← Chapters

ကောင်းကင်လေနတ်ဘုရား မြန်နှုန်းခုတ်ပိုင်းချက်

Vol. 57 Ch. 780

ကောင်းကင်လေနတ်ဘုရား မြန်နှုန်းခုတ်ပိုင်းချက်

Vol. 57 Ch. 780

ဒီဓားကွက်ကို အဆုံးစွန်းအရှိန်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ ဟင်းလင်းပြင်ဖယ်ရှားမှုတစ်ခုဖြစ်လာပြီး ဓားအလင်းစီးကြောင်းတွေအားလုံးက ကြေမွကွဲထွက်သွားတယ်။

ဟင်းလင်းပြင်တာအိုဓားပညာမှဓားကွက်တိုင်းက ဟင်းလင်းပြင်ဇုန်ကို လှုံ့ဆော်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒီလိုစွမ်းအားနဲ့ရင်ဆိုင်ရတဲ့အခါ အမြန်ဆုံးအရှိန်တောင် အသုံးမဝင်တော့ပါဘူး။ ဟင်းလင်းပြင်တာအိုလေ့ကျင့်သူက ကြီးမားတဲ့ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်ရုံသာ ဖြစ်ပြီး တိုက်ခိုက်မှုတွေ ရောက်ရှိဖို့အတွက် နေ့တစ်ဝက်ခန့် ကြာသွားစေနိုင်ပါတယ်။

ဒါပေမယ့် လီကျန့်ရှင်းရဲ့ကောင်းကင်မျဉ်းဓားပညာက အဲဒီလိုမျိုး ငြိမ်နေမှာ မဟုတ်ပါဘူး။ အရှိန်က အဆုံးစွန်းကို ရောက်လာတဲ့အခါ အဲဒါက ဟင်းလင်းပြင်ဇုန်ကို ချိုးဖျက်နိုင်ပါတယ်။

ကလန်...........

ကလန် ကလန်.........

မီးပွားတွေ ထွက်လာတယ်။

မီးပွားတွေ ထွက်လာတိုင်းနေရာတိုင်း ဓားအလင်းတွေ မရှိတော့ပါဘူး၊ ဓားအလင်းတွေက နောက်တစ်နေရာမှာ ထပ်မံလင်းလက်လာပါလိမ့်မယ်။

အဲဒါက ဓားကွက်တွေရဲ့မြန်ဆန်တဲ့ဖလှယ်မှုတွေ့ကြောင့် ဖြစ်တယ်၊ မီးပွားတွေ မထွက်လာခင် သူတို့က နောက်တစ်နေရာမှာ တွေ့ဆုံနေပြီးဖြစ်တယ်။

"အာ၊ ဒါ မမြန်လွန်းဘူးလား"

"ငါတို့က တိပ်တိုက်ရင်ဆိုင်မှုတွေကိုတောင် မမြင်နိုင်တော့ဘူး"

ကောင်းကင်မျဉ်းဓားအနုပညာက တကယ်ကို ပြောင်မြောက်တယ်။ အဲဒါက အားကောင်းလွန်းပြီး မြန်နှုန်းက အဆုံးစွန်းမှာ ရှိတယ်"

"လီဖူချန်းရဲ့ဟင်းလင်းပြင်တာအိုဓားပညာကလည်း မယုံနိုင်စရာပဲ။ အဲဒါက ကောင်းကင်မျဉ်းဓားအနုပညာရဲ့အဟုန်ကို တကယ် အမှီလိုက်နိုင်တယ်"

"ဖြစ်နိုင်တာက ဟင်းလင်းပြင်တာအိုဓားပညာကသာ ကောင်းကင်မျဉ်းဓားပညာကို အမှီလိုက်နိုင်တာ။ ပြီး‌တော့ ဟင်းလင်းပြင်တာအိုဓားပညာကို ဟင်းလင်းပြင်ဇုန်ကို ရွှေ့ပြောင်းနိုင်တယ်။ အဲဒါက အကွာအဝေးကို ချုံ့နိုင်တယ်၊ချဲ့နိုင်တယ်။ အမြန်နှုန်းသက်သက်သာဆိုရင် ဟင်းလင်းပြင်ဇုန်အကွာအဝေးကို လစ်လျူရှုဖို့က မဖြစ်နိုင်ဘူး"

ဆွေးနွေးနေတာကို နားထောင်ရင်း နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားမှာ မချိတင်ကဲဖြစ်နေရှာတယ်။ သူက လီဖူချန်းနဲ့ စောစောတုန်းက ဖလှယ်ခဲ့တယ်၊ ဒါကြောင့် လီဖူချန်းရဲ့ခွန်အားက ပိုသန်မာနေတာကို သတိထားမိတယ်။ ဆိုလိုတာက လီဖူချန်းက သူ့ကို ခွန်အားပြည့်သုံးပြီး မတိုက်ခိုက်ခဲ့ဘူးပေါ့။

တိုက်ပွဲက ဆက်သွားနေတယ်။ လီကျန့်ရှင်းရဲ့ကောင်းကင်‌မြေကြီးလှည့်လည်ခြင်းက ဓားကွက်တစ်ကွက်သာ ဖြစ်ပေမယ့် လီကျန့်ရှင်း မရပ်သရွေ့ သူအားကုန်တဲ့အထိ ဓားကွက်က ဆက်သွား‌နိုင်တယ်။

အစကနဲ့ နှိုင်းယှဉ်ရင် ဓားအလင်းမြန်နှုန်းက ပိုပိုမြန်လာတယ်။ အခုဆိုရင် အနည်းဆုံး အသံမြန်နှုန်းရဲ့အဆတစ်ထောင်လောက် ရှိတယ်။

အသံရဲ့အဆတစ်ထောင်ဆိုတာ ဘာလဲ။ မျက်စိတစ်မှိတ်အတွင်း မိုင်ရာအနည်းငယ်ကို သွားဖို့ လုံလောက်တယ်။ ဒါပေမယ့် သိုင်းစင်မြင့်က မီတာတစ်ထောင်သာ ရှိတယ်။

"အသံမြန်နှုန်းရဲ့အဆသုံးထောင်"

လီဖူချန်းက ကောင်းစွာ မြင်ရတယ်၊ အကြည့်တစ်ချက်ကတင် လီကျန့်ရှင်းရဲ့ဓားမြန်နှုန်းကို ဆုံးဖြတ်နိုင်တယ်။

ကောင်းကင်မျဉ်းဓားပညာက တကယ်ကို ကြောက်စရာကောင်းတယ်။ အဆုံးစွန်းကို မ‌ရောက်ခင် ပထမဓားကွက်က အသံရဲ့အဆသုံးထောင် ရှိတယ်။ အဆုံးစွန်းကို ရောက်ရင်  ဘယ်လိုတောင် မြန်လိုက်လိမ့်မလဲ။

ဓားက ကန့်လန့်ခုတ်ပိုင်းလိုက်ပြီး ဓားအလင်းအလွှာတစ်ခုက လီဖူချန်းကို ဖုံးလွှမ်းသွားတယ်။ လီကျန့်ရှင်းရဲ့ဓားအလင်းက ဓားအလင်းလွှာနဲ့ ထိတွေ့တာနဲ့ ရေထဲကို ဝင်သွားသလို ခံစားရတယ်။ ဧရာမဟင်းလင်းပြင်ဇုန်ထဲ ဝင်သွားသလိုလည်း ခံစားရပြီး အနည်းဆုံး အပြင်ကထက် ဆယ်ဆပိုနှေးကွေးသွားတယ်။

ကလန်..........

နောက်ပိုင်းတော့ လီဖူချန်းက လီကျန့်ရှင်းရဲ့ဓားကို အလွယ်တကူ တားဆီးလိုက်တယ်။ အားကောင်းတဲ့ဖိအားက လီကျန့်ရှင်းရဲ့ညာလက်မောင်းကို ထုံကျင်သွားစေတယ်။

လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားပညာက လီကျန့်ရှင်းရဲ့ကောင်းကင်မြေကြီးလှည့်လည်ခြင်းကို ကန့်သတ်တားဆီးနိုင်တာကို မည်သူမဆို ပြောနိုင်တယ်။

လီကျန့်ရှင်းက ကောင်းကင်ကို တစ်ဟုန်ထိုးပြေးသွားပြီး ကောင်းကင်အလင်းပျံဓားနဲ့အတူ ဆင်းသက်လာတယ်။

ဒီဓားကွက်က အလွန်မြန်ပြီး ဓားအလင်းတွေ ဆင့်ပုံလာတဲ့အခါ အလင်းမြစ်တစ်စင်းက စကြာဝဠာတစ်လျှောက် လွန်းပျံသွားနေတာနဲ့ တူတယ်။

ဒီဓားကွက်ကို ရင်ဆိုင်ရတဲ့အခါ နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားကြေကွဲခြင်းကတောင် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

"အချိန်ကျပြီး" ကောင်းကင်မျဉ်းဓားပညာရဲ့ဒုတိယကွက်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။

ဒီဓားကွက်ရဲ့စိတ်ဆန္ဒက ထူးကဲလွန်းတယ်၊ ကျော်ဖြတ်ရန် ကြီးမားလွန်းတယ်။ စကြာဝဠာရဲ့သဘာဝဖြစ်စဉ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဓားဘုရားသခင်က ဖန်တီးခဲ့တာ အလွန်သိသာပါတယ်။

"ဟင်းလင်းပြင်ဓားသွား" လီဖူချန်းက ကောင်းကင်ကို ခုတ်ပိုင်းလိုက်တယ်။

ဖောက်ထွင်းမြင်နိုင်တဲ့ဓားသွားတစ်ခုက ဟင်းလင်းပြင်ကို လုံးဝအေးခဲသွားစေတယ်။

မူရုံယိုယွီနဲ့ တိုက်ပွဲတုန်းကနဲ့မတူဘဲ ဒီတစ်ကြိမ်မှာ ဟင်းလင်းပြင်ဓားသွားမှာ လျော့တိလျော့ရဲဖြစ်နေတဲ့ဟင်းလင်းပြင်ဥပဒေဿနဲ့ဓားတာအိုဥပဒေဿတို့ မပါရှိပါဘူး။ သူတို့က ဓားသွားထဲကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီး အစစ်အမှန်ဟင်းလင်းပြင်ဓားသွားတစ်ခု ဖြစ်လာစေပါတယ်။ ဓားသွားလွှတ်လိုက်တာနဲ့ ဟင်းလင်းပြင်က ပုံမှန်အတိုင်း အေးခဲသွားတယ်။

ဘန် ဘုံး..........

တစ်ချိန်တည်းမှာ အကန့်အသတ်မရှိပုံရိပ်တွေ ပေါက်ကွဲသွားတာနဲ့ တူပုံရတယ်။ ဟင်းလင်းပြင်အက်ကြောင်းတွေက သူတို့နှစ်ယောက်ကြား ဟင်းလင်းပြင်မှာ ပြည့်နှက်နေတယ်။ သာမန်အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်က ဒီနေရာကို ဝင်ခဲ့ရင် သူက ချက်ချင်း သေဆုံးသွားလောက်တယ်။

သူတို့နှစ်ယောက်ကို ဖုံးအုပ်ထားတဲ့ အတားအဆီးကလည်း အက်ရာတွေ ရှိလာတယ်။ ဒီမြင်ကွင်းက ကျားသူတော်စင်ကို အံ့အားသင့်သွားစေတယ်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲက အတားအဆီးကို တကယ်ပျက်ဆီးစေတယ်၊ ဆိုလိုတာက အဆင့်နိမ့်သူတော်စင်တွေက သူတို့တိုက်ခိုက်တဲ့နရာထဲမှာ ရှိနေရင် သူတို့က သတိမထားရင် အဆင့်နိမ့်သူတော်စင်တွေ‌ကတောင် ဒဏ်ရာရချင်ရသွားနိုင်တယ်။

"မင်းတို့ တစ်ခုခုကို မြင်လား" ဆန်းကြယ်နက်နဲဓားသူတော်စင်က ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့ကို မေးလိုက်တယ်။

ပန်းတစ်ရာဓားသူတော်စင်ရဲ့အသံမှာ မသေချာ‌မှုလေးတော့ ရှိနေတယ်"လီဖူချန်းကလည်း ဓားနှလုံးသားကို သိပ်သည်းထားတာလား"

"ဟုတ်တယ်"

ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"သူက ဓားနှလုံးသားကို တကယ် သိပ်သည်းထားခဲ့တယ်။ ဒါ့ပြင် သူ့ရဲ့ဓားနှလုံးသားအဆင့်က လီကျန့်ရှင်းထက် ပိုမြင့်တယ်။ ဒါက ငါတို့ရဲ့ယူဆချက်တွေကို မှားယွင်းစေတဲ့ အကြောင်းရင်းပဲ"

"သူက ဓားနှလုံးသားကို တကယ်သိပ်သည်းထားတာလား" ကျားစွယ်ဓားသူ‌တော်စင်က မယုံကြည်နိုင်ဟန် ခံစားမိတယ်။

ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့က ဓားနှလုံးသားကို သိပ်သည်းထားတယ်ဆိုရင် သူက လက်ခံနိုင်ပါတယ်။

"လီဖူချန်းနိုင်မယ်လို့ မင်း ဆိုလိုတာလား" ပန်းတစ်ရာဓားသူတော်စင်က ဆန်းကြယ်နက်နဲဓားသူတော်စင်ကို ကြည့်လိုက်တယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းခါယမ်းလိုက်တယ်"ငါ မသိဘူး။ ဒါပေမယ့် လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယကွက်ကို  မကျင့်ကြံထားရင် လီဖူချန်းအနိုင်ရဖို့အခွင့်အရေးက ကိုးဆယ်ရာခိုင်နှုန်းအထက် ရှိတယ်"

ကောင်းကင်မျဉ်းဓားပညာက စွမ်းအားကောင်းလွန်းတယ်။ အဆုံးစွန်းဓားပညာတွေကြားမှာတောင် အဲဒါက ထိပ်တန်းအဆင့်ဖြစ်နေတုန်းပဲ။

လီကျန့်ရှင်းက ဓားတာအိုဆန္ဒရဲ့တစ်ရာခိုင်နှုန်းကိုသာ နားလည်နိုင်ရင်တောင် သူ့အနေနဲ့ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းဖို့ လုံလောက်တယ်။

ထူထပ်တဲ့ဟင်းလင်းပြင်အက်ကြောင်းတွေက ပေါ်လိုက်ပျောက်လိုက် အကြိမ်အရေအတွက်များစွာ ဖြစ်နေတယ်။

ဖစ်.........

သွေးတွေက ပျံ့ထွက်သွားတယ်။

သူ့ရဲ့ပခုံးမှ သွေးစီးကြောင်းတစ်ခု စီးဆင်းလာတာကြောင့် နောက်ဆုံးမှာတော့ လီကျန့်ရှင်းက လီဖူချန်းထက် နိမ့်ကျနေတာပေါ့လေ။

"မင်းက မယုံနိုင်စရာကောင်းတယ်၊ ဒါပေမယ့် အခုကစပြီး အရာအားလုံးက ပြီးဆုံးသွားရလိမ့်မယ်* လီကျန့်ရှင်းရဲ့မျက်လုံးတွေက အေးစက်သွားတယ်။

သူက အမှန်တကယ် ဒဏ်ရာရခဲ့တယ်၊ ဒါက သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့တဲ့အရာပဲ။

"အိုး။ ကြည့်ရတာ မင်းက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယဓားကွက်ကို  လေ့ကျင့်ထားပြီးဖြစ်မယ်" လီဖူချန်းက အတော်လေးစိတ်ဝင်စားသွားတယ်။

ပထမနှစ်ကွက်က လီဖူချန်းအတွက် ဓားတာအိုအဆုံးစွန်းသို့သွားရာလမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့တယ်။ တတိယကွက်က ‌ဖြစ်စဉ်ကို သေချာပေါက် ပိုမြန်စေပါလိမ့်မယ်။

"ငါ တတိယကွက်ကို သုံးတာနဲ့ မင်း သေသွားနိုင်တယ်။ ငါ နောင်ပြောင်နေတာမဟုတ်ဘူး။ ဒါကြောင့် မင်းအသက်ကို ဘယ်လိုကယ်မလဲကို မင်း ကောင်းကောင်း စဉ်းစားသင့်တယ်"

လီကျန့်ရှင်းက နောက်ပြောင်နေတာ မဟုတ်ပါဘူး။ သူက ပထမနှစ်ကွက်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်တယ်၊ ဒါပေမယ့် တတိယကွက်ကို မထိန်းချုပ်နိုင်ဘူး။ ဓားကွက်ကို ဖော်ထုတ်လိုက်တာနဲ့ ရလာဒ်ကို သတ်မှတ်ပြီးဖြစ်ပါလိမ့်မယ်။

သူ့ရဲ့အမြင်အရ ဒီဓားကွက်က နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားကြေကွဲခြင်းထက် အနည်းဆုံးဆယ်ဆပိုသန်မာပါတယ်။

"မင်း အဲလို ပြောမှတော့ ငါ သေချာ ဂရုစိုက်ရမှာပေါ့"

လီဖူချန်းက သတိရှိတယ်၊ သူက လီကျန်ရှင်းရဲ့တိုက်ခိုက်မှုကို မကြောက်ပေမယ့် သူက မထိမှန်ချင်ပါဘူး။

"အခုကစပြီး ဂရုစိုက်တော့"

လီကျန့်ရှင်းက စကားတွေနဲ့ ပေရှည်မနေတော့ပါဘူး။ သူက ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ထားတယ်၊ သူ့ပတ်ပတ်လည်မှာ လေအလွှာတစ်ခု ရှိတယ်၊ ထင်ယောင်မှားစေတဲ့ လေအလွှာတစ်ခုပါ။

လူတိုင်းက ထင်ယောင်မှားနေတာကိုတော့ မသိပါဘူး။ လေအလွှာက ဒီဒိုင်မန်းရှင်းမှ မဟုတ်ဘူး၊ အခြားဒိုင်မန်ရှင်းမှလေဖြစ်တယ်လို့ သူတို့က ခံစားမိ‌နေတယ်။

"ဒီဓားကွက်ကို ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်လို့‌ ခေါ်တယ်"

လီကျန့်ရှင်းရဲ့အသံက ထင်ယောင်မှားသလို ဖြစ်နေပြီး လီဖူချန်းရဲ့နားတစ်ဝိုက်မှာ ရစ်ဝဲနေတယ်။

လီကျန့်ရှင်းက ပျောက်ကွယ်သွားတယ်၊ ကြောက်စရာကောင်းတဲ့လှိုင်းတစ်ခုက လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။

"အသံမြန်နှုန်းရဲ့အဆတစ်သောင်း"

လီဖူချန်းရဲ့လိပ်ပြာသိစိတ်အာရုံက သူတော်စင်အဆင့်လိပ်ပြာသိစိတ်အာရုံတစ်ခုပဲ။ လီကျန့်ရှင်းရဲ့ဓားပညာကို အဆုံးစွန်းကို မရောက်နေရင် လီဖူချန်းရဲ့အာရုံမှလွတ်မြောက်ဖို့ ခဲယဉ်းတယ်။

အသံမြန်နှုန်းရဲ့အဆတစ်သောင်းက လီဖူချန်းအတွက် အလွန်ကြောက်စရာကောင်းတယ်။ သူ့ရဲ့ကိုယ်ပိုင်ဓားမြန်နှုန်းက အသံမြန်နှုန်းရဲ့အဆနှစ်ထောင်နဲ့သုံးထောင်ကြားမှာသာ ရှိတယ်။

ဒါ့ပြင် ဒီဓားကွက်က မြန်ရုံတင်မကပါဘူး။ ဟင်းလင်းပြင်ကောင်းကင်ဓားပညာနဲ့တောင် ဓားအရှိန်ကို နှေးကွေးစေဖို့ ခက်ခဲတယ်လို့ လီဖူချန်းက ခံစားမိတယ်။

"ဒါက ဓားတာအိုနတ်ဘုရားမြန်နှုန်းပဲ"  ကျားစွယ်ဓားသူတော်စင်ရဲ့မျက်လုံးတွေက တောက်ပသွားတယ်။

ဓားတာအိုမြန်နှုန်းက ဓားတာအိုအခြေအနေအမျိုးအစားတစ်ခု ဖြစ်တယ်။ ဓားမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့ ဓားတာအိုအခြေအနေတစ်ခုလို့ ပြောကြတယ်။

ဒီအခြေအနေကို ရောက်တဲ့အခါ ဓားမြန်နှုန်းကိုယ်တိုင်က ဥပဒေဿအမျိုးအစားတစ်ခု ဖြစ်လာတယ်။

ကျားစွယ်ဓားသူတော်စင်က ဓားတာအိုနတ်ဘုရားမြန်နှုန်းအဆခြအနေကို ရောက်ရှိထားတယ်၊ ဒါပေမယ့် သူက စဦးအခြေအနေမှာပဲ ရှိတယ်။ ဓားဘုရားသခင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူက အလွန်ကွာဝေးပါသေးတယ်။

ဒါပေမယ့် လီကျန့်ရှင်းရဲ့ဓားတာအိုနတ်ဘုရားမြန်နှုန်းကလည်း ကျားစွယ်ဓားသူတော်စင်နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာဝေးပါတယ်။

အလေးအနက်ပြောရရင် လီကျန့်ရှင်းက ဓားတာအိုနတ်ဘုရားမြန်နှုန်းအခြေအနေကို မရောက်သေးပါဘူး၊ သူက ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်ကို သုံးပြီး ဒီအခြေအနေကို ယာယီရောက်ရှိရုံလေးပါပဲ။

အတိတ်တုန်းကဆိုရင် လီဖူချန်းက ဒီဓားကွက်ကို ကြိုတင်သတိပြုမိတယ်ဆိုရင်တောင် သူက အချိန်မီ တုံ့ပြန်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု လီဖူချန်းရဲ့ဓားတာအိုက အဆုံးစွန်းနဲ့ အလွန်နီးကပ်နေပြီး သူက ဓားနှလုံးသားနဲ့ဟင်းလင်းပြင်တာအိုနှလုံးသားကိုလည်း သိပ်သည်းထားပြီးဖြစ်တယ်။

လီကျန့်ရှင်းက ဒီဓားကွက်ကို မဖော်ထုတ်ခင် လီဖူချန်းက တန်ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီး။ ချီဆန္ဒမှ လမ်းညွှန်မှုနဲ့အတူ သူက ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်တယ်။

တောက်ပနေတဲ့မီးပွားတစ်ခုက အဆုံးမရှိ ပေါက်ထွက်လာတယ်။

ခရက်........

လီဖူချန်းရဲဓားကို မမြင်နိုင်တဲ့လှိုင်းတစ်ခုက ခိုင်မာစွာ နှောင်ဖွဲ့ထားတယ်။

"သူက ဒီဓားကွက်ကို ကြိုတင်ပိတ်ဆို့နိုင်ခဲ့တာလား" ကျားစွယ်ဓားသူတော်စင်က မှင်တက်သွားရတယ်။

ဓားတာအိုနတ်ဘုရားမြန်နှုန်းကို ပိတ်ဆို့နိုင်ခဲ့တာတကယ်ကို မယုံနိုင်စရာပဲ။ လီဖူချန်းက ဘယ်လိုအောင်မြင်ခဲ့သလဲကို သူ နားမလည်နိုင်ပါဘူး။

"ခန့်မှန်းခြင်း" ဆန်းကြယ်နက်နဲဓားသူ‌တော်စင်ရဲ့စိတ်ထဲမှာ စကားလုံးတစ်လုံးက ‌လင်းလက်သွားတယ်။

ဓားတာအိုနတ်ဘုရားမြန်နှုန်းက အမှန်တကယ် မယုံနိာင်စရာကောင်းတယ်၊ ဒါပေမယ့် အဲဒါကို အသုံးပြုဖို့ ပြင်ဆင်ချိန်အပိုင်းအခြားတစ်ချို့ကို လိုအပ်တယ်။ ထိုပြင်ဆင်ချိန်အပိုင်းအခြားက အားနည်းချက်ဖြစ်တယ်။ ဒါပေမယ့် ဒီအားနည်းချက်ကို အသုံးပြုနိုင်တဲ့သူအနည်းငယ်သာ ရှားရှားပါးပါး ရှိတယ်။ ဒါ့ပြင် သူတို့က အားနည်းချက်ကို ရိပ်စားမိရင်တောင် အသုံးမဝင်ပါဘူး။ ဓားတာအိုနတ်ဘုရားမြန်နှုန်းက တားဆီးဖို့ လွယ်ကူတဲ့အရာ မဟုတ်ဘူး။

ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့ကျားစွယ်ဓားသူတော်စင်တို့က ခေါင်းကို ခါယမ်းလိုက်တယ်။ နောက်ဆုံးမှာတော့ လီဖူချန်းက ရှုံးနိမ့်ရမှာပါပဲ။ သူ့ရဲ့ဓားက နှောင်ဖွဲ့ခံထားရမှုနဲ့အတူ လီကျန့်ရှင်းရဲ့ဓားက နောက်ထပ်အတားအဆီးမရှိတော့ဘဲ ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုနဲ့ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်တယ်။

ကျားစွယ်ဓားသူတော်စင်က ရှေ့ကို ကိုင်းညွတ်ပြီး လီဖူချန်းကို ကယ်ဖို့ ပြင်ဆင်နေတယ်။ သူ့ရဲ့ဓားတာအိုနတ်ဘုရားမြန်နှုန်းအခြေအနေနဲ့ဆိုရင် သူက လီဖူချန်းကို ကယ်ဆယ်နိုင်သေးတယ်လို့ ယုံကြည်ချက် ရှိတယ်။

လီဖူချန်းရဲ့ဓားက နှောင်ဖွဲ့ခံထားရတာကြောင့် လေတစ်ခုက သူ့မျက်နှာကို ရိုက်ခတ်လာတယ်။ ဒါပေမယ့် သူက မနာကျင်ဘူး၊ အဲအစား သူက ယုံကြည်ချက် ရှိနေတယ်။

"ငါ လူတိုင်းကို ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာအစစ်အမှန်ကို မြင်တွေ့ခွင့်ပေးမယ်" လီဖူချန်းက သူ့ရဲ့နှလုံးသားထဲကနေ အော်လိုက်တယ်။

ဟင်းလင်းပြင်တာအိုစွမ်းအားတစ်ခုပါဝင်တဲ့ ကြောက်စရာကောင်းတဲ့ဓားတာအိုစွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာတယ်။

ဒီဓားတာအိုစွမ်းအားရဲ့တားဆီးမှုနဲ့အတူ လီကျန့်ရှင်းရဲ့ဓားအရှိန်က ပိုနှေးကွေးလာပြီး နောက်ဆုံးမှာ ဓားပုံရိပ်က ပေါ်ထွက်လာရတော့တယ်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" လီကျန့်ရှင်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

ဓားတာအိုနတ်ဘုရားမြန်နှုန်းကို အားနည်းစေဖို့က မဖြစ်နိုင်ပါဘူး။ လီဖူချန်းက အစစ်အမှန်ဟင်းလင်းပြင်ဇုန်တစ်ခုကို မဖန်တီးနိုင်ခဲ့ရင် သူ့ရဲ့ဓားက တူညီတဲ့အရှိန်နဲ့ သွားနေအုန်းမှာပါပဲ။

ဒါပေမယ့် နောက်ထပ်မြင်ကွင်းက လီကျန့်ရှင်းကိုယ်တိုင် သံသယဖြစ်သွားရတယ်။

"ဟင်းလင်းပြင်တာအိုနှလုံးသား" ဆန်းကျယ်နက်နဲဓားသူတော်စင်က လွှတ်ခနဲ ပြောမိသွားတယ်။

***

All Chapters