အဆုံးစွန်း
Vol. 58 Ch. 788
ထိုက်ချိဓားတာအိုရဲ့အနှစ်သာရက လီဖူချန်းအပေါ် စိတ်ကူးမယဉ်နိုင်လောက်တဲ့သက်ရောက်ရောက်မှုတစ်ခု ရှိပါတယ်။
အရာတိုင်းမှာ ယင်နဲ့ယန်ရှိတယ်၊ ဓားတာအိုတွေလည်း တူတူပါပဲ။
ယင်ယန်ဥပဒေသက လေဟာနယ်ဥပဒေသနဲ့ တူပြီး အရာအားလုံးထဲမှာ တည်ရှိတယ်၊ နေရာတိုင်းမှာ ရှိတယ်။
ထိုက်ချိဓားတာအိုရဲ့အနှစ်သာရကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက ဝိညာဉ်ရှိလာသလို ခံစားရပြီး ထိုက်ချိဓားတာအိုနဲ့ ပေါင်းစပ်သွားတယ်။
မူလအဆုံးစွန်းဓားတာအိုက ရက်စက်ကြမ်းကြုတ်တယ်၊ တက်ကြွတယ်လို့ ဖော်ပြခဲ့ရင် မူလအဆုံးစွန်းဓားတာအိုက ပို၍အေးဆေးတည်ငြိမ်လာတယ်၊ မျှတလာတယ်၊ပြီးတာ့ ပို၍သဘာဝဆန်လာပါတယ်။
"ထိုက်ချိဓားတာအိုက ထိပ်တန်းအဆင့်ဓားတာအိုတစ်ခုဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်" လီဖူချန်းက တိတ်တဆိတ် ချီးကျူးလိုက်တယ်၊ တောက်ပနက်မှောင်တဲ့ဓားပုံရိပ်တွေက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်လည်နေတယ်။
အသန်မာဆုံးထိပ်တန်းဓားတာအိုတစ်ခုကို ရည်ညွှန်းချင်ရင် ပြောဖို့ခက်ပါတယ်။
ဒါပေမယ့် ဟန်ချက်အညီဆုံးဓားတာအိုဖြစ်ပြီး ထိပ်တန်းဓားတာအိုတွေကြားမှာ ကြောက်စရာအကောင်းဆုံးဓားတာအိုဆိုရင်တော့ လူတော်တော်များများက ထိုက်ချိဓားတာအိုကိုသာ ပြောကြပါလိမ့်မယ်။
လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက အန္တိမဓားတာအိုဖြစ်ပေမယ့် အခြေခံအုတ်မြစ်တွေက တိမ်လွန်းပါတယ်။ အဆုံးစွန်းကို ရောက်ရှိဖို့ အသာထား၊ အဆုံးစွန်းကို ရောက်ရှိရင်တောင် သွားရမယ့်ခရီးလမ်းရှည်တစ်ခု ရှိတုန်းပါပဲ။ ဒါကြောင့် ထိုက်ချိဓားတာအိုရဲ့အနှစ်သာရကို စုပ်ယူခြင်းက မူလအဆုံးစွန်းဓားတာအိုအတွက် အလွန်အကျိုးရှိပါတယ်။
အချိန်တစ်ခုကြာပြီးနောက် တောက်ပပြီးနက်မှောင်တဲ့ဓားပုံရိပ်တွေက ပျံ့နှံ့သွားပြီး ထိုက်ချိဓားတာအိုက အလင်းစီးကြောင်းတစ်ခုအဖြစ် အဝေးကို ပြောင်းလဲပျောက်ကွယ်သွားပါတယ်။
"ဓားပင်လယ်စက်ဝိုင်း"
စိတ်ဝိညာဉ်ကို အာဟာရပေးမှုနဲ့အတူ လီဖူချန်းက သူ့ရဲ့ဓားကွက်ကို ထုတ်ဖော်လိုက်တယ်။ ငွေရောင်ဓားပင်လယ်က ဓားကမ္ဘာရဲ့ဟင်းလင်းပြင်ကို ပြည့်သွားတယ်။ ဓားပင်လယ်က အလင်းနဲ့အမှောင်ပြောင်းလဲခြင်းတွေ ပေါင်းထည့်ထားတာကို မည်သူမဆို မြင်နိုင်ပါတယ်။ အဲဒါက မူလကြီးမားကျယ်ပြန့်တဲ့ဓားပင်လယ်ကို မဟာစွမ်းပကားတစ်ခု ရှိလာစေပြီး မတွေးတတ်အောင် ခက်ခဲနက်နဲလာပါတယ်။ အခြားသူတွေ အသာထား၊ သူကသာ အထဲမှာ ပိတ်မိသွားရင် ဓားပင်လယ်ထဲမှာ အချိန်အတော်ကြာ နစ်မြုပ်နေလိမ့်မယ်လို့ လီဖူချန်က ခံစားရတယ်။
"ဒီလိုစွမ်းအားမျိုး" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
လက်ရှိဓားပင်လယ်စက်ဝိုင်းက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ပြောင်းလဲခြင်းမရှိထက် စွမ်းအားအရဖြစ်စေ၊ ဆန်းကြယ်မှုအရဖြစ်စေ သိသိသာသာ ပိုသန်မာပါတယ်။ အဲဒါက အရင်မူလဘူတဓားထက်တောင် ပိုသန်မာလာပါတယ်။
"မူလဘူတဓားဆိုရင် ဘယ်လိုတောင် ဖြစ်နေမလဲ........."
မျှောင့်လင်မှုတစ်ခုနဲ့အတူ လီဖူချန်းက သူ့ရဲ့ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်တယ်။
လီဖူချန်းဓားကွက်ရဲ့စွမ်းပကားကို ဖော်ပြဖို့က ခက်ခဲပါတယ်။
သူက ဓားကွက်ကို ဖော်ထုတ်တဲ့အခါတိုင်း...........
ဓားသမားအယောက်တစ်သောင်းက တစ်ချိန်တည်းမှာ ခုတ်ပိုင်းနေသလို ခံစားရတယ်............
နေရောင်ခြည်ဘီလီယံချီဆင်းသက်လာနေသလို ခံစားရတယ်............
အဆုံးမဲ့မြစ်တွေက ပင်လယ်ထဲမှာ လာရောက်တွေ့ဆုံသလို ခံစားရတယ်..............
သောင်းပေါင်းများစွာသောဓားကွက်တွေက ဓားကွက်တစ်ကွက်တည်းမှ ပေါက်ဖွားလာသလို ခံစားရတယ်..........
သောင်းပေါင်းများစွာသောဓားကွက်တွေက တစ်ကွက်တည်းအဖြစ် ပေါင်းစပ်သွားသလို ခံစားရတယ်...........
ကျွိ ကျွိ ကျွိ...............
ဓားကမ္ဘာထဲမှာ အနက်ရောင်အက်ကြောင်းတစ်ခု ဖြစ်လာတယ်။
အက်ကြောင်းက အနက်ရောင်မြွေတစ်ကောင်ပမာ ဓားကမ္ဘာရဲ့အနက်ပိုင်းထဲကို လျင်မြန်စွာ ချဲ့ထွင်နေတယ်။
တစ်ယောက်ယောက်ကသာ ဒီမြင်ကွင်းကို မြင်ခဲ့ရင် သူတို့က ဖော်ပြလို့မရတဲ့ထိတ်လန့်တုန်လှုပ်မှုမျိုးကို ခံစားရလိမ့်မယ်။
ဓားကမ္ဘာထဲမှာ အဆင့်နိမ့်သူတော်စင်တစ်ယောက်ကတောင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ခွဲဖို့ လွယ်ကူမနေပါဘူး။ လီဖူချန်းလို ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဓားသမားအတွက်ကတော့ အဲဒါက သေချာပေါက် ပုံမှန်မဟုတ်ပါဘူး။
"အဆုံးစွန်း"
လီဖူချန်းက ခန့်မှန်းထားခဲ့ပေမယ့် မူလဘူတဓားက အဆုံးစွန်းကို တကယ်ရောက်ရှိသွားတဲ့အခါ သူက မဖော်ပြနိုင်လောက်အောင် မှင်တက်နေရတုန်းပါပဲ။
အဆင့်နိမ့်ဓားသူတော်စင်တွေကတောင် ဒီဓားကွက်နဲ့ခေါင်းချင်ဆိုင်ရတဲ့အခါ ရှောင်တိမ်းဖို့ လိုတယ်လို့ လီဖူချန်းက ခံစားချက်တစ်ခု ရှိပါတယ်။
"ဆယ်ရက်ကျန်သေးတယ်။ အဲ့ဆယ်ရက်အတွင်း မူလဘူတဓားကို ငါက တည်ငြိမ်စေရမယ်၊တိုးတက်စေရလိမ့်မယ်"
မူလဘူတဓားက အဆုံးစွန်းကို ရောက်ရှိဖို့ မွေးရာပါအလားအလာစွမ်းရည်ရှိတာကို လီဖူချန်းကို အခု မြင်နိုင်နေပါပြီ။ ဓားပင်လယ်စက်ဝိုင်းအတွက်ကတော့ အဲဒါက အနည်းငယ် ကင်းမဲ့နေတုန်းပါပဲ၊ သို့မဟုတ်ရင် ထိုက်ချိဓားတာအိုကို စုပ်ယူပြီးနောက် အဲဒါက အဆုံးစွန်းကို ရောက်ရှိသင့်ပြီးဖြစ်ပါတယ်။
တစ်ရက်ကြာပြီးနောက် လီဖူချန်းက မူလဘူတဓားကို တည်ငြိမ်စေခဲ့ပါတယ်။
ဒီအကြောင်းတစ်ခုတည်း မဟုတ်ပါဘူး၊ ထိုက်ချိဓားတာအိုအနှစ်သာရကို စုပ်ယူပြီးနောက် မူလအဆုံးစွန်းဓားပညာသာ တိုးတက်ခဲ့တာ မဟုတ်ပါဘူး၊ ဟင်းလင်းပြင်းကောင်းကင်ဓားပညာနဲ့ အခြားဓားပညာတွေလည်း တိုးတက်ခဲ့ပါတယ်။
ယခုဆိုရင် ဟင်းလင်းပြင်ကောင်းကင်ဓားပညာက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိ နီးကပ်နေပါပြီ။ ကြယ်ပျံဓားပညာက ကြောက်စရာကောင်းတဲ့တိုးတက်မှုဖြစ်စဥ်တစ်ခု ရှိပြီး ခံစားချက်မဲ့ဓားပညာရဲ့အဆင့်ကို ရောက်ရှိနေပါတယ်။ အဲဒါက မူလအဆုံးစွန်းဓားပညာကလွဲပြီး ကြယ်ပျံဓားပညာက လီဖူချန်းရဲ့အသန်မာဆုံးဓားပညာဖြစ်တယ်လို့ ဆိုလိုပါတယ်။
ဘာကြောင့်အဲလိုဖြစ်သွားသလဲကို နားလည်ဖို့ မခက်ခဲပါဘူး။ ဟင်းလင်းပြင်ကောင်းကင်ဓားပညာကို ကောင်းကင်ဆက်ဓားရဲ့ပိုင်ရှင်က ဖန်တီးထားခဲ့တာဖြစ်ပြီး ကောင်းကင်ဆက်ဓားပိုင်ရှင်ရဲ့အမှတ်အသား ရှိပါတယ်။ ကြယ်ပျံဓားပညာက လီဖူချန်းကသာ ပိုင်ဆိုင်တဲ့ဓားပညာတစ်ခု ဖြစ်လို့ပါပဲ။
လီဖူချန်းကသာ ဖြည်းညင်းစွာ ကျင့်ကြံအားထုတ်နေမယ်ဆိုရင် ကြယ်ပျံဓားပညာက ဟင်းလင်းပြင်ကောင်းကင်ဓားပညာကို ဖြတ်ကျော်ဖို့ အချိန်အများကြီး လိုပါတယ်။ ဒါပေမယ့် ဓားတာအိုအနှစ်သာရတွေရဲ့ကြီးမားတဲ့ပမာဏနဲ့ ထိုက်ချိဓားတာအိုအနှစ်သာရကို စုပ်ယူပြီးနောက် ကြယ်ပျံဓားပညာက ရုတ်တရက်အသက်ဓာတ်ပြည့်ဖြိုးလာတဲ့ ခြောက်သွေ့မြေတစ်ခုပမာ ဖြစ်လာပါတယ်။
ဓားပညာကို တည်ငြိမ်စေပြီးနောက် လီဖူချန်းက ဓားတာအိုအလင်းတွေကို ဆက်လက် ရှာဖွေလိုက်ပါတယ်။
ထိပ်တန်းတာအိုအလင်းတစ်ခုက သူ့အတွက် ဒီလောက်အများကြီး တိုးတက်ဖို့ လုံလောက်ပါတယ်၊ ဒုတိယမြောက်ထိပ်တန်းတာအိုအလင်းက ထိုက်ချိဓားတာအိုလောက် မကောင်းရင်တောင် အဲဒါက မဆိုးပါဘူး။
ဟုန်း............ဝုန်း..........
ဓားကမ္ဘာထဲမှာ အလင်းတောက်ပမှုတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာတယ်။
အဲဒါက ထိတ်တန်းဓားတာအိုတစ်ခုလို့ လီဖူချန်းက တွေးလုနီးပါးပါပဲ၊ ဒါပေမယ့် ဂရုတစိုက် လေ့လာပြီးနောက် အဲဒါက ပထမတန်းစားဓားတာအိုဖြစ်တဲ့နေဓားတာအိုဖြစ်ပြီး နေဥပဒေသပါဝင်နေတာကို သိလိုက်ရပါတယ်။
နေဓားတာအိုက ကြယ်ဓားတာအိုနဲ့ အလွန်တူပါတယ်၊ ဒါပေမယ့် ပိုပြီးဖိနှိပ်ချုပ်ချယ်နိုင်တယ်၊ ပြီးတော့ အလွန်ပူပြင်းပါတယ်။ ခံစစ်အားဖြင့်ဆိုရင်တော့ အဲဒါက ကြယ်ဓားတာအိုထက် ပိုအားနည်းပါတယ်။
လီဖူချန်းက နေဓားတာအိုအလင်းကို ဆွဲယူလိုက်တယ်။
ပြီးနောက် ချက်ချင်းပဲ ကြီးမားတဲ့ပမာဏရှိတဲ့နေဓားတာအိုအနှစ်သာရက သူ့ရဲ့စိတ်ထဲကို ပြေးဝင်လာပါတယ်။
နောက်ထပ်သုံးရက်အတွင်း လီဖူချန်းက ပထမတန်းစားဓားတာအိုအလင်းတွေကိုသာ မကြာမကြာ တွေ့ရပါတယ်၊ ဒါပေမယ့် နောက်ထပ်ထိပ်တန်းဓားတာအိုအလင်းကိုတော့ မတွေ့သေးပါဘူး။
သုံးရက်မျှသာ ကျန်ရှိပြီးတဲ့နောက် နောက်ဆုံးမှာတော့ လီဖူချန်းက ဒုတိယမြောက်ထိပ်တန်းဓားတာအိုအလင်းကို မြင်လိုက်ရပါတယ်။
အဲဒါက အလွန့်အလွန်အဖျက်အစီးစွမ်းအားတွေနဲ့ ပြည့်နေတဲ့ ဓားတာအိုအလင်းတစ်ခု ဖြစ်တယ်။ စုပ်ယူဖို့အသာထား၊ စိတ်တန်ခိုးစွမ်းအား အားနည်းတဲ့သူတွေက ချဉ်းကပ်ဖို့တောင် မဖြစ်နိုင်ပါဘူး။
အဖျက်အစီးဓားတာအို၊ ထိပ်တန်းအဆင့်ဓားတာအို။
ဒီဓားတာအိုက ဖျက်ဆီးဖို့သက်သက်ပါပဲ။ အဲဒါက အချိန်နဲ့ဟင်းလင်းပြင်၊ သက်ရှိအားလုံး၊ အရာအားလုံးကို ဖျက်ဆီးနိုင်ပါတယ်။
အဖျက်အဆီးဓားတာအိုကို မျက်စိကျနေတာ လီဖူချန်းတစ်ယောက်တည်း မဟုတ်ပါဘူး၊ ဓားအာဏာရှင်ရှန့်ကွမ်ကျိူလီလည်း ပစ်မှတ်ထားနေပါတယ်။
ဓားအာဏာရှင်ရဲ့ဓားတာအိုက အာဏာရှင်ဓားတာအိုဖြစ်တယ်၊ အာဏာရှင်ဓားတာအိုက သူ့ကိုယ်သူ အကြီးမြင့်ဆုံးလို့ မှတ်ယူထားတယ်။ သူက ဓားတာအိုအားလုံးကို သူ့ကို ဦးညွှတ်စေချင်တယ်။
အာဏာရှင်ဓားတာအိုက ဘယ်ရွေ့ဘယ်မျှလောက်ဆိုပြီး အကန့်အသတ်မရှိပါဘူး။အာဏာရှင်ဓားတာအိုနဲ့မသင့်လျော်တဲ့သူတွေက ၎င်းကို တတိယတန်းစားဓားတာအိုအထိ နိမ့်ကျစေနိုင်တယ်။ အာဏာရှင်ဓားတာအိုနဲ့ ပင်ကိုသဘာဝအလျောက် သင့်တော်တဲ့သူတွေကတော့ ၎င်းကို ထိပ်တန်းဓားတာအိုတစ်ခုအဖြစ် တွန်းပို့နိုင်ပါတယ်။
မှတ်တမ်းတွေထဲမှာ စကြာဝဠာမှာ တစ်စုံတစ်ယောက်က အာဏာရှင်ဓားတာအိုက အန္တိမဓားတာအိုအဖြစ် တွန်းပို့နိုင်ခဲ့ပါတယ်။ ဓားကို တစ်ကြိမ်ဆွဲထုတ်လိုက်တာနဲ့ ဓားအားလုံးက မလွန်ဆန်နိုင်ဘဲ အလျှော့ပေးရပါလိမ့်မယ်။ အန္တိမဓားတာအိုတွေက လွဲပြီး အခြားဓားတာအိုတွေအားလုံးက သူ့ရှေ့မှာဆိုရင် ခုခံနိုင်စွမ်းမရှိဘဲ တုန်လှုပ်နေရပါလိမ့်မယ်။
သနားစရာတစ်ခုက အဖျက်အဆီးဓားတာအိုအလင်းကို အလိုအလျောက် နာခံစေနိုင်တဲ့အထိ ဓားအာဏာရှင်ရဲ့အာဏာရှင်ဓားတာအိုက လုံလုံလောက်လောက် မသန်မာပါဘူး။ သူတို့နှစ်ခုက လီဖူချန်းရောက်တဲ့အထိ သရေဖြစ်နေပါတယ်။
ဘာလောကဝတ်မှ မရှိဘဲ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက ပေါ်ထွက်လာပြီး အဖျက်အဆီးဓားတာအိုကို ဆွဲဆောင်လိုက်ပါတယ်။
ဓားအာဏာရှင်က မျက်မှောင်ကြုတ်လိုက်တယ်၊ သူ ခွင့်ပြုမပြုပြု ကိစ္စမရှိပါဘူး၊ လီဖူချန်းရဲ့ဓားတာအိုက အဖျက်အဆီးဓားတာအိုကို ပိုဆွဲဆောင်နိုင်ပါတယ်။
"ကျားစွယ်ကို ဆွဲထုတ်ဖို့ မကြိုးစားခင် မင်းက ငါသဘောတူမတူကို မေးရမယ်"
ဓားအာဏာရှင်က လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။
ဓားကွက်ကို ထုတ်ဖော်လိုက်တာနဲ့ ဖိနှိပ်အုပ်စိုးပြီး အာဏာရှင်ဆန်တဲ့ဓားဆန္ဒတစ်ခုက ပျံ့နှံ့လာပါတယ်။ အဖျက်အဆီးဓားတာအိုက ဓားဆန္ဒကို ခံစားမိပြီး လီဖူချန်းနဲ့ ချိတ်ဆက်မှုကို အလိုအလျောက် ဖျက်လိုက်တယ်။ သူက အဝေးကို ပျံသန်းသွားတယ်။ အဖျက်အဆီးဓားတာအိုက ထွက်ခွာဖို့မရွေးချယ်ဘူးလို့ ဆိုလိုပါတယ်။ သူက နောက်မလိုက်ခင် ဘယ်သူက ပိုသန်မာလဲကို တိတ်တဆိတ် စောင့်ကြည့်နေတာပေါ့။
လီဖူချန်းက နှာခေါင်းရှုံ့ပြီး ကြယ်ပျံကြွေဓားကွက်နဲ့ ပြန်တိုက်ခိုက်လိုက်ပါတယ်။
အုန်း.........ဂျုံး........အုန်း......ဂျုံး........
စူးရှတဲ့အလင်းတောက်ပမှုတစ်ခုက ပေါက်ထွက်လာပြီး ဖရိုဖရဲလှိုင်းဂယက်တွေက ဓားကမ္ဘာရဲ့ဟင်းလင်းပြင်မှ ပေါ်ထွက်လာတယ်။
အစက ဓားအာဏာရှင်က တွေးထားတယ်၊ လီဖူချန်းက သူ့ဓားကွက်ကို ခုခံနိုင်ရင်တောင် လီဖူချန်းက ခြေလှမ်းအနည်းနောက်ဆုတ်သွားရလိမ့်မယ်ပေါ့။ ဒါပေမယ့် ဓားပညာတွေ ထိပ်တိုက်တွေ့ချိန်မှာ သူမှားနေတာကို ဓားအာဏာရှင်က သိလိုက်တယ်။
ကြောက်စရာကောင်းတဲ့အားတစ်ခုက တစ်ဟုန်ထိုးတိုက်ခိုက်လာပြီး ဓားအာဏာရှင်က ပြန်ဆုတ်လိုက်ရတယ်။ သူက မျက်ခုံးပင့်ပြီး လီဖူချန်းကို ကြည့်လိုက်တယ်။
မုန်တိုင်းရဲ့အလယ်မှာ သူ့ရဲ့အဝတ်အစားတွေက တဖျပ်ဖျပ်ခတ်နေပေမယ့် လီဖူချန်းက ခြေတစ်လှမ်းတောင် နောက်မဆုတ်ရပါဘူး။
***