ဓားဧကရာဇ်
Vol. 58 Ch. 785
ပြောင်းလဲခြင်းမရှိဓားကွက်က လီဖူချန်းရဲ့ဓားပင်လယ်စက်ဝိုင်းနဲ့ ယှဉ်နိုင်ပါတယ်။ အချက်အလက်အရ ဓားတာအိုအဆင့်အားဖြင့် ဓားပင်လယ်စက်ဝိုင်းရဲ့အထက်မှာ ရှိပါတယ်။
ကံမကောင်းတာက လီဖူချန်းက ပြောင်းလဲခြင်းမရှိဓားကွက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်၊ ခံစားချက်ဓားဧကရာဇ်ကတော့ ဓားပင်လယ်စက်ဝိုင်းရဲ့တိုက်ခိုက်မှုကို မခံနိုင်ပါဘူး။
ခံစားချက်မဲ့ဓားဧကရာဇ်က ခန္ဓာကိုယ်အပြင်အားကျင့်ကြံသူတစ်ယောက်မဟုတ်ပါဘူး၊ သူက ခန္ဓာကိုယ်အပြင်အားကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် သူက ခုခံနိုင်အုံးမှာ မဟုတ်ပါဘူး။
ဒီလိုတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သာမန်ခန္ဓာကိုယ်အပြင်အဧကရာဇ်ရဲ့ခံစစ်က မပြောပလောက်ပါဘူး။
"လီဖူချန်းမှာ ဒီလိုကြမ်းတမ်းခိုင်မာတဲ့ ခုခံမှုရှိတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့တိုက်ခိုက်မှုက သူ့ကို ဒဏ်ရာမရစေနိုင်ဘူး"
သူက အနည်းဆုံး ပြီးပြည်စုံခြင်းအဆင့်ခန္ဓာကိုယ်အပြင်အားဧကရာဇ်တစ်ယောက် ဖြစ်လောက်တယ်"
""ဟုတ်တယ်၊ တိုက်ခိုက်မှုနှစ်ခုစလုံးက အားနည်းတယ်ဆိုပေမယ့် စွမ်းအားရဲ့ဆယ့်ငါးရာခိုင်နှုန်းလောက် ကျန်ရှိရင်တောင် ခုခံဖို့ မလွယ်ဘူး။ ခံစားချက်မဲ့ဓားဧကရာဇ်က ဥပမာကောင်းဖြစ်တယ်"
"ခံစားချက်မဲ့ဓားဧကရာဇ်ရှုံးတာ ဖြစ်သင့်ပါတယ်။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ဆိုရင်တောင် လီဖူချန်းကို မရင်ဆိုင်နိုင်လောက်ဘူး"
လူတိုင်းက ထိတ်လန့်သွားကြတယ်။
လီဖူချန်းရဲ့ဓားတာအိုက ကြောက်စရာကောင်းလွန်းတယ်၊ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကလည်း မြင့်မားတဲ့အဆင့်ကို ရောက်နေတယ်။ သူ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ လီဖူချန်းနဲ့ခွန်အားချင်း ညီမျှတာကို အသာထား၊ ပြိုင်ဘက်က ပိုပြီးခွန်အားသာလွန်ရင်တောင် လီဖူချန်းကို အနိုင်ယူဖို့ ခက်ခဲလှပါတယ်။
"ငါ ဒီကလေးကို ဒီနေ့မဖယ်ရှားရင် အနာဂတ်မှာ အဲလိုပြုလုပ်နိုင်ဖို့ ခက်ခဲလာလိမ့်မယ်"
ကောင်းကလန်ကသူတွေ စုစည်းနေတဲ့ ထိပ်တန်းအဆင့်သီးသန့်ခန်းထဲမှာ မြစ်ဖြတ်သူတော်စင်က တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်တယ်။ လီဖူချန်းကို ရင်ဆိုင်တာက ဉာဏ်ရှိတဲ့ရွေးချယ်မှု ဟုတ်သလားမဟုတ်သလားကို သူ မသိဘူး။ လီဖူချန်းကို သတ်နိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ရင် အကျိုးဆက်က ဆိုးဝါးလာပေလိမ့်မယ်။
"ဓားတာအိုနဲ့ခန္ဓာကိုယ်အပြင်အားနှစ်မျိုးလုံးကို ကျင့်ကြံခြင်း" အလယ်ဆင့်သီးသန့်ခန်းတစ်ခုထဲမှာ နတ်ဆိုးအာဏာရှင်ရဲ့အမူအရာက လေးနက်သွားတယ်။
အဆုံးစွန်းတာအိုတောင်ပေါ်မှာ သူက လီဖူချန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် လီဖူချန်းက ဓားတာအိုခွန်အားကို အသုံးမပြုခဲ့ပါဘူး၊ အဲအစား သူက ခန္ဓာကိုယ်အပြင်အားခွန်အားကိုသာ အသုံးပြုခဲ့တယ်။
ဒါကြောင့် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက လူတိုင်းထင်နေတာထက် ပိုသန်မာတာကို နတ်ဆိုးအာဏာရှင်က ကောင်းကောင်းသိတယ်။ ထိုတိုက်ပွဲအတွင်း လီဖူချန်းက နတ်ဆိုးအာဏာရှင်ထက် နည်းနည်းသာ နိမ့်ကျခဲ့တယ်။
လီဖူချန်းရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားနဲ့ နှိုင်းယှဉ်နိုင်ရုံလောက်ပဲဆိုရင် နတ်ဆိုးအာဏာရှင်က အခုလိုအတွေးများနေစရာမလိုပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုခွန်အားက ခန္ဓာကိုယ်အပြင်အားခွန်အားထက် သိသိသာသာ ပိုမြင့်နေတယ်။ နတ်ဆိုးအာဏာရှင်က အဆုံးစွန်းတာအိုတောင်ပေါ်မှာ အဆင့်ချိုးဖျက်ခဲ့နိုင်ရင်တောင်မှ သူက လီဖူချန်းကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိပါဘူး။
"ဓားဧကရာဇ်ဆိုရင်တောင် ဖိအားဝင်လောက်တယ်" ဓားအာဏာရှင်က ပြုံးလိုက်တယ်၊ ပြင်းထန်တဲ့တိုက်ခိုက်ရေးစိတ်ဆန္ဒက နိုးကြွလာတယ်။
အတိတ်မှာ ဓားအာဏာရှင်တစ်ယောက်တည်းကသာ ဓားဧကရာဇ်နဲ့ အဆင့်တူတယ်။ လေးနက်စွာ ပြောရရင် သူက ဓားဧကရာဇ်နဲ့နှိုင်းယှဉ်ရင် နည်းနည်းလေးတော့ ကင်းမဲ့နေတုန်းပါပဲ။ ဒါ့ပြင် ဓားဧကရာဇ်က သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုခဲ့သလားကို သူ မသိဘူး။
အခုဆိုရင် ဓားအာဏာရှင်နဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ လူနှစ်ယောက် ရှိလာပါပြီး၊ ဒါက သူ့ကို အတော်လေး စိတ်လှုပ်ရှားစေတယ်။
အခုလောလောဆယ် သူတို့က ဓားဧကရာဇ်ကို မခြိမ်းခြောက်နိုင်သေးပေမယ့် အချိန်တစ်ခုကြာသွားရင် ဘာဖြစ်လိမ့်မလဲကို မသိနိုင်ပါဘူး။
သိုင်းစင်မြင့်ပေါ်မှာ ရပ်နေရင်း လီဖူချန်းရဲ့မျက်နှာပေါ်မှာ လေးစားမှုတွေ၊ နှစ်သက်အားရမှုတွေ ဖြစ်တည်နေတယ်။
ဓားတာအိုအဆင့်အားဖြင့် ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားကွက်က သူ့ရဲ့မူလဘူတဓားထက် ပိုသန်မာလုနီးပါးပါပဲ။ ခံစားချက်မဲ့ဓားဧကရာဇ်မှာ ဓားနှလုံးသားရှိမယ်ဆိုရင် သူက မူလဘူတဓားကို ဖော်ထုတ်ရင်တောင် လီဖူချန်းက ပြိုင်ဘက်မဖြစ်လာနိုင်ပါဘူး။
သနားစရာကောင်းတာက ခံစားချက်မဲ့ဓားဧကရာဇ်မှာ ဓားနှလုံးသားမရှိပါဘူး။
ဓားနှလုံးသားရှိခြင်းမရှိခြင်းရဲ့ခြားနားချက်က အလွန့်အလွန်သိသာပါတယ်။
ဓားနှလုံးသားမရှိရင် ဓားတာအိုဥပဒေဿကို ပြီးပြည့်စုံစွာ ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဓားနှလုံးသားနဲ့ဆိုရင် မည်သူမဆို ဓားတာအိုဥပဒေဿကို အပြည့်အဝထိန်းချုပ်နိုင်ပေလိမ့်မယ်။
ခံစားချက်မဲ့ဓားဧကရာဇ်ကို အနိုင်ယူဖို့ လီဖူချန်းက မူလဘူတဓားကို အသုံးမပြုတဲ့ အကြောင်းရင်းကတော့ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ရှိပါတယ်။
ဓားပြိုင်ပွဲမှာ ပရိသတ်တွေ အများကြီးရှိတယ်၊ ပြောင်မြောက်ထက်မြက်တဲ့ရန်သူတွေတောင် ရှိနိုင်တယ်။ သူက သူ့ရဲ့ ဝှက်ဖဲအားလုံးကို ထုတ်ဖော်ပြသခဲ့ရင် သူ့အတွက် ဆိုးကျိုးကိုသာ ဖြစ်စေလိမ့်မယ်။ သူ့မှာ နတ်ဘုရားလက်ရှိရင်တောင်မှပေါ့။
တကယ်လို့ လီဖူချန်းက ခံစားချက်မဲ့ဓားဧကရာဇ်ကို ဓားပင်လယ်စက်ဝိုင်းနဲ့ အနိုင်မယူနိုင်ဘူးဆိုရင် လီဖူချန်းက မူလဘူတဓားကို ထုတ်ဖော်ရမှာပေါ့။
သူက ဓားပြိုင်ပွဲရဲ့ပထမနေရာကို ရယူဖို့ ဆုံးဖြတ်ထားပြီးသားလေ။
"ဒီနှစ်ရဲ့ဓားပြိုင်ပွဲက တကယ်ကို အံ့အားသင့်စရာတွေနဲ့ အပြည့်ပဲ။ ကျားစွယ်ဓားသူတော်စင်၊ မင်း ရလာဒ်ကို သွားပြီး ကြော်ငြာလိုက်တော့လေ" ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြုံးလိုက်တယ်။
"ကောင်းပြီး"
ကျားစွယ်ဓားသူတော်စင်က အဆင့်မြင့်သီးသန့်ခန်းမှ ချက်ချင်း ထွက်သွားလိုက်တယ်။
ကောင်းကင်မှာ ကျားစွယ်ဓားသူတော်စင်က ရပ်နေကာ ကြော်ငြာလိုက်တယ်"ဒီနှစ်ရဲ့ဓားပြိုင်ပွဲက ပြီးဆုံးသွားပါပြီး။ ဓားကမ္ဘာကို ဝင်ခွင့်ရတဲ့သူတွေကတော့ လီဖူချန်း၊ နင်ချွယ်၊ လီကျန့်ရှင်း၊ ရှောင်ယွမ်၊ ထန်ရှင်း၊ မူရုံယိုယွီ၊ လျိုဟော်၊ စုန်ရှန်ဟဲ၊ ယုဝမ်ဟောင်ကျဲနဲ့ ကျူးလန်တို့ ဖြစ်တယ်"
ထိပ်ဆုံးဆယ်ယောက်အတွက် ဓားကမ္ဘာဝင်ခွင့်အပြင် အစည်းအရုံးအမှတ်တွေကို ရရှိလိမ့်မယ်။ နံပါတ်တစ်က အစည်းအရုံးမှတ်ငါးမီလီယံ၊ နံပါတ်နှစ်က အစည်းအရုံးမှတ်နှစ်မီလီယံ၊ နံပါတ်သုံးက အစည်းအရုံးမှတ်တစ်မီလီယံတို့်ကို ရရှိလိမ့်မယ်။ နံပါတ်လေးကနေတစ်ဆယ်ထိက အစည်းရုံးမှတ်ငါးသိန်းကို ရရှိလိမ့်မယ်။
နံပါတ်၁၁ကနေ၂၀အထိအတွက် သူတို့က ဓားကမ္ဘာကို မဝင်နိုင်ပေမယ့် အစည်းရုံးမှတ်ငါးသိန်းကို ရရှိပါလိမ့်မယ်။ သူတို့က ဓားတာအိုသူတော်စင်တွေရဲ့လမ်းညွှန်မှုကိုလည်း ရရှိပါလိမ့်မယ်။
"နောက်ဆုံးတော့ ပြီးသွားပြီးပေါ့။ ဒီနှစ်ရဲ့ဓားပြိုင်ပွဲက အလှည့်အပြောင်းတွေနဲ့ တကယ်ကို ပြည့်နေတာပဲ"
"ဟုတ်ပါ့ကွာ။ လီဖူချန်းက ဓားဧကရာဇ်ရဲ့အရိပ်ဖြစ်နိုင်ပြီး လီကျန့်ရှင်းက ဓားအာဏာရှင်ရဲ့အရိပ်ဖြစ်လောက်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ နှလုံးသားဓားအာဏာရှင်တို့အတွက်တော့ စိတ်မကောင်းစရာပဲ"
"ငါ့အမြင်အရ ခံစားချက်မဲ့ဓားဧကရာဇ်က ဓားအာဏာရှင်နဲ့ နှိုင်းယှဉ်နိုင်နေပြီး။ဓားဧကရာဇ်ကသာ ဓားတာအိုအသိုင်းအဝိုင်းရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်တယ်။ အခြားသူတွေက မဖြစ်နိုင်ဘူး"
"ဟုတ်တယ်၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ လီဖူချန်းကတော့ ဓားဧကရာဇ်ကို ယှဉ်ပြိုင်ဖို့ အရည်အချင်းအပြည့်မီဆုံးပဲဆိုတာ သေချာတယ်"
လူတိုင်းက ဓားကရာဇ်ကို လေးစားနေတုန်းပါပဲ၊ ပြီးတော့ သူ့နှစ်ရဲ့ဓားပြိုင်ပွဲအတွင်း ဓားဧကရာဇ်က ပထမနေရာကို အကြွင်းမဲ့ခွန်အားနဲ့ အရယူခဲ့တာလေ။ ဓားအာဏာရှင်ကတောင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်ခဲ့ပါဘူး။
ပြိုင်ပွဲက ပြီးသွားပြီဖြစ်တာကြောင့် လူတိုင်းက စတင်ထွက်ခွာလာတယ်။
လီဖူချန်းနဲ့ထိပ်ဆုံးဆယ်ယောက်က ဓားအစည်းအရုံးဌာနချုပ်ကို ဝင်ဖို့ ကျားစွယ်ဓားသူတော်စင်နောက်မှ လိုက်သွားတယ်။
ဓားအည်းအရုံးဌာနချုပ်ရဲ့အတွင်းမှာ ဥယျာဉ်တစ်ခု ရှိတယ်။ ကျားစွယ်ဓားသူတော်စင်က ဓားကမ္ဘာကို ချက်ချင်း မဖွင့်ပါဘူး။ သူက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ ရောက်လာဖို့ကို စောင့်နေတယ်။
"ရှန့်ကွမ်ကျိုးလီက ဓားသူတော်စင်ကို နှုတ်ဆက်ပါတယ်"
သိပ်မကြာခင်မှာ လူရွယ်တစ်ယောက်က ရောက်လာတယ်။
လူရွယ်က ရွှေသရဖူတစ်ခုကို တပ်ဆင်ထားပြီး အားကိုးအားထားပြုနိုင်တဲ့ပုံရိပ်မျိုး ရှိတယ်။ သူ့ရဲ့ချီတည်ရှိမှုက မထင်ရှားပါဘူး၊ ဒါပေမယ့် သူ လမ်းလျှောက်တဲ့အခါ အာဏာရှင်ဆန်တဲ့အရှိန်အဝါတစ်ခုကို ပေးစွမ်းတယ်။
ဒီလူရွယ်က ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၂၊မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၇ဖြစ်တဲ့ ဓားအာဏာရှင်ရှန့်ကွမ်ကျိုးလီက လွဲပြီး တစ်ခြားသူမဟုတ်ပါဘူး။
ကျားစွယ်ဓားသူတော်စင်က ပြုံးလိုက်တယ်"ရှန့်ကွမ်ကျိုးလီ၊ ဓားကမ္ဘာကို ဒီတစ်ခေါက်ဝင်တဲ့အခါမှာ မင်းက ဓားတာအိုကို အပြည့်အဝ နားမလည်ရင် မင်းက ဖြတ်ကျော်ခံရဖို့က သေချာသလောက်ရှိနေတယ်"
ရှန့်ကွမ်ကျိုးလီက ယဲ့ယဲ့လေး ပြုံးတယ်၊ သူက ယုံကြည်ချက်ရှိစွာနဲ့ ပြောလိုက်တယ်"ငါက ဓားပြိုင်ပွဲကို ကြည့်ရှုပြီးပြီး၊ အဲဒါက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါပေမယ့် ဓားတာအိုလမ်းကြောင်းက ဘယ်တော့မှ အဆုံးဆိုတာ မရှိပါဘူး။ ရွှေထီးဆောင်းတဲ့အခိုက်အတန့်တစ်ခုက ဘာမှ မဟုတ်ပါဘူး။ ငါက သူတို့ကို အနာဂတ်မှာ စောင့်မျှော်နေလျက်ပါပဲ"
အကြွင်းမဲ့ခွန်အားမရှိဘဲ သူက ဓားအာဏာရှင်တစ်ယောက် မဖြစ်လာနိုင်ပါဘူး။ လီဖူချန်းနဲ့အခြားသူတွေက တကယ်ကို သန်မာပါတယ်၊ ဒါပေမယ့် ဓားတာအိုအသိုင်းအဝိုင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့က မလွယ်ကူပါဘူး။
ကျားစွယ်ဓားသူတော်စင်က ခေါင်းညိတ်ပြီး ဥယျာဉ်ရဲ့ဝင်ပေါက်ကို ကြည့်လိုက်တယ်။ အနက်ရောင်ဝတ်စုံနဲ့ပိန်ပိန်ပါးပါးလူရွယ်တစ်ယောက်က လျှောက်လာနေတယ်။
အနက်ရောင်ဝတ်စုံနဲ့လူရွယ်မှာ အေးစက်ပြီးဘာကိုမှစိတ်မဝင်စားတဲ့မျက်လုံးတွေ ရှိတယ်။ အဲဒါက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ အေးစက်ပြီးခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့ ခြားနားတယ်။ လီကျန့်ရှင်းရဲ့အေးစက်ပြီးဂုဏ်ယူဝင့်ကြွားတဲ့မျက်လုံးတွေနဲ့ ခြားနားတယ်။
"ဒီလူက ဓားဧကရာဇ် မိုဟန်ပဲ ဖြစ်မယ်"
လီဖူချန်းရဲ့မျက်လုံးတွေက အနက်ရောင်ဝတ်စုံနဲ့လူငယ်ပေါ်ကို ကျရောက်သွားတယ်။
"အမ်"
ဓားဧကရာဇ်ရဲ့စွမ်းအားကို ခံစားနိုင်ဖို့ အကြည့်တစ်ချက်ကတင် လီဖူချန်းအတွက် လုံလောက်တယ်။ ဓားဧကရာဇ်လျှောက်လာတဲ့အချိန်မှာ ဟင်းလင်းပြင်ဇုန်က တွန့်လိမ်သွားသလို ခံစားရတယ်။ ကောင်းကင်မြေကြီးဥပဒေဿကတောင် တဖြည်းဖြည်းချင်း ကြေမွနေတယ်။ ဓားဧကရာဇ်က သူ့ရဲ့ဓားဆန္ဒနဲ့ချီကို အသုံးပြုတာ လီဖူချန်းက သေချာတယ်။ ချီတည်ရှိမှုထုတ်လွှတ်ရုံမျှနဲ့ ဒီလိုကြောက်စရာကောင်းတဲ့ဖြစ်စဉ်တစ်ခုကို ဖန်တီးနေတာပဲ။
***