← Chapters

ပြောင်းလဲခြင်းမရှိ

Vol. 58 Ch. 784

ပြောင်းလဲခြင်းမရှိ

Vol. 58 Ch. 784

လိီဖူချန်းမှာ အားကောင်းတဲ့ဓားကွက်တွေ ရှိလောက်မယ်လို့ လူတိုင်းက လက်ခံထားပေမယ့် လီဖူချန်းက မူလအဆုံးစွန်းဓားပညာရဲ့ပထမကွက်ဓားပင်လယ်စက်ဝိုင်းကို ဖော်ထုတ်လိုက်တဲ့အချိန်မှာ  သူတို့က ထိတ်လန့်တုန်လှုပ်သွားရတယ်။

ခံစားချက်မဲ့ဓားဧကရာဇ်လိုလူကတောင် ဒီဓားကွက်ကြောင့် ဒဏ်ရာရသွားတယ်။  အခြားတစ်ယောက်သာဆိုရင် သူတို့က ဒဏ်ရာပြင်းထန်နိုင်တယ် ဒါမှမဟုတ် ချက်ချင်း သေသွားလောက်တယ်။

လီဖူချန်းက ဒီဓားကွက်ကို ထုတ်ဖော်ပြီးနောက် သူက နောက်ဓားကွက်ကို ဆက်မထုတ်ပါဘူး။ သူက နေရာမှာတင် တည်ငြိမ်စွာ ရပ်နေတယ်။

ဓားပင်လယ်စက်ဝိုင်းက ဓားတာအိုအဆုံးစွန်းနဲ့ အလွန်နီးကပ်နေတယ်၊ အဲဒါကို ဓားနှလုံးသားနဲ့ ဖြည့်စွက်လိုက်တော့ အဆုံးစွန်းနဲ့အကန့်အသတ်မရှိနီးကပ်နေတဲ့ဓားကွက်တွေထက် မြင့်သွားရတာပေါ့။

ဒါ့ပြင် သူ့ရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားပညာက အဆုံးစွန်းနဲ့နည်းနည်းသာ နီးကပ်တယ်။ ပြီး‌တော့ သူ့ရဲ့ဟင်းလင်းပြင်တာအိုနဲ့ဓားတာအိုက ကွဲပြားခြားနားတယ်။ အလားအလာနဲ့နက်နဲသိမ့်မွေ့မှုအားဖြင့် အဲဒါက မူလအဆုံးစွန်းဓားပညာအောက် အတော်လေးနိမ့်ကျတယ်။

ဒါပေမယ့် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားတာအိုက အဆင့်အလွန်မြင့်တယ်။ အဲဒါက ဓားတာအိုအုံးစွန်းနဲ့ အကန့်အသတ်မရှိနီးကပ်နေတယ်၊ ဒါပေမယ့် သူက ဓားနှလုံးသားကို မသိပ်သည်းရသေးတာကြောင့် အဲဒါက သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်သွားစေတယ်။

အတိုချုပ်ပြောရရင် လီဖူချန်းမှာ ဓားနှလုံးသားရဲ့အားသာချက်မရှိဘူးဆိုရင် သူ့ရဲ့ဓားတာအိုအဆင့်က ခံစားချက်မဲ့ဓားဧကရာဇ်ထက် အနည်းငယ်နိမ့်ကျတယ်။

"ဒီဓားကွက်မှာ ကြီးကျယ်လေးနက်လွန်းတဲ့ စိတ်ဆန္ဒတစ်ခုရှိတယ်"

ဆန်းကျယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတွေက အလင်းတောက်ပသွားလေတယ်။ လီဖူချန်းရဲ့ဓားပညာက အဆုံးစွန်းမှာ မရှိသေးဘူး၊ ပြီးတော့ သူ့ရဲ့ဆန်းကျယ်နက်နဲဓားပညာထက် ပိုအားနည်းတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ဓားကွက်အထဲမှာပါဝင်တဲ့ဓားတာအိုက ခံစားချက်မဲ့ဓားတာအိုထက် မြင့်တယ်လို့ သူက ခံစားမိတယ်။

ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့ကလည်း ခေါင်းညိတ်လိုက်တယ်။ လီဖူချန်းရဲ့ဓားကွက်မှ ကြီးမားပြီးအကန့်အသတ်မဲ့တဲ့ချီစွမ်းပကားကို သူတို့က ခံစားရတယ်။

"ငါ အခု နားလည်သွားပြီး" ခံစားချက်မဲ့ဓားဧကရာဇ်က ခေါင်းငုံ့ထားပြီး သူ့ရဲ့အနာကို ကြည့်ရင်း သာမန်အတိုင်း ပြောလိုက်တယ်။

လီဖူချန်းမှာ ပိုအားကောင်းတဲ့ဟင်းလင်းပြင်တာအိုဓားကွက်ရှိမယ်လို့ သူ မူလက ထင်ထားခဲ့ပေမယ့် အခုကြည့်ရသလောက် လီဖူချန်းရဲ့အသန်မာဆုံးဓားပညာက ဟင်းလင်းပြင်တာအိုဓားပညာမဟုတ်လောက်ဘူး။ အဲဒါက ပိုတောင်အားကောင်းတဲ့ဓားပညာအမျိုးအစားတစ်ခုပဲ။ ဆိုလိုတာက လီဖူချန်းက ပြိုင်ပွဲတစ်လျှောက် သူ့ရဲ့အကောင်းဆုံးဓားပညာကို အသုံးမပြုခဲ့ဘူးဆိုတာကိုပဲ။

"ငါ့ရဲ့အသန်မာဆုံးဓားပညာက မူလအဆုံးစွန်းဓားပညာပဲ။ စောစောဓားကွက်က ပထမဆုံးဓားကွက်ဖြစ်တဲ့ ဓားပင်လယ်စက်ဝိုင်းပဲ" လီဖူချန်းက မိတ်ဆက်ပေးလိုက်တယ်။

"မူလအဆုံးစွန်းဓားပညာ"

လီဖူချန်းရဲ့‌လေသံမှ စကြာဝဠာကို ဝါးမျိုချင်တဲ့ရည်ရွယ်ချက်တစ်ခုကို ခံစားချက်မဲ့ဓားဧကရာဇ်က ခံစားလိုက်ရတယ်။

မူလအဆုံးစွန်းက မူရင်းဇာစ်မြစ်ကို ဆိုလိုတယ်။ တစ်နေ့မှာ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားပညာက အဆုံးစွန်းကို ရောက်သွားရင် အဲဒါက အဆုံးမရှိစကြာဝဠာကြီးထဲရှိ အသန်မာဆုံးဓားပညာတစ်ခု သေချာပေါက် ဖြစ်လာပါလိမ့်မယ်။

"ဓားပင်လယ်စက်ဝိုင်း" လီကျန့်ရှင်းရဲ့အမူအရာက ပြောင်းသွားတယ်။

သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထဓားကွက်ကို လေ့ကျင့်နိုင်ရင် သူတော်စင်အောက်ဘယ်သူကိုမဆို ရိုက်နှက်နိုင်မယ်လို့ သူက ထင်ထားတာ။ အခုကြည့်ရသလောက် သူက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ လီဖူချန်းရဲ့ဓားပင်လယ်စက်ဝိုင်းက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထကွက်ကို ယှဉ်နိုင်ပါတယ်။

"ခံစားချက်မဲ့ဓားဧကရာဇ်၊ မင်းရဲ့သတ်ဖြတ်ကွက်ကို ပြပါ။ မဟုတ်ရင် မင်းက ငါ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး" လီဖူချန်းက ပြောလိုက်တယ်။

"ကောင်းပြီ၊ စိတ်ကူးယဉ်မျှော်လင့်ချက်"

ခံစားချက်မဲ့ဓားဧကရာဇ်က ကောင်းးကင်ကို ထိုးတက်ပြီး ခုတ်ပိုင်းချလိုက်တယ်။ သူ့ရဲ့ခုတ်ပိုင်းမှုကြာင့် ဟင်းလင်းပြင်က အကန့်အသတ်မဲ့ပူဖောင်းတွေနဲ့ ထွက်ပေါ်လာတယ်။ ပူဖောင်းအသီးသီးမှာ ခံစားချက်မဲ့ဓားဧကရာဇ်ပါဝင်တယ်။ ဒီပူဖောင်းတွေက ထင်ယောင်ထင်မှားဖြစ်စေပြီး သနားကြင်နာမှုကင်းမဲ့တဲ့အရှိန်အဝါတစ်ခုကို ပေးစွမ်းတယ်။

ဒီမြင်ကွင်းကို မြင်ပြီး ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ ရင်းနှီးတဲ့သူတွေအားလုံးက အံ့အားသင့်သွားကြတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်က ဒီလိုတင့်တယ်တဲ့ဓားကွက်တစ်ခုကို ဖန်တီးထားမယ်လို့ သူတို့က ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။

ဒီဓားကွက်ကို မြင်ပြီး လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

အခြားသူတွေက ဓားကွက်ရဲ့တင့်တယ်မှုကိုပဲ မြင်တယ်၊ ဒါပေမယ့် သူက ဓားကွက်နောက်ရှိအမှန်တရားကို မြင်တယ်။

နက်နဲရှုပ်ထွေးခြင်းကို ရိုးရှင်းခြင်းသို့ ပြောင်းခြင်းနဲ့ ရိုးရှင်းခြင်းကို နက်နဲရှုပ်ထွေးခြင်းသို့ ပြောင်းခြင်းက နှိုင်းယှဉ်နိုင်တဲ့ လမ်းကြောင်းနှစ်ခု ဖြစ်တယ်။

ဓားသမားတစ်ယောက်ရဲ့ဓားပညာက ရှုပ်ထွေးပြီး တင့်တယ်ရင်၊ ဓားသမားက ရိုးရှင်းတဲ့ဓားကွက်ကို ဖန်တီးခဲ့ရင် ဓားတာအိုမှာ ကြီးမားတဲ့တိုးတက်မှုတစ်ခု ဖြစ်လာမယ်။

အလားတူ၊ ဓားသမားတစ်ယောက်ရဲ့ဓားပညာက ရိုးရှင်းရင်၊ ဓားသမားက ရှုပ်ထွေးပြီး တင့်တယ်တဲ့ဓားကွက်တစ်ခုကို ဖန်တီးခဲ့ရင် ဓားတာအိုမှာ ကြီးမားတဲ့တိုးတက်မှုတစ်ခု ဖြစ်လာမယ်။

စိတ်ကူးယဉ်မျှော်လင့်ချက်ကို ဖော်ထုတ်လိုက်ချိန်မှာ ဓားတာအိုဥပဒေဿက ရှင်ခြင်းနဲ့သေခြင်းကို ကိုယ်စားပြုနေတာကို လီဖူချန်းက ခံစားမိတယ်။ ဒါက နှလုံးသားဓားအာဏာရှင်ဖန်တီးခဲ့တဲ့နှလုံးသားကြေကွဲခြင်းနဲ့ ဓားတာအိုဥပဒေဿနဲ့ အလားသဏ္ဍာန်တူတယ်။ ဒါပေမယ့် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားပညာက ပိုနက်နဲသိမ်မွေ့တယ်။

လီဖူချန်းက မူလဘူတဓားကို အသုံးမပြုပါဘူး။ မူလဘူတဓားက ဓားတာအိုအဆုံးစွန်းနဲ့အကန့်အသတ်မရှိနီးကပ်နေတဲ့ ဓားကွက်တစ်ခု ဖြစ်တယ်။ ဓားနှလုံးသားနဲ့အတူ အဲဒါက အစစ်အမှန်အဆုံးစွန်းအခြေအနေဓားပညာတစ်ခုအောက် မနိမ့်ကျပါဘူး။ ဒါကြောင့် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့သတ်ဖြတ်ကွက်ကို ရင်ဆိုင်တဲ့အခါ လီဖူချန်းက ဓားပင်လယ်စက်ဝိုင်းကို အသုံးပြုနေတုန်းပါပဲ။

ဒီတစ်ခါမှာတော့ ဓားပင်လယ်စက်ဝိုင်းက ပိုကြီးပြီး ချုပ်တည်းထားတဲ့လက္ခဏာမရှိပါဘူး။

ဘန်း ဘုံး...........

ပူဖောင်းတွေက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရတယ်။ လီဖူချန်းရဲ့ဓားပင်လယ်စက်ဝိုင်းက အကန့်အသတ်မရှိတဲ့ကြယ်ကောင်းကင်နဲ့ အဆုံးမရှိတဲ့ပင်လယ်နဲ့ တူတယ်၊ နယ်နိမိတ်တွေအနားသတ်တွေ တစ်ခုမှ မရှိပါဘူး။ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့စိတ်ကူးယဉ်မျှော်လင့်ချက်ကဘယ်လောက်ပဲကြောက်စရာကောင်းနေပါစေ ပြဿနာမရှိဘူး၊ ၎င်းက လီဖူချန်းနားကို မချဉ်းကပ်နိုင်ဘဲ ဓားပင်လယ်ထဲမှာသာ နစ်မြုပ်နေတယ်။

ဖစ်..........

ခံစားချက်မဲ့ဓားဧကရာဇ်က နောက်ကို လွင့်ထွက်သွားပြီး သွေးအန်လိုက်တယ်၊ သူ့ခန္ဓာကိုယ်မှလည်း သွေးတွေ ပန်းထွက်လာနေတယ်။

ထိုအခိုက်မှာ သူက အတော်လေး အံ့အားသင့်သွားတယ်။

လီဖူချန်းက ချုပ်တည်းထား‌တာကြောင့်သာ သူ့ရဲ့သတ်ဖြတ်ကွက်ကို သူအသုံးပြုနိုင်ခဲ့တာ သိသာပါတယ်။ စိတ်မကောင်းစရာတစ်ခုက သူ့ရဲ့စိတ်ကူးယဉ်မျှော်လင့်ချက်က ဓားပင်လယ်စက်ဝိုင်းကို မယှဉ်နိုင်ခဲ့တာပဲ။

"မင်း ဒီဓားကွက်ကို အကြာကြီး မလေ့လာရသေးဘူးကို ငါ မြင်နိုင်တယ်။ ဟာကွက်အချို့ ရှိနေတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

ဒီဓားကွက်က အပြင်ပန်းကသာ သန်မာပြီး အတွင်းဘက်မှာ ကြွပ်ဆပ်နေတယ်။ ဒါပေမယ့် အဲဒါက လီဖူချန်းအတွက်ပါပဲ၊ ဒီဓားကွက်ကို အခြားသူတွေအတွက် အသုံးပြုမယ်ဆိုရင် ကြောက်စရာကောင်းတယ်လို့ ဖော်ပြခွင့်ရနေတုန်းပါပဲ။

"သေခြင်းနဲ့ရှင်ခြင်းကို ဘယ်လိုလုပ်ပြီး  အလွယ်တကူ နားလည်နိုင်မှာလဲ။ ငါအသုံးပြုမယ့်နောက်ဓားကွက်ကို ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့အတွက် ရည်ရွယ်ထားတာ။  ဒါပေမယ့် ငါ့ရဲ့အမြင်အရ မင်းက သူတို့နဲ့နှိုင်းယှဉ်နိုင်တယ်။ မင်းနဲ့ရင်ဆိုင်ဖို့ ဒါကို အသုံးပြုရတာ ပြဿနာမရှိပါဘူး"

ခံစားချက်မဲ့ဓားဧကရာဇ်က သူ့ရဲ့တည်ငြိမ်တဲ့အမူအရာကို ပြန်ရသွားတယ်။

စိတ်ကူးယဉ်မျှော်လင့်ချက်ကို သူ့ရဲ့သတ်ဖြတ်ကွက်အစစ်အမှန်လို့ မယူဆနိုင်ပါဘူး၊ ဒါပေမယ့် အံဒါက ပိုပြီးပြည့်စုံလာရင် သူ့ရဲ့အစစ်အမှန်သတ်ဖြတ်ကွက် ဖြစ်လာနိုင်ပါတယ်။

"ဒီဓားကွက်ကို ပြောင်းလဲခြင်းမရှိလို့ ခေါ်တယ်"

ခံစားချက်မဲ့ဓားဧကရာဇ်က ပြောပြီးပြီးချင်း သူက အဆွေးချီတည်ရှိမှုတစ်ခုကို ဖော်ထုတ်လိုက်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က ပျောက်လုနီးပါးဖြစ်သွားတာကို လီဖူချန်းက ခံစားမိတယ်။ သူက ဟင်းလင်းပြင်နဲ့မရှိခြင်းတရားထဲသို့ ရွှေ့ပြောင်းသွားသလို ခံစားမိတယ်။

"ဓားပင်လယ်စက်ဝိုင်း" လီဖူချန်းက သူ့ရဲ့ဓားကို အလိုအလျောက် ဝှေ့ယမ်းလိုက်တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ခံစားချက်မဲ့ဓားဧကရာဇ်က ဓားပင်လယ်ထဲကို ထပ်မနစ်မြုပ်တော့ပါဘူး။ ဓားပင်လယ်က သူ့ကို မဟန့်တားနိုင်ပါဘူး။

ပြောင်းလဲခြင်းမရှိက ခံစားချက်တွေနဲ့ပတ်သက်ပြီး မေ့ခြင်း၊ ဒီကမ္ဘာနဲ့ပတ်သက်ပြီး မေ့ခြင်းပါ။ ဒါကြောင့် ဟန့်တားလို့မရတာက ပုံမှန်ပါပဲ။

လီဖူချန်းက သူ့ရဲ့ဓားကွက်နဲ့ တုံ့ပြန်လိုက်စဉ် ရှင်းလင်းပြတ်သားမှုမရှိတဲ့လှိုင်းတစ်ခုက ဖြစ်တည်လာတယ်။

သိုင်းစင်မြင့်ပေါ်မှာ လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို အဆက်မပြတ် ဖော်ထုတ်နေတာကိုသာ လူတိုင်းက မြင်နိုင်တယ်။ အကန့်အသတ်မဲ့ဓားစွမ်းပကားတစ်ခုကို အတားအဆီးတစ်လျှောက် ခံစားရနိုင်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က ပျောက်ကွယ်သွားပုံရတယ်၊ ဒါပေမယ့် အကန့်အသတ်မဲ့ဓားစွမ်းပကားက သူ့ရဲ့ပုံရိပ်အရိပ်အယောင်ကို ရံဖန်ရံခါ ထုတ်ဖော်ပြသနေတယ်။ ကျန်အချိန်တွေမှာ‌တော့ လူတိုင်းက သူ့ကို မမြင်နိုင်ပါဘူး။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးမှာ လီဖူချန်းက ပြောင်းလဲခြင်းမရှိဓားကွက်နဲ့ ရင်းနှီးလာပါတယ်။

ခံသားချက်မဲ့ဓားဧကရာဇ်အတွက်ကတော့ နောက်ဆုံးမှာ သူက ဓားပင်လယ်စက်ဝိုင်းမှာ ဟာကွက်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဒီဟာကွက်ကို အသုံးပြုခြင်းဖြင့်သာ သူက လီဖူချန်းကို ဒဏ်ရာရစေဖို့ အခွင့်အလမ်း ရှိပါလိမ့်မယ်။

ဘုံး.........

နောက်ဆုံးတော့ ဓားနှစ်လက်က အမှန်တကယ် ထိတ်တိုက်တွေ့လိုက်တော့တယ်။

ထိပ်တိုက်တွေ့တဲ့အခိုက်မှာ လေပြေးနဲ့တူတဲ့နူးညံ့တဲ့ဓားချီတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး‌ပျောက်ကွယ်နေပြီး ကမ္ဘာကိုမေ့သွားသလိုတောင် လီဖူချန်းက ခံစားရတယ်။

ဒါပေမယ့် လီဖူချန်းရဲ့အကန့်အသတ်မဲ့ဓားအားကလည်း ဓားမှတစ်ဆင့် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်။

ကျယ်လောင်တဲ့အသံတစ်ခု ထွက်သွားပြီး အတားအဆီးက ပျက်ဆီးသွားတယ်။ လီဖူချန်းနဲ့ခံစားချက်မဲ့ဓားဧကရာဇ်တို့နှစ်ယောက်လုံးက လွင့်ထွက်သွားရတယ်။

ခြားနားချက်ကတော့ မြေပေါ်သို့ မကျခင် လွင့်‌မျောနေစဉ်အတွင်း လီဖူချန်းက ချက်ချင်း ပြန်ကောင်းလာတယ်။ အခြားတစ်ဖက်မှာ‌တော့ လွင့်မျောနေစဉ်အတွင်း ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခန္ဓာကိုယ်မှ သွေးတွေ မြောက်များစွာ ပန်းထွက်လာနေတယ်။

***

All Chapters