← Chapters

စတုတ္ထဓားကွက်လား

Vol. 57 Ch. 781

စတုတ္ထဓားကွက်လား

Vol. 57 Ch. 781

ဟင်းလင်းပြင်တာအိုနှလုံးသားနဲ့သာ ဟင်းလင်းပြင်ဥပဒေဿကို ချို့ယွင်းချက်မရှိ ထိန်းချုပ်နိုင်မှာပါ။

လူတစ်ယောက်က ဟင်းလင်းပြင်ဥပဒေဿနဲ့ဓားတာအိုဥပဒေဿတို့ကို ချို့ယွင်းချက်မရှိ ထိန်းချုပ်နိုင်တဲ့အခါ အဲဒါက အရာအားလုံးကို အေးခဲစေတဲ့ကြောက်စရာစွမ်းအားတစ်ခုကို ထုတ်လုပ်ပေးလိမ့်မယ်။ ဓားတာအိုနတ်ဘုရားအမြန်နှုန်းကတောင် အသုံးဝင်လိမ့်မှာ မဟုတ်ဘူး။

ဒါ့ပြင် သူက ဒီအခြေအနေနဲ့ ထိတွေ့ရုံမျှသာ ဖြစ်တာကြောင့် လီကျန့်ရှင်းရဲ့ဓားတာအိုနတ်ဘုရားမြန်နှုန်းက ပြီးပြည့်စုံတဲ့ဓားတာအိုနတ်ဘုရားမြန်နှုန်းတစ်ခု မဟုတ်ပါဘူး။

ဓား ပေါ်ထွက်လာရတဲ့အခါ လီကျန့်ရှင်းလည်း ပေါ်ထွက်လာရတယ်။

အခု လီကျန့်ရှန်းရဲ့ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်က အားနည်းလာတယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် လီကျန့်ရှင်းက အရှုံးမပေးပါဘူး၊ သူက ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်ကို တွန်းအားပေးပြီး အေးခဲဟင်းလင်းပြင်ကို ခုတ်ပိုင်းဖို့ ကြိုးစားလိုက်တယ်။

ဒါပေမယ့် ဒီဓားကွက်က အလွန်ဆန်းကြယ်ပြီး လီကျန့်ရှင်းရဲ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပျောက်သွားစေတယ်။ ပြီးနောက် သူက ဓားတာအိုနတ်ဘုရားမြန်နှုန်းအခြေအနေကို နောက်တစ်ကြိမ် ဝင်သွားတယ်။

"လာစမ်း"

လီဖူချန်းက သူ့ရဲ့ညာလက်ညှိုး၊ လက်ခလယ်တို့နဲ့ ဟင်းလင်းပြင်ကို ညွှန်ပြလိုက်တယ်။ ‌စီးဆင်းနေတဲ့ရေနဲ့တူတဲ့ဓားအလင်းစီးကြောင်းတွေက သူ့လက်ချောင်းထိပ်တွေမှာ စုစည်းနေတယ်။ ထိုအခိုက်မှာ ပိုအားကောင်းတဲ့ဓားတာအိုစွမ်းအားတစ်ခုက ‌ဟင်းလင်းပြင်ကို အေးခဲစေပြီး အရှေ့ရှိဟင်းလင်းပြင်ဇုန်တစ်ခုလုံးကို ပိတ်လှောင်ထားလိုက်တယ်။

ကလန်............

ထိုလက်ချောင်းနှစ်ချောင်းက ဖျက်စီးမရဖြစ်ပြီး ဓားတစ်လက်နဲ့ ရင်ဆိုင်လိုက်တယ်။

လက်ချောင်းထိပ်တွေက သံနဲ့တူပြီး ဖြာထွက်အလင်းတစ်ခု မပွင့်လန်းခင် ချော်ရည်ပူအလင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ အနက်ရောင်ဟင်းလင်းပြင်အက်ကြောင်းတွေက စတင်တိုးချဲ့လာပြီး အဆုံးမဲ့အနက်ရောင်မြွေတွေက တွားသွားနေလေတယ်။

လီဖူချန်းရဲ့ဓားတာအိုအဆင့်မှာ ကောင်းကင်အလယ်ဆင့်ဓားတွေက သူ့ရဲ့ခွန်အားကို အများကြီး မတိုးစေနိုင်ပါဘူး။ အချိန်တိုတိုက်ပွဲတစ်ခုဆိုရင် သူက ဓားတစ်လက်ကို ကိုင်ထားတာ၊ မကိုင်ထားတာက ခြားနားချက်တစ်ခု ဖြစ်စေမှာ မဟုတ်ဘူး။

ဒါ့ပြင် လီဖူချန်းရဲ့ခန္ဓာကိုယ်က ကောင်းကင်အလယ်ဆင့်ဓားထက် ပိုကြမ်းတမ်းပြီး ပိုခံနိုင်ရည် ရှိပါတယ်။

သူ့ရဲ့လက်ချောင်းတွေနဲ့ ထိုးဖောက်လိုက်တဲ့အခါ စွမ်းအားက သူကောင်းကင်အလယ်ဆင့်ဓားကို ကိုင်တဲ့အချိန်တုန်းကထက် ပိုကြီးကျယ်ခမ်းနားပြီး ခုခံရန် ခက်ခဲလှပါတယ်။

ဖြောက်.......ဖြောက် ...........

လီကျန့်ရှင်းရဲ့ဓားက ကျိုးပဲ့သွားတယ်။

သူက တုန်လှုပ်သွားတယ်။

သူ့ရဲ့ဓားကို ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်နဲ့ နှိုးဆွထားပေမယ့် အဲဒါက လက်နှစ်ချောင်းကြောင့် ကျိုးပဲ့သွားရတယ်။ လီဖူချန်းရဲ့လက်ကို ဘာနဲ့ ပြုလုပ်ထားတာပါလဲ။

သူ့ရဲ့ဓားကို ဆုံးရှုံးရပြီး‌နောက် လီကျန့်ရှင်းရဲ့ဓားဆန္ဒက ခုန်ပေါက်ထွက်သွားပြီး သူက ပြန်ဆုတ်လိုက်ရတယ်။ သို့မဟုတ်ရင် သူက လီဖူချန်းရဲ့လက်ချောင်းတွေကို တားဆီးနိုင်မှာ မဟုတ်ဘူး။

လီဖူချန်းက မလိုက်သွားပါဘူး။ သူက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယကွက်ကို မြင်တွေ့ပြီးဖြစ်တယ်။ လီကျန့်ရှင်းမှာ‌ နောက်ထပ်ဓားကွက်တွေ မရှိတော့ရင် လီဖူချန်းအနေနဲ့ လီကျန့်ရှင်းကို အနိုင်ယူဖို့က အလွန်လွယ်ကူပါတယ်။

မြေပြင်ပေါ်ကို ကျရောက်ပြီးနောက် လီကျန့်ရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ရတယ်။ သူက ဒီလိုအနေအထားမျိုးမှာ ရှိနေလိမ့်မယ်လို့ ဘယ်တော့မှ မတွေးထားပါဘူး။

သူက ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်ကို ကျင့်ကြံပြီးကတည်းက သူက နှစ်ကြိမ်သာ အသုံးပြုခဲ့တယ်။

အရင်က သူက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ကို သတ်လုနီးပါးဖြစ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူက ကျရှုံးသွားပြီး လီဖူချန်းက ချိုးဖျက်နိုင်ခဲ့တယ်။

သူ့ရဲ့ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့တစ်လျှောက် လီဖူချန်းက အသန်မာဆုံးရန်သူတစ်ကောင်လို့ သူက ဝန်ခံပါတယ်။

"ကြောက်စရာကောင်းလွန်းတယ်။ လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယဓားကွက်ကို တကယ် လေ့ကျင့်ခဲ့တာပဲ။ ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်က ဓားအရှိန်ကို ဒီပမာဏအထိ တိုးလာစေနိုင်တယ်။ ငါတို့ခွန်အားက အဆတစ်ရာတစ်ထောင်ထိ တိုးတက်လာရင်တောင် ငါတို့က လီကျန့်ရှင်းရဲ့ဓားတစ်ချက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

"ဒါပေမယ့် သူက လီဖူချန်းထက် နိမ့်ကျနေတုန်းပဲ။ လီဖူချန်းလိုမွန်းစတားတစ်ကောင်က ဘယ်နေရာကလာသလဲကို ငါ မသိဘူး"

"ဟင်း၊ နှလုံးသားဓားအာဏာရှင်က အသန်မာဆုံးလို့ ငါ အရင်က တွေးထားတာ။ အခုတော့ နှလုံးသားဓားအာဏာရှင်က ထိပ်ဆုံးလေးယောက်ထဲမှာ အားအနည်းဆုံးဖြစ်နေတာပဲ"

"ဟုတ်တယ်၊ နှလုံးသားဓားအာဏာရှင်က လီကျန့်ရှင်းရဲ့ဒုတိယဓားကွက်ကိုတောင် မတားဆီးနိုင်ဘူး"

"အဲဒါက လုံးလုံးကြီး‌တော့ မမှန်ဘူး။ လီကျန့်ရှင်း သန်မာနေရတာက သူက ဓားဘုရားသခင်ရဲ့ကောင်းကင်မျဉ်းဓားပညာကို အားထားနေရတာကြောင့်ပဲ။ ကောင်းကင်မျဉ်းဓားပညာသာ မရှိရင် သူက နှလုံးသားဓားအာဏာရှင်ထက် သေချာပေါက် အားနည်းတယ်"

"အကြွင်းမဲ့မျှတတဲ့အရာ ဒီကမ္ဘာမှာ မရှိဘူး။ လီကျန့်ရှင်းက လီကလန်ရဲ့အရင်းမြစ်အထောက်အပံ့ ရှိသလို နှလုံးသားဓားအာဏာရှင်က အံ့အားသင့်ဖွယ်ကံကြမ္မာအခွင့်အလမ်းကောင်းအချို့ ရှိနိုင်တာပဲ"

လီကျန့်ရှင်းနဲ့လီဖူချန်းကြားပြိုင်ပွဲက လူတိုင်းက အံ့အားသင့်စေတယ်။ လူတိုင်းက ဆွေးနွေးရင်း အလုပ်များနေပြီး သူတို့ရဲ့အတွေး‌တွေကို မထိန်းချုပ်နိုင်တော့ပါဘူး။

"စီနီယာချူချင်းယန်၊ လီဖူချန်းက သန်မာလွန်းတယ်" ချူချင်းယန်ဘေးနားရှိလီဖူချန်းရဲ့မျက်လုံးတွေက အရောင်တောက်သွားတယ်။

ချူချင်းယန်က ခေါင်းညိတ်လိုက်တယ်။ လီဖူချန်းရဲ့ခွန်အားက အရင်ကထက် ပိုသန်မာလာပါတယ်။ သူမရဲ့တိုးတက်မှုက လုံလုံလောက်လောက်သိသာပြီး တစ်ဟုန်ထိုးတိုးတက်လာမှုလို့တောင် ခေါ်နိုင်တယ်။ ဒါပေမယ့် လီဖူချန်းရဲ့တိုးတက်မှုက သူမထက်တောင် ပိုမြန်ပါတယ်။

လီဖူချန်းက ဘယ်လိုကျင့်ကြံသလဲကို သူမက တကယ် နားမလည်နိုင်ပါဘူး။

"နေရာက ကိစ္စမရှိဘူး၊ သူက အမြဲတမ်းတောက်ပနေမှာပဲ။ အထွတ်အထိပ်ကို ရောက်ရှိဖို့ ကံဇာတာပါတဲ့ သူတွေက ရှိပြီးသားပါပဲ" ခရမ်းရောင်ဝါးမသာဧကရာဇ်က ပြုံးလိုက်တယ်။

သံသွေးမဟာဧကရာဇ်ကလည်း သဘောတူညီကြောင်း ခေါင်းညိတ်လိုက်တယ်။

"အတော်လေး စိတ်ဝင်စားစရာပဲ" ဓားမော့ဧကရာဇ်ချူခွမ်းရဲ့မျက်လုံးတွေက စူးရှသွားတယ်။

သူက လီဖူချန်းအပေါ် အလွန်လျော့တွက်မိတာကို ချူခွမ်းက သဘောပေါက်ခဲ့တယ်။ လီဖူချန်းရဲ့လက်ရှိခွန်အားအရ ချူခွမ်းအတွက် လီဖူချန်းကို သတ်ဖို့က မလွယ်ကူပါဘူး။ သို့သော်လည်း သူက မလုပ်နိုင်ဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် ပုံသေတွက်လို့မရတာတွေ ရှိပါတယ်။

"ငါ သူတို့နဲ့ တကယ် တိုက်ခိုက်ချင်မိတယ်" ဓားအာဏာရှင်ရဲ့မျက်လုံးတွေက လေးနက်သွားတယ်။

လီကျန့်ရှင်းနဲ့လီဖူချန်းက သူတို့နဲ့တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီပါတယ်။

"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ သူက ဓားနှလုံးသားသာမက ဟင်းလင်းပြင်တာအိုနှလုံးသားကိုပါ သိပ်သည်းနိုင်ခဲ့တာလို့ မင်း ပြောခဲ့တယ်မလား"

ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူ‌တော်စင်တို့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"ဓားတာအိုနတ်ဘုရားမြန်နှုန်းအခြေအနေနဲ့ ပတ်သက်ပြီး မင်းတို့နှစ်ယောက်က အကောင်းဆုံး သိသင့်တယ်။ ဓားတာအိုနတ်ဘုရားမြန်နှုန်းကို ဟင်းလင်းပြင်တာအိုဓားပညာတစ်ခုတည်းနဲ့ တားဆီးဖို့ မဖြစ်နိုင်ဘူး"

"အဲဒါ ဟုတ်တယ်" ကျားစွယ်ဓားသူတော်စင်က အဲဒါနဲ့ပတ်သက်ပြီး တွေးလိုက်တယ်၊ အကျိုးအကြောင်းသင့်တယ်လို့ ခံစားရတယ်။

"ဒီကလေးရဲ့ပါရမီက အစည်းအရုံးခေါင်းဆောင်နဲ့ ဆန်းကြယ်နက်နဲဓားသူတော်စင်နောက် လိုက်တယ်။ သူက မသေဆုံးခဲ့ရင် အနာဂတ်မှာ သူက စကြာဝဠာမှာ နေရာတစ်ခုကို ပိုင်ဆိုင်လာလိမ့်မယ်" ပန်းတစ်ရာဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းခါကာ ပြောလိုက်တယ်"ငါက သူနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ အနည်းဆုံး ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ ငါက အခြားတာအိုနှလုံးသားတွေကို သိပ်သည်းဖို့ အသာထား၊ ဓားနှလုံးသားကိုတောင် မသိပ်သည်းနိုင်ခဲ့ဘူး"

ဓားသမားအစည်းအရုံးတစ်ခုလုံးမှာ အစည်းအရုံးခေါင်းဆောင်နဲ့ဓားဧကရာဇ်တို့ကသာ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ ဓားနှလုံးသားကို သိပ်သည်းဖို့ ဖြစ်နိုင်လောက်တယ်။ ဓားအာဏာရှင်က ဓားနှလုံးသားကို သိပ်သည်းထားနိုင်သလားကိုတော့ မသိသေးဘူး။

ကျားစွယ်ဓားသူတော်စင်က ပြောလိုက်တယ်"မင်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ ဓားနှလုံးသားကို မသိပ်သည်းနိုင်ခဲ့ဘူးဆိုပေမယ့် မင်းရဲ့တိုးတက်မှုအရှိန်က အစည်းအရုံးခေါင်းဆောင်အောက် မနှေးဘူး။ သို့မဟုတ်ရင် အစည်းရုံးခေါင်းဆောင်က မင်းကို အစည်းရုံးကို လက်လွှဲလိမ့်မှာ မဟုတ်ဘူး"

ကျားစွယ်ဓားသူတော်စင်က မချိတင်ကဲရယ်လိုက်တယ်၊ နောက်ထပ် မငြင်းခုံတော့ပါဘူး။

သိုင်းစင်မြင့်ပေါ်မှာ လီဖူချန်းနဲ့လီကျန့်ရှင်းတို့က မီတာတစ်ရာအကွာမှာ ရပ်နေတယ်။ လီဖူချန်းနဲ့မတူဘဲ လီကျန့်ရှင်းက အရင်ကလောက် မတည်ငြိမ်နိုင်တော့ပါဘူး။ သူ့ကို လေးနက်စိုးရိမ်တဲ့အမူအရာက အစားထိုးနေလေတယ်။

"မင်းရဲ့စတုတ္ထကွက်ကို ထုတ်ပါ" လီဖူချန်းက သာမန်အတိုင်း‌ ပြောလိုက်တယ်။

လီကျန့်ရှင်းက မျက်ခုံးပင့်လိုက်တယ်"မင်းက ငါ့ကို စိတ်တိုအောင် လုပ်နေတာလား"

လီကျန့်ရှင်းက စတုတ္ထကွက်ကို တကယ် ကျင့်ကြံနိုင်ခဲ့ရင် သူတော်စင်အောက်တစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ တတိယကွက်ကို ရင်ဆိုင်တဲ့အခါ လီဖူချန်းက အနည်းငယ်သာ သာလွန်ပြီး ခြားနားချက်က သိပ်မကြီးပါဘူး။

လီကျန့်ရှင်းက ဘာမှ မပြော‌ဘူး၊ ဒါပေမယ့် သူ့ရဲ့အသက်စက်ကွင်းမှာ ပြောင်းလဲမှုအရိပ်အယောင်တစ်ချို့ ရှိနေတယ်။

"အမ်" လီဖူချန်းရဲ့မျက်လုံးတွေမှာ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားတယ်။

လီကျန့်ရှင်းရဲ့ခန္ဓာကိုယ်ထဲမှာ တုန်လှုပ်စရာစွမ်းအားတစ်ခု အစပျိုးနေတာကို သူက သတိပြုမိသွားတယ်။

တဖြည်းဖြည်းနဲ့ သိုင်းစင်မြင့်အပြင်ဘက်ရှိလူတိုင်းက လီကျန့်ရှင်းထံမှ ပုံမှန်မဟုတ်မှုကို စတင်ခံစားရလာတယ်။

"သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထကွက်ကို တကယ် ကျင့်ကြံခဲ့တာလား"

"ဒါ မဖြစ်နိုင်ဘူး.......။ တတိယကွက်က‌တောင် ဒီလောက်အားကောင်းနေတာ၊ စတုတ္ထကွက်ဆိုရင် သူတော်စင်အောက်ဘယ်သူကိုမဆို ချက်ချင်း မသတ်နိုင်လောက်ဘူးမလား"

"ဘယ်လိုလုပ်ပြီး မဖြစ်နိုင်ရမှာလဲ။ လီကျန့်ရှင်းရဲ့ချီစက်ကွင်းက ပြောင်းလဲနေတာကို မင်း မမြင်ဘူးလား။ အဲဒါမှာ အဖျက်အဆီးတည်ရှိမှုတစ်ခု ပါဝင်တယ်"

"လီဖူချန်းက အခု အရေးတကြီးသတိထားဖို့ လိုတယ်"

လူတိုင်းရဲ့မျက်လုံးတွေက ပြူးကျယ်လျက် သိုင်းစင်မြင့်ကို စိုက်ကြည့်နေကြတယ်။၊ သူတို့က တစ်ခုခုကို လွှတ်သွားမှာကို ကြောက်ရွံနေကြတယ်။

ဖြောက်ဖြောက်..........

လီကျန့်ရှင်းရဲ့ခန္ဓာကိုယ်က အနီရောင်လျှပ်စစ်စီးကြောင်းတွေနဲ့အတူ ထွက်ပေါ်လာတယ်။ လျှပ်စစ်စီးကြောင်းတွေက မိုးကြိုးဥပဒေဿ မဟုတ်ဘူး၊အဲဒါက အသက်လျှပ်စစ်စီးကြောင်းတစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ဓားဆန္ဒတစ်ခု ပါဝင်တယ်။

"ဒါ တကယ် စတုတ္ထဓားကွက်လား" လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။

အနီရောင်လျှပ်စီးတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားပြီး လီဖူချန်းအနောက်မှာ ထွက်ပေါ်လာတယ်။ လီကျန့်ရှင်းရဲ့ပုံရိပ်က ထိုနေရာမှာ ထွက်ပေါ်လာတယ်။

ဖစ်............

လီကျန့်ရှင်းက လဲကျပြီး သွေးတွေ အန်ထွက်သွားရတယ်။

အဆုံးမှာ‌တော့ သူက စတုတ္ထဓားကွက်ကို ထုတ်ဖော်ဖို့ မတတ်နိုင်ခဲ့ဘူး၊ သူက စတုတ္ထဓားကွက်ရဲ့ဓားဆန္ဒအရိပ်အယောင်တစ်ခုကို နားလည်ရုံမျှသာပါပဲ။

သို့မဟုတ်ရင် လီဖူချန်းက ရှုံးရင်ရှုံး၊ မရှုံးရင် သေရလိမ့်မယ်။

"တကယ်ကို မယုံနိုင်စရာပဲ"

လီဖူချန်းရဲ့ကြောက်ရွံ့မှုကင်းမဲ့တဲ့မျက်လုံးတွေက ပျောက်ကွယ်သွားတယ်။ စောစောက သူက မူလဘူတဓားကို အသက်သွင်းလုနီးပါး ဖြစ်ခဲ့တယ်။ ကံကောင်းတာက သူက တစ်ခုခုမှားနေတာကို မြင်လိုက်ရပြီး မူလဘူတဓားကို အသက်မသွင်းခဲ့ဘူး။ သို့မဟုတ်ရင် လီကျန့်ရှင်းက  သေသွားလောက်ပါ ပြီး။

ဓားပင်လယ်စက်ဝိုင်းအတွက်ကတော့ အချိန်မီအသုံးပြုဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ အဲဒါက လက်ဦးယူကာတိုက်ခိုက်ရတဲ့ဓားကွက်ဖြစ်ပြီး တန်ပြန်တိုက်ခိုက်ဖို့အတွက် မဟုတ်ပါဘူး။

***

All Chapters