလိုတိုက်ဆိုင်မှုမျိုးက ရှာတွေ့ဖို့ခက်တယ်။
သိုင်းစင်မြင့်ပေါ်မှာ လီကျန့်ရှင်းက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်"မင်းရဲ့ဓားပညာက မဆိုးဘူးပဲ"
ဟင်းလင်းပြင်ဓားပညာက ဘက်စုံဓားပညာတစ်ခု ဖြစ်တယ်။ မြန်ဆန်တဲ့ဓားပညာပဲဖြစ်ဖြစ်၊ အားကောင်းတဲ့ဓားပညာပဲဖြစ်ဖြစ်၊ ဟင်းလင်းပြင်ဓားပညာက ရင်ဆိုင်နိုင်တယ်။
ထပ်ပြောရရင် ဟင်းလင်းပြင်တာအိုဓားပညာက အလွန်အမင်းမြန်တဲ့ဓားပညာတစ်မျိုး ဖြစ်တယ်။ နက်ပြာပလိန်းထဲမှာ လီကလန်ရဲ့ကောင်းကင်မျဉ်းဓားအနုပညာထက် ပိုမြန်တဲ့ ကောင်းကင်အဆင့်အထွတ်အထိပ်ဓားပညာတစ်ခု ရှိတယ်။ ဟင်းလင်းပြင်တာအိုဓားပညာကလွဲပြီး တစ်ခြားတစ်ခြားဓားပညာ မဟုတ်ပါဘူး။
"မင်းတို့ရဲ့ကောင်းကင်မျဉ်းဓားပညာထက်တော့ နိမ့်ကျပါတယ်"
လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်အကန့်အသတ်ကို သိတယ်။ သူ့ရဲ့မူလအဆုံးစွန်းဓားပညာက ကောင်းကင်မျဉ်းဓားပညာနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။
ဒါပေမယ့် အဲဒါက ဓားဘုရားသခင်ရဲ့ကောင်းကင်မျဉ်းဓားပညာထက်သာ နိမ့်ကျတာပါ၊ လီကျန့်ရှင်းရဲ့ကောင်းကင်မျဉ်းဓားပညာ မဟုတ်ပါဘူး။
လီကျန့်ရှင်းက လီဖူချန်းဆိုလိုတဲ့အဓိပ္ပါယ်ကို နားလည်ပါတယ်။ သူက ပုံမှန်အတိုင်း ပြောလိုက်တယ်"တကယ်ကို နိမ့်ကျပါတယ်"
ဓားဘုရားသခင်ရဲ့ကောင်းကင်မျဉ်းဓားပညာပဲဖြစ်ဖြစ်၊ သူ့ရဲ့ကောင်းကင်မျဉ်းဓားပညာပဲဖြစ်ဖြစ် လီဖူချန်းက ဘက်မဟုတ်ပါဘူး။ သူက စိတ်ကြီးဝင်နေတာ မဟုတ်ဘူး၊ သူက အချက်အလက်ကို ဖော်ပြနေတာ။
သူက ကောင်းကင်မျဉ်းဓားပညာကို ကျင့်ကြံနိုင်တဲ့အကြောင်းပြချက်က သူ့ရဲ့ထူးချွန်တဲ့ဉာဏ်အမြင်ကြောင့် မဟုတ်ပါဘူး၊ အဓိကက သူက ဓားနှလုံးသားကို သိပ်သည်းနိုင်ခဲ့လို့ပါပဲ။
ဓားနှလုံးသားမရှိဘဲ သူက ဓားတာအိုဥပဒေဿကို ချို့ယွင်းချက်မရှိ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဓားတာအိုဥပဒေဿကို ချို့ယွင်းချက်မရှိ ထိန်းချုပ်မနိုင်ရင် အဆုံးစွန်းဓားပညာကို နားလည်ဖို့က မဖြစ်နိုင်ပါဘူး။
လီကျန့်ရှင်းရဲ့ယုံကြည်ချက်က သူ့ရဲ့ဓားနှလုံးသားနဲ့ကောင်းကင်မျဉ်းဓားပညာကြောင့်ပဲ။ သူက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့နဲ့ တွေ့ဆုံရင်တောင် သူက သူတို့နဲ့တိုက်ခိုက်ဖို့ အရည်အချင်းမှီပြီး သူတို့ကိုတောင် အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။
"ငါ့ဓားပညာက နိမ့်ကျနိုင်တယ်၊ ဒါပေမယ့် ငါ ကြိုးစားရမှာပေါ့။ ဒဏ္ဍာရီလာကောင်းကင်မျဉ်းဓားပညာကို မြင်တွေ့ကြည့်ရတာပေါ့" လီဖူချန်းက ပြိုင်ပွဲအတွက် စိတ်အားထက်သန်နေတယ်။ ဒါက ကောင်းကင်အဆင့်အထွတ်အထိပ်ဓားပညာကို ရင်ဆိုင်ရတဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ပဲ။ ဒီဖလှယ်မှုက စောစောကဖလှယ်မှုတွေအားလုံးထက် ကြီးကျယ်တဲ့ဆုလာဒ်တွေ ရရှိလာလိမ့်မယ်လို့ သူက သေချာတယ်။ အဲဒါက သူ့ကို အချိန်တိုအတွင်းမှာ အဆုံးစွန်းဓားကွက်တစ်ခုကို ဖန်တီးစေနိုင်လောက်တယ်။
သူက အဆုံးစွန်းဓားကွက်တစ်ခုကို ဖန်တီးပြီးတာနဲ့ သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် သူက ယှဉ်ပြိုင်နိုင်မယ်လို့ သူက သေချာတယ်။
"ဒါဆို မင်း ကောင်းကောင်းဂရုစိုက်ပါ"
လီကျန့်ရှင်းရဲ့ပုံရိပ်က အနည်းငယ်တောင့်သွားတယ်၊ ပြီးနောက် သူက ရုတ်တရက် ပျောက်သွားပြီး ဓားအလင်းစီးကြောင်းတွေကို ချန်ထားလိုက်တယ်။
ကောင်းကင်မျဉ်းဓားပညာရဲ့ပထမဓားကွက်ကောင်းကင်မြေကြီးလှည့်လည်ခြင်း။
"ဒါက ပိုတောင်မြန်လာတယ်" သိုင်းစင်မြင့်အောက်မှာ နှလုံးသားဓားအာဏာရှင်က တင်းမာခက်ထန်သွားတယ်။
ဒီဓားကွက်ကို ရင်ဆိုင်တုန်းက သူက ရှုံးလုနီးပါးပဲ၊ သူ့ရဲ့နှလုံးသားတုန်လှုပ်ခြင်းဓားကွက်နဲ့တောင် ဒီဓားကွက်ကို ဖိနှိပ်ဖို့ အခက်အခဲ ဖြစ်ခဲ့ရတယ်။
စောစောက လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားပညာရဲ့ဒုတိယကွက်ကို မသုံးရင်တောင် သူက လီကျန့်ရှင်းကို အနိုင်ယူနိုင်မယ်လို့ နှလုံးသားဓားအာဏာရှင်က မသေချာဘူး။
အခု လီကျန့်ရှင်းရဲ့ဓားကွက်က စောစောတုန်းကထက် သိသိသာသာ ပိုမြန်လာတယ်။ ဒါက နှလုံးသားဓားအာဏာရှင်ကို တကယ်ကို ထိတ်လန့်စေခဲ့တယ်။
လီကျန့်ရှင်းရဲ့ကောင်းကင်မြေကြီးလှည့်လည်ခြင်းက နှလုံးသားဓားအာဏာရှင်နဲ့တိုက်ပွဲတုန်းကထက် တကယ်ကို ပိုမြန်တယ်။ ပြိုင်ဘက်က ပိုအားကောင်းလေ၊ လီကျန့်ရှင်းရဲ့အခြေအနေကိုတိုးမြှင့်ဖို့ ပိုလွယ်လေလေပဲ။ အဆုံးစွန်းဓားပညာက အခြေအနေအတွက် အလွန်မြင့်မားတဲ့ လိုအပ်ချက် ရှိတယ်။ အခြေအနေလိုအပ်ချက်ကွာခြားမှုအရိပ်အငွေ့လေးတစ်ခုကတောင် လက်တွေ့မှာ ကြီးမားတဲ့ခြားနားချက်တစ်ခုကို ထုတ်လုပ်ပေးလိမ့်မယ်။
***