← Chapters

ထိုက်ချိဓားတာအို

Vol. 58 Ch. 787

ထိုက်ချိဓားတာအို

Vol. 58 Ch. 787

အလင်းစီးကြောင်းအသီးသီးမှာ ဓားတာအိုအမျိုးအစားတစ်ခုစီ ပါဝင်တယ်။ ချီတည်ရှိမှုအရ ပထမတန်းစားဓားတာအိုတွေ ကင်းမဲ့တာ‌မျိုး မရှိပါဘူး။

ဒီအလင်းစီးကြောင်းတွေက သကြားလုံးကို တောင်းနေတဲ့ကလေးငယ်အုပ်စုတစ်စုနဲ့ တူတယ်။ သူတို့က လီဖူချန်းပတ်ပတ်လည်မှာ ဝန်းရံကာ လှည့်လည်နေတယ်။ မကြာခဏ လီဖူချန်းရဲ့အနီးနားကို ကပ်ချင်တဲ့ အလင်းစီးကြောင်းအနည်းငယ် ရှိလာတယ်။ ဒါပေမယ့် သူတို့က လီဖူချန်းရဲ့ဓားအလင်းလွှာနားကို ရောက်လာတာနဲ့ သူတို့က ကန်ထွက်သွားရတယ်။

လီဖူချန်းက မျက်လုံးကို ဖွင့်ကာ ပြုံးလိုက်တယ်။ လက်ကို ဝှေ့ယမ်းမှုနဲ့အတူ ဓားတာအိုအလင်းစီးကြောင်းတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်ပေါင်းစပ်လာတယ်။

ချက်ချင်းမှာပဲ လီဖူချန်းရဲ့စိတ်ထဲမှာ မရေမတွက်နိုင်လောက်တဲ့ဓားတာအိုအနှစ်သာရတွေ စီးဆင်းနေတယ်။ ဒီဓားတာအိုအနှစ်သာရတွေက လီဖူချန်းရဲ့ဓားတာအိုကို ကျရှုံးစေချင်တဲ့ သန်မာတဲ့စီးကြောင်းတစ်ခုနဲ့ တူတယ်။ သနားစရာကောင်းတာကတော့ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုအနှစ်သာရအားလုံးကို ဝါးမျိုတဲ့ အနက်ရောင်အပေါက်ကြီးတစ်ခုနဲ့ တူပြီး ဘာတစ်ခုမှ မချန်ထားပါဘူး။

အခုဆိုရင် တစ်ယောက်ယောက်ကသာ ဒီနေရာ‌မှာရှိနေရင် ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့အထိ သူတို့က အံ့ဩတုန်လှုပ်သွားရလိမ့်မယ်။

ဓားကမ္ဘာထဲမှာ ဓားတာအိုအလင်းတွေက မရေမတွက်နိုင်လောက်အောင် ရှိတယ်၊ ဒါပေမယ့် တစ်ခါတည်းနဲ့ ဒီလောက်များတဲ့ဓားတာအိုအလင်းတွေကို တစ်ယောက်ကမှ မစုပ်ယူနိုင်ပါဘူး။ ပုံမှန်အားဖြင့် လူတွေက တူညီတဲ့ဓားတာအိုအလင်းတွေကိုသာ စုပ်ယူကြတယ်။ အရာအားလုံးကို လက်ခံပြီး ဘာဓားတာအိုအမျိုးအစားလဲကို ဂရုမစိုက်တဲ့လီဖူချန်းလိုမျိုး ဘယ်သူမှ မရှိပါဘူး။

ရွှမ်း ရွှမ်း ရွှမ်း............

လီဖူချန်းက ဓားတာအိုအနှစ်သာရတွေကို စုပ်ယူတယ်၊ အနှစ်သာရတွေကို အပြည့်အဝစုပ်ယူပြီးတာနဲ့ ဓားတာအိုအလင်းတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပြေးထွက်ပြီး ဦးတည်ဘက်အားလုံးကို ပျံသန်းပျောက်ကွယ်သွားလေတယ်။

"ဓားပင်လယ်စက်ဝိုင်း"

မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုအနှစ်သာရများစွာကို စုပ်ယူခဲ့တယ်။ လီဖူချန်းရဲ့မျက်လုံးထဲမှာ  အဆုံးမရှိဓားပညာတွေက အတူတကွ ကပြအသုံးတော်ခံနေသလို အဆုံးမရှိဓားအလင်းတွေက ပြိုးပြိုးပြက်ပြက်လင်းလက်နေတယ်။ နောက်ဆုံးမှာတော့ အဆုံးမဲ့ဓားအလင်းတွေက ကြီးမားကျယ်ပြန့်ပြီးအကန့်အသတ်မရှိတဲ့ဓားပင်လယ်တစ်ခု ဖြစ်လာတယ်။

လီဖူချန်းက ကောင်းကင်ဆက်ဓားကို ဆွဲထုတ်လိုက်တယ်၊ ဓားက နှလုံးသားနဲ့အတူ လှုပ်ရှားရွေ့လျားနေတယ်၊ ခုတ်ပိုင်းလိုက်တယ်၊ ငွေရောင်ဓားပင်လယ်တစ်ခုက တစ်ရှိန်ထိုးတက်လာချေတယ်။ ( ကောင်းကင်အဆင့်မြင့်ဓားအစား ကောင်းကင်ဆက်ဓားလို့ ပြောင်းလဲသုံးစွဲပါမယ်)

ခံစားချက်မဲ့ဓားဧကရာဇ်က ဒီနေရာမှာ ရှိရင် လီဖူချန်းရဲ့ဓားပင်လယ်စက်ဝိုင်းက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိနီးကပ်နေတာကို သူက သေချာပေါက် မြင်တွေ့နိုင်လိမ့်မယ်။

"မူလဘူတဓား"

ဓားပင်လယ်စက်ဝိုင်းကို ဖော်ထုတ်ပြီးနောက် မူလဘူတဓားရဲ့အလှည့် ဖြစ်တယ်။ ကံမကောင်းတာက အဆုံးမဲ့ဓားတာအိုအနှစ်သာရတွေက မူလဘူတဓားကို အဆုံးစွန်းကို ရောက်ရှိဖို့ မလုံလောက်ပါဘူး။

ဒါပေမယ့် ဒါက အလွန်ချဲ့ကားပြောသလိုတောင် ထင်ရပါတယ်။ ဓားပညာတစ်ခုက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိနီးကပ်လာတဲ့အခါ ဖြစ်စဉ်တစ်ခုတိုင်းက အလွန်ခက်ခဲလာတယ်။ သူတို့ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ ရှိစဉ်တုန်းက သူတော်စင်တော်တော်များများမှာ အဆုံးစွန်းနဲ့နီးကပ်ရုံသာဖြစ်တဲ့သိုင်းပညာတွေ ရှိပါတယ်။ အဆုံးစွန်းနဲ့အကန့်အသတ်မရှိနီးကပ်ဖို့ဆိုတာက သူတို့အတွက် အလွန်ဝေးကွာလွန်းနေပါသေးတယ်။

အခွင့်အရေးတစ်ခု ရောက်လာမယ့်ပုံပေါ်တယ်"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူ့ရဲ့မူလဘူတဓားက ဒီလအတွင်း အဆုံးစွန်းကို ရောက်ရှိနိုင်မယ်လို့ လီဖူချန်းက ခံစားမိနေတယ်။

လီဖူချန်းရဲ့မူလဘူတဓားက အဆုံးစွန်းကို ရောက်ရှိလာတာနဲ့ သူက အဆင့်နိမ့်သူတော်စင်တွေနဲ့ ရင်ဆိုင်နိုင်ရုံသာမက သူတို့ကို အနိုင်ယူနိုင်လောက်ပါတယ်။ ပြီးတော့ သူတို့ရဲ့သိုင်းပညာတွေမှာ အဆုံးစွန်းအခြေအနေကို ရောက်ရှိဖို့က  သူတော်စင်တွေအတွက် ရှားပါးလွန်းပါတယ်။ သိုင်းပညာအဆုံးစွန်းကို ရောက်ရှိနိုင်တဲ့သူတော်စင်တွေကတော့ ဆန်းကြယ်နက်နဲဓားသူတော်စင်လို ကျော်ကြားတဲ့သူတွေပါပဲ။

"အလျင်လိုစရာမလိုပါဘူး။ နောက်ထပ်ဓားတာအိုဥပဒေသကို နားလည်ခြင်းကသာ မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်"

ဓားတာအိုဥပဒေသက အခြေခံအုတ်မြစ်ဖြစ်ပြီး အနာဂတ်အလားအလာစွမ်းရည်နဲ့ နီးကပ်စွာ ဆက်စပ်နေပါတယ်။ အခုဆိုရင် ဓားပညာကျွမ်းကျင်မှုကို ဦးစားပေးမှုက နည်းပါးလာပါတယ်။

လီဖူချန်းက ဓားတာအိုအလင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မရှာဖွေပါဘူး၊ ဒါပေမယ့် သူက ဓားတာအိုဥပဒေသကို နားလည်တဲ့အချိန်တိုင်း ဓားတာအိုဖြစ်စဉ်ကို ဖြစ်ပေါ်သွားစေပြီး ကြီးမားတဲ့ဓားတာအိုအလင်းပမာဏကို ဆွဲဆောင်လိုက်ပါတယ်။ အများစုက ဒုတိယနဲ့တတိယအတန်းစားဓားတာအိုတွေဖြစ်ပြီး အနည်းစုကသာ ပထမတန်းစားဓားတာအိုတွေ ဖြစ်တယ်။

နှစ်ပတ်နီးပါး ကျော်ဖြတ်ပြီးနောက် သူ့ရဲ့ဓားတာအိုအခြေအနေက အလွန်မတည်ငြိမ်တော့ဘူးလို့ လီဖူချန်းက နောက်ဆုံးမှာ ခံစားမိလာတယ်။

ဒါက သူ့ရဲ့ဓားတာအိုဒါမှမဟုတ်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက လုံလုံလောက်လောက် အားမကောင်းဘူးလို့ မဆိုလိုပါဘူး၊ ဒါပေမယ့် သူက ဓားဥပဒသကို လျင်မြန်လွန်းစွာ နားလည်သဘောပေါက်နေတာလေ။ သူ့အတွက် တစ်ရက်တာနားလည်မှုက အခြားသူတွေအတွက် တစ်လ ဒါမှမဟုတ် လအနည်းငယ်စာလောက် ရှိပါတယ်။

"လွန်ခဲ့တဲ့နှစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် ငါထိန်းချုပ်တဲ့ဓားတာအိုဥပဒေသက အနည်းဆုံး အဆအနည်းငယ် တိုးလာတယ်"

ဓားသမားတစ်ယောက် ဓားတာအိုဥပဒေသကို ဘယ်လောက်ထိန်းချုပ်နိုင်တာက သူ့ရဲ့အနာဂတ်တိုးတက်ဖွံ့ဖြိုးမှုရဲ့အကန့်အသတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။

ပညာရှင်တစ်ယောက်က လုံလောက်တဲ့ဗဟုသုတမရှိရင် သူ့မှာ စိတ်ကူးကောင်းရှိတယ်၊ ကောင်းမွန်တဲ့ကဗျာတစ်ပုဒ် ဒါမှမဟုတ်‌ ကောင်းမွန်တဲ့ဆောင်းပါးတစ်ပုဒ်ကို ရေးနိုင်‌ရင်တောင် သူက အချိန်အကြာကြီး မတည်ရှိနိုင်ဘူး၊ စစ်မှန်တဲ့ကျွမ်းကျင်သူတစ်ယောက်မဖြစ်လာနိုင်ပါဘူး။

အလားတူပါပဲ၊ ဓားသမားတစ်ယောက်က ဓားတာအိုဥပဒေသကို လုံလုံလောက်လောက် မထိန်းချုပ်နိုင်ရင် သူက မယုံနိုင်စရာကောင်းလှတဲ့ဓားကွက်တစ်ကွက်နှစ်ကွက်လောက်ကို ဖန်တီးနိုင်ပေမယ့် ဓားတာအိုလမ်းကြောင်းပေါ်မှာ သူက အဝေးကို ဆက်မလျှောက်နိုင်ဘူးဆိုတာ သေချာသလောက်ပါပဲ။

အခြေခံအုတ်မြစ်တိုးတက်လာမှုအပြင် လီဖူချန်းရဲ့ဓားတာအိုခွန်အားက အရည်အသွေးပြောင်းလဲမှုတစ်ခု ရှိလာပါတယ်။

အခုဆိုရင် ဓားပင်လယ်စက်ဝိုင်းက ပြောင်းလဲခြင်းမရှိဓားကွက်နဲ့ အဆင့်တူကို ရောက်ရှိနေပါပြီ။ မူလဘူတဓားအတွက်ကတော့ ပြောင်းလဲခြင်းမရှိကို ဖြတ်ကျော်သွားပါပြီ။

ထပ်ပြီးပြောရရင် လီဖူချန်းရဲ့မူလအစွန်းဓားနည်းလမ်းက အဆင့်၄၂ရဲ့အလယ်အဆင့်မှ အဆင့်၄၂ရဲ့နောက်ပိုင်းအဆင့်ကို ချိုးဖျက်သွားပါတယ်။ လီဖူချန်းရဲ့ဓားတာအိုနည်းလမ်းက အဆုံးစွန်းနဲ့ နီးကပ်လာနေတယ်လို့ ဆိုလိုတာပေါ့။

ကျင့်ကြံခြင်းနည်းလမ်းကို ချိုးဖျက်နိုင်တာက ခွန်အားကို တိုးစေရုံသာ မကပါဘူး၊ သိုင်းပညာရှင်ရဲ့အနာဂတ်ကျင့်ကြံခြင်းကျင့်ကြံခြင်းမြန်နှုန်းနဲ့ ကျင့်ကြံခြင်းအဆင့်ချိုးဖျက်မှုကို တိုးမြင့်လာစေပါတယ်။

ဒါကဆိုရင် ဘာကြောင့် အများစုမှာ ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိပေမယ့် တစ်သောင်းထဲကတစ်ယောက်ကသာ သူတော်စင်ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

"မူလဘူတဓားက အဆုံးစွန်းကို ချိုးဖြတ်နိုင်ဖို့အတွက်ဆိုရင် ဓားတာအိုအနှစ်သာရများစွာကို စုပ်ယူခြင်းက ထိပ်တန်းအဆင့်ဓားတာအိုအနှစ်သာရတွေကို စုပ်ယူခြင်းလောက် အရေးမပါဘူး"

ပထမနှစ်ပတ်အတွင်း လီဖူချန်းက ပထမအဆင့်ဓားတာအိုတွေကိုသာ ဆွဲဆောင်နိုင်တယ်၊ ထိပ်တန်းအဆင့်ဓားတာအိုတစ်ခုကိုမှ မမြင်ခဲ့ရပါဘူး။

လျှပ်တစ်ပြက်အလင်းတစ်ချက်နဲ့အတူ လီဖူချန်းက ကောင်းကင်ကို ပျံတက်သွားပြီး ထိပ်တန်းအဆင့်ဓားတာအို‌တွေကို စတင်ရှာဖွေလိုက်ပါတယ်။

ဓားကမ္ဘာရဲ့တစ်နေရာမှာ တောင်မြစ်ဓားဧကရာဇ်စုန်ရှန်ဟဲက အလွန်စိတ်လှုပ်ရှားနေတယ်။ ဒီနေရာမှာ သူက ထိတ်တန်းအဆင့်ဓားတာအိုအလင်းတစ်ခုကို တွေ့ခဲ့တယ်။ သူ့ခန်မှန်းမှုအရ ဒီဓားတာအိုအလင်းက ထိုက်ချိဓားတာအိုဖြစ်ရမယ်။

ထိုက်ချိဓားတာအိုကို ယင်ယန်ဓားတာအိုလို့လည်း ခေါ်ပြီး ယင်ယန်ဥပဒေသ ပါရှိတယ်။ တိုက်စစ်ရောခံစစ်ရောကိုပါ ကျွမ်းကျင်စွာအသုံးချနိုင်တဲ့ ထူးခြားတဲ့ဓားတာအိုတစ်ခုဖြစ်တယ်။ တစ်ချိန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ထိုက်ချိဓားသူတော်စင်တစ်ယောက်ရှိခဲ့ပြီး သူက နက်ပြာပလိန်းတစ်ခုလုံးအနှံ့ ကျော်ကြားတယ်။ သူ့ရဲ့ထိုက်ချိဓားပညာမှာ မာကျောမှုနဲ့နူးညံ့မှုကို ချိတ်ဆက်ထားပြီး ယင်နဲ့ယန်က တစ်ခုနဲ့တစ်ခု ဖြည့်စွက်ပေးတယ်။ ရန်သူက ကျင့်ကြံခြင်းနယ်ပယ်တစ်ခု ပိုသန်မာရင်တောင် ထိုက်ချိဓားသူတော်စင်ကို အနိုင်ယူနိုင်ဖို့ ခဲယဉ်းတယ်။ ထိုက်ချိဓားသူတော်စင်နဲ့ ခွန်အားချင်း နှိုင်းယှဉ်နိုင်တဲ့သူတွေအတွက်ကတော့ တိုက်ပွဲကြာလာတဲ့အမျှ သူတို့က ရှုံးမှာ သေချာပေါက်ပဲ။

စုန်ရှန်ဟဲက ထိုက်ချိဓားတာအိုကို သူ့ဆီ ဆွဲ‌ ဆောင်ရန် ကြိုးစားလိုက်တာကြောင့် တောင်မြစ်ဓားတာအိုက ပေါက်ကွဲထွက်သွားပါတယ်။

သူ့ရဲ့တောင်မြစ်ဓားတာအိုက ရေနဲ့မြေကြီးဓားတာအိုတစ်ခု ဖြစ်တယ်။ အဲဒါက ထိုက်ချိဓားတာအိုနဲ့ မဆက်စပ်ပါဘူး၊ ဒါပေမယ့် အချက်အလက်အရ ပို၍သာလွန်မြင့်မားတဲ့ဓားတာအိုတစ်ခုက ဘယ်ဓားတာအိုအတွက်မဆို အကျိုးရှိပါတယ်။ တောင်မြစ်ဓားတာအိုက ထိုက်ချိဓားတာအိုမှ အနှစ်သာရအရိပ်တစ်ခုကို စုပ်ယူနိုင်ရင် သူက ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ချိုးဖြတ်နိုင်ပါတယ်။

ဝုန်း....ဒိုင်း.....ဝုန်း......ဒိုင်း.........

ထိုက်ချိဓားတာအိုက အမှန်တကယ် နီးကပ်လာတယ်၊ ဒါပေမယ့် စုန်ရှန်ဟဲက လွင့်ထွက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း ထိုက်ချိဓားတာအိုက ဓားကမ္ဘာရဲ့အနက်ပိုင်းထဲကို ပျောက်ကွယ်သွားတယ်။

ဟာကွာ........…

စုန်ရှန်ဟဲက သက်ပြင်းချလိုက်တယ်၊ လိုက်တော့ မလိုက်သွားပါဘူး။

ဓားကမ္ဘာထဲမှာ ဓားတာအိုတစ်ခုကို ဖမ်းဆုတ်ဖို့ တစ်ခုတည်း‌သောနည်းလမ်းက မိမိရဲ့ကိုယ်ပိုင်ဓားတာအိုကို ဆွဲဆောင်မှုတစ်ခုအဖြစ် အသုံးပြရန်သာ ဖြစ်တယ်။ စုန်ရှန်ဟဲရဲ့ဓားတာအိုက ထိုက်ချိဓားတာအိုကို မဆွဲဆောင်နိုင်ဘူးဆိုတာ သိသာပါတယ်။

"အနည်းငယ်ကသာ ထိုက်ချိဓားတာအိုကို စုပ်ယူနိုင်မယ်လို့ ငါ ထင်တယ်"

စုန်ရှန်ဟဲက ခေါင်းခါယမ်းလိုက်တယ်၊ အခြားဓားတာအိုတွေကို ရှာဖွေဖို့ ဆက်သွားလိုက်တယ်။

…

"ထိုက်ချိဓားတာအိုလား"

အဝေးကနေ လီဖူချန်းက အလင်းစီးကြောင်းတစ်ခု ထိုးတက်လာတာကို ခံစားမိတယ်။

ဒီအလင်းစီးကြောင်းမှာ မာကျောပြီးနူးညံ့တဲ့ဓားဆန္ဒတစ်ခု ပါဝင်တယ်။ အဲဒါက တောက်လျှောက်ဖြစ်နေပြီး ဘယ်တော့အားနည်းမှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ရနေတယ်။

လီဖူချန်းက မူလအဆုံးစွန်းဓားတာအိုတည်ရှိမှုကို ဖော်ထုတ်ပြီး ထိုက်ချိဓားတာအိုကို ဆွဲယူလိုက်တယ်။

အသံတစ်ချက်မှ မထွက်ဘဲ ထိုက်ချိဓားတာအိုက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်။ ပြီးနောက် ချက်ချင်းပဲ လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ ကျစ်လျစ်ပြည့်စုံပြီးနက်နဲတဲ့ထိုက်ချိသင်္ကေတတစ်ခု ရှိလာတယ်။ ဓားနှစ်လက်ရုပ်ပုံနှစ်ခုရှိတယ်၊ တစ်ခုက တောက်ပပြီး တစ်ခုက နက်မှောင်တယ်။ သူတို့က တစ်ခုကိုတစ်ခု အပြန်အလှန် လိုက်ဖမ်းနေကြပြီး အဆက်မပြတ် ရွေ့လျားနေတယ်။

(အရှေ့အပိုင်းတွေမှာ ဥပဒေသအစား ဥပဒေဿလို့ မှားရေးထားပါတယ်၊ အခုအပိုင်းကစပြီး ဥပဒေသလို့ ရေးသွားမှာပါ)

***

All Chapters