← Chapters

အမှောင်ထု၏ ဖန်ဆင်းရှင်

Vol. 43 Ch. 582

အမှောင်ထု၏ ဖန်ဆင်းရှင်

Vol. 43 Ch. 582

မဟာမြို့ပျက်၏ နေ့နှင့်ညက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေနှင့်ညဖြင့် ပြောင်းပြန်ဖြစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ သင်္ချာစွမ်းရည်မှာ ညံ့ဖျင်းစုတ်ပြတ်လွန်းသဖြင့် နေစက်ဝန်းတွင် နှစ်ဆယ့်လေးနာရီပင် အပြည့်မပါခဲ့ပေ။ ထို့ကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေနှင့်ညအချိန်များက ကမောက်ကမ ဖြစ်ခဲ့သည်။

ချင်မူ နေတစ်စင်းကို ဖျက်စီးခဲ့ပြီးနောက်တွင် ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နှစ်ဆယ့်လေးနာရီစက်ဝန်းအတိုင်း နေတစ်စင်း သွန်းလုပ်ပေးခဲ့၏။

သို့သော် ဧကရာဇ်အတိုင်ပင်ခံသည် မပြည့်စုံမချင်း အစွဲအလမ်းလွန်ကဲစွာ ထပ်ခါတလဲလဲ ပြုပြင်တတ်သော အကျင့်ရှိသူ ဖြစ်၏။ သူ နေလုံးကြီးကို ထွန်းညှိခဲ့သည့်အချိန်မှာ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ၏ နေထွက်ချိန်နှင့် တစ်ထပ်တည်း ကျခဲ့ချေသည်။ ထို့ကြောင့် အမှောင်ထု မဟာမြို့ပျက်ကို ကျူးကျော်လာသည့်အချိန်မှာလည်း ထိုက်ဧကရာဇ်၏ ညအချိန်နှင့် တူညီသွားခဲ့သည်။

မဟာမြို့ပျက်၏ အမှောင်ထုထဲတွင် သွားလာနိုင်သည့် နည်းလမ်းနှစ်ခုသာ ရှိသည်။ ထိုနည်းလမ်းနှစ်ခုဖြင့် မဟုတ်ဘဲ အမှောင်ထုထဲသို့ ဝင်ရောက်လိုက်ပါက ကျိန်စာသင့်၍ မသေလျှင် ၊ မကောင်းဆိုးဝါးမိစ္ဆာများ၏ စားသောက်ခြင်းကြောင့် သေရလိမ့်မည်။

ပထမနည်းက နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းအစများ ရှိရန် ဖြစ်သည်။

ဒုတိယနည်းက ချင်မူ့လို ယိုတုတွင် မွေးဖွားသူ ဖြစ်ရမည်။

ပထမနည်းအတိုင်းဆိုလျှင် သိုင်းသမားတစ်ယောက်သည် နတ်ဘုရားအရှိန်အဝါဖြင့် အမှောင်ထုကို တွန်းထုတ်ရ၏။ ဒုတိယနည်းအတိုင်း ချင်မူ့လို ယိုတုတွင် မွေးဖွားလာပါက အမှောင်ထု၌ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ကျိန်စာလည်း မသင့်၊ မကောင်းဆိုးဝါးမိစ္ဆာများ၏ စားသောက်ခြင်းလည်း မခံရပေ။

ပထမနည်းဖြင့် မဟာမြို့ပျက်၏ အမှောင်ထဲသို့ ဝင်ရောက်လာသော သိုင်းပညာရှင်များသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား မြင်ရမည်မဟုတ်သလို၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရှိ လူများအနေဖြင့်လည်း မြင်ရမည်မဟုတ်ပေ။

သို့သော် ဒုတိယနည်းဖြင့်မူ အဆိုပါသိုင်းပညာရှင်သည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ၌ သွားလာနိုင်ပြီး တစ်ဖက်နှင့် တစ်ဖက်မှ ကြည့်လျှင် အနက်ရောင်သဲမှုန်များဖြင့် ဖွဲ့စည်းထားပုံရသော အရိပ်များနှင့် တူနေလိမ့်မည်။ ဤနည်းလမ်းဖြင့် ချင်မူ စန်းဟွာနှင့် သိကျွမ်းခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် အနက်ရောင်အရိပ်များအဖြစ် မြင်တွေ့ရသော်လည်း အချင်းချင်း ဆက်သွယ်မပြောဆိုနိုင်ပေ။

ချင်မူမှာ မဟာမြို့ပျက်၏ အမှောင်ထုထဲ၌ လျှောက်သွားနိုင်သော နောက်ထပ်လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားမိသည်။

“ယမမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ငါက ယိုတုမှာ ပထမဦးဆုံး မွေးလာတဲ့ လူသားတစ်ယောက်လို့ ပြောခဲ့တယ်... ဒါပေမဲ့ ငါ့အပြင် ယိုတုမှာ မွေးဖွားလာခဲ့တဲ့ တခြားလူတွေ ရှိနေတာလား... မြေအောက်ဘုံအရှင်သခင် အဲ့ဒီအကြောင်း ဘာလို့ မပြောခဲ့တာပါလိမ့်”

ချင်မူက အရိပ်ကို ဇဝေဇဝါဖြင့် ကြည့်နေမိပြီး အရိပ်ကလည်း သူ့ကို ပြန်ကြည့်နေသည်။ ထိုအရိပ်သည် တစ်စုံတစ်ရာ တွေးတောနေဟန်တူ၏။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပတ်လျှောက်ရင်း သဲလွန်စများ ရှာဖွေနေကြည်သည်။

ချင်မူ ရပ်လိုက်သည့်အခါ အရိပ်ကလည်း ရပ်သည်။ ထို့နောက် တစ်ဖက်သို့ ခေါင်းလှည့်၍ တစ်စုံတစ်ခု ပြောနေသော်လည်း စကားကို ရှင်းလင်းစွာ မကြားရပေ။

“သူ့ဘေးမှာ တစ်ယောက်ယောက် ရှိနေတာပဲ” ချင်မူ ရင်ထဲတွင် အနည်းငယ်တုန်လှုပ်သွားသည်။ “ဒါပေမဲ့ အဲ့ဒီလူက ‌အမှောင်ထုထဲမှာ လမ်းလျှောက်နေတာ မဟုတ်ဘူး.... အမှောင်ထုကို တွန်းထုတ်နေတာကြောင့် ငါတို့ သူ့ကို မမြင်ရတာ”

အရိပ်က ရုတ်တရက် လှည့်သွားပြီး ခုန်ပျံကာ ပျောက်ကွယ်သွား၏။

ချင်မူ မလိုက်သွားတော့ပေ။ တစ်ဖက်လူသည် မဟာမြို့ပျက်ထဲတွင် ဖြစ်၍ ပုန်းချင်လျှင် နည်းလမ်းများစွာ ရှိ၏။ မြို့ပျက်တစ်ခုထဲ ၀င်လိုက်ရုံနှင့် ပျောက်ကွယ်သွားနိုင်သည်။

“မိစ္ဆာနတ်ဆိုးမျိုးနွယ် လောကသခင်ခန္ဓာကိုယ် .... သူက မဟာမြို့ပျက်မှာ ဘယ်လိုလုပ်ပေါ်လာတာလဲ.... သူ့ဘေးမှာ သေချာပေါက် နတ်ဘုရားအဆင့် မိစ္ဆာနတ်ဆိုးတစ်ယောက် ရှိနေလောက်တယ်... ဒါပေမဲ့ မိစ္ဆာနတ်ဘုရားတစ်ယောက် စွမ်းအင်အကူးအပြောင်းတံတားကနေ ဖြတ်သွားရင် အစောင့်တွေ သေချာပေါက် သိမှာပဲလေ”

ချင်မူ စိတ်ရှုပ်ထွေးသွားပြီး ခပ်တိုးတိုး ရေရွတ်နေမိသည်။ “မဟာမြို့ပျက်ကို ၀င်လာနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိနေတာများလား”

မဟာမြို့ပျက်ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိ၏။ တစ်ခါက ချုံဧကရာဇ်ခေတ်သို့ပင် ချင်မူ ၀င်ရောက်ခဲ့ဖူးသည်။ တစ္ဆေတောင်ကြားမှတဆင့် ယိုတုသို့လည်း သွားရောက်ခဲ့ဖူးပြီး ဖုန်းတုထံ သုံးကြိမ်တိုင်တိုင် လည်ပတ်ခဲ့ဖူး၏။ ဤအရာက မဟာမြို့ပျက်သည် အခြားကမ္ဘာများနှင့် ဆက်သွယ်နေကြောင်း သက်သေဖြစ်၏။

“နတ်ဘုရားစန်းယဲ့နဲ့ တခြားသူတွေက မဟာမြို့ပျက်ကို ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံလို့ ခေါ်တာဆိုတော့ ငါ ရှာမတွေ့သေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိလောက်သေးတယ်.... ဟုတ်သား၊ ယိုတုအရာရှိမင်းကို မေးလို့ရတာပဲ”

ချင်မူ ချက်ချင်း စိတ်အားတက်ကြွသွားပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ ကောင်းကင်အလိုတော်မုခ်၀က သူ့အနောက်၌ ဖွဲ့တည်လာကာ တံခါးသည် ဖြည်းညင်းစွာ ပွင့်လာ၏။ ယိုတု၏ မိစ္ဆာနတ်ဆိုးချီများ စီးမျောထွက်လာပြီး အမှောင်ထုကား ပိုမိုသိပ်သည်းလာသည်။

မျက်ကန်း အနည်းငယ် မျက်မှောင်ကြုတ်မိသော်လည်း အတန်ငယ်ပြန်တွေးရင်း ချင်မူ့ကို မတားတော့ပေ။ ‘မူအာမှာက ဆန်းသစ်တဲ့ အကြံတွေ အမြဲတမ်း ပြည့်နေတာ... ငါ သူ့ကို ‌မနှောင့်ယှက်ဘဲ‌ ဘာလုပ်မလဲ ကြည့်တာပဲ ကောင်းလောက်တယ်’

ချင်မူ့နှုတ်မှ ထူးဆန်းသော ယိုတုဘာသာစကား ထွက်လာသည်။ သူက ရွတ်ရုံသာ ရွတ်နေပြီး ဝိညာဉ်လမ်းညွှန်ကို မထုတ်လွှတ်ပေ။

ခဏကြာသော် ကောင်းကင်အလိုတော်မုခ်၀အတွင်း၌ မီးအိမ်တစ်လုံး ထွန်းလင်းလာ၏။ မျက်ကန်း မုခ်၀ထဲသို့ ကြည့်လိုက်သည့်အခါ အမှောင်ထုထဲမှ လှော်ခတ်လာနေသော လှေငယ်လေးတစ်စင်းကို မြင်လိုက်ရသည်။ အလင်းရောင်က လှေဦးရှိ မီးအိမ်ဆီမှ လာနေခြင်းဖြစ်၏။

“မရဏတမန်တော်...” မျက်ကန်း အံ့အားသင့်သွားပြီး သူ့အနောက်ရှိ လုံထော်မှာ နဂါးတွန်သံတိုးတိုးပြုကာ ထိတ်လန့်နေသည်။

“ဘိုးဘိုးမျက်ကန်း၊ နောင်တော်လုံထော် စိတ်ပူစရာမလိုပါဘူး.... ဒါက ယိုတုရဲ့ တျန်းချိကျွင်း အရာရှိမင်းပါ...”

မျက်ကန်းမှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိပြီး ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။ ‘မူအာက ယိုတုနဲ့တောင် ပတ်သက်နေတာလား.... ယိုတုရဲ့ အရာရှိမင်းနဲ့တောင်လေ... မတွေ့ရတာဖြင့် ရက်ပိုင်းပဲ ရှိသေးတယ်... ဒီကောင်စုတ်လေးကတော့ အများကြီး အားကိုးလာရတာပဲ’

သို့‌တိုင်အောင် သူ စိတ်အေးလက်အေး မထားနိုင်သေးပေ။ လုံထောင်လည်း လှံအသွင် ပြောင်း၍ သူ့လက်ထဲ ဝင်လာကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

“မင်းပဲကိုး....”

စက္ကူလှေလေးက ‌ကောင်းကင်အလိုတော်မုခ်ဝထဲမှ အပြင်သို့ ထွက်လာသည်။ လှေပေါ်ရှိ အဘိုးအိုက မှင်သေသေအမူအရာဖြင့် မီးအိမ်ကို ဖြုတ်၍ ချင်မူ့မျက်နှာပေါ် ထွန်းလင်းကာ ပြောလိုက်၏။ “ယိုတုစကားကို အကြောင်းမရှိ လျှောက်ရွတ်ပြီး ပြဿနာမရှာနဲ့... မင်းအတွက် မကောင်းဘူး... ချိတ်တံဆိပ်ကိုလည်း မထိမိအောင် ဂရုစိုက်... မဟုတ်ရင် မင်း ‌နောင်တရဖို့ နောက်ကျသွားလိမ့်မယ်”

ချင်မူ တောင်းလျှိုးပန်လျှိုး ပြုံးပြကာ ပြောလိုက်၏။ “အရာရှိမင်း၊ ကျွန်တော် ဖိတ်ခေါ်...”

မရဏတမန်တော်က ခေါင်းယမ်းကာ ကြားဖြတ်ပြောသည်။ “မင်းက ငါ့ကို ဖိတ်ခေါ်လိုက်တာ မဟုတ်ဘူး... မင်းစကားက ငါ့ကို‌ ရွေးချယ်စရာမပေးလို့သာ ထွက်လာရတာ... ပြဿနာ ထပ်ရှာမိပြန်တာလား... ဘာလဲ ပြောကြည့်... ယိုတုရဲ့စည်းမျဉ်းတွေကို မထိပါးသရွေ့ မင့်စိတ်တိုင်းကျ ငါ ဖြေရှင်းပေးနိုင်တယ်... ဒါပေမဲ့ ခက်လွန်းရင်တော့ နှုတ်ဆက်ခဲ့ပါတယ်...”

မျက်ကန်း၏မျက်လုံးများ အရောင်တောက်သွားပြီး မီးအိမ်နောက်ရှိ အဘိုးအို၏ မျက်နှာကို ကြည့်သည်။ သို့သော် မည်မျှကြည့်စေကာမူ အရာရှိမင်း၏ရုပ်သွင်အား မမြင်ရသဖြင့် မျက်ကန်း အံ့အားသင့်သွားမိ၏။

သူ၏သိုင်းအဆင့်မှာ များစွာတိုးတက်လာခဲ့သည့်အပြင် ကောင်းကင်တံတားကို ဖြတ်သန်း၍ တောင်ကောင်းကင်မုခ်ဝအပြင်၌ ရပ်နေနိုင်လေပြီ။‌ ကောင်းကင်မျက်လုံးများ၏ စွမ်းအားလည်း မြင့်တက်လာခဲ့သည့်တိုင် အရာရှိမင်း၏ မျက်နှာကို သူ မမြင်နိုင်သေးပေ။ ထို့ကြောင့် အရာရှိမင်းသည် တိုင်းတာမရလောက်အောင် အင်အားကြီးမားလိမ့်မည်။

‘မူအာက တျန်းချိကျွင်းအရာရှိမင်းနဲ့တောင် မိတ်ဆွေဖွဲ့ထားနိုင်တာပဲ’ မျက်ကန်း တလေးတစား စုပ်သပ်နေမိသည်။ ‘မူအာက ငါနဲ့တူတယ်... ဘယ်နေရာမှာဖြစ်ဖြစ် မိတ်ဆွေဖွဲ့တတ်တယ်... ငါ နှစ်ပေါင်းများစွာ သင်ပေးခဲ့တာတွေကို မေ့မထားဘူးပဲ’

ချင်မူ ခန့်မှန်းမိသည့် အချက်နှစ်ချက်ကို ပြောပြလိုက်သည်။ “အရာရှိမင်းကို ကျွန်တော် မေးချင်တာလေး ရှိလို့ပါ.... ကျွန်တော် မွေးလာပြီးနောက်ပိုင်း ယိုတုမှာ အမိဝမ်းကနေ မွေးလာတဲ့ ဒုတိယသက်ရှိလူသားများ ရှိခဲ့သေးလား.....”

မရဏတမန်တော်က သရော်သံဖြင့် ပြောလာသည်။ “ချင်ဖုန်းကျင့်တစ်ယောက် မွေးလာတာတောင် ဒုတိယချင်ဖုန်းကျင့်မွေးလာတာကို ခွင့်ပြုလိုက်ရင် ငါတို့က အရူးတွေ ဖြစ်သွားမှာပေါ့... တစ်ယောက်တည်းနဲ့တင် ရက်စက်ဆိုးသွမ်းလွန်းလို့ ငါတို့အားလုံး ခြေရောလက်ပါ မြှောက်ထားရတာလေ... မင်းမွေးလာပြီးနောက်ပိုင်း မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ယိုတုတစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားပြီး ဒုတိယတစ်ယောက် ရှိမနေအောင် စစ်ဆေးခဲ့သေးတယ်”

ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။ “အဲဒါဆို ... ဒီအရိပ်က ဘာလို့ ကျွန်တော့်လို မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာ လျှောက်သွားနိုင်တာလဲ”

“မင်းက အချက်နှစ်ချက်ပဲ ခန့်မှန်းထားတယ်... တတိယဖြစ်နိုင်ချေ ရှိနေတာကို မသိဘူး” မရဏတမန်တော်က ပြောသည်။ “မဟာမြို့ပျက်ရဲ့ အမှောင်ထုဆိုတာ ကျိန်စာလည်း ဟုတ်သလို၊ အတားအဆီးအစီအရင်တစ်ခုပဲ... သူ့အလိုလို မွေးဖွားလာတာမဟုတ်ဘူး... တစ်စုံတစ်ယောက်က ဖန်ဆင်းခဲ့တာ.... ဒီတော့ အမှောင်ထုရဲ့ ဖန်ဆင်းရှင်လည်း အမှောင်ထုထဲ လျှောက်သွားနိုင်တာပေါ့”

ချင်မူ အကြီးအကျယ် တုန်လှုပ်သွားသည်။

မရဏတမန်တော် မှန်၏။ မဟာမြို့ပျက်ရှိ အမှောင်ထု၏ ဖန်ဆင်းရှင်လည်း အမှောင်ထုထဲတွင် ဘေးမသီရန်မခ သွားလာနိုင်လေသည်။

သူက သူ့လိုလူဟုသာ ထင်မှတ်မှားခဲ့၍ ယိုတုမှ လောကသခင်ခန္ဓာဟု ယူဆမိလိုက်ခြင်းဖြစ်သည်။ တခြားဖြစ်နိုင်ချေများကိုလည်း ထည့်မတွက်မိခဲ့ပေ။ သို့သော် ယခုမှ ပြန်တွေးကြည့်အခါ အရိပ်သည် လူငယ်တစ်ယောက် ဖြစ်လိမ့်မည်... ပြေးနှုန်းကလည်း သိပ်မမြန်ရာ နတ်ဘုရားအဆင့်အထိ မရောက်သေးကြောင်း ထင်ရှား၏။

အရိပ်လူငယ်သည် အမှောင်ထုဖန်ဆင်းရှင်၏ ဆက်ခံသူဖြစ်နေပြီး ကျိန်စာနှင့် အတားအဆီးပညာ၌ ကျွမ်းကျင်ပါက အမှောင်ထုတွင် အေးအေးလူလူ လျှောက်သွားနိုင်မည့် နည်းတစ်နည်းတော့ သိထားလိမ့်မည်။

“ငါ မင်းမေးခွန်းကို ဖြေပြီးပြီ” မရဏတမန်တော်က မီးအိမ်ကို လှေဦး၌ ပြန်ချိတ်၍ စက္ကူလှေကို ပြန်လှည့်ကာ အေးစက်စက် ပြောလိုက်သည်။ “ယိုတုစကားကို အကြောင်းမရှိဘဲ လျှောက်မရွတ်နဲ့... ငါက အားယားနေတာမဟုတ်ဘူး အလုပ်ရှိတယ်... မင်း ရွတ်လိုက်တဲ့အချိန် ငါ ဟွေ့ချလော်ရဲ့ ဝိညာဉ်ကို သိမ်းနေတာ... ရုတ်တရက်ကြီး မင်းအသံ ကြားလိုက်ရတော့ လန့်ဖျတ်သွားပြီး ဝိညာဉ်တောင် ပြိုကွဲတော့မလို ဖြစ်ခဲ့ရတယ်... မင်း ပြဿနာထပ်ရှာလို့ကတော့ သေရင် လွတ်မယ်မထင်နဲ့” ထိုသို့ပြောပြီးနောက် သူက စက္ကူလှေလေးကို ကောင်းကင်အလိုတော်မုခ်ဝထဲသို့ ပြန်လှော်ခတ်သွားသည်။

ချင်မူ အလျင်အမြန် လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ပြုံးလျက် ပြောလိုက်၏။ “အရာရှိမင်း၊ ကျွန်‌တော် သေရင် အရာရှိမင်းအတွက် စားစရာတွေ၊ ကစားစရာတွေ ယူလာခဲ့မယ်နော်”

“မလိုဘူး” ကောင်းကင်အလိုတော်မုခ်ဝထဲမှ ဘုဆတ်ဆတ်အသံ ထွက်လာသည်။

“မူအာ၊ မင်းက တယ်မိတ်ဖွဲ့တတ်တာပဲ... မင်းမိတ်ဆွေတွေက ကမ္ဘာအနှံ့တင်မကဘူး... ယိုတုမှာတောင် ရှိနေပြီ” မျက်ကန်းက ချီးကျူးသည်။ “တျန်းချိကျွင်းအရာရှိမင်း မင်းကို သိပ်သဘောကျတာ ငါ မြင်နေရတယ်”

“ဘိုးဘိုးမျက်ကန်းရဲ့ သင်ပြမှုတွေ‌ကြောင့်ပါ... ဘိုးဘိုးထုံးကို နှလုံးမူပြီး ကျွန်တော် ကျင့်သုံးခဲ့တာကြောင့် တျန်းချိကျွင်းအရာရှိမင်းရဲ့ နှစ်သက်မှုကို ရခဲ့တာပါ” ချင်မူက နှိမ့်ချပြောဆိုလိုက်သည်။

“ပေါက်ကရတွေ” မရဏတမန်‌တော်၏အသံ၏ အဝေးမှ ထွက်လာ၍ အလွန်တိုးနေသည်။

ချင်မူနှင့် မျက်ကန်းက မကြားဟန်ပြုကာ တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်နေကြ၏။ သူတို့နှစ်ယောက် စိတ်အားတက်ကြွနေကြပြီး ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို ပိတ်ကာ တွေးနေသည်။ ‘မဟာမြို့ပျက်ထဲမှာ ဘာလို့ အမှောင်ထုဖန်ဆင်းရှင်ရဲ့ တပည့် ပေါ်လာတာပါလိမ့်မယ်... ဘာကိစ္စကြောင့် သူတို့ဝင်လာတာ ဖြစ်မလဲ’

မျက်ကန်းက လုံထော်ကို သိမ်း၍ အဘွားစစ်တို့ဆီ လျှောက်သွားရင်း အေးဆေးစွာ ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် မကောင်းဆိုးဝါးမိစ္ဆာမျိုးစုံ ထွက်လာနေကြတယ်... ကျောက်ရုပ်တုတွေ၊ မိုးလေဝသလက်နက်တွေလည်း ပေါ်လာကြတယ်... အခုထိတော့ အသက်ဝင်မယ့် အရိပ်အယောင် မပြသေးဘူး

“ဧကရာဇ်အတိုင်ပင်ခံက အဲဒီလက်နက်တွေကို သိမ်းပြီး ချိတ်ပိတ်ထားတော့ သူတို့တွေ လာကြည့်ကြတာ မထူးဆန်းပါဘူး... သိပ်အတွေးလွန်မနေနဲ့... မဟာမြို့ပျက်က လုံခြုံပါတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ကတော့ ပိုဂရုစိုက်ဖို့ လိုလာပြီ”

ချင်မူ ဤကိစ္စကို ခဏတဖြုတ် ဘေးချိတ်ထားလိုက်သည်။

အမှောင်ထုဖန်ဆင်းရှင်၏တပည့်ဘေးတွင် နတ်ဘုရားတစ်ပါး ရှိခဲ့လိမ့်မည်။ ထိုပုဂ္ဂိုလ်က လူသားနတ်ဘုရားလော၊ မိစ္ဆာနတ်ဘုရားလော ချင်မူ မသိပေ။ မည်သို့ဖြစ်စေ အန္တရာယ်များသည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် အတိတ်တုန်းကလို မဟုတ်တော့ပေ။ အဆင့်မြင့်သိုင်းပညာရှင်များ ပေါ်ထွန်းလာသည့်အပြင် နတ်ဘုရားများလည်း ရှိလာ၏။ ဧကရာဇ်ယန်ဖုန်းလည်း မြို့တော်တွင် စံမြန်းနေ၍ စိုးရိမ်စရာ သိပ်မလိုပေ။

...

မဟာမြို့ပျက်၏ အမှောင်ထုထဲတွင်

“‌ကျွန်တော်တို့ မြင်လိုက်ရတဲ့ အရိပ်နှစ်ခုက သိပ်ထူးဆန်းတယ်” ချင်မူနှင့်သက်တူရွယ်တူ ထင်ရသော လူငယ်လေးတစ်ယောက်က ရပ်လိုက်ပြီး သူ့ဘေးရှိ အရပ်မြင့်မြင့်နတ်ဘုရားတစ်ပါးအား ပြောနေသည်။ “ကျွန်တော့်ကို ကြည့်နေတုန်းက အဲဒီလူငယ် အံ့အားသင့်နေပေမယ့် အရင်တုန်းက မြင်ဖူးနေတဲ့အတိုင်း ထူးဆန်းတယ်လို့ ထင်တဲ့ပုံမပေါ်ဘူး.... နေဧကရာဇ်၊ အဲဒီလူက မသင်္ကာစရာကောင်းတယ်”

သူ့ဘေးတွင် အလျှံတညီးညီး မီးတောက်လောင်နေသော ခြေသုံးချောင်း နတ်ဘုရားတစ်ပါး ရှိသည်။ သူ့ကျောရှိ တောင်ပံကြီးများက သူ့အား ရွေ့လျားနေသည့် နေတစ်စင်းနှင့် တူနေစေ၏။ “သခင်လေးချီက အတွေးလွန်နေတာပါ.. ကျွန်တော် သခင်လေး ချင်မူဆိုတဲ့ လူငယ်ကို ရှာတွေ့အောင် ကူညီပေးဖို့ နေပေါ်ကနေ ဆင်းလာရတာဆိုတော့ အဲဒီလူငယ် ဘာလုပ်ခဲ့လို့လဲ သိခွင့်ရှိမလား”

“ယိုတုက သတင်းအရတော့ သူက ယိုတုမှာ မွေးဖွားလာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြည်နှင်ဒဏ် ခတ်ခံလိုက်ရတဲ့ မိစ္ဆာနတ်ဆိုးတစ်ကောင်တဲ့... အထက်ပိုင်းတွေက ဒီကိစ္စကို အရေးကြီးတယ်လို့ မြင်ထားကြတယ်... သူတို့အနေနဲ့ နတ်စစ်သည်တွေ၊ စစ်သူကြီးတွေကို အောက်ဘုံလွှတ်လို့ မဖြစ်တော့ ကျွန်တော့်ကို ဖမ်းခိုင်းလိုက်တာပါ

“အထက်ပိုင်းတွေက မိစ္ဆာနတ်ဆိုးတွေကိုလည်း မယုံဘူး... လုလီမှာက သူ့အစီအစဉ်နဲ့သူ ရှိနေတယ်... သူက ချင်မူကို ဖမ်းပြီး ယိုတုရဲ့ အရှင်တစ်ပါး ဖြစ်လာချင်နေတာ... ကျွန်တော့်ကို လွှတ်လိုက်တဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက မိုးလေဝသလက်နက်တွေကို မြန်နိုင်သမျှ မြန်မြန် အသက်သွင်းပြီး ကပ်ဘေးတွေ စေလွှတ်ပေးဖို့ပဲ”

ခြေသုံးချောင်း နေဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ “မိုးလေဝသလက်နက်အားလုံး ဧကရာဇ်အတိုင်ပင်ခံ သိမ်းထားတာ... ဘယ်မှာ သိမ်းထားမှန်း ဘယ်သူမှ မသိကြဘူး”

သခင်လေးချီက စိုးရိမ်ဟန်မရှိဘဲ အေးအေးလူလူ ပြုံးလိုက်သည်။ “ယိုတုမှာ မွေးတဲ့ ဒီချင်မူကိုယ်တိုင်က မိုးလေဝသလက်နက်ကြီးတစ်ခု ဖြစ်မနေဘူးလား... ကျွန်တော်တို့ သူ့ချိတ်တံဆိပ်ကို ချိုးဖျက်နိုင်တာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သူ့ဘာသာ ဖျက်စီးပေးလိမ့်မယ်... ဒီထက်ပို မရှင်းနိုင်တော့ဘူး”

နေဧကရာဇ်မှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အားပါးတရ ချီးကျူးလိုက်မိသည်။ “သခင်‌‌လေးချီက အမြော်အမြင်ကြီးပါပေတယ်”

၎

င

၎

၎

All Chapters