အထွတ်အထိပ်တိုက်ပွဲ
Vol. 58 Ch. 783
"နှလုံးသားအာဏာရှင်က အဆင့်၄၊ လီကျန့်ရှင်းက အဆင့်၃။ အဆင့်၁နဲ့အဆင့်၂ကို နောက်ဆုံး ဆုံးဖြတ်ရတော့မှာပေါ့"
"စိတ်လှုပ်ရှားစရာပဲ၊ ငါ့ခန္ဓာကိုယ်တောာင် တုန်ယင်နေတယ်"
"ဘယ်သူကများ စိတ်မလှုပ်ရှားလို့လဲ။ ဒါက ဓားတာအိုအသိုင်းအဝိုင်းရဲ့အထွတ်အထိပ်တိုက်ပွဲတစ်ခုပဲ။ ဒါက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကြား တိုက်ပွဲအောက် မနိမ့်ကျလောက်ဘူး"
ပြိုင်ပွဲမှာ ပွဲအနည်းငယ်သာ ကျန်တော့တယ်။။ လူတိုင်းက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့လီဖူချန်းတို့ကြားတိုက်ပွဲကို မျှော်လင့်စောင့်စားနေကြတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ ဘယ်သူနိုင်မယ်လို့ မင်း ထင်လဲ"
ခံစားချက်ဓားဧကရာဇ်ရဲ့အခွင့်အရေးက ပိုများမယ်လို့ ကျားစွယ်ဓားသူတော်စင်က ထင်တယ်။ ပြီးတော့ ခံစားချက်မဲ့ဓားဧကရာဇ်က ကောင်းကင်မျဉ်းဓားပညာရဲ့တတိယဓားကွက်ကို ချက်ချင်း ဖယ်ရှားနိုင်တယ်။ လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယဓားကွက်ကို ဖိနှိပ်ရုံသာတတ်နိုင်ခဲ့တယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"အပေါ်ယံမှာတော့ ခံစားချက်မဲ့ဓားဧကရာဇ်က ပိုမြင့်သလိုဖြစ်နေတယ်။ ဒါပေမယ့် အပေါ်ယံမျက်နှာပြင်နဲ့ မဆုံးဖြတ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်"
"မင်း ဘာကို ဆိုလိုတာလဲ" ပန်းတစ်ရာဓားသူတော်စင်က သိလိုစိတ်ပြင်းပြနေတယ်။
"လီကျန့်ရှင်းက စတုတ္ထဓားကွက်ကို ထုတ်ဖော်တဲ့အချိန် လီဖူချန်းရဲ့အမူအရာကို မင်းတို့ မှတ်မိသေးလား" ဆန်းကြယ်နက်နဲဓားသူတော်စင်က မေးလိုက်တယ်။
ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့က တစ်ချက် စဉ်းစားလိုက်တယ်။ ရုတ်တရက် သူတို့ရဲ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်တဲ့အမူအရာတွေ ထွက်ပေါ်သွားတယ်။
သူတော်စင်တွေအနေနဲ့ သူတို့က အကြည့်တစ်ချက်တည်းနဲ့ ဘယ်အရာကိုမဆို မှတ်မိဖို့ လွယ်ကူတယ်။ သူတို့က အရင်ကမြင်ခဲ့တဲ့မြင်ကွင်းတစ်ခုကို ထုတ်ဖော်လိုက်တယ်။ အခု သူတို့ရဲ့စိတ်ထဲမှာ လီဖူချန်းရဲ့မျက်နှာကို မြင်နေရတယ်။
ယုံကြည်မှုနဲ့အံ့အားသင့်တဲ့အရိပ်အယောင်တစ်ခုက လွဲပြီး လီဖူချန်းရဲ့မျက်နှာပေါ်မှာ ကြောက်ရွံမှုတစ်စက်မှ မရှိပါဘူး။
လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထဓားကွက်ကို ဖော်ထုတ်မယ်ဆိုရင်တောင် ခုခံဖို့စွမ်းရည် လီဖူချန်းမှာ ရှိတယ်လို့ ဆိုလိုတယ်။
"ဒါ မဖြစ်နိုင်ဘူး" ကျားစွယ်ဓားသူတော်စင်က မယံကြည်နိုင်ဖြစ်နေတယ်။
"ဆိုလိုတာက လီဖူချန်းက သူ့ခွန်အားရဲ့တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားတုန်းပဲပေါ့" ပန်းတစ်ရာဓားသူတော်စင်က အဖြေပေးလိုက်တယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"အဲဒီလိုပဲ ဖြစ်မယ်။ အခု ငါတို့က လီဖူချန်းက ခွန်အားဘယ်လောက်ကို ဖုံးကွယ်ထားလဲ၊ ခံစားချက်မဲ့ဓားဧကရာဇ်က လီကျန့်ရှင်းကို အနိုင်ယူဖို့ ခွန်အားဘယ်လောက် သုံးခဲ့သလဲကို မြင်ရတော့မယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကြား ဘယ်သူအနိုင်ရမလဲကို ဆုံးဖြတ်ဖို့ ခက်ခဲတယ်"
ပြိုင်ပွဲတွေက ဆက်သွားနေတယ်၊ ဒိုင်လူကြီးက လီဖူချန်းနဲ့ခံစားချက်မဲ့ဓားဧကရာဇ်တို့ကြားတိုက်ပွဲကို မကြေငြာရသေးပါဘူ။
နောက်ဆုံးမှာတော့ ပြိုင်ပွဲက တစ်ပွဲသာ ကျန်တော့တယ်၊ ဒိုင်လူကြီးရဲ့အသံက ပဲ့တင်ထပ်သွားတယ်"နင်ချွယ်နဲ့လီဖူချန်း"
အခုဆိုရင် သိုင်းစင်မြင့်ကိုးခုလုံးက တစ်ခုတည်းပေါင်းစပ်သွားတယ်။ အစွန်းတွေက မီတာသုံးထောင်လောက် ရှည်တယ်။
"စတော့မယ်"
ပရိသတ်တွေက အသက်ရှုမနိုင်ဖြစ်နေရတယ်။
တစ်ချိန်တည်းမှာပဲ ပုံရိပ်နှစ်ခုက သိုင်းစင်မြင့်ပေါ်ကို ကျရောက်လာတယ်။
"မင်းရဲ့ဓားက အရမ်းမြန်တယ်" လီဖူချန်းက ပြောလိုက်တယ်။
"အရင်ပြိုင်ပွဲတုန်းက မင်းရဲ့ခွန်အားအကုန်လုံးကို အသုံးပြုခဲ့သလား" ခံစားချက်မဲ့ဓားဧကရာဇ်က မေးလိုက်တယ်။
လီဖူချန်းက ရယ်လိုက်တယ်" မင်းက လွဲပြီးတော့ပေါ့"
"ဒါဆို ကောင်းပြီး" ခံစားချက်မဲ့ဓားဧကရာဇ်က ခေါင်းညိတ်လိုက်တယ်။
လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုခဲ့ပြီးဆိုရင် ရလာဒ်က သိသားပြီး ဒီပြိုင်ပွဲက အဓိပ္ပါယ် မရှိတော့ပါဘူး။
"ဘာ။ သူတို့နှစ်ယောက်က သူတို့ရဲ့ခွန်အားအပြည့်ကို အခုထိ မသုံးရသေးဘူးလား"
သူတို့နှစ်ယောက်ရဲ့အသံက မကျယ်ပါဘူး၊ ဒါပေမယ့် လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားရတယ်၊ သူတို့က အံ့ဩတုန်လှုပ်သွားကြတယ်။
လီကျန့်ရှင်းနဲ့နှလုံးသားဓားအာဏာရှင်တို့က ပြောင်မြောက်တယ်။ အထူးသဖြင့် လီကျန့်ရှင်းမှာ ကောင်းကင်မျဉ်းဓားပညာရှိပြီး သူ့ကို ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အထွတ်အထိပ်မှာ ရပ်တန့်စေနိုင်တယ်။ ဒါ့ပြင် သူက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့နဲ့ တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ လူတိုင်းက ခံစားရတယ်။
အခုတော့ လီဖူချန်းနဲ့ခံစားချက်မဲ့ဓားဧကရာဇ်တို့က သူတို့ရဲ့ခွန်အားအပြည့်ကို မသုံးရသေးဘူးလို့ လူတိုင်းက ပြောနေတယ်။ ဘယ်လိုလုပ်ပြီး အံ့အားမသင့်ဘဲ နေနိုင်ရမှာလဲ။
"ခံစားချက်မဲ့ဓားဧကရာဇ်က သူ့ခွန်အားကို ဖုံးကွယ်ထားတာက နားလည်နိုင်ပါတယ်။ ဒါပေမယ့် လီဖူချန်းလည်း သူ့ခွန်အားကို ဖုံးကွယ်ထားတာပေါ့လေ"
ခံစားချက်မဲ့ဓားဧကရာဇ်က လီကျန့်ရှင်းရဲ့တတိယဓားကွက်ကို ချက်ချင်း ချိုးဖျက်နိုင်ခဲ့တယ်၊ ဒါကြောင့် သူပြောတာ လက်ခံလို့ရတယ်။
ဒါပေမယ့် လီဖူချန်းက တတိယဓားကွက်ကို ချိုးဖျက်နိုင်ရုံသာပဲလေ၊ သူက လီကျန့်ရှင်းကို ဒဏ်ရာတောင် မရစေခဲ့ပါဘူး။
သိုင်းစင်မြင့်ပေါ်မှာ လေရဲ့အရိပ်အယောင် မရှိဘူး၊ လေထုကတောင် အေးခဲနေတယ်။
သူတို့နှစ်ယောက်က ဓားတာအိုပဲတင်ခြင်းတွေကို မထုတ်လွှတ်ပါဘူး၊ ဒါပေမယ့် မွန်းကျပ်စေတဲ့အရှိန်အဝါက ဓားတာအိုပဲ့တင်ခြင်းထက်တောင် ပိုကြောက်စရာကောင်းပါတယ်။
"တိုက်ခိုက်ကြစို့" လီဖူချန်းက ပြောလိုက်တယ်။
"ကောင်းပြီး" ခံစားချက်မဲ့ဓားဧကရာဇ်က တည်ငြိမ်ပြီး သူ့ရဲ့မျက်လုံးတွေက ခံစားချက်ပျောက်ဆုံးနေတယ်။
ကလန်း............
မီးပွားတစ်ခုက သူတို့နှစ်ယောက်ကြားမှာ ရုတ်တရက် ထွက်ပေါ်လာတယ်။
ကလန်း ကလန်း ကလန်း ကလန်း..........
ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားပညာက အလွန်အမင်းမြန်တယ်၊ တိကျတယ်၊ ရက်စက်တယ်။ ပြိုင်ဘက်က မတားဆီးနိုင်သရွေ့ ဓားကွက်အသီးသီးမှာ ရှုပ်ထွေးနက်နဲမှုတွေ ရှိဖို့ မလိုပါဘူး။
အသန်မာဆုံးဓားပညာက မရပ်တန့်နိုင်တဲ့ဓားပညာတစ်ခု မဟုတ်ပါဘူး၊ အဲဒါက အလွန့်အလွန်မြန်တဲ့ဓားပညာတစ်ခုပါ။ အဲဒီလိုဓားတာအိုဟန်ပန်ကို ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားပညာထဲမှာ ပြသထားတယ်။ အဲဒါက လီကျန့်ရှင်းထက်တောင် ပိုမြင့်တယ်။
လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားပညာဟင်းလင်းပြင်ဇုန်ကိုင်တွယ်ခြင်းကို သုံးတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားက ဘယ်လောက်ပဲမြန်မြန် ကိစ္စမရှိပါဘူး၊ လီဖူချန်းဆီမရောက်ခင် အပေါက်တစ်ခုတော့ အမြဲတမ်း ရှိပါလိမ့်မယ်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက ဘယ်လောက်ပဲရှိရှိ ကိစ္စမရှိဘူး၊ လီဖူချန်းရဲ့ဓားက သင့်တော်တဲ့ချိန်သားကိုက်မှုနဲ့ အမြဲတမ်း ချဉ်းကပ်နိုင်ပါတယ်။
ဒါက လက်ရည်ညီတဲ့ပြိုင်ဘက်နှစ်ယောက်ကြား တိုက်ပွဲတစ်ခုပါ။ သူတို့နှစ်ယောက်က အားသားချက်နဲ့လက်ဦးမှုရယူဖို့ ကြိုးပမ်းနေတယ်။
ရုတ်တရက် အဝေးကတိုက်ခိုက်နေရာမှ သူတို့နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်လိုက်ကြတယ်။ မီးပွားတွေက ပန်းထွက်လာပြီး မျက်နှာပြင်တစ်ခုလုံးကို ပြည့်သွားတယ်။ ဓားနှစ်လက်က အချိန်တိုအတွင်း အကြိမ်အရေအတွက်များစွာ ထိတွေ့ခဲ့တယ်လို့ ဆိုလိုတယ်။
"ဒါ အနီးကပ်တိုက်ပွဲလား" တစ်ယောက်ယောက်က ကြက်သီးမွေးညင်းထားလာသလို ခံစားရတယ်။
အနီးကပ်တိုက်ပွဲက အန္တရာယ်အများဆုံး ဖြစ်တယ်။
လီဖူချန်းပဲဖြစ်ဖြစ်၊ ခံစားချက်မဲ့ဓားဧကရာဇ်ပဲဖြစ်ဖြစ် သူတို့ရဲ့ဓားမြန်နှုန်းက အသံရဲ့မြန်နှုန်းထက် အဆထောင်ပေါင်းများစွာ ပိုမြန်တယ်။ ဒီလိုအမြန်နှုန်းဆိုရင် မီတာရာအနည်းငယ်က အလင်းတစ်ပြက်စာလောက်ပဲ ရှိတယ်။ ဆယ့်နှစ်မီတာလောက်ကိုတော့ လုံးဝ လစ်လျူရှုနိုင်တယ်။ ဒါပေမယ့် အကွာအဝေးက တစ်မီတာထက် နည်းရင်ရော။ သူတို့နှစ်ယောက်လုံးက ဓားဖျားပေါ်မှာ ကခုန်နေတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်က သူတို့ရဲ့သွေးတွေ ဆူပွက်လာစေရတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ လူတိုင်းက ထိုနှစ်ယောက်ကို လေးစားတဲ့မျက်လုံးတွေနဲ့ ကြည့်ရှုနေကြတယ်။
မြန်တယ်၊ တကယ်ကို မြန်လွန်းတယ်။
တိုက်ပွဲက ဆယ်နှစ်မီတာ ဒါမှမဟုတ် မီတာရာဂဏန်းလောက်ဆိုရင်တောင် သူတို့နှစ်ယောက်က အနေအထားကို ဆုံးဖြတ်ပြီး သူတိူ့ရဲ့နောက်ဓားကွက်တွေကို အစီအစဉ်ချနိုင်တယ်။
ဒါပေမယ့် အကွာအဝေးက တစ်မီတာထက် နည်းနေတဲ့အခါ သူတို့နှစ်ယောက်က ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။ သူတို့ရဲ့အတွေးထဲမှာ ဓားကို ခွန်အားအပြည့်နဲ့ ဝှေ့ယမ်းဖို့သာ ရှိတော့တယ်။
ခရက်.........
ဓားနှစ်လက်က တစ်ချိန်တည်းမှာပဲ ကျိုးပဲ့သွားတယ်။
နောက်ချက်ချင်းပဲ သူတို့နှစ်ယောက်က ကောင်းကင်အလယ်ဆင့်ဓားအသစ်နှစ်လက်ကို တူညီတဲ့အရှိန်နဲ့ ပြန်ယူပြီး တစ်ယောက်ကိုတစ်ယောက် ခုတ်ပိုင်းလိုက်ကြတယ်။
ကလမ်.....ဝုန်း.....ဒိုင်း.....ဂျိန်း........
ဓားနှစ်လက်က ထိပ်တိုက်တွေ့တယ်၊ သူတို့ရဲ့ခန္ဓာကိုယ်တွေက တစ်ခုနဲ့တစ်ခု မှီထားကြတယ်။ ဒါက ခွန်အားချင်း ယှဉ်ပြိုင်မှုတစ်ခုပါပဲ။
တစ်ချိန်တည်းမှာပဲ သူတို့က အကြည့်တွေကို အလိုအလျောက် ဖလှယ်လိုက်ကြတယ်။
လီဖူချန်းရဲ့မျက်လုံးတွေက လောင်ကျွမ်းနေတယ်၊ ဒါပေမယ့် တည်ငြိမ်တယ်။
ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့မျက်လုံးတွေက ခံစားချက်ကင်းမဲ့တယ်၊ ဒါပေမယ့် ဓားတာအိုအပေါ် လုံးဝရိုးသားမှု ရှိတယ်။
တစ်ယောက်ချင်းစီရဲ့မျက်လုံးထဲမှာ သူတို့က ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုမှကို မမြင်ရပါဘူး။
"ဒါ တကယ် ကျေနပ်စရာကောင်းတယ်" လီဖူချန်းက ပြုံးလိုက်တယ်။
ဓားတာအိုအရ ခံစားချက်မဲ့ဓားဧကရာဇ်က စစ်မှန်တဲ့ရန်သူတစ်ယောက်ပဲ။ သူ့ရဲ့သွေးတွေ လောင်ကျွမ်းနေတာကို လီဖူချန်းက ခံစားနိုင်တယ်၊ ဒါပေမယ့် သူ့ရဲ့ခံစားချက်တွေက အလွန်တည်ငြိမ်ပြီး သွေးအေးလုနီးပါးပါပဲ။
"သူတို့ရဲ့အခြေခံခွန်အားတွေက ညီမျှတယ်" ကျားစွယ်ဓားသူတော်စင်က မှတ်ချက်ပေးလိုက်တယ်။
ပန်းတစ်ရာဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"စောစောတုန်းက သူတို့နှစ်ယောက်ကို ရင်ဆိုင်ရတဲ့ဘယ်သူမဆို အားနည်းချက်တစ်ခု ရှိနေအုံးမှာပဲ။ သူတို့နှစ်ယောက်ကြားတိုက်ပွဲကသာ ညီမျှတယ်။ ဒါပေမယ့် သူတို့ရဲ့အခြေခံဓားတာအိုခွန်အားက မညီမျှဘူးလို့တော့ ငါ မြင်တယ်။ အလေးအနက်ပြောရရင် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့အခြေခံဓားတာအိုခွန်အားက ပိုသန်မာတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်ရေးအာရုံကလည်း အားကောင်းလွန်းတယ်။ သူ့ရဲ့ဓားပညာက ပုံစံအားဖြင့် ချုပ်ချယ်မှုမရှိဘူး၊ ခြေရာခံလို့မရဘူး။ ပြိုင်ဘက်က ခံစားချက်မဲ့ဓားဧကရာဇ်မဟုတ်ဘဲ လက်ရည်ညီတဲ့အခြားတစ်ယောက်ယောက်သာဆိုရင် ထိုပြိုင်ဘက်က ရှုံးသွားလောက်ပြီး"
"ဒါ ဟုတ်တယ်။ ခံစားချက်မဲ့ဓားတာအိုက ဓားပညာထဲကို ခံစားချက်တစ်ခုမှ မပေါင်းစပ်ထားဘူး။ ခံစားချက်မရှိတာကြောင့် အဲဒါက တိုက်ခိုက်ဖို့အတွက် အသင့်တော်ဆုံးနည်းလမ်း အမြဲတမ်း ဖြစ်နေလိမ့်မယ်"
ဆန်းကြယ်နက်နဲဓားသူတော်စင်က အံ့အားသင့်နေတယ်။ သူက ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ ပတ်သက်ပြီး ပြောချင်ပြောနိုင်တယ်၊ ဒါပေမယ့် သူ တကယ်ချီးကျူးနေတာက လီဖူချန်းပဲ။
ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်မှာ သူတိူ့ရဲ့တိုက်ခိုက်ရေးအာရုံကို လီဖူချန်းရဲ့အဆင့်အထိ အသုံးပြုနိုင်တဲ့ တစ်ယောက်ကိုမှ ဆန်းကြယ်နက်နဲဓားသူတော်စင်က မမြင်ခဲ့ဖူးဘူး။ လီဖူချန်းက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာတယ်လို့တောင် ခံစားရတယ်။
ခံစားချက်မဲ့ဓားဧကရာဇ်လည်း သိတယ်။ လီဖူချန်းက သူ ရင်ဆိုင်ခဲ့တဲ့အခြားဓားသမားတွေနဲ့ ခြားနားတယ်။ လီဖူချန်းကို အနီးကပ်တိုက်ပွဲမှာ အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ သတ်ဖြတ်ကွက်တွေ သုံးမှသာ ဖြစ်နိုင်တယ်။
အကန့်အသတ်မဲ့ဓားအလင်းစီးကြောင်းတွေက ပစ်လွှတ်လိုက်တယ်။ စီးကြောင်းအသီးသီးက နေရောင် ဖြာကျသလိုမျိုး အလွန်အမင်း မြန်တယ်။ ဒါပေမယ့် နှလုံးသားကို အေးစိမ့်စိမ့်ဖြစ်စေတယ်။
ကလန်း ကလန်း ကလန်း...........
လီဖူချန်းက သူ့ရဲ့ဓားနဲ့ ခုတ်ပိုင်းပြီး ဖောက်ထွင်းမြင်နိုင်တဲ့ဓားသွားတစ်ခုကို ပို့လွှတ်လိုက်တယ်။
လက်ရှိအချိန်မှာ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခန္ဓာကိုယ်က မှုန်ဝါးဝါးဖြစ်နေပြီး အလွန်အေးစက်တဲ့ဓားအလင်းတောက်ပမှု ရှိတယ်။ အလွန်အမင်းမြန်ဆန်တဲ့အရှိန်ကြောင့် အလင်းတောက်ပမှုက အချိန်တောင် နောက်ပြန်ဆုတ်သလို ခံစားရပြီး ဟင်းလင်းပြင်ဇုန်က ပျက်စီးနေသလို ခံစားရတယ်။
ဒီဓားကွက်က လီကျန့်ရှင်းကို အနိုင်ယူဖို့ ခံစားချက်မဲ့ဓားဧကရာဇ်အသုံးပြုခဲ့တဲ့ ဓားကွက်ပဲ ဖြစ်တယ်။
အခု သူက လီဖူချန်းအတွက် အသုံးပြုနေတယ်။
အခုဆိုရင် တစ်ယောက်မှ စဉ်းစားဖို့ အချိန်မရှိတော့ပါဘူး။
ဒါပေမယ့် စဉ်းစားနိုင်သေးတဲ့ လူအချို့ ရှိတယ်။
သူတော်စင်တွေလိုမျိုးပေါ့။
ကျားစွယ်ဓားသူတော်စင်ရဲ့မျက်လုံးတွေက လောင်ကျွမ်းနေတယ်။ လီဖူချန်း ဒီဓားကွက်ကို ဘယ်လို ကိုင်တွယ်မလဲကို သူ မြင်ချင်နေတယ်။
လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ဒီဓားကွက်ကို သတိပြုမိတယ်။ ဒါပေမယ့် ဒီဓားကွက်က မြန်လွန်းပြီး လီကျန့်ရှင်းရဲ့ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်ထက် ပိုမြန်တယ်။
လီဖူချန်းက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို အသုံးပြုလိုက်တယ်။
အေးခဲတဲ့ဟင်းလင်းပြင်က ပျက်စီးယိုယွင်းနေပြီး ဒါက လီဖူချန်းအသာမရတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။
ပြီးနောက် ချက်ချင်းပဲ ဓားနှစ်လက်က ထပ်မံရင်ဆိုင်ပြန်တယ်။
ကြောက်စရာစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး လီဖူချန်းက အဝေးကို လျှောထိုးလိုက်တယ်။
"ဒီလိုဉာဏ်များတဲ့ကောင်လေး" ပန်းတစ်ရာဓားသူတော်စင်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သူ့ရဲ့ဓားက ခံစားချက်မဲ့ဓားဧကရာဇ်ကို မရပ်တန့်နိုင်ဘူးကို လီဖူချန်းက သိတယ်။ ဒါကြောင့် စွမ်းအားကို စမ်းသပ်ဖို့ သူ့ရဲ့ဓားကို ဝှေ့ယမ်းတဲ့အခါ သူက အလိုက်သင့်လေးမျောပါလိုက်တယ်။
သို့မဟုတ်ရင် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားနဲ့ ရင်ဆိုင်ရတဲ့အခါ ဓားက ကြေမွသွားပြီး လီဖူချန်းက ရှုံးနိမ့်သွားရလိမ့်မယ်။
ဒီရှုထောင့်အရ လီကျန့်ရှင်းက လီဖူချန်းထက် အတော်လေး နိမ့်ကျတယ်။
သူ အလိုရှိသလို တိုးနိုင်ဆုတ်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ လီဖူချန်းက အမြဲတမ်း တိုက်ခိုက်လေ့ရှိတယ်။ ပြိုင်ဘက်က သူ့ထက် အားကောင်းနေရင်တောင် အချိန်တိုအတွင်း ရှုံးနိမ့်မှုကို သူက ရပ်တန့်နိုင်တယ်။
"ယခု လက်ဦးရယူမှုကို ဆုံးရှုံးသွားသွားတာကြောင့် လွတ်မြောက်ဖို့က မဖြစ်နိုင်တော့ဘူး"
ဆန်းကြယ်နက်နဲဓားသူတော်စင်က ခံစားချက်မဲ့ဓားတာအိုရဲ့ကြောက်မက်ဖွယ်နဲ့ပတ်သက်ပြီး ကောင်းကောင်းသိတယ်။
မျှော်လင့်ထားသလိုပါပဲ၊ ခံစားချက်မဲ့ဓားဧကရာဇ်က အသာစီးရထားပြီး သူက နီးကပ်စွာ လိုက်ကာ လီဖူချန်းကို လိုက်ဖမ်းနေတယ်။ လီဖူချန်းက ခံစားချက်မဲ့ဓားဧကရာဇ်ကို ရင်ဆိုင်ဖို့ အရင်ဓားကွက်ကိုပဲ အသုံးပြုနေသေးရင်တော့ သူက ရှုံးနိမ့်သွားရလိမ့်မယ်။
"ဓားပင်လယ်စက်ဝိုင်း"
တူညီတဲ့ဓားကွက်ကိုပဲ အသုံးပြုရလောက်တဲ့အထိ လီဖူချန်းက မတုံးပါဘူး။ သူ့ရဲ့အသန်မာဆုံးဓားပညာက မူလအဆုံးစွန်းဓားပညာပါပဲ။
ပြန်ဆုတ်နေရင်း ကြီးမားကျယ်ပြန့်တဲ့ဓားစွမ်းပကားတစ်ခုက ပေါက်ကွဲထွက်လာတယ်။ သူက အဆုံးမရှိတဲ့ပင်လယ်ထဲမှာ၊ ကြယ်ကောင်းကင်ကြီးထဲမှာ ရှိနေသလို ခံစားချက်မဲ့ဓားဧကရာဇ်က ခံစားရတယ်။ လူသားတစ်ယောက်မှာ အကန့်အသတ်ရှိတဲ့စွမ်းအားရှိပြီး ကြောက်ရွံ့မှုကင်းမဲ့တဲ့လူတစ်ယောက်ကတောင် မရေမရာမှုကို မလွဲဧကန် ခံစားရပါလိမ့်မယ်။
"အန္တရာယ်ပဲ"
ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သတိပေးလိုက်တယ်၊ သူက ဓားကို သွေးရူးသွေးတန်း ဝှေ့ယမ်းလိုက်တယ်။
သို့သော်လည်း ခံစားချက်မဲ့ဓားဧကရာဇ်က သွေးဒဏ်ရာတစ်ခုကို ရှောင်လွှဲလို့ မရတော့ပါဘူး။
ဓားပင်လယ်စက်ဝိုင်းမှာ ကမ်းခြေဆိုတာ မရှိဘူး၊ နစ်မြုပ်ခြင်းသာ ရှိတယ်။
ဒီဓားကွက်က လူအုပ်ကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေတယ်။
***