အချုပ်အချယ်မဲ့ဓားတာအို
Vol. 58 Ch. 789
ရွှမ်း ရွှမ်း ရွှမ်း.............
အဖျက်အဆီးတာအိုက အလွန်သဘာဝကျတယ်။ ဓားအာဏာရှင် အသာစီးမရတာကို မြင်ပြီး သူက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ချက်ချင်း တိုးဝင်သွားလေတယ်။
"ငါ သူ့ကို လျော့တွက်မိတာပဲ။ သုံးပတ်လောက်ပဲ ရှိသေးတယ်၊ သူက ဒီလောက်တောင် တိုးတက်လာပြီးပေါ့"
ဒါက ဓားအာဏာရှင် ဓားကမ္ဘာထဲကို ဝင်တဲ့ တတိယအကြိမ်ဖြစ်တယ်။ သူ ဓားကမ္ဘာကို ပထမဆုံးအကြိမ် ဝင်တုန်းက သူလည်း ကြီးကြီးမားမား တိုးတက်ခဲ့ပါတယ်၊ ဒါပေမယ့် လီဖူချန်းလောက်တော့ မသိသာပါဘူး။
သူ့ကိုယ်သူ တည်ငြိမ်အောင် ထားပြီးနောက် ဓားအာဏာရှင်က ဆက်မတိုက်ခိုက်တော့ပါဘူး။ သူ့ရဲ့ဂုဏ်သိက္ခာအရ သူက ပထမတိုက်ခိုက်မှုမှာ အပေါ်စီးမရရင် သူက ဒုတိယတိုက်ခိုက်မှုကို ဖော်ထုတ်မှာမဟုတ်ပါဘူး။ ပြီးတော့ ဒါက သိုင်းစင်မြင့်ပေါ်မှာလည်း မဟုတ်ဘူးလေ။
အဖျက်အဆီးဓားတာအိုအလင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ပြီးတာနဲ့ လီဖူချန်းရဲ့စိတ်ထဲမှာ အဖျက်အဆီးဓားတာအိုအနှစ်သာရများစွာ ပြည့်နှက်နေတယ်။
အဖျက်အဆီးက အထွတ်အထိပ်စွမ်းအားတစ်ခုဖြစ်ပြီး နေရာတိုင်းမှာ တည်ရှိပါတယ်။
အားကောင်းဆုံးထိပ်တန်းဓားတာအိုတစ်ခုဆိုရင် အဲဒါက အဖျက်အဆီးဓားတာအိုပဲ ဖြစ်ပါလိမ့်မယ်။
အနှစ်သာရကို စုပ်ယူပြီးတာနဲ့ အဖျက်အဆီးဓားတာအိုအလင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပျံထွက်ပြီး အဝေးကို ပျောက်ကွယ်သွားပါတယ်။
"မင်းက မဆိုးဘူးပဲ။ မင်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဓားသမားတွေကြားထဲမှာ ငါ့ရဲ့ဓားကွက်တစ်ကွက်ကို တားဆီးနိုင်တဲ့ တတိယမြောက်ပုဂ္ဂိုလ်ပဲ" ဓားအာဏာရှင်ရဲ့မျက်လုံးတွေက တောက်လောင်နေပြီး သူက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်းလည်း မဆိုးပါဘူး။ မင်းက ငါ့ရဲ့ကြယ်ပျံကြွေဓားကွက်ကို တကယ် ကာကွယ်နိုင်ခဲ့တာပဲ"
လီဖူချန်းရဲ့ကြယ်ပျံကြွေဓားကွက်ရဲ့စွမ်းအားက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ပြောင်းလဲခြင်းမရှိရဲ့အထက်မှာ ရှိတယ်။ ဓားနှလုံးသားနဲ့ဆိုရင် ခံစားချက်မဲ့ဓားဧကရာဇ်သုံးယောက်ကတောင် လီဖူချန်းရဲ့တိုက်ခိုက်မှုကို မတားဆီးနိုင်ပါဘူး။
ဓားအာဏာရှင်က ခံစားချက်မဲ့ဓားဧကရာဇ်ထက် ပိုမြင့်မားတာ သိသာပါတယ်။ လူတိုင်းက ဓားအာဏာရှင်ကို လျော့တွက်ထားကြပြီး ခံစားချက်မဲ့ဓားဧကရာဇ်က ဓားအာဏာရှင်ကို ယှဥ်နိုင်မယ်လို့ ယူဆထားကြတယ်။ ခံစားချက်မဲ့ဓားဧကရာဇ် တိုးတက်သလို ဓားအာဏာရှင်လည်း တိုးတက်မှာ သဘာဝပဲလေ၊ သူတို့နှစ်ယောက်ကြား ခွန်အားခြားနားချက်ကို နီးကပ်စေဖို့က မလွယ်ကူပါဘူး။
"ဟားဟား၊ ငါ မင်းကို လျော့တွက်မိတာပဲ။ ငါတို့ ဓားကမ္ဘာက ထွက်တဲ့အခါ တိုက်ခိုက်ကြတာပေါ့လေ"
အရင်က ဓားအာဏာရှင်က လီဖူချန်းနဲ့ခံစားချက်မဲဓားဧကရာဇ်တို့ကို အဆင့်တူတူလို့ ရှုမြင်ခဲ့တယ်။ ဒါပေမယ့် အခုကြည့်ရတာ လီဖူချန်းရဲ့ခွန်အားက အဆများစွာ တိုးတက်လာပုံပဲ။ ဓားအာဏာရှင်ကတောင် အပြည့်အဝအနိုင်ရဖို့ ယုံကြည်ချက်မရှိပါဘူး။
"သေချာတာပေါ့"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။စောစောက ဓားအာဏာရှင်က ခွန်အားပြည့်နဲ့ မတိုက်ခိုက်ခဲ့ဘူးကို သူက သိပါတယ်၊ ဒါပေမယ့် သူလည်း အလားတူပါပဲလေ။ မူလအဆုံးစွန်းဓားပညာကို အသာထား၊ ကြယ်ပျံဓားကွက်ကိုတောင် သာမန်ကာလျှံကာ တိုက်ခိုက်လိုက်တာပဲ။
ဓားအာဏာရှင်ထွက်သွားပြီးတာနဲ့ အဖျက်အဆီးဓားတာအိုအနှစ်သာရကို စုပ်ယူပြီးနောက် သူ့ရဲ့ဓားတာအိုမှာ ပြောင်းလဲမှုတွေကို လီဖူချန်းက စတင်တွေ့ကြုံခံစားလိုက်တယ်။
မူလအဆုံးစွန်းဓားတာအိုနဲ့ ညီမျှတဲ့တည်ရှိမှုအနေနဲ့ အဖျက်အဆီးဓားတာအိုမှာ အလွန်ဖျက်ဆီးနိုင်တဲ့နည်းလမ်းတွေ ပါဝင်တယ်။
အဖျက်အဆီးဓားတာအိုအနှစ်သာရကို စုပ်ယူပြီးနောက် မူလအဆုံးစွန်းဓားတာအိုမှာ အန္တိမအရှိန်အဝါ ဖြည်းညင်းစွာ တည်ရှိလာတာကို လီဖူချန်းက ခံစားရတယ်။ အရင်က မူလအဆုံးစွန်းဓားတာအိုက အန္တိမဓားတာအိုတစ်ခုလို့ ပြောခဲ့တယ်၊ အဲဒါက တကယ်တော့ လီဖူချန်းရဲ့ဆန္ဒပါပဲ။
"အခုဆိုရင် မူလဘူတဓားက နှစ်ဆပိုသန်မာလာတယ်၊ အဲဒါက ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ပြီးတော့ ဓားပင်လယ်စက်ဝိုင်းကလည်း အဆုံးစွန်းကို နောက်ဆုံးမှာ ရောက်ရှိသွားပြီးပဲ"
လီဖူချန်းက ပျော်ရွှင်ဝမ်းမြောက်နေလေတယ်။
လီဖူချန်းက ဓားကမ္ဘာကို မဝင်ခဲ့ရင် အနည်းဆုံးဆယ်နှစ်လောက်ထိ မကြိုးစားဘဲနဲ့ သူက မူလအဆုံးစွန်းဓားပညာကို အဆုံးစွန်းထိ တွန်းပို့နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ အခြားတစ်ယောက်သာဆိုရင် ရာစုနှစ်တစ်ခု ဒါမှမဟုတ် ထောင်စုနှစ်ကြာရင်တောင် သူတို့က အဆုံးစွန်းကို မရောက်ရှိနိုင်လောက်ပါဘူး။
"မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းကို ဘယ်အချိန်မှာ ရောက်နိုင်မလဲကို ငါ သိချင်မိတယ်"
ထိုက်ချိဓားတာအိုအနှစ်သာရနဲ့အဖျက်အဆီးဓားတာအိုအနှစ်သာရကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အဆင့်၄၂ရဲ့အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါတယ်။ အဲဒါက အဆင့်၄၃မှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။ သူက ဒီခြေလှမ်းကို ကျော်ဖြတ်နိုင်ရင် မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းကို ရောက်ရှိသွားပါလိမ့်မယ်။
စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်သူတော်စင်တွေကြားမှာတောင် အနည်းငယ်ကသာ အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေကို ပိုင်ဆိုင်တာပါ။ ပုံမန်အားဖြင့် အဆုံးစွန်းအဆင့်သိုင်းပညာတွေကို ပိုင်ဆိုင်သူတွေအားလုံးက ပြောင်မြောက်တဲ့သူတော်စင်တွေပါပဲ။ ဒါပေမယ့် အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ပိုင်ဆိုင်တဲ့သူတွေအားလုံးကတော့ သူတော်စင်တွေရဲ့အထွတ်အထိပ်မှာ ရပ်တည်နေပါတယ်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားနေတယ်၊ အခုတော့ နောက်ဆုံးနေ့ ရောက်လာပါပြီး။
ဓားအာဏာရှင်က အနည်းငယ် အားကိုးရာမဲ့နေတယ်။ ဒီလအတွင်း သူက ထိပ်တန်းဓားတာအိုအလင်းနှစ်ခုကို တွေ့ခဲ့တယ်။ ကံမကောင်းတာက ပထမဆုံးတွေ့တဲ့ဓားတာအိုက ဖန်ဆင်းခြင်းဓားတာအိုဖြစ်တယ်။ ကံမရှိရင် ဖန်ဆင်းခြင်းဓားတာအိုက ဆွဲဆောင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒုတိယမြောက်ထိပ်တန်းဓားတာအိုက အဖျက်အဆီးဓားတာအိုဖြစ်ပြီး လီဖူချန်းရဲ့လုယူခြင်းကို ခံလိုက်ရတယ်။ အဆုံးမှာတော့ သူက ပထမတန်းစားဓားတာအိုသုံးခုနဲ့ ဒုတိယနဲ့တတိယတန်းစားဓားတာအိုပမာဏများစွာကိုသာ စုပ်ယူခဲ့ရတယ်။
သို့သော်လည်း လမ်းတစ်လျှောက်မှာ သူက နောက်ထပ်ပထမတန်းစားဓားတာအိုအလင်းသုံးခုကို ထပ်တွေ့ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့ဓားတာအိုက ပထမတန်းစားဓားတာအိုသုံးခု ဒါမှမဟုတ် ထိပ်တန်းဓားတာအိုသုံးခုကိုသာ လက်ခံနိုင်တယ်။ သူက ကျော်လွန်ခဲ့မိရင် သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုကို ထိခိုက်စေပါလိမ့်မယ်။
လူတိုင်းက လီဖူချန်းလိုမျိုး ဓားတာအိုအလင်းတွေကို အကန့်အသတ်မဲ့ မစုပ်ယူနိုင်ပါဘူး။
လီဖူချန်းက ဓားတာအိုအလင်းတွေကို အကန့်အသတ်မဲ့စုပ်ယူနိုင်တာက မူလအဆုံးစွန်းဓားတာအိုက နက်ရှိုင်းတဲ့စိတ်ဆန္ဒရှိပြီး အန္တိမဓားတာအိုတစ်ခုရဲ့အရိပ် ရှိလို့ပါပဲ။ နောက်တစ်ခုက လီဖူချန်းရဲ့စိတ်ဝိညာဉ်နဲ့ အစစ်အမှန်စိတ်ဝိညာဉ်တို့က သူတော်စင်အဆင့်ကို ရောက်ရှိနေလို့ပါပဲ။ အထူးသဖြင့် သူ့ရဲ့စိတ်ဝိညာဉ်က သူတော်စင်တွေရဲ့အထက်မှာ ရှိပါတယ်။
"နောက်ထပ်တစ်ရက်ပဲ ကျန်တော့တယ်။ ငါက အချုပ်အချယ်မဲ့ဓားတာအိုရဲ့ထည်ဝါမှုကို မြင်တွေ့ဖို့ အခွင့်အရေး ရှိနိုင်မလားကို သိချင်မိတယ်"
အရေးကြီးဆုံးအခြေအနေမှာ ထိတ်တန်းဓားတာအိုအလင်းတစ်ခုကို ရှာဖွေဖို့ လီဖူချန်းက သူ့ကိုယ်သူ မနှစ်မြုပ်ထားပါဘူး။ အဲ့အစား၊ သူက အချုပ်အချယ်မဲ့ဓားတာအိုနဲ့ ပတ်သက်ပြီး သိလိုစိတ်ပြင်းပြနေတယ်။
သူ့ရဲ့မူလအဆုံးစွန်းဓားတာအိုမှာ အန္တိမဓားတာအိုတစ်ခုရဲ့အရိပ်တွေ ရှိတယ်၊ ဒါပေမယ့် ၎င်းက အန္တိမဓားတာအိုတစ်ခု မဟုတ်သေးပါဘူး။ အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားတာအိုက စစ်မှန်တဲ့အန္တိမဓားတာအိုတစ်ခု ဖြစ်ပါတယ်။
ဓားကမ္ဘာရဲ့အနက်ပိုင်းမှာ ဓားဧကရာဇ်မိုဟန်က တင်ပျဉ်ခွေထိုင်နေတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာ အနက်ရောင်နဲ့အဖြူရောင်တွေ ယှက်ဖွဲ့နေတဲ့ ဓားအရိပ်တစ်ခု ရှိတယ်။
သိပ်မကြာခင်မှာပဲ သူက မျက်လုံးကို ဖွင့်လိုက်တယ်၊ ကြောက်စရာကောင်းတဲ့ သေခြင်းရှင်ခြင်းဆန္ဒတစ်ခု ဖြစ်တည်လာတယ်။
ဓားဧကရာဇ်ရဲ့ကံက အတော်လေးကောင်းတယ်။ အရင်နှစ်ခေါက်တုန်းက သူက ထိပ်တန်းအဆင့်ဓားတာအိုအလင်းတစ်ခုကို မဖမ်းနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက သေခြင်းရှင်ခြင်းဓားတာအိုအလင်းကို ဖမ်းနိုင်ခဲ့ပါတယ်။
သေခြင်းရှင်ခြင်းဓားတာအိုအနှစ်သာရကို နားလည်ပြီးနောက် သူ့ရဲ့ငါသာရှိဓားတာအိုက အကြီးအကျယ်တိုးတက်လာပါတယ်။
"ငါက ထိပ်တန်းဓားတာအိုတစ်ခုကို ရပြီးသွားပြီး။ အချုပ်အချယ်မဲ့ဓားတာအိုရေ..........မင်း ဘယ်နေရာမှာလဲ"
ဓားဧကရာဇ်က ထရပ်တယ်၊ ကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုက ကောင်းကင်ကို ထိုးတက်သွားတယ်။ သူက ဓားကမ္ဘာရဲ့ဟင်းလင်းပြင်မှာ အမြဲတမ်းတည်ရှိနေတဲ့ အကြွင်းမဲ့နတ်ဓားတစ်လက်အဖြစ် ပြောင်းသွားသလို ခံစားရတယ်။
ဝီ.…...ဝီ………ဝီ..........ဝီ............
ဓားဧကရာဇ်ရဲ့ခေါ်သံကို တုံ့ပြန်ပုံရတယ်၊ ဓားကမ္ဘာရဲ့အနက်ပိုင်းထဲမှာ အချုပ်အချယ်မဲ့ဓားဆန္ဒရဲ့ထွက်ပေါ်လာမယ့်အရိပ်အယောင်တွေ ဖြစ်လာတယ်။
"အချုပ်အချယ်မဲ့ဓားတာအို" ဓားဧကရာဇ်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူက သူ့ရဲ့ငါသာရှိဓားတာအိုကို ပေါ်ထွက်စေလိုက်တယ်။
တစ်ချိန်တည်းမှာ ဓားကမ္ဘာရဲ့နောက်တစ်နေရာမှာ အခြားတစ်ယောက်ကလည်း အချုပ်အချယ်မဲ့ဓားတာအိုကို ခေါ်နေတယ်။
ထိုလူက လီဖူချန်းကလွဲပြီး အခြားသူ မဟုတ်ပါဘူး။
ဓားဆန္ဒတစ်ခုက လီဖူချန်းရဲ့ပတ်ပတ်လည်မှာ တွန့်လိမ်သွားတယ်။ မူလအဆုံးစွန်းဓားတာအိုက လီဖူချန်းကို အနက်ရောင်တွင်းနက်တစ်ခု ဖြစ်လာစေတယ်။ တွင်းနက်အတွင်းမှာ ဓားအလင်းတွေက မရပ်မနား လှည့်လည်နေတယ်။
ဝီ.......ဝီ.......ဝီ......ဝီ.......
ခမ်းနားထည်ဝါပြီးသီးခြားဆန်တဲ့ ဓားဆန္ဒတစ်ခုက ဟင်းလင်းပြင်မှ ပျံ့နှံ့လာပြီး လီဖူချန်းကို တုံ့ပြန်လိုက်ပါတယ်။
အရိပ်အယောင်ကို ခြေရာခံလျက် လီဖူချန်းက ဆန်းကြယ်တဲ့ဓားဆန္ဒအရင်းအမြစ်ရှိရာနောက်ကို လိုက်သွားတယ်။ နောက်ဆုံးမှာတော့ ဟင်းလင်းပြင်အနက်ထဲမှာ သူက အချုပ်အချယ်မဲ့ဓားတာအိုကို မြင်လိုက်ရတယ်။
အချုပ်အချယ်မဲ့ဓားတာအိုက သန္ဓေသားလောင်းတစ်ခုပမာ အမည်မသိဟင်းလင်းပြင်ဇုန်တစ်ခုထဲမှာ လွင့်မျောနေတယ်။
လီဖူချန်းရဲ့ဓားဆန္ဒက စောင့်ကြည်နေတာကို ခံစားမိပြီး သန္ဓေသားလောင်းက နှလုံးတစ်ခုပမာ စတင်တုန်ခုန်လာတယ်။
အုန်း.......အုန်း......အုန်း........
မျက်စိတစ်မှိတ်အတွင်း ကမ္ဘာက ဘာမှမရှိနတ္ထိအဖြစ်သို့ ပြောင်းသွားပြီး ရှေးဦးမူလပရမ်းပတာအခြေအနေကို ပြန်ရောက်သွားတာကို လီဖူချန်းက ခံစားမိနေတယ်။
"ဒါက အချုပ်အချယ်မဲ့ဓားတာအိုရဲ့အနှစ်သာရလား"
လီဖူချန်းက အသိပြန်ဝင်လာတဲ့အခါ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီကို သူ သိလိုက်ရတယ်။
အချုပ်အချယ်မဲ့ဓားတာအိုက ရန်သူတစ်ယောက်ဆိုရင် သူက အကြိမ်တစ်သောင်း သေသွားလောက်ပြီလို့ လီဖူချန်းက ခံစားမိတယ်။
တစ်လရဲ့အချိန်အကန့်အသတ်က ပြည့်သွားပြီးဖြစ်တာကြောင့် ဓားကမ္ဘာက တွန်းအားတစ်ခုကို ဖော်ထုတ်ပြီး ဓားကမ္ဘာရဲ့အပြင်ဘက်ကို လူတိုင်းကို ပြန်ပို့လိုက်တယ်။
တွန်းအားက အချုပ်အချယ်မဲ့ဓားတာအိုစွမ်းအားဆိုတာကို လီဖူချန်းက သိလိုက်ရတယ်။
အချုပ်အချယ်မဲ့ဓားတာအိုက ဓားကမ္ဘာရဲ့အမြုတေ ဖြစ်တယ်။
***