← Chapters

ဓားကမ္ဘာ

Vol. 58 Ch. 786

ဓားကမ္ဘာ

Vol. 58 Ch. 786

ဓားဧကရာဇ်မိုဟန်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၃ရှိပြီး ဓားဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁ ရှိတယ်။ သူတစ်ယောက်တည်းကသာ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁ဖြစ်တဲ့ကောင်းကင်ဧကရာဇ်နဲ့  တိုက်ခိုက်ပြီးနောက် ဒဏ်ရာမရရှိခဲ့သူဖြစ်တယ်။ ခွန်အားအားဖြင့် လွန်ခဲ့တဲ့နှစ်များစွာကတည်းက သူက အဆင့်နိမ့်ဆိုးသားရဲအရှင်သခင်တွေနဲ့ နှိုင်းယှဉ်နိုင်နေပြီးဖြစ်တယ်။ အခုဆိုရင် သူ့ရဲ့ခွန်အားအရ သာမန်အဆင့်နိမ်နတ်ဆိုးသားရဲအရှင်သခင်တွေကို သတ်နိုင်လောက်တယ်။

ရှိနေတဲ့လူတွေထဲမှ ဓားအာဏာရှင်အပြင် လူအနည်းငယ်ကသာ ဓားဧကရာဇ်ကို မြင်ဖူးတယ်။ ဒါက လူတိုင်းအနေနဲ့ ဓားဧကရာဇ်ကို လူကိုယ်တိုင် ပထမဆုံး တွေ့တဲ့အကြိမ်ဖြစ်တယ်။ အတိတ်မှာတုန်းက သူတို့က ဓားဧကရာဇ်ရဲ့နာမည်ကိုသာ ကြားဖူးပြီး သူ့ရဲ့ပုံတူကိုသာ မြင်ခဲ့ရတယ်။

"ဒီလူက ဓားဧကရာဇ်လား"

ထန်ရှင်း၊ မူရုံယိုယွီ၊နဲ့ အခြားသူတွေက ကြီးမားတဲ့ဖိအားကို ခံစားရတယ်။

ဓားအာဏာရှင်က ဓားတစ်လက်အတွင်းမှာ အာဏာရှင်ဆန်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းရင် ဓားဧကရာဇ်က ဓားတစ်လက်အတွင်းမှာ နတ်ဘုရားဆန်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။ ဒါပေမယ့် ဓားတစ်လက်အတွင်းမှာရှိတဲ့ ဒီနတ်ဘုရားက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကိုသာ ကိုယ်စားပြုတယ်၊ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ် မပါဝင်ပါဘူး။

"သူက ဓားနဲ့လူပေါင်းစပ်ခြင်းကို ဒီအတိုင်းအတာအထိ ကျင့်ကြံထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"

ဓားဧကရာဇ်က ဓားနဲ့လူပေါင်းစပ်ခြင်းလမ်းကြောင်းမှာ ရှိနေတာကို မြင်ဖို့က လီဖူချန်းအတွက် အလွယ်လေးပါပဲ။

ဓားနဲ့လူပေါင်းစပ်ခြင်းကို အတ္တဆန်တဲ့၊ အတ္တကို ပဓာနပြုတဲ့ ငါသာရှိဓားတာအိုလို့ ခေါ်ပါတယ်။

ငါသာရှိဓားတာအိုက အလွန်အစွန်းရောက်တဲ့ဓားတာအိုဖြစ်တယ်။ ဒီဓားတာအိုကို ကျင့်ကြံတဲ့သူတွေက သူတို့ကိုယ်သူတို့ ဓားအဖြစ် သတ်မှတ်ထားတယ်။ လူနဲ့ဓားကြားမှာ ဘာခြားနားချက်မှ မရှိပါဘူး။

"ဓားသူတော်စင်ကို နှုတ်ဆက်ပါတယ်"

ကျားစွယ်ဓားသူတော်စင်ရဲ့ရှေ့မှာ ဓားဧကရာဇ်မိုဟန်က စိတ်ကြီးမဝင်ရဲပါဘူး၊ လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်ပါတယ်။

ကျားစွယ်ဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"လူတိုင်းက ဒီနေရာကို ‌ရောက်လာပြီးဆိုတော့ ငါက ဓားကမ္ဘာကို ဖွင့်ရလိမ့်မယ် ဓားကမ္ဘာထဲမှာ မင်းတို့အားလုံးက တစ်ခုခုကို ရနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

ပြောနေရင်း ကျားစွယ်ဓားသူတော်စင်ရဲ့လက်က လှန်လိုက်ပြီး ဓားပုံသဏ္ဍာန်တိုကင်တစ်ခုက ထွက်ပေါ်လာတယ်။

ဆွစ်...........

ဓားပုံသဏ္ဍာန်တုံကင်က ဟင်းလင်းပြင်ထဲကို ရောစပ်သွားတယ်။ ပြီးနောက် ချက်ချင်းပဲ ဓားပုံသဏ္ဍာန်တံခါးအလင်းတစ်ခုက ထွက်ပေါ်လာတယ်။

"သွားကြတော့" ကျားစွယ်ဓားသူတော်စင်က အော်လိုက်တယ်။

လူတိုင်းက ဓားကမ္ဘာကို ပြေးဝင်သွားကြတယ်။

…

ဓားကမ္ဘာက ဓားသမားအစည်းအရုံးရဲ့မြင့်မြတ်မြေဖြစ်တယ်။

အဲဒါကို ဓားသမားအစည်းအရုံးရဲ့ပထမဆုံးခေါင်းဆောင်၊ အချုပ်အချယ်မဲ့အကြီးအကဲက ဖန်တီးခဲ့တယ်လို့ ဒဏ္ဍာရီက ပြောကြတယ်။

ရှေးအကျဆုံးဓားကမ္ဘာထဲမှာ အလွန်အမင်း‌ထင်ရှားပြတ်သားတဲ့ဓားတာအိုဥပဒေဿက လွဲပြီး ဘာမှ မရှိပါဘူး။

အဲဒါက ဓားကမ္ဘာအတွင်းမှာ ပါဝင်တဲ့ အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားတာအိုကြောင့် ဖြစ်နိုင်တယ်၊ နှစ်ပေါင်းမရေမတွက်များစွာ ကြာပြီးနောက် ဓားကမ္ဘာလည်း ဓားဆန္ဒများစွာကို စုပ်ယူထားခဲ့ပါတယ်။ ဓားဆန္ဒက တစ်ကြိမ် အမြစ်စတည်တာနဲ့ အဲဒါက ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ အလားတူဓားဆန္ဒတွေကို စတင်စုပ်ယူပါတယ်။ အချိန်တွေ ကျော်လွန်ပြီးနောက် ဓားကမ္ဘာက ဓားတာအိုမျိုးစုံကို ဖြစ်တည်လာစေပါတယ်၊ ထက်ရှတဲ့သတ္တုဓားတာအို၊ အစိမ်းရောင်သစ်သားဓားတာအို၊ နူးညံ့တဲ့ရေဓားတာအို၊ မီးလျှံဓားတာအို၊ အာဏာရှင်ဓားတာအို၊ နှလုံးသားဓားတာအို၊ ခံစားချက်မဲ့ဓားတာအို၊ ငါသာရှိဓားတာအို...............

ဓားတာအိုတစ်ခုက ဘယ်လောက်ပင် ရှားပါးနေပါစေ၊ အဲဒါက ဓားကမ္ဘာအတွင်းမှာ ရှိပါလိမ့်မယ်။

ဒါပေမယ့် ဓားတာအိုက ပိုရှားပါးလေလေ၊ ကြီးထွားဖွံ့ဖြိုးဖို့ ပိုခက်လေလေပါပဲ။ ပြီးတော့ ဓားတာအိုတစ်ခုကို ဓားကမ္ဘာထဲမှာ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဓားဆန္ဒကို စုပ်ယူဖို့ လိုပါတယ်။ ဒါပေမယ့် ရှားပါးတဲ့ဓားတာအိုတွေရဲ့ကျင့်ကြံသူတစ်ယောက်ကသာ ဓားကမ္ဘာကို လာခဲ့ရင် ဓားကမ္ဘာက  ဓားဆန္ဒကို ဘယ်လို စုပ်ယူနိုင်မှာလဲ။

ဓားတာအိုတွေကြားမှာ အသန်မာဆုံးနဲ့အရှားပါးဆုံးဓားတာအိုက အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားတာအို ဖြစ်တယ်။

အချုပ်အချယ်မဲ့ဓားတာအိုကို အန္တိမဓားတာအိုတစ်ခုလို့ သတ်မှတ်ထားတယ်။ အတိတ်မှာ အချုပ်အချယ်မဲ့အကြီးအကဲ ရှိစဉ်ကာလတုန်းက နက်ပြာပလိန်းရှိတစ်ယောက်ကမှ သူ့အတွက် ပြိုင်ဘက်မဖြစ်ခဲ့ဘူး။ စကြာဝဠာထဲမှာ‌တောင် အချုပ်အချယ်မဲ့အကြီးအကဲက သူ့ရဲ့ကိုယ်ပိုင်ဂုဏ်သတင်းရှိပြီး စကြာဝဠာရှိ အသန်မာဆုံးကျွမ်းကျင်သူတွေထဲက တစ်ယောက်ဖြစ်တယ်။

နောက်ပိုင်းမျိုးဆက်တွေ ဓားကမ္ဘာကို ဝင်လာတဲ့အခါတိုင်း သူတို့အားလုံးမှာ တူညီတဲ့ဦးတည်ချက် ရှိတယ်။ ပထမဆုံးအနေနဲ့ သူတို့က ဓားကမ္ဘာကို အသုံးပြုပြီး ဓားတာအိုဥပဒေဿကို နားလည်အောင် လုပ်မယ်။ ဒုတိယအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဓားတာအို သန်မာလာစေဖို့ သူတို့က အလားတူဓားတာအိုတွေကို ရှာဖွေမယ်။ တတိယကတော့ အချုပ်အချယ်မဲ့ဓားတာအိုရဲ့စွမ်းအားကို မြင်တွေ့နိုင်ဖို့ သူတို့က အချုပ်အချယ်မဲ့ဓားတာအိုကို ရှာဖွေလိမ့်မယ်။

မှောင်မိုက်တဲ့ဟင်းလင်းပြင်ဇုန်တစ်ခုထဲမှာ လီဖူချန်းနဲ့အခြားသူတွေက ရုတ်တရက် ဆင်းသက်လာတယ်။

"ဒါက ဓားကမ္ဘာလား။ ဒီလို ပေါ်လွင်ထင်ရှားပြတ်သားတဲ့ဓားတာအိုဥပဒေဿတစ်ခု............"

မူရုံယိုယွီအတွက် ဓားကမ္ဘာကို လာ‌ရောက်တဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမက အလွန် အံ့အားသင့်နေတယ်။

အပြင်ကမ္ဘာရဲ့ဓားတာအိုဥပဒေဿကို ဟင်းလင်းပြင်ထဲမှာ ဖုန်းကွယ်ထားပြီး ဖမ်းယူဖို့ အလွန်ခက်ခဲတယ်ဆိုရင် ဓားကမ္ဘာထဲမှာရှိတဲ့ဓားတာအိုဥပဒေဿက ဖွင့်ဟပြသထားပြီး အလွယ်တကူ ဖမ်းဆုတ်နိုင်ပါတယ်။

ဒီနေရာမှာရှိတဲ့ဓားတာအိုဥပဒေသကို နားလည်ဖို့က သည်လူတွေအတွက် လွယ်ကူရိုးရှင်းပါတယ်။

"ဓားတာအိုဥပဒေဿက ပေါ်လွင်ထင်ရှားပြတ်သားလွန်းရင်လည်း တစ်ခါတစ်ရံမှာ ကောင်းတဲ့အရာ မဟုတ်ပါဘူး"  နှလုံးသားဓားအာဏာရှင်က သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်တယ်။

"ဘာလို့လဲ" ယုဝမ်ဟောင်ကျဲက နားမလည်ပါဘူး။

တောင်မြစ်ဓားဧကရာဇ်စုံရှန်ဟဲက ရှင်းပြလိုက်တယ်"ဓားတယအိုဥပဒေဿက ပေါ်လွင်ထင်ရှားပြတ်သားလွန်းရင် စဦးခရီးစဉ်က အလွန်မြန်ပေမယ့် အချိန်တွေ ကျော်လွန်တာနဲ့အမျှ ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မယ်။ ဘာလို့ ငါ့ကို မမေးနဲ့၊ ငါလည်း မသိဘူး။ ဒီတစ်ကြိမ် ငါက ဒီနေရာကိုလာတာ ငါ့ရဲ့ကိုယ်ပိုင်ဓားတာအိုကို သန်မာစေဖို့ အလားတူဓားတာအိုတွေကို ရှာဖွေဖို့အတွက်ပဲ"

လီဖူချန်းက ပြောလိုက်တယ်"အဲဒါက အလွန်ရိုးရှင်းပါတယ်။ ရယူဖို့လွယ်ကူတဲ့အရာတွေက နက်နဲတဲ့နားလည်မှုကို မထောက်ပံ့ပေးနိုင်ဘူး၊ မင်းရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ တံဆိပ်မခတ်နိုင်ဘူး။ အခြားစကားတွေနဲ့‌‌ ပြောရရင် မင်းရဲ့ဓားတာအိုထဲကို ပြီးပြည့်စုံစွာနဲ့ မရောစပ်နိုင်ဘူး။ မင်းက လမ်းမှာ ရတနာတစ်ခုကို ကောက်ရသလိုမျိုးပေါ့၊ ဆိုလိုတာက မင်းက ကံကောင်းတယ်၊ မစွမ်းဆောင်နိုင်ဘူး။ အကြောင်းက မင်းက ရတနာတွေကို နေ့တိုင်း မကောက်ယူနိုင်လို့ပဲ။ အပြင်ကမ္ဘာမှာ ဓားတာအိုဥပဒေဿကို နားလည်ဖို့ အလွန်ခက်ခဲ‌ပေမယ့် ဖြစ်စဉ်က ဓားတာအိုကို ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်တယ်။ ဓားကမ္ဘာထဲမှာတော့ အဲဖြစ်စဉ်ကို ယူဆောင်သွားတယ်"

ရွှေအဆောင်က လီဖူချန်းကို အခက်အခဲတိုင်းကို အောင်မြင်ဖို့ ခွင့်ပြုတယ်ဆိုပေမယ့် သူက အဲဒါအပေါ်မှာ လုံးလုံးလျားလျား မမှီခိုပါဘူး။ အခုဆိုရင် ရွှေအဆောင်ကို ဆုံးရှုံးသွားရင်တောင် ဓားတာအိုရဲ့အထွတ်အထိပ်အခြေအနေကို ရောက်ရှိနိုင်ဖို့ သူက ယုံကြည်ချက်ရှိတယ်။ သူ့ရဲ့အလားအလာစွမ်းရည်က စကြာဝဠာမှာရှိတဲ့ကျွမ်းကျင်သူတွေထက် ပိုအားမနည်းပါဘူး။ ရွှေအဆောင်က သူ့အတွက် ကျယ်ပြန့်တဲ့လမ်းတစ်ခုကို ဖွင့်ပေးတယ်၊ ဒါပေမယ့် သူက မစွမ်းဆောင်နိုင်ရင် အရာတိုင်းက တဒင်္ဂသာ ဖြစ်ပေလိမ့်မယ်။

အဖြေကို ကြားပြီးနောက် ဓားအာဏာရှင်၊ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ နှလုံးသားဓားအာဏာရှင်တို့က လီဖူချန်းကို အံ့အားသင့်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ဓားပြိုင်ပွဲမှာ လီဖူချန်းက ပထမနေရာကို ရတာ အံ့ဩစရာမရှိပါဘူး။ ဒီလိုနားလည်နိုင်စွမ်းက လူအများစုရဲ့အထက်မှာ သေချာပေါက် ရှိတယ်။

"ဒါက ဓားကမ္ဘာကို ဝင်ရောက်တာက ငါတို့ထင်ထားသလောက် အကျိုးမရှိဘူးလို့ ဆိုလိုတာလား" ထန်ရှင်းက သံသယနဲ့ မေးလိုက်တယ်။

ဓားအာဏာရှင်က ရယ်ကာ ပြောလိုက်တယ် "ဒါကလည်း မမှန်ဘူး။ မင်းရဲ့ဓားတာအိုနဲ့စိတ်အခြေအနေက လုံလုံလောက်လောက် အားကောင်းနေသရွေ့ ဓားကမ္ဘာမှာ အချိန်အကြာကြီး မင်းက ဓားတာအိုဥပဒေဿကို နားလည်နိုင်တယ်။ မင်းရဲ့ခန္ဓာကိုယ်က မင်ပုလင်းတစ်ခုဖြစ်ပြီး ဓားကမ္ဘာရဲ့ဓားတာအိုဥပဒေဿက ကြည်လင်ပြတ်သားတဲ့ရေလို့ ယူဆထားပါ။ မင်ပုလင်းလုံလုံလောက်လောက်ရှိသရွေ့ မင်းက ကြည်လင်ပြတ်သားတဲ့ရေကို ပိုထည့်နိုင်မယ်၊ ပြီးတော့ မင်ရဲ့အရောင်ကိုလည်း ထိန်းသိမ်းနိုင်မယ်။ ဓားကမ္ဘာက နှစ်နှစ်ဆယ်ပြည့်တိုင်း တစ်ကြိမ်သာ ဖွင့်ပြီး တစ်လကြာသာ ဖွင့်တယ်။ မင်းက စွမ်းအား လုံလုံလောက်ရှိရင် ဒီနေရာမှာရှိတဲ့ ဓားတာအိုဥပဒေဿကို တစ်လလုံးတိတိ နားလည်နိုင်မယ်။ ဒါပေမယ့် မင်းက လုံလုံလောက်လောက် အားမကောင်းဘူးဆိုရင်တော့ သုံးရက် သို့မဟုတ် ငါးရက်ကြာပြီးနောက် မင်းက စိတ်ရှုပ်ထွေးတဲ့အခြေအနေကို ရောက်ရှိနိုင်တယ်။ မင်းက ဆက်ပြီးနားလည်ဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အဲဒါက ကောင်းတာထက် ဆိုးတာကိုသာ ပိုဖြစ်စေလိမ့်မယ်"

"ဒီလိုကိုး" မူရုံယိုယွီက နားလည်သွားတယ်။ သူမ မျှော်လင့်ထားသလိုပဲ၊ ဒီကမ္ဘာမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။

ဒီလိုဆိုပေမယ့် ဓားကမ္ဘာက သူတို့အတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။

ဆွစ်..........

မှောင်မိုက်ဓားကမ္ဘာထဲမှာ အလင်းတွေ တေက်ပနေတယ်။

တောက်ပအလင်းတွေအတွင်းမှာ ရင်သပ်ရှုမောဖွယ်ရာဓားဆန္ဒတွေ ရှိတယ်။

ဇစ်........

ရွှေရောင်အလင်းစီးကြောင်းတစ်ခုက သူတို့အုပ်စုကို ဖြတ်ကျော်သွားတယ်။ ခန္ဓာကိုယ်ကို ထုံစေတဲ့ အတွေ့အထိအာရုံတစ်ခု ရှိတယ်။

"ဒါက ထက်ရှတဲ့သတ္တုဓားတာအိုပဲ" ယုဝမ်ဟောင်ကျဲက ထိတ်လန့်သွားတယ်။

ထို‌ရွှေရောင်အလင်းစီးကြောင်းကို တားဆီးလိုက်ရင် သူက နှစ်ပိုင်းဖြစ်သွားလိမ့်မယ်ဆိုတဲ့ ခံစားချက်တစ်ခု သူ့မှာ ရှိတယ်။

ဓားကမ္ဘာကို ဝင်ရောက်လာပြီးနောက် လူတိုင်းက လျင်မြန်စွာ ခွဲထွက်လိုက်ကြတယ်။

"ဓားကမ္ဘာရဲ့ဥပဒေဿဘယ်လောက်များများက ငါ့ဓားတာအိုကို တိုးတက်စေနိုင်မလဲကို ငါ သိချင်တယ်"

လီဖူချန်းက ကြုံရာနေရာတစ်ခုမှာ ထိုင်ပြီး ဓားကမ္ဘာအတွင်းမှာရှိတဲ့ ဓားတာအိုဥပဒေဿကို စတင်နားလည်စေလိုက်တယ်။

ဓားကမ္ဘာမှာရှိတဲ့ ဓားတာအိုဥပဒေဿက ထင်ရှားပြတ်သားလွန်းပြီး သေးငယ်တဲ့ကာလအခိုက်အတန့်တစ်ခုကတောင် လီဖူချန်းအတွက် ဓားတာအိုဥပဒေဿနားလည်မှုကို တိုးမြင့်စေဖို့ လုံလောက်တယ်။ ဓားတာအိုဥပဒေဿနားလည်မှုတိုးမြင့်လာတာနဲ့ သူ့ရဲ့ဓားအနုပညာရဲ့စွမ်းအားကလည်း တိုးမြင့်လာတယ်။ သူ့ရဲ့ကြယ်ပျံဓားပညာဖြစ်ဖြစ်၊ ဟင်းလင်းပြင်ကောင်းကင်ဓားပညာ၊ မူလအဆုံးစွန်းဓားပညာပဲ ဖြစ်ဖြစ်ပေါ့။

တစ်ရက်၊ သုံးရက်၊ ငါးရက်...........

လီဖူချန်းက သဲကန္တာရရှိ ရေဆာနေတဲ့ဧရာမသားရဲတစ်ကောင်ပမာ ဓားကမ္ဘာရှိဓားတာအိုဥပဒေဿကို သဲသဲမဲမဲ စုပ်ယူနေတယ်။ အချိန်တစ်ခု ကြာပြီးနောက် လီဖူချန်းရှိ‌တဲ့နေရာမှာ ဓားတာအိုဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့တယ်။ အဲဒါက ဓားတာအိုအလင်းများစွာကို ဆွဲဆောင်လာစေတယ်။

***

All Chapters