တတိယမျက်လုံး ပွင့်လာခြင်း
Vol. 43 Ch. 583
ချင်မူ အဘွားစစ်တို့နှင့်အတူ ဝူဝမ်မြို့၏ အပျက်အစီးများကို ဆက်လက်ကြည့်ရှုနေသည်။ တစ်ယောက်နှင့်တစ်ယောက် ကျွမ်းကျင်သော နယ်ပယ်က ကွဲပြားသည့်အတွက် ကောင်းကင်နတ်သိုင်းများအပေါ် အမြင်လည်း မတူကြပေ။ အားလုံး အတူတူ ဆွေးနွေးကြသည့်အခါ ချင်မူမှာ များစွာအမြတ်ထွက်နေ၏။
သူ၏ကျင့်စဉ်က လမ်းစဉ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ကျန်နယ်ပယ်များတွင်မူ အဘွားစစ်၊ မျက်ကန်းနှင့် ကျန်ရှိသူများအောက် များစွာနိမ့်ကျချေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ကျင့်စဉ်က ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ချီစွမ်းအင်တို့ကို ယှဉ်တွဲကျင့်ကြံရခြင်းဖြစ်၏။ ထို့ကြောင့် မျက်ကန်း၊ ရွှေအနှင့် နယ်ပယ်တစ်ခုတည်းတွင်သာ ကျွမ်းကျင်ကြသူများလောက် မြန်နိုင်မည်မဟုတ်ပေ။ သူတို့လို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာရန်လည်း အချိန်မရခဲ့ပေ။
သို့သော် မျက်ကန်းနှင့် ကျန်ရှိသူများ ဆွေးနွေးကြသည့်အခါ တစ်ဖက်လူ၏အမြင်မှတစ်ဆင့် သူတို့ကိုယ်သူတို့ တိုးတက်လာစေနိုင်သည်။ ထို့အပြင် အားလုံးသည် နယ်ပယ်တစ်ခုတွင် အဆုံးစွန်အထိ ကျွန်းကျင်ထားသော အဆင့်မြင့်သိုင်းပညာရှင်များ မဟုတ်ပါ၏လော။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများဆီမှ ကျန်ရစ်ခဲ့သော ကောင်းကင်နတ်သိုင်းများကို ကြည့်ရှုလေ့လာရင်းဖြင့် သူတို့လိုအပ်နေသည့် နေရာများအား ရှာတွေ့နေကြ၏။
“ဘွားဘွား ... ကျွန်တော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျင့်စဉ်အားလုံးကို ပေါင်းစည်းပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး လေ့ကျင့်ပေးနိုင်တဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပုံဖော်နိုင်ခဲ့တယ်”
ချင်မူ ချီစွမ်းအင်ကို ဖြန့်ကျက်လိုက်သည့် လူသားခန္ဓာ၏ အတွင်းပိုင်းဖွဲ့စည်းပုံ ဖွဲ့တည်လာသည်။ သူက မျက်လုံး၊ ဦးနှောက်၊ တျန်းထျန်၊ လက်လေးချောင်း၊ အရိုးများ၊ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်တို့၏ ချီစွမ်းအင်လှည့်ပတ်ပုံလမ်းကြောင်းအား ပြသလိုက်၏။
အဘွားစစ်၊ မျက်ကန်း၊ သားသတ်သမား၊ ရွှေအနှင့် ကျန်ရှိသူများလည်း တမုဟုတ်ချင်း စိတ်ဝင်စားသွားကြပြီး လူသားခန္ဓာဖွဲ့စည်းပုံအား အသေးစိတ် ကြည့်ရှုလေ့လာလိုက်ကြသည်။
ကြည့်လေလေ၊ အံ့အားသင့်လေလေ ဖြစ်နေကြသည်။
ချင်မူ့မျက်လုံးထဲ၌ ကောင်းကင်မျက်လုံးကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်ပုံကို ဖော်ပြနေသော နေရာတစ်နေရာ ရှိနေသည်။ ဦးနှောက်ထဲတွင် မတူကွဲပြားသည် ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများ ပြည့်နေ၏။ လက်များ၊ ခြေထောက်များ၊ အသားအရေ သို့မဟုတ် အူမကြီး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်စသော ကိုယ်တွင်းအင်္ဂါများတွင်လည်း အနုစိတ်လှသော ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများ ရှိနေကြသည်။
ထိုစဉ် ကောင်းကင်ရတနာများအတွင်းရှိ ချီစွမ်းအင်လမ်းကြောင်းတစ်ခုစီတွင်လည်း ဆန်းကြယ်နက်နဲသော သဘောတရားများ ကိန်းဝပ်နေ၏။ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်၏ ပေါင်းစည်းမှုက ချီစွမ်းအင်စီးကြောင်းကို အားပြု၍ မူလဝိညာဉ်အား သန်မာလာစေသည်။ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲရှိ ချီစွမ်းအင်ကမူ ဓာတ်ကြီးငါးပါးအဖြစ် ကွဲနေပြီး ကြယ်တာရာအရှင်သခင်ငါးပါးက ကြယ်ငါးစင်းအထက်ရှိ သက်ဆိုင်ရာနန်းဆောင်များတွင် ထိုင်နေကြသည်။ နေရာအနှံ့အပြားရှိ ချီစွမ်းအင်သည် ထူးခြားသော လမ်းကြောင်းအတိုင်း ရွေ့လျားနေ၏။
အရပ်ခြောက်မျက်နှာကောင်းကင်ရတနာထဲတွင် မြေပြင်၏ မြေကြီးချီစွမ်းအင်က အရှိန်ပြင်းပြင်း ဖြာဆင်းလျက် မြေဆွဲအားအသွင် ဖွဲ့တည်နေသည်။
ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာက ဓာတ်ကြီးငါးပါးကြယ်ငါးစင်း၊ နေနှင့် လကို ထိန်းချုပ်၍ ကြယ်ခုနစ်စင်း၏ စွမ်းအင်ကို ပေါင်းစည်းကာ မူလဝိညာဉ်ထဲသို့ အားဖြည့်ပေးနေ၏။
ထိုမျှသာမက ချင်မူ၏ မူလဝိညာဉ်သည် ရုပ်ခန္ဓာနှင့် ခွဲခွာမရအောင် ကပ်နေ၏။ ဤနည်းဖြင့် ချီစွမ်းအင်လှည့်ပတ်မှုက ခန္ဓာကိုယ်၏ ထောင့်တိုင်း၊ နေရာတိုင်းသို့ ရောက်ရှိနေသည်။ မူလဝိညာဉ်ထဲရှိ ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည့်အခါ မူလဝိညာဉ်ကို ရုပ်ခန္ဓာနှင့် ယှဉ်တွဲ ကျင့်ကြံနိုင်သွားသည်။
ချင်မူ့ကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်ပုံမှာ သုံးဖက်မြင်ဖွဲ့စည်းပုံတစ်ခု ဖြစ်ပြီး အတိုင်းထက်အလွန် အနုစိတ်သေသပ်နေ၏။ ခန္ဓာ၏ အင်္ဂါတစ်ခုချင်းစီတွင် ဆန်းကြယ်နက်နဲသော သဘောတရားများ ကိန်းဝပ်လျက်ရှိကာ သုံးဖက်မြင်ကျင့်စဉ်စနစ်တစ်ခုကို ဖွဲ့တည်ပေးနေသည်။ ကိုယ်တွင်းအင်္ဂါတစ်ခုချင်းစီ၏ ကျင့်ကြံနည်းကိုလည်း အလွယ်တကူ တစ်ခုချင်းစီ ခွဲထုတ်ပြီး နတ်ဘုရားအဆင့်ကျင့်စဉ်အဖြစ် တည်ဆောက်၍ရ၏။
ချင်မူက မူလဝိညာဉ်နှင့် ရုပ်ခန္ဓာကို တစ်သားတည်း ဖြစ်စေခြင်းဖြင့် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အသေးစိတ်သော ကျင့်စဉ်များကို ပေါင်းစည်းနိုင်ခဲ့သည်။ အလွန်ရှုပ်ထွေးပွေလီနေသော ကျင့်စဉ်များသည် သူ့လက်ထဲတွင် တစ်ခုတည်း ဖြစ်လာခဲ့၏။
ဤသည်မှာ ချင်မူ၏ အကြီးမားဆုံး အောင်မြင်မှုပင် ဖြစ်သည်။
“မူအာရဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က တကယ် ပြိုင်ဘက်ကင်းတာပဲ”
အဘွားစစ်၊ ထော့ကျိုးနှင့် ကျန်ရှိသူများမှာ မိုးသားတိမ်တိုက်များ လွင့်စင်သွား၍ နေလုံးကြီးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် တလေးတစား ချီးကျူးနေကြသည်။ အတိတ်တုန်းက သူတို့သည် နယ်ပယ်တစ်ခုတည်းတွင်သာ တစိုက်မတ်မတ် ကျင့်ကြံခဲ့ကြ၍ နတ်ဘုရားအဆင့်သို့ ရောက်ခဲ့ကြ၏။ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်ပြိုင်တည်း မည်သို့ကျင့်ကြံရမည်လဲ မသိခဲ့ကြပေ။
“မူအာ၊ ဒီကျင့်စဉ်က ခက်တယ်.... ချီစွမ်းအင်လှည့်ပတ်ရာမှာလည်း ရှုပ်ထွေးတယ်... ငါတို့အနေနဲ့ သူ့လို သူ့ကျင့်စဉ်ကို ရိုးရှင်းအောင် လုပ်နိုင်ချင်ရင် မတူကွဲပြားတဲ့ ကျင့်စဉ်တွေ အများကြီး လိုလိမ့်မယ်”
သားသတ်သမားက လေးစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ “အဓိကအချက်က သူက သူ့ရဲ့မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာကို တစ်သားတည်း ပေါင်းစည်းထားနိုင်ပြီ... ဓာတ်ကြီးငါးပါးက ကိုယ်တွင်းကလီစာတွေနဲ့ ဆက်သွယ်နေသလို၊ နေနှင့်လကလည်း သူ့မျက်လုံးတွေနဲ့ ဆက်သွယ်နေတယ်... အရပ်ခြောက်မျက်နှာမြေပြင်ကလည်း တျန်းထန်နှင့် ဆက်သွယ်နေတယ်.... သူက အဲဒီလိုနည်းနဲ့ ကျင့်စဉ်အားလုံးကို ပေါင်းစည်းနိုင်ခဲ့တာပဲ”
အဘွားစစ်က ခေါင်းညိတ်၏။ “ဒါက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ရဲ့ အဆန်းကြယ်ဆုံးအချက်ပဲ.. မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာကို တစ်သားတည်း ဖြစ်စေမယ့် နည်းလမ်းမရှိရင် သူ ကျင့်စဉ်တွေကို ပေါင်းစည်းနိုင်မှာမဟုတ်ဘူး... မူအာ၊ မင်း ဒါကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေဆီက သင်ယူခဲ့တာလား”
ချင်မူ့မျက်နှာ ညှိုးကျသွားပြီး ခေါင်းယမ်းလိုက်မိသည်။ “ဒါက ပထမလူသားဧကရာဇ်ဆီက လေ့လာခဲ့တာပါ”
“ပထမလူသားဧကရာဇ်ဟုတ်လား” ဒုက္ခိတဘိုးဘွားကျေးရွာရှိ လူတိုင်း တမုဟုတ်ချင်း တက်ကြွလာကြပြီး ပထမဆုံးလူသားဧကရာဇ်အား အတောမသပ်နိုင်အောင် ချီးကျူးအမွှမ်းတင်ကြတော့သည်။ “ဒီနောင်တော်က တကယ် ထူးချွန်တာပဲ... ဒီလိုကျင့်စဉ်မျိုးက ငါတို့ကို နှစ်ပေါင်းများစွာ ပိတ်ပင်နေခဲ့တဲ့ ပြဿနာကြီးကို ဖြေရှင်းပေးနိုင်ခဲ့ပြီ”
ချင်မူမှာ နားထောင်ရင်း ပိုမိုစိတ်ဓာတ်ကျလာသည်။
သားသတ်သမားနှင့် အဘွားစစ် မှန်သည်။ သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ယခုကဲ့သို့ အောင်မြင်ခဲ့သည့် အကြောင်းရင်းမှာ .... မူလဝိညာဉ်နှင့် ရုပ်ခန္ဓာသည် တစ်ကိုယ်တည်း ဖြစ်သွားသကဲ့သို့ ခွဲခွာမရအောင် ပေါင်းစည်းသွားခဲ့၍ပင်။
ထို့အပြင် ယင်းက ပထမဆုံးလူသားဧကရာဇ်ဆီမှ သူ သင်ယူခဲ့ရသော အရာဖြစ်၏။
ချင်မူသည် ပထမဆုံးလူသားဧကရာဇ်အား အလဲထိုးရန် ရည်မှန်းချက်ထားခဲ့၏။ ထို့ကြောင့်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်လာခဲ့ကာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ သူက ဇွဲလုံ့လအပြည့်ဖြင့် သုံးသပ်ဆင်ခြင်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် မိစ္ဆာများ၏ အားသာချက်များကို လေ့လာခဲ့၏။
သို့တိုင်အောင် သူ့ကို ယခုလို အကြီးအကျယ် တိုးတက်စေခဲ့သည့်အရာမှာ ပထမဆုံးလူသားဧကရာဇ်ဆီမှ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ ပထမဆုံးလူသားဧကရာဇ်ကို အနိုင်ယူချင်သည်။ သို့သော် အဆင့်တူတွင်ပင် အလွန့်အလွန် ခက်ခဲလှ၏။
သို့သော် သူ့တွင် နည်းလမ်းတစ်ခု ရှိလာခဲ့ချေပြီ။
“ဘွားဘွား၊ ဘိုးဘိုးသားသတ်သမား၊ ဒါက ကျွန်တော့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်နည်းရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်” ချင်မူ ကောက်ကာငင်ကာ ထပြောလိုက်သည်။
အဘိုးအဘွားများမှာ လူသားခန္ဓာကို အသေးစိတ် ကြည့်ရှုပြီး သူတို့အတွက် အသုံးတည့်မည့် အချက်များကို လေ့လာရင်း အလုပ်များနေကြ၏။ ချင်မူ့စကား ကြားလျှင် သားသတ်သမားက မှင်သက်သွားပြီး အော်လိုက်သည်။ “ဒါက တစ်ဝက်ပဲ ရှိသေးတယ်ဟုတ်လား”
ချင်မူ ခေါင်းညိတ်လိုက်သည့်အခါ သူ့အရှေ့ရှိ လူသားခန္ဓာသည် ပြောင်းလဲသွား၏။ မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ ပေါ်လာပြီး စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းက နှစ်လမ်း ကွဲသွားကာ မိစ္ဆာလမ်းစဉ်ကို ပြသနေသည်။
အားလုံး ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကြပြီး ဆွံ့အကုန်ကြသည်။
မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာတဲ့လော.... ဤသည်မှာ လူသားများ ဖွဲ့တည်နိုင်သော အရာမဟုတ်ပေ။
ချင်မူ့ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ရတနာအမျိုးအစားနှစ်ခု အပြိုင်တည်ရှိနေသည်။ အမျိုးအစားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသလို၊ ချီစွမ်းအင်များကလည်ူ တူညီစွာ စီးဆင်းလှည့်ပတ်နေ၏။
မျက်ကန်းက ချင်မူ့ဆီသို့ လှည့်ကြည့်သည်။ သူ့မျက်လုံးများက မိုးကြိုးလျှပ်စီးသဖွယ် မြန်လှသလို၊ ချင်မူကလည်း မည်သည်ကိုမျှ မထိမ်ချန်ထားပေ။ မျက်ကန်း စစ်ဆေးနိုင်အောင် သူ၏မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများအား ဖွင့်လိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုလည်း လှည့်ပတ်ပြလိုက်၏။
ဤသည်မှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ချင်မူသည် ဒုက္ခိတဘိုးဘွားကျေးရွာမှ သူ၏အဘိုးအဘွားများ သူ့ကျင့်စဉ်ကို လေ့လာပြီး မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ရိုးရိုးသားသား ကူညီပေးလို၏။
အားလုံး သူ့ကို ဝိုင်း၍ အသေးစိတ် ကြည့်ရှုနေကြသည်။ အချိန်အတော်ကြာ လေ့လာနေကြသော်လည်း သားသတ်သမားပင် မည်သည်ကိုမှ နားမလည်လိုက်ပေ။
“ငါ လေ့လာလို့ မရဘူး” သားသတ်သမား စိတ်ဓာတ်ကျသွားသည်။ “ငါက လောကသခင်ခန္ဓာမှ မဟုတ်တာ... မင်းတို့တွေလည်း လေ့လာနိုင်မှာမဟုတ်ဘူး... ရွာလူကြီး မှန်တယ်... မူအာက နှစ်ယောက်မရှိတဲ့ လောကသခင်ခန္ဓာပဲ”
ချင်မူ ကျင့်ကြံပုံကျင့်ကြံနည်းများကို ပြသလျှင်ပင် သူတို့ လေ့လာနိုင်မည်မဟုတ်ပေ။ အကြောင်းရင်းက သူတို့တွင် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ မရှိ၍ ဖြစ်သည်။
မျက်ကန်းက လူငယ်လေးကို စေ့စေ့စပ်စပ် ကြည့်နေပြီးနောက်တွင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်လို အမှတ်အပေါ် အကြည့်ရောက်သွား၏။ “မူအာ၊ မင်းရဲ့ကျင့်စဉ်တွေက အတိုင်းထက်အလွန် အသေးစိတ်ပေမယ့် မင့်မျက်လုံးထဲက ကျင့်စဉ်ကတော့ မပြည့်စုံသေးတဲ့ပုံပဲ”
ချင်မူ ခေါင်းညိတ်ပြကာ သူ မျက်လုံးထဲရှိ စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများကို ရှင်းလင်းနေစဉ် ကောင်းကင်နတ်ဆိုးတစ်အုပ်၏ နှောင့်ယှက်ခံခဲ့ရသည့်အကြောင်း ပြောပြလိုက်၏။ မျက်ကန်းက ပြုံးကာ ပြောသည်။ “အဲဒီလိုလား.. ဒါပေမဲ့ မင်းမှာ မျက်လုံးနောက်တစ်လုံး ပိုလာပြီဆိုတော့... မျက်လုံးကျင့်စဉ်ကို အဆုံးအထိ မသုံးသပ်သေးရတာကပဲ ပိုတောင် အဆင်ပြေသွားသေးတယ်... ငါ မင်းမျက်လုံးကျင့်စဉ် ပြည့်စုံအောင် ကူညီပေးနိုင်တယ်... ငါ့ကို အချိန်နည်းနည်းပေး... မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားက ဒီမျက်လုံးကို ဖွင့်ပေးမယ်လို့ ကတိပေးတယ်”
မျက်ကန်း စိတ်လှုပ်ရှားတက်ကြွနေသည်။
ချင်မူမှာ မျက်ခုံးနှစ်ဖက်ကြား၌ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်လာခဲ့သော မျက်လုံးနှင့်ပတ်သက်ပြီး စိတ်တထင့်ထင့် ဖြစ်နေ၏။ “ဒီမျက်လုံးက ကျင့်စဉ်ကြောင့် မဟုတ်လောက်ဘူး ဘိုးဘိုး... ရုတ်တရက်ကြီး ပေါ်လာတာဆိုတော့ ဖွင့်လိုက်ရင် အန္တရာယ်ဖြစ်မှာ စိုးရတယ်”
အားလုံး ရှေ့တက်လာကြပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ကြည့်ကြသည်။ ဆေးဆရာက ဂရုတစိုက် ကြည့်ကာ ခေါင်းယမ်းလိုက်၏။ “ဒါက မိစ္ဆာလမ်းစဉ် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကနေ ဖွဲ့တည်လိုက်တဲ့ မိစ္ဆာမျက်လုံးပဲ... ပြဿနာမရှိလောက်ဘူး... ဖွင့်လို့ရတယ်.... မျက်ကန်း မျက်လုံးကျင့်စဉ်ပြည့်စုံအောင် မလုပ်ပေးနိုင်ရင် ငါ မင်းကို ဖွင့်ပေးမယ်”
အားလုံး သူ့ကို ဘေးသို့ ပို့၍ လူသားခန္ဓာ၏ ဆန်းကြယ်နက်နဲသော သဘောတရားအား ဆွေးနွေးနေကြသည်။
အတန်ကြာသော် သူတို့ ကင်းစခန်းဆီသို့ ပြန်သွားကြပြီး ကိုယ်ပိုင်ကျင့်စဉ်များကို ပြန်လည်ရှင်းလင်းကြသည်။ ဝူဝမ်မြို့၏အပျက်အစီးများကို လေ့လာခြင်းထက် ချင်မူ့ကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်ပုံကို ကြည့်ရှုခဲ့ရခြင်းက သူတို့အတွက် အကျိုးအမြတ်များစွာ ရရှိစေခဲ့၏။ ချင်မူ့ကျေးဇူးကြောင့် အဆင့်တက်နိုင်မည့် ဖြတ်လမ်းကို သူတို့ မြင်တွေ့ခဲ့ကြသည်။
အဘွားစစ်မှာ သင်္ချာစွမ်းရည် မမြင့်မားသဖြင့် တိုးတက်မှု အနှေးဆုံးဖြစ်သည်။ သူမအနေဖြင့် မျက်ကန်းနှင့် ကျန်ရှိသူများကိုသာ မေးမြန်းနိုင်သည့်အတွက် အားလုံး ဝိုင်းဖွဲ့ထိုင်ကာ သူတို့၏အားသာချက်များကို ပေါင်းစည်း၍ စိတ်ကူးစိတ်သန်းများ ထုတ်ဖော်ဆွေးနွေးလိုက်ကြသည်။ ဟူလင်းအာက နားကန်းဆီမှ ပန်းချီနှင့် လက်ရေးလှပညာ သွားသင်တတ်သလို၊ မျက်ကန်းဆီမှလည်း သင်္ချာသင်တတ်၏။ ထို့ကြောင့် သူမလည်း လူကြီးများအကြား ထိုင်ပြီး သူတို့၏ကျင့်စဉ်များကို လေ့လာနေလေသည်။
ပါမောက္ခပါ့ရှန်လည်း ရောက်လာသဖြင့် အားလုံး လျင်မြန်စွာ တိုးတက်လာကြသည်။
နေထွက်လာသည့်အခါ အကုန်လုံး အကျိုးကျေးဇူးများစွာ ရလိုက်ကြ၏။
ချင်မူ မနက်စာပြင်ပြီးသည့်အချိန်တွင် အဘွားစစ်၊ မျက်ကန်းနှင့် ကျန်ရှိသူများ ညလုံးပေါက် ဆွေးနွေးပြီး၍ အားလုံး၏အားသာချက်များကို ပေါင်းစုကာ ကျင့်စဉ်တစ်ခု၏ အခြေခံအုတ်မြစ်ကို ထုဆစ်ပုံဖော်နေကြကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် မနှောင့်ယှက်တော့ဘဲ ဟူလင်းအာကိုသာ လှမ်းခေါ်လိုက်ပြီး မနက်စာ လာစားစေသည်။
“ဂိုဏ်းသခင်၊ ကျွန်တော် ရေဓာတ်စွမ်းအင်အားဖြည့်ဆေးလုံးတွေ စားချင်တယ်” နဂါးချီလင်က ဇလုံကိုက်ကာ ရောက်ချလာသည်။ “အိုးဝက် စားမယ်”
ချင်မူ ဝမ်းသာသွားပြီး သူ့အား ချီးကျူးမိလိုက်သည်။ “ဖက်တီးနဂါးတောင် အရွယ်လောက်ပြီပဲ... ငါ မင်းကို တစ်အိုးကျွေးမယ်”
နဂါးချီလင်လည်း ပျော်ရွှင်သွားသည်။ ချင်မူက သူ့အတွက် စွမ်းအင်ဆေးလုံးများ ဖော်ပြီးသည့်အခါ အစိမ်းရောင်နွားသိုးကြီးဘက် လှည့်လိုက်သည်။ “နွားနွားသုံး၊ မင်း ဘာဆေးလုံးတွေ စားတာလဲ”
နွားသိုးကြီးလည်း တစ်ညလုံး ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် ကျင့်နေသဖြင့် မအိပ်ရသေးပေ။ သို့သော် သူက အားအင်တက်ကြွစွာဖြင့် လျှောက်လာကာ အရိုအသေပေးသည်။ “သခင်လေး၊ ငါ စွမ်းအင်ဆေးလုံးတွေ မစားတတ်ဘူး... စွမ်းအင်ဆေးလုံးတွေပဲ မှီဝဲနေရင် အဆီတက်လာလိမ့်မယ်”
ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ “စွမ်းအင်ဆေးလုံးတွေက ကျင့်စဉ်စွမ်းအင် မြန်မြန်တိုးတက်စေတယ်... သိုင်းကျင့်ရင်း ပိုနေတဲ့ ဆေးစွမ်းအင်တွေကို ချေဖျက်လို့လည်း ရပါတယ်... ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်အတွက် စွမ်းအင်အများကြီး လိုတယ်... ဒီတော့ မင်း ဆေးလုံးတွေနဲ့ ပြန်မဖြည့်တင်းရင် ရုပ်ခန္ဓာအပေါ် ထိခိုက်မှုရှိလာလိမ့်မယ်... အရိုးအရေခြောက်ကပ်ပြီးတောင် သေနိုင်တယ်... မင်းက လေနဲ့မိုးကြိုးဓာတ်သတ္တိရှိတဲ့ နဂါးစိမ်းမျိုးနွယ်မဟုတ်လား... ငါ မင်းအတွက် လေမိုးကြိုးနေနတ်မင်းဆေးလုံးတွေ ဖော်ပေးမယ်... ခဏစောင့်”
နွားသိုးစိမ်းကြီးမှာ ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်သည်။ “နွားနွား မျက်ရည်ကျမိတဲ့အထိ ရင်ထဲထိမိပါတယ် သခင်လေး... ပန်းနံ့လေးပါ ထည့်ပေးနိုင်ရင်တော့ ပိုလို့တောင် ကောင်းတာပေါ့ဗျာ”
ချင်မူက ခေါင်းညိတ်၍ ဆေးပင်အမျိုးအစားခွဲကာ လေမိုးကြိုးနေနတ်မင်းဆေးလုံးများ ဖော်စပ်လိုက်သည်။ ထို့နောက် နွားသိုးစိမ်းကြီးဆီမှ ပန်းပွင့်များ၊ မြက်များ တောင်းပြီးနောက် အနံ့ထည့်ပေးလိုက်၏။ ထူးဆန်းသော အနံ့က သူ့နှာသီးဝထဲ တိုးဝင်လာသည်။
နွားသိုးစိမ်းကြီးက ဆေးလုံးကို မြည်းကြည့်ကာ အလွန်ပျော်သွားသည်။ သူက ချင်မူ့ကို ထပ်တလဲလဲ ချီးကျူးပြီးနောက် ကျင့်ကြံရန် ထွက်သွား၏။
နဂါးချီလင်မှာတော့ ရေခဲပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၍ ရေဓာတ်စွမ်းအင်အားဖြည့်ဆေးလုံးများကို အလျင်အမြန် စားလိုက်ပြီး သိုင်းကျင့်ရန် ထွက်သွားသည်။ သို့သော် ရုတ်တရက် သူ သဘောပေါက်သွား၏။ ‘မဟုတ်သေးပါဘူး... ဂိုဏ်းသခင်က ငါ့အားနည်းချက်ကို ဆုပ်ကိုင်ထားသလို ဖြစ်နေတယ်... သူက ငါ့ကို ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် အရင်ပေးတယ်... ပြီးတော့ သောက်နွားကြီးကို ပေးတယ်.... အခု ငါ့ကို ဆေးလုံးကျွေးပြီး သောက်နွားကြီးကိုလည်း ကျွေးနေတယ်... ဒါက ငါ ကြိုးစားအောင် ဖိအားပေးနေတာပဲ... မဟုတ်မှ... ငါ့လူထိန်းကျမ်းစဉ်...’
သူ လူထိန်းကျမ်းစဉ်ကို ကပျာကယာ ထုတ်ကြည့်ပြီး စိတ်သက်သာရာရသွား၏။ ‘ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ’
ချင်မူနှင့် ဟူလင်းအာ မနက်စာစားရန် ထိုင်လိုက်ကြစဉ် ချင်မူက စာအုပ်သေးသေးလေးတစ်အုပ် ထုတ်ကာ လှန်ဖတ်နေသည်။ ဟူလင်းအာက ကမန်းကတန်း ပြောလိုက်သည်။ “သခင်လေး၊ တစ်ခေါက် ဖတ်ပြီးရင် မီးရှို့ပစ်နော်... ကျွန်မ ကူးလာတာ သူ မသိစေနဲ့”
ချင်မူက ခေါင်းညိတ်၍ စာအုပ်ကို ဆက်ဖတ်နေရင်း နှာခေါင်းရှုံ့လိုက်သည်။ “ဒီဖက်တီးနဂါးကတော့ ငါ့ကို ဒီလို ကစားနေတာပေါ့လေ.... စောစောစီးစီး သိလိုက်လို့ တော်သေးတယ်... မဟုတ်လို့ကတော့ သူ့ပဲ ဆေးဖော်ကျွေးနေရတော့မှာ... လင်းအာ၊ မပူနဲ့... ငါ နင့်ကို သစ္စာမဖောက်ပါဘူး”
ရုတ်တရက် မျက်ကန်း၏အသံက ဝမ်းသာမှုအပြည့်ဖြင့် ထွက်လာသည်။ “မူအာ၊ ငါ မင့်မျက်လုံးတွေရဲ့ မပြည့်စုံတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပြီးပြီ... လာ ကျင့်ကြည့်တော့”
ချင်မူလည်း ပန်းကန်လုံးနှင့် တူကို ချ၍ အလျင်အမြန် သွားလိုက်သည်။ မျက်ကန်းက ချီစွမ်းအင်ဖြင့် ကျင့်စဉ်လှည့်ပတ်ပုံကို ဖွဲ့တည်ပြရင်း အပြုံးတစ်ခုဖြင့် ပြော၏။ “ငါတို့ အတူတူ လေ့လာပြီး ဒါက မင်းက မင်းရဲ့ တတိယမျက်လုံးကို နိုးပေးနိုင်မယ့် နည်းလမ်းလို့ ခံစားခဲ့ကြရတယ်... အရင်ဆုံးကြည့်လိုက်ဦး... လိုအပ်နေတာများ ရှိနေမလားလို့”
ချင်မူ ဂရုတစိုက် ကြည့်လိုက်သည်။ မျက်ကန်းနှင့်ကျန်ရှိသူများ ပြုပြင်ပေးထားသော မျက်လုံးကျင့်စဉ်က သူ့မျက်လုံးများ၏ အားနည်းချက်များကို ဖာထေးပေးထား၏။ ထို့အပြင် တတိယမျက်လုံးအတွက် ချီစွမ်းအင်လှည့်ပတ်ပုံကိုပင် ထည့်ပေးထားလေသည်။
ချင်မူက အသေအချာ တွက်ချက်ကြည့်ပြီး ခေါင်းယမ်းပြလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ လိုအပ်နေတာ မရှိဘူး”
သူက ချီစွမ်းအင်လှည့်ပတ်ပုံကို မှတ်သား၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား လှည့်ပတ်ကြည့်လိုက်၏။
အားလုံး ရင်တထိတ်ထိတ်ဖြင့် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်ရင်း တတိယမျက်လုံး ပွင့်လာမည်ကို စောင့်နေကြသည်။
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ နဂါးတွန်သံများ ထွက်လာပြီး ချီစွမ်းအင်က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ စီးဆင်းသွားသည်။ ရုတ်တရက် မိုးမခသစ်ရွက်ပုံစံ အမှတ်ဆီမှ အနက်ရောင်သွေးစက်တစ်စက် ကျလာ၏။
ထို့နောက် ဘေးအသားစိုင်များက မျက်ခွံနှစ်ခုသဖွယ် ဘေးနှစ်ဖက်သို့ ကွဲသွားပြီး မျက်လုံးအား ဖွင့်လိုက်တော့သည်။
၎
င
၎
၎